နတ်ဘုရားများ ရှင်သန် ကြီးထွားရာ ခေတ်ကို၊ ကမ္ဘာဦး ခေတ်လို့ ခေါ်ခဲ့ ကြတယ်၊ ကမ္ဘာဦးခေတ် ပျက်စီးသွားပြီး၊ ရှေးဦးခေတ် ရောက်လာတယ်။
တနည်းအားဖြင့် နတ်ဘုရား အကြွင်း အကျန် နတ်သွေးစက်တွေ၊ ရတနာတွေကြောင့် ရှေးဦးခေတ်ကို ရွှေခေတ်လို့ သတ်မှတ်လိုက် ကြတယ်။
ရွှေခေတ်ကို နတ်ဘုရား စစ်ပွဲက၊ ပြိုကွဲ စေပြီးတဲ့နောက်၊ အမှောင်ခေတ် ကြီးစိုး လာခဲ့ တယ်။ ကျင့်ကြံသူတေွ အတွက် ဝရုန်းသုံးကား နိုင်တဲ့ ခေတ်ပျက်ကြီးပါ။
သူတော်စင် မိသားစု ကြီးငယ်တွေ … မြင့်မြတ်မြေတွေ … တန်ခိုးကြီး ဂိုဏ်းဂဏတွေ ထွန်းကားပေမယ့် အဲဒီအမှောင်ခေတ်ကို အဆုံးမသတ် နိုင်ခဲ့ဘူး။
ဒါကြောင့် ဧကရာဇ်ကိုးပါး ထွက်ပေါ် လာချိန်မှာ၊ ခွန်လွန်ကို အခြေပြုပြီး၊ နတ်နဂါး ခေတ်ကို ထူထောင်လိုက်ကြတယ်။
နတ်နဂါး ခေတ်မှာ၊ ဧကရာဇ် ကိုးပါးက အသန်မာဆုံး ဖြစ်တာကြောင့် မြင့်မြတ်မြေတွေ အပေါ် နှိမ်နင်းပြီး သူတို့အာဏာကို တည်စေခဲ့တယ်။
ဓားဧကရာဇ်က ဓားဂိုဏ်းကို နှိမ်နှင်းပြီး မြင့်မြတ်မြေ အဖြစ်ကနေ ဖြုတ်ချပစ်တယ်။ ဓားဂိုဏ်းမှာ သက်တံဓား သူတော်စင် ဆိုတဲ့၊ ပါရမီရှင် ဓားသူတော်စင် တစ်ပါး ရှိတယ်။
အဲ့ဒီသက်တံဓား သူတော်စင်က ဓားဂိုဏ်းကို၊ မြင့်မြတ်မြေအဖြစ် ပြန်ပြီး ရယူဖို့ တပည့်တွေ လက်ခံခဲ့တယ်။
ဒီလိုအချိန်မှာ၊ နိမ့်ကျတဲ့ နယ်မြေက ဓားကျွန်တစ်ယောက်က ဓားတာအိုကို ရွေးပြီး၊ ကျင့်ကြံမှုလမ်းကို လျှောက်လှမ်းလာတယ်။
ထူးဆန်းတဲ့ နတ်သစ်သား ဓားတစ်လက်၊ ဓားသေတ္တာ တစ်လုံးနဲ့ ခရီးဖော် နဂါးသွေး မြင်း တစ်ကောင်ကို စီးနင်းပြီး ပယင်းနယ်မြေမှာ၊ ခပ်ကြမ်းကြမ်း ဖြတ်သန်း လာရတယ်။
သူ့ ချစ်သူက ဧကရာဇ် နန်းတော်ရဲ့ နဝမမြောက် သမီးတော် ဖြစ်နေပြီး သူ့ ဂိုဏ်းက ဓားဂိုဏ်း ဖြစ်နေတဲ့ အခါ ဆုံးဖြတ်ချက် တွေက သူ့ကိုပိုအထီးကျန်လာစေတယ်။
သူ့လက်ထဲက ပန်းသင်္ချိုင်း ဓားက တောင်ပိုင်း ဧကရာဇ်ကို၊ သူ့ချစ်သူက ပေးခဲ့တဲ့ လက်ဆောင် ဖြစ်ပြီး၊ ဓားသေတ္တာ ကလည်း၊ နတ်ဘုရားတွေ သတ်နိုင်တဲ့၊ အိုင်းရစ် ဓားသူတော်စင်ရဲ့ အမွေပဲ။
အဲဒီ ဓားသေတ္တာထဲမှာ ရေခဲဖီးနစ် စာကလေး တစ်ကောင်ကို ချိပ်ပိတ်ထားတဲ့ လျှို့ဝှက်နယ်မြေ တစ်ခုရှိတယ်။
သိုင်းဝိညာဉ်က ဓားတစ်လက် ဖြစ်ပြီး၊ အဲဒီဓားက ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲကြီး (၈) ကောင်နဲ့ ချိတ်ဆက်နေတယ်။
ဒီလို ထူးခြားတဲ့ အမွေတွေ၊ စွမ်းရည်တွေ၊ ဇွဲလုံးလတွေ၊ ဆုံးဖြတ်ချက် တွေနဲ့၊ အဆင့်နိမ့် ကမ္ဘာရဲ့၊ ဓားကျွန် တစ်ယောက်က၊ …
… နဝမမြောက် ကောင်းကင် လမ်းကို ဖြတ်ပြီး ခွန်လွန်ကို ခြေချမိတဲ့ အခါ နတ်နဂါး ခေတ်ရဲ့ အရှုပ်အထွေး ကြီးထဲ၊ ပါဝင် လာရ တော့တယ်။
နဝမမြောက် သမီးတော်ရဲ့ ဧကရာဇ် ဓားသုတ္တန်ကြောင့် သူတို့ နှစ်ဦး ပေါင်းသင်းခွင့် ရနိုင်မလား။
ဓားဂိုဏ်းရဲ့ ဆောင်ပုဒ်ကြောင့်၊ တပည့် တစ်ဦး ဖြစ်လာတဲ့ လင်းယွန်က နတ်နဂါး ဧကရီ အပေါ် အနိုင်ယူနိုင်မလား။
သိုင်းဝိညာဉ် ဖြစ်တဲ့ နတ်ဓားကရော ဘယ်အဆင့် ရတနာလဲ၊ တောင်ပိုင်း ဧကရာဇ်နဲ့ လင်းယွန်က ပတ်သတ်မှု ရှိနိုင်မလား၊ နဂါးပြာ ဘိုးဘေးလား၊ အိုင်းရစ် ဓားသူတော်စင်လား ဒါမှမဟုတ် အခြားတစ်ယောက်လား။
“ ငါ့နာမည် ပန်းသင်္ချိုင်း … ပန်းတွေနဲ့ လူတွေကို မြှပ်နှံပေးတယ်။ ”
***