အပိုင်း ၃၈•၂
” ဟို့ယွိဟောင်က အဆင့် ၁•၅ ၀ိညာဥ်လက်နက်အတတ်ပညာရှင်လား ”
°°°
သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ကြည်လင်ပြီပြတ်သားတဲ့ သုံးဖက်မြေပုံရိပ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့်သာ ဘယ်တော့မှ အမှားမလုပ်ပဲနဲ့ အပြည့်အ၀ကို အတိအကျဖန်တီးနိုင်ခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ လေးနက်ပြီ အာရုံစူးစိုက်နိုင်စွမ်းနဲ့ ယှဥ်လိုက်မယ်ဆိုရင် ပထမဆုံးဗျူဟာကို မှတ်မိပြီ ဖန်တီးနိုင်ဖို့အတွက် တစ်လအချိန်သာ ကြာမြင့်ခဲ့ပါတယ်။
နောက်တစ်နည်းအရပြောရမယ်ဆိုရင် အဆင့်တစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့ ခုနှစ်လသာ ကြာမြင့်ခဲ့ပါတယ်။
အဲ့ဒီအချိန်ကထဲက ဖန်းယွီက သူ့ကိုပြောခဲ့ပြီသားပါ။ နေလတိုက်ရဲ့ မှတ်တမ်းမှာ ဘယ်လိုရှိမလဲမသေချာပေမဲ့ ဟို့ယွိဟောင်ကတော့ အမြန်ဆုံးအဆင့်တစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာသူဖြစ်ခဲ့ပါတယ်။ ဒါကလဲ နိုင်ငံတော်သုံးခုလုံးရဲ့ သမိုင်းတစ်လျှောက်မှာ အမြန်ဆုံးသူပါ။ ဟယ့်ချိုက်ထို့က တစ်နှစ်နဲ့လေးလအချိန်ကိုယူပြီ ဒီအဆင့်ကိုရောက်ဖို့ကြိုးစားခဲ့ရတဲ့အတွက် ဖန်းယွီအနေနဲ့တောင် အဲ့ဒီအချိန်မှာ အတော်လေးကို အံ့ဩခဲ့ရပါတယ်။ ဒါပေမယ့် ဟို့ယွိဟောာင်က ဟယ့်ချိုက်ထို့ရဲ့ မှတ်တမ်းတင်ထားခဲ့တဲ့ အချိန်တစ်၀က်ကိုသာ ကုန်ဆုံးခဲ့တာပါ။
ဟို့ယွိဟောင်က သူ့ရဲ့သင်ကြားသင်ယူမှုတွေအားလုံးမှာ အရမ်းကို ဂရုစိုက်ပြီ အလေးထားပါတယ်။ ဖန်းယွီရဲ့ အမြင်အရ သူနဲ့ပတ်သက်လာပြီဆိုရင် ခြောက်သွေ့ပြီ မှောင်မိုင်နေတယ်ဆိုတာ ဘာကိုပြောမှန်းသိပုံမပေါ်ပါဘူး။ တစ်ပုံစံထဲတူညီတဲ့ အဆင့်တစ်ရဲ့ဗျူဟာတွေကိုရာနဲ့ချီအောင် ထွင်းထုခဲ့ပြီ ပုံမှန်ပစ္စည်းကနေ ပုံမှန်သတ္ထုပစ္စည်းကနေ အသုံး၀င်တဲ့လက်နက်တစ်ခုဖြစ်လာအောင် ပြောင်းလဲခဲ့ပါတယ်။
နောက်တစ်နေ့ကြာပြီချိန်မှာတော့ ဟို့ယွီဟောငိက အဆင့်နှစ်ဗျူဟာတစ်ခုကို ဗဟိုချက်ကောင်းကောင်း ဖန်တီးနိုင်နေပါပြီ။ သူအောင်မြင်သွားခဲ့ပြီ တကယ်ကို အောင်မြင်သွားခဲ့ပြီ။ ဖန်းယွီအနေနဲ့ ဒါကိုခန့်မှန်းမိခဲ့ပေမဲ့ လက်ရှိအချိန်မှာ သူ့တပည့်သားက သူမျက်စိရှေ့မှာ အောင်မြင်သွားတာကိုကြည့်ရင်း အတော်ကို မယုံနိုင်ဖြစ်နေခဲ့ပါတယ်။ သန်မာတဲ့ဆရာတွေက ရှာတွေ့ဖို့ခက်ခဲပေမဲ့ ပါရမီရှိတဲ့ကျောင်းသားတွေကလဲ ထပ်တူညီမျှစွာ တွေ့ဖို့မလွယ်ပါဘူး။ ဒါ့အပြင် ပါရမီရှိပြီ ကြိုးစားမှုက နှစ်ရာ ရာခိုင်နှုန်းအထိရောက်နေတဲ့ တပည့်သားကတော့ ပိုရှာတွေ့ဖို့ခက်ပါတယ်။ ဖန်းယွီက အရမ်းကို တင်းကြပ်တဲ့ဆရာတစ်ယောက်ဖြစ်ပေမဲ့ ဟို့ယွိဟောင်နဲ့ ပတ်သက်လာရင်း အမှားအယွင်းလေးကို တစ်ခုလေးမှရှာမတွေ့နိုင်ခဲ့ပါဘူး။ ဒါ့အပြင် အဆင့်နံပါတ်နှစ်ရဲ့ ဗျူဟာကိုဖန်တီးတာက အဆင့်နံပါတ်တစ်ထက်ကို သုံးဆမက ပိုမိုခက်ခဲပါတယ်။ လိုအပ်ချက်ကလဲ အရမ်းကို မြင့်မားနေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ အောင်မြင်မှုက ကံတရားဆိုတာ ပါ၀င်မနေခဲ့ပါဘူး။ သူက အရာအားလုံးကို သူကြိုးစားမှုနဲ့သာ ဖန်တီးခဲ့တာပါ။
ဖန်းယွီက ဟယ့်ချိုက်ထို့ကို လက်ဝှေ့ရမ်းပြရင်း ဟို့ယွိဟောင်ကို သွားခွင့်ပြုလိုက်ပါတော့တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ ဒီတပည့်သားနဲ့ပတ်သက်ပြီ ဂုဏ်ယူ၀ံ့ကြွားမှုတွေအပြည့် ရှိနေခဲ့ပါပြီ။ ဟို့ယွိဟောင်က သူ့ရဲ့ဆယ့်နှစ်နှစ်မြောက်မွေးနေ့ကို မကြာသေးခင်အချိန်ကပဲ ဖြတ်ကျော်လာခဲ့တာပါ။ လက်ရှိအချိန်မှာ ကျောင်းတော်ကို၀င်ရောက်လာချိန်တုန်းကထက် ခေါင်းတစ်လုံးပိုမြင့်နေခဲ့ပါပြီ။
ဒါ့အပြင် ထိပ်တန်းအစားအသောက်တွေကို စားသုံးနေရတာကြောင့် အရင်ကထက်လဲ ပိုပြီး အာဟာရပြည့်လာခဲ့ပါတယ်။ ငါးလတာကြာအောင် အဆုံးစွန်းအထိ ခန္ဓာကိုယ်လေ့ကျင့်မှုကြောင့် ခန္ဓာကိုယ်ကလဲ အရင်ကထက်ပိုပြီး သန်မာကြံ့ခိုင်လွန်လှပါတော့တယ်။ ဟယ့်ချိုင်ထို့တို့လို ကြွက်သားတွေအများကြီးမထွက်နေပေမဲ့ အတော်လေးကို မာကျောတဲ့ပုံစံပေါက်လာခဲ့ပါတယ်။ သူ့ကြွက်သားတွေရဲ့ တည်ဆောက်မှုက သိသာထင်ရှားလို့နေခဲ့ပါပြီ။ အတော်လေးကို လှပတဲ့ကောင်ကြောင်း ရှိရုံတင်မက ကွေးနိုင်ကျုံ့နိုင်စွမ်းကလဲ ကောင်းမွန်နေခဲ့ပါတယ်။ အ၀တ်ချွတ်လိုက်မယ်ဆိုရင် သူက ခုန်အုပ်တော့မဲ့ ကျားသစ်တစ်ကောင်လို ရှိနေခဲ့တယ်။ ဒါ့အပြင် အကြည့်ကလဲ အရင်ကထက်ပိုမိုတည်ငြိမ်လာခဲ့ပြီ ဆုံးဖြတ်ချက်ကလဲ ပြတ်သားနေခဲ့ပါတယ်။ ထိုင်နေချိန်မှာတောင်ကျောက မားမတ်နေခဲ့ပြီ ကိုယ်ဟန်ကလဲ အတော်ကို ကောင်းမွန်ပါတယ်။
ဖန်းယွီက သူ့တပည့်သားနှစ်ယောက်ကို ကြည့်လိုက်တယ်။
” မင်းတို့တွေ ထိုင်လိုက်ကြဦး ယွိဟောင် မင်းရဲ့ပြီးပြည့်စုံတဲ့ ဗဟိုချက်ကိုပေးလိုက် ဒါက မင်းလုပ်ထားတဲ့ ပထမဆုံးအဆင့်နှစ်၀ိညာဥ်လက်နက်ပဲ အတွင်းခွံနဲ့ အပြင်ခွံကို ငါကူညီပြီ ဖန်တီးပေးမယ် ..ဒါ့အပြင် မင်းရဲ့ အောင်မြင်မှုအတွက် လက်ဆောင်ပဲ ”
” ကျေးဇူးတင်ပါတယ်ဆရာ ”
ဟို့ယွိဟောင်က ပြုံးပြရင်းနဲ့ ပြန်ဖြေလာခဲ့ပါတယ်။ အဲ့ဒီနောက် ဗဟိုချက်ကို ဖန်းယွီဆီ ကမ်းပေးလိုက်တယ်။
ဖန်းယွီက ဆက်ပြောပါတယ်။
” မကြာခင်မှာ အားလပ်ရက်က စတော့မယ်..မင်းတို့နှစ်ယောက် ဘာလုပ်ဖို့စိတ်ကူးထားလဲ ”
ဟယ့်ချိုက်ထို့ကတော့ ရူးကြောင်ကြောင်ပုံစံနဲ့သာပြုံးနေခဲ့ပါတယ်။
” ဆရာကျွန်တော်က မိဘမဲ့လေ ဒီတော့ ကျောင်းတော်ထဲမှာပဲ နေပြီဆက်တိုက်လေ့ကျင့်ရမှာပေါ့ ကျွန်တော်ရဲ့ ညီလေးက အများကြီးမြန်မြန်ဆန်ဆန် တိုးတက်လာပြီဆိုမှတော့ ကျွန်တော်ကြောက်တောင်ကြောက်နေပြီ နောက်နှစ်မှာသေချာပေါက် အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင် ဖြစ်လာမှရမယ်..ကျွန်တော်အမြင်မှာ သူကျွန်တော်ကို အမီလိုက်လာဖို့ ဘယ်လောက်မှမလိုတော့ဘူးပဲ “‘
ဖန်းယွီက ပြုံးပြနေခဲ့ပါတယ်။
” မင်းအဲ့ဒီလောက်အထိ နှိမ့်ချနေဖို့မလိုပါဘူး….အရှေ့ကိုပိုပြီးသွားလေလေ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့ ခရီးလမ်းက ပိုခက်ခဲလေးပဲ မင်းရဲ့ ဆရာတူညီလေးက ကြောက်စရာကောင်းလွန်လှတဲ့ ပါရမီကို ပိုင်ဆိုင်ထားပြီ ဒီဗျူဟာတွေကို ဖန်တီးရေးဆွဲတဲ့နေရာမှာ အတော်ကို အသေးစိတ်တိကျလွန်တယ်…ဒါပေမယ့် လက်ရှိအချိန်မှာ သူ့ရဲ့ကျင့်ကြံဆင့်က မမြင့်တက်နိုင်သေးဘူး…အကယ်၍ သူသာ ပိုမြင့်တဲ့ဗျူဟာတွေကို ဖန်တီးသင့်တယ်ဆိုရင် ပထမဆုံးအနေနဲ့ ကျင့်ကြံဆင့်ကို မြင့်တင်မှရလိမ့်မယ်..မဟုတ်ရင် အပြီးသတ်မှာ အသုံးချနိုင်ဖို့လုံလောက်တဲ့၀ိညာဥ်စွမ်းအားရှိမှာ မဟုတ်ဘူး..ယွိဟောင် ဒါက မင်းလုပ်သင့်တဲ့အရာပဲ လက်ရှိအချိန်မှာ ကျင့်ကြံဆင့်ကို တိုးတက်စေဖို့အတွက်ကြိုးစားသင့်တယ်…အကယ်၍ ငါသာ အမှတ်မမှားဘူးဆိုရင် မင်းရဲ့၀ိညာဥ်စွမ်းအားက အဆင့်နှစ်ဆယ်ကို ရောက်သင့်ပြီမဟုတ်လား ငါမင်းကို မဟာကြယ်တာသစ်တောဆီ ခေါ်သွားမယ်…လိုအပ်တဲ့၀ိညာဥ်စက်ကွင်းကို ရယူစေနိုင်ဖို့အတွက် ငါကူညီပေးမယ် ”
ဟို့ယွိဟောင်ရဲ့ကျင့်ကြံဆင့်က အဆင့်နှစ်ဆယ့်ကို ရောက်ရှိနေပါပြီ။ ဒါက အမှန်ပါပဲ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်လတုန်းက ရောက်ရှိခဲ့တာပါ။ ရှစ်လတာလုံးလုံး ဆက်တိုက်ဆိုသလို သူလေ့ကျင့်ခဲ့ပါတယ်။ ဒါ့အပြင် ဟောင်သုန့်စွမ်းအားရဲ့ အကူအညီပေးမှုကြောင့် တိုးတက်မှုကလဲ မြန်ဆန်ခဲ့ပါတယ်။
အဆင့်နှစ်ဆယ့်ကို ရောက်ပြီချိန်မှာတော့ အားလပ်ရက်တွေရဖို့ အချိန်တစ်ချို့ကို ကျန်နေဆဲပါ။ ဒါကြောင့်သာ ၀မ်ယန်က သူ့ကို အကြုံပြုခဲ့တယ်။ ၀ိညာဥ်စက်ကွင်းတစ်ကွင်းကိုရဖို့ အလောမကြီးပါနဲ့တဲ့ အဲ့ဒီအစား ဟို့ယွိဟောင်ကို ဆက်တိုက်လေ့ကျင့်ဖို့သာ တွန်းအားပေးနေခဲ့ပါတယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ ၀ိညာဥ်လက်နက်ပညာရှင်တွေရဲ့ ကျင့်ကြံမှုက သူတို့ရဲ့၀ိညာဥ်စက်ကွင်းကို ရရှိမှုကြောင့် နှောင့်နှေးစေလို့မဖြစ်ပါဘူး။ အဲ့ဒီအစား ဆက်တိုက်ဆိုသလိုတိုးတက်အောင်ကြိုးစားနေရမှာပါ။ နောက်တစ်နည်းအားဖြင့် ဟို့ယွိဟောင်အနေနဲ့ အဆင့်နှစ်ဆယ့်ကို တက်ပြီတဲ့နောက်မှာ ဆက်ပြီးတိုးတက်လာဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သူသာ ဒုတိယ၀ိညာဥ်စက်ကွင်းကို ရရှိသွားတာနဲ့ ဆက်တိုက်ဆိုသလိုပေါက်ကွဲပြီ တိုးတက်တော့မှာပါ။
ဒါကြောင့်သာ ဟို့ယွိဟောင်က ဆက်တိုက်လေ့ကျင့်နေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ကျင့်ကြံဆင့်ကလဲ အရမ်းကို မြန်မြန်ဆန်ဆန် မြင့်တက်နေခဲ့တယ်။ ဟောင်သုန့်စွမ်းအားနဲ့ ဟို့ယွိဟောင်ရဲ့ အကူအညီကြောင့် မြင့်တက်နှုန်းက နှစ်ဆဖြစ်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ရှစ်လမှာ သူ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်နှစ်ဆယ့်ရှစ်အထိကို ရောက်ရှိသွားပါတော့တယ်။ ၀မ်သုန့်ရဲ့တွက်ချက်မှုအရ ဒီနှစ်နွေရာသီမှာ ၀ိညာဥ်စက်ကွင်းသုံးကွင်းပါတဲ့ ၀ိညာဥ်ပညာရှင်အဖြစ် တိုးတက်တော့မှာပါ။ ဒီကျင့်ကြံဆင့်ကလဲ လူတွေအများကြီးကို ထိတ်လန့်စေခဲ့ပါတယ်။
ဟို့ယွိဟောင်က အဓိကတပည့်သားတွေရဲ့ အခွင့်ထူးခံကို ရရှိထားတာကြောင့် အစားအသောက်တွေတင် အကန့်အသတ်မရှိ ရရှိနိုင်တာ မဟုတ်ပါဘူး။ အတွင်းနယ်မြေရဲ့ဆရာတွေကလဲ သူတို့ဆီ အပတ်တိုင်းလာရောက်ရင်း ညွှန်ကြားချက်တွေ ပြသပါတယ်။ သူ့လိုလူအတွက် ဒီလိုမျိုးအခွင့်အရေးကို ရရှိနိုင်တာက သူများတွေထက်ကို မနည်းပါးခဲ့ပါဘူး။
” ဆရာ မလိုပါဘူး ကျွန်တော်က လူသစ်တွေရဲ့စာမေးပွဲမှာ ချန်ပီယံဖြစ်ထားတာကြောင့် ကျွန်တော်ရလာတဲ့ ဆုတွေထဲမှာ တစ်ခုက ကျွန်တော်နဲ့အသင့်တော်ဆုံး ၀ိညာဥ်စက်ကွင်းတစ်ခုကို ရယူနိုင်ဖို့အတွက် ဆရာတစ်ယောက်ကို အကူအညီတောင်းရမှာပါ ဆရာက လေ့လာမှုတွေနဲ့ အလုပ်များနေတယ်မဟုတ်လား ဒီတော့ ကျွန်တော်အတွက် အလုပ်ရှုပ်ခံဖို့မလိုပါဘူး ”
ဖန်းယွီက ရယ်မောလိုက်ပါတယ်။
” ဟုတ်သား ငါမေ့သွားတာ မင်းညွှန်ကြားရေးမှုးသုကို တိုက်ရိုက်သွားရှာပြီ ပြောလိုကိလို့ရတယ်…ဘယ်အချိန်သွားမယ်လို့ စိတ်ကူးထားလဲ ”
” သဘက်ခါလောက် ကျွန်တော်မနက်မှသွားမှာပါ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့ ကျွန်တော် မြန်မြန်ပြန်လာဖို့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်…ကျွန်တော်ရဲ့၀ိညာဥ်စက်ကွင်းကို ရတာနဲ့ ချက်ချင်းပြန်လာမယ် ”
ဖန်းယွီက ခေါင်းညိတ်လိုက်ပါတယ်။
” ယွိဟောင် မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို တိုးတက်အောင်ကြိုးစား အနည်းဆုံးတိုက်ခိုက်ရေးအမျိုးအစားကိုရအောင်လုပ်ခဲ့ ဒါပေမယ့် မင်းရဲ့စိတ်၀ိညာဥ်လေ့ကျင့်မှုက ၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် တိုးတက်တဲ့စွမ်းရည်နဲ့အတူတူ မြင့်တက်လာဖို့ လိုအပ်တယ်…ဒါပေမယ့် လက်ရှိအချိန်မှာ မင်းရသင့်တဲ့ ဘယ်၀ိညာဥ်စက်ကွင်းကိုမှ ငါမပေးနိုင်သေးဘူး…ဒါ့အပြင် မင်းနဲ့သင့်တော်တဲ့ ၀ိညာဥ်စက်ကွင်းဆိုတာက ကံတရားအရ ဖြစ်ပေါ်လာမှာပဲ မင်းရဲ့၀ိညာဥ်လက်နက်တွေ ဖန်တီးမှုအပေါ်မှာလဲ မူတည်လိမ့်မယ် ”
” ကျွန်တော်မှတ်သားထားပါ့မယ် ဆရာ ”
ဟို့ယွိဟောင်က အလေးအနက်ပြောနေခဲ့ပါတယ်။ သူ့အနေနဲ့ ဖန်းယွီကို လိမ်လိုက်တာ ပထမဆုံးအကြိမ်ပါပဲ တကယ်တော့ သူကျောင်းတော်ဆီကို အကူအညီတောင်းဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ သူကိုယ်တိုင်းကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့သာ လုပ်ချင်ခဲ့တာပါ။
နောက်ဆုံးမှာတော့ ၀ိညာဥ်လက်နက်မဟာပညာရှင်တစ်ယောက် ဖြစ်လာပါတော့မယ်။ ဒါပေမယ့် ၀ိညာဥ်မဟာပညာရှင်ဖြစ်ပြီ ဒုတိယသိုင်းပညာ၀ိညာဥ်ကို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကူအညီမပါပဲနဲ့ ဘယ်လိုများနိုးထစေရမှာလဲ။ စိတ်ထဲမှာ တွေးတောနေခဲ့မိတယ်။
ဖန်းယွီက ဆက်ပြောလိုက်ပါတယ်။
” ငါတို့တွေရဲ့ အားလပ်ရက်စတော့မယ်ဆိုတော့ မင်းအနေနဲ့ဆက်ပြီ အလုပ်မလုပ်သင့်တော့ဘူးအခန်းကိုပြန်ပြီ အထုတ်အပိုးတွေ ပြင်ထားလိုက် ဒီရက်ပိုင်းတွေမှာ နားလိုက်ဦး ”
ဟယ့်ချိုက်ထို့လဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဆရာပြောတဲ့နားဆိုတဲ့စကားကို သူ့ဘ၀မှာ ပထမဆုံးကြားဖူးတာပါ။
၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေကနေ ထွက်ခွာလာပြီတဲ့နောက် ကောင်းကင်ကြီးက မှောင်မိုက်လို့နေခဲ့ပါပြီ။ ဒီနေ့ရာသီဥတုက အတော်ကို မကောင်းပါဘူး။ မိုးဖွဲလေးတွေက ဆက်တိုက်ကျဆင်းနေခဲ့ပြီ မိုးသံက ဆောင်းညမှာအတော်ကို အေးစက်လို့နေခဲ့ပါတယ်။
ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ ဒီမိုးကို အဆိုးမမြင်နိုင်ခဲ့ပါဘူး။ အဲ့ဒီအစား စိတ်ကလွတ်လပ်ပေါ့ပါးနေခဲ့ပါတယ်။ မောပန်းမှုတွေအားလုံးကို ဆေးကြောချလိုက်သလိုမျိုး ကြည်လင်လန်းဆန်းလို့သွားခဲ့တယ်။
ထီးတစ်ချောင်းက သူ့ခေါင်းပေါ်ရောက်လာခဲ့ပါပြီ။ ကြည့်လိုက်ချိန်မှာတော့ ပန်းရောင်ဆံပင်တွေကို အရင်ဆုံးမြင်လိုက်ရပါတော့တယ်။ ဒါ့အပြင် ပန်းရောင်နဲ့အပြာရောင်ရောနေတဲ့ မျက်လုံးတွေက ထိတ်လန့်နေတဲ့ပုံစံရှိနေခဲ့တယ်။
” သံမဏိလူသားကြီး ဘယ်သွားမလို့လဲ ”
သူက ဟို့ယွိဟောင်ကို ပြုံးပြရင်းနဲ့ မေးလိုက်တယ်။ ဟို့ယွိဟောင်က သူ့ကိုပြန်ပြီ မေးလိုက်ပါတယ်။
” ဘာလို့လာတာလဲ ”
” မိုးရွာနေတယ်လေ ဒါ့အပြင် ငါတို့က သဘက်ခါမှာ ခွဲရတော့မယ်မဟုတ်လား ဒီတော့ လာကြိုရတာပေါ့ ”
လူငယ်က သူ့ရဲ့ဆံပင်တွေကိုခါရင်းနဲ့ ပြောလာခဲ့ပါတယ်။
ဟို့ယွိဟောင်က ရယ်မောနေခဲ့တယ်။
” မင်းငါနဲ့ မခွဲနိုင်ဘူးမလား ပြန်တွေ့ဖို့တစ်လပဲကြာမှာပါ သွားကြစို့ အခန်းကို အရင်ပြန်ကြမယ်..ငါဒီနေ့အပျင်းတစ်နေတာမဟုတ်ဘူး ဆရာဖန်းယွီက စောစောပြန်ခိုင်းလိုက်လို့ ”
လာကြိုတဲ့သူကတော့ ၀မ်သုန့်ပါပဲ။ ရှစ်လတာကြာအောင် လေ့ကျင့်အောင်မြင်ပြီတဲ့နောက် ၀မ်သုန့်လဲ အရပ်ရှည်လာခဲ့ပါတယ်။ ဟို့ယွိဟောင်လောက် အရပ်ရှည်မလာရုံတင်တစ်ခုပါပဲ။ ဟို့ယွိဟောင်က လက်ရှိအချိန်ထက် အရပ်နည်းနည်းပိုရှည်နေခဲ့ပါပြီ။
သူတို့နှစ်ယောက်က စိုစွတ်တဲ့နယ်မြေကို ဖြတ်လျှောက်လာခဲ့ရင်း အခန်းထဲကို ပြန်လာပါတော့တယ်။ ဟို့ယွိဟောင်က ပုံမှန်အနေအထားမှာ အမြန်ဆုံးနှုန်းနဲ့ ကျောင်းခန်းကိုပြန်မှာပါ။ ဒီနေမှာတော့ သူဖြည်းဖြည်းချင်း ရောက်နေခဲ့ပါတယ်။ မိုးရွာထဲမှာ မြင်နေခဲ့ရတဲ့ မြင်ကွင်းကြောင့် တစ်စုံတစ်ရာထူးခြားနေတာကို ခံစားလိုက်ရတယ်။ ဒါကြောင့် သူတို့နှစ်ယောက်လဲ ဖြည်းဖြည်းချင်းဆိုသလို အသာလျှောက်လာခဲ့တာပါ။
” ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က မင်းကို၀ိညာဥ်စက်ကွင်းတစ်ကွင်းရဖို့ ကူညီပေးမှာလား ”
၀မ်သုန့်က မေးလိုက်ပါတယ်။ ဟို့ယွိဟောင်ကလဲ ခေါင်းညိတ်လိုက်တယ်။
” သေချာတာပေါ့ ငါက သူတို့ရဲ့အတွင်းတပည့်သားပဲကို ”
စိတ်ထဲမှာတော့ ဒီလိုပြောလိုက်မိတဲ့အတွက် တောင်းပန်နေခဲ့မိပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို လျှို့၀ှက်ချက်အဖြစ်ထားဖို့အတွက် သေချာပေါက် လူတိုင်းကို လိမ်နေရမှာပါ။
၀မ်သုန့်က ပြန်ဖြေလိုက်တယ်။
” ငါကတော့ အိမ်ပြန်တော့မယ်…မင်းထက် စောစောလဲ ပြန်ရဦးမယ်..ဒါကြောင့် ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး ငါအဆင့်သုံးဆယ့်မရောက်သေးတာ နှမြောစရာပဲ မဟုတ်ရင် မင်းနဲ့ အတူတူ လိုက်ပြီအမဲလိုက်ပါတယ်..ဒါဆိုရင် ပိုကောင်းမှာပဲ ”
ဟို့ယွိဟောင်က ရယ်မောလိုက်တယ်။
” မကျေမနပ်မဖြစ်ပါနဲ့ ငါတို့တွေ ဟောင်သုန့်စွမ်းအားကို ရထားပြီဆိုမှတော့ ကျင့်ကြံဆင့်ကမြင့်လာတယ်မလား မင်းလိုမျိုး အဆင့်နှစ်ဆယ့်ကို ရောက်နေပြီတဲ့နောက် ဒီလောက်မြန်မြန် တိုးတက်လာတဲ့သူ ရှိဦးမလား မယုံရင် တခြားသူတွေကို မေးကြည့်လိုက်စမ်းပါ ငါတို့တွေ ပြန်လာရင် အဆင့်တက်တဲ့စာမေးပွဲကို ဖြတ်ရမှာပဲ မင်းလဲ အဲ့ဒီအချိန်မှာ အဆင့်သုံးဆယ့်ကို ရောက်နေမှာပဲ ငါလဲ ဒုတိယ၀ိညာဥ်စက်ကွင်းကို ရရောက်ပြီ ဒါပေမယ့် ငါအဆင့်နှစ်ဆယ့်နှစ်လောက်တော့ ရှိနေမယ်ထင်တယ်…အချိန်တွေကုန်လာတာနဲ့အမျှ ငါတို့ဟောင်သုန့်စွမ်းအားရဲ့ အာသားချက်ကလဲ ပိုပြီး ထင်ရှားလာတယ်…ထိုက်ဟွပင်းတို့ကို ငါတို့စတုတ္ထနှစ်မရောက်ခင် အမီလိုက်ရအောင် ”
အပိုင်း ၃၈•၂ ပြီး၏။