Switch Mode

Chapter – 37.3

အကာအကွယ် တောင် ကြာပန်း

အပိုင်း ၃၇•၃

” အကာအကွယ်တောင်ကြာပန်း ”
°°°
ဟို့ယွိဟောင်က သူ့ကိုအလေးထားပြီ သေချာစောင့်ကြည့်နေခဲ့ပါတယ်။ ဖန်းယွီက လက်ထဲမှာရှိတဲ့ အမြောက်ကိုဖယ်ပြီ ဖြည်းဖြည်းချင်းဆိုသလို ပြန်သိမ်းလိုက်တယ်။ အဲ့ဒီနောက် သူရှင်းပြပါတော့တယ်။

” ၀ိညာဥ်လက်နက်ကို အဓိက အပိုင်းသုံးပိုင်းခွဲထားတယ်…အပြင်ခွံ အတွင်းခွံနဲ့ အဓိကဗဟိုချက်ပဲ မင်းအခုမြင်လိုက်ရတဲ့အရာက အပြင်ခွံ ဒါ့အပြင် အခိုင်အမာဆုံးနဲ့ အပူဒဏ်ကိုခံနိုင်ဆုံးပစ္စည်းကို အသုံးပြုပြီး အပြင်ခွံကို တည်ဆောက်ရတယ်..ဒါမှသာ ရေရှည်မပျက်စီးနိုင်မှာ တခြားတစ်ဖက်မှာ အတွင်းခွံကတော့ ကွာခြားတယ်…အတွင်းခွံရဲ့အဓိက အရေးကြီးဆုံးလုပ်ဆောက်ချက်က စွမ်းအားကိုစုစည်းပေးတာပဲ ဒါကြောင့်သာ တန်ဖိုးကြီးတဲ့ တပ်ကူပစ္စည်းတွေနဲ့ ပေါင်းစည်းပြီလုပ်ရတာ ဥပမာအားဖြင့် ငွေထည်ပေါ့ တစ်ချိန်ထဲမှာပဲ အတွင်းခွံရဲ့ စွမ်းရည်က ၀ိညာဥ်စွမ်းအားကို ပိုကောင်းစေပြီ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကိုလဲ အဓိကလုပ်ဆောင်ပေးတယ်..ဒါကြောင့်သာ အဆင့်ခုနှစ်အောက်မှာရှိနေတဲ့ ၀ိညာဥ်အတတ်ပညာရှင်တွေက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အနီးကပ်တိုက်ပွဲမှာ အားကောင်းနိုင်တာပဲ နောက်ဆုံးတစ်ခုကတော့ အဓိက အကျဆုံးဖြစ်တဲ့ဗဟိုချက်ပဲ ဒီဗဟိုချက်က တန်ဖိုးအကြီးဆုံးသတ္ထုတွေ ကျောက်မျက်ရတနာတွေကို အသုံးပြုပြီး ဖန်တီးရတယ်…မတူညီတဲ့ ဖန်တီးမှုတွေက ၀ိညာဥ်အဆင့်အတန်းတွေပေါ် မူတည်ပြီပြောင်းလဲနိုင်တယ်…ဒါ့အပြင် ငါတို့တွေအနေနဲ့ အပြင်ခွံနဲ့ အတွင်းခွံကို ထိန်းချုပ်တဲ့ပစ္စည်းတွေကို ပြောင်းလဲနိုင်ပေမဲ့ အဓိကအတွင်းအကျဆုံးအရာကတော့ အ​ရေးကြီးဆုံးပဲ ဒါ့အပြင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့အတွက်လဲ အရမ်းအ​ရေးကြီးတယ် ”

” အဆင့်အတန်းကို ဆုံးဖြတ်တဲ့အချိန်မှာ အဓိကအရေးကြီးဆုံးအခြေအနေကတော့ သူတို့ဖန်တီးပြုလုပ်လိုက်တဲ့ ဗျူဟာပဲ မင်းသာအဆင့်အတန်းတစ်ခုရဲ့ ဗျူဟာကို ဖန်တီးနိုင်ပြီ ကိုယ်ပိုင်၀ိညာဥ်စွမ်းအားကိုလဲ အဲ့ဒီအဆင့်အတန်းကို ရောက်ရှိနေမယ်ဆိုရင် အဲ့ဒီအဆင့်အတန်းရဲ့ အတတ်ပညာရှင်လို့ သတ်မှတ်လို့ရနိုင်တယ် ”

” ပစ္စည်းတစ်ခုရဲ့ဗျူဟာကို ဖန်တီးနိုင်ဖို့အတွက် သင်ကြားတဲ့နေရာမှာ ဖြတ်လမ်းနည်းမရှိဘူး…ဒီဗျူဟာတစ်ခုလုံးကို မှတ်သားပြီ ဦးနှောက်ထဲမှာ အပြည့်အ၀မှတ်မိလို့ ဖန်တီးနိုင်ပြီဆိုရင် သာမန်သတ္ထုပစ္စည်းတွေ ရှိရုံနဲ့ ဆက်တိုက်အသုံးပြုလို့ရတယ်…ဒါမှသာ တိုးတက်နိုင်မှာပဲ ဒီလိုဖန်တီးပြုလုပ်တဲ့နည်းလမ်းတွေကို သင်ကြားပြီးပြီဆိုရင် ကိုယ်တိုင်ဖန်တီးနိုင်ဖို့လဲ အဆင်ပြေသွားလိမ့်မယ်…ဒါမျိုးဖြစ်လာပြီဆိုရင် မင်းရဲ့သင်ကြားမှုကို ပြီးမြောက်ပြီလို့ သတ်မှတ်လို့ရနိုင်တယ် ”

” ဒါ့အပြင် ငါတို့လေ့လာမှုတွေအရ အဓိကအရေးကြီးဆုံးအချက်ကတော့ ဖန်တီးပြုလုပ်ထားတဲ့ ဗျူဟာတွေအပေါ်မှာပဲ မူတည်တာပါပဲ အတွင်းခွံနဲ့ အပြင်ခွံတို့ရဲ့ ဗျူဟာတွေက ပေါင်းစည်းဖို့အတွက်အတော်လေးကို လွယ်ကူတယ်..ချိုက်ထို့က ဒီနယ်မြေမှာ အတော်လေး ပါရမီရှိတယ်..သူအသုံးပြုတဲ့အချိန်မှာ ဘယ်လောက်တောင် သက်သောက်သက်သာရှိနေလဲဆိုတာ ကြည့်တော့ သူ့ရဲ့သက်တူရွယ်တူတွေထဲမှာ မရှိတဲ့ထူးခြားတဲ့ အပြုအမူတွေကိုလဲ ပိုင်ဆိုင်ထားတယ်..ဒါကတော့ အာရုံစူးစိုက်မှုပဲ အကယ်၍ မင်းသာ အသေးစိတ်ကြတဲ့ ဗျူဟာတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် လုံး၀ကို အားရုံစူးစိုက်မှုမရှိလို့မဖြစ်ဘူး ”

” ဒါ့အပြင် အမှားအယွင်းကိုလဲ ပြုလုပ်လို့မရနိုင်တာတော့ မဟုတ်ဘူး…ဒါပေမယ့် အမှားလုပ်နေတာ နည်းလေလေ မင်းရဲ့ဖန်တီးတဲ့လက်နက်က ပိုအားကောင်းလေပဲ ”

ပြောပြီးတဲ့နောက် ဖန်းယွီက ရပ်တန့်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကတော့ အတော်လေးကို စဥ်းစဥ်းစားစားနဲ့ ရှိနေခဲ့ပါပြီ။ ဒါက ဖန်းယွီကိုလဲ ကျေနပ်လို့သွားစေခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းက ဟယ့်ချိုက်ထို့နဲ့ ယှဥ်လို့ရနိုင်တယ်လို့ သူထင်နေခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ မျက်နှာအမူအရာပုံစံအရ ဒီသတင်းအချက်အလက်တွေကို သူက အတော်မှတ်မိနိုင်ပုံပါပဲ။ ၀ိညာဥ်လက်နက်တွေအကြောင်း နားလည်တဲ့သူ့ရဲ့ နားလည်နိုင်စွမ်းက အခြေအနေတစ်ခုကို ရောက်ရှိလို့သွားခဲ့ပါပြီ။

တခဏတာကြာပြီချိန်မှာ ဖန်းယွီက မေးလာခဲ့ပါတယ်။

” မင်းနားလည်ပြီလား ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်တယ်။

” ဆရာ ကျွန်တော်နားလည်ပါပြီ ”

ဖန်းယွီက ပြုံးပြလိုက်တယ်။

” လက်ရှိအချိန် မင်းသင်ကြားရမဲ့နေရာမှာ အခြေခံအကျဆုံးအချက်တွေရှိတယ်…ပထမဆုံးအနေနဲ့ ၀ိညာဥ်လက်နက်တွေကို ဖန်တီးဖို့အတွက် ပြင်ဆင်တဲ့နေရာမှာ ခိုင်မာတဲ့အခြေခံကို တည်ဆောက်ဖို့လိုအပ်တယ်..ဒါက လုပ်ဆောင်ဖို့အချိန်တစ်ခုတော့ လိုမှာပဲ ဒါပေမယ့် အဓိက အခြေခံအကျဆုံးအချက်ပဲလေ လက်ရှိအချိန်မှာ မင်းအနေနဲ့ ထူးချွန်ထက်မြက်တဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့က ခိုင်မာတဲ့အခြေခံကိုလိုအပ်တဲ့ ၀ိညာဥ်လက်နက်ပညာရှင်အနေနဲ့ ကိုယ်ပိုင်လက်နက်ကို ဖန်တီးနိုင်ရုံတင်မကပဲ ကိုယ်တိုင်လဲ အသုံးပြုရမယ်…ဒါမှသာ ကိုယ့်ကိုကိုယ်နဲ့ ကိုယ်ဖန်တီးထားတဲ့လက်နက်ကို နားလည်ပြီ ယုံကြည်ချက်ရှိလာနိုင်မှာ သတ္ထုတစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အရင်ဆုံးစပြီ သင်ပေးမယ်…ပြိုင်ဘက်ကင်းတဲ့ ၀ိညာဥ်ပညာရှင်လက်နက် ဖြစ်လာချင်တယ်ဆိုရင် သေချာပေါက် သူမတူအောင်ထူးခြားရလိမ့်မယ် ”

သူပြောပြီးတဲ့နောက် လက်နက်ကိရိယာတွေကို ပေးပါတော့တယ်။ အဲ့ဒါတွေကတော့ မီးဖိုတစ်ခု ဖားဖိုတစ်ခု တူတစ်ချောင်းနဲ့ နောက်ထပ် များပြားတဲ့ပစ္စည်းတွေပါပဲ။ အဲ့ဒီနောက် ဖန်းယွီက ပစ္စည်းကိုထွင်းထုတဲ့ အနုပညာကို တစ်ဆင့်ချင်းသင်ကြားပါတော့တယ်။ ဒီလိုထွင်းထုတဲ့အဆင့်က လေးဆင့်ရှိပြီ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကြီးပါပဲ။ ဒါ့အပြင် အဓိက အခြေခံကျတဲ့နည်းစနစ်တွေကိုလဲ သူစည်းမျဥ်းစည်းကမ်းအတိုင်း ကိုင်တွယ်ရပါတယ်။

ပထမဆုံးအဆင့်ကတော့ ပစ္စည်းတွေကို သန့်စင်တာပါ။ ပူပြင်းတဲ့အပူချိန်ကို အသုံးပြုရင်း မသန့်စင်မှုတွေကို ဖယ်ရှားပြစ်ပါတယ်။ ထုရိုက်ရင်း ပစ္စည်းရဲ့သန့်စင်မှုကို ပိုမို မြင့်မားလာစေသလို ခံနိုင်ရည်စွမ်းအားကိုလဲ တိုးတက်လာစေတယ်။ ဒါပေမယ့် သန့်စင်တဲ့နည်းလမ်းကတော့ မတူညီတဲ့သတ္ထုတွေအတွက် အမျိုးအစားအမျိုးမျိုး ရှိနေခဲ့တာပါ။

ဒုတိယအဆင့်ကတော့ ပုံသွင်တာပါပဲ။ တချို့ပစ္စည်းတွေက အရင်ကြိုတင်ပြုလုပ်ထားတဲ့ ပုံလောင်ခွက်ထဲထည့်ဖို့ထည့်သွင်းလို့ရပါတယ်။ ဒါပေမယ့် များပြားတဲ့ သတ္ထုတွေကိုတော့ လက်နဲ့ပဲ ပုံသွင်းရတာပါ။ တတိယတစ်ခုကတော့ အပူချိန်ကို ထိန်းညှိတာပါပဲ။ အပူချိန်ကို ထိန်းညှိတာက ရှုပ်ထွေးတဲ့ကိစ္စတစ်ခုဖြစ်ပေမဲ့ အတွေ့အကြုံလဲ အတော်လေးကို လိုအပ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အရောင်တင်တာပါ အရောင်တင်ပြီပစ္စည်းတွေကို နောက်ဆုံးအခြေအနေအထိရောက်အောင် အချောကိုင်တာက ၀ိညာဥ်လက်နက်ကို ဖန်တီးတဲ့အချိန်မှာ နောက်ဆုံးအဆင့်ပါပဲ။ ဒါ့အပြင် ထူးခြားတဲ့ပစ္စည်းတစ်ခုကို ဖန်တီးဖို့အတွက် အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံးအဆင့်တစ်ဆင့် ဖြစ်နေခဲ့ပါတယ်။ အဓိကကျတဲ့ဗျူဟာတစ်ခုတစ်ခုလုံးကို အချောကိုင်ပြီသွားပြီဆိုရင်တော့ သူ့ရဲ့အနေအထားကို စတင်ပြီ လက်နဲ့ထွင်းထုရတော့မှာပါ။ ဒီအဆင့်လေးဆင့် ပြီးမြောက်တာနဲ့ ၀ိညာဥ်လက်နက်တစ်ခုက တည်ဆောက်ပြီသား ဖြစ်သွားခဲ့ပါပြီ။

စကားနဲ့ပြောရင် ရိုးရှင်းပေမဲ့ တစ်ဆင့်ချင်းဆီတိုင်းက အတော်ကို လက်ပေါက်ကပ်ပါတယ်။ လက်ရှိအချိန် ဟို့ယွိဟောင်က ပထမဆုံးအဆင့်ဖြစ်တဲ့ သန့်စင်မှုနဲ့စတင်ရမှာပါ။ တူတစ်ချောင်းကိုကိုင်ရင်း ဆက်တိုက်ဆိုသလို သတ္ထုတွေရိုက်နေရပါတော့တယ်။ ညစာစားပြီချိန်မှာ ဟို့ယွိဟောင်ရဲ့လက်တွေက တုန်ရီနေတာကို ၀မ်သုန့် သတိထားမိပါတယ်။

” မင်းလက်တွေ ဘာလို့တုန်နေတာလဲ ”

၀မ်သုန့်က မေးလိုက်တယ်။

ဟို့ယွိဟောင်ကတော့ မကျေမနပ်နဲ့သာ ပြန်ဖြေလိုက်ပါပြီ။

” နှစ်နာရီကျော်ကြာအောင် သတ္ထုတုံးတစ်တုံးကို တူနဲ့သွားပြီထိုင်ရိုက်ကြည့်ပါလား ဘယ်လိုဖြစ်လာမလဲဆိုတာ မင်းသိလာမှာပေါ့ ငါ့ရဲ့ ထူးဆန်းကျောက်စိမ်းလက်ကြောင့်သာ မဟုတ်ရင် လက်တစ်ခုလုံးပေါက်ပြဲနေလောက်ပြီ ”

သူပြောပြီးတာနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ သိသင့်တဲ့ရှင်းပြချက်တွေအားလုံးကို သူပြန်ပြီ သင်ကြားပါတော့တယ်။

နားထောင်ပြီချိန်မှာတော့ ၀မ်သုန့်အနေနဲ့ ခေါင်းတောင်ကိုက်သွားခဲ့ရတယ်။

” မင်း ကိုယ့်ပြဿနာကိုယ် မီးထွန်ရှာနေတာမဟုတ်ဘူးလား အဲ့ဒီဆရာဖန်းယွီပြောပြီသားပဲ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းအထက်ရောက်သွားတဲ့ ၀ိညာဥ်စက်ကွင်းသူတော်စင်တွေဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတောင်မှ ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး..ဘာကြောင့် ဂရုစိုက်နေရမှာလဲ ကျင့်ကြံတဲ့အဆင့်မှာ မင်းက အနောက်ဖက်ရောက်နေပြီလေ ဒါတောင်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့အချိန်လိုဦးမှာလား ဒါက တိုးတက်မှုကို လျော့ကျသွားစေမှာမဟုတ်ဘူးလား ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” မဟုတ်ဘူး ငါက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ချင်တာ ”

သူ့မှာကိုယ်ပိုင်အတွေးကလဲ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့အတွက် လိုအပ်ချက်တွေက အများကြီးရှိနေခဲ့တယ်။ သူ့အနေနဲ့ လက်ရှိအခြေအနေမှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ရှားပါးနေမှန်း သိပါတယ်။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေက တစ်ယောက်ထဲသာတိုက်ခိုက်ရေးအတွက် စွမ်းအားကို ပိုင်ဆိုင်တာပါ။ အားကောင်းတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကတော့ စစ်တပ်ကြီးတစ်ခုတောင် ဖန်တီးနိုင်ပါတယ်။

လက်ရှိအချိန် သူ့ရဲ့ ရန်သူတော်က ကျားဖြူမြို့စားမင်းနဲ့ သသူ့ဇနီးသည်ပါ။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တစ်၀က်နီးပါးက သူ့ရဲ့ရန်သူဖြစ်နေသလိုပါပဲ။ အကယ်၍ သူသာ သော့်လော့အခြေအနေကို ရောက်ရှိနိုင်မယ်ဆိုရင်တောင် ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ အနိုင်ရဖို့ဖြစ်နိုင်မှာလား။ ဒါကြောင့်သာ ၀ိညာဥ်ပညာရှင်တွေရဲ့ထိပ်ဆုံးကို ရောက်ချင်ရုံတင်မကပဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်လဲ ဖြစ်ချင်ပါသေးတယ်။ အသန်မာဆုံးသော လက်နက်ကို သူဖန်တီးချင်တယ်။

ဒီလိုရည်မှန်းချက်က အဝေးကြီးလိုနေခဲ့ပါသေးတယ်။ ဒါ့အပြင် အသီးအပွင့်ရဖို့ဆိုတာက မမြင်ရတဲ့ကိစ္စပါပဲ။ ဟို့ယွိဟောင်အနေနဲ့ သူ့မှာကိုယ်ပိုင်မာနနဲ့ယုံကြည်ချက်ကလဲ ရှိနေခဲ့ပါသေးတယ်။ ဒုက္ခခံရမှာကို မကြောက်သလို သာမန်လူတွေထက်လဲ နှစ်ဆပိုပြီး ကြိုးစားဖို့အတွက် ကိုယ့်ကိုကိုယ့်ယုံကြည်ချက်အပြည့် ရှိပါတယ်။ ဒါ့အပြင် သော့်လော့တိုက်ရဲ့ ပထမဆုံးနှစ်တစ်သန်း၀ိညာဥ်စက်ကွင်းကို သူက ပိုင်ဆိုင်ထားသူပါ။ သူက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ ကျင့်ကြံဆင့်နဲ့အတူ ၀ိညာဥ်စက်ကွင်းအစွမ်းအစက တိုးတက်လာနိုင်တာကို ပြောပြပြီသား ဖြစ်နေခဲ့တယ်။

အတွင်းတပည့်သားတွေအလကားရတဲ့ ထိပ်တန်းအဆင့်ညစာကို စားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က နွေးထွေးပြီ အတော်လေးကို နေလို့ထိုင်လို့ကောင်းလာပါတော့တယ်။ ၀မ်သုန့်က ပါးစပ်ကိုသုတ်လိုက်ရင်း ပြောလိုက်တယ်။

” ပြန်ပြီတော့ နားရအောင် ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” ငါနောက်ထပ် နှစ်နာရီလေ့ကျင့်ရဦးမှာ မင်းအရင်ပြန်လိုက် ငါပြန်လာတာနဲ့ တရားထိုင်ကြမယ်.”

” ဟို့ယွိဟောင် မင်းသိလား တစ်ခါတစ်လေမှာ မင်းကတကယ်အရူးပဲ ”

ဟို့ယွိဟောင်က ရယ်မောရင်း ပြန်ဖြေလိုက်ပါတယ်။

” ချစ်စရာကောင်းတဲ့ အရူးလေးလေ ”

သူတို့နှစ်ယောက် ထမင်းစားဆောင်ကနေ ထွက်ပြီချိန်မှာ ထန်ယာ့နဲ့ ပေ့ပေ့တို့ကို မြင်လိုက်ရပါတော့တယ်။ ဟို့ယွိဟောင်ကို မြင်ချိန်မှာ ထန်ယာ့က သူ့ရင်ဘတ်သူဖိရင်း သက်ပြင်းချလိုက်မိတယ်။

” ယွိဟောင် တစ်ခုခုဖြစ်ပြီလို့ထင်နေတာ တော်သေးတယ်ဘာမှမဖြစ်ပေးလို့ ”

ထန်ယာ့နဲ့ ပေ့ပေ့တို့က ၀ူဖုန်းနဲ့ တိုက်ပွဲအကြောင်းကို ကြားခဲ့ပုံပါပဲ။ ဒါ့အပြင် သူလဲ ငါးကင်လာမရောင်းတဲ့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပြီလို့ထင်ထားခဲ့တာပါ။ ဒါကြောင့် တခဏတာ တွေးပြီတဲ့နောက် ညစာစားချိန်ဆိုတာကို သတိထားမိသွားတဲ့အတွက် ထမင်းစားဆောင်ကိုလာရင်း ကံစမ်းရပါတော့တယ်။ ဒါကြောင့် လာလာချင်မှာပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို တွေ့မိတာပါ။

ဟို့ယွိဟောင်က ရယ်မောနေရင်း ပြောလာခဲ့တယ်။

” ဆရာရှောင်ယာ့နဲ့ ဆရာတူအစ်ကိုကြီး ကျွန်တော်တောင်းပန်ပါတယ်….ဒါပေမယ့် ကျွန်တော်လက်ရှိအချိန် ၀ိညာဥ်လက်နက်အသက်မွေး၀မ်းကြောင်းရဲ့ စမ်းသပ်ရေးနယ်မြေကိုသွားပြီ လေ့ကျင့်ဖို့အချိန်လိုလို့ပါ အခုအားလုံးကို ရှင်းပြဖို့အချိန်မရှိသေးဘူး…၀မ်သုန့်ကို မနေ့ကကိစ္စအကြောင်း မေးလို့ရတယ် ..ဖြစ်သွားတဲ့ကိစ္စ သူအကုန်သိတယ် ”

သူပြောပြီးတဲ့နောက် ထွက်သွားပါတော့တယ်။ လူတစ်ယောက်ရဲ့ခရီးလမ်းက အစပိုင်းမှာ အကြမ်းတမ်းဆုံးပါပဲ။ ဒါကြောင့် အခုအချိန်မှာ လေ့ကျင့်တာကို မရပ်တန့်ချင်သေးတာကြောင့် အချိန်အများစုကို လေ့ကျင့်ဖို့အတွက်သာ မြုပ်နှံထားပါတော့တယ်။

သံသယ၀င်နေတဲ့ ထန်ယာ့က မေးလိုက်တယ်။

” သူဘာဖြစ်လို့လဲ ‘”

၀မ်သုန့်ကတော့ ရယ်သာရယ်နေခဲ့ပါတယ်။

” သူလား အဲ့ကောင်ရူးနေတာလေ ကောင်းပြီ သူ့ရဲ့စကားအတိုင်း ပြောရမှာပေါ့ တကယ်ချစ်စရာကောင်းတဲ့ အရူးလေးဖြစ်နေပြီ လေ့ကျင့်တဲ့အချိန်မှာ လူသားတွေထက်တောင် ကျော်လွန်တဲ့စိတ်အားထက်သန်မှုက ရှိနေတာပဲ ”

မနေ့ကကိစ္စတွေနဲ့ ဖန်းယွီရဲ့ နောက်ဆုံးတပည့်သားဖြစ်လာတဲ့အကြောင်းတွေကိုပါ ထန်ယာ့နဲ့ ပေ့ပေ့တို့ဆီ ၀မ်သုန့်က ရှင်းပြလိုက်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ အဓိကအတွင်းတပည့်သား ဖြစ်သွားတာကိုတော့ လျှို့၀ှက်ချက်အဖြစ်ထိန်းထားတုန်းပါပဲ။ ဒီအကြောင်းကိုသာ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းက သိသွားခဲ့မယ်ဆိုရင် ယာယီတပည့်သားအဖြစ်ပေးအပ်နေတဲ့အရာတွေအားလုံးကို ပြန်ရုတ်သိမ်းသွားတော့မှာ သူစိုးရိမ်မိလို့ပါ။

ပြောစကားကို နားထောင်ပြီးတဲ့နောက် ထန်ယာ့နဲ့ ပေ့ပေ့တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပါတော့တယ်။ ပေ့ပေ့က ပြုံးသာပြုံးနေခဲ့တယ်။

” ငါတို့ရဲ့ နှစ်တွေဒီလောက်အများကြီးကြိုးစားခဲ့ပုံက ညီလေးရဲ့ သုံးလတာကြိုးစားမှုကို မမြင်ခဲ့ဘူးပဲ ကြည့်ရတာ ဆရာဖန်းယွီက သူ့ကို တပည့်သားအဖြစ် လုံး၀သတ်မှတ်လိုက်ပြီနဲ့တူတယ်…ရှောင်ယာ့ ငါတို့ထန်မျိုးနွယ်ကို ပြန်လည်တည်ထောင်ဖို့ တာ၀န်၀တ္တရားကတော့ ဒီဆရာတူညီလေးရဲ့ ပုခုံးပေါ်ကို ကျရောက်သွားပြီနဲ့တူပါတယ် “‘

ထန်ယာ့က ခေါင်းညိတ်နေခဲ့တယ်။

” ဒါလဲမဆိုးပါဘူး…ငါက ၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့နေရာမှာ ပါရမီမရှိဘူးလေ ဒီတော့ ဘယ်လောက်မှလဲ ထူးချွန်နိုင်မှာမဟုတ်ဘူး…ဆက်သွားရင်တောင် အဆင်ပြေမှာမဟုတ်တာတော့ အသေအချာပဲ..ဒါကြောင့် ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေကိုပဲ ပိုအာရုံစိုက်တော့မယ် “‘

၀မ်သုန့်က မေးလာခဲ့ပါတယ်။

” ဆရာတူအစ်ကိုကြီးနဲ့ ဆရာရှောင်ယာ့ ဘာတွေပြောနေတာလဲ ”

ပေ့ပေ့က ပြောလာခဲ့တယ်။

” ငါတို့ထန်မျိုးနွယ်အဓိကကျဆင်းလာရတဲ့အကြောင်းအရင်းနဲ့ အပေါ်ကိုတက်သွားရတဲ့အကြောင်းအရင်းတွေက လက်နက်တွေကြောင့်ပဲလေ ၀ိညာဥ်လက်နက်တွေ အများကြီးတိုးတက်လာပြီတဲ့နောက် ငါတို့ထန်မျိုးနွယ်ကလဲစတင်ပြီ ကျဆင်းလာရတော့တာပေါ့ ဒါကြောင့်သာ ၀င်ငွေတွေအများကြီးလျော့သွားခဲ့ရတာပဲ ဒီအကြောင်းကို စဥ်းစားပြီတဲ့နောက် ထန်ယာ့နဲ့ ငါလဲ မျိုးနွယ်ကို ပြန်လည်တည်ထောင်နိုင်ဖို့နည်းလမ်းက ငါတို့ရဲ့လက်နက်တွေကို ခေတ်စနစ်နဲ့ လိုက်ဖက်တဲ့၀ိညာဥ်လက်နက်တွေအဖြစ် ပြောင်းလဲဖို့ အကြံရသွားခဲ့တယ်…ဒါကြောင့်သာ ငါတို့နှစ်ယောက်စလုံးက ၀ိညာဥ်လက်နက် အသက်မွေး၀မ်းကြောင်းကို ၀င်ဖို့ကြိုးစားခဲ့တာပဲ ဒါပေမယ့် ငါကိုယ်တိုင်ကလဲ သိုင်းပညာ၀ိညာဥ်ကျောင်းတော်ရဲ့ အတွင်းတပည့်သားဖြစ်နေခဲ့တယ်လေ….ငါ့အတန်းထဲမှာကလဲ ဒီကိစ္စကို လက်မခံတဲ့သူတွေများနေတယ် ..လက်ရှိအချိန် ငါက အဆင့်တစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ်ပဲရှိသေးတယ်…ရှောင်ယာ့က ငါထက်ပိုပြီး အဲ့ဒီမှာအချိန်ဖြုန်းပေမဲ့ သူ့ရဲ့အကျင့်စရိုက်က သူ့ကို အာရုံစိုက်ဖ်ို့ခက်စေတယ်လေ..ဒါကြောင့် သူအခုအချိန်မှာ အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ်ပဲ ရှိသေးတယ်….အဆင့်သုံးကိုရောက်ဖို့တောင် ခက်နေတယ် ”

ထန်ယာ့က ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် ဆရာဖန်းယွီက မတူဘူး ဆရာဖန်းယွီက အဲ့ဒီကျောင်းတော်မှာ နံပါတ်တစ်ပါရမီရှင်ကြီး သူက အရမ်းကိုရှားပါးလွန်တဲ့ အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ပဲ တိုက်ကြီးတစ်တိုက်လုံးမှာတောင် သူ့ကို တွေ့ဖို့ကခက်ခဲလွန်တယ်..ဒါ့အပြင် ကျောင်းအုပ်နှစ်ယောက်ပြီရင်း သူက အထူးချွန်ဆုံးပဲ ငါတို့ကျောင်းတော်ရဲ့သမိုင်းတစ်လျှောက်မှာ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့အတွက် အလားအလာရှိတဲ့ သူတစ်ယောက်အဖြစ် သူ့ကို သတ်မှတ်ထားတယ်..လက်ရှိအချိန်မှာ ကျောင်းအုပ်ဖြစ်လာဖို့အတွက် အတော်လေး ရေပန်းစားနေတဲ့သူဖြစ်ရုံတင်မကဘူး..သူ့ရဲ့တပည့်သားဖြစ်လာမယ်ဆိုရင် ၀ိညာဥ်လက်နက်အသက်မွေး၀မ်းကြောင်းရဲ့ အတွင်းနယ်မြေကို ၀င်နိုင်တာနဲ့ အတူတူပဲလေ အကောင်းဆုံးသင်ကြားမှုကို ရရှိရုံတင်မကဘူး…အထောက်အပံ့တွေကိုလဲ ဆက်တိုက်ရရှိနေရုံပဲ ယွိဟောင်က တကယ်တော်တာပဲ ငါတို့တွေ နှစ်ပေါင်းများစွာကြာအောင်မလုပ်နိုင်တဲ့ကိစ္စကို လုပ်နိုင်ပြီ ပေ့ပေ့ ငါတို့ယွိဟောင်ကို လက်နက်ပုန်းတစ်ရာခွဲထုတ်ဖို့အကြောင်း သင်ပေးလို့ရမယ်ထင်လား ”

အပိုင်း ၃၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset