အပိုင်း ၄၀•၂
” ကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီ ”
°°°
သန့်စင်ဖြူ၀င်းတဲ့ အလင်းတန်းက ဟို့ယွိဟောင်ရဲဘေးမှာ လှည့်ပတ်နေရင်း အရောင်းပြောင်းလဲလို့ သွားခဲ့ပါတယ်။ မူလဖြူစင်တောက်ပနေတဲ့ ၀ိညာဥ်စက်ကွင်းက ရွှေရောင်အဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလို့လာခဲ့ရင်း ရွှေရောင်ရဲ့တောက်ပမှုက ဟို့ယွိဟောင်မြင်ဖူသမျှ အရာအားလုံးထက်ကို ပိုကျော်လွန်သွားပါတော့တယ်။
အဖြူရောင်က ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပါ အ၀ါရောင်ကတော့ နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းဖြစ်ပြီ ခရမ်းရောင်ကတော့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းဖြစ်ပါတယ်။ အနက်ရောင်ကတော့ နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းဖြစ်ပြီ အနီရောင်ကတော့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းပါ။ ဒါ့အပြင် အားလုံးက ဒီလိုအဆုံးမဲ့အောင် တောက်ပနေတဲ့ရွှေရောင်အလင်းတန်းရဲ့အောက်မှာ ဦးညွတ်ရမှာအမှန်ပါပဲ။
ဒါက သော့်လော့တိုက်ရဲ့ ပြိုင်ဘက်ကင်းတဲ့ တစ်ဦးတည်သော နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းပါပဲ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ သူ့ရဲ့အရောင်စဥ်အမှန်ကို ထုတ်လွှတ်တာ ပထမဆုံးအကြိမ်ဖြစ်နေခဲ့ပါတယ်။ ကြောက်စရာကောင်းလွန်လှတဲ့ ရွှေရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့နှလုံးသားထဲက ထူးဆန်းတဲ့ ခံစားချက်တွေကို ပြောင်းလဲသွားစေခဲ့တယ်။ တစ်နေ့မှာကောင်းကင်ကြီးက သူ့ရဲ့ မျက်စိတစ်စုံရှိမနေရစေတော့ဘူး။ ဒါ့အပြင် နှလုံးသားထဲက အမှောင်ထုတွေကိုလဲ ဖယ်ရှားပြစ်နိုင်မယ်။ လောကကြီးမှာရှိသမျှ အရာအားလုံးသူ့ကို ဦးညွတ်လာစေချင်ပါတယ်။ နေမင်းနဲ့ လမင်းကို တစ်ဖက်ဆီမှာ ဖမ်းဆုပ်ထားနိုင်ပြီ ကောင်းကင်က ကြယ်တာရာတွေကို စိုက်ပျိုးခူးစွတ်နိုင်တဲ့သူလိုမျိုး ဖြစ်လာချင်တယ်။
ဒီတစ်ကြိမ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူဘယ်လောက်အင်အားကြီးလဲ ထုတ်ဖော်ပြသနေရုံတင်မက ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ ယုံကြည်မှုကို မြုပ်နှံပေးလိုက်ပါတယ်။ အဲ့ဒီယုံကြည်မှုကတော့ တစ်နေ့မှာတော့ တစ်လောကလုံးကို အုပ်ချုပ်နိုင်သူဖြစ်လာစေရမယ်ဆိုတဲ့အချက်ပါ။ ဟို့ယွိဟောင်အနေနဲ့ လက်စားချေလိုစိတ်အပြည့် ရှိဖူးတဲ့ပထမဆုံးအိပ်မက်လဲ ဖြစ်လာခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ စိတ်အခြေအနေ အပြောင်းအလဲကို ခံစားမိတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ စိတ်ကျေနပ်မိပါတယ်။ အမှန်ပါပဲ သူ့ရဲ့မူလခန္ဓာကိုယ်က နှစ်တစ်သန်း၀ိညာဥ်သားရဲကောင်ဖြစ်ပြီ သူက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စစ်မှန်တဲ့သခင်ဖြစ်လာမှာပါ။ အကယ်၍ သူသာ ဒီလိုမြင့်မားတဲ့ရည်မှန်းချက် ရှိမနေခဲ့ဘူးဆိုရင် ဖုံးတွေထဲမှာနစ်မြုပ်နေတဲ့ တန်ဖိုးကြီးပုလဲဖြစ်သွားမှာပါပဲ။
ရွှေရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့နဖူးဆီကနေ အပြင်ကို ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် ရွှေရောင်အလင်းလုံးတစ်ခုချင်းဆီတိုင်းက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ပိုပိုပြီး လစ်ဟာသွားစေခဲ့ပါတယ်။ ကိုးခုမြောက်ဘောလုံးသူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားပြီတဲ့နောက် သူ့ရဲ့စိတ်နဲ့ခန္ဓာတောင် လွှင့်ပါးသွားသလိုပါပဲ။
အစပိုင်းမှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အလင်းတန်း ဆယ့်လုံးအဖြစ်နဲ့ သူ့ရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ဒါက သူ့ရဲ့မူလစိတ်၀ိညာဥ်အရင်းအမြစ်တွေပါပဲ။ လက်ရှိအချိန်မှာကတော့ ကိုးလုံးသာ အပြင်ကိုထွက်ခွာသွားခဲ့ပါတယ်။ တစ်ခုကတော့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ စုပ်ယူပြီသား ဖြစ်သွားခဲ့ပါပြီ။ ဒါက ဟို့ယွိဟောင်နဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကြားမှာရှိနေတဲ့ တစ်ခုတည်သော ချိတ်ဆက်မှုပါပဲ။
ရွှေရောင်ဘောလုံး ကိုးလုံးက လေထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်လို့လာပါတယ်။ ဘောလုံးတွေရဲ့အလင်းတန်းက မြေပြင်ပေါ်ကို ကျရောက်လို့လာချိန်မှာတစ်ခုပေါ်တစ်ခု ထပ်သွားခဲ့ရတယ်။ ဘောလုံးခုနှစ်လုံး ထပ်သွားပြီချိန်မှာတော့ စုစုပေါင်း အလင်းလုံးက်ိုးလုံးရဲ့ တောက်ပမှုတွေက ပိုလို့ ပြင်းထန်လာပါတော့တယ်။ ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်အနေနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ဘယ်လောက်အထိ သန်မာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါပြီ။ ဒီလိုများပြားလွန်တဲ့ စိတ်၀ိညာဥ်စွမ်းအားက ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။
ရွှေရောင်အလင်းလုံးကိုးလုံးက တစ်ခုပြီတစ်ခုထပ်ပြီသွားချိန်မှာ ပုံသဏ္ဍာန်တစ်ခုအဖြစ်ကို ပြောင်းသွားပါတော့တယ်။ ရွှေရောင်တောက်ပနေတဲ့ လူတစ်ယောက်က ဟို့ယွိဟောင်နဲ့ တစ်ပုံစံထဲတူညီတဲ့ပုံစံနဲ့ ဖြစ်ပေါ်လို့လာခဲ့တယ်။ သူ့ရဲ့၀တ်ဆင်ထားတဲ့ အ၀တ်အစားတွေကတောင် အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်း၀တ်စုံနဲ့အတူတူပါပဲ။ ဟို့ယွိဟောင်အနေနဲ့လဲ ဒါကိုမြင်ချိန်မှာ ရယ်ရမလား ငိုရမလားတောင်မသိ ဖြစ်သွားခဲ့ရပါပြီ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ခန္ဓာကိုယ်က အသွင်သဏ္ဍာန်ပြောင်းသွားပြီတာနဲ့ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို အပြင်ဘက်ဆီ လွှင့်ထုတ်လိုက်ပါတော့တယ်။
” ရေခဲဧကရာဇ် မင်းငါ့ကိုအာရုံခံနိုင်တယ်ဆိုတာ ငါသိတယ်…ငါကောင်းကင်အိပ်မက်က လက်စားချေဖို့ရောက်လာပြီ မင်းငါ့ကို လာပြီထွက်တွေ့၀ံ့လား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပြောလိုက်တဲ့အချိန်မှာပဲ ကြောက်စရာစိတ်၀ိညာဥ်စွမ်းအားက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံလို့သွားခဲ့ပြီ။ သူ့ရဲ့ရေခဲအိမ်ထဲက ဖြစ်တည်မှုကို ကာကွယ်ပေးလိုက်ပါတော့တယ်။
ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ဟို့ယွိဟောင်တို့က တစ်သားထဲဖြစ်နေကြဆဲပါ။ ဒါကြောင့်သာ အပြင်ဘက်မှာဖြစ်နေတဲ့ ကိစ္စတွေအားလုံးကို သူရှင်းရှင်းလင်းလင်းသိနေခဲ့ရပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ မြင့်မားတဲ့ စိတ်၀ိညာဥ်စွမ်းအားက မီတာတစ်ထောင်ပတ်ပတ်လည်မှာ ရှိရှိသမျှ အရာအားလုံးကို အသေးစိတ်ကအစ အာရုံခံနိုင်စွမ်းရရှိစေပါတယ်။ ဒါပေမယ့် ပိုပြီးအံ့ဩစရာကောင်းတဲ့ အရာကတော့ ဒီတစ်ကြိမ်မှာ သူ့ရဲ့ထောက်လှမ်းမှုက မျက်လုံးထဲမှာ အစားထိုး၀င်ရောက်လာခဲ့လို့ပါ။ အပြင်ဘက်မှာရှိရှိသမျှ ကိစ္စတွေကို ပုံသဏ္ဍာန်တွေတင်မကပဲ မျက်လုံးနဲ့ တိုက်ရိုက်ကြည့်ရသလိုမျိုး မြင်တွေ့နေခဲ့ပါတယ်။
ပြောပြီတဲ့နောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ငြိမ်သက်လို့သွားပါတော့တယ်။ ဒါပေမယ့် ရွှေရောင်အလင်းတန်းကတော့ ဆက်တိုက်ဆိုသလို တောက်ပနေဆဲပါပဲ။ ဒါ့အပြင် ကြည်လင်တောက်ပတဲ့ လောကကြီးထဲမှာ သူ့ရဲ့တည်ရှိမှုက လုံး၀ကို ရှင်းလင်းလို့နေခဲ့တယ်။ ကောင်းကင်ကြီးက ပိုမိုမှောင်မိုက်လာခဲ့ရင်း လေထုထဲမှာ အနက်ရောင်တိမ်တိုက်တွေ ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ခန္ဓာကိုယ်ကနေ လွှင့်ထုတ်နေခဲ့တဲ့ ရွှေရောင်တောက်ပမှုကတော့ ဆက်လက်ပြီ တောက်ပနေဆဲပါပဲ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဘာကိုမှစိုးရိမ်ပုံမပေါ်ပဲ အေးအေးဆေးဆေးရပ်နေခဲ့ပါတယ်။ ပြင်းထန်တဲ့လေတွေက သူ့ကို ဆက်တိုက်ဆိုသလို တိုက်ခတ်နေခဲ့ပေမဲ့ သူက လုံး၀ကို မလှုပ်ရှားခဲ့ပါဘူး။
ဟို့ယွိဟောင်အနေနဲ့လဲ အားလုံးကို မြင်တွေ့နေခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမြင်အာရုံထဲမှာ များပြားလွန်လှတဲ့ ၀ိညာဥ်သားရဲကောင်တွေက နေရာအနှံ့ကို ကြောက်လန့်တကြားပြေးလွှားနေကြမှန်း မြင်တွေ့လိုက်ရပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ လက်ရှိအချိန်မှာ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ကို တိုက်ရိုက်တိုက်ခိုက်လို့ အနိုင်မယူနိုင်ဘူးဆိုတာ မရှိပါဘူး။ ဒါပေမယ့် သော့်လော့တိုက်မှာ ဘယ်သားရဲကောင်ကမှ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို မယှဥ်နိုင်တာအမှန်ပါ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အဓိက ပြဿနာက သူမွေးဖွားတဲ့ မျိုးရိုးမှာ ဖြစ်တည်နေခဲ့ပါတယ်။ နှစ်ပေါင်းတစ်သန်းကြာအောင် လေ့ကျင့်ခဲ့ပေမဲ့ သူက အဆင့်နှိမ့်တဲ့ ရေခဲပိုးကောင်ဖြစ်နေဆဲပါပဲ။ ဒီလိုနောက်ခံအင်အားမျိုးနဲ့ဆိုရင် ဆက်တိုက်အဆင့်ကျော်တိုးတက်ပြီးတာတောင် ရတနာကိုယ်ထည်ဖြစ်သွားပြီ သန်မာလာရုံကလွဲလို့ ဘယ်လိုအသုံးပြုရမှန်းမသိဖြစ်နေဆဲပါ။ ပြောရမယ်ဆိုရင် ၀ိညာဥ်ပညာရှင်တွေရဲ့ အခေါ်အဝေါ်အရ ကြောက်စရာကောင်းလွန်လှတဲ့ ၀ိညာဥ်စွမ်းအားကို ပိုင်ဆိုင်ထားပြီ အသုံးပြုရမဲ့ ၀ိညာဥ်စက်ကွင်းရော ၀ိညာဥ်စွမ်းရည်ပါမရှိသလိုပါပဲ။
သူနဲ့ သူ့ပြိုင်ဘက်တွေကြားမှာ ကျင့်ကြံမှုက ကွာခြားချက်အကြီးကြီးရှိနေခဲ့ပေမဲ့ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး အားလုံးကိုအနိုင်ယူနိုင်ပါတယ်။ ဒါပေမယ့် အင်အားအတော်ကို ကြီးမားတဲ့ပြိုင်ဘက်တစ်ယောက်နဲ့ ရင်ဆိုင်ရချိန်မှာ သူလုံး၀ကို ကံဆိုးပါတော့မယ်။ ဘယ်လောက်ပဲ စိတ်၀ိညာဥ်စွမ်းအားက အားကောင်းပါစေ စိတ်၀်ိညာဥ်တိုက်ခိုက်မှုမျိုးကို လုံး၀လုပ်ဆောင်ဖို့အတွက် သူ့မှာနည်းလမ်းမရှိပါဘူး။ ဒါ့အပြင် သူ့ရဲ့သတ်ဖြတ်နိုင်စွမ်းကလဲ အကန့်အသတ်ရှိပါတယ်။ ဟို့ယွိဟောင်ရဲ့နှစ်တစ်သန်း၀ိညာဥ်စက်ကွင်း ဖြစ်လာပြီတဲ့နောက် ဟို့ယွိဟောင်ရရှိထားတဲ့၀ိညာဥ်စွမ်းရည်လေးခုကို သူအတော်လေး မနာလိုဖြစ်ခဲ့မိတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့မျက်နှာနဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်သူဖြစ်တာကြောင့်သာ ဘယ်တော့မှမပြောခဲ့တာပါ။
အကယ်၍ သူသာ ဒီလောက်နှစ်ပေါင်းတစ်သန်းကြာအောင် လေ့ကျင့်ခဲ့ပြီ ၀ိညာဥ်စွမ်းရည်တစ်ခုပဲရှိခဲ့မယ်ဆိုရင်တောင် သော့်လော့တိုက်ရဲ့ဘယ်၀ိညာဥ်သားရဲကောင်မှသူ့ကို မခြိမ်းခြောက်၀ံ့မှာအမှန်ပါပဲ။
ဒီတစ်ကြိမ်မှာတော့ ရှိရှိသမျှ စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို လွှင့်ထုတ်ရင်း နေရာအနှံ့ကို ဖုံးလွှမ်းလို့ထားပါတော့တယ်။ သူရောက်ရှိနေတဲ့ မြောက်၀င်ရိုးစွန်းရဲ့ သုံးပုံတစ်ပုံက အဓိကနယ်မြေတွေပါ။ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကလဲ အဆုံးစွန်းအထိကို ရောက်ရှိနေခဲ့ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အပေါ်ယံမှာ လုံး၀ကို လွတ်လွတ်လပ်လပ်ပုံစံရှိပေမဲ့ သူ့ရဲ့လက်ရှိလှုပ်ရှားမှုကတော့ မရိုးရှင်းခဲ့ပါဘူး။ အကယ်၍ သူသာ ကိုယ်ရဲ့ကိုယ်ပိုင်အရှိန်အ၀ါကို အသုံးပြုလိုက်မယ်ဆိုရင် သူ့နဲ့မရင်းနှီးတဲ့ ၀ိညာဥ်သားရဲကောင်တွေအားလုံးက သူ့ကို တိုက်ခိုက်နိုင်စွမ်းမရှိသူလို့ လုံး၀ ထင်ကြမှာအမှန်ပါ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ကြောက်စရာစိတ်၀ိညာဥ်စွမ်းအားကို တုပပြီ မြောက်၀င်ရိုးစွန်းရဲ့ကြောက်စရာသက်ရှိတစ်ကောင်လိုမျိုး လှုပ်ရှားနေခဲ့ပါတယ်။ ဒီအရှိန်အ၀ါကို ရင်ဆိုင်ရချိန်မှာတခြား၀ိညာဥ်သားရဲကောင်တွေက ခုခံဖို့မတွေးပဲ ပြေးဖို့သာတွေးကြပါတော့တယ်။ ဒါက ဧကရာဇ်သုံးသုံးထဲက တစ်ပါးရဲ့အရှိန်အ၀ါဖြစ်သလို အနည်းဆုံးနှစ်ပေါင်းငါးသိန်းကျော်ကျင့်ကြံထားတဲ့သူပိုင်ဆိုင်တဲ့အစွမ်းအစဖြစ်နေခဲ့လို့ပါပဲ။
ဒါ့အပြင် သူ့က တမင်တကာ ဒီနေရာကို ကျုးကျော်လို့လာခဲ့ပြီ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုနဲ့ သူစောင့်နေတဲ့ သူ့ကို ဆက်တိုက်ဆိုသလို မျှားခေါ်နေခဲ့ပါတယ်။ ဒါကြောင့်သာ ဘေးမှာရှိနေခဲ့တဲ့ ၀ိညာဥ်သားရဲကောင်တွေအနေနဲ့ ကြောက်လန့်ပြီ ထွက်ပြေးခဲ့တာပါ။ သူတို့က ဟို့ယွိဟောင်ကိုလဲ သိပ်ပြီး ဂရုမစိုက်နိုင်တော့ပါဘူး။
တခြားတစ်ဖက်မှာတော့ အဆင့်နံပါတ်နှစ်ရှိနေခဲ့တဲ့ ရေခဲဧကရီက သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုအောက်မှာ ဆက်တိုက်ဆိုသလို ရှာဖွေခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့ကိုသိလာတာ နှစ်တွေအများကြီးကြာနေပြီဖြစ်တဲ့ ရေခဲဧကရီက တခြားသားရဲကောင်တွေလိုမျိုး အမှားလုပ်ပြီ ရှောင်ပြေးမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူ့ကိုယ်တိုင်အနေနဲ့လဲ ရေခဲဧကရီကို ရှင်းရှင်းလင်းလင်း နားလည်ပါတယ်။ ရေခဲဧကရီက နှစ်ပေါင်းသုံးသိန်းသက်တမ်းကနေ နောက်ထပ်ဆက်ပြီ တိုးတက်ဖို့အတွက် အခက်အခဲကြုံနေမှာကို သူသိနေခဲ့တယ်။ လက်ရှိအချိန်မှာ ရေခဲဧကရီအနေနဲ့ သက်တမ်းသုံးသိန်းကနေ လေးသိန်းကို ဖြတ်ကျော်မတိုးတက်လို့ကတော့ သေချာပေါက် သေမှာအမှန်ပါပဲ။
ဒါ့အပြင် နှစ်ပေါင်းသက်တမ်းလေးသိန်းကိုရောက်ဖို့အတွက်လဲ သိပ်ပြီမဝေးတော့ပါဘူး။ ရေခဲဧကရီအနေနဲ့ အဲ့ဒီသက်တမ်းကို ရပြီးသွားပြီဆိုရင် သူ့ရဲ့မူလစွမ်းအင်အရင်းအမြစ်ကလဲ နောက်ဆုံးမှာ ပေါက်ကွဲထွက်ပြီ ပျက်စီးလို့သွားပါလိမ့်မယ်။ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ပထမအဆင့်ရှိနေတဲ့ ဧကရီကသာ ကျန်ရစ်တော့မှာပါ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ရဲ့ကံတရားကို စမ်းသပ်နေတာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆင့်ရှိတဲ့ ရေခဲဧကရီကလဲ သူ့ရဲ့တည်ရှိမှုကို အခုအချိန်ထိ မသိသေးပါဘူး။ သူ့အနေနဲ့ မဟာကြယ်တာရာသစ်တောထဲမှာ ဖမ်းမိခဲ့တဲ့အဖြစ်ကို ပြန်တွေးရင်း ရယ်ရမလား ငိုရမလားတောင်မသိ ဖြစ်နေခဲ့တယ်။
လက်ရှိအချိန်မှာ အသက်ရှင်ရေးကိစ္စနဲ့ ဆွဲဆောင်ခံလိုက်ရတဲ့ရေခဲဧကရီက ရွေးချယ်စရာမရှိပဲ ထွက်လာခဲ့ရမှာကို သူသိနေခဲ့ပါတယ်။ သေချာပေါက် သူလာမှာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့လဲ အရှိန်အ၀ါတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်တဲ့အတွက် အပြုံးတစ်ခုက ဖြစ်ပေါ်လာတော့တယ်။
အချိန်တွေက တစ်စက္ကန့်ပြီ တစ်စက္ကန့်ကို ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ကြောက်လန့်နေပုံမပေါ်ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ ပုန်းအောင်ပြီ နာကျင်မှုကို ခုခံဖို့ခက်ခဲနေခဲ့ပေမဲ့ သူအသက်တောင် ရဲရဲမရှု၀ံ့ပဲ ဖြစ်နေခဲ့ပါတယ်။ ရေခဲဧကရီ ဘယ်လိုပေါ်လာမလဲဆိုတာကို သူမသေချာပဲဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူ့အတွက်တော့ရော ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အတွက်ပါ သေရေးရှင်းရေးနဲ့ဆိုင်တဲ့ စမ်းသပ်ချက်ကြီးတစ်ခုပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ရေခဲဧကရီကို သတ်ဖို့အတွက် ဘယ်လိုအစွမ်းအစကို အသုံးပြုရမလဲဆိုတာ သူမသိပါဘူး။ ဒါ့အပြင် ရေခဲဧကရီဆိုတာက သော့်လော့တွေတောင် ကြောက်ရွံ့ရတဲ့သူပါ။
ဟို့ယွိဟောင်ကတော့ သူ့ရဲ့ရေခဲအိမ်ထဲမှာသာ ဆက်ပြီးစောင့်နေခဲ့ပါတယ်။ နှလုံးခုန်သံတွေကလဲ ပိုပိုပြီးမြန်ဆန်လာခဲ့ပါပြီ။ စိုးရိမ်ပူပန်းပြီ ကြောက်လန့်နေခဲ့တာကြောင့် ခန္ဓာကိုယ်ကလဲ စိတ်လှုပ်ရှားမှုနဲ့ ပူနွေးလာပါတော့တယ်။ ဒီတစ်ကြိမ်မှာပဲ အပြင်လောကရဲ့ အပြောင်းအလဲတွေကို သူခံစားလိုက်မိပါပြီ။
အဲ့ဒီနောက် မှောင်မိုက်တဲ့ကောင်းကင်ကြီးက ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ရင်း ကျောက်စိမ်းရောင်အလင်းတန်းတစ်ခုက ပေါ်ထွက်လာပါတော့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ မှောင်မိုက်နေတဲ့ကောင်းကင်ကြီးက ကျောက်စိမ်းရောင်အလင်းတန်းတွေ ဖုံးလွှမ်းသွားတာကို ခံလိုက်ရပါပြီ။ ဒါ့အပြင် ကောင်းကင်ကြီးတစ်ခုလုံးကလဲ ကျောက်စိမ်းတုံးကြီးတစ်တုံးလိုအသွင်ကို ပြောင်းလဲသွားရုံတင်မက တိုက်ခိုက်လိုစိတ်အပြည့်နဲ့ အရှိန်အ၀ါတွေကလဲ လွှမ်းခြုံလို့သွားပါတော့တယ်။
ဒီကျောက်စိမ်းရောင်အလင်းတန်းက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရှိန်အ၀ါထုတ်လွှတ်ထားတဲ့ မီတာတစ်ထောင်အတွင်းကို ၀င်လာခဲ့ပါတယ်။ ဟို့ယွိဟောင် အနေနဲ့လဲ ဒီအရာကို အာရုံခံမိချိန်မှာတော့ လေအေးအေးတွေကို ရှုသွင်းလိုက်မိပါပြီ။ တကယ်ရောက်လာပြီပဲ။
” ကောင်းကင်အိပ်မက် မင်းအသက်ရှင်နေသေးတယ်ပေါ့ ငါတို့ရဲ့မြောက်၀င်ရိုးစွန်းက တကယ်အသက်ရှည်ဆုံး၀ိညာဥ်သားရဲကောင်ဖြစ်နေတာ ဘယ်အံ့ဩစရာရှိမလဲ ”
မာကျောတဲ့အသံတစ်သံက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်ထဲမှာရှိတဲ့ နှင်းတွေကအပေါ်ကို မြင့်တက်လို့လာခဲ့ပါပြီ။ သုံးမီတာလောက်အထိ အသံလှိုင်းတွေကလဲ လွှင့်ထုတ်လို့သွားပါတော့တယ်။ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ အသံလှိုင်းတွေ ဖြတ်သန်းသွားလာသလိုပါပဲ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ခန္ဓာကိုယ်ကတော့ အေးအေးဆေးဆေး ရှိနေဆဲပါ။ သူ့ခန္ဓာကိုယ်ကနေ စိတ်၀ိညာဥ်စွမ်းအားတွေကိုသာ ဆက်တိုက်ထုတ်လွှတ်နေခဲ့ပါသေးတယ်။
” ရေခဲဧကရီ မင်းမသေသေဘူးဆိုမှတော့ ငါလဲ ဆက်ပြီအသက်ရှင်ရမှာပေါ့ ငါအဲ့ဒီနှစ်က ပြောခဲ့တာကို မှတ်မိလား အကယ်၍ ငါသာ မသေဘူးဆိုရင် မင်းရဲ့လက်တွဲဖော်ဖြစ်လာဖို့ အချိန်ကို ငါစောင့်နေမှာပါ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ရုတ်တရက်နူးညံ့လို့သွားပါတော့တယ်။ အရမ်းကို စိတ်ထိခိုက်စရာကောင်းလွန်တာကြောင့် ဟို့ယွိဟောင်အနေနဲ့လဲ ကြက်သီးမွှေးညင်းတွေတောင် ထသွားခဲ့ရတယ်။
အပိုင်း ၄၀•၂ ပြီး၏။