Switch Mode

Chapter – 40.1

ကောင်းကင်အိပ်မက်နှင့် ရေခဲ ဧကရီ

အပိုင်း ၄၀•၁

” ကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီ ”
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စကားတွေကြောင့် ဟို့ယွိဟောင်လဲပါးစပ်အပြည့်တံတွေးတွေကို ပြန်မြိုချလိုက်ပါတော့တယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ရပ်လိုက်ပါတော့ အကယ်၍ ဧကရာဇ်သုံးပါးအကြောင်းကို ဆက်ပြီပြောနေဦးမယ်ဆိုရင် ကျွန်တော်တည်ဆောက်ထားတဲ့ ယုံကြည်ချက်မှန်သမျှကို ဖျက်ဆီးပြီသား ဖြစ်သွားလိမ့်မယ်…မြောက်၀င်ရိုးစွန်းမှာရှိတဲ့ ဧကရာဇ်သုံးပါးက ကျွန်တော်နဲ့ အဝေးကြီးပါပဲ ကျေးဇူးပြုပြီး နည်းနည်းလောက် ပိုလက်တွေ့ကျကျ ပြောရအောင် ကျွန်တော်ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းကို ဘယ်တော့လောက်ရမှာလဲ ဒါ့အပြင် ဒုတိယသိုင်းပညာ၀ိညာဥ်ကိုလဲ အသက်သွင်းရဦးမယ်မဟုတ်လား ”

” သူတို့က မင်းနဲ့ဝေးတယ်တဲ့လား ဘယ်လိုလုပ်ဝေးရမှာလဲ လုံး၀မဝေးဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ထူးထူးဆန်းဆန်းကြီး ပြောလာခဲ့ပါတယ်။

“ယွိဟောင် မင်းအနေနဲ့ ဒီစကားကို ကြားဖူးတယ်လား သတ္တိရှိတဲ့သူက အကြီးမားဆုံးရိတ်သိမ်းမှုကို ပြုလုပ်နိုင်လိမ့်မယ်…ဒီတစ်ကြိမ်မှာ ငါတို့ရဲ့ ပစ်မှတ်က အဆင့်နှစ်ရှိတဲ့ဧကရာဇ်ပဲ ”

°°°
” ဘာဖြစ်တယ် ”

ဟို့ယွိဟောင်အနေနဲ့ မိုးကြိုးပစ်ခံလိုက်ရသလိုမျိုးကို ထိတ်လန့်သွားရပါတော့တယ်။ နှုတ်ခမ်းတွေတောင်မှ တွန့်ကုန်ပါပြီ။ ဒါကြောင့် သူချက်ချင်းဆိုသလို ပြန်ပြောမိတော့တယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်တို့ ဒီကိုလာပြီ သူ့ကို အစာအလကားကျွေးသလို ဖြစ်မနေဘူးလား ”

” မင်းဘာစာအလကားကျွေးတယ်လို့ ပြောနေတာလဲ တကယ်ဘာမှမကောင်းတဲ့ကလေးပဲ သတ္တိကြောင်လိုက်တာ မင်းသူတို့ကို ဘာမှကြောက်နေစရာမလိုဘူး…အဲ့ဒီကောင်တွေက မြောက်၀င်ရိုးစွန်းရဲ့ဧကရာဇ်သုံးပါးပဲ မဟုတ်လား ”

ဟို့ယွိဟောင်က မကျေမနပ်နဲ့ ပြောလိုက်ပါတယ်။

” ဘာမှကြောက်စရာမရှိဘူးဟုတ်လား ဘာမှကြောက်စရာရှိမနေဘူးဆိုရင် အစ်ကိုကြီးဘာဖြစ်လို့ ထွက်ပြေးနေရတာလဲ “‘

” ဒါက ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ဒေါသထွက်လာပါတော့တယ်။

” အခုမတူတော့ဘူးလေ ငါက အရင်ကလိုလူမဟုတ်တော့ဘူး…မင်းကိုဒီနေရာခေါ်လာ၀ံ့ပြီဆိုမှတော့ အဲ့ဒီကောင်တွေနဲ့ ဖြေရှင်းဖို့နည်းလမ်း ငါ့မှာရှိတာပေါ့ ဒါ့အပြင် အကယ်၍ ငါသာ မင်းကိုအသတ်ခံရအောင်လုပ်မယ်ဆိုရင်ကော ငါအတွက် ဘာကောင်းတာရှိလာနိုင်လဲ မင်းသာ သေသွားရင်း ငါရောဆက်ပြီအသက်ရှင်ဦးမှာလား လက်ရှိအချိန် မင်းရဲ့အားနည်းတဲ့ခန္ဓာကိုယ်နဲ့ ငါခံစားခဲ့ရတဲ့ မတရားမျှတမှုတွေကို ဘယ်လိုလုပ်ပြီ လက်စားချေနိုင်မှာလဲ ”

တခဏတာစဥ်းစားပြီတဲ့နောက် ဟို့ယွိဟောင်လဲ ပြန်တည်ငြိမ်လို့သွားပါတော့တယ်။ ဒါကြောင့် သူဆက်ပြီ ပြောလိုက်တယ်။

” ဒီလိုဆိုမှတော့ ကောင်းပြီလေ ကျွန်တော်အစ်ကိုကြီးကို အသက်နဲ့ရင်းပြီ ယုံကြည်လိုက်မယ်..ကျွန်တော်ကို ရောင်းစားမယ်ဆိုရင်တောင် အစ်ကိုကြီးရမဲ့ ပိုက်ဆံတွေကို ထိုင်ရယ်နေကြတာပေါ့ ဒါဆိုမြန်မြန်သေရင်လဲ မြန်မြန်ပြန်ပြီး ၀င်စားလို့ရမယ်…ဘယ်ကိုသွားကြမလဲ ”

” အနောက်ဖက်ကိုပဲ ဆက်သွားလေ အဲ့ဒီကောင်က မြောက်၀င်ရိုးစွန်းရဲ့ အလယ်ဗဟိုမှာပဲ နေထိုင်တာ အခုအချိန်ကနေစပြီ ဖြည်းဖြည်းပဲသွားတော့ မြောက်၀င်ရိုးစွန်းရဲ့ နယ်စပ်ကိုရောက်တော့မယ်..အဲ့ဒီနေရာမှာအရမ်းကို အေးလွန်တယ်…ဒါပေမယ့် အသန်မာဆုံး၀ိညာဥ်သားရဲကောင်တွေရဲ့အိမ်ပဲ ငါ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကတောင် သူတည်ရှိတဲ့နေရာမှာ လှည့်စားခံရပြီးပြီ ဒါ့အပြင် သူတို့တွေက အရမ်းကို မြန်ဆန်းတဲ့၀ိညာဥ်သားရဲကောင်တွေ ငါတို့ပိုပြီး သတိထားမှရမယ်…မဟုတ်လို့ကတော့ တစ်ကောင်ကောင်နဲ့တွေ့တာနဲ့ တစ်ခါထဲအသက်ပျောက်ပြီပဲ ”

ဟို့ယွိဟောင်လဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ပြောတဲ့ကိစ္စကို နားလည်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် စိတ်ချရအောင်နေဖို့အတွက် ကြိုးစားနေခဲ့တယ်။ တစ်ရာရာခိုင်နှုန်းအောင်မြင်ဖို့ သေချာတာမဟုတ်သလို ကျရှုံးနိုင်ချေကလဲ ရှိပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အကြောင်း သိထားရသလောက်အရဆိုရင် အသက်နဲ့ရင်းပြီ လုပ်ရတဲ့ကိစ္စတွေအားလုံးက အောင်မြင်လို့ကတော့ သေချာပေါက် အကျိုးအမြတ်အများကြီး ရမှာပါ။ သူတို့အနေနဲ့ ကြောက်စရာကောင်းတဲ့ အနေအထားတစ်ခုကို ရောက်သွားနိုင်ချေလဲများနေခဲ့ပါတယ်။

ကိုယ့်ကိုကိုယ် ဆက်ပြီးဖုံးကွယ်ထားနိုင်ဖို့အတွက် ဟို့ယွိဟောင်လဲ ခြေထောက်အောက်ဖက်က သစ်တုံးတွေကို ဖယ်လိုက်ရပါပြီ။ အဲ့ဒီနောက် ဖြည်းဖြည်းချင်းဆိုသလို မီတာ၀က်လောက်မြင့်မားတဲ့ နှင်းတွေကြားမှာ တိုးသွားရပါတော့တယ်။ လက်ရှိအချိန်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အရေခွံသာမရှိရင်း ဆယ့်မိနစ်အတွင်းမှာ ရေခဲရုပ်ထုကြီး ဖြစ်သွားတော့မယ်မှန်းလဲ သူ့ကိုယ်သူသိနေခဲ့ပါတယ်။

ဒီလိုရူးချင်စရာကောင်းတဲ့ ဒေသမျိုးမှာ နှင်းလုံးကြီးတွေကတောင် အရှိန်ပြင်းပြင်းနဲ့ မာမာကျေကျောကျရောက်လို့နေခဲ့ပါတယ်။ ဒါ့အပြင် လေအရှိန်ကြောင့် နှင်းတွေက မြေပြင်ပေါ်မှာ ဆက်တိုက်ဆိုသလို စုပြုံလို့လာခဲ့ပါပြီ။ နှင်းအလွှာအထက်တွေက မှောင်မိုက်တဲ့၀ိညာဥ်စွမ်းအားကိုတောင် ခုခံနိုင်နေစွမ်းရှိနေခဲ့တယ်။ လေပိုပြီးပြင်းလာချိန်မှာပဲ ဟို့ယွိဟောင်အနေနဲ့ ရွေးချယ်စရာမရှိတော့ပဲ မြေပြင်ပေါ်ကနေ တွားသွားလာရပါတယ်။ အခုအချိန်မှာ အအေးဒဏ်ကို မကြောက်လန့်တော့ပါဘူး။ လက်ရှိအချိန်မှာ လေထုကိုတော့ ကြောင်လန့်နေခဲ့ရပါတယ်။

အရမ်းကို နှိမ့်ပါးလွန်လှတဲ့ အပူရှိန်ကြောင့် မိုးကောင်းကင်ပေါ်မှာ အလင်းတန်းတွေတစ်ချို့တစ်လေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီ လှုပ်ရမ်းနေတာကိုပါ မြင်လိုက်ရပါတယ်။ ဒါပေမယ့် ဒီနေရာကြီးရဲ့ တောက်ပတဲ့ ရောင်စဥ်တွေအပြည့်နဲ့ လှပနေခဲ့မှုက တခြားနေရာမှာ တွေ့နိုင်မဲ့အရာမဟုတ်ပါဘူး။

နှစ်ရက်တိတိ ရှေ့ဆက်သွားပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ အတော်ကို ပင်ပန်းနေခဲ့ပါပြီ။ ဒါက ခန္ဓာကိုယ်အင်အားလျော့ပါးသွားတာမဟုတ်ပါဘူး။ အစာမစားရ ရေမသောက်ရလို့ပါပဲ။

အအေးဒဏ်ကို သူမကြောက်လန့်ပေမဲ့ အစာမစားပဲနဲ့တော့ မနေနိုင်ပါဘူး။ သူစုဆောင်းလာတဲ့ရိက္ခာတွေ ဘယ်လောက်ပဲ များပါစေ အပြင်ကိုထုတ်လိုက်တာနဲ့ ချက်ချင်းဆိုသလို ရေခဲချောင်းတွေ ဖြစ်ကုန်ကြပါတော့တယ်။ အဲ့ဒီရေခဲချောင်းတွေကို ၀ါးစားရတာက အတော်ကို ခက်ခဲနေခဲ့ပါပြီ။ ဒါ့အပြင် သွားတွေတောင် ကျိုးမတတ်ဖြစ်နေခဲ့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ သူ့ကိုဒီနေရာမှာတဲထိုးခွင့်မပြုပါဘူး။ တခြား၀ိညာဥ်သားရဲကောင်တွေ ရောက်လာမှာကို စိုးရိမ်နေခဲ့တယ်။

