Switch Mode

Chapter – 37.2

အကာအကွယ် တောင် ကြာပန်း

အပိုင်း ၃၇•၂

” အကာအကွယ်တောင်ကြာပန်း ”
°°°
ဖန်းယွီက ခုံတစ်လုံးကိုဆွဲယူလိုက်ရင်း ဟို့ယွိဟောင်ကိုကြည့်ပြီ ပြောလာခဲ့ပါတယ်။

” မင်းက ငါ့ရဲ့နောက်ဆုံးတပည့်သားပဲ ဒါကြောင့် တခြားကျောင်းတော်က ဆရာတွေသင်ကြားပေးတဲ့နည်းလမ်းတွေနဲ့ မတူညီတဲ့နည်းလမ်းကို သုံးပြီသင်ကြားပေးမယ်…တစ်ချိန်ထဲမှာပဲ ငါတို့ရဲ့ အချိန်စာရင်းကအတော်လေးကို ကြပ်နေတယ်…ဒီနေရာကို မင်းထမင်းစားပြီတဲ့အချိန်ကနေစပြီ အနည်းဆုံးနှစ်နာရီလာမှဖြစ်မယ်…ဒါနဲ့ပတ်သက်ပြီ ပြဿနာရှိလား ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” ပြဿနာမရှိပါဘူးဆရာ ကျွန်တော်အလုပ်ကြိုးစားရတာကိုမကြောက်ပါဘူး…ကျွန်တော်သေချာပေါက် ကြိုးကြိုးစားစားလေ့လာပါ့မယ် ”

” မင်းကြိုးစားမယ်ဆိုတဲ့ ကိစ္စကို ပြောနေစရာမလိုဘူး အလုပ်နဲ့ပဲ သက်သေပြ ငါမင်းကိုမေးမယ်..၀ိညာဥ်လက်နက်တွေဆိုတာဘာတွေလဲ ”

ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်လက်နက်တွေအပေါ် နားလည်မှုက အတော်ကို အကန့်အသတ်ရှိနေခဲ့ပါတယ်။

ဖန်းယွီအနေနဲ့လဲ ဟို့ယွိဟောင်ရဲ့မေးခွန်းအဖြေပေါ်မှာသိပ်ပြီး မျှော်လင့်ချက်ရှိမနေခဲ့ပါဘူး။ ဒါကြောင့် သူမေးခွန်းကိုသူဘာသာသူ ပြန်ဖြေလိုက်ပါတယ်။

” ၀ိညာဥ်လက်နက်တွေဆိုတာက ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့စွမ်းအားကို အသုံးပြုပြီ အသုံးချရတဲ့ လက်နက်တွေပဲ တစ်ခုချင်းဆီတိုင်းက ၀ိညာဥ်ပညာရှင်နဲ့ ချိတ်ဆက်ထားတဲ့ ရွေ့လျားနိုင်တဲ့ ၀ိညာဥ်လက်နက်တွေက ၀ိညာဥ်စွမ်းအားအသုံးပြုရတာနည်းတယ်…ဒီနေ့ငါမင်းကို ၀ိညာဥ်လက်နက်တွေအကြောင်း အခြေခံအသိပညာကို သင်ကြားပေးမယ်…အားလုံးကို မင်းမှတ်မိမှရမယ် ”

” ဟုတ်ကဲ့ပါဆရာ ”

” ၀ိညာဥ်လက်နက်တွေကို ပထမဆုံးဘယ်လိုဖန်တီးခဲ့လဲဆိုတာ ပြောပြဖို့မဖြစ်နိုင်ဘူး…တကယ်တမ်း တိုးတက်လာတဲ့အချိန်ကတော့ နေလတိုက်နဲ့ ငါတို့သော့်လော့တိုက် တိုက်ခိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာခဲ့တာ ငါတို့တိုက်ရဲ့သမိုင်းကြောင်းတွေကိုတော့ မင်းသိမှာပါ ကြီးမားတဲ့ ပွတ်တိုက်မှုကြီးက စစ်ပွဲကြီးကို ဖြစ်ပွားလာစေခဲ့တယ်…ဒါကြောင့် ငါတို့အနေနဲ့ နောက်ဆုံးအချိန်မှာ အနိုင်ရခဲ့ပေမဲ့ နေလတိုက်က သော့်လော့တိုက်ကို ၀ိညာဥ်လက်နက်တွေ အသုံးချပြီတိုက်ခိုက်တာကြောင့် အရှုံးတွေလဲ အများကြီးလဲကြုံခဲ့ရတယ် ”

” ဒါကြောင့်သာ နေလနိုင်ငံတော်က သူတို့ရဲ့၀ိညာဥ်လက်နက်တွေကို အများကြီး ဘာကြောင့်များ ဒီလောက်အထိ တိုးတက်အောင်လုပ်နိုင်ခဲ့လဲသိလား သူတို့ကြိုးစားခဲ့ရုံတင်မက အရင်းအမြစ်တွေက ကြွယ်၀လို့ပဲ နေလနိုင်ငံတော်ထဲမှာ တန်ဖိုးကြီးတဲ့ သတ္ထုတွေအများကြီးတွေရှိနေတယ်…ဒီတန်ဖိုးကြီးတဲ့ သတ္ထုတွေက အရည်အသွေးမြင့်တဲ့ ၀ိညာဥ်လက်နက်တွေကို ဖန်တီးနိုင်ခဲ့တယ်..လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီမှာ လက်နက်တွေအပေါ် သူတို့ရဲ့သုတေသနပြုမှုက ပိုပိုပြီးနက်ရှိုင်းလာတယ်..ဒါ့အပြင် နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်တွေကို အသုံးချတဲ့ စစ်တပ်ကြီးကလဲ ငါတို့သော်လော့တိုက်ရဲ့ နိုင်ငံတော်တွေထက်တောင် ကျော်လွန်နေပြီး ဒါကြောင့် လက်ရှိအချိန်မှာ သူတို့ရဲ့အရင်းအမြစ်တွေက အားလုံးရဲ့အဓိကပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် နိုင်ငံတွေကြားမှာ အရင်အမြစ်တွေကြောင့်ဖြစ်တဲ့ ပြဿနာက ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး…ဒါပေမယ့် နေလတိုက်ရဲ့အင်းအားကတော့ ၀ိညာဥ်လက်နက်တွေကြောင့် ဆက်တိုက်တိုးတက်နေတယ်…ပညာရှင်တွေကင်းမဲ့နေတာကြောင့်သာ မဟုတ်ရင် သူတို့တွေက စစ်ပွဲမှာ နိုင်သွားလောက်ပြီ ”

” ဒါကြောင့်သာ ၀ိညာဥ်လက်နက်တွေက နိုင်ငံတော်တော်များများအတွက် အရမ်းကို အရေးကြီးနေရတာပဲ ဒါပေမယ့် ၀ိညာဥ်လက်နက်ရဲ့အစွမ်းကို အသုံးချဖို့အတွက် အားကောင်းတဲ့၀ိညာဥ်ပညာရှင်လဲ လိုအပ်တယ်..မဟုတ်ရင် ဖြစ်လာမဲ့ပြဿနာတွေက ပိုပြီးကြောက်စရာကောင်းနေတယ်”

” ငါတို့ကျောင်းတော်က တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်ဆိုတာ မင်းသိမှာပါ ဒါပေမယ့် ငါတို့ကျောင်းတော်ရဲ့ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းက ၀ိညာဥ်ပစ္စည်းတွေကို တည်ဆောက်တဲ့ ကျောင်းတော်တွေထက် လုံး၀ အဆင့်မမြင့်မားပါဘူး ”

ပြောပြီချိန်မှာပဲ ဖန်းယွီ မျက်လုံးထဲမှာ အလင်းတန်းတွေ တောက်ပလာပါတော့တယ်။

” မဟုတ်ဘူးလား ဒါဆိုရင် နံပါတ်တစ်၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကနေ နေလနိုင်ငံတော်မှာ ရှိနေတာလား ”

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။ ဖန်းယွီလဲ ခေါင်းညိတ်လိုက်တယ်။

” မင်းပြောတာမှန်တယ် လောကထိပ်တန်း၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကို နေလနိုင်ငံတော်က ပိုင်ဆိုင်တယ်…နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်ကိရိယာတည်ဆောက်ရေးကျောင်းတော်က ၀ိညာဥ်လက်နက်ကို တည်ဆောက်တဲ့ပညာရှင်တွေကိုတင်မကပဲ လေ့လာတဲ့သုတေသနပညာရှင်တွေကိုပါ မွေးထုတ်ပေးတယ်..ဒီနှစ်ခုကို သူတို့က ဟိုရှေးရှေးခေတ်ကထဲကနေ အဓိကအားစိုက်ထုတ်ထားပြီ တန်ဖိုးကြီးတဲ့ သတ္ထုတွေကိုလဲ ဆက်တိုက်ဆိုသလို တူးဖော်ထုတ်လုပ်နေတယ်..ဒါကြောင့်သာ ငါတို့ထက် အများကြီးသာနေရတာပဲ ဥပမာအားဖြင့် သူတို့တွေက ရွေ့လျား၀ိညာဥ်လက်နက်တွေကို ထုတ်လုပ်တဲ့ပထမဆုံးလူတွေဖြစ်နေတဲ့ ကိစ္စပေါ့ ”

” ငါတို့တွေက နေလနိုင်ငံတော်ရဲ့ ကျောင်းတော်ကို ခြေရာလိုက်နင်းနေတာကြာပြီ ဒါပေမယ့် ဘယ်တော့မှလိုက်မမီသေးဘူး…ငါယုံကြည်တာကတော့ ဒီကိစ္စက တစ်သက်လုံးမကြာမြင့်နေနိုင်ဘူး…ငါတို့သာ သူတို့ကျောင်းတော်ကို အမီလိုက်နိုင်သွားပြီဆ်ိုရင် အားလုံးအဆင်ပြေသွားလိမ့်မယ်…ဒါ့အပြင် အဲ့ဒီလိုအမီလိုက်နိုင်ဖို့ကလဲ ပိုပြီး ပါရမီရှိတဲ့ ၀ိညာဥ်ပညာရှင်တွေ ငါတို့မှာရှိနေလို့ပဲ ”

” မိုးကောင်းကင်ကြီးက တရားမျှတပါတယ်…နေလနိုင်ငံတော်ကို များပြားတဲ့ သယံဇာတာတွေ အရင်းအမြစ်တွေ ပေးထားခဲ့သလိုမျိုး ငါတို့နိုင်ငံတွေကိုလဲ ပါရမီရှိတဲ့ ၀ိညာဥ်ပညာရှင်တွေ ပေးထားတယ်…ဒါပေမယ့် လက်ရှိအချိန်ငါတို့သော့်လော့တိုက်ကြီးကို နိုင်ငံတွေအများကြီးက ပိုင်ဆိုင်ထားတာကြောင့် ပြောရမယ်ဆိုရင် သူတို့ရဲ့လောကကြီးက ၀ိညာဥ်လက်နက်တည်ဆောက်ရေးအတတ်ပညာရှင်တွေရဲ့ နိုင်ငံဖြစ်နေပြီ ငါတို့ကတော့ ၀ိညာဥ်ပညာရှင်တွေရဲ့ နိုင်ငံဖြစ်နေတယ်…၀ိညာဥ်လက်နက်တွေ ပိုပြီး သန်မာလေလေ ပိုသန်မာတဲ့ ၀ိညာဥ်ပညာရှင်တွေကို လိုအပ်လေပဲ တစ်ချိန်ထဲမှာပဲ ပစ္စည်းကိရိယာတွေကို ကောင်းမွန်အောင်တည်ဆောက်ဖို့အတွက် သန်မာအားကောင်းတဲ့ ၀ိညာဥ်ပညာရှင်ကို လိုအပ်တယ်…ဒီလမ်းက ငါတို့လက်ရှိလိုက်နေတဲ့ လမ်းပေါ့ ”

” အခုအချိန်မှာ ၀ိညာဥ်လက်နက်တည်ဆောက်ရေးအတတ်ပညာရှင်တွေရဲ့ အဆင့်အတန်းကို ငါရှင်းပြပေးမယ် ..ဒါ့အပြင် ဘယ်လို၀ိညာဥ်လက်နက်အမျိုးအစားတွေကို အသုံးပြုရလဲဆိုတာကို ပြောပြမယ် ”

” ၀ိညာဥ်ပညာရှင်တွေက လေ့လာမှု ဖန်တီးတည်ဆောက်မှုနဲ့ အသုံးချမှုဆိုတဲ့ လမ်းစဥ်တွေကိုလိုက်ရတယ်…အဲ့ဒီလိုလမ်းစဥ်တွေကို လေ့ကျင့်တဲ့သူတွေကို ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလို့ခေါ်တယ်..၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို အဆင့်သုံးဆင့်ခွဲထားတယ်…ဒါပေမယ့် သူတို့ရဲ့ အဆင့်အတန်းက ၀ိညာဥ်မဟာပညာရှင်တွေ ၀ိညာဥ်အကြီးအကဲတွေလောက် မရှုပ်ထွေးဘူး..အဲ့ဒီအစား သူတို့တွေကို နံပါတ်တွေနဲ့ခွဲထားတယ်…ဒါကြောင့် ငါတို့မှာ နံပါတ်တစ်ကနေ တစ်ဆယ့်အထိ အမျိုးအစား၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရှိတယ်…လက်ရှိအချိန်မှာ အသန်မာဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်က အဆင့်အတန်းနံပါတ်ကိုးပဲ ဒီနေရာမှာ ဘာကြောင့်အဆင့်နံပါတ်တစ်ဆယ့်၀ိညာဥ်လက်နက်အတတ်ပညာရှင် မရှိနေလဲ မင်းသိလား ”

ဟို့ယွိဟောင် ခေါင်းခါလိုက်ပါတယ်။

ဖန်းယွီက ဆက်ပြောလိုက်တယ်။

” ဘာကြောင့်လဲဆိုတော့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ အဆင့်အတန်းက သူတို့ထိန်းချုပ်နိုင်တဲ့ ၀ိညာဥ်လက်နက်အပေါ် မူတည်ပြီ ခွဲခြားထားလို့ပဲ မင်းနားလည်နိုင်ဖို့ ဥပမာတစ်ခုပြောပြမယ်…အကယ်၍ မင်းသာ အဆင့်တစ်ဆယ့်ရဲ့အောက်မှာရှိတဲ့ ၀ိညာဥ်လက်နက်တစ်ခုကို ဖန်တီးပြီထိန်းချုပ်နိုင်မယ်ဆိုရင် မင်းကို အဆင့်တစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်လို့ ခေါ်လိမ့်မယ်…အကယ်၍ မင်းသာ အဆင့်တစ်ဆယ့်ကနေ နှစ်ဆယ့်ကြားမှာရှိတဲ့ ၀ိညာဥ်ပညာရှင်တွေအတွက် သင့်တော်တဲ့ ၀ိညာဥ်လက်နက်ကို ဖန်တီးပြီအသုံးချနိုင်တယ်ဆိုရင် မင်းက အဆင့်နံပါတ်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ပဲ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင် အဆင့်နံပါတ်ကိုးက သော့်လော့နဲ့ညီမျှလိမ့်မယ်…အဆင့်နံပါတ်တစ်ဆယ့်ကတော့ ပထမဆုံးအနေနဲ့ ကျင့်ကြံဆင့်အဆင့်ကိုးဆယ့်ငါးရဲ့အထက်မှာရှိဖို့လိုအပ်တယ် ”

လူတစ်ယောက်မှာရှိနိုင်တဲ့ အစွမ်းအစဆိုတာက အကန့်အသတ်ရှိတယ်လေ..၀ိညာဥ်ပညာရှင်တွေရဲ့ ကျင့်ကြံမှုကလဲ အတော်ကို ခက်ခဲတယ်..လူတစ်ယောက်မှာ မိုးကောင်းကင်ကို ဖီးဆန်နိုင်တဲ့ပါရမီမျိုး ရှိနေမယ်ဆိုရင်တောင် ၀ိညာဥ်စက်ကွင်းကိုးကွင်းရှိတဲ့ သော့်လော့ဖြစ်လာဖို့အတွက် အများကြီး ကြိုးစားအားထုတ်ရမှာပဲ ဒါ့အပြင် မပြောပြနိုင်လောက်တဲ့ အခက်အခဲတွေကိုလဲ ဖြတ်ကျော်ရလိမ့်မယ်…ဒါ့အပြင် သူတို့အနေနဲ့ ၀ိညာဥ်လက်နက်တွေကို လေ့လာပြီ သင်ကြားဖို့အတွက် အချိန်ကမရှိနိုင်ဘူး ..ဒါကြောင့်သာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက များပြားပေမဲ့ အဆင့်မြင့်တဲ့သူတွေက ရှားပါးလွန်တာပဲ ငါသိသလောက်အရဆိုရင် နေလတိုက်မှာလဲ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်က သုံးယောက်ပဲရှိတယ်…ဒါပေမယ့် ထျန်းဟွမ်နိုင်ငံတော် ခုန်လင်းနိုင်ငံတော်နဲ့ ကြယ်တာရာလော့နိုင်ငံတော်တို့မှာတော့ ၈•၅ အဆင့်အထိပဲရှိတယ် ဟို့ယွိဟောင် ”

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” ဒီလိုအဆင့်တစ်၀က်တွေတောင် ရှိသေးတာလား ”

ဖန်းယွီက ပြန်ဖြေလိုက်ပါတယ်။

” ဒီအဆင့် ၈•၅ အတတ်ပညာရှင်က ငါတို့ကျောင်းတော်မှာရှိတဲ့သူပဲ သူက ငါတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ ကျောင်းအုပ်လေ လက်ရှိအချိန်မှာသူက သော့်လော့ဖြစ်နေပြီ ဒါပေမယ့် သော့်လော့တွေအသုံးပြုနိုင်တဲ့ အင်အားကြီး၀ိညာဥ်လက်နက်ကို မဖန်တီးနိုင်သေးဘူး…ဒါကြောင့်သာ သူ့ကို အဆင့် ၈•၅ လို့သတ်မှတ်ထားတာ ပြောရမယ်ဆိုရင် ငါတို့မှာ နိုင်ငံတော်ကြီးသုံးခုပေါင်းထားတာတောင် အဆင့်ကိုးမရှိခဲ့ဘူးလေ ၀ိညာဥ်လက်နက်တွေရဲ့ အရှိန်နှုန်းတိုးမြင့်လာမှုကြောင့် ဘယ်တိုက်ကြီးမှာမှ အဆင့်နံပါတ်တစ်ဆယ့်ဆိုတာ ပေါ်မလာခဲ့သေးဘူး…နာမည်ပဲ ရှိသေးတယ်…အကယ်၍ သော့်လော့တစ်ယောက်ကသာ အဆင့်ကိုးဆယ့်ငါးကို ရောက်လာခဲ့ပြီဆိုရင် တကယ်ကို လုံး၀ ကွာခြားသွားခဲ့ပြီပဲ အဆင့်နံပါတ်ကိုးရှိတဲ့ သော့်လော့က ဆယ့်ယောက်တောင်မရှိဘူး ..ဒါကြောင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတာ ပိုလို့တောင်ရှားသေးတယ် ”

” ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ အဆင့်အတန်းကို မင်းသိသွားပြီမလား ဒါဆိုရင် လက်နက်တွေအကြောင်း ပြောကြရအောင် နှစ်ပေါင်းထောင်နဲ့ချီအောင် တိုးတက်လာပြီတဲ့နောက် လက်နက်တွေကလဲ အတော်လေးကို ပြောင်းလဲလာကြတယ်…ဒါကြောင့် လက်ရှိအချိန်မှာ အမျိုးအစားသုံးမျိုးခွဲထားတယ်…အနီးကပ်တိုက်ပွဲလက်နက် အဝေးတိုက်ပွဲလက်နက်နဲ့ ရွေ့လျားလက်နက်တွေပဲ ”

” နာမည်တွေအတိုင်းပဲ အနီးကပ်တိုက်ပွဲလက်နက်က အနီးကပ်တိုက်ခိုက်ရေးမှာသုံးတယ်.. ခုခံလို့လဲရတယ် တိုက်ခိုက်လို့လဲရတယ်…ပြောရမယ်ဆိုရင် သူတို့ထဲမှာ အနီးကပ်တိုက်ခိုက်ရေးလက်နက်တွေကို အသုံးပြုနိုင်တဲ့ ၀ိညာဥ်အတတ်ပညာရှင်က အတော်ကို နည်းတယ်..အများစုက တိုက်ခိုက်ရေးအတွက် အားကောင်းတဲ့သိုင်းပညာ၀ိညာဥ်မရှိကြဘူး…ဒါကြောင့် အနီးကပ်တဲ့တိုက်ပွဲတွေကို ရှောင်ရှားတယ်လေ အနီးကပ်တိုက်ပွဲမှာအသုံးပြုတဲ့ ၀ိညာဥ်လက်နက်တွေက အားမနည်းပေမဲ့ အဆင့်တူတဲ့၀ိညာဥ်ပညာရှင်တွေကို တိုက်ခိုက်ပြီ အစီအစဥ်တကျ အနိုင်ယူနိုင်ဖို့အတွက် ခက်ခဲနေတယ်..ဒါကြောင့်သာ အနီးကပ်တိုက်ပွဲလက်နက်တွေကို သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ တိုက်ခိုက်ရေးသမားတွေက အဓိကသုံးကြတာပဲ တခြားတစ်ဖက်မှာတော့ ငါတို့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အဝေးပြစ်တိုက်ခိုက်ရေးလက်နက်တွေကို အသုံးပြုတယ် ”

” ချိုက်ထို့ မင်းကို သရုပ်ဖော်ပြတုန်းက မြင်ခဲ့တယ်မလား သူက အဝေးပြစ်လက်နက်တွေကို သုံးထားတာ အဝေးပြစ်လက်နက်တွေက စွမ်းအင်တွေအများကြီးကို ကုန်ဆုံးစေတယ်..ဒါပေမယ့် သူတို့ကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် ၀ိညာဥ်စွမ်းရည်အသစ်ရှိသလိုပဲ ဖျက်ဆီးမှုများပြားတယ်…ချိုက်ထို့ရဲ့ လက်ရှိထိန်းချုပ်နိုင်စွမ်းက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးကိုပဲ တိုက်ခိုက်နိုင်မှာ အဲ့ဒီအဆင့်ထက်ကို အသာစီးမရနိုင်ဘူး….ဒါပေမယ့် ၀ိညာဥ်စက်ကွင်းသုံးကွင်းထဲမှာတော့ သူ့ကိုဘယ်သူမှ မယှဥ်နိုင်တဲ့အနေအထားမှာ ရှိနေတယ် ”

” ငါတို့တွေ ရွေ့လျား၀ိညာဥ်လက်နက်တွေအကြောင်း ပြောကြရအောင် ရွေ့လျား၀ိညာဥ်လက်နက်တွေက ဖန်တီးဖို့အတွက် အခက်အခဲဆုံးပဲ သူတို့ရဲ့ ပစ္စည်းလိုအပ်ချက်က အတော်ကို မြင့်မားတယ်…ပြီးပြည့်စုံအောင် လုပ်ဖို့အတွက် ထူးချွန်တဲ့လူကို လိုအပ်သလိုပဲလေ အထူးသဖြင့်ရှုပ်ထွေးပြီ ခက်ခဲတဲ့ ဖန်တီးမှုတွေက အရမ်းကို ဖြည့်စွမ်းနိုင်ဖို့အတွက် ခက်ခဲလွန်တယ်…ဒါ့အပြင် ၀ိညာဥ်စွမ်းအားကို အသုံးပြုပြီတော့လဲ အားဖြည့်ပေးရဦးမယ်…သန်မာများပြားတဲ့စွမ်းအားက သူ့ကိုအသုံးချဖို့ လိုအပ်တာကြောင့် အင်အားအကုန်ဆုံးလဲ ဖြစ်စေတယ်…ဒါ့အပြင် နောက်ထပ် ပြဿနာကြီးကလဲ ရှိနေသေးတယ်…အဝေးပြစ်လက်နက်တွေနဲ့ မတူညီပဲ မင်းရဲ့စွမ်းအားကိုအသုံးပြုပြီး ပြိုင်ဘက်ကို တားဆီးထားနိုင်တယ်…