Switch Mode

Chapter – 38.1

ဟို့ယွိဟောင်က အဆင့် ၁.၅ ၀ိညာဥ်လက်နက်ပညာရှင်လား

အပိုင်း ၃၈•၁

” အဆင့် ၁•၅ ၀ိညာဥ်လက်နက်ပညာရှင် ”
°°°
ပေ့ပေ့က ခေါင်းညိတ်လိုက်ပါတယ်။

” ငါတို့ရဲ့ညီလေးက ကျောင်းတော်ထဲကို ရောက်တာဘယ်လောက်မှမရှိသေးဘူး…ဒါပေမယ့် အသက်တူရွယ်တူတွေထက် အများကြီးပိုတည်ငြိမ်ပြီ အလုပ်လဲကြိုးစားတယ်…သူ့ရဲ့စိတ်နေစိတ်ထားက နွေးထွေးပေမဲ့ အတော်လေးကို ခေါင်းမာတဲ့သူ ပထမ၀ိညာဥ်စက်ကွင်းကလဲ ဆယ့်နှစ်သက်တမ်းပဲရှိသေးတယ်..ဒါပေမယ့် သူသာ ၀ိညာဥ်လက်နက်ပစ္စည်းတည်ဆောက်ရေးကျောင်းတော်မှာ နေလို့ကတော့ သေချာပေါက် ငါတို့ထန်မျိုးနွယ် ပြန်လည်တည်ထောင်ရေးအတွက် အ​ရေးကြီးတဲ့နေရာမှာ ပါ၀င်လာမှာပဲ ”

ထန်ယာ့က ဆက်ပြောပါတယ်။

” ထန်မျိုးနွယ်က ငါတို့ရဲ့မျိုးဆက်မှာ အတော်လေးကို ဆိုးဆိုးရွားရွားကျဆင်းနေပြီးပြီ နောက်ထပ် ဆက်ပြီမဖွံ့ဖြိုးတော့ဘူးဆိုရင် မကြာခင်တကယ်ကို အဆုံးသတ်သွားတော့မှာပဲ ဒီလိုသာ ဖြစ်လာလို့ကတော့ ငါရဲ့ဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြရမလဲ ၀မ်သုန့် ယွိဟောင်က ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကို ဒီနေ့သွားပြီဆိုမှတော့ မင်းလဲငါနဲ့လိုက်ပြီ ငါတို့ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်နည်းလမ်းတွေကို စပြီသင်ကြားကြည့်ပါလား အဓိက နည်းလမ်းတွေကို ငါမနက်ဖြန်မှာ သင်ကြားပေးမယ်…ဒါ့အပြင် လျှို့၀ှက်လက်နက်တွေအကြောင်းကိုလဲ သင်ကြားပေးရဦးမယ်…သူ့ရဲ့သင်ကြားမှုတွေကတော့ သေချာပေါက် အများကြီးတိုးတက်တော့မှာပဲ ”

၀မ်သုန့်က ထန်ယာ့နဲ့ ပေ့ပေ့တို့ကို ကြည့်ရင်း စိတ်ညစ်သွားပါတော့တယ်။ တကယ်တော့ သူ့စိတ်ထဲမှာ တွေးနေခဲ့တယ်။ ကျွန်တော်က ဟို့ယွိဟောင်လောက် အလုပ်ကြိုးစားတဲ့ပျားမဟုတ်ဘူး။ အလုပ်ကြိုးစားဖို့အတင်းအကြပ်ဖိအားပေးခံထားရတာ သူစိတ်ထဲမှာ အော်ဟစ်နေပေမဲ့ အပြင်ခန္ဓာကိုယ်ကိုတော့ ဟို့ယွိဟောင်လိုပဲ ညလုံးပေါက်မအိပ်မနေလေ့ကျင့်ဖို့အတွက် ခေါ်သွားခံရပါပြီ။ သူလဲ ခါးသီးမှုအပြည့်နဲ့သာ ပြုံးနေခဲ့ရတယ်။

နောက်တစ်နေ့မှာတော့ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းရဲ့ ဆရာတွေက စတင်ပြီ သတင်းထုတ်ပြန်ပါတော့တယ်။ ထိုက်ဟွပင်း ကျုးလု ဟွမ်ချုထျန်းနဲ့ ၀ူဖုန်းတို့က အတန်းနံပါတ်နှစ်ကို ပြောင်းရွေ့ခံလိုက်ရပါပြီ။

အသနားခံစာတွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းတော်က ကျောင်းတော်ပါပဲ။ မင်းဘယ်သူပဲဖြစ်နေပါစေ အားလုံးကသင်ကြားတဲ့အချိန်မှာ အညီအမျှ ဆက်ဆံခံရမှာပါ။ ကျောင်းတော်ရဲ့ပထမဆုံးနဲ့အလေးထားခံရဆုံးသူတွေက ဆရာတွေပါပဲ။ ဒါ့အပြင် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ဆရာ၀မ်ယန်တောင် ရှင်းပြစရာမလိုပဲ အသာအယာဖြေရှင်းပြီသား ဖြစ်သွားခဲ့ပါတယ်။ ကျောင်းတော်သားတစ်ချ်ို့အတန်းနံပါတ်တစ်ကနေ ကန်ထုတ်ခံလိုက်ရပေမဲ့ ကျောင်းတော်ထဲမှာရှိနေပါသေးတယ်။ ဒါ့အပြင် သူတို့လိုမောက်မာတဲ့ အတွင်းတပည့်သားတွေက အခုအချိန်မှာတော့ မလိုလာအပ်တဲ့အရာကြောင့် ဆိုးကျိုးကိုခံစားလိုက်ရပါပြီ။

ဒီလိုကိစ္စဖြစ်ပြီတဲ့နောက် အတန်းနံပါတ်တစ်ရဲ့အခြေအနေက အတော်လေးကို ငြိမ်သက်လို့သွားပါတော့တယ်။ ကျိုးယိကိုမြင်ချိန်မှာ သူတို့တွေ မတုန်လှုပ်ပဲမနေနိုင်ကြပါဘူး။ ဒါ့အပြင် သူမပြောသမျှ အရာအားလုံးကိုလဲ ဘယ်သူမှမဖီးဆန်၀ံ့ပဲရှိနေခဲ့ပါတယ်။ ဒါကိုမြင်ချိန်မှာတော့ ၀မ်ယန်အနေနဲ့ သူမကို လေးစားလို့လာခဲ့ရပါပြီ။ နောက်ဆုံးမှာတော့ အတန်းနံပါတ်တစ်ရဲ့ စာသင်ကြားမှုအခြေအနေက သူသင်ကြားဖူးသမျှ အတန်းတွေအားလုံးထက် ပိုကောင်းပြီ စနစ်ကျတဲ့အခြေအနေကို ပြောင်းလဲလို့သွားပါတော့တယ်။

ဒါ့အပြင် ကျောင်းတော်သားအများစုရဲ့ ကျောင်းတော်မှာ နေထိုင်တဲ့ဘ၀က အတော်လေးကို အေးအေးဆေးဆေး ဖြစ်သွားခဲ့တယ်။ ဒါက ကျောင်းသားအများစုအတွက်ပါပဲ။ ဟို့ယွိဟောင်လိုမျိုး အလုပ်ကြိုးစားတဲ့ပျားလေးတစ်ကောင်အတွက်ကတော့ နေ့စဥ်နေ့တိုင်း အခက်အခဲတွေက ပြည့်နှက်နေဆဲပါ။ လက်ရှိအချိန်မှာ ၀မ်သုန့်ရဲ့အမြင်အတိုင်းသူက တကယ်ကို သံမဏိနဲ့ပြုလုပ်ထားတဲ့လူသားတမျှ ဖြစ်နေခဲ့တယ်။

မနက်မိုးလင်းတာနဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးကို လေ့ကျင့်ပါတယ်။ ဒါ့အပြင် တစ်နေ့တာလုံးအတွက်ကလဲ လေ့ကျင့်မှုတွေက ပြည့်နှက်လို့နေခဲ့တယ်။ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်မှာ တစ်နေ့တာလုံး ဖြတ်သန်းရတာက သူ့အတွက် အလွယ်ကူဆုံးတဲ့အရာဖြစ်နေခဲ့တယ်။ သူ့အနေနဲ့ ဦးနှောက်ကိုပဲ အသုံးပြုဖို့လိုတာပါ။ ဆရာတွေရဲ့ညွှန်ကြားမှုအောက်မှာ နည်းဗျုူဟာတွေ ကျင့်ကြံမှုနည်းလမ်းတွေ ပေါင်းစည်းမှုနည်းလမ်းတွေနဲ့ ၀ိညာဥ်ပညာရှင်တွေ သိသင့်သိထိုက်တဲ့အရာတွေအားလုံးကို သင်ကြားရပါတယ်။

နေ့လည်ထမင်းစားပြီနားချိန်မှာတောင် လုံး၀ အနားမယူပါဘူး။ နေ့လည်စာစားပြီတာနဲ့ ၀မ်သုန့်ကို ဆွဲခေါ်လာပြီ ခဏတာတရားထိုင်လေ့ကျင့်ပါတယ်။ စွမ်းအားတိုးတက်လာရုံတင်မက နေ့လည်ပိုင်းမှာလဲ ကျင့်ကြံဖို့အတွက် နည်းစနစ်တွေကို သူစတင်အသုံးချတယ်။

ကျောင်းပြီသွားတာနဲ့ ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးကျောင်းတော်ဆီသွားပြီ ဖန်းယွီနဲ့ စတင်သင်ကြားပါတယ်။ ညစဥ်ညတိုင်းလေးနာရီတိတိ သင်ကြားရတဲ့ အဲ့ဒီအချိန်တွေက အရမ်းကိုအပင်ပန်းဆုံးပါပဲ။ ဖန်းယွီရဲ့ သင်ကြားမှုနည်းစနစ်က အရမ်းကို တင်းကြပ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့နောက်ဆုံးတပည့်သားအပေါ်မှာ ထားရှိတဲ့အဆင့်အတန်းကလဲ နှစ်ယောက်မရှိအောင်ကို မြင့်မားလွန်းလှတယ်။ ဟယ့်ချိုက်ထို့က ဒီလိုအရာမျိုးကို ပထမဆုံးအကြိမ်မှာကထဲက ကြုံတွေ့ခဲ့ပြီသားပါ။

ဒါပေမယ့် ဖန်းယွီအနေနဲ့ ဟို့ယွိဟောင်လို ထုလေမာလေငါးဖယ်ပုံစံမျိုးနဲ့ ရော်ဘာဘောလုံးကြီးတစ်လုံးလို သည်းခံနိုင်စွမ်းအပေါ် တကယ်ကို အံ့ဩနေခဲ့မိပါတော့တယ်။ သူဘယ်လောက်ပဲ တွန်းအားပေးပါစေ ဒီကလေးက အမြဲကိုကန်ထွက်လာခဲ့တာပါ။ ဖန်းယွီပေးလိုက်သမျှ လုပ်ဆောင်ချက် စေခိုင်းချက်တွေအားလုံးကို ပြီးပြည့်စုံတဲ့ ပုံစံမျိုးနဲ့ ပြီးမြောက်အောင်မြင်ရုံတင်မက သူ့ရဲ့အလုပ်တွေမှာလဲ ပစ်ချက်ကိုရှာလို့မတွေ့ရပါဘူး။ တစ်ခါတစ်လေမှာ ဖန်းယွီကိုယ်တိုင်တောင် တွေးမိတာရှိပါတယ်။ ဟို့ယွိဟောင်ကိုယ့်ကိုကိုယ် အရမ်းမညှာမတာခိုင်းလွန်တယ်ဆိုတာပါပဲ။ ဒါပေမယ့် အဆုံးသတ်မှာ ဟို့ယွိဟောင်က သူ့ခိုင်းလိုက်သမျှ ကိစ္စတွေအားလုံးကို တစ်ချက်လေးတောင် စောဒကပြန်မတက်ပဲ ပြီးမြောက်အောင်မြင်ဆဲပါ။ နောက်ဆုံးမှာ အခန်းကိုမပြန်နိုင်တဲ့အထိ ပင်ပန်းလို့သွားခဲ့တာတောင် တစ်ချက်လေး မငြီးငြူးခဲ့ပါဘူး။ ဖန်းယွီအနေနဲ့ သူ့ကို့ချီပြီခေါ်လာရတဲ့အချိန်တွေတောင် ရှိပါတယ်။ အဲ့ဒီလိုဖြစ်လာရတာတောင်မှ သူတစ်ချက်လေးတောင် မအိပ်ခဲ့ပါဘူး။ အဲ့ဒီအစား ၀မ်သုန့်ကိုအတင်းအကြပ်အကူအညီခိုင်းရင်း တင်ပလ္လခွေချိတ်တဲ့ပုံစံနဲ့ ဟောင်သုန့်စွမ်းအားကို လေ့ကျင့်ပါတော့တယ်။

ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်နည်းလမ်းတွေက လက်နက်ပုန်းတွေနဲ့ အဓိက သက်ဆိုင်တာပါ။ ဟို့ယွိဟောင်က တူထုတဲ့နည်းလမ်းကို စတင်အသုံးပြုချိန်မှာ လေခွဲတူနည်းလမ်းကို အဓိကအသုံးပြုပါတယ်။ ဒီနည်းလမ်းက သူ့ခန္ဓာကိုယ်အောက်ပိုင်းရဲ့ အဓိကအင်အားကို ငှားရမ်းပြီ အပေါ်ပိုင်းမှာ တူထုတဲ့အချိန်လှုပ်ရှားတဲ့ကြွက်သားတွေကို ကူညီပေးပါတယ်။ ဒါ့အပြင် တူထုတဲ့အချိန်မှာ ရိုက်ချက်တစ်ချက်ချင်းဆီတိုင်းကလဲ အစွမ်းတိုးလာခဲ့တယ်။ အားကောင်းသက်သာရုံတင်မက အရည်အသွေးကိုလဲ ကောင်းမွန်စေပါတယ်။ ထန်မျိုးနွယ်က အပြင်ကိုလုံး၀မထုတ်ဖော်တဲ့ နည်းလမ်းတစ်ခုပါ။

ဟို့ယွိဟောင်က ဒီနည်းလမ်းကို သူ့ရဲ့ကိုယ်ပိုင်စိတ်ကိုသာ အသုံးပြုရင်း လေ့ကျင့်ပါတယ်။ ထူးဆန်းကျောက်စိမ်းလက်ကို ဆက်တိုက်အသုံးပြုနေချိန်မှာ လက်၀ါးထဲကနေ တောက်ပတဲ့အလင်းတန်းတွေက ဆက်တိုက်ပေါ်လာခဲ့သလို သူ့ရဲ့အသားအလွှာတွေကလဲ ပုံစံပြောင်းလဲသွားပါတော့တယ်။ အဲ့ဒီနောက် အပေါ်ယံအရေပြားတွေက ကွာကျပြီနောက်ထပ်အရေပြားအသစ်တစ်ခုဖြစ်ပေါ်တယ်။ ဒါပေမယ့် တစ်ရက်လေးတောင် မနားခဲ့သလို ငြီးငြူးတာမျိုးလဲ မရှိခဲ့ပါဘူး။ အဲ့ဒီအစား အတော်ကို ပျော်ရွှင်နေပုံပေါ်ပါတယ်။ အလုပ်ကြိုးစားနေတဲ့ပုံစံက တကယ်သံမဏိလူသားကြီးလိုပါပဲ။

သုံးလကြာပြီတဲ့နောက် ဟို့ယွိဟောင်က စုစုပေါင်းတူထုချက် ဆယ့်ရှစ်ချက်အထိကို ဆက်တိုက်ထုလုပ်နိုင်ခဲ့ပါပြီ။ ငါးလကြာပြီချိန်မှာတော့ သုံးဆယ့်ခြောက်ချက်အထိကို တိုးမြင့်သွားပါတော့တယ်။ ဒီနည်းလမ်းရဲ့အမြင့်ဆုံးအရာကတော့ ဆက်တိုက်တူထုချက် ရှစ်ဆယ့်တစ်ချက်ပါပဲ။ လက်ရှိအချိန်မှာ သုံးဆယ့်ခြောက်ချက်အထိကို ထုနိုင်နေပြီဖြစ်တာကြောင့် ပထမအဆင့်၀ိညာဥ်ဖန်တီးမှုကို ကျော်ဖြတ်လို့သွားပါပြီ။ ဖန်းယွီရဲ့စကားအရ ဆရာထက် တပည့်လက်စောင်းထက်ဆိုတာပါပဲ။

ဟယ့်ချိုက်ထို့က ဒီအဆင့်ကို ဖြတ်ကျော်ဖို့အတွက်တစ်နှစ်လုံးလုံး အချိန်ယူရခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ငါးလသာအချိန်ယူခဲ့ရတယ်။ ထန်မျိုးနွယ်ရဲ့ နည်းလမ်းက အားကောင်းလွန်တာမှန်ပေမဲ့ ဟို့ယွိဟောင်ရဲ့အကြောက်အလန့်ကင်းမဲ့တဲ့ စိတ်ကတော့အဓိကပါပဲ။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဆောင်းဦးကကုန်ဆုံးလို့သွားခဲ့ပြီ ဆောင်းရာသီရောက်ရှိလာပါတော့တယ်။ နောက်တစ်ကြိမ် ဆောင်းရာသီကုန်ဆုံးလို့သွားခဲ့ပြီ နွေဦးရာသီက ရောက်ရှိလာတယ်။ ရှစ်လတာအချိန်ကတော့ ကုန်ဆုံးလို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းအပြင် ထိုက်ဟွပင်းနဲ့ ကျုးလုတို့ကလဲ ပထမနှစ်စာသစ်နှစ်ရဲ့အဆုံးသတ်ဆီကို ရောက်ရှိလို့လာပါတယ်။ ဒါပြီရင်တော့ သူတို့တွေ အနားယူချိန်ကိုရရှိမှာပါ။

နှစ်စဥ်နှစ်တိုင်းကျောင်းတော်က တစ်လတာ အနားယူချိန်ပေးပါတယ်။ ဒီအချိန်က ကျောင်းသားတွေနားပြီ အိမ်ကိုပြန်ရမှာမဟုတ်ပါဘူး။ သူတို့အတွက်တော့ တစ်နှစ်တာလုံး သင်ကြားခဲ့သမျှ ဆယ့်တစ်လတာရဲ့ သင်ယူမှုတွေကို ​ကျေနက်အောင် ချေဖျက်ရမဲ့အချိန်ကာလပဲ ဖြစ်ပါတယ်။ ဒီတစ်လတာ အနားယူချိန်ပေးပြီရင်တော့ သူတို့တွေက အဆင့်တက်တဲ့စမ်းသပ်ချက်ကို ဖြတ်ကျော်ရမှာပါ။ ဒီအဆင့်တက်တဲ့စမ်းသပ်ချက်ကို မဖြတ်ကျော်နိုင်တဲ့ ဘယ်သူမဆို ထုတ်ပယ်ခံရပါလိမ့်မယ်။ ဒါကြောင့်သာ အားလပ်ရက်ပိတ်ရက်ဆိုတာက ကျောင်းသားအများစုအတွက်တော့ အမောပန်းဆုံးနဲ့ စိတ်အညစ်ရဆုံးအချိန်ပါပဲ။ ဘယ်သူက ဒီလိုအချိန်မျိုးမှာ နားနားနေနေ နေနိုင်မှာလဲ။

၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေ ဆယ့်နှစ်။

ဖန်းယွီနဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးက ဟို့ယွိဟောင်ရဲ့ဘေးမှာရပ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကြီးမားတဲ့စာပွဲတစ်လုံးဘေးကို သူတို့ရောက်ရှိနေခဲ့ကြပါပြီ။ ဖန်းယွီက လက်တစ်ဖက်ကို နောက်ပြစ်ထာရင်း ဟို့ယွိဟောင်ရဲ့ လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းကို အာရုံစူးစိုက်ပြီ ကြည့်နေခဲ့ပါတယ်။တခြားတစ်ဖက်မှာ ဟယ့်ချိုက်ထို့ကတော့ လက်တစ်ဖက်ကိုဆုပ်ထားရင် အတော်ကို စိတ်လှုပ်ရှားလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်က လက်ရှိအချိန် စာပွဲရဲ့အရှေ့မှာထိုင်နေရင်း လက်ထဲမှာတော့ အဋ္ဌဂံပုံစံ သတ္ထုတစ်ခုကို ကိုင်ဆောင်လို့ထားခဲ့တယ်။ ဒီသတ္ထုက အခွံမာသီးတစ်လုံးအရွယ်ရှိနေခဲ့တာ​ပါ။ ညာဘက်လက်ကတော့ အရမ်းကို ပါးလျတဲ့ဓားတစ်ချောင်းကို ကိုင်ဆောင်လို့ထားခဲ့ပြီ အစိတ်အပိုင်းတစ်ခုချင်းဆီကို ဖြည်းဖြည်းချင်း ရေးထွင်းနေခဲ့ပါတယ်။

လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းက နှေးကွေးလွန်လှပေမဲ့ လက်တွေကတော့ တည်ငြိမ်နေခဲ့တယ်။ သူလုပ်လိုက်တဲ့လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းကတော့ အရမ်းကိုကြည်လင်ပြတ်သားလို့နေခဲ့ပါပြီ။ အပြာရောင်နဲ့ ရွှေရောင်တွေရောယှက်တောက်ပနေခဲ့တဲ့ သတ္ထုပြားက ထူးဆန်းတဲ့အရှိန်အ၀ါအငွေ့အသက်တွေကို ထုတ်လွှတ်လို့နေခဲ့ပါတော့တယ်။ ဟို့ယွိဟောင်က သူ့ရဲ့ဓားကိုအသုံးပြုပြီး ဆက်တိုက်ဆိုသလို ထွင်းထုလို့နေခဲ့ရင်း ရှုပ်ထွေးတဲ့သင်္ကေတတွေကို ပေါ်လာစေပါတော့တယ်။

ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကလဲ ဖြူဖျော့ဖျော့ ရွှေရောင်အလင်းတန်းနဲ့ တောက်ပလို့နေခဲ့ပြီ အချိန်အကြာကြီး အာရုံစိုက်နေရတာတောင် မျက်တောင်တစ်ချက်မှမခတ်သေးပဲ ရှိနေခဲ့ပါတယ်။ စက္ကန့်ပိုင်း တစ်စက္ကန့်ပြီတစ်စက္ကန့်ကအချိန်တွေ ကုန်ဆုံးလို့သွားပေမဲ့ ခန္ဓာကိုယ်ကတော့ မလှုပ်ရှားပဲ ရှိနေဆဲပါ ရုပ်ထုကြီးတစ်ခုလိုပါပဲ။ လက်ချောင်းတွေကကသာ သေးငယ်တဲ့ဓားလေးကို အသုံးပြုရင်း ဆက်တိုက်ဆိုသလို လှုပ်ရှားလို့နေခဲ့ပါတယ်။ သူ့ရဲ့အရှိန်ကတော့ တစ်စက်လေးတောင် မလျော့ကြသွားခဲ့ပါဘူး။ ဟယ့်ချိုက်ထို့ရဲ့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားတဲ့အလင်းတန်းတွေက ပေါ်ထွက်လို့လာခဲ့ပါပြီ။ ဖန်းယွီရဲ့မျက်လုံးထဲမှာလဲ ထူးဆန်းတဲ့အကြည့်က ရှိနေခဲ့ပါတယ်။ တကယ်တော့ နောက်ပြစ်ထားတဲ့သူ့ရဲ့လက်တွေတောင် လက်သီးဆုပ်နေခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်က သူ့ရဲ့နောက်ဆုံးထွင်းထုထားမှုကို ပြီးသွားပြီ သေးငယ်တဲ့သတ္ထုအပိုင်းအစလေးက သူ့လက်ထဲမှာ ပုံဖော်အောင်မြင်လို့သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူလဲ ရပ်တန့်လိုက်ပါပြီ။ မျက်လုံးထဲမှာရှိတဲ့ ရွှေရောင်အလင်းတန်းကလဲ ပျောက်ကွယ်လို့သွားရင်း မောပန်းမှုက မျက်လုံးပေါ်မှာ အထင်သားပေါ်လာပါတော့တယ်။ ဒါပေမယ့် တောက်ပတဲ့အပြုံးကတော့ ထင်ထင်ရှားရှားရှိနေဆဲပါ။

” ဆရာနဲ့ ဆရာတူအစ်ကိုကြီး ကျွန်တော်အောင်မြင်သွားပြီ အခုအချိန်ကနေစပြီ ကျွန်တော် အဆင့် ၁•၅ ၀ိညာဥ်လက်နက်ပညာရှင်ဖြစ်တော့မှာမလား ”

ဟယ့်ချိုက်ထို့က သူ့ကို ကြည့်ရင်း ပြောလာခဲ့ပါတယ်။

” ယွိဟောင် မင်းတကယ်ကြီး အောင်မြင်သွားတာလား ”

ဟို့ယွိဟောင်က သူ့လက်ထဲမှာကိုင်ထားတဲ့ သတ္ထုလေးခုကို ဖြည်းဖြည်းချင်းမြောက်ပြီ ၀ိညာဥ်စွမ်းအားတစ်ချို့ကို စီးဆင်းစေလိုက်ပါတယ်။ ချက်ချင်းဆိုသလို ကြည်လင်တောက်ပတဲ့ အပြာရောင်အလင်းတန်းက စီးဆင်းလို့လာခဲ့ရင်း တစ်ပေမြင့်မားတဲ့ အလင်းတန်းအဖြစ်ကို ပြောင်းလဲပြီ လေထဲကို မြင့်တက်သွားပါတော့တယ်။ ဒီအပြာရောင်အလင်းတန်းက သေးငယ်ပေမဲ့ ခိုင်ခံ့နေခဲ့ပြီ တစ်စက်လေးမှကို လှုပ်လှုပ်ရှားရှားရှိမနေခဲ့ပါဘူး။ တခြားတစ်ဖက်မှာ သတ္ထုကိုယ်တိုင်ကလဲ အရမ်းကို တောက်ပနေခဲ့ပါတယ်။

“ကောင်းလိုက်တာ တကယ်ကောင်းတာပဲ အရမ်းကောင်းတယ် ”

ဖန်းယွီကတော့ သုံးခွန်းတိတိ ဆက်တိုက်ချီးမွမ်းလာခဲ့ပါတယ်။ အရမ်းကို စိတ်လှုပ်ရှားနေခဲ့တာကြောင့် သူဘယ်လောက်အထိ စိတ်မငြိမ်မသက်ဖြစ်နေလဲဆိုတာ သိနေခဲ့ရပါပြီ။

“‘ယွိဟောင် တော်လိုက်တဲ့ကလေး မင်းက အခုအဆင့် ၁•၅ ၀ိညာဥ်လက်နက်ပညာရှင်မဟုတ်ဘူး…မင်းရဲ့ကျင့်ကြံဆင့်က လိုအပ်တဲ့အဆင့်မရောက်သေးတာ​ကလွဲပြီရင်း ငါပြောနိုင်တာတစ်ခုရှိတယ်..မင်းက လုံး၀ကို အဆင့်နှစ်၀ိညာဥ်လက်နက်ပညာရှင်ပဲ ဒါ့အပြင် သာမန်လူတွေ မျှော်လင့်လို့မရတဲ့ ပါရမီကို မင်းပိုင်ဆိုင်ထားတယ်…အရမ်းလဲကြိုးစားတာကြောင့်လဲပါတာပေါ့ မင်းရဲ့အောင်မြင်မှုမှာ တိုက်ဆိုင်တယ်ဆိုတာမရှိဘူး..ရှစ်လတာလုံးလုံး မင်းရဲ့ သည်းခံမှုနဲ့ ကြိုးစားမှုက နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီ ”

ဟယ့်ချိုက်ထို့ကလဲ သူ့ကိုချီးမွမ်းနေခဲ့ရင်း နောက်ဆုံးမှာဟို့ယွိဟောင်ဆီ ပြေး၀င်ပြီ သူ့ကို လေထဲနောက်တစ်ကြိမ် ပြစ်မြောက်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်လဲ အတော်လေးကို ပျော်နေခဲ့ပါပြီ။ သူ့လက်ထဲမှာရှိနေတဲ့ သတ္ထုလုံးလေးက အဆင့်နှစ်၀ိညာဥ်ပစ္စည်းရဲ့ အဓိကဗဟိုချက်ပါ။

ငါးလတာတိတိ သတ္ထုထုရိုက်မှုကို ပြီးဆုံးခဲ့တဲ့နောက် နောက်တစ်လမှာ ပုံမှန်သွင်းတဲ့အဆင့်ကို ဖြတ်ကျော်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် အပူရှိန်ထိန်းညှိတာနဲ့ အချောကိုင်တာကိုလဲ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဗျူဟာတွေဖန်တီးတဲ့နည်းကို သင်ယူခဲ့ပြီ အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ၀ိညာဥ်လက်နက်တွေ ဖန်တီးတဲ့အဆင့်ကို အောင်မြင်ခဲ့ပါတော့တယ်။

အကယ်၍ ဟို့ယွိဟောင်ရဲ့အစောပိုင်းသင်ကြားတဲ့အရှိန်နှုန်းက မြန်ဆန်တယ်လို့ ပြောလို့ရတယ်ဆိုရင် ဒါကသူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သည်းခံနိုင်စွမ်းကြောင့်ပါ။ ဒါပေမယ့် ၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့နေရာမှာ တကယ်ပါရမီပါတယ်ဆိုတာကို ဗျူဟာတွေထွင်းထုတဲ့အချိန်မှာ ဖော်ထုတ်နိုင်ခဲ့ပါပြီ။

ဟို့ယွိဟောင်က အရမ်းကို တည်ငြိမ်ပြီ မူလပါရမီလဲ ရှိနေခဲ့ပါတယ်။ အဲ့ဒါက သူ့ရဲ့မျက်လုံးတွေပါ ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ စိတ်၀ိညာဥ်မျက်လုံးကို ပေါင်းစည်းပြီတဲ့နောက် တိကျတဲ့အမြင်အာရုံက သာမန်လူတွေထက် အများကြီးကျော်လွန်လို့နေခဲ့ပါတယ်။ ဒါ့အပြင် သေးငယ်တဲ့အမှားလေးတစ်ခုတောင် ပြုလုပ်လို့မရတဲ့ဒီထွင်းထုမှုက သူ့အတွက်အရမ်းကို အဆင်ပြေနေခဲ့တယ်။ သေးငယ်တဲ့အမှားအယွင်းဆိုတာ ဟို့ယွိဟောင်အနေနဲ့ ဘယ်တော့မှကြုံတွေ့ရမှာမဟုတ်ပါဘူး။

အပိုင်း ၃၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset