အဆုံးမရှိ ကျယ်ပြန့်သော စကြာ၀ဠာကြီးထဲမှာ ပြိုင်ဘက်ကင်းတဲ့ ကမ္ဘာတစ်ခု မွေးဖွားလာခဲ့ပါတယ်။ အဆိုပါ ကမ္ဘာကြီးထဲမှာ အရမ်းကိုကြမ်းတမ်းတဲ့ မျိုးနွယ်စုကြီးတွေက တိုက်ခိုက်ရေး စွမ်းအားတွေကို ထိန်းချုပ်ထားကြတယ်။
အရာရာတိုင်းမှာ အမှားအယွင်းတွေကြောင့် ကသောင်းကနင်း အခြေအနေတွေ ဖြစ်ပေါ်လာစဥ်မှာပဲ ထူးခြားတဲ့ ဖြစ်စဥ်တစ်ရပ်လည်း ပေါ်ပေါ်လာခဲ့တယ်။
အဲ့ဒီ ကပ်ဆိုးတွေ၊ ဒုက္ခဆင်းရဲတွေအောက်မှာ ကောင်းကင်ဘုံကနေ ကံမ္မကောင်းကြီးတွေကို ဆုလာဘ်အဖြစ် ရရှိထားတဲ့ ပါရမီရှင်တစ်ယောက် မွေးဖွားလာတော့တယ်။ သူ့ရဲ့ မျိုးနွယ်စုက အတိတ်တစ်ချိန်တုန်းက လျို့၀ှက်ဆန်းကြယ်ခဲ့သော်လည်း ပါရမီရှင်တစ်ယောက်ကို တိုးတက်လာစေဖို့က မလွယ်ကူဘူးဆိုတာကို သူ နားလည်ခဲ့ပါတယ်။ မျိုးနွယ်စု ခေါင်းဆောင်ကြီးကလည်း သူ့ကို ပြုစုပျိုးထောင်ဖို့ အသေအလဲ ကြိုးစားခဲ့ပြီး အရာရာတိုင်းအတွက် အထောက်အပံ့ဖြစ်စေမဲ့ ပစ္စည်းတွေကိုလည်း ပေးအပ်ခဲ့ပါသေးတယ်။
တခြားသော မျိုးနွယ်စုတွေရဲ့ ယှဥ်ပြိုင် အနိုင်ယူလိုမှုတွေအပြင် ကြမ်းကြုတ်တဲ့ မွန်းစတား သားရဲကြီးတွေကို ရင်ဆိုင်တိုက်ခိုက်ပြီး သူ့ရဲ့ စွမ်းအားတွေကို ဖြည့်တင်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူက သူ့ရဲ့ မျိုးနွယ်စုဆီကနေ ထွက်ခွာပြီး အတွေ့အကြုံသစ်တွေ ရှာဖွေဖို့ ခရီးရှည်ကြီးတစ်ခုကို စတင်ပါတော့တယ်။ သူက အမည်မသိ တိုင်းနိုင်ငံရပ် အများအပြားကို ဖြတ်သန်းသွားလာခဲ့ပြီး သူ့ရဲ့ ခရီးသွားမှတ်တမ်းက သူ့ကို ကောင်းကောင်းကြီး ရင့်ကျက်ကြီးပြင်းလာစေခဲ့ပါတယ်။
ဒီ့အတွက်ကြောင့်ပဲ သူဟာ ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်နိုင်မဲ့ လူတစ်ယောက် အမှန်တကယ် ဖြစ်လာမလားဆိုတာကတော့…။