ပထမ နဂါး
အကျဥ်းချုပ်
“ဝံပုလွေသိုက်၊ ဝံပုလွေသိုက်၊ အထီးကျန် ဝံပုလွေ ခုန်ဆင်းသွားပြီ၊ ထပ်ပြောပါမယ်၊ အထီးကျန် ဝံပုလွေ ခုန်ဆင်းသွားပြီ”
“ဝံပုလွေသိုက်မှ လက်ခံပြီး!”
“ဝံပုလွေသိုက်၊ ဝံပုလွေသိုက်၊ စက်ပစ္စည်း သိုလှောင်အိတ်ကို လွှတ်လိုက်ပါပြီ၊ ထပ်ပြောပါမယ်၊ စက်ပစ္စည်း သိုလှောင်အိတ် ထွက်သွားပါပြီ”
“ဝံပုလွေသိုက်မှ လက်ခံပြီး!”
***
“ငါ့ကို သတ်လှည့်ပါ”
ရင်းနှီးကျွမ်းဝင်ဖူးသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ အထီးကျန် ဝံပုလွေသည် လှပသော မျက်လုံးများကို တစ်ဖန် ပြန်လည်ကာ မြင်တွေ့လိုက်ရသည်။
***
“ဝံပုလွေသိုက်၊ အထီးကျန် ဝံပုလွေရဲ့ အချက်ပြမှု ရုတ်တရက် ပျောက်ကွယ် သွားပါတယ်၊ အထီးကျန် ဝံပုလွေရဲ့ အချက်ပြမှု ပျောက်ကွယ် သွားပါပြီ”
“ဝံပုလွေသိုက်၊ စက်ပစ္စည်း သိုလှောင်အိတ် အချက်ပြချက် ပျောက်သွားပါပြီ။ စက်ပစ္စည်း သိုလှောင်အိတ် အချက်ပြချက် ပျောက်သွားပါပြီ”
*****