Switch Mode

Chapter – 39.3

မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ် သုံးပါး

အပိုင်း ၃၉•၃

” မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါး ”
°°°
ဟို့ယွိဟောင်က နောက်တစ်ကြိမ် မြောက်ဘက်ကို ဦးတည်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခေါက်မှာ အအေးဓာတ်က သူ့ကို မခြိမ်းခြောက်နိုင်တော့ပါဘူး။ မြူခိုတွေကလဲ ချက်ချင်းဆိုသလို ခန္ဓာကိုယ်ပေါ်မှာ စုဝေးလာခဲ့တာကြောင့် သူ့ကို အရှိန်လျော့ကျသွားစေခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို မြောက်ဘက်ကို ခရီးဆက်နေခဲ့ရင်း သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှု အားသာချက်က ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ မရင်းနှီးတဲ့နေရာတွေကို ရောက်ချိန်မှာ စိတ်၀ိညာဥ်ထောက်လှမ်းရေးကိုအသုံးပြုပြီး အန္တရာယ်ရှိမရှိ စစ်ဆေးရုံပါ။

ဟို့ယွိဟောင်သွားလာနေရင်း ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ နိုးထနေခဲ့ပါတယ်။ ဒါကသူ့အတွက်တော့ ရှားပါးတဲ့ ကိစ္စပါပဲ။ ဒီလိုနိုးထနေတဲ့ကိစ္စကတော့ ဟို့ယွိဟောင်အနေနဲ့ ဦးတည်ရာပြောင်းမသွားစေဖို့အတွက် သေချာအောင် လုပ်ဆောင်နေခဲ့တာပါ။ မြောက်ဘက်ကို ဆက်သွားနေချိန်မှာ ဟို့ယွိဟောင်အနေနဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က စိတ်၀ိညာဥ်စွမ်းအားတွေကို ထုတ်သုံးနေမှန်း ခံစားမိခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ကြောက်စရာစွမ်းအားနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူကိုယ်တိုင်ကတော့ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ လွှင့်မျောနေတဲ့ ဆန်စိလေးတစ်စိလောက်သာရှိမှန် သတိထားမိပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ဘာကိုရှာဖွေနေမှန်း မသိသေးပါဘူး။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်ရက်က ကုန်ဆုံးသွားခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ မြောက်၀င်ရိုးစွန်းရဲ့ သီးခြားကန့်သတ်နယ်မြေထဲကို ရောက်ရှိလို့လာပါတော့တယ်။ လမ်းတစ်လျှောက်မှာ ၀ိညာဥ်သားရဲကောင်တစ်ချို့ကို တွေ့ခဲ့ပေမဲ့ ကောင်းကင်အိက်မက်ရေခဲပိုးကောင်ရဲ့ ညွှန်ကြားချက်ကြောင့် သူ့အနေနဲ့ တကယ်ပြဿနာတက်စေလောက်မဲ့ သတ္တ၀ါတွေကို မတွေ့သေးမှန်း နားလည်လိုက်ရပါတယ်။

ဆက်တိုက်ဆိုသလို ဆက်သွားနေရင်း နှင်းတွေကတော့ ပိုမို ထူးထပ်လာခဲ့ပါပြီ။ နှင်းတွေက သူ့ရဲ့ဒူးခေါင်းအထက်ကို ရောက်လာချိန်မှာ ဟို့ယွိဟောင်အနေနဲ့လဲ သစ်ပင်တစ်ပင်ကို ခုတ်ထွင်းပြီ သစ်တုံးနှစ်တုံးကို ခြေထောက်အောက်ခြေမှာ ချည်နှောင်ရင်းနဲ့ ခရီးဆက်ရပါတော့တယ်။ ဒါတွေက သိပ်ပြီအကူအညီမရပေးမဲ့ အနည်းဆုံးတော့ ခြေထောက်ရဲ့ဖိအားကို လျော့ကျလို့သွားစေခဲ့တယ်။ တောင်စောင်းကိုရောက်တဲ့အချိန်တိုင်းမှာ သူဒရွတ်တိုက်ပြီ လျှောဆင်းရပါတယ်။ အဆုံးသတ်မှာတော့ နှင်းတွေကြားမှာ ခရီးသွားဖို့အတွက် အဆင်ပြေတဲ့နည်းလမ်းတစ်ချို့ကို သူရှာတွေ့သွားခဲ့ပါပြီ။

နှစ်ရက်ကြာပြီတဲ့နောက် အရှိန်အနည်းငယ် လျော့ကြသွားခဲ့ပေမဲ့ မိုင်လေးရာနီးပါးကို ဖြတ်ကျော်လာနိုင်ခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ နေရာပြောင်းဖို့အတွက် ပြောတဲ့ညွှန်ကြားချက်တွေကလဲ ပိုလို့များပြားလာခဲ့တယ်။ ရုတ်တရက်ဆိုသလို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စိုးရိမ်တကြီးအသံက ထွက်ပေါ်လာခဲ့ပါပြီ။

” မင်းခန္ဓာကိုယ်တွေကို နှင်းတွေနဲ့မြုပ်ချပြီ ခဏလှဲနေလိုက် အဲ့ဒီလိုလုပ်ပြီတာနဲ့ တစ်လက်မလေးမှမရွေ့လျားစေနဲ့ ဘာပဲဖြစ်လာပါစေ တစ်စုံတစ်ရာက မင်းကိုလာပြီ တက်နင်းတယ်ဆိုရင်တောင် လုံး၀မလှုပ်မိစေနဲ့ ”

ဟို့ယွိဟောင်အနေနဲ့လဲ ဒါကိုကြားချိန်မှာ ထိတ်လန့်လို့သွားပါတော့တယ်။ ဒါကြောင့် မြန်နိုင်သလောက် မြန်အောင်လို့ နှင်းတွေထဲကို တိုး၀င်လိုက်ပါပြီ။ ဒါ့အပြင် အသက်တောင်အောင့်ထားပါတော့တယ်။

အသက်ရှုချိန် ဆယ့်ကြိမ်ကြာပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းပြင်းထန်ထန် တုန်ခါလာပါတော့တယ်။ နှင်းတွေအောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး နစ်မြုပ်ထားတာတောင် ပတ်၀န်းကျင်အခြေအနေကို သိသာနေဆဲပါ။ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးချနေရင်း အပြင်လောကရဲ့ အခြေအနေတွေကို အတိုင်းအတာတစ်ခုအထိ သူသိနိုင်ခဲ့ပါတယ်။

အရမ်းကို ကြောက်စရာကောင်းလွန်လှတဲ့အရှိန်အ၀ါ တစ်ခုကိုခံစားလိုက်မိတာကြောင့် သူ့တစ်ကိုယ်လုံးပြင်းပြင်းထန်ထန် တုန်ရီလာပါတော့တယ်။

ဒါပေမယ့် အဲ့ဒီအငွေ့အသက်ပေါ်ထွက်လာတာနဲ့ အပြင်မှာကျန်ရှိနေတဲ့ စိတ်၀ိညာဥ်စွမ်းအားအငွေ့အသက်တွေအားလုံးကလဲ ချက်ချင်းဆိုသလို ပျက်စီးပြိုကွဲလို့ သွားပါတော့တယ်။ ဒါ့အပြင် ရောက်ရှိလာတဲ့သူက ဘယ်လိုပုံစံမျိုးရှိနေလဲဆိုတာကိုတောင် သူမသိတော့ပါဘူး။

ဟို့ယွိဟောင် ပြောနိုင်သလောက်အရတော့ ဒီဖြတ်သွားဖြတ်လာသူက အရမ်းကို ပုံမှန်မဟုတ်လောက်အောင် ကြီးမားပြီ တုန်ခါမှုတွေကို အထွဠ်အထိပ်ရောက်စေတဲ့သူဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အသက်ရှုသွင်းရှုထုတ်လုပ်နေတဲ့လေတစ်ချက်ထဲနဲ့တင် သူ့ကို ဖယ်ရှားပြစ်နိုင်မှာပါ။ ဒါကိုခံစားမိပြီတဲ့နောက် ကျောရိုးတစ်ခုလုံး ပြင်းထန်တဲ့နာကျင်မှုကို ခံစားလိုက်ရပါတယ်။ ဒါ့အပြင် သူ့လဲ မြေကြီးထဲကို နစ်၀င်လို့သွားခဲ့ပါပြီ။

အစပိုင်းတုန်းက အသက်အောင့်ထားခဲ့ပေမဲ့ ဒီပြင်းထန်တဲ့ဖိအား သူ့ကိုဖိချလိုက်ချိန်မှာတော့ သူရှုသွင်းထားတဲ့ အောက်ဆီဂျင်တွေက ပျောက်ကွယ်လို့သွားပါတော့တယ်။ တစ်ကိုယ်လုံးကလဲ နှင်းထဲကိုနစ်၀င်သွားရုံတင်မက မြေကြီးထဲကိုပါ ရောက်ရှိသွားခဲ့ပါပြီ။

ဟို့ယွိဟောင်အနေနဲ့လဲ ဒီဖိအားပေါ်ထွက်လာတာနဲ့ ခန္ဓာကိုယ်ပေါ်မှာ မာကျောတဲ့အခွံတစ်ခုက ကာကွယ်ခံလိုက်ရသလို ခံစားလိုက်ရပါတယ်။ နယ်မြေထဲကို နှိမ့်၀င်သွားတဲ့အထိ ဖိချခံလိုက်ရပေမဲ့ အသက်ရှုကြပ်တာကလွဲပြီ ဒဏ်ရာမရခဲ့ပါဘူး။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အစောပိုင်းအမိန့်ကြောင့် သူ့အနေနဲ့ အသံတစ်ချက်လေးမှ မထွက်၀ံ့ပဲရှိနေခဲ့ပါတယ်။ ဒီဖိအားနဲ့ သူရလိုက်တဲ့အမိန့်အရ တစ်စက်လေးတောင် မလှုပ်ရှား၀ံ့ပါဘူး။ အဲ့ဒီအစား နာကျင်မှုကို တောင့်ခံနေရင်းနဲ့သာ အသက်ရှုကြပ်တဲ့အတိုင်း ထားထားခဲ့ပါတယ်။

ကြီးမားတဲ့ဖိအားက ရုတ်တရက်​ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူ့နဲ့ အဝေးကို ဆက်ပြီလျှောက်သွားပါတော့တယ်။ သူအသက်ရှုကြပ်လွန်တာကြောင့် ရင်ဘတ်တစ်ခုလုံးပူလောင်လာတာကို ခံစားမိလိုက်ပါတယ်။

ဒါပေမယ့် ကောင်းကင်အိက်မက်ရေခဲပိုးကောင် ဘာမှမပြောမချင်သူမလှုပ်ရှား၀ံ့ပါဘူး။ အကယ်၍ သူသာ ဒီအတိုင်းဆက်ပြီ မတောင့်ခံထားဘူးဆိုရင် သူ့ကို အသက်ရှုလိုက်ရုံနဲ့ သေစေနိုင်တဲ့ကပ်ဆိုးကို ကြုံတွေ့နေရမယ်လို့ ခံစားနေခဲ့မိလို့ပါ။

နောက်ဆယ့်စက္ကန့်ကျော်ကြာချိန်မှာ ကြောက်စရာအရှိန်အ၀ါကြီးက ပျောက်ကွယ်လို့သွားပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ သူပြန်ထရပ်နိုင်ပြီဆိုတဲ့ အကြောင်း ပြောလာခဲ့တယ်။

ခက်ခက်ခဲခဲ ထလာပြီးတဲ့နောက် ဟို့ယွိဟောင်လဲ လေကိုအ၀ရှုသွင်းရပါတော့တယ်။ အအေးဒဏ်ကို မကြောက်တော့ပေမဲ့ လေးအေးအေးတွေကို ရှုသွင်းရတာကတော့ သူ့ကို တုန်ရီလို့သွားစေခဲ့တယ်။ အခုလက်ရှိအချိန်မှာတော့ တစ်ကိုယ်လုံးက အတော်ကို တုန်ခါလှုပ်ရှားနေခဲ့ပါပြီ။

ဒါပေမယ့် ဘယ်လိုအရာက ဒီလောက်အထိနင်းချေသွားခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ငရဲတံခါးရဲ့ မုခ်၀ကနေ လွှတ်လာသလိုပါပဲ။ ဒါ့အပြင် ရုတ်တရက်သူခံစားလိုက်ရတဲ့ အကာအကွယ်ကတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရေးခွံကြောင့်ပါ။ ဒါကြောင့်သာ မဟုတ်ရင် သေချာပေါက် နင်းချေခံရပြီ သေနေလောက်ပါပြီ။

အသက်ပြင်းပြင်းရှုသွင်းရှုထုတ်ရင်းနဲ့ သူ့ခန္ဓာကိုယ်အခြေအနေကို ပြန်လည်ကောင်းမွန်အောင်ကြိုးစားလို့နေခဲ့ပါတယ်။ သူထရပ်လိုက်ချိန်မှာပဲ ထိတ်လန့်မှုက မျက်နှာပေါ်မှာ ပေါ်လာတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဘေးပတ်လည်မှာကြီးမားတဲ့ခြေရာကြီးတွေကို မြင်လိုက်ရလို့ပါ။ သူကတော့ ဒီခြေရာကြီးရဲ့အလယ်မှာရှိနေခဲ့ပါတယ်။

ခြေရာတစ်ခုချင်းဆီတိုင်းက ငါးမီတာရှည်လျားပြီ နှစ်မီတာ ကျယ်ပြန့်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဟို့ယွိဟောင်ရဲ့အရပ်က ဒီခြေရာရဲ့သုံးပုံတစ်ပုံတောင်ရှိမနေခဲ့ပါဘူး။ ကြီးမားတဲ့ခြေရာကြီးက အဝေးတစ်နေရာကို ဦးတည်သွားမှန်း သူမြင်နေခဲ့ရပါတယ်။

ဟို့ယွိဟောင်က ကလေးတစ်ယောက်ဖြစ်နေဆဲပါ။ ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ရချိန်မှာ သူဘယ်လိုလုပ်မကြောက်ပဲ နေနိုင်မှာလဲ။

” အစ်ကိုကြီးကောင်းကင်အိပ်မက် အဲ့ဒါကဘာကြီးလဲ ဘာဖြစ်လို့ ခြေရာတွေအဲ့ဒီလောက်ကြီးနေတာလဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ရုတ်တရက် ထွက်ပေါ်လာပါတော့တယ်။

” ငါတို့တွေ ဒီကောင်ကို ငါတို့ရဲ့ နေရာသိအောင် လုပ်မိတော့မလို့ အဲ့ဒီကောင်စုတ်က စိတ်၀ိညာဥ်အမျိုးအစား တိုက်ခိုက်ရေးသမားပဲ ဒါကြောင့် ငါ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို သူတားဆီးလိုက်နိုင်ပြီ ကံကောင်းစွာနဲ့ပဲ ငါရဲ့စိတ်၀ိညာဥ်စွမ်းအားအရည်အသွေးက သူ့ထက်အများကြီးပိုပြီး သာနေလို့ ဒါကြောင့်သာ ငါတို့နဲ့ အဝေးနေရာမှာရှိနေပြီ သူသတိမထားမိလိုက်တာ မင်းတကယ်ကို ကံကောင်းတာပဲကလေးမြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါးထဲက တစ်ပါးဖြစ်တဲ့ ဧရာမနှင်းနတ်ဆိုးဘုရင်နဲ့ တွေ့ကြုံလိုက်ရတယ်…ငါတို့တွေ ဒီကောင်လက်ကနေ လွှတ်သွားလို့တော်သေးတယ်…အကယ်၍ မလွှတ်ဘူးဆိုရင် သေတာကလွဲပြီ ကျန်တာဘာမှမရှိနိုင်ဘူး ..ငါ့အစွမ်းအထက်ဆုံးအချိန်မှာ ရှိနေတယ်ဆိုရင်တောင် သေသွားလောက်ပြီ မင်းဆိုရင် စကားထဲထည့်ပြောဖို့တောင် လိုတော့မှာမဟုတ်ဘူး ”

” ဧရာမနှင်းနတ်ဆိုးဘုရင် အဲ့ဒါက ဘာအမျိုးအစားလဲ ၀ိညာဥ်သားရဲကောင်လား ”

နှလုံးသားထဲက ထိတ်လန့်မှုတွေ ပျောက်ကွယ်သွားပြီတဲ့နောက် လူငယ်လေးတစ်ယောက်ရဲ့ သိလိုစိတ်က သူ့နှလုံးသားကို ပြန်လည်အနိုင်ရသွားခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့တယ်။

” မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါးဆိုတာက ကြယ်တာရာသစ်တောရဲ့ဘုရင်တွေနဲ့အတူတူပဲ သူတို့တွေက မြောက်၀င်ရိုးစွန်းကို အဓိက အုပ်ချုပ်တဲ့သူတွေ လုံး၀ကို ထိပ်သီးပညာရှင်တွေပဲ ဒါ့အပြင် ဒီလိုအေးစက်တဲ့ ပတ်၀န်းကျင်မျိုးမှာ တုနှိုင်းမဲ့ပြီ ပြိုင်ဘက်ကင်းတယ်…ဒါ့အပြင် စွမ်းအားအရ မဟာကြယ်တာရာသစ်တောက ကောင်တွေတောင် ငါတို့မြောက်၀င်ရိုးစွန်းရဲ့ ၀ိညာဥ်သားရဲကောင်တွေကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ ငါတို့ရဲ့မြောက်၀င်ရိုးစွန်းကြီးက အရမ်းကျယ်ပြန့်လွန်းလို့ ၀ိညာဥ်သားရဲကောင်တွေအားလုံးကို ပေါင်းစည်းဖို့ ခက်တာလေးတစ်ခုပဲ ”

” မြောက်၀င်ရိုးစွန်းက နှစ်ပေါင်းသိန်းနဲ့ချီတဲ့၀ိညာဥ်သားရဲကောင်တွေအများကြီးရှိတယ်…ဒါ့အပြင် မဟာကြယ်တာရာသစ်တောထက်လဲ အရေအတွက်က ပိုသာနေတယ်…နောက်ဆုံးမှာတော့ ဒီမှာပတ်၀န်းကျင်က အရမ်းကို ကြမ်းတမ်းတယ်မလား လူတွေကလဲ ဒီနေရာကို မ၀င်လာ၀ံ့ဘူးလေ..ဒါ့အပြင် ဧကရာဇ်သုံးပါးကလဲ တူညီတဲ့အမျိုးအစားတွေကို ပိုင်ဆိုင်ထားတယ်…သူတို့ရဲ့ ကျင့်ကြံဆင့်တွေကလဲ နှစ်ပေါင်းသိန်းနဲ့ချီနေခဲ့ပြီ ”

ယွိဟောင် မျက်လုံးပြူးသွားခဲ့ပါတယ်။ သူက အသိဉာဏ်နုံနည်းတဲ့ ကလေးတစ်ယောက်မဟုတ်တော့ပါဘူး။ ကျောင်းတော်မှာ တစ်နှစ်နီးပါး သင်ယူခဲ့ပြီတဲ့နောက် ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်သားရဲကောင်တွေအပေါ် နားလည်မှုက အများကြီးပြောင်းလဲလို့လာခဲ့ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် အကယ်၍ ကျွန်တော်သာ အမှတ်မမှားဘူးဆိုရင် ၀ိညာဥ်သားရဲကောင်တွေက နှစ်တစ်သိန်းအထိ ကျင့်ကြံပြီတဲ့နောက် ဆက်ပြီးတိုးတက်ဖို့အတွက် အခွင့်အရေးမရှိနိုင်တော့ဘူးမလား…သူတို့သာ အဲ့ဒီအဆင့်အတန်းကို ရောက်သွားခဲ့ရင်း သူတို့ရဲ့အသက်စွမ်းအားကလဲ ဖယ်ရှားခံလိုက်ရမယ်…အစ်ကိုကြီးအခြေအနေနဲ့က တကယ်ကို ရှားပါးတဲ့ကိစ္စပဲ ဒါကြောင့်သာ ကျောင်းတော်ရဲ့ညွှန်ကြားမှုးသုတောင်မှ အစ်ကိုကြီးလို ဖြစ်တည်မှုမျိုးကို မမြင်ဖူးရတာလေ..ဒါပေမယ့် နှစ်တစ်သိန်းသားရဲကောင်တွေအားလုံးက အစ်ကိုကြီးလိုမျိုး ကောင်းကင်ဘုံရဲ့ အကောင်းဆုံးရတနာတွေကို စားသောက်ထားရတာမှမဟုတ်ပဲ…ဒီဧကရာဇ်သုံးပါးက ဘာကြောင့်များ အဲ့ဒီလောက်အသက်ရှည်နေရတာလဲ အစ်ကိုကြီးရောပါလား ”

” သူ့ကငါ့လိုကောင်မျိုးကို ဘယ်ထည့်တွက်မလဲ အကယ်၍ ငါသာ ဒီနယ်မြေရဲ့ဧကရာဇ်သုံးပါးထဲက တစ်ပါးဖြစ်နေခဲ့ပြီဆိုရင် ဘာကြောင့် ထွက်ပြေးဖို့လိုမှာလဲ ငါဒီလိုထွက်ပြေးရတာကလဲ ဧကရာဇ်သုံးပါးထဲက တစ်ပါးရဲ့ ပြဿနာရှာမှုကြောင့်ပဲလေ ဒါ့အပြင် မိုးအောက်မြေပြင်နယ်မြေတွေက ကျယ်ပြန့်ပါတယ်…သူမတူအောင်ထူးခြားတဲ့နည်းလမ်းတွေကလဲ ပြည့်နှက်နေတာပဲ ငါတစ်ယောက်ထဲကသာ ဒီလိုကံကောင်းတဲ့ကိစ္စနဲ့ ကြုံတွေ့လာရတာမဟုတ်ဘူး…တခြားသူတွေလဲ ဒီလိုကံကောင်းတဲ့ကိစ္စကိုကြုံတွေ့နိုင်တယ်မဟုတ်လား အမှန်တကယ်ပဲ ဧကရာဇ်သုံးပါးက ငါနဲ့ လုံး၀ကို ကွာခြားပါတယ်…ငါတို့ရေခဲပိုးကောင်တွေက ဒီမြောက်၀င်ရိုးစွန်းမှာဆိုရင် အဆင့်နှိမ့်တဲ့ ၀ိညာဥ်သားရဲကောင်တွေပဲ ဒါ့အပြင် ငါတို့အချိန်အများစုကို အေးအေးဆေးဆေးပဲ ဖြတ်သန်းကြတာကြောင့် အစာအဖြစ်ပဲ သတ်မှတ်ခံရတယ်…တခြားတစ်ဖက်မှာတော့ ဧကရာဇ်သုံးပါးက မြင့်မြတ်ပြီ ခမ်းနားတဲ့အရှိန်အ၀ါနဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်…ဒါ့အပြင် ရေခဲနတ်ဘုရားရဲ့ သွေးတွေက သူ့တို့ခန္ဓာကိုယ်ထဲမှာ ဖြတ်သန်းစီးဆင်းနေတယ်လေ…အရင်ဆုံးပြောရမယ်ဆိုရင် ဒီနေရာကြီးမှာ သူတို့က အသန်မာဆုံးမျိုးဆက်တွေမျိုးနွယ်ကြီးတွေပဲ သူတို့ရဲ့အစွမ်းအစကလဲ ငါ့လိုကောင်းကင်ရတနာကို စားသုံးထားတဲ့သူထက် လုံး၀အားမနည်းဘူး..သူတို့သိထားတဲ့ လျှို့၀ှက်ချက်တွေနဲ့ဆိုရင် အဆင့်ကျော်တိုးတက်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူးလေ ”

” ဒါပေမယ့် ငါအခုမှတွေးမိတယ်….လေ့ကျင့်မှုတစ်ခုထဲကိုပဲအားကိုးပြီ နှစ်တစ်သိန်းသက်တမ်းကို ဖြတ်ကျော်ဖို့က ခက်ခဲခဲ့တဲ့အရာပဲ ငါအသက်ရှင်ခဲ့တဲ့ နှစ်သန်းချီတဲ့အထဲမှာ ဒီလိုအောင်မြင်မှုကို ရယူနိုင်တဲ့၀ိညာဥ်သားရဲကောင်က ဆယ့်ကောင်ထက်မပိုပါဘူး ..ဒါ့အပြင် အဲ့ဒီဆယ့်ကောင်ထဲမှာ သုံးကောင်ကပဲ အသက်ရှင်လျက်ရှိနေတယ်…တခြားသူတွေကလဲ ပိုမို မြင့်မားတဲ့နယ်ပယ်ကို ထိုးဖောက်ဖို့ကြိုးစားရင်းနဲ့ကနေ သေကုန်ကြပြီ ၀ိညာဥ်သားရဲကောင်တွေ ကြုံရတဲ့နှစ်တစ်သိန်းကပ်ဆိုးက အရမ်းကို ကြောက်စရာကောင်းလွန်တဲ့ စမ်းသပ်ချက်ပဲ ”

” အစောပိုင်းတုန်းက မင်းရှေ့မှာဖြတ်သွားတဲ့သူက ဧရာမရေခဲဘီလူးမျိုးနွယ်ရဲ့ မျိုးဆက်ပဲ ဒါ့အပြင် သူ့ကို ရေခဲနတ်ဘုရားက ကောင်းချီးပေးထားတယ်လို့တောင် ပြောလို့ရတယ်…လက်ရှိအချိန်မှာတော့ ဧရာမရေခဲနတ်ဆိုးမျိုးနွယ်က လူဖြစ်နေတယ်လေ..အကယ်၍ မင်းဒီမျိုးနွယ်စုတွေအကြောင်း ပြောမယ်ဆိုရင် သူတို့က အေးခဲနေတဲ့ မြောက်၀င်ရိုးစွန်းတစ်ခုလုံးမှာ အသန်မာဆုံးလို့ ပြောလို့ရတယ်…ဒါ့အပြင် သူတို့ကို ယှဥ်နိုင်တဲ့သူလဲ မရှိဘူး..လက်ရှိအချိန်မှာ မျိုးနွယ်စုထဲ အကောင်ရေရာချီပဲ ကျန်တော့တယ်..အတူတူသာပေါင်းစည်းလိုက်ကြမယ်ဆိုရင်တော့ ဘယ်သူမှမယှဥ်နိုင်ကြဘူး..ဒါ့အပြင် ဧရာမရေခဲနတ်ဆိုးတွေက မွေးတဲ့အချိန်ကထဲက အရပ်က ဆယ့်ပေကျော်မြင့်မားတယ်…အရွယ်ရောက်ပြီတဲ့ဧရာမရေခဲနတ်ဆိုးတွေဆိုရင်တော့ ငါးဆယ်မီတာအထက်ကို ရှည်လျားတယ်…မင်းအခုပဲကြုံလိုက်ရတဲ့ ဧရာမရေခဲနတ်ဆိုးဘုရင်ကတော့ မီတာတစ်ရာကျော်အထိ မြင့်မားနေခဲ့ပြီးပြီ သော့်လော့တိုက်တစ်ခုလုံးမှာ အသက်ရှင်နေတဲ့သက်ရှိသတ္တ၀ါတွေထဲမှာ အကြီးမားဆုံးပဲ ဒါ့အပြင် ငါတို့က အမျိုးအစားတစ်ခုထဲကို ပြောနေကြတာနော် ပင်လယ်ထဲမှာဆိုရင် ဒီအရွယ်အစားကို ယှဥ်နိုင်တဲ့သူက နတ်မီးငှက်တို့ချီလင်းတို့ထက်တောင် ပိုပြီးရှားပါးသေးတယ် ”

ဟို့ယွိဟောင်အနေနဲ့လဲ ကြောက်လန့်လို့သွားပါတော့တယ်။

” မီတာတစ်ရာကျော်တဲ့လား ကြောက်စရာကောင်းလိုက်တာ ဒါဆိုရင် သူက တုနှိုင်းမဲ့တဲ့ ဖြစ်တည်မှုဖြစ်နေပြီမဟုတ်လား ”

” တုနှိုင်းမဲ့တယ်လား ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့ပါတယ်။

” အဲ့ဒီလိုတော့ ဘယ်ဟုတ်မလဲ တိုက်ကြီးတစ်တိုက်လုံးမှာ မပြောနဲ့ မြောက်၀င်ရိုးစွန်းမှာတောင် သူ့ကို ယှဥ်နိုင်ပြီသာလွန်တဲ့သူတွေ ရှိသေးတယ်..ဒါ့အပြင် သူက ဧကရာဇ်သုံးပါးထဲမှာနံပါတ်သုံးနေရာရောက်နေတာပဲ ဒါပေါ့ လူသားတွေအနေနဲ့ သူ့ကို ဒီနေရာမှာ အနိုင်ယူနိုင်ဖို့အတွက် ရာခိုင်နှုန်းက သုံးညပဲရှိတယ် ”

” ဒီလောက်ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်နဲ့တောင် နံပါတ်သုံးနေရာပဲရှိတယ်လား …ဒါဆိုရင် တခြားဧကရာဇ်နှစ်ပါးက ဘယ်သူတွေလဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့ပါတယ်။

” ကြီးမားတဲ့ခန္ဓာကိုယ်ကြီးရှိတာက အမြဲတမ်းကောင်းနေတာမဟုတ်ဘူး…နောက်တစ်နည်းအရပြောရမယ်ဆိုရင် သေးငယ်တဲ့ခန္ဓာကိုယ်က ပိုပြီးတော့ အားသာချက်ရှိတယ်…တခြားဧကရာဇ်နှစ်ပါးက အဲ့ဒီကောင်ကြီးလောက်မကြီးမားဘူး…ဒါပေမယ့် သူ့ထက်တော့အများကြီးပိုပြီး သန်မာတယ်…ငါသိထားသလောက်အရဆိုရင် ဧရာမရေခဲနတ်ဆိုးဘုရင်က သက်တမ်းနှစ်ပေါင်းနှစ်သိန်းကို ခက်ခက်ခဲခဲနဲ့ ကျော်ဖြတ်ခဲ့ရတယ်..ဒါ့အပြင် သူနှစ်ပေါင်းသုံးသိန်းကို မကျော်ဖြတ်နိုင်ဘူးလို့ ငါအာမခံနိုင်တယ်…နောက်ထပ်ရှိတဲ့ ဧကရာဇ်နှစ်ပါးထဲက တစ်ပါးက နှစ်ပေါင်းသက်တမ်းသုံးသိန်းကိုကျော်ဖြတ်သွားပြီ တစ်ယောက်ကတော့ ပိုလို့တောင် ကြောက်စရာကောင်းနေခဲ့ပြီ…နှစ်ငါးသိန်းကိုတောင် ကျော်ဖြတ်သွားပြီလို့ ငါသိရတယ်…ငါပြီရင်း သူက အအိုမင်းဆုံးနဲ့ အသက်ကြီးဆုံး၀ိညာဥ်သားရဲကောင်ပဲ ဒါ့အပြင် တိုက်ကြီးတစ်ခုလုံးမှာ ရှိရှိသမျှ အသန်မာဆုံးသားရဲကောင်တွေ အားလုံးကို ယှဥ်ပြီဆုံးဖြတ်မယ်ဆိုရင်တောင် မြောက်၀င်ရိုးစွန်းရဲ့ဧကရာဇ်သုံးပါးခေါင်းဆောင်က သေချာပေါက် အင်အားအကြီးဆုံးနေရာကို ရမှာပဲ ”

အပိုင်း ၃၉•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset