Switch Mode
နတ်ဘုရားတို့အား ဆန့်ကျင်၍
Score 8
Bookmark
Followed 21 people

နတ်ဘုရားတို့အား ဆန့်ကျင်၍

Against the Gods ATG Evil God Heaven-Defying Evil God Ni Tian Xie Shen 逆天邪神
Status: Ongoing Type: Author: Translator: Released: 2014 Native Language: Chinese View: ? Views

Synopsis နတ်ဘုရားတို့အား ဆန့်ကျင်၍

လှပပြီး လျှို့ဝှက်တဲ့ တိမ်အဆုံး ချောက်ကမ်းပါးတစ်ခုသည် အပြာရောင် တိမ်တိုက်နိုင်ငံတော်တွင် လူသေ အများဆုံးနေရာတစ်ခု ဖြစ်ခဲ့သည်။
တိမ်အဆုံး ချောက်ကမ်းပါးကို ရက်စက်တဲ့ လူသတ်သင်္ချိုင်းလို့ပင် ခေါ်ကြသည်။ နှစ်ပေါင်းများစွာအတွင်း ဒီချောက်ကမ်းပါးကနေ ပြုတ်ကျပြီး သေတဲ့ လူက များလွန်းတဲ့အတွက် ရေတွက်လို့ပင် မရချေ။ ထိုချောက်ကမ်းပါးအောက်ကို ကျသွားတဲ့လူတိုင်းလဲ အသက်မရှင်နိုင်ခဲ့ပါဘူး။ ထိုအထဲမှာနတ်ဘုရားအဆင့်ဘုရင်သုံးဦးလဲပါဝင်ခဲ့သည်။
ဒီအချိန်မှာပဲ ချောက်ကမ်းပါးရဲ့အစွန်းတွင် အနက်ရောင်ဆံပင်အနက်ရောင်မျက်လုံးရှိတဲ့လူငယ်တစ်ယောက်သည် လူကြီးအရပ်နှစ်ပြန်ရှိတဲ့ ကျောက်တုံးမှာ ယိုင်ပြီးမှီနေခဲ့သည်။
ဒီလူငယ်ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ စီးကျနေတဲ့ အနက်ရောင်အင်္ကျီတစ်ခုလုံးမှာ စွန်းထင်းနေခဲ့သည်။ သူက သွေးများက ဒီချောက်ကမ်းပါးထိပ်မှာရပ်နေတာ ခဏလောက်ပဲ ကြာသေးပေမဲ့ သူ့ခြေထောက်အောက်မှာတော့ သွေးများစွာ စီးကျနေပြီးလေပြီ။
သူ့ရင်ဘတ်က နိမ့်ချည့်မြင့်ချည်နဲ့ အသက်ပြင်းပြင်းရှူရှိုက်နေပုံက လူတစ်ယောက်အား ဖြစ်နေပုံနဲ့ ကြောက်လန့်စေနိုင်သည်။
သူ့တစ်ကိုယ်လုံး တုန်ရီနေပုံက အလွန်မောပန်းနေမှုကို ဖော်ပြနေသည်။
ကျောက်တုံးကိုသာ မမှီထားလျှင်သူ့ကိုယ်သူပင်မြဲမြံစွာ ရပ်နေနိုင်တော့မည်မဟုတ်ချေ။သူ့မျက်လုံးများ ကထက်မြိတဲ့ဓားနှစ်ချောင်းလိုပင်တည်ငြိမ်ပြီး ရက်စက်မှုများပါဝင်နေသည်။သူ့ပါးစပ်ကလဲ ရွံရှာမှုဖြင့်တလှုပ်လှုပ်ဖြစ်နေသည်။
သူ့ရှေ့က ထွက်ပေါက်ကိုတော့ လူများစွာက ပိတ်ဆို့ထားကြသည်။
“ယွမ်ချီ မင်းချောင်ပိတ်နေပါပြီ။ ငါတို့ကို ကောင်းကင် အဆိပ်ပုလဲ ထုတ်ပေးရင်တော့အသက်ရှင်ခွင့်ပေးမယ်”
“ဒီနေ့ ငါတို့အားလုံး ကောင်းကင်ဘုံရဲ့ကိုယ်စား မင်းကို အပြစ်ပေးမယ်။ မြန်မြန် လက်လျော့ပြီး
ကောင်းကင် အဆိပ်ပုလဲကို ထုတ်ပေးပါ။ မင်းက ဘာမှ မခံစားရဘဲ သေအောင် လုပ်ပေးမယ်။ ဒီလိုမှမဟုတ်ရင်တော့ မင်းရဲ့ နှလုံးသားက
ဓားတစ်ထောင်နဲ့ ထိုးတဲ့ နာကျင်မှုမျိုး ခံစားရစေမယ်”
” ယွမ်ချီ ခေါင်းမာ မနေစမ်းပါနဲ့။ ကောင်းကင်အဆိပ်ပုလဲကို ထုတ်ပေးစမ်းပါ။ ဒီလို မြင့်မြတ်တဲ့
အရာနဲ့ မင်းက တန်လို့လား … ”
တရားမျှတမှုတို့ရဲ့ ဖြောင့်မတ်မှုတို့က လူအုပ်ထံမှ မိုးခြိမ်းသံကဲ့သို့ ပျံ့လွင့်လာခဲ့သည်။ အပြာရောင်တိမ်တိုက် နိုင်ငံတော်က လူတိုင်းသာ
ဤအချင်းအရာကို တွေ့လျှင် မေ့လဲသွားကျပေမည်။ ဒီအနက်ရောင် လူစုကြီးတွင် အပြာရောင်တိမ်တိုက် နိုင်ငံတော်က စွမ်းအားကြီးလူများ ပါဝင်သည်။
မျိုးနွယ်စု ခေါင်းဆောင်ကြီးများနဲ့ ပျောက်ဆုံးနေတဲ့ အဖွဲ့ဝင်အချို့ပင် ပါဝင်သည်။ လူတစ်ယောက်ကသာ ဤအဖွဲ့ထဲက တစ်ယောက်ကို ရွေးလိုက်ထုတ်လိုက်ပါက ထိုတစ်ယောက်ကပင် မည်သည့်နိုင်ငံကမဆို တုန်လှုပ်စေနိုင်တဲ့ အစွမ်းရှိသည်ဟု ပြောလျှင် လွန်လွန်ကျူးကျူး ပြောခြင်း မဟုတ်ချေ။
အခုတော့ သူတို့အားလုံးသည် ဒီချောက်ကမ်းပါးထိပ်က ကောင်လေးတစ်ယောက်အတွက် စုစည်းရောက်ရှိလာကြသည်။
အထူးသဖြင့် သူ့လက်ထဲက မြင့်မြတ်တဲ့ကောင်းကင် အဆိပ်ပုလဲကြောင့်ပင် ဖြစ်သည်။
သူတို့သည် ခြိမ်းခြောက်လျက် ဖြေးဖြေးချင်း ချဉ်းကပ်လာကြသည်။ ကောင်းကင် အဆိပ်ပုလဲ
ပေါ်ပေါက်လာချိန်တွင် သူတို့ မနေနိုင်ကြတော့ချေ။သုံးရက်သုံးည ရှာဖွေပြီးတဲ့နောက် သူ့တို့ရှေ့မှာရှိနေတဲ့အရာက လက်မလွတ်နိုင်ကြတော့ပေ။
“မင်းတို့ လိုချင်လား… ကောင်းကင်အဆိပ်ပုလဲကို ”
ယွမ်ချီ အေးစက်စွာ ရယ်လိုက်သည်။ သူ့ညာလက်ကို ဖြေးညှင်းစွာ မြောက်ပြလိုက်သည်။ ကျောက်စိမ်းပုလဲလုံးတစ်ခု သူ့လက်ထဲတွင် ရှိနေ၏။ ဒီပုလဲကို မြင်လိုက်တော့ အားလုံးသည်ရပ်တန့်လိုက်ကြသည်။ ပုလဲလုံးကို ကြည့်ရင်း သူတို့မျက်လုံးများမှာ လိုချင်တပ်မက်မှုများဖြင့် တောက်ပလာ၏။
ယွမ်ချီအဖို့တော့ ကမ္ဘာကြီးတစ်ခုလုံးက တုန်လှုပ်စေနိုင်တဲ့ ထိုလူများသည် ရွံရှာဖွယ်တစ်ခုထက် မပိုချေ။ သူ အပေါ်သို့ မော့ကြည့်လိုက်သည်။ မျက်လုံးထဲတွင်တော့ မာနကြီးမှုနဲ့သရော်မှုများဖြင့် တဖိတ်ဖိတ် တောက်ပနေသည်။
အလွန့် အလွန် မုန်းတီးမှုက သူ့မျက်လုံးတွင် နက်ရှိုင်းစွာ ပေါ်နေ၏။

“ငါ့ဆရာက ကမ္ဘာကြီးကို ကယ်တင်ဖို့ သူ့တစ်ဘဝလုံး ကြိုးစားခဲ့တယ်။ အကျိုးအမြတ်အတွက်လည်း မဟုတ်ဘူး .. ပိုက်ဆံအတွက်လဲ မဟုတ်ဘူး။ ဒီကောင်းကင် အဆိပ်ပုလဲကြောင့် မင်းတို့ တရားမျှတတယ်ဆိုတဲ့ ဂိုဏ်းတွေက ငါ့ဆရာကို လွန်ခဲ့တဲ့ ၇ နှစ်က သတ်ခဲ့တယ်”
“ငါ မုန်းတယ်… အသုံးမကျတဲ့ ငါ့ကိုယ်ငါ
မုန်းတယ်။ မင်းတို့ တရားမျှတတယ်ဆိုတဲ့
ဂိုဏ်းကို ဒီ၇နှစ်အတွင်း လက်စားမချေနိုင်လို့ ငါ မုန်းတယ်”
သူပြောတဲ့ စကားလုံးတင်ွ မုန်းတီးမှုများ
ပါဝင်နေခဲ့သည်။ ၇နှစ် ကြာသွားခဲ့သော်လည်း
သူ့ဆရာ သေဆုံးတာကို ပြန်တွေးမိတာနဲ့ သူ့နှလုံးသားများ အလွန် နာကျင်ရသည်။
ယွမ်ချီသည် သူ့ မိဘ ဘယ်သူလဲဆိုတာ မသိချေ။ သူ့ဆရာ သူ့ကို တွေ့ခဲ့တဲ့အချိန်က ရက်သားမျှသာ ရှိသေးပုံရသည်။ သူ့ဆရာ ယွမ်ချီကို တွေ့တဲ့အချိန်က နှင်းများ ဖွေးဖွေးလှုပ် ကျနေတဲ့ အချိန်ဖြစ်သည်။ သူ့ဆရာက သူ့ကို တိမ်များလို
ဖြူဖွေးပြီး ရေလို ကြည်လင်အေးချမ်းတဲ့ စိတ်ရှိအောင် ယွမ်ချီလို့ အမည်ပေးခဲ့သည်။ ဒီလိုနဲ့ သူ ကြီးပြင်းလာတဲ့အခါ သူ့ဆရာရဲ့ ဆေးပညာကို အမွေဆက်ရခဲ့သည်။
မည်မျှ ပြင်းထန်သော ရောဂါ သို့မဟုတ် ဒဏ်ရာဖြစ်ပါစေ သူ့ ဆရာ ကုသနိုင်ခဲ့သည်။ ဒါက သူ့ဆီမှာ ရှိတဲ့ ကောင်းကင်အဆိပ် ပုလဲလုံးကြောင့် ဖြစ်သည်။
ကောင်းကင် အဆိပ်ဆိုတဲ့ စကားနှစ်လုံးက ဒီပုလဲ အလွန် အဆိပ်ပြင်းသည်ဟု အဓိပ္ပါယ်ရသည်။ဒါပေမဲ့ အဆိပ်ဆိုတာက ဆေးနဲ့ မူလက အတူတူ ဖြစ်သည်။ သူ့ဆရာက အဆိပ်ကို လုံးဝ မသုံးခဲ့ပေ။ ဆေးပေါင်းဖော်စပ်တဲ့နည်းကိုသာ အသုံးပြုပြီး ရောစပ်ခြင်းနဲ့ ကျိုချက်ခြင်းတို့ကို သုံးကာ ကောင်းမွန်လွန်းတဲ့ ဆေးများကို ဖော်စပ်ပြီး အသက်ပေါင်း မရေမတွက်နိုင်အောင် ကယ်တင်ခဲ့သည်။ယွမ်ချီကိုလဲ သူ့ရဲ့ဆေးပညာကို ဆရာစားမချန်
သင်ပေးခဲ့သည်။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၇ နှစ်က ကောင်းကင်အဆိပ် ပုလဲဆိုတဲ့ သတင်းပျံ့နှံ့သွားခဲ့သည်။ သိပ်မကြာလိုက်ချေ သူ့ဆရာသည် ဂိုဏ်းကြီးများကြောင့် သေဆုံးခဲ့ရသည်။
သူ့ ဆရာ သေဆုံးသွားပြီဟု သိရတော့
သုံးရက်နဲ့ သုံးည သူ ငိုကြွေးခဲ့ရသည်။ အမုန်းတရားက သူ့ရင်ထဲမှာ အမြစ်စွဲသွားပြီး ဆေးပညာကို မလေ့ကျင့်တော့ချေ။ ပုလဲထဲက အဆိပ်ကိုသာ စုပ်ယူနေခဲ့ပြီး လက်စားချေရန် တစ်ခုထဲသာ သူ့စိတ်ထဲတွင် ရှိနေတော့သည်။
၇ နှစ်ကြာပြီးတဲ့နောက် အဆိပ်ပညာရပ်မှာ သူ ကျွမ်းကျင်သွားပြီး လက်စားချေပါတော့သည်။ ဆယ်ရက်အတွင်းမှာပဲ မိုင်ပေါင်းများစွာကို အဆိပ်ကို ထုတ်လွင့်ပြီး မရေမတွက်နိုင်အောင် များပြားတဲ့ သတ်လိုက်ခြင်းကြောင့် အပြာရောင်တိမ်တိုက် နိုင်ငံတော်တစ်ခုလုံးက လူများသည်တုန်လှုပ်သွားတော့သည်။
ဒီလိုဖြစ်ရပ်ကြောင့် နိုင်ငံတော်ထဲက စွမ်းအားကြီးမားသူများသည် ဒီပုလဲအပေါ် လိုချင်တပ်မက်စိတ် ပြင်းထန်လာတော့သည်။ သူတို့သည်
ကောင်းကင် အဆိပ်ပုလဲကို ရနိုင်ရန် ယွမ်ချီအား အမဲလိုက်သလို လိုက်ရင်း ယခုလို အခြေအနေ
ရောက်လာတော့သည်။
အမုန်းတရားနဲ့ သူ့ရှေ့က လူအုပ်ကြီးကို
ကြည့်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
“ခွေးမသားတွေ မင်းတို့က ငါ့ရဲ့ ကောင်းကင်အဆိပ်ပုလဲကို လိုချင်တယ်ပေါ့။ အိပ်မက်သာ မက်ကြတော့”
ဒီလိုပြောပြီးနောက်ယွမ်ချီသည် လက်ထဲက
ပုလဲလုံးအား ပါးစပ်ထဲ ပစ်သွင်းလိုက်ကာ မျိုချလိုက်သည်။ ထို့နောက် သူ့လည်ပင်းကို တွန်းအားပေးပြီး ဗိုက်ထဲ ရောက်အောင် တွန်းအားပေးလိုက်သည်။
“မင်း …။ မင်း ဘာလုပ်လိုက်တာလဲ .. ”
” သူ တစ်ကယ်ပဲ ကောင်းကင် အဆိပ်ပုလဲကို မြိုချလိုက်တယ်”
“ယွမ်ချီ … မင်းကတော့ ဆိုးဆိုးရွားရွား
သေချင်နေတာပဲ”
“ကောင်းပြီလေ .. ဒီလိုဆိုလည်း ကိစ္စမရှိပါဘူး .. ငါတို့ မင်းကို သတ်ပြီး ပုလဲကို ယူရမှာပေါ့ … ”
ကောင်းကင် အဆိပ်ပုလဲက သူ့ခန္ဓာကိုယ်ထဲ ဝင်သွားပြီး အဆိပ်က သူ့တစ်ကိုယ်လုံးကို ပျံ့နံသွားပြီးသူတို့ တွေးထားသလို မတတ်နိုင်တော့ချေ။ အစိမ်းရောင် အလင်းမှိန်မှိန်လေး သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
“သူ့ကို အခု သတ်ကြတော့ ။ ဒီလိုမှ မဟုတ်ရင်
ကောင်းကင် အဆိပ်ပုလဲက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ
ပြောင်းလဲသွားနိုင်တယ်။ အဲ့တာက ပြဿနာကြီးတစ်ခု ဖြစ်စေလိမ့်မယ်”
ကျယ်လောင်သော ဟိန်းဟောက်သံနဲ့အတူ ယွမ်ချီရဲ့ ရှေ့က လူများသည် တစ်ပြိုင်နက်တည်း ခုန်ဝင်လာကြသည်။ ယွမ်ချီသည် သူ့အား သတ်ချင်နေတဲ့ လူများကို ကြည့်ပြီး ရယ်မောလိုက်သည်။
သူ့ ရယ်မောသံက အားပျော့ပြီး ခြောက်ကပ်ကပ်နိုင်လှသည်။ သို့သော် မာနကြီးမှုတော့ လျော့မသွားချေ။
” ငါ့မှာ မင်းတို့ကို သတ်နိုင်တဲ့ အစွမ်း မရှိပါဘူး။ ဒါပေမဲ့ မင်းတို့ကလဲ ငါ့ကို သတ်နိုင်မယ် မထင်လိုက်နဲ့။ မင်းတို့ အမှိုက်ကောင်တွေက ဒီကောင်းကင် အဆိပ်ပုလဲနဲ့ မတန်ဘူး။ ငါ့က
သတ်ဖို့ဆိုရင် ပိုလို့တောင် မထိုက်တန်သေးတယ်။ ငါ သေချင်ရင် ငါ့လက်နဲ့ ငါပဲ သေမယ်။ ဟားဟားဟားဟား ..”
ဒီလို ရယ်မောလိုက်ပြီးနောက် နောက်ဆုံး ကျန်ရှိနေတဲ့ အားအင်များနဲ့ ချောက်ထဲသို့ ခုန်လိုက်သည်။
“သူ့ကို တားကြ … ”
သူ့ရဲ့ ရည်ရွယ်ချက်ကို သိသွားတော့ လူများစွာက သူ့အား လက်ဖြင့် လိုက်ဖမ်းကြသည်။ ဒါပေမဲ့လဲ သူ့အရိပ်ကိုပင် မမိလိုက်ချေ။ သူတို့အနေနဲ့ ရှောင်ချီ တဖြေးဖြေးနဲ့ ချောက်ထဲကျသွားသည်ကိုသာ ကြည့်နေရတော့သည်။
တိမ်အဆုံး ချောက်ကမ်းပါးက ငါ ယွမ်ချီရဲ့
သင်္ချိုင်းအနေနဲ့ ပို သင့်တော်ပါတယ်လေ ….
( မှတ်ချက် – ယွမ်နဲ့ တိမ်က အဓိပ္ပါယ်ချင်း တူညီသည်။ )
ဒီကမ္ဘာမှာ ငါ့အတွက် နောက်ဆံ တင်းစရာ မရှိပါဘူး ။ ကံဆိုးတာက ငါ့ဆရာအတွက် လက်စားမချေလိုက်နိုင်တဲ့အပြင် ငါ့မိဘတွေကိုလဲ မရှာလိုက်နိုင်ဘူး။
ယွမ်ချီ သူ့ရင်ဘတ်က ငွေဆွဲသီးကို ဖွဖွကိုင်လိုက်သည်။ ဒါ တစ်ခုကပဲ သူ့ဆရာ သူ့ကို တွေ့တုန်းက ရှိနေခဲ့တာ ဖြစ်သည်။ လေများက စူးစူးဝါးဝါး သူ့နားထဲ တိုက်ခတ်နေသည်။ သူ့မျက်လုံးကို မှိတ်လိုက်ရင်း သူ့ခန္ဓာကိုယ်အား အဆုံးမရှိတဲ့ ချောက်နက်ကြီးထဲ ကျဆင်းစေလိုက်တော့သည်။

Read နတ်ဘုရားတို့အား ဆန့်ကျင်၍

Vol. 142 Vol. 141 Vol. 140 Vol. 139 Vol. 138 Vol. 137 Vol. 136 Vol. 135 Vol. 134 Vol. 133 Vol. 132 Vol. 131 Vol. 130 Vol. 129 Vol. 128 Vol. 127 Vol. 126 Vol. 125 Vol. 124 Vol. 123 Vol. 122 Vol. 121 Vol. 120 Vol. 119 Vol. 118 Vol. 117 Vol. 116 Vol. 115 Vol. 114 Vol. 113 Vol. 112 Vol. 111 Vol. 110 Vol. 109 Vol. 108 Vol. 107 Vol. 106 Vol. 105 Vol. 104 Vol. 103 Vol. 102 Vol. 101 Vol. 100 Vol. 99 Vol. 98 Vol. 97 Vol. 96 Vol. 95 Vol. 94 Vol. 93 Vol. 92 Vol. 91 Vol. 90 Vol. 89 Vol. 88 Vol. 87 Vol. 86 Vol. 85 Vol. 84 Vol. 83 Vol. 82 Vol. 81 Vol. 80 Vol. 79 Vol. 78 Vol. 77 Vol. 76 Vol. 75 Vol. 74 Vol. 73 Vol. 72 Vol. 71 Vol. 70 Vol. 69 Vol. 68 Vol. 67 Vol. 66 Vol. 65 Vol. 64 Vol. 63 Vol. 62 Vol. 61 Vol. 60 Vol. 59 Vol. 58 Vol. 57 Vol. 56 Vol. 55 Vol. 54 Vol. 53 Vol. 52 Vol. 51 Vol. 50 Vol. 49 Vol. 48 Vol. 47 Vol. 46 Vol. 45 Vol. 44 Vol. 43 Vol. 42 Vol. 41 Vol. 40 Vol. 39 Vol. 38 Vol. 37 Vol. 36 Vol. 35 Vol. 34 Vol. 33 Vol. 32 Vol. 31 Vol. 30 Vol. 29 Vol. 28 Vol. 27 Vol. 26 Vol. 25 Vol. 24 Vol. 23 Vol. 22 Vol. 21 Vol. 20 Vol. 19 Vol. 18 Vol. 17 Vol. 16 Vol. 15 Vol. 14 Vol. 13 Vol. 12 Vol. 11 Vol. 10 Vol. 9 Vol. 8 Vol. 7 Vol. 6 Vol. 5 Vol. 4 Vol. 3 Vol. 2 Vol. 1

Comment

Leave a Reply

Options

not work with dark mode
Reset