Switch Mode
အင်မော်တယ် ဘုရင်၏ နေ့စဥ် ဘ၀
Score 7
Bookmark
Followed 22 people

အင်မော်တယ် ဘုရင်၏ နေ့စဥ် ဘ၀

The daily life of the immortal king, Xian Wang de Richang Shenghuo 仙王的日常生活
Status: Ongoing Type: Author: Translator: Released: 2017 Native Language: Chinese View: ? Views

Synopsis အင်မော်တယ် ဘုရင်၏ နေ့စဥ် ဘ၀

The daily life of the immortal king
Original writer>>kuxuan
translator>>Hlyan Hlyan Wai

Review
~~~

အသက် တစ်နှစ်မှစ၍ 2နှစ်တစ်ကြိမ် ကျင့်ကြံခြင်း နယ်ပယ်အသစ်တစ်ခုသို့ အလိုအလျောက် အဆင့်တက်သည့် ဝမ်လင်းသည် ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်၏။

အသက်၁၆နှစ် အရွယ်တွင် သူက စိန်ခေါ်မှု အများအပြားနှင့် ကြီးကျယ်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရသည်။

ဝမ်လင်း “ငါကြိုက်တဲ့ ခေါက်ဆွဲကြွပ်ကြော်တွေကို အေးဆေးလေး စားပါရစေ”

ဖေဖေဝမ် “ငါ့သား.. မင်း ဂရုမပြုမိဘဲ တိုင်းပြည်ကို ဖျက်ဆီးမိရင် မင်းအိတ်ကပ်ထဲက ပိုက်ဆံတွေ ထွက်သွားလိမ့်မယ်”

ဝမ်လင်း “ငါ့ကို ထိုးနှက်တဲ့အတွက် တန်ပြန်တုံ့ပြန်မှုကနေ မင်းကိုသေစေတာပဲ.. ငါ့ကို အပြစ်မတင်နဲ့”

——————-

ဒီဘက် ခေတ်သစ်မှာတော့ ပကတိ အင်မော်တယ်အဆင့် ဆိုတာ အမြင့်ဆုံးပါ။

ဒီအဆင့်ရဲ့ အထက်မှာ အင်မော်တယ် အရှင်မြတ်အဆင့်ဆိုတာ ရှိသေးတယ်(ဒါက လူတွေသိထားတဲ့အသိ)

တကယ်တော့ အဆင့်တွေအများကြီး ကျန်ပါသေးတယ်။

အင်မော်တယ် အရှင်မြတ်အဆင့်ကိုတော့ ဒဏ္ဍာရီထဲက ကျန်းရွမ်တစ်ယောက်ပဲ ရောက်ရှိခဲ့တယ်လို့ ကောလဟလ ရှိကြတယ်။

တချို့ကလည်း ကျန်းရွမ်ဆိုတာ ကော်နီ သီချင်းထဲကလို ‘ဒါဟာပုံပြင်လေးပါ’လို့ ပြောကြတယ်။

ဒီဇာတ်လမ်းရဲ့MCက ဝမ်လင်း။

သူ့ကို ခေါက်ဆွဲခြောက် တာအိုဧကရာဇ်လို့လည်း ခေါ်တယ်။

ဖင်ကို ဆီစွပ်သွားရင်တောင် စိတ်ဆိုးချင်မှ ဆိုးမှာ ဆိုပေမဲ့ ခေါက်ဆွဲခြောက်ကို သွားထိရင်တော့ နာဖို့သာ ပြင်ထားတော့ပဲ။

သူက ဒိတ်လွန်နေတဲ့ ခေါက်ဆွဲခြောက်ထုပ်နဲ့ ကောင်းကင်တာအိုကို ဂျင်းထည့်နေကျကောင်။

သူ့အဖေ၊ သူ့အမေ၊ သူ့အဖိုး၊ သူ့ဓားဝိညာဥ် အပါအဝင် သူကိုယ်တိုင်က လျှို့ဝှက်ချက် ကိုယ်စီနဲ့။

ဝမ်လင်းက မွေးစထဲက အစွမ်းတွေနဲ့ မွေးဖွားလာတဲ့သူ၊

ဘယ်လောက်စွမ်းလဲဆိုရင် ကပ်ဘေးကျော်ဖြတ်ဖို့လုပ်တာ မိုးကြိုးကပ်ဘေးက သူ့ကိုကြောက်ပြီး ထွက်ပြေးနေလို့ အတင်းဆွဲယူပြီး မိုးကြိုးကပ်ဘေးကို မာဆက်လုပ်ခိုင်းလိုက်တယ်။

ကောင်းကင်တာအို ကော်မတီလူကြီးတွေကလည်း ဝမ်လင်းဆို အသေကြောက်ပဲ။

သူ့အကြည့်တစ်ချက်နဲ့တင် ချွေးပြန်ကြရတယ်။

စကြဝဠာ နံရံ အက်ကွဲတာကို ပြုပြင်ဖို့လား??

ဝမ်လင်းအတွက် အေးဆေးပဲ။

အမျိုးသမီးလစဥ်သုံး ဂွမ်းထုပ်ရှိရင်ရပြီ။ အက်ကြောင်းကို ဂွမ်းထုပ်နဲ့ အသာအယာ ပိတ်လိုက်ရုံပဲ။

ဝမ်လင်းက အရာဝတ္ထုပစ္စည်း မှန်သမျှကို ဉာဏ်အလင်းပေးနိုင်သလို သာမန်လူတစ်ယောက်ကိုလည်း ပကတိအရှင်မြတ် ဖြစ်အောင် လုပ်ပေးနိုင်တယ်။

ချစ်ဖတို့ကို FA ဘဝက ကျွတ်ဖို့တော့ မလုပ်ပေးနိုင်ဘူး။

ဝမ်လင်းက ကောင်းကင်တာအိုကိုလည်း “ရော့အင့်” ဆိုပြီး ကြိုက်တဲ့လူကို လက်ဆောင် ပေးလို့ရတယ်။

ဝမ်လင်း ဘယ်လောက် အစွမ်းထက်လဲ မပြောနဲ့ဦး၊ သူ့ရဲ့ ခွေးကိုတောင် ကျန်းရွမ်က ဆရာတင်ဖို့ အသည်းအသန် ကြိုးစားနေတဲ့အထိပဲ။

ကျန်းရွမ်ကတော့ ကျနော်မပြောလည်း အားလုံးပဲသိကြမှာပါ။

ကျနော်ကတော့ ကျန်းရွမ်ပြောတဲ့”စီနီယာခွေးရဲ့ ခွေးကလေးဖြစ်ချင်တာပါ”ဆိုတဲ့ အပြောကို အကြိုက်ဆုံးပဲ။

(စာရေးဆရာမတူပါ၊ ခူဟွမ်၏စိတ်ကူးယဥ်ပေါင်းစပ်မှုသာ)

စကြဝဠာအုပ်ထိန်းသူတွေကတောင် ကြောက်ရွံ့လေးစားရတဲ့ဝမ်လင်း..

အဆင့်သတ်မှတ်ချက်ထဲမှာ တာအိုဘိုးဘေးက ကောင်းကင်တာအို ၃၀၀၀နဲ့ အမြင့်ဆုံး ဆိုပေမဲ့ သူက ကောင်းကင်တာအို ၃၀၀၀၀ အထိ ရှိတယ်။

အနာဂတ်ကနေလာတဲ့ သူတွေကိုလည်း ရှယ်ပလန်နဲ့ ဆုံးမမဲ့ အဆင့်သတ်မှတ်ချက်မဲ့ တန်ခိုးရှင်။

စာစဥ်က ဘယ်လိုအမျိုးအစားလဲဆိုရင် အချစ်ဦးစားပေးမဟုတ်ဘူး၊ ဟာသဘက်ကိုပဲ သွားတဲ့စာစဥ်မျိုး။

ဖရီးပေးတဲ့အထိပဲ ဖတ်မယ်ဆိုရင်တောင် လုံးဝ စိတ်လက်ပေါ့ပါးသွားမှာ။

အစမှာ လေးနက်ပြီး ဇာတ်သိမ်းကျမှ ဆင်ပြောင်ကြီးအမြီးတစ်တဲ့ပုံစံမျိုး မဟုတ်ဘူး။

ဇာတ်အိမ်ကို အစမှာ အချိန်ယူတည်ဆောက်ပြီး အခြေခိုင်သွားတာနဲ့ ကောင်းကင်ထိတိုင် ဇာတ်ရှိန် ခုန်တက်မဲ့ စာစဥ်မျိုးပါ။

ခေတ်အခြေအနေအရ ဘာသာပြန်သူလည်း “ဆရာကြီးရွှေဥဒေါင်း” နဲ့ “ဆရာ မောင်ထွန်းသူ” တို့ ဘာသာပြန်ထားတဲ့ “မျှော်တလင့်လင့်”လိုပဲ။

ပရိသတ်တွေကို အမြဲ “မျှော်နေရတယ်😁”

ဖရီးစာစဥ်တွေလည်းပေးထားလို့ဖတ်ကြည့်ကြပါဦး😵

ကောင်းကင်ကိုဓားပြတိုက်မယ်(ဖန်ရှင်း) စဆုံးဘာသာပြန်ထားလို့ မပြီးမှာတော့ မပူနဲ့နော်🤗

Read အင်မော်တယ် ဘုရင်၏ နေ့စဥ် ဘ၀

Vol. 64
Vol/Ch
Chapter Title
Release Date
Vol. 63 Vol. 62 Vol. 61 Vol. 60 Vol. 59 Vol. 58 Vol. 57 Vol. 56 Vol. 55 Vol. 54 Vol. 53 Vol. 52 Vol. 51 Vol. 50 Vol. 49 Vol. 48 Vol. 47 Vol. 46 Vol. 45 Vol. 44 Vol. 43 Vol. 42 Vol. 41 Vol. 40 Vol. 39 Vol. 38 Vol. 37 Vol. 36 Vol. 35 Vol. 34 Vol. 33 Vol. 32 Vol. 31 Vol. 30 Vol. 29 Vol. 28 Vol. 27 Vol. 26 Vol. 25 Vol. 24 Vol. 23 Vol. 22 Vol. 21 Vol. 20 Vol. 19 Vol. 18 Vol. 17 Vol. 16 Vol. 15 Vol. 14 Vol. 13 Vol. 12 Vol. 11 Vol. 10 Vol. 9 Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

Leave a Reply

Options

not work with dark mode
Reset