Switch Mode
ပျက်သုဉ်းခြင်းခေတ်ကို ကျော်လွန်၍
Score 7.2
Bookmark
Followed 27 people

ပျက်သုဉ်းခြင်းခေတ်ကို ကျော်လွန်၍

The Sacred Ruins, Holy Ruins, Shèng Xū, Thánh Khư, TSR, 圣墟
Status: Ongoing Type: Author: , Translator: Released: 2016 Native Language: Chinese View: ? Views

Synopsis ပျက်သုဉ်းခြင်းခေတ်ကို ကျော်လွန်၍

ပျက်သုဉ်းခြင်းမှ ပန်းတိုင်သို့ အရောက်လှမ်းရန် ကျရှုံးခြင်းမှ နိုးထလော့ …။ သမုဒ္ဒရာများ ဖုန်မှုန့်သို့ ပြောင်းပါစေ၊ မိုးကြိုးမုန်တိုင်းများ ကွယ်ပျောက်သွားပါစေ …။
ငါတို့၏ ကမ္ဘာကြီးထံသို့ ထိုဝိညာဉ်မြူစိုင်များ တဖန်ချဉ်းကပ်လာချေပြီ …။

ငါတို့လောကကို ချည်နှောင်ခဲ့သော အနှီသံကြိုးများ ကွဲကြေ၊ ငါတို့၏ ရှုထောင့်အား ပြောင်းလဲနိုင်သရွေ့ …။
လျှို့ဝှက်ဆန်းကြယ်သော အသစ်စက်စက် ကမ္ဘာသည်ကား ငါတို့အား စောင့်ကြိုနေပြီတည်း…။

“ကမ္ဘာပျက်ပြီး နောက်တစ်ရာစုသည် ခေတ်လွန်ကမ္ဘာတွင် အခြေတည်ထားခြင်း ဖြစ်သည်။ ၎င်း ကမ္ဘာ၏ လွန်လေခဲ့ပြီးသော ရှေးဟောင်းသမိုင်းကြောင်းများစွာသည် မဖြေရှင်းနိုင်သော ပဟေဠိများအဖြစ် ဖုံးကွယ်နေခြင်းမှ လွဲပြီး ကျွန်ုပ်တို့၏ လက်ရှိကမ္ဘာလိုပင် နည်းပညာယဉ်ကျေးမှု ထွန်းကားနေခဲ့သည်။ ဇာတ်လမ်းကတော့ ကျွန်ုပ်တို့ ဇာတ်လိုက်ကျော်၏ ဘွဲ့ကြို လေ့လာရေးခရီးစဉ်မှ စတင်ခဲ့ပါသည်။ သူသည် ရှေးဟောင်းအပျက်အစီးများကြားမှ “မဟာပြောင်းလဲမှုကြီး” အား ရှာဖွေတွေ့ရှိခဲ့ပြီး အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ထိုပြောင်းလဲမှုသည် ကမ္ဘာကြီးအား အမည်မသိ ကုန်းမြေတိုက်ကြီးသဖွယ်ဖြစ်စေခဲ့ရုံမက သက်ရှိတို့အား သိသာထင်ရှားစွာ ဆင့်ကဲပြောင်းလဲစေခဲ့သည်။ အပင်နှင့် တိရိစ္ဆာန်များက အသိစိတ်ရှိလာကြပြီး အချို့လူသားများသည် စိတ်ကူး၍ပင် မရနိုင်သော သဘာ၀လွန်စွမ်းရည်များ ပိုင်ဆိုင်လာကြသည်။ ရှေးဟောင်း ရာဇ၀င်များ၊ ဒဏ္ဍာရီများ၊ ပုံပြင်များသည် တကယ်ဖြစ်လာသည့်နှယ် ကမ္ဘာကြီးသည် ခေတ်သစ်တစ်ခုသို့ ချဉ်းနှင်း ၀င်ရောက်ခဲ့သည်။ လူသားများနှင့် သားရဲများသည် စွန့်စားခန်းများဖွင့်ကာ အမည်မသိ ကုန်းမြေများအား ရှာဖွေဖော်ထုတ်ကြပြီး တန်ခိုးရှင်တို့၏ လမ်းစဉ်ကို ရုန်းကန် လျှောက်လှမ်းခဲ့ကြလေတော့သည်။

ကျွန်ုပ်တို့သည် ရိုးရှင်းသော လူငယ်လေးတစ်ယောက်အဖြစ်မှ ကြမ်းကြမ်းရမ်းရမ်း သိုင်းသမားတစ်ယောက်အဖြစ် ပြောင်းလဲလာသည့် ဇာတ်လိုက်နှင့်အတူ လိုက်ပါ စီးမျောကြမည်ဖြစ်ပြီး အခြား စိတ်၀င်စားဖွယ် ဇာတ်ကောင်များနှင့် တွေ့ဆုံခြင်း၊ ညီအစ်ကို သံယောဇဉ် ရစ်ဖွဲ့ခြင်း၊ သူတို့၏ ရယ်မောဖွယ် အိုးနင်းခွက်နင်း အဖြစ်အပျက်များမှ တဆင့် ဤကမ္ဘာ၏ လျှို့ဝှက်ချက်များကို ကြုံဆုံဖော်ထုတ်ကြရမည် ဖြစ်သည်။ ရှေးဟောင်းကမ္ဘာသည် အဘယ်ကြောင့် ပျက်စီးခဲ့ရပါသနည်း။ မည်သူက ဤ ကမ္ဘာတုန်လောက်စရာ “မဟာပြောင်းလဲမှုကြီး” အား စတင်ခဲ့ပါသနည်း။

ဤ ဆင့်ကဲပြောင်းလဲခြင်းများနောက်ကွယ်မှ လျှို့ဝှက်ချက်သည် မည်မျှနက်ရှိုင်းသိမ်မွေ့ပါသနည်း…။

Read ပျက်သုဉ်းခြင်းခေတ်ကို ကျော်လွန်၍

Vol. 63 Vol. 62 Vol. 61 Vol. 60 Vol. 59 Vol. 58 Vol. 57 Vol. 56 Vol. 55 Vol. 54 Vol. 53 Vol. 52 Vol. 51 Vol. 50 Vol. 49 Vol. 48 Vol. 47 Vol. 46 Vol. 45 Vol. 44 Vol. 43 Vol. 42 Vol. 41 Vol. 40 Vol. 39 Vol. 38 Vol. 37 Vol. 36 Vol. 35 Vol. 34 Vol. 33 Vol. 32 Vol. 31 Vol. 30 Vol. 29 Vol. 28 Vol. 27 Vol. 26 Vol. 25 Vol. 24 Vol. 23 Vol. 22 Vol. 21 Vol. 20 Vol. 19 Vol. 18 Vol. 17 Vol. 16 Vol. 15 Vol. 14 Vol. 13 Vol. 12 Vol. 11 Vol. 10 Vol. 9 Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

Leave a Reply

Options

not work with dark mode
Reset