ဒီဇာတ်လမ်းထဲမှာ ရှီဖုန်းလို့ ခေါ်တဲ့ လူငယ်တစ်ယောက်က ကျင်းဟိုင်မြို့ရဲ့ ကျော်ကြားတဲ့ဓားပညာရှင်တစ်ယောက်။ ထိပ်ဆုံး ဂိမ်းအဖွဲ့အစည်း လေးခုထဲက အရိပ်အဖွဲ့ရဲ့ ခေါင်းဆောင်။သူက ဆယ်နှစ်တိတိ ဂိမ်းကို ကစားခဲ့တယ်။ သူ့ရဲ့အဖွဲ့အစည်းကို ၁၀နှစ်ကျော်ကြာအောင် သူတတ်နိုင်သမျှ အကုန်ပေးဆပ်ခဲ့တယ်။
မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေ၊ နာကျင်မှုတွေကို ခံစားခဲ့ရတယ်။ သူတို့အဖွဲ့အစည်းက ပထမတန်းစား အဖွဲ့အစည်းတွေကို ယှဉ်ပြိုင်နိုင်တဲ့အထိ အစွမ်းထက်ခဲ့တယ်။ ဒါပေမယ့် အဆုံးမရှိတဲ့ အောင်မြင်မှုတွေကို မခံစားရသေးခင်မှာတင် အရာအားလုံးကအငွေ့ပျံသွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းက သူ့ကို မလိုတော့တဲ့အချိန်မှာပစ်ပယ်တာကိုခံခဲ့ရလို့ပါပဲ။
ဒါပေမဲ့သူ့ရဲ့ ဓားဘုရင်အကောင့်ကို ဖျက်လိုက်ရင်တောင်မှပဲ သူ့မှာကျွမ်းကျင်မှု၊အသိပညာ၊ အတွေ့အကြုံတွေရှိနေတုန်းပဲလေ။ သူ့ရဲ့ ကျွမ်းကျင်မှုတွေရှိနေသရွေ့ နတ်ဘုရားနယ်မြေမှာသူနောက်တစ်ကြိမ် ကျော်ကြားလာအောင် လုပ်နိုင်တယ်။ သူ့ရဲ့ အစွမ်းက ကိုယ်ပိုင် နိုင်ငံတစ်ခုကိုတောင်မှတည်ထောင်နိုင်စွမ်းရှိတယ်။ သူကိုယ်တိုင်ကလည်း အဖြေတစ်ခုကို ရှာတွေ့သွားပါတယ်။
တိုက်ဆိုင်တယ်လို့ဆိုရမလား နောက်နေ့မနက်မှာ ရှီဖုန်းကမထင်မှတ်ဘဲ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ပြီးတော့ရောက်သွားခဲ့တဲ့အခါ…။ ဒီလို တက္ကသိုလ်ကျောင်းသားဘဝကနေ သူက ကိုယ်ပိုင်အဖွဲ့အစည်းကိုဘယ်လိုတည်ထောင်မလဲ? အင်အားကြီးအဖွဲ့အစည်းတွေကရောအင်အားနည်းတဲ့သူ့ကို ဘယ်လိုတိုက်ခိုက်ကြမလဲ? ဆိုတာအပြင်တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ၊ ကြမ်းမှုရမ်းမှုတွေကို မြင်တွေ့ခံစားရမှာပါ။