ရေသောက်ဖို့တောင်မပြောနဲ့ လက်ရှိအချိန်မှာ သူရေသောက်ဖို့ဆိုတဲ့ ကိစ္စက မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ ရေကိုယူလာတာနဲ့ ရေကခဲပြီသားဖြစ်နေခဲ့ပါပြီ။ ဒီရေဗူးထဲကနေအပြင်ကို ရေကျလာနိုင်ဖို့ဆိုတာကလဲ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြေပြင်မှာရှိတဲ့နှင်းတွေကိုသာ ဆက်တိုက်ဆိုသလို စားသောက်နေခဲ့ရပါတယ်။ အဲ့ဒီနေရာမှာ နှင်းတွေစုပြုံနေတာဘယ်လောက်တောင် ကြာပြီနေမှန်း သူမသိခဲ့ပါဘူး။ ပါးစပ်အပြည့် နှင်းတွေကို မြိုချလိုက်ချိန်မှာ အအေးဒဏ်က နှလုံးသားထဲအထိရိုက်ခတ်သွားပါတော့တယ်။ သူ့ရဲ့အတွင်းကလီစာတွေက ခုခံနိုင်စွမ်းမရှိတာကြောင့် နှင်းတွေကိုမြိုချတိုင်းအချိန်အတော်ကြာတဲ့အထိကို တစ်ကိုယ်လုံးက တုန်ခါနေခဲ့ရတယ်။

ဒီလိုအခြေအနေမျိုးမှာတောင် တတ်နိုင်သလောက်အစာရေဆာကို လျော့ကျဖို့အတွက် လုပ်နေဆဲပါ။ ဒါပေမယ့် နှင်းတွေအများကြီးထဲမှာ ဆက်တိုက်ဆိုသလို ခန္ဓာကိုယ်အင်အားအသုံးပြုရင်း တိုးသွားနေခဲ့တာကြောင့် ဒီအရာက ပိုလို့ခက်ခဲနေခဲ့ပါတယ်။ အာဟာရပြတ်လပ်မှုနဲ့ ဆက်ပြီးတောင့်မခံထားနိုင်တဲ့အနေအထားမှာ ရောက်နေခဲ့ပါပြီ။

နှင်းတွေရဲ့အောက်ဖက်မှာထိုင်ရင်း အသက်ပြင်းပြင်းရှုသွင်းပြီ ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်ဒီအတိုင်းဆက်သွားလို့မရဘူး..ကျွန်တော် နောက်ထပ် တောင့်မခံထားနိုင်တော့တဲ့အနေအထားကို ရောက်နေပြီ လက်ရှိအချိန်မှာ အစ်ကိုကြီး ရှာနေတဲ့၀ိညာဥ်သားရဲကောင်ကို ရှာတွေ့တယ်ဆိုရင်တောင် သူ့ကိုသတ်ပြီ ၀ိညာဥ်စက်ကွင်းဖြည့်ရအောင်ပေါင်းစည်းဖို့ ဘယ်လိုလုပ် လုပ်နိုင်တော့မှာလဲ ကျွန်တော်အောင်မြင်သွားမယ်ဆိုရင်တောင် စွမ်းအားတွေအကုန်လုံးကုန်ပြီ ဒီနေရာကနေတောင် ထွက်နိုင်ဖို့လွယ်မှာမဟုတ်ဘူး ”

အဲ့ဒီနောက် သူခေါင်းငုံ့နေရင်း အင်္ကျီထဲကို ခေါင်းလျှို့သွင်းလိုက်ပါတယ်။

အင်္ကျီထဲမှာ ခန္ဓာကိုယ်အနွေးဓာတ်နဲ့ သိုလောင်ထားတဲ့ ရိက္ခာအခြောက်အခြမ်းတစ်ချို့ကို ကိုက်၀ါးလိုက်တယ်။ အစောပိုင်းတုန်းက ခန္ဓာကိုယ်ရဲ့အနွေးဓာတ်ကို အသုံးပြုပြီး ဒီရိက္ခာတွေကို အနည်းငယ်နူးညံ့လာစေမယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရေခွံကြောင့် ဒါမျိုးကို မလုပ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ရိက္ခာခြောက်တွေက အရင်လိုမာကျောနေဆဲပါပဲ။ နည်းနည်းလေး၀ါးရဖို့ကိုတောင် ခက်ခက်ခဲခဲ ရှိနေခဲ့ပါတယ်။ တခဏတာကြာတဲ့အထိ ပါးစပ်ထဲမှာ အရည်ပျော်အောင်စောင့်ပြီတဲ့နောက်မှသာ ဖြည်းဖြည်းချင်း၀ါးပြီ မြိုချရတော့တယ်။

” ကောင်းပြီ မင်းဆက်ပြီငြီးတွားမနေနဲ့တော့ ငါတို့တွေရောက်တော့မှာပါ…အခုအခွင့်အရေးကိုရှာရမယ် ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဆက်ပြီးပြောလာခဲ့ပါတယ်။

“ဒီမှာခဏလောက် နားလိုက်ဦး ပြီးရင် ငါ့ရဲ့ညွှန်ကြားချက်တွေကို နားထောင် ”

နောက်ထပ် ဆက်ပြီးလမ်းမလျှောက်ရတော့ဘူးဆိုတာကြားပြီတဲ့နောက်​ ဟို့ယွိဟောင်အနေနဲ့လဲ စိတ်ချမ်းသာသွားပါတော့တယ်။ သူက မြောက်၀င်ရိုးစွန်းရဲ့ အတွင်းနယ်မြေထဲအထိကို လုံး၀ရောက်နေခဲ့ပါပြီ။ ဒီနေရာမှာ အရမ်းကို အေးရုံတင်မက ၀ိညာဥ်သားရဲကောင်တွေကလဲ အချိန်နဲ့အမျှ ပြေးလွှားနေခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီ၀ိညာဥ်သားရဲကောင်တွေ ပိုင်ဆိုင်ထားတဲ့ စွမ်းအားက အဝေးကနေကြည့်နေတဲ့ ဟို့ယွိဟောင်ကိုတောင် ထိတ်လန့်စေပါတယ်။ သူတို့တွေက အစောပိုင်းမှာ သူ့ကို နင်းချေသွားတဲ့ ဧရာမရေခဲနတ်ဆိုးဘုရင်နဲ့ ယှဥ်လို့မရနိုင်ခဲ့ပေမဲ့ နှစ်တစ်သောင်းအထက်တွေကြီးပါပဲ။ ဒီလိုမျိုး မိုးနတ်မင်းရဲ့ကောင်းချီးပေးမှုကို ရရှိထားတဲ့နေရာမျိုးမှာ နှစ်တစ်ထောင်သားရဲကောင်တွေကိုတောင် ရှာဖို့တောင်မဖြစ်နိုင်ပါဘူး။ အားလုံးက နှစ်တစ်သောင်းအထက် ကြီးမားတဲ့သားရဲကောင်တွေကြီးပါပဲ။

ဆယ့်ငါးမိနစ်နားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ မူလနေရာက နှင်းတွေရဲ့အောက်ကို ရောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူထရပ်လိုက်တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အရမ်းကို လေးလေးနက်နက်နဲ့ ပြောလာခဲ့ပါပြီ။

” ယွိဟောင် မင်းကိုတခဏတာလောက် တွက်ချက်စေချင်တယ်…အကယ်၍ မင်းသာငါ့ရဲ့အရေပြားအကာအကွယ်မရှိဘူးဆိုရင် ဒီအခြေအနေမျိုးမှာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ထင်လဲ ”

ဟို့ယွိဟောင်က မျက်လုံးပြူးသွားခဲ့ပါတယ်။ တခဏတာ တွေးတောပြီတဲ့နောက် သူပြောလာခဲ့တယ်။

” အကယ်၍ ကျွန်တော်ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကို သုံးထားနိုင်မယ်ဆိုရင် အနည်းဆုံးငါးမိနစ်လောက်တော့ တောင့်ခံထားနိုင်တယ်…ဒါပေမယ့် ဆယ့်မိနစ်အထက်တော့ မကျော်နိုင်ဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့တယ်။

” ငါအဲ့ဒီကောင်ကို သွားပြီခေါ်လာခဲ့မယ် ..ဒီတော့ ငါ့ရဲ့အရှိန်အ၀ါကို ထုတ်လွှတ်ဖို့လိုမှာပဲ အဲ့ဒီလိုထုတ်လွှတ်ဖို့အတွက် ငါရဲ့အရေခွံကို သေချာပေါက်လိုအပ်တယ်…ဒါ့အပြင် အဲ့ဒီကောင်ထွက်လာမလား မထွက်လာဘူးဆိုတာနဲ့ မင်းရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းကိုရဖို့က မင်းအရေခွံပေါ်မှာ မူတည်နေတယ်…..ဒါကြောင့်သာ ငါအရေခွံယူပြီတဲ့နောက် မလှုပ်မရှားပဲနေဖို့ လိုအပ်နေတာပဲ အခုအချိန်အတွင်းမှာ မင်းအနေနဲ့ လုံး၀ကို ငြိမ်သက်နေဖို့လိုရုံတင်မကဘူး အဲ့ဒီအချိန်အတွင်းမှာ ငါသူ့ကို ထောင်ချောက်ဖမ်းဆီးဖို့လိုရုံတင်မကဘူး….ညှိလဲညှိနိုင်ရဦးမယ်….မင်းလုပ်ရမဲ့အလုပ်က လုံး၀ ငြိမ်ငြိမ်သက်သက်နေဖို့ပဲ မဟုတ်ရင်ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံးက အလဟာသဖြစ်သွားလိမ့်မယ် ”

ခါးသီးတဲ့မျက်နှာထားနဲ့ ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

” အစ်ကိုကြီးရေ စောစောစီးစီးပြောလိုက်ပါလား အကယ်၍ ပြောခဲ့လို့ရှိရင်း အအေးဒဏ်ခံနိုင်ရည်ရှိတဲ့အ၀တ်အစားတွေ အခုထက်ပိုပြီး ယူလာခဲ့မိမှာပေါ့ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ပြောလိုက်ပါတယ်။

” ဒိီလိုအအေးဒဏ်ကို အ၀တ်အစားတွေနဲ့ ကားဆီးလို့ရမယ်များ မင်းထင်နေတာလား မင်းက ကိုယ့်ကိုကိုယ် ဒီနေရာမှာ ငါးမိနစ်နေနိုင်မယ်လို့ ပြောရုံနဲ့တင် အထင်ကြီးလွန်ရာရောက်နေပြီ နှင်းတွေရဲ့အောက်မှာ ယာယီနေထိုင်ဖို့အတွက် အဆောက်အအုံလုပ်ရမယ်..ဒါ့အပြင် ငါ့ရဲ့ တခြားအရေခွံတွေကို ဒီနေရာမှာ ချန်ထားပေးမယ်…အထဲမှာလဲ ၀ိညာဥ်စွမ်းအားတွေ ရှိနေတယ်…မင်းအနေနဲ့ မီးထွန်းပြီ အဲ့ဒီကအပူရှိန်တွေကို စုပ်ယူလိုက် နောက်ဘာပဲဖြစ်လာပါစေ ငါမင်းကို အချက်မပြမချင် အလောတကြီးဘာမှလုပ်မလေနဲ့ ဒီတစ်ကြိမ်မှာ ငါတို့တွေ သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ မင်းအနေနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုပြီး အရာအားလုံးကို စူးစမ်းလေ့လာနေလို့ရတယ်…ဒါပေမယ့် လုံး၀အလောတကြီးမလှုပ်ရှားရဘူး…နားလည်လား ”

ဟို့ယွိဟောင်က ခပ်မြန်မြန် ခေါင်းညိတ်နေခဲ့ပါတယ်။

နှင်းတွေအောက်မှာ အိမ်တစ်အိမ်ဆောက်လုပ်တာက လွယ်ကူတဲ့အရာမဟုတ်ပါဘူး။မြေအောက်မှာရှိနေခဲ့တဲ့ ရေခဲတွေက သံမဏိတမျှ မာကျောလွန်းလှပါတယ်။ ၀ိညာဥ်စွမ်းအားကို ကျားဖြူဓားဆီထဲ ထည့်သွားပြီ ဆက်တိုက်ဆိုသလို ကြိုးစားပြီ ခုတ်ထွင်းရှင်းလင်းမှသာ တစ်ရက်တိတိကြာပြီချိန်မှာ သေးငယ်တဲ့ တဲအိမ်လေးတစ်လုံးကို ရရှိလို့သွားပါတော့တယ်။.ဒါ့အပြင် သူ့ခန္ဓာကိုယ်သေးသေးလေးကွေး၀င်လို့ရနိုင်တဲ့ အနေအထားမှာ ရှိနေခဲ့တယ်။ ဒါကိုလုပ်ပြီတဲ့နောက် ပင်ပန်းလွန်လို့ အသက်တောက်မရှုနိုင်ဖြစ်နေခဲ့ရပါပြီ။

” ငါအခုစတော့မယ်…ယွိဟောင် မင်းအနေနဲ့ ငါတို့ဒီတစ်ခေါက် အောင်မြင်ဖို့ကိစ္စသုံးခုကို လုပ်ရမယ် ”

” ပထမဆုံးအနေနဲ့ အအေးဒဏ်ကို အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ခံထားရမယ်။ အခုတစ်ခုကတော့ ကံတရားပဲ ငါတို့တွေ ငါခေါ်ယူမဲ့ ၀ိညာဥ်သားရဲကောင်ကို အနိုင်ရနိုင်မလား မရနိုင်ဘူးလားဆိုတာ ကံတရားအပေါ်မူတည်နေလိမ့်မယ်…နောက်ဆုံးတစ်ခုကတော့ မင်းရဲ့စိတ်ခွန်အားအပေါ် မှီခိုဖို့လိုမှာပဲ မင်းက ငါရွေးချယ်ထားတဲ့သူ ဒါကြောင့် အကယ်၍ ငါသာ မအောင်မြင်ဘူးဆိုရင် ငါတို့နှစ်ယောက်လုံးသေလိမ့်မယ်…အကယ်၍ အောင်မြင်သွားခဲ့ရင် မင်းအနေနဲ့ သော့်လော့တိုက်တစ်ခုလုံးမှာ နံပါတ်တစ်ပါရမီရှင်ဖြစ်လာလိမ့်မယ်…အခုတော့ အစွမ်းကုန်ကြိုးစားပေးရော ”

ဒီတစ်ကြိမ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ရူးသွပ်နေသလိုပဲ ဟို့ယွိဟောင်အနေနဲ့ ဘာများပြောနိုင်မှာလဲ ဒီနေရာအထိ ရောက်လာပြီးပြီဆိုမှတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ပြောတဲ့အတိုင်း အဆုံးအထိကို ဆက်သွားရမှာပါ။ ဒါ့အပြင် သူရွေးချယ်နိုင်တဲ့လမ်းလဲ မရှိတော့ပါဘူး။ သူ့စကားပြောနေဖို့လဲ အကျိုးအမြတ်မရှိတာကြောင့် ခေါင်းညိတ်လိုက်ပါတော့တယ်။ ဒါ့အပြင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အပြည့်အ၀ထောက်ခံမဲ့အကြောင်း သူပြသနေခဲ့တယ်။

၀ိညာဥ်စွမ်းအားရဲ့ လှည့်ပတ်မှုက သူ့စိတ်ထဲမှာပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့ မူးဝေမှုကို ခံစားလိုက်ရပါတော့တယ်။ ရေခဲအိမ်ရဲ့နံရံတွေကို အားပြုရင်းနဲ့သာ လှဲကျမသွားရအောင် ထိန်းထားလို့နိုင်ခဲ့တယ်။

လေထဲမှာတော့ သူ့ရဲ့တစ်ခုတည်သော ၀ိညာဥ်စက်ကွင်းက တိတ်တဆိတ်လွှင့်မျောလို့နေခဲ့ပါတယ်။ သန့်စင်ပြီအားကောင်းတဲ့ အဖြူရောင်၀ိညာဥ်စက်ကွင်းက ဖြည်းဖြည်းချင်းဆိုသလို လှည့်ပတ်လို့နေခဲ့ရင်း သူ့ခန္ဓာကိုယ်ပေါ်မှာ မြင့်တက်လို့လာခဲ့တယ်။

ဖြူဖျော့ဖျော့ရွှေရောင်အလင်းတန်းက သူ့မျက်လုံးထဲမှာ စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။ သူလဲ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှုလွှတ်သွားမိမှန်း သတိထားမိလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့အသိစိတ်က အပြင်ကို ခပ်မြန်မြန် ရောက်ရှိလို့သွားခဲ့တယ်။ ကောင်းကင်ကနေ မြေကမ္ဘာတစ်ခုလုံးကို စောင့်ကြည့်နေသလိုပါပဲ။ ပုံမှန်စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို အသုံးပြုချိန်ကနဲ့ လုံး၀ကို ကွာခြားလို့နေခဲ့ပါတယ်။

စိတ်၀ိညာဥ်ထောက်လှမ်းရေးရဲ့ ကျဟ်ပြန့်တဲ့နယ်မြေတွေထက်ကို ဒီလိုစောင့်ကြည့်မှုက စတုရန်ကီလိုမီတာပေါင်း သောင်းချီတဲ့အထိ ကျယ်ပြန့်လို့နေခဲ့တယ်။ ဒါပေမယ့် အလင်းတန်းက ရုတ်တရက်ဆိုသလို မှောင်မိုက်လို့သွားခဲ့ပါပြီ။ နေ့အချိန်ကနေ ညအချိန်ကိုဖြစ်သွားသလိုပါပဲ မမြင်ရတဲ့ဖိအားတစ်ခုက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်အပြင်ဘက်ဆီကို ကြောက်စရာကောင်းလွန်လှတဲ့ စိတ်၀ိညာဥ်စွမ်းအားနဲ့အတူတူ လွှင့်ထွက်လို့လာပါတော့တယ်။

သူလန့်စရာကောင်းလောက်အောက်ပဲ သူခံစားနေခဲ့ရတဲ့ ဖိအားက ကမ္ဘာလောကကြီးရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ မြင့်မြတ်ပုဂ္ဂိုလ်တစ်ယောက် ဆင်းသက်လာသလိုမျိုး ကြီးမားနေမှန်း နားလည်လို့သွားပါတော့တယ်။ ဒါ့အပြင် မြေပြင်နဲ့ နှင်းတွေအားလုံးက သူ့ကို ဦးခိုက်ခစားနေခဲ့ပုံပါပဲ။ အရာအားလုံးက သူ့လက်ခုပ်ထဲမှာ ရှိနေသလို အရမ်းကို အံ့ဩစရာကောင်းလွန်လှပါတယ်။ လက်တစ်ဖက်မောက်လိုက်လှန်လိုက်ရုံနဲ့တင် အားလုံးကို ဖျက်ဆီးပြီ ဘယ်အရာကိုမဆို ဆုံးဖြတ်ပေးနိုင်မဲ့အတိုင်း ရှိနေခဲ့တယ်။

မိုးခြိမ်းသံတွေက မှောင်မိုက်ကောင်းကင်ကြီးပေါ်မှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့လဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်တောက်ပသွားခဲ့တဲ့အတွက် လန့်သွားခဲ့ရပါတယ်။

အပိုင်း ၄၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset