Switch Mode

Chapter – 38.3

ဟို့ယွိဟောင်က အဆင့် ၁.၅ ၀ိညာဥ်လက်နက်ပညာရှင်လား

အပိုင်း ၃၈•၃

” ဟို့ယွိဟောင် အဆင့် ၁•၅ ၀ိညာဥ်လက်နက်ပညာရှင်လား ”
°°°
လွန်ခဲ့တဲ့ရှစ်လမှာ ဟို့ယွိဟောင်အနေနဲ့ တတ်နိုင်သလောက်စွမ်းအားတွေကို အသုံးပြုပြီး ကျင့်ကြံခဲ့ပါတယ်။ လက်ရှိအနေအထားမှာ သူကထိုက်ဟွပင်းကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်နေပါပြီ။ ဒါပေမယ့် အမုန်းတရားတွေကတော့ ပြေပျောက်သွားတာ မဟုတ်ပါဘူး။ ပိုလို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်လို့သွားခဲ့တာပါ။ ဒီအမုန်းတရားတွေက နှလုံးသားထဲမှာ အရမ်းကို နက်နက်နဲနဲ အမြစ်တွယ်နေခဲ့ကြတာကြောင့် ဘယ်လိုများ အလွယ်လေး ပျက်စီးသွားနိုင်မှာလဲ။

ထိုက်ဟွပင်းရဲ့ ၀ိညာဥ်စွမ်းအားတွေက ဘယ်လောက်မြင့်တက်လာလဲဆိုတာကို မရှင်းလင်းသေးပါဘူး။ အခုအချိန်မှာ အဆင့်သုံးဆယ့်သုံး၀န်းကျင်ရှိနေခဲ့မယ်လို့ ထင်ခဲ့မိပါတယ်။ ဒီအဆင့်က အဆင့်သုံးဆယ့်သုံးကို ဖြတ်ကျော်ပြီ အဆင့်လေးဆယ့်နီးပါးရောက်ချိန်မှာ ပြဿနာရှိလာနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အကယ်၍ သူသာ အတန်းနံပါတ်တစ်က ကန်ထုတ်ခံရပြီ အပြင်းအထန်မကျင့်ကြံမှာ အံ့ဩစရာကောင်းနေဦးမှာပါ။

၀မ်သုန့်က ပြုံးနေပေမဲ့ ဘာမှမပြောပါဘူး။ သူ့ကိုယ်တိုင်ကလဲ အတော်လေး ယုံကြည်ချက်ရှိနေပုံပေါ်ပါတယ်။

သူတို့တွေ ဆယ့်မိနစ်ကြာပြီချိန်မှာတော့ အခန်းကိုရောက်ခါနီးလာပါတော့တယ်။ တကယ်တော့ ဒီလိုကြာအောင်အချိန်ဆွဲထားပြီ လျှောက်လာခဲ့တာပါ။ ၀မ်သုန့်က ရုတ်တရက်ပြောလိုက်တယ်။

” ငါတို့တွေ ပင်လယ်နတ်ဘုရားရေကန်အနား ခဏလောက်ထိုင်ရအောင် မင်းအနေနဲ့ ဒီလိုမျိုး အေးအေးဆေးဆေးနေဖို့ လွယ်တာမဟုတ်ဘူး…မင်းရဲ့ငါးကင်တွေ ငါမစားရတာလဲကြာပြီ ”

ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

” ငါဘာမှမပြင်ဆင်ထားရသေးဘူး အကယ်၍ မင်းစားချင်တယ်ဆိုရင် ငါစောစောစီးစီးကထဲက ပြင်ထားမှပေါ့ ”

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့ခေါင်းပေါ်မှာ ထီးကိုမိုးပေးထားရင်း သူပြုံးနေခဲ့ပါတယ်။

” ဒီမှာစောင့်နေဦး ”

သူပြောပြီတာနဲ့ အခန်းကို ပြန်ပြေးသွားပါတော့တယ်။ မကြာခင်အချိန်မှာ အပြာရောင်လက်ကောက်တစ်ကွင်းနဲ့အတူ ပြန်လာပါတော့တယ်။

” သွားကြစို့ ”

” မင်းအစကထဲက ကြံစည်ထားတာပေါ့ ”

ဟို့ယွိဟောင်က မျက်လုံးပြူးသွားပါတော့တယ်။

“‘ငါအစတုန်းက ညမှာမှပြင်ဆင်ထားပြီ ညလယ်ခေါင်ပျော်စရာလေး လုပ်မလို့ ဒါပေမယ့် မင်းစောစောပြီးလာမယ်လို့ ငါမထင်ထားခဲ့မိဘူး…ကောင်းတာပေါ့ ငါတို့တွေ တခဏတာလောက် အပန်းဖြေလိုက်ရအောင် ပြောရမယ်ဆိုရင် အကယ်၍ မင်းဒီနေ့ ငါ့ကိုဗိုက်ပြည့်အောင် မကျွေးလို့ကတော့ အိပ်ဖို့မစဥ်းစားနဲ့ ”

ဟို့ယွိဟောင်က ရယ်မောလိုက်ပါတယ်။

” ကောင်းပြီ ပစ္စည်းတွေ အလုံအလောက်ရှိနေတယ်ဆိုရင်တော့ သေချာပေါက် မင်းမလုပ်နိုင်တော့အထိ ၀အောင်ကျွေးပေးရမှာပေါ့ ”

အောက်ဖက်မှာကတော့ အိပ်မပျော်သေးတဲ့ အဘိုးကြီးက မျက်လုံးအပြူးသားဖြစ်လာခဲ့ရပါတော့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ပြေးလွှားနေတာကို ကြည့်ရင်း သူရယ်မောပြီ တွေးမိပါတော့တယ်။

” အရင်တုန်းက ဘယ်လောက်များတဲ့ မိန်းကလေးတွေ ငါ့ကို ဒီစကားပြောခဲ့ကြတာလဲ ဒါ့အပြင် သူတို့တွေအဲ့ဒီလိုပြောတဲ့အချိန်တိုင်း ငါကသာ သူတို့ကို ၀အောင်ကျွေးတဲ့သူဖြစ်ခဲ့တာလေ ဒီကလေးနှစ်ယောက်က တကယ်စိတ်၀င်စားစရာပါပဲလား ”

ပင်လယ်နတ်ဘုရားရေကန်ဘေးမှာ ပျော်ပျော်ရွှင်ရွှင်ပြေးလွှားနေပြီတဲ့နောက် ၀မ်သုန့်က ဟို့ယွိဟောင်ကို မီးမွှေးခိုင်းပါတော့တယ်။ မိုးကရွာနေတာ အရမ်းမသဲခဲ့ပါဘူး ဒါကြောင့် ထီးအောက်မှာ မီးဖိုပြီ ငါးကင်ဖို့က အဆင်သင့်ဖြစ်နေခဲ့တယ်။ သူတို့တွေ တခဏတာ ကြိုးစာပြီးတဲ့နောက် မီးက စတင်ပြီတောက်လောင်လာခဲ့ပါပြီ။ မီးခိုနံ့က လေထဲမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လို့လာခဲ့ရင်း မိုးရဲ့အနံ့ကိုတောင် ဖုံးလွှမ်းသွားမတတ်ဖြစ်လာခဲ့ပါတော့တယ်။

မြူခိုတွေကလဲ ရေကန်ရဲ့ထိပ်မှာ ပေါ်လာခဲ့ပါပြီ။ ဒီအေးစက်ပြီ စိုစွတ်တဲ့ရေကန်ကြီးက လက်ရှိအချိန်မှာတော့ မီးဖိုကြောင့် အနည်းငယ်နွေးထွေးလို့လာပါတော့တယ်။ သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြတယ်။ မီးပုံရဲ့အလင်းအောက်မှာ နွေးထွေးတဲ့ခံစားချက်ကြောင့် ပြုံးပြလိုက်မိပါတယ်။

မီးဖိုကိုပြင်ပြီတဲ့နောက် ငါးအစိမ်းတွေကို စပြီ အာရုံစိုက်မှုအပြည့်နဲ့ ကင်ပါတော့တယ်။ လက်ရှိအချိန် သူ့ရဲ့အာရုံစူးစိုက်မှုက ၀ိညာဥ်လက်နက်တွေကို တည်ဆောက်တဲ့အချိန် အာရုံစူးစိုက်မှုထက် မနည်းခဲ့ပါဘူး။

၀မ်သုန့်ကတော့ ထီးကိုကိုင်လျက်ရပ်နေဆဲပါ။ ငါးတွေကိုကြည့်မဲ့အစား ဟို့ယွိဟောင်ရဲ့မျက်နှာကိုသာ သူကြည့်နေခဲ့ပါတယ်။ အေးစက်တဲ့လေ ပူနေတဲ့မီးဖိုနဲ့ ရွှေရောင်တောက်နေတဲ့ငါးတွေက မွှေးပျံ့တဲ့အနံ့တွေကို စတင် ထုတ်လွှတ်ပါတော့တယ်။ ၀မ်သုန့်က ဟို့ယွိဟောင်ကိုကြည့်ရင်း သူ့အနေနဲ့ ဒီမြင်ကွင်းကို ဘယ်တော့မှမေ့နိုင်မှာမဟုတ်မှန်း သိနေခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်ကတော့ သူဘာသာသူ ငါးကင်နေရင်းနဲ့သာ အလုပ်များနေခဲ့တာပါ။

နောက်ဆုံးမှာတော့ ပထမဆုံးကင်ပြီတဲ့ငါးကို ၀မ်သုန့်ဆီ ပေးလိုက်ပါတော့တယ်။

” ပူတုန်းလေး စားလိုက် ”

၀မ်သုန့်က ယူရင်း စားပါတော့တယ်။ သူတို့တွေ ဒီငါးကင်ကို မစားရတာ အတော်ကြာနေခဲ့ပါပြီ။ ဒါကြောင့် သူမျက်လုံးတွေတောင် နီရဲလို့လာပါတော့တယ်။ ငါးကင်ပြီတဲ့နောက် ဟို့ယွိဟောင်က ပြောလိုက်တယ်။

” ငါးကင်အကြောင်းပြောရရင် ငါတို့ ဆရာရှောင်ယာ့ ဆရာတူအစ်ကိုကြီးနဲ့ ရှောင်းရှောင်းတို့ကိုပါ ခေါ်သင့်တယ်မလား ”

” မရဘူး ဒီနေ့မင်းက ငါ့အပိုင်ပဲ ”

၀မ်သုန့်က ပြောလိုက်ပါတယ်။

ဟို့ယွိဟောင်က ၀မ်သုန့်ကို လှည့်ကြည့်လိုက်မိတယ်။ ၀မ်သုန့်ရဲ့ ခေါင်းမာတဲ့ မျက်နှာကိုမြင်လိုက်ချိန်မှာကတော့ သူကြောင်အလို့သွားခဲ့ပါတယ်။

” ဒီနေ့ မင်းကင်သမျှ ငါးတွေအကုန်လုံး ငါစားမယ်လို့ ပြောတာ ”

၀မ်သုန့်က ချက်ချင်းဆိုသလို ပြန်ပြောပါတော့တယ်။

မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးနဲ့ မီးပုံကတော့ သူ့ရဲ့နီရဲနေတဲ့မျက်နှာကို ပိုပြီး ထင်ထင်ရှားရှား ထင်ဟပ်စေနေခဲ့ပါပြီ။ အဲ့ဒီနောက် သူတို့တွေ ငါးကင်ကို ဆက်တိုက်စားနေခဲ့ကြရင်း ဘယ်လောက်တောင် ကြာသွားမှန်းလဲတောင်မသိတော့ပါဘူး။ ဗိုက်ပြည့်တဲ့အချိန်မှသာ အခန်းကို ပြန်သွားကြပါတော့တယ်။

အခန်းထဲပြန်ရောက်ချိန်မှာတော့ ဟို့ယွိဟောင်က မာကျောတဲ့ အိပ်ယာပေါ်မှာ လှဲချရင်းနဲ့ ပြောလာခဲ့တယ်။

” ဗိုက်ပြည့်သွားတာ ကောင်းလိုက်တာ ငါမနက်ဖြန် တစ်နေ့လုံး အပျင်းတစ်ဖို့ စိတ်ကူးထားတယ်…ဒီနေ့တော့ ကောင်းကောင်းအိပ်ဦးမယ်…မင်းပြောတာ မှန်တယ် တစ်ခါတလေမှာ နားတာကောင်းတာပဲ ”

” မရဘူး အခုချက်ချင်းထပြီ လေ့ကျင့်ကြမယ် ”

၀မ်သုန့်က သူ့ကိုအတင်းဆွဲထူးရင်းနဲ့ ပြောလာခဲ့ပါတယ်။

” မင်းအဲ့ဒီလို လုပ်လို့မရဘူးလား ”

ဟို့ယွိဟောင်က ငြီးငြူးပါတော့တယ်။

” ငါဒီလောက် နောက်ကျမှ နားရတာတင် ခက်ခဲလွန်နေပြီ ”

၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။

” ငါတို့သဘက်ခါကျရင်း ခွဲရတော့မှာလေ ဒီတော့ ကျန်ရစ်တဲ့အချိန်ကို လေ့ကျင့်သင့်တာပေါ့ မင်းဟောင်သုန့်စွမ်းအားသာ မရှိဘူးဆိုရင် ကြိုက်သလောက်ပျင်းနေလို့ရတယ်…ဒါပေမယ့် အခုမှထပြီ လေ့ကျင့်ကြရအောင် ”

” ကောင်းပါပြီ ”

ဟို့ယွိဟောင်လဲ ထလာခဲ့ပါတယ်။ ဒါပေမယ့် သူတင်ပလ္လင်ခွေထိုင်ပြီ လေ့ကျင့်တော့မဲ့အချိန်မှာ ၀မ်သုန့်က ရုတ်တရက်ပြောလာခဲ့တယ်။

” ဒီဖက်လာလိုက် ငါတို့တွေ ခွဲရတော့မယ်ဆိုမှတော့ ဒီအိပ်ယာပေါ်လာပြီ ထိုင်ခွင့်ပြုလိုက်မယ် ”

ဟို့ယွိဟောင် မျက်လုံးပြူးသွားခဲ့ပါတယ်။ အဲ့ဒီနောက် ကောက်ကျစ်မှုအပြည့်နဲ့ ပြုံးလိုက်ရင်း ၀မ်သုန့်ရဲ့ အမွေးပွအိပ်ယာဆီကို ကြည့်နေခဲ့တယ်။ အဲ့ဒီနောက် လိမ်လိမ်မာမာလေး ခုန်တက်လို့လာခဲ့ပါပြီ။

” ဒီအတိုင်းလာလို့ရမယ်လို့ ဘယ်သူပြောလဲ အ၀တ်အစားအသစ်ပြန်သွားလှဲလိုက် ”

၀မ်သုန့်က အော်လိုက်ပါတော့တယ်။

ဒါပေမယ့် ဟို့ယွိဟောင်ကတော့ တင်ပလ္လင်ခွေချိတ်ပြီ ထိုင်နေခဲ့ပါပြီ။

” မင်းတကယ်အကျင့်ဆိုးတွေ ရှိနေတာပဲ မြန်မြန်လေး နေမထွက်ခင် စလိုက်ရအောင် ”

ဟို့ယွိဟောင်ပြောတာကို ကြားပြီတဲ့အချိန်မှာ ၀မ်သုန့်လဲ မကျေမနပ်နဲ့ တင်ပလ္လင်ခွေချိတ်ရင်း ထိုင်လိုက်ပါတော့တယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကို ပေါင်းစည်းရင်း စတင် လေ့ကျင့်ကြပါပြီ။ သူတို့တွေ မျက်လုံးမှိတ်လိုက်ချိန်မှာတော့ နှစ်ယောက်စလုံးရဲ့ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။

နောက်တစ်နေ့မနက် သူတို့နိုးနိုးချင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့စိတ်တွေ လန်းဆန်းနေခဲ့တာကို ခံစားလိုက်မိပါတယ်။ မနေ့ညတုန်းက ငြိမ်ငြိမ်ချမ်းချမ်း ကုန်ဆုံးခဲ့လို့ပါ။ ဒီနေ့ကတော့ သူတို့အနေနဲ့ ပထမနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့ အားလပ်ရက်တွေကလဲ စတင်တော့မှာပါ။

မနက်စာစားပြီတဲ့နောက် အတန်းကိုဦးတည်ကြပါတော့တယ်။ ဖန်းယွီက ဟို့ယွိဟောင်ကို အားလပ်ရက်ပေးလိုက်ပြီဖြစ်တာကြောင့် ဒီနေ့၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကို သွားစရာမလိုတော့ပါဘူး။ ကျောင်းတော်ထဲ၀င်ရောက်ပြီချိန်ကထဲကစပြီ ဆယ့်တစ်လက ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီနေ့လောက် သက်သောက်သက်သာ ဖြစ်နေတာမျိုး မရှိခဲ့ပါဘူး။ ဒီလိုအရမ်းအေးဆေးတဲ့ ခံစားချက်က သူ့ကို နွေးထွေးပြီ သက်သောက်သက်သာ ရှိစေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ ဒီနေ့ဘာကိုမှ ဂရုမစိုက်ဖို့ ဆုံးဖြတ်လို့ထားခဲ့ပါတယ်။ ကောင်းကောင်းနားပြစ်မှာပါ။

ကျိုးယိနဲ့ ၀မ်ယန်တို့က အတန်းထဲကို လျှောက်လာခဲ့ပါတယ်။ ဒါပေမယ့် ကျိုးယိက ဘယ်နေရာမှာမဆို ရပ်နေလိုက်တိုင်း အတန်းထဲမှာ အခြေအနေက တည်ငြိမ်တယ်ဆိုတာထက်ကို ပိုတဲ့ အနေအထားမှာ ရောက်နေခဲ့ပါတယ်။ ဒီနေ့လဲ ချွင်းချက်မရှိခဲ့ပါဘူး။ မနက်ဖြန် အားလပ်ရက် စမှာဖြစ်တာတောင် ဘယ်သူကမှ ဒီတောင်ကြာပန်းကို သွားပြီမထိပါး၀ံ့ပဲရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူမသာ ရုတ်တရက်ဒေါသထွက်လာလို့ကတော့ ဘယ်သူမှထိန်းချုပ်လို့ မရနိုင်မှန်း သိနေခဲ့တယ်။

၀မ်ယန်က စင်ပေါ်ကို တက်သွားခဲ့ပါပြီ။ ကျိုးယိက အတန်းကိုအနောက်ကနေကြည့်နေရင်း ခုံအလွတ်တစ်လုံးပေါ်မှာ ထိုင်နေခဲ့ပါတယ်။

” ကျောင်းတော်သားတို့ ဒီနေ့မင်းတို့ရဲ့ ပထမနှစ်နောက်ဆုံးသင်ကြားမှုပါ ကျောင်းတော်အနေနဲ့ မင်းတို့အတွက် ဘာအလုပ်တာ၀န်ကိုမှ ပြင်ဆင်မပေးထားဘူး..ဒါကြောင့် ခွဲခွာတဲ့စကားတစ်ချို့ကို ပြောပြမယ်…ဒါပြီရင် မင်းတို့တွေ ပြန်ပြီအထုပ်တွေသိမ်းနိုင်ပြီ ”

၀မ်ယန် ပြောလိုက်ချိန်မှာ အတန်းတစ်ခုလုံးက ပျော်ရွှင်သွားကြပါတော့တယ်။ ကျိုးယိ ရှိနေတာကိုတောင် အာရုံမစိုက်နိုင်တော့ပါဘူး။ အားလုံးက အိမ်ကိုပြန်ချင်နေကြပါပြီ။ ဘယ်သူကများ မိဘဆွေမျိုးတွေနဲ့ ပြန်ပြီမတွေ့ချင်ပဲနေမှာလဲ။ မိဘဆွေမျိုးတွေမရှိတဲ့သူကတော့ ချွင်းချက်တစ်ခုဖြစ်နေတာပေါ့ ”

၀မ်ယန်က ပြုံးလိုက်ပါတယ်။

” မင်းတို့တွေ ဒီနှစ်မှာတကယ်ကို ကြိုးစားခဲ့ကြတယ်…ငါသင်ကြားဖူးတဲ့ အတန်းတွေထဲမှာအထူးချွန်ဆုံးအတန်းဖြစ်တဲ့အတွက် ငါ ဂုဏ်ယူမိတယ်…ကျိုးယိနဲ့ ငါရဲ့ကိုယ်စားမင်းတို့အားလုံးကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ပါတယ် ..ဒါ့အပြင် မင်းတို့ရဲ့ကြိုးစားအားထုတ်မှုက ငါတို့အတန်းနံပါတ်တစ်ကို တောက်ပစေတယ် ”

” ဒါပေမယ့် ”

၀မ်ယန်ရဲ့ လေသံက ပြောင်းလဲသွားခဲ့ပါပြီ။

” တခြားကျောင်းတော်တွေနဲ့မတူပဲ ငါတို့ကျောင်းတော်မှာ နောက်ဆုံးစာမေးပွဲဆိုတာ မရှိဘူး..ဒါကြောင့်သာ အားလုံးကို ငါသိစေချင်တာရှိတယ်…မင်းတို့တွေ ဒုတိယနှစ်ကျောင်းတော်သားတွေအဖြစ် နောက်နှစ်မှာစပြီ သင်ယူဖို့အတွက် အရည်အချင်းရှိမရှိ စမ်းသပ်ရလိမ့်မယ်…ဒါကြောင့်သာ မင်းတို့တွေ အိမ်ပြန်တဲ့အချိန်မှာ အေးအေးဆေးဆေး မနေရမှာပဲ နောက်လမှာမင်းတို့တွေ အများကြီး ကြိုးစားရလိမ့်မယ်…ဒါမှသာ ကျောင်းတော်မှာ နောက်နှစ်အတွက် လေ့ကျင့်သင်ကြားနိုင်ဖို့အတွက် နည်းလမ်းရှိလာမှာ မင်းတို့တစ်ယောက်ချင်းဆီတိုင်းကို ငါတကယ်စိတ်ထဲကနေ အလေးထားပါတယ်…ဒါကြောင့်သာ နောက်နှစ်မှာ မခွဲခွာချင်သေးဘူး ”

” အခုတော့ အဆင့်တက်တဲ့စာမေးပွဲရဲ့အဓိကအချက်တွေကို ​ပြောပြမယ်…မင်းတို့တွေဒါကို သေချာမှတ်ထားမှရမယ်…ပထမဆုံးအနေနဲ့ အဆင့်တက်တဲ့စာမေးပွဲမှာ အရည်အချင်းသတ်မှတ်ချက်မလိုအပ်ဘူး…သူက မင်းတို့ရဲ့ အကြွင်းမဲ့အင်အား ဒါမှမဟုတ်ရင် မင်းတို့ရဲ့၀ိညာဥ်စွမ်းအားကို စမ်းသပ်တယ်…အကယ်၍ မင်းသာ ဒုတိယနှစ်မှာ ဆက်ပြီ သင်ကြားချင်တယ်ဆိုရင် သေချာပေါက် အဆင့်နှစ်ဆယ့်ကို ရောက်ရှိနေရမယ်…အကယ်၍ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းကို စာမေးပွဲစစ်တဲ့အချိန်မှာ မရသေးဘူးဆိုရင် နောက်နှစ်ပြန်ကိုမလာနဲ့တော့ မင်းတခြားပြိုင်ပွဲတွေကို ဘယ်လောက်ပဲတော်နေပါစေ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းမရှိလို့ကတော့ ဘာမှအသုံးမ၀င်နိုင်ဘူး…ဒီစည်းမျဥ်းကို ကျောင်းတော်က ဘယ်သူအတွက်မှလဲ ပြောင်းလဲမပေးထားဘူး ဒါကြောင့် အကယ်၍ မင်းက အဆင့်နှစ်ဆယ့်မရောက်သေးဘူးဆိုရင် အသက်နဲ့ရင်းပြီတော့ကို လေ့ကျင့်ပေးတော့ တစ်ချိန်ထဲမှာပဲ ဒုတိယ၀ိညာဥ်စက်ကွင်းကို ရောက်ရှိပြီ ၀ိညာဥ်မဟာပညာရှင်လဲ ဖြစ်လာရဦးမယ် ”

” ဒါပေမယ့် ၀ိညာဥ်စက်ကွင်းတစ်ကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်လာရုံနဲ့ စာမေးပွဲအောင်မယ်လို့လဲ အာမခံချက်ရှိမနေခဲ့ဘူး…ဆရာကျိုးနဲ့ ငါတောင်မှ ဒီတစ်ခေါက် စမ်းသပ်ပွဲရဲ့ အချက်အလက်တွေကို သိမထားဘူး..ဒါပေမယ့် ငါရဲ့အတွေအကြုံတွေအရ ပြောနိုင်တယ် ..ဒုတိယနှစ်ရဲ့ အဆင့်တက်ရမဲ့စာမေးပွဲမှာ ကျောင်းသားတိုင်းက ဆရာတွေရဲ့ ကြီးကြပ်မှုအောက်မှာ သက်တမ်းနှစ်တစ်ရာရှိတဲ့ ၀ိညာဥ်သားရဲကောင်ကို စိန်ခေါ်ရမယ်…ဒါကိုမှတ်ထား မင်းတစ်ယောက်ထဲပဲ လုပ်ရမှာ…ဘယ်ပြင်ပအကူအညီမှမပါရဘူး..အကယ်၍ ကြီးကြပ်တဲ့ဆရာက မင်းကို ကူညီရမယ်ဆိုရင် ပြိုင်ပွဲက ပြီးပြီပဲ ဒါ့အပြင် အဲ့ဒီစမ်းသပ်ချက်က ကျောင်းတော်ထဲမှာ အဓိက အများဆုံးအသုံးပြုတဲ့ စမ်းသပ်ချက် မင်းအနေနဲ့ ဒီစမ်းသပ်ချက်ကို မင်းရဲ့ကိုယ်ပိုင်းစွမ်းအားနဲ့ ဖြတ်ကျော်နိုင်တယ်ဆိုရင် ဂုဏ်ယူရလိမ့်မယ်..ဒါပေမယ့် ပိုပြီး ခက်ခဲတဲ့အရာကတော့ ကံတရားအင်အားနဲ့ ဉာဏ်ပညာတွေကို ကောင်းကောင်းအသုံးချဖို့လိုတာပဲ အဲ့ဒီလိုမျိုး ခက်ခဲတဲ့စမ်းသပ်ချက်တွေကလဲ အတန်းကြီးတွေထဲမှာသာ ကြုံတွေ့နိုင်တာပါ တစ်ချိန်ထဲမှာပဲ လက်ရှိအချိန် မင်းတို့ကျော်ဖြတ်ရမဲ့ အဆင့်တက်တဲ့စာမေးပွဲက မင်းတို့တစ်ယောက်ချင်းဆီတိုင်းရဲ့ ဆက်နွယ်နေရုံတင်မကဘူး…ငါတို့အတန်းနဲ့လဲ ဆက်နွယ်နေတယ်…အတန်းနံပါတ်တစ်အနေနဲ့ ဒီစမ်းသပ်ချက်ကို အောင်မြင်ပြီရင်း နောက်ထပ်အပိုတစ်ခုလဲ ကြုံရဦးမယ် ”

အပိုင်း ၃၈•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset