ဂျင်ချန်။ သူ့နာမည်က ဂျင်ချန်။ သူက ဓားနတ်ဘုရား။ သူက ဓားမြန်သိုင်းမှာ ပြည့်စုံတဲ့အဆင့်ကိုရောက်နေပြီ၊ လောကတစ်ခွင်မှာ ဓားဝိဇ္ဇာအဖြစ်သတ်မှတ်ခံထားရပြီ။ ဒီလိုထူးချွန်နေလို့ အသက်ကြီးကြီးမထင်နဲ့နော်။ ဂျင်ချန်က အသက် ၂၀ ဝန်းကျင်ပဲရှိသေးတယ်။ ဒါပေမယ့် အထွဋ်အထိပ်အဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီ။ သူကမိဘမဲ့၊ ဘယ်ဂိုဏ်းကိုမှ မဝင်ဘူး။ တကယ်ကိုထူးထူးဆန်းဆန်းလူမျိုးပဲ။
အခုဂျင်ချန်က ဒူဂူးကွင်းဘီနဲ့ ရင်ဆိုင်တိုက်ခိုက်ရတယ်။ သူကလည်း ဒဏ္ဍာရီသဖွယ်နာမည်ကြီးလှတဲ့လူပဲ။ သူတို့နှစ်ယောက်တိုက်ခိုက်ချက်က ပြင်းထန်လွန်းတယ်။ နောက်ဆုံး ဒူဂူးကွင်းဘီ လက်ပြတ်သွားတယ်။ ဂျင်ချန်က နှလုံးသားပေါက်ထွက်သွားတယ်။ အဲဒီအချိန် မထင်မှတ်ဘဲ ကမ္ဘာစွမ်းအားတွေက ကောင်းကင်ကနေစီးဆင်းလာပြီး ဂျင်ချန်ရဲ့စိတ်ထဲကို စီးဝင်လာတယ်။ အဲဒီမှာ စိတ်စွမ်းအင်မြင့်တက်လာပြီး သူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲကထွက်သွားတယ်။ အဲဒီမှာ သူက ဓားနတ်ဘုရားအဆင့်ကို တက်လှမ်းသွားတာပါဲ။
ဒါပေမယ့် ဓားနတ်ဘုရား အဆင့်ရောက်သွားလို့ မသေဘူးမထင်နဲ့နော်။ သေလမ်းကိုတော့ သူလျှောက်လိုက်ရတယ်။ နောက်ပိုင်းသူက ချင်းရန်ရှင်းတန်ဆိုတဲ့ ကလေးငယ်လေးအဖြစ်ပြန်ပြီး မွေးဖွားလာခဲ့တယ်။ တစ်နှစ်အရွယ်ရောက်တော့ မှတ်ဉာဏ်တွေ ပြန်ရလာတယ်။ သေချာတာကတော့ ဂျင်ချန်ရဲ့ မှတ်ဉာဏ်နဲ့ စိတ်ညာဉ်က သူနဲ့အတူပြန်ဝင်စားလာခဲ့တာပါ။
သူ့လက်ရှိမိဘတွေက သူတော်စင်တွေ၊ ပြီးတော့ ဒီကမ္ဘာကို သူမရောက်ဖူးဘူး။ ဇာတ်လမ်း စလာကတည်းက ဒီလို ဂေါ်ထွက်နေပြီး အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့စာစဉ်ပါ။ ဘယ်လောက်အထိ ဂေါ်လဲဆိုရင် တစ်နှစ်သားအရွယ်ရောက်ကတည်းက ဂျင်ချန်က သူ့အရင်ဘဝက ကျင့်ခဲ့တဲ့ ဓားကျင့်စဉ်တွေကို ပြန်ကျင့်နေတာပါပဲ။
နောက်ပိုင်းမှာ သူတော်စင်အဆင့်တွေ၊ သူတော်စင်စွမ်းအားတွေ၊ မီးတောက်ကြေးစားအဖွဲ့လို စိတ်ဝင်စားစရာအဖွဲ့တွေကိုမြင်တွေ့ရမှာဖြစ်သလို ဓားနတ်ဘုရားအဆင့်ရောက်ခဲ့တဲ့ ဂျင်ချန်က ဒီဘဝမှာရော ငယ်စဉ်ကလေးဘဝကနေစပြီး ပါရမီရှင်ဆိုတဲ့ အဆင့်ကနေ ဘယ်လိုစွမ်းအားတွေကို ကျင့်ကြံပြီး ဘယ်လိုကြမ်းရမ်းတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်မလဲ၊ နတ်ဘုရားအဆင့်ကို တက်လှမ်းမလားဆိုတာ ဒီစာစဉ်မှာ မြင်တွေ့ရမှာပါ။