Switch Mode

Chapter – 39.1

မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ် သုံးပါး

အပိုင်း ၃၉•၁

” မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါး ”
°°°
၀မ်ယန်ရဲ့ ပထမစကားတွေကို အားလုံးနားလည်ခဲ့ကြပေမဲ့ အဆင့်တက်တဲ့စာမေးပွဲအကြောင်း ပြောချိန်မှာတော့ စတင်ပြီ ဝေခွဲမရဖြစ်လာပါတော့တယ်။ အတန်းတက်တဲ့စာမေးပွဲက စမ်းသပ်ချက်ရှိနေတာလား။

၀မ်ယန်ကတော့ ထူးမခြားနားလေသံနဲ့ ပြောပါတယ်။

” ကျောင်းရဲ့အတန်းတစ်တန်းချင်းဆီတိုင်းက အကုန်လုံးပူးပေါင်းပြီ ဆောင်ရွက်ကြရတယ်…ဒါကြောင့် အကယ်၍ ဒုတိယနှစ်ကို တစ်တန်းလုံးက မတက်နိုင်ဘူးဆိုရင် အဆင့်တက်ရတာ ဘာများအသုံး၀င်တော့မှာလဲ ဒါ့အပြင် နောက်ထပ် ရှု့ထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ဒီလိုအဆင့်တက်တဲ့ စာမေးပွဲက ငါနဲ့ဆရာကျိုးယိရဲ့ အတွက်လဲ စမ်းသပ်ချက်တစ်ခုပဲ ဒီကျောင်းတစ်ခုလုံးရဲ့ အဆင့်တက်တဲ့စာမေးပွဲမှာ ကျောင်းသားသုံးယောက်ကနေ ခုနှစ်ယောက်အထိ ရွေးချယ်ပြီထူးခြားတဲ့ စမ်းသပ်ချက်ကို ဖြတ်ကျော်ရမယ်…ဒါ့အပြင် ငါတို့အတန်းတစ်ခုလုံးရဲ့ အဆင့်အတန်းကလဲ ငါတို့ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် မူတည်မယ်..အကယ်၍ အဲ့ဒီစမ်းသပ်ချက်ကို ပြီးပြည့်စုံအောင် ဖြတ်ကျော်နိုင်ပြီဆိုရင် အတန်းနံပါတ်တစ်ရဲ့ တစ်ရာရာခိုင်နှုန်းက အောင်မြင်သွားလိမ့်မယ်…ဒါ့အပြင် တစ်ယောက်ချင်းဆီတိုင်းရဲ့ စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်တဲ့ ဘယ်သူမဆို ဒုတိယနှစ်မှာ ဆက်ပြီသင်ကြားလို့ရမယ်…ဒါပေမယ့် ငါတို့သာ ပြီးပြည့်စုံအောင် မဖြစ်ကျော်နိုင်ဘူးဆိုရင် အတန်းနံပါတ်တစ်ရဲ့ ရာခိုင်နှုန်းတစ်ခုကို ထုတ်ပယ်ရလိမ့်မယ်…နောက်တစ်နည်းအရ ပြောရမယ်ဆိုရင် အကယ်၍ မင်းတို့ထဲမှာ ရှိရှိသမျှ လူအားလုံးက တစ်ယောက်ချင်းဆီဖြတ်ကျော်ရမဲ့စာမေးပွဲကို အောင်မြင်ခဲ့ပြီ အတန်းရဲ့အဆင့်တက်တဲ့ စမ်းသပ်ချက်မှာ ဆယ့်ရာခိုင်နှုန်းသာ အောင်မြင်မယ်ဆိုရင် အတန်းရဲ့ဆယ့်ရာခိုင်နှုန်းက ထုတ်ပယ်ခံရမယ် ”

သူပြောပြီချိန်မှာပဲ အတန်းတစ်ခုလုံးက နားလည်သွားပါတော့တယ်။

ကျောင်းသားတွေအနေနဲ့ ဒီအားလပ်ရက်မှာ အေးအေးဆေးဆေးနေရမယ်လို့ စိတ်ကူးထားကြပေမဲ့ ပါးစပ်အဟောင်သားဖြစ်နေခဲ့ကြပါပြီ။ ကျင့်ကြံဆင့်မြင့်တဲ့သူတွေအတွက် အဆင်ပြေပေမဲ့ ဒီအဆင့်တက်တဲ့စာမေးပွဲကြီးက သူတို့အတွက်တော့ ဖြတ်ရိုက်ခံလိုက်ရသလိုပါပဲ။ ၀မ်ယန်ကတော့ ပြုံးနေခဲ့ပါတယ်။ နွေးထွေးတဲ့ပုံပေါ်ပေမဲ့ တကယ်တော့ မှောင်မိုက်တဲ့အငွေ့အသက်တွေလဲ ပါ၀င်နေခဲ့တယ်။

” ငါတွေးမိပါတယ် ..အကယ်၍ အတန်းတစ်ခုလုံးရဲ့ အဆင့်တက်တဲ့စာမေးပွဲမှာ ရွေးချယ်တဲ့ကျောင်းသားတွေထဲက တစ်ယောက်ယောက်ကသာ အမှားလုပ်ခဲ့မိမယ်ဆိုရင် အတန်းထဲမှာရှိသမျှ လူတိုင်းက အဲ့ဒီလူကို မှတ်မိနေလိမ့်မယ် ”

” ငါကိုယ်တိုင်လဲ ကျောင်းတော်ကနေ ပြီးမြောက်ခဲ့တဲ့ ကျောင်းသားပါ ဒီတော့ ငါ့ရဲ့အတွေ့အကြုံကို ပြောပြပေးမယ် ..သဘာ၀ကျကျ ပြောရမယ်ဆိုရင် မင်းတို့ဒီအဆင့်တက်တဲ့ စာမေးပွဲကို ဖြတ်ကျော်အောင်မြင်ပြီ နောက်တစ်ကြိမ် ပြန်လည်သင်ကြားရတဲ့ အချိန်တွေက အပျော်ရွှင်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးကာလတွေပဲ အဲ့ဒီလိုပဲ အားလပ်ရက်တွေကတော့ ကျောင်းသားအများစုအတွက် ငရဲကျမတတ်ပင်ပန်းရတယ် ..မင်းတို့တွေ ဒီမှာဆက်ပြီသင်ကြားချင်တယ်ဆိုရင် အိမ်ပြန်ရောက်တာနဲ့ ဘာလုပ်ရမလဲ သိမှာပါ ”

” ဒါက ငါပြောချင်တာအကုန်ပဲ ကျောင်းဆင်းလို့ရပြီ မင်းတို့တွေ ပြန်ပြီ ပစ္စည်းတွေကိုသိမ်းကြတော့ ”

၀မ်ယန်က လက်ဝှေ့ရမ်းရင်း အတန်းဖြုတ်လိုက်ပါတော့တယ်။

အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေကတော့ တအံ့တဩဖြစ်နေကြဆဲပါ။ သူတို့ရဲ့မူလစိတ်လှုပ်ရှားမှုတွေက အရိပ်တောင်ရှာလို့မရအောင် ​ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ ကျောင်းသားတွေအနေနဲ့ နှစ်တစ်ရာသားရဲကောင်ကို တစ်ယောက်ထဲရင်ဆိုင်ရမှာ ဖြစ်သင့်တဲ့အရာလား။ အများစုက နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းတွေကို ပိုင်ဆိုင်ထားပြီ ဖြစ်ပေမဲ့ ဘယ်သူကများ ၀ိညာဥ်စက်ကွင်းကို အသုံးပြုပြီး သားရဲကောင်တွေကို ကိုယ်တိုင်အမဲလိုက်နိုင်မှာလဲ။ အတန်းတက်တဲ့စာမေးပွဲဆိုတာက နောက်တစ်ကြိမ် ထပ်ပြီ နှစ်ခေါက်တိတိ ဖြေရဦးမှာပါ။

၀မ်သုန့်ကတော့ ခါးသီးမှုအပြည့်နဲ့ ပြုံးနေခဲ့ပါတယ်။

” ပြောကြည့်ပါဦး ဒီအတန်းတက်တဲ့ စာမေးပွဲမှာ ငါရွေးချယ်ခံရမယ်လို့ထင်လား ”

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” ဘယ်လိုထင်လဲအတန်းခေါင်းဆောင်၀မ် ”

စိတ်ဖိစီးနေတဲ့၀မ်သုန့်က ထရပ်လိုက်ပါတယ်။

” မင်းနဲ့စကားပြောရတာ အသုံးမ၀င်ဘူး…အခန်းကိုပြန်ပြီ လေ့ကျင့်ရအောင် တစ်ရက်ပိုပြီး လေ့ကျင့်တာကလဲ တစ်ရက်ပဲပေါ့ ငါတို့တွေ တစ်လပဲအချိန်ရပြီဆိုမှတော့ အဆင့်သုံးဆယ့်ကို အမြန်ဆုံးရောက်မှဖြစ်မယ် ..နေ့တိုင်းဆေးလုံးတွေ ထိုင်၀ါးနေရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး ”

ဟို့ယွိဟောင်က ပြုံးလိုက်ပါတယ်။

” အကယ်၍ ငါတို့တွေ စာမေးပွဲမတိုင်ခင် အဆင့်သုံးဆယ့်ရောက်နိုင်လို့ကတော့ မင်းအနေနဲ့ အများကြီးလွယ်ကူသွားမယ်…မစိုးရိမ်နဲ့ ငါမင်းကို အတန်းတက်တဲ့စာမေးပွဲမှာ ပါ၀င်ဖို့အတွက် အများကြီးထောက်ပံ့ပေးမယ် ”

” ၀မ်သုန့်နဲ့ ဟို့ယွိဟောင် မင်းတို့နှစ်ယောက်နေခဲ့ကြ ”

ကျိုးယိရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါတယ်။

သူတို့နှစ်ယောက်စလုံး ခြေလှမ်းတွေရပ်တန့်လိုက်ပါပြီ။ ကျောင်းသားတွေ ထွက်ခွာသွားပြီတဲ့နောက် ၀မ်ယန်နဲ့ ကျိုးယိက သူတို့ကို ခေါ်လာခဲ့ပါတယ်။

” ဆရာ၀မ်ပြောတဲ့ ကျောင်းခန်းတစ်ခုလုံး အဆင့်တက်တာကို မင်းတို့ဘယ်လိုတွေးထားလဲ ”

ကျိုးယိက မေးလိုက်ပါတယ်။

” ကျွန်တော်ဘာပြောနိုင်မှာလဲ ကျွန်တော်တို့နှစ်ယောက်က အတူတူ အလုပ်လုပ်ကြရုံပေါ့ ဒါနဲ့ရှောင်းရှောင်းကိုလဲ ခေါ်ရဦးမယ် ”

ရှောင်းရှောင်းက သူမရထားတဲ့ ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းပြီသားပါ။ ဒါကြောင့် သူမရဲ့အင်အားကလဲ အများကြီးတိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် အမွှာ၀ိညာဥ်ရှိသူဖြစ်နေခဲ့ပြီ ကျင့်ကြံဆင့်က ၀မ်သုန့်နဲ့ ဟို့ယွိဟောင်လောက်မမြန်ပေမဲ့ အမြန်ဆုံးတွေက တစ်ယောက်ပါပဲ။

၀မ်ယန်လဲ ခေါင်းညိတ်လိုက်ပါတယ်။

” မင်းတို့နှစ်ယောက်က သေချာပေါက် ဒီတစ်ကြိမ်မှာ ပါ၀င်ရမှာပဲ ငါတို့တွေ စာမေးပွဲရဲ့ အဓိက အသေးစိတ်အချက်အလက်တွေကို မသိသေးဘူး…ဒါပေမယ့် နောက်လမှကြိုးစားကြ ယွိဟောင် မင်းဒုတိယ၀ိညာဥ်စက်ကွင်းကိုရဖို့ ပြဿနာရှိလား ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” မရှိပါဘူးဆရာ ”

၀မ်ယန်အနေနဲ့ သူ့ကိုမေးခွန်းထုတ်လာမှာ ကြောက်လန့်နေဆဲပါ။ ဒါက အလိမ်အညာတွေကို ထုတ်ပြမိသားဖြစ်သွားနိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ၀မ်ယန်က နောက်ထပ် မမေးလာခဲ့ပါဘူး။ ဟို့ယွိဟောင်ကို စိတ်ချရအောင်သာ လုပ်နေခဲ့ရတယ်။

ကျိုးယိက ပြောလာခဲ့ပါတယ်။

” နောက်နှစ်မှာ သင်ကြားရမဲ့ကိစ္စတွေက ပိုပြီး ပြင်းထန်လာလိမ့်မယ်…ဒါကြောင့် တခြားကိစ္စတွေအများကြီး ပြောမနေချင်ဘူး..မင်းတို့ မြန်မြန်ပြန်ကြ အတန်းခေါင်းဆောင်တွေအနေနဲ့ မင်းတို့နှစ်ယောက် စောစောပြန်လာကြဖို့မျှော်လင့်ကြပါတယ်….စောစောပြန်လာနိုင်လေ ကောင်းလေပဲ ငါနဲ့ဆရာ၀မ်က စာမေးပွဲရဲ့ ပါ၀င်ရမဲ့ကိစ္စကို ကျောင်းမစခင် ဆယ့်ရက်အလိုထဲက သိထားရတယ်…ဒါကြောင့် မင်းတို့အနေနဲ့ ပြန်လာချိန်မှာ စောစောပြင်ဆင်နိုင်တာပေါ့ ”

” ဟုတ်ကဲ့ပါဆရာ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်လဲ ခေါင်းညိတ်လိုက်ပါတယ်။

” သွားကြတော့ ”

” ဆရာကျိုးနဲ့ ဆရာ၀မ် နှုတ်ဆက်ပါတယ် ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ တလေးတစား ပြောလိုက်ကြပြီတဲ့နောက် သူတို့ထွက်ခွာလာပါတော့တယ်။ အားလပ်ရက်က စတော့မှာ ဖြစ်ပေမဲ့ ကျောင်းတော်ကနေ မထွက်ခွာချင်သေးပါဘူး။ အဆုံးသတ်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က မူလအစီအစဥ်တွေ ရှိနေပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အချိန်အများစုကို လေ့ကျင့်ချင်တာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရှောင်းရှောင်းက ပေ့ပပေ့နဲ့ ထန်ယာ့ကို ခေါ်လာရင်း သူတို့ကို အပြင်မှာစောင့်နေခဲ့ပါတယ်။ ဟို့ယွိဟောင် မနေ့ညက ပြောခဲ့တဲ့စကား တကယ်အမှန်အတိုင်းဖြစ်လာခဲ့ပါပြီ။ သူတကယ်ပဲ လူတိုင်းကို ငါးကင်ကျွေးရပါတော့တယ်။

သူတို့ ငါးယောက်အတွက် အစားအသောက်က အကန့်အသတ်မရှိပါဘူး။ ဟို့ယွိဟောင်က ဆရာတူအစ်ကိုကြီး ဟယ့်ချိုက်ထို့ကိုပါ ခေါ်လာခဲ့ပါတယ်။ သူတို့ခြောက်ယောက်စုစည်းသွားချိန်မှာတော့ ပိုလို့တောင် တက်ကြွလှုပ်ရှားလာခဲ့ပါပြီ။ ညနက်တဲ့အထိကို ပျော်ပျော်ကြီးစားသောက်ရင်း ကစားနေခဲ့ကြပါတယ်။ ဟို့ယွိဟောင်နေနဲ့လဲ သူဘယ်လို၀ိညာဥ်စက်ကွင်းကိုရယူမဲ့အကြောင်း ဘယ်သူကိုမှ မပြောခဲ့ပါဘူး။

နောက်နေ့မနက်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ပင်လယ်နတ်ဘုရားရေကန်ရဲ့ဘေးကို လျှောက်သွားခဲ့ကြပါတော့တယ်။ သူတို့တွေမှာ သိမ်းဆည်းရေး၀ိညာဥ်လက်နက်တွေ ရှိနေခဲ့တဲ့အတွက် ဘာပစ္စည်းကိုမှယူသွားစရာမလိုပါဘူး။ နှစ်ယောက်စလုံးလဲ အေးအေးဆေးဆေးနဲ့သာ အရှေ့ကို လျှောက်လာခဲ့ကြတယ်။

ပင်လယ်နတ်ဘုရားရေကန်ဘေးမှာတော့ မြူခိုတွေက အပြည့်အ၀ရှိနေဆဲပါ။ ဒါ့အပြင် လေအေးအေးကလဲ သူတို့ခန္ဓာကိုယ်တွေကို ဖြတ်သန်းတိုက်ခတ်နေရင်း စိုစွတ်နေစေခဲ့ပါတယ်။

ရေကန်ရဲ့လမ်းက အတော်ကို ရှည်လျားပေမဲ့ အဆုံးသတ်လေ့ရှိနေခဲ့သေးတယ်။ မနက်ခင်းနေရောင်ခြည်ထွက်ပေါ်လာချိန်မှာတော့ ရေငွေ့တွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

” ငါသွားတော့မယ်…ဒါပေမယ့် စောစောပြန်လာမှာပါ ပြန်လာမှတွေ့မယ် ”

၀မ်သုန့်က ပြောပြီတာနဲ့ ဟို့ယွိဟောင်ဘက်ကို လှည့်လာခဲ့ပါတယ်။ ဟို့ယွိဟောင် ၀မ်သုန့်ကို မြင်ချိန်မှာတော့ သူ့ရဲ့မျက်လုံးထောင့်မှာ ကြည်လင်နေတဲ့မျက်ရည်တွေ စီးဆင်းပြီလင်းလက်နေတာကို မြင်လိုက်ရပါတယ်။

လွန်ခဲ့တဲ့ ဆယ့်တစ်လမှာ သူတို့နှစ်ယောက်က အချိန်တိုင်းလိုလိုနေ့နေ့ညည အတူတူရှိနေခဲ့တာပါ။ မခွဲနိုင်မခွာရက်ဖြစ်နေကြတာ မဟုတ်ပေမဲ့ သူငယ်ချင်းကောင်းတွေပါပဲ။ တစ်ယောက်နဲ့တစ်ဟောက် ခွဲခွာရတော့မယ်လို့ သိရချိန်မှာတော့ ဒီလိုခံစားချက်က လည်ပင်းတွေကိုတောင် ဆို့နစ်လာစေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီခံစားချက်က သိပ်ပြီ မကြာမြင့်ခဲ့ပါဘူး။ ခွဲခွာမှုက ယာယီဖြစ်တာကြောင့်ပါ။

အဲ့ဒီနောက် ၀မ်သုန့်က ကျောင်းတော်အပြင်ကို ပြေးထွက်လို့သွားပါတော့တယ်။ သူလှည့်တောင်မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် မျက်လုံးထောင့်ကနေ မျက်ရည်တွေကတော့ ဆက်တိုက်စီးကျနေခဲ့ပါတယ်။ စိတ်ထဲမှာတော့ သူဆက်တိုက်ဆိုသလို ကျိန်ဆဲနေခဲ့မိတယ်။

” ဟို့ယွိဟောင် ဒီငတုံးကတော့လေ ”

ဟို့ယွိဟောင်အနေနဲ့လဲ ၀မ်သုန့်ပြေးနေတာကိုကြည့်ရင်း မျက်လုံးတွေကို ပွတ်နေခဲ့မိပါတယ်။ အဲ့ဒီနောက် သူလဲ ကျောင်းတော်ရဲ့ တံခါးဆီကို ရောက်သွားခဲ့ပါပြီ။

” ဆရာရှောင်ယာ့ ဆရာတူအစ်ကိုကြီး ဆရာတူအစ်ကိုကြီးဟယ့် ဆရာကျိုး ဆရာဖန်းယွီ ဆရာ၀မ် ကျွန်တော်အခုသွားတော့မယ်…ကျွန်တော်ပြန်လာတဲ့အချိန် အားလုံးကို အံ့ဩစေရမှာပါ ကျွန်တော်ကျိန်ဆိုခဲ့တဲ့ ကိစ္စကိုကျွန်တော်မမေ့ပါဘူး..ကျွန်တော်ရဲ့ အဖြူရောင်၀ိညာဥ်စက်ကွင်းကို အထင်သေးခဲ့တဲ့ဘယ်သူမဆို အနာဂတ်မှာ အဖြူရောင်ကိုမြင်တိုင်း ထိတ်လန့်စေရမယ်..ကျွန်တော် အမြန်ဆုံးပြန်လာပါ့မယ် ”

အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ ကျောင်းတော်ရဲ့ ညာဘက်ကို ဦးတည်ပါတော့တယ်။ မျက်တောက်တစ်ခတ်အတွင်းမှာပဲ ကျောင်းတော်ရဲ့ မူလလမ်းမကြီးပေါ်ကနေ ပြေးလွှားနေရင်း ညာဘက်ဆီကို လျှောက်လာခဲ့ပါပြီ။ ဆယ့်နှစ်နှစ်အရွယ် ဟို့ယွိဟောင်က နာကျင်မှုတွေကို အတော်လေး ထိန်းချုပ်ရလွယ်ကူပါတယ်။ နှစ်နာရီတိတိ ပြေးလွှားနေခဲ့ပြီတဲ့နောက် သူ့ရဲ့စိတ်က ခပ်မြန်မြန်ပဲ ပျော်ရွှင်လို့လာပါတော့တယ်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သူတောင်စားတစ်ယောက်လိုမျိုး မြို့စားအိမ်တော်ကနေ ထွက်ခွာလာခဲ့တဲ့လူငယ်လေး ဖြစ်ခဲ့ဖူးပါတယ်။ တစ်နှစ်ကြာပြီတဲ့နောက် သူမက ၀ိညာဥ်စက်ကွင်းတစ်ကွင်းကိုသာ ရရှိပေမဲ့ ၀ိညာဥ်မဟာပညာရှင်ဖြစ်ဖို့အတွက် တစ်လှမ်းသာလိုတော့တဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် သူက အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်လဲ ဖြစ်နေခဲ့ပါသေးတယ်။ တစ်ချိန်ထဲမှာပဲ စိတ်ထဲမှာ သတင်းအချက်အလက်တွေက အများကြီးရှိနေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ ကျောင်းတော်ထဲမှာ အများကြီးတိုးတက်ခဲ့ပြီ ​ပြောင်းလဲနိုင်ခဲ့ပါတယ်။ တစ်နှစ်သာရှိသေးပေမဲ့ သူ့ရဲ့အရိုးတွေအသားတွေက ခွာချခံလိုက်ရသလို ပြောင်းလဲသွားခဲ့ပါပြီ။ ဒါကိုဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ပါဘူး။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်တို့ မြောက်ဖက်ကိုရောက်ဖို့ ဘယ်လောက်တောင် ဦးတည်ရဦးမှာလဲ ”

အတိတ်အချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အိပ်စက်ရတာကို နှစ်သက်ပါတယ်။ ပြောရမယ်ဆိုရင် ဟို့ယွိဟောင်ကို တစ်လကျော်အထိတောင် စကားမပြောပါဘူး။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားတွေ အဆင့်နှစ်ဆယ့်အထိ တိုးတက်ပြီမှသာ အိပ်မက်ထဲကနေ နိုးလာသလိုမျိုး နိုးထလာပါတော့တယ်။ မမျှော်လင့်ထားစရာကောင်းလောက်အောင်ပဲ အစောပိုင်းတုန်းက ပေါ်လာဖူးတဲ့အကြီးအကဲကတော့ တိတ်ဆိတ်လို့နေခဲ့တယ်။ မီးခိုရောင်ပုလဲလုံးလေးက ဘယ်လိုမှကို လှုပ်ရှားမှုမလုပ်ခဲ့ပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ သူ့ရဲ့နတ်အသိပညာက မကြာခင်မှာ ဖျက်ဆီးခံလိုက်ရတော့မှာ ဖြစ်နေတယ်လို့ ပြောနေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ဒီနတ်အသိပညာက ပျောက်ကွယ်သွားနိုင်မလား သူ့ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ကျန်ရှိနိုင်မလားဆိုတာ မသိနိုင်ခဲ့ပါဘူး။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ပျင်းရိတဲ့အသံက ထွက်ပေါ်လာခဲ့ပါတယ်။

” မြောက်ဖက်ကိုသာ ဆက်သွားနေလိုက် သေချာပေါက် မင်းလမ်းမှန်ပေါ်မှာရောက်နေတယ်..ဒီလမ်းကအတော်ရှည်တယ်…ကျောင်းတော်ထဲမှာ ဆက်တိုက်ပြေးပြီးလေ့ကျင့်နေခဲ့တာမလား လက်ရှိအရှိန်နဲ့ သွားမယ်ဆိုရင် ဆယ့်ရက်အတွင်း ငါတို့လိုချင်တဲ့နေရာကို ရောက်မှာပါ ”

” ဟမ်း ဆယ့်ရက်လား ”

ဟို့ယွိဟောင် ​မေးလိုက်ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်တို့ဘယ်သွားနေတာလဲ ကျွန်တော်တို့တွေ မြောက်ဘက်ဘယ်လောက်အထိ ဝေးဝေးကိုသွားမှာလဲ ကျွန်တော်လက်ရှိအရှိန်က မနှေးကွေးဘူးနော် အစွမ်းကုန်တစ်နေကုန်ပြေးနေမယ်ဆိုရင် ကျွန်တော်သေချာပေါက် မိုင်တစ်ထောင်လောက်ကို သွားနိုင်မှာပဲ အနည်းဆုံးမိုင်ရှစ်ရာလောက်တော့ သေချာတယ်….ဆယ့်ရက်လောက်အထိ ပြေးပြီဆိုရင် သေချာပေါက် အဲ့ဒါမိုင်ရှစ်ထောင်ကနေ မိုင်တစ်သောင်း ဖြစ်သွားမှာလေ ”

” ဒါပေါ့ အဲ့ဒီနေရာက အဲ့ဒီလောက်ဝေးတာပဲ ငါ့ရဲ့ အရင်အိမ်အဟောင်းဖြစ်တဲ့ သော့်လော့တိုက်ရဲ့ မြောက်၀င်ရိုးစွန်းကို ဦးတည်နေတာလေ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ပုံမှန်အသံနဲ့သာ ပြောနေခဲ့ပါတယ်။

” မမေ့နဲ့ဦး အဲ့ဒီနေရာက ငါအရင်းနှီးဆုံးနေရာပဲ ”

ဟို့ယွိဟောင်က ပဟေဠိဖြစ်နေခဲ့တာကြောင့် မေးလာခဲ့ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် အရမ်းဝေးလွန်နေတယ်မဟုတ်ဘူးလား ကျွန်တော်ပြန်လာရင် စာမေးပွဲဖြေရဦးမှာ အချိန်မီပြန်ရောက်ဖို့ နောက်ကျလွန်မနေဘူးလား အဲ့ဒီနေရာကပဲ အစ်ကိုကြီးသိတဲ့စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်သားရဲကောင်တွေ ရှိနေတာလား ”

အပိုင်း ၃၉•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset