“ ဒီကောင်က ခင်ဖို့ မကောင်းတော့ ငါ့ဘာသာပဲ ကောက်ပဲသီးနှံတွေ စိုက်စားရမှာပေါ့။ ဒီကောင် ငါ့ကို လာရှုပ်ရင်တော့ နောက်နှစ်ထိတောင် အသက်မရှင်စေရဘူး”
အိမ်ချစ်သမားလေး ကျောက်ဟိုင်ဟာ ကျူကျူဖန်းကို အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရာမှာ ယူဆောင်လာခဲ့မိလေတယ်။ သူဟာ အရှုံးသမားဆွေကြီးမျိုးကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားခဲ့တယ်။ သူ့ရဲ့ဘိုးဘွားပိုင်မြေက ဘာမှ စိုက်ပျိုးလို့ မရတဲ့ အနက်ရောင်နယ်မြေဖြစ်နေတဲ့အပြင် သူနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက သူမတူအောင် ပြိုင်ဘက်ကင်းတဲ့သူဖြစ်နေလေတယ်။ သူမဟာ မြို့တော်မှာ ကျော်ကြားနာမည်ကြီးတဲ့အပြင် အနာဂတ်မှာ ဂုဏ်ဆောင် မင်းသမီးတစ်ပါး ဖြစ်လာမှာလည်း ဖြစ်လေတယ်။
ဒီ့ထက် ပိုပြီး အရေးကြီးတာက သူက မှော်ပညာနဲ့ သိုင်းပညာမှာ ဒုက္ခိတဖြစ်နေရှာတယ်။ ဒါကြောင့် မှော်ပညာရော၊သိုင်းပညာရော သင်လို့ မရလေဘူး။
“ ငါ မှော်ပညာ မသင်နိုင်ဘူး .. ဒါပေမယ့် ငါ့မှာ ယာတစ်ကွက် ရှိတယ်။ မင်း ငါ့ကို တိုက်ခိုက်ရဲလား။ မင်းတို့ရဲ့ စားနပ်ရိက္ခာတွေထဲကို ပိုးကောင်တွေ လွှတ်လိုက်ရမလား၊ မင်းတို့ရဲ့ ရေ အရင်းအမြစ်ထဲကို ပိုးသတ်ဆေးတွေ ထည့်လိုက်ရမလား၊ မင်းတို့ နယ်မြေတစ်ခုလုံး ပေါင်းပင်၊မြက်ပင်တွေ ပေါက်လာအောင် လုပ်လိုက်ရမလား …
ငါ့ကို တိုက်ခိုက်ရင် ဘာတွေဖြစ်မယ်ဆိုတာ မြင်ပြီလား။ ငါ့ကို လုပ်ကြံဖို့ လူသတ်သမားတွေ ဌားမယ်လား … ၊ ဟီး … ဟီး .. ဟီး … ငါ့လယ်ထဲက အိမ်လေးထဲမှာ ပုန်းနေလိုက်မယ်ဆိုရင် မင်းတို့ ဘယ်လိုလာတိုက်ခိုက်နိုင်မှာလဲ .. ။ မင်း ပြန်သွားတဲ့အခါ မင်းတို့မြို့က ကောက်ပဲသီးနှံတွေ၊ ရိက္ခာတွေကို အကုန် အဆုံးသတ်လိုက်မယ် .. ၊ ဒါဆိုရင် မင်းရဲ့လူတွေ ဆူပူအုံကြွလာမှာပဲ .. ။ မြင်ပြီလား .. ငါ့ကို သတ်ရဲသေးလား .. ”
ဒီဝတ္ထုမှာတော့ ဓားတွေ၊ မှော်ပညာတွေရှိတဲ့ ကမ္ဘာကြီးမှာ စိတ်ထားမကောင်းတဲ့ အလုပ်လက်မဲ့ကောင်လေးက သူ့ရဲ့ လယ်ကို အသုံးပြုပြီး ကမ္ဘာအနှံ့က လူတိုင်း မနှစ်မြို့ရတဲ့ တည်ရှိမှုတစ်ခု ဘယ်လိုဖြစ်လာမလဲဆိုတာကို မြင်တွေ့ရမှာပါ။
***