Switch Mode
ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား
Score 8
Bookmark
Followed 2 people

ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား

The sage who transcended the Samsara Ancient Lords Worthy of Respect in One Age Yishi Zhi Zun Yi Shi Zhi Zun (Donghua) 一世之尊
Status: Ongoing Type: Author: Translator: Released: 2016 Native Language: Chinese View: ? Views

Synopsis ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား

ငါက အတိတ်ဘဝကို စိတ်မဝင်စားသလို အနာဂတ်ဘဝကိုလည်း ဂရုမစိုက်ဘူး။ လက်ရှိဘဝကိုပဲ ပျော်ပျော်ရွှင်ရွှင် နေချင်တယ်။ ကျေးဇူးရှိရင် ကျေးဇူးဆပ်မယ်။ လက်တုန့်ပြန်စရာရှိရင် လက်တုန့်ပြန်မယ်။ နယ်မြေအသီးသီးက သူရဲကောင်းတွေကိုလည်း အနိုင်ယူမယ်။ ပြီးရင်တော့ ပြန်လည်ဝင်စားခြင်း လမ်းကြောင်း (၆)သွယ်မှာရှိနေတဲ့ နတ်ဘုရားတွေ၊ နတ်ဆိုးတွေကို ဟားတိုက်ရယ်လိုက်မယ်…

မုန့်ချီ Review ..။

Hello
အားလုံးပဲ စာစဥ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မိတ်ဆွေက ဝူရှအငွေ့အသက်တွေကို ခံစားချင်တာလား….
ဒါမှမဟုတ် စနစ်ဆန်ပေမဲ့ စနစ်မဟုတ်တဲ့ စာစဥ် ရှာနေတာလား…
ကမ္ဘာတွေ တစ်ခုပြီးတစ်ခု သွားနေတာမျိုးကို ဖတ်ချင်တာလား….
ဓားတစ်လက်တည်းကိုင်တဲ့ MC လည်း ဖတ်ရတာ ရိုးနေပြီဆိုရင်တော့ ဒီစာစဥ်လေးကို ဖတ်ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ စွန့်စားခန်း ၊ စုံထောက်အက်ရှင် တစ်ခုကြည့်ရသလို ဖြစ်လာစေမှာပါ။ နောက်ပိုင်း သူကိုယ်တိုင် စုံစမ်းရေးမှူးဖြစ်သွားပြီး အမှုတွေ ဖော်ထုတ်ရပါသေးတယ်။

ဇာတ်ကောင်မုန့်ချီက လက်ရှိကမ္ဘာကြီးကနေ ဘောလုံးပွဲကြည့်နေရင်း ရှောင်လင်ကျောင်းတော်ကြီးဆီ လာပို့တဲ့ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာခဲ့ပါတယ်။ အဲဒီအချိန် သူ့ဆီမှာ ကျောက်စိမ်းပြားလေးတစ်ခု ရှိနေတယ်။ အဲဒီကျောက်စိမ်းပြားလေးက ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ….

ရှောင်လင်မှာ သိုင်းပြိုင်ပွဲကျင်းပနေရင်း လူငယ်တွေ အတော်များများက မှော်ဆန်ဆန် သံသရာကမ္ဘာကြီးထဲကို ရောက်သွားတဲ့အချိန်မှာ ဘာတွေ ဖြစ်လာကြမှာလဲ…

အဲဒီသံသရာကမ္ဘာကြီးကို ဘယ်သူက ထိန်းချုပ်နေတာလဲ။ သူတို့နေထိုင်တဲ့ ကမ္ဘာကြီးနဲ့ သံသရာကမ္ဘာကြီးက ဘယ်လိုပတ်သက်နေတာလဲ…

ဒီစာစဥ်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့စာစဥ်တစ်ခုပါ။ ပြီးတော့ ဒီစာစဥ်ကို ရေးသားသူက Lord of The Mystery စာရေးသူ ဖြစ်တဲ့အတွက် ဇာတ်လမ်းဇာတ်ကွက် ကောင်းပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြတဲ့အတွက် အမြင်လည်း မတူနိုင်ပါဘူးဗျာ။ စာရေးတာကလည်း ကျွန်တော် ဖြစ်တဲ့အတွက် ကျွန်တော် အသက်ရှိနေသရွေ့ ပြီးဆုံးအောင် ရေးပေးမှာပါ။ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ပဲ ဖြစ်ဖြစ် ဇာတ်လမ်းထဲ စီးမျောချင်လို့ပဲ ဖြစ်ဖြစ် ဖတ်ကြည့်ဖို့ တောင်းဆိုပါရစေဗျာ….
(doughua မှာလည်း နတ်ဘုရားတို့၏လှည့်စားခြင်းနာမည်နဲ့ SoulKingdom မှာ ကြည့်လို့ရပါတယ်)

                                                Hein Htet

Read ရှောင်လင်ကျောင်းက သိုင်းနတ်ဘုရား

Vol. 42 Vol. 41 Vol. 40 Vol. 39 Vol. 38 Vol. 37 Vol. 36 Vol. 35 Vol. 34 Vol. 33 Vol. 32 Vol. 31 Vol. 30 Vol. 29 Vol. 28 Vol. 27 Vol. 26 Vol. 25 Vol. 24 Vol. 23 Vol. 22 Vol. 21 Vol. 20 Vol. 19 Vol. 18 Vol. 17 Vol. 16 Vol. 15 Vol. 14 Vol. 13 Vol. 12 Vol. 11 Vol. 10 Vol. 9 Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

Leave a Reply

Options

not work with dark mode
Reset