လင်းဝူတသည် ကမ္ဘာကူးပြောင်းလာခဲ့ပြီး အလောင်းမြှုပ်နှံခြင်း ပြိုင်ဘက်ကင်းစနစ်ကို ရရှိခဲ့သည်။ သူသည် စွမ်းအားကြီးမားသည့် အလောင်းများကိုမြှုပ်နှံခြင်းမှ ထိုအလောင်း၏ ပိုင်ဆိုင်သောအရာများကို သူ၏ အပိုဆုအဖြစ်ရရှိနိုင်သည်။ ပိုကောင်းသည်က သူသည် အနိုင်ရရှိသည့်အရာကိုတိုးမြှင့်ရရှိနိုင်ခြင်းပင်။ တိုးမြှင်းခြင်း၏ အနည်းဆုံးသော ဖြစ်နိုင်ခြေသည် ဆယ်ဆဖြစ်၏။
“သင်သည် မဟာအင်ပါယာ…ကျန်းထိုက်ချူး၏ ရုပ်အလောင်းကို မြှုပ်နှံပေးခဲ့ပါသည်။ သင်၏ ကျင့်ကြံခြင်း စွမ်းပကားသည် နှစ်၁၀၀၀၀တိုးမြင့်သွားပါသည်”
“သင်သည် သင့်၏စေ့စပ်ထားသောမိန်းမ… ကျန်းချူးရွယ်ကို မြှုပ်နှံပေးခဲ့ပါသည်။ သင်သည် အဆ ၁၀၀၀၀တိုးမြှင်ထားသည့် အင်မော်တယ် အဆီအနှစ်ကိုရရှိပါသည်။ ထိုကြောင့် သဟဇာတ အဆီအနှစ်အဖြစ်တိုးမြှင့်လိုက်ပါသည်။ သင်သည် ထိုအဆီအနှစ်ကို ထုတ်ယူပြီးသည့်အခါ အင်မော်တယ်အင်ပါယာတစ်ပါးဖြစ်လာပါမည်”……
ထိုစနစ်ကို ရရှိသည့်အတွက် လင်းဝူတသည် သမိုင်းတွင်သော ခရီးရှည်တစ်ခုကို လျောက်လှမ်းနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးကိုလွှမ်းမိုးနိုင်ခဲ့ပေသည်။