Switch Mode

Chapter – 39.2

မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ် သုံးပါး

အပိုင်း ၃၉•၂

” မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါး ”
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်ပါတယ်။

” ငါ့ရဲ့အိမ်က စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်သားရဲကောင်တွေရှိတဲ့နေရာမဟုတ်ဘူး….ဒါ့အပြင် မဟာကြယ်တာရာသစ်တောမှာတော့ ရှိတာပေါ့ ပြဿနာကတော့ မင်းအနေနဲ့ ရိုးရှင်းတဲ့ ၀ိညာဥ်စက်ကွင်းတစ်ခုခုကို ရဖို့လုပ်သင့်တာမဟုတ်ဘူးလေ အရေးကြီးဆုံးနဲ့ မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ကို နိုးထအောင်လုပ်ဖို့အတွက် သေချာပေါက် မြောင်၀င်ရိုးစွန်းကို သွားမှရမယ်..ငါမင်းအတွက်အားလုံး အစီအစဥ်ချထားပြီးပြီ အကယ်၍ မင်းဒီလိုပေါက်ကရပြောဖို့ဆိုရင် စွမ်းအားရှိနေသေးမယ်ဆိုရင် အရှိန်မြင့်ပြီ ပြေးလိုက်ပါလား ငါတို့စောစောပိုရောက်လေလေ မင်းမှာအချိန်ပိုရလေပဲ အကယ်၍ ချောချောမွေ့မွေ့ ပြီးမြောက်သွားမယ်ဆိုရင် ငါတို့တွေ ကျောင်းတော်ကို တစ်လအတွင်းပြန်ရောက်ဖို့အတွက် ပြဿနာရှိနေမှာမဟုတ်ဘူး ”

အစောပိုင်းတုန်းက ၀ိညာဥ်စက်ကွင်းရဖို့အတွက် အချိန်တွေအများကြီးရှိတယ်လို့ ဟို့ယွိဟောင် တွေးထားခဲ့တာပါ။ ရုတ်တရက်ဆိုသလို အလောတကြီးဖြစ်လာတော့မှာကို သူခံစားမိပါတော့တယ်။

နောက်ထပ် အချိန်ဖြုန်းမိမှာကို စိုးရိမ်နေတဲ့အတိုင်းသူချက်ချင်းဆိုသလို အရှိန်မြင့်ပြီ ပြေးလိုက်ပါပြီ။ အသက်ရှုသံကို ထိန်းချုပ်လိုက်ပြီတဲ့နောက် မြောက်ဖက်ကိုစတင်ပြီ ခြေလှမ်းကျဲကြီးတွေရဲ့ ဦးတည်ပါတော့တယ်။

အစောပိုင်းနေ့တွေကထဲက နှစ်ရက်စာအတွက် အစားအသောက်တွေကို ထမင်းစားဆောင်မှာ သူ မှာယူခဲ့ပါတယ်။ ဒါကြောင့် နောက်နှစ်ရက်စာအထိကို အစားအသောက်ပူစရာမလိုပါဘူး။ ဖန်းယွီကလဲ သူ့ကို ၀ိညာဥ်ရွှေပြားတစ်ရာ ပေးလိုက်ပါသေးတယ်။ သူ့ရဲ့မူလစုဆောင်းထားမှုနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ဒီခရီးစဥ်အတွက်တော့ လုံလောက်မှာပါ။

တစ်နှစ်တာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရပြီ ဟို့ယွိဟောင်ရဲ့စိတ်ဆုံးဖြတ်ချက် ခိုင်မာမှုကြောင့် ဒီလိုမျိုးကြမ်းတမ်းပြင်းထန်တဲ့ အခြေအနေကို ကျင့်သားရနိုင်မယ်ဆိုတာကို သာမန်၀ိညာဥ်ပညာရှင်တွေ လုပ်ဖို့မလွယ်ကူတဲ့အရာပါပဲ။ ဟို့ယွိဟောင်က အေးအေးဆေးဆေးပြန်ဖြစ်လို့သွားခဲ့ပြီ စိတ်အာရုံကို အနှောင့်အယှက်ဖြစ်စေမဲ့ အတွေးတွေအားလုံးကို ဖယ်ရှားပြစ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် မြောက်ဖက်ဒေသဆီပြေးသွားဖို့ကိုသာ နှလုံးသားတစ်ခုလုံး နစ်မြုပ်ထားရင်း ခရီးနင်းပါတော့တယ်။ လေးနာရီကနေ ခြောက်နာရီအထိ ပြေးပြီတဲ့နောက် သူတခဏတာအနားယူတယ်။.ဒါ့အပြင် ၀ိညာဥ်စွမ်းအားတွေအားလုံးနီးပါးလဲ ကုန်ဆုံးလို့သွားခဲ့ပါပြီ။ စွမ်းအားတွေ ပြန်ပြည့်လာတာနဲ့ နောက်တစ်ခေါက်စပြီ ပြေးပါတော့တယ်။ သူ့ရဲ့လက်ရှိအခြေအနေမှာ အရှိန်နှုန်းကို တစ်စက်လေးမှ ချွင်းချက်မထားခဲ့ပဲ ဆက်တိုက်ပြေးနေခဲ့ပါတယ်။ သူပြေးနိုင်သလောက်ကို ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တောင်မှ ပြေးနိုင်ဖို့မလွယ်ကူပါဘူး။

မျက်တောင်တစ်ခတ်အတွင်းမှာ သုံးရက်တာအချိန်က ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ သူ့ဘေးပတ်လည်မှာရှိနေတဲ့လေထုက ပိုမို အေးစက်လာတာကို ခံစားမိပါတော့တယ်။ ဒါပေမယ့် ဒီအအေးဓာတ်က သူ့ကို အရှိန်မလျော့စေပါဘူး။ မြို့ထဲကို၀င်ရင် အ၀တ်တွေကို ထူးထူးထည်ထည်၀ယ်ပြီ ၀တ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ရိက္ခာတွေကို ပြန်ဖြည့်တယ်။ အားလုံးမှာ အရေးကြီးဆုံးကတော့ မြေပုံတစ်ခုကို ၀ယ်လိုက်တာပါပဲ။

လက်ရှိအချိန် သူက ထျန်းဟွမ်နိုင်ငံတော်ထဲမှာ ရှိနေခဲ့တာပါ။ မြောက်ဘက်ကို ဆက်သွားနေခဲ့မယ်ဆိုရင် ထျန်းဟွမ်နိုင်ငံတော်ရဲ့ နယ်စပ်ကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီအချိန်မှာတော့ သူလိုလာတဲ့နေရာကို ရောက်တော့မှာပါ။ အမျက်ဒေါသကျောင်းတော်က ထျန်းဟွမ်နိုင်ငံတော်ရဲ့ အရှေ့တောင်အရပ်မှာ တည်ရှိပါတယ်။ ဟို့ယွိဟောင်ရဲ့ ခရီးစဥ်က ထျန်းဟွမ်နိုင်ငံတော်ရဲ့ တောက်ဘက်အပိုင်းကနေ မြောက်ဘက်ပိုင်းအထိကို ဆက်တိုက်ဖြတ်သန်းလာခဲ့ရတာပါ။ ဒီတစ်ချက်ထဲနဲ့တင် သူဘယ်လောက်အထိ ခရီးပင်ပန်းမလဲဆိုတာကို တွေးကြည့်ရုံနဲ့သိနေနိုင်ပါတယ်။ ဒါပေမယ့် ဟို့ဟွိဟောင်ကတော့ တစ်စက်လေးမှ ပင်ပန်းတဲ့ပုံမပေါ်ပါဘူး။ အဲ့ဒီအစား အနာဂတ်အတွေ့အကြုံအဖြစ်သာ သတ်မှတ်လို့ထားခဲ့ပါတယ်။ ပထမဆုံးမြို့ကို ၀င်ရောက်ပြီတဲ့နောက် မြောက်ပိုင်းဒေသကို မရောက်မချင်း တခြားမြို့တွေကို မ၀င်ခဲ့ပါဘူး။ တောထဲမှာပဲ အနားယူပါတယ်။ သူ၀ယ်လာတဲ့ ပစ္စည်းတွေအများကြီးထဲမှာ ခေါက်ပြီးထည့်သိမ်းလို့ရတဲ့ သားရေတဲအိတ်လေလဲ ပါပါတယ်။ ဒီစခန်းချရွက်ဖျင်အိတ်က သိပ်ပြီးမကြီးမားပါဘူး။ နှစ်မီတာရှည်လျားပြီ ၁•၂ မီတာကျယ်ပြန့်ပါတယ်။ ဒါပေမယ့် သူအနားယူဖို့အတွက်တော့ လုံလောက်နေခဲ့တယ်။ အစောပိုင်းတုန်းက ၀ယ်လာခဲ့တဲ့ အနွေးအိပ်ယာကို ထပ်ပြီးပေါင်းထည့်လိုက်မယ်ဆိုရင်တော့ ဟို့ယွိဟောင်အနေနဲ့ ကောင်းကောင်းအနားယူလို့ရပါတယ်။ ဒါ့အပြင် သူက အမြဲတမ်း ဒီအနွေးအိတ်ထဲမှာ လှဲလှောင်းရင်း တရားထိုင်နေခဲ့တာပါ။ တစ်စက်လေးမှတောင်အချိန်မဖြုန်းခဲ့ပါဘူး။

ဟို့ယွိဟောင်က တဘ၀တာလုံး မြို့စားမင်းအိမ်တော်မှာ နေထိုင်ခဲ့ပြီတဲ့နောက် ကျောင်းတော်ကို၀င်ရောက်ခဲ့ပါတယ်။ ဒီလိုပြင်းထန်တဲ့ ရာသီဥတုကို တစ်သက်နဲ့တစ်ကိုယ် မကြုံခဲ့ဖူးပါဘူး။ ဒါပေမယ့် တစ်နှစ်သာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့မှုက အရမ်းသန်မာတဲ့ခန္ဓာကိုယ်တစ်ခုရရှိသွားစေခဲ့ပါတယ်။ ရက်ပိုင်းလောက်ကြာပြီချိန်မှာပဲ အအေးဓာတ်ကို သူခံနိုင်ရည်အတော် ရှိလာခဲ့ပါပြီ။ ငွေကိုချွေတာဖို့အတွက် အမွေးပွ၀တ်ရုံတွေကို မ၀ယ်ခဲ့ပါဘူး။ ထူးထည်တဲ့၀ါးကွမ်းအင်္ကျီတစ်ထည်ကိုသာ ၀ယ်ခဲ့ပါတယ်။

ရှစ်ရက်တိတိ အရှိန်နှုန်းပြည့်ပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ ထျန်းဟွမ်နိုင်ငံတော်ရဲ့ မြောက်ပိုင်းနယ်စပ်ကို ရောက်ရှိလို့သွားပါတော့တယ်။ အဲ့ဒီနေရာကို ရောက်ပြီတဲ့နောက် သူ့ရဲ့နေရာပြမြေပုံကလဲ အဖြူရောင်အစက်တစ်စက်အဖြစ်ကို ပြောင်းလဲလို့သွားပါပြီ။

ခြေလှမ်းတွေကို ရပ်တန့်လိုက်ရင်း ဟို့ယွိဟောင် တခဏတာ အသက်ရှုဖို့ရပ်တန့်လိုက်ပါတော့တယ်။ အဖြူရောင်မြူခိုတွေက သူ့ရဲ့ဘယ်ဘက်နှာခေါင်းထဲက ၀င်လာရင်း လေထဲကို ပြန်ထွက်သွားချိန်မှာ ရေခဲအဖြစ်ကို ပြောင်းလဲသွားပါတယ်။

ဟို့ယွိဟောင်အနေနဲ့ ပြင်းထန်လွန်လှတဲ့ လေရဲ့အအေးဓာတ်ကို ခံနိုင်ရည်စွမ်းရှိအောင် ခေါင်းကိုလဲ ဦးထုပ်ဆောင်ထားလိုက်ရပါပြီ။ ဒါပေမယ့် အရိုးကွဲမတတ်အေးနေတဲ့လေထုက သူ့ရဲ့ခန္ဓာကိုယ်ကို ဓားမြောင်နဲ့ထိုးနေသလိုပါပဲ။ ဒါ့အပြင်အ၀တ်ရဲ့ အပေါက်ငယ်လေးတွေကိုတောင် ဖြတ်ကျော်လာနိုင်တဲ့ပုံရှိနေခဲ့ပါတယ်။

ဒီနေရာမှာ ရေတွေက ရေခဲချောင်းတွေအဖြစ်ကို ခဲနေခဲ့ပါပြီ။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့ မျက်ခုံးတစ်ခုလုံးလဲ မြူခိုတွေရိုက်နေခဲ့ပြီ နှင်းတွေအပုံလိုက်ဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ မြေပုံကိုကြည့်ရင်း စိတ်ထဲမှာအတော်လေးကို စိတ်ဖိစီးလို့လာခဲ့တယ်။ လက်ရှိမြေပုံရဲ့ အခြေအနေအရဆိုရင် သူက မြောက်ဘက်အဆုံး ဗလာဟင်လင်နေရာကို ရောက်နေမှာပါ။ ဒါ့အပြင် ဒီနေရာရဲ့အစမှာလဲ သတိပေးဆိုင်ဘုတ်တစ်ခု ရှိနေခဲ့ပါသေးတယ်။

” မြောက်၀င်ရိုးစွန်းကို လူတွေမ၀င်ရောက်ရ ၀ိညာဥ်သားရဲကောင်တွေ များပြားလွန်လှတဲ့အတွက် အန္တရာယ်အလွန်ကြီး ”
အန္တရာယ်အလွန်ကြီးဆိုတဲ့စကားကို သုံးကြိမ်တိတိ အနီရောင်နဲ့ရေးထားခဲ့ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် အိပ်မနေနဲ့တော့ ကျွန်တော်တို့ မြောက်၀င်ရိုးစွန်း ရောက်နေပြီ အခုအစ်ကိုကြီး လမ်းပြမှရတော့မယ် ”

ဟို့ယွိဟောင်က စိတ်ထဲမှာ ခေါ်လိုက်ပါတယ်။

” ဦးဆောင်ရမယ် လမ်းပြရမယ်ဟုတ်လား ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ကြောင်အအအသံက ထွက်ပေါ်လာပါတော့တယ်။ သူသတိ၀င်လာခဲ့ပြီးတဲ့နောက်ဆက်ပြောလိုက်တယ်။

” ဒီနေရာငါမသိဘူး ”

” ဘာဖြစ်တယ် ”

ဟို့ယွိဟောင် တအံ့တဩပြန်မေးမိပါတော့တယ်။

” အစ်ကိုကြီး ကျေးဇူးပြုပြီး ဒီမှာလာစနှောက်မနေပါနဲ့ ကျွန်တော် အစ်ကိုကြီးပြောတဲ့အတိုင်း မြောက်ပိုင်းကို ရှစ်ရက်တိတိ အပြေးလာခဲ့ရတာ အကယ်၍ အစ်ကိုကြီး ဒီနေရာကို မမှတ်မိဘူးဆိုရင် ကျွန်တော်တို့ဘာလုပ်ရမလဲ ”

အရမ်းကိုရိုးသားဖြူစင်အပြစ်ကင်းတဲ့လေသံနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့ပါတယ်။

” ငါတကယ်ပဲ ဒီနေရာကို မသိဘူး ငါက တိုက်ကြီးရဲ့အရှေ့မြောက်ဘက်မှာ အဓိကနေတာ ဒီနေရာနဲ့အတော်လေး ဝေးသေးတယ်…ဒါ့အပြင် ငါက တောင်ဘက်ကို စုန်ဆင်းသွားခဲ့ပြီ ကြယ်တာရာသစ်တော်ဆီကို ရောက်သွားခဲ့တာပဲ အခုဒီနေရာက တိုက်ကြီးရဲ့မြောက်ဘက်ဒေသဖြစ်လိမ့်မယ်…သော့်လော့တိုက်တစ်ခုလုံးရဲ့ အနောက်မြောက်ဘက်ပေါ့ ဒီနေရာကို ငါမှမရောက်ဘူးတာ ဘယ်လိုလုပ်သိမလဲ ”

ဟို့ယွိဟောင်က မေးလိုက်ပါတယ်။

” ဒါဆို ကျွန်တော်တို့ဘာလုပ်ကြရမလဲ အစ်ကိုကြီး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ကောက်ကျစ်တဲ့ရယ်သံနဲ့ ရယ်မောနေခဲ့ပါတယ်။

” ငါမင်းကို စိုးရိမ်အောင် နည်းနည်းလုပ်မိတယ်…ကောင်းပြီလေ နောက်ထပ် စနှောက်မနေတော့ဘူး…ငါဘယ်နေရာကို ရောက်နေမှန်းမသိပေမဲ့ ငါ့ရဲ့စိတ်၀ိညာဥ်စွမ်းအား ဘယ်လောက်အင်အားကြီးလဲဆိုတာ မင်းမေ့နေပြီလား ငါတို့တွေ ဘယ်သွားရမလဲဆိုတာ စိုးရိမ်ဖို့မလိုဘူးလေ စိတ်၀ိညာစွမ်းအားအတိုင်းသာ လိုက်သွားမယ်ဆိုရင် ငါတို့လိုချင်တဲ့နေရာကို ရောက်သွားလိမ့်မယ်…ဒီလောက်ဆို လုံလောက်ပြီမလား ကောင်းပြီ အခုအ၀တ်တွေအကုန်ချွတ်လိုက်တော့ ”

ဟို့ယွိဟောင် မျက်လုံးပြူးသွားပါတော့တယ်။

” အစ်ကိုကြီး ကျွန်တော်အ၀တ်အစားတွေ ချွတ်ရမှာလား ဒီလောကကြီးတစ်ခုလုံးက ရေခဲတွေနှင်းတွေနဲ့ ပြည့်နေတာနော် ကျွန်တော်ကို အေးခဲပြီ သေသွားစေချင်လို့လား ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ချက်ချင်းပြန်ဖြေပါတော့တယ်။

” မြန်မြန်အ၀တ်ချွတ်လိုက် မဟုတ်ရင် မင်းချက်ချင်းအေးခဲပြီ သေသွားလိမ့်မယ်..ဘာဖြစ်လို့ဒီနေရာကို ရေခဲတွေနှင်းတွေရဲ့ လောကကြီးလို့ခေါ်နေတာလဲ အတိတ်အချိန်မှာ ငါက ဒီလောက်ပူတဲ့အပူရှိန်အရ ချွေးတွေတောင် ထွက်နေလောက်ပြီ ဒီနေရာကအရမ်းအေးတဲ့နေရာတွေနဲ့ အဝေးကြီးလိုသေးတယ်….ဒါ့အပြင် ငါတို့ရှာနေတဲ့အရာက မြောက်၀င်ရိုးစွန်းရဲ့အလယ်ဗဟိုမှာ ရှိမှာပဲ အဲ့ဒီမှာ ဘယ်လောက်အေးမလဲဆိုတာ မင်းတွေ့ကြည့်လို့တောင် မရနိုင်ဘူး…အ၀တ်အစားတွေကိုချွတ်လိုက် ဒါမှငါမင်းကို ကူညီပေးလို့ရမှာဒါပေမယ့် အ၀တ်မချွတ်ဘူးဆိုရင် ဒီနေရာမှာ နောက်နှစ်ရက်ထပ်နေလို့ကတော့ မင်းသေသွားလိမ့်မယ် ”

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်စကားကိုသာ ရွေးချယ်လိုက်ပါတော့တယ်။ သူ့မှာရွေးချယ်စရာလဲမရှိခဲ့ပါဘူး။ ဒါကြောင့် သူ၀တ်ထားတဲ့အပေါ်ထပ်အနွေးထည်ကို အရင်ဆုံးချွတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ပြင်းထန်တဲ့အေးစက်မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။ ဒီခံစားမှုက ရေခဲချောင်းဆယ်ချောင်းကို တစ်ပြိုင်နက်ထဲ ပါးစပ်ထဲထိုးထည့်ခံလိုက်ရသလိုပါပဲ။ ရေခဲတွေနှင်းတွေအပြည့် ရှိနေခဲ့တဲ့ လောကကြီးမှာ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်အပေါ်ဘက်ဆီ အငွေ့တွေက ထွက်ပေါ်လာပါတော့တယ်။

အံကြိတ်ရင်းနဲ့ ဟို့ယွိဟောင်အ၀တ်အစားတွေကို ပြန်ချွတ်နေခဲ့တယ်။ သူ့ရဲ့သန်မာတဲ့ ကြွက်သားတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် အရမ်းကို ဆိုးရွားလှတဲ့ အပူရှိန်နှိမ့်ကျမှုကြောင့် တစ်ကိုယ်လုံးလဲ တုန်ရီနေခဲ့ပါတယ်။ ဒီခံစားချက်က လုံး၀ကို သက်သောက်သက်သာ မဖြစ်ခဲ့ပါဘူး။

” ရှိသမျှအ၀တ်အစားတွေအကုန်လုံး ချွတ်လိုက်လေ ဘာဖြစ်လို့ချန်ထားနေမှာလဲ အကယ်၍ မင်းငါ့ကို မကူညီစေချင်ဘူးဆိုရင် မင်းဒီနေရာမှာ အေးခဲပြီသေသွားလို့ကတော့ ငါအစ်ကိုကြီးကို အပြစ်မတင်နဲ့ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ရယ်သံက ထွက်ပေါ်လို့လာခဲ့ပြန်ပါတယ်။

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။

” မြန်မြန်လုပ်လိုက်ပါတော့ မဟုတ်ရင် ကျွန်တော်တကယ်သေတော့မယ် ”

သူ့ရဲ့အသံက ခိုက်ခိုက်တုန်နေခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို လျစ်လျုရှုထားခဲ့ရင်း အတွင်းခံကိုတောင် ချွတ်လိုက်ပါပြီ။ အဲ့ဒီနောက် ပြင်းထန်တဲ့လေထုက သူ့ခန္ဓာကိုယ်ကို လာရိုက်ခတ်ရင်း ဟို့ယွိဟောင်တစ်ကိုယ်လုံး နီရဲလို့သွားပါတော့တယ်။ အပြုတ်ခံထားရတဲ့ပုဇွန်တစ်ကောင်လိုမျိုး အရမ်းကို နီရဲနေခဲ့ရပါပြီ။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ စကားတစ်ခွန်းတောင်မပြောခဲ့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ သူ့ကို ဆက်တိုက်ဆိုသလို ခေါ်နေပေမဲ့ မတုန့်ပြန်ပဲရှိနေခဲ့ပါတယ်။

ဒီလိုပြင်းထန်တဲ့ အအေးဒဏ်ကြောင့် သေတော့မလိုဖြစ်ပြီချိန်မှာပဲ ဟို့ယွိဟောင်အနေနဲ့ အ၀တ်အစားတွေကို ပြန်ကောက်ယူဖို့ချက်ချင်းပြင်ဆင်မိပါတော့တယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို သူ့ရဲ့ပတ်၀န်းကျင်တစ်ခုလုံးကို ရွှေဖြူရောင်အလင်းတန်းတစ်ချို့က လွှမ်းခြုံလို့သွားခဲ့ပါပြီ။ အဲ့ဒီအလင်းတန်းတွေက သူဦးခေါင်းကနေစတင်ပြီ ထွက်ပေါ်လာခဲ့တာပါ။ ဒီရွှေရောင်အလင်းတန်း ပြန့်လွှင့်လာချိန်မှာတော့ အအေးဓာတ်ကလဲ ပျောက်ကွယ်သွားပါတော့တယ်။ချက်ချင်းဆိုသလို နွေးထွေးတဲ့ ခံစားချက်က ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလို့သွားတော့တယ်။

ဟို့ယွိဟောင်လဲ ဒီလိုနွေးထွေးပြီ နေလို့ကောင်းသွားတာကြောင့် အသံပြန်ထွက်လာခဲ့ပါပြီ။ သူငိုတော့မဲ့အခြေအနေတောင် ဖြစ်သွားခဲ့ပါတယ်။ ဒီလိုမျိုး သက်သောက်သက်သာဖြစ်လွန်တဲ့ အခြေအနေက နေလို့ကောင်းလွန်လှပါတယ်။

အဲ့ဒီနောက် သူရင်ဘတ်ကနေ အဖြူရောင်အလင်းတန်းလေးတစ်ခု ထွက်ပေါ်လို့လာပါတယ်။ ဟို့ယွိဟောင် အံ့ဩစရာကောင်းလောက်အောင်ပဲ အဲ့ဒီအလင်းလုံးလေးက အသားတွေနဲ့ ပြုလုပ်ထားတဲ့ မီးလုံးလေးတွေဖြစ်နေလို့ပါပဲ။ အဲ့ဒီအလင်းတန်းက ခပ်မြန်မြန်ပဲ လေထဲမှာကြီးမားကျယ်ပြန့်လို့သွားခဲ့ပြီ ဟို့ယွိဟောင် ခန္ဓာကိုယ်ကို ဖုံးလွှမ်းလို့သွားပါတော့တယ်။

အဖြူရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ဖြည်းဖြည်းချင်း ကပ်သွားခဲ့လိုက်ပြီ အပေါ်ယံအလွှာတစ်ခုအဖြစ် သူ့အရေပြားပေါ်မှာ ဖြစ်တည်လာပါတော့တယ်။ အဖြူရောင်အလင်းတန်းက နွေးထွေးတဲ့ခံစားချက်နဲ့အတူတူ ပျောက်ကွယ်လို့သွားခဲ့တယ်။ ဒါပေမယ့် နွေးထွေးတဲ့ခံစားမှုပျောက်ကွယ်သွားချိန်မှာတောင် ဒီလိုအေးခဲလွန်လှတဲ့ ရာသီဥတုက သူ့ကို နောက်ထပ် အနှောင့်အယှက်မပေးနိုင်တော့ပါဘူး။ ဒါ့အပြင် လေးအေးအေးတွေကို ရှုသွင်းနေခဲ့ရပေမဲ့ ဒီလေတွေက သူ့ကိုအလွယ်လေး ဖြတ်ကျော်သွားသလိုပါပဲ။ သူ့အတွက်တော့ လေအေးအေးတွေရိုက်ခတ်မှုကြောင့် နာကျင်ရတာကို မခံစားရသလောက်နီးနီး ဖြစ်သွားခဲ့ပါပြီ။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ဒါက ”

ဟို့ယွိဟောင်က အထိတ်တလန့်နဲ့ ​မေးလိုက်မိပါတယ်။ လက်ရှိအချိန် သူကြုံတွေ့လိုက်ရတဲ့အရာအားလုံးက သူနားလည်နိုင်တဲ့အခြေအနေထက်ကို ကျော်လွန်နေခဲ့ပါတယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ပျင်းရိနေတဲ့အသံကြီးက ထွက်ပေါ်လာခဲ့ပါပြီ။

” ဒါက ငါမူလခန္ဓာကိုယ်ရဲ့ အရေခွံအပိုင်းအစလေးတစ်ခုပဲလေ အစောပိုင်းတုန်းက မင်းရဲ့ရင်ဘတ်မှာ ကပ်နေတယ်မလား မင်းရဲ့ တစ်ကိုယ်လုံးကို အလွှာတစ်ခုအဖြစ် ငါခြုံပေးလိုက်တာ ငါဒီနေရာမှာ မွေးဖွားပြီ ကြီးပြင်းလာတယ်ဆိုမှတော့ အအေးဒဏ်ကို ဘယ်လိုလုပ် ကြောက်နေမှာလဲ ဒါ့အပြင် ငါခွာထုတ်လိုက်တဲ့ အရေးခွံက အတော်လေးကို လေ၀င်လေထွက်ကောင်းတယ်…ဒါ့အပြင် ပြင်ပအရာ၀တ္ထုတွေအများကြီးကိုလဲ ခုခံနိုင်တယ်…နောက်တစ်နည်းပြောရမယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်အငွေ့အသက်ကိုရော အရှိန်အ၀ါကိုရော ဖုံးကွယ်ပေးထားနိုင်တယ်လေ မဟုတ်ရင် ဒီလောက်အစွမ်းအစလေးနဲ့ မြောက်၀င်ရိုးစွန်းကို ပြေး၀င်သွားလို့ကတော့ သေချာပေါက် ကိုယ်သေတွင်းကိုယ်တူးသလို ဖြစ်မှာပဲ အခုမြန်မြန်အ၀တ်အစားတွေ ပြန်၀တ်လိုက်တော့ မင်းကိုယ်မင်း ကိုယ်လုံးတီးကြီးနဲ့ ကြည့်ကောင်တယ်များ ထင်နေလား ”

ဟို့ယွိဟောင်လဲ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားခဲ့ပါတယ်။ သူ့စိတ်မှာတော့ သူ့ဘာသာသူတွေးနေခဲ့မိတယ်။ သူ့ကို အ၀တ်တွေအကုန်ချွတ်ခိုင်းတာလဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပါ။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အတော်လေး စဥ်းစဥ်းစားစား လုပ်တတ်တယ်ဆိုတာကိုတော့ ၀န်ခံရပါတော့တယ်။ အ၀တ်အစားတွေကို ပြန်၀တ်ပြီတဲ့နောက် နောက်ထပ်မအေးတော့ပါဘူး။ ဒါ့အပြင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရေခွံက သူခန္ဓာကိုယ်ပေါ်မှာမရှိတဲ့အတိုင်း ခံစားနေခဲ့ရပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ဒီလိုထူးဆန်းတဲ့စွမ်းရည်ကြောင့် မြောက်၀င်ရိုးစွန်းထဲကို ၀င်ရောက်ဖို့အတွက် ပိုယုံကြည်ချက်ရှိလာခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာပဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ရုတ်တရက်အလေးအနက်ပြောလာခဲ့ပါတယ်။

” ယွိဟောင် အခုအချိန်ကနေစပြီ မင်းငါရဲ့အမိန့်တွေကို သေချာနားထောင်ဖို့လိုမယ်…ဘယ်လိုအမှားမျိုးမှ လုပ်လို့မဖြစ်ဘူး..,အကယ်၍ ငါ့စကားကို နားမထောင်ချင်ဘူးဆိုရင် ဒီမြောက်၀င်ရိုးစွန်းမှာ တစ်သက်လုံးနေသွားရရုံတင်မက ငါတို့နှစ်ယောက်စလုံးလဲ ပြဿနာတက်လိမ့်မယ် ”

” ကောင်းပါပြီ ”

ဟို့ယွိဟောင် ခေါင်းညိတ်လိုက်ပါတယ်။ သူက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ညွှန်ကြားချက်တွေကို သေချာပေါက် လက်ခံမှာပါ။ အကယ်၍ လက်မခံဘူးဆိုရင်လဲ အမှောင်ထဲမှာ ဝေဝေ၀ါး၀ါးသွားလာတဲ့သူ ဖြစ်သွားရုံကလွဲပြီ ဘာမှမရှိပါဘူး။

” အခုမြောက်ပိုင်းကိုဆက်သွား အလယ်နယ်မြေကို ရောက်တာနဲ့ငါမင်းကို လုပ်ရမဲ့ကိစ္စတွေ​ပြောမယ်…အခုမင်းမှာ အစားအသောက်အပြည့်အ၀ ရှိလား အဲ့ဒီနေရာမှာ သေချာပေါက် ငါတို့ဆယ့်ရက်ကျော်နေရမှာပဲ ဒါ့အပြင် မင်းနေရာမဲ့နေရာမှာ ရေရောအစာရောဘာမှရှိမှာမဟုတ်ဘူး ”

ဟို့ယွိဟောင်က သူ့ရဲ့ခါးပတ်ကို ပုတ်ရင်း ပြန်ဖြေလိုက်ပါတယ်။

” ကိစ္စမရှိဘူး ကျွန်တော်အကုန်ပြင်ဆင်လာတယ် ”

သူပြောပြီတဲ့နောက် အစောပိုင်းတုန်းက ဖန်တီးထားတဲ့ ၀ိညာဥ်လက်နက်တစ်ချ်ို့ကို ထုတ်ယူလာပါတယ်။ အအေးဓာတ်ပျောက်ကွယ်သွားပြီဖြစ်တာကြောင့် သူ့အနေနဲ့ လက်ရှိအချိန်မှာ တိုက်ခိုက်နိုင်စွမ်းအပြည့်အ၀ ဖြည့်တင်းထားရမှာပါ။

အပိုင်း ၃၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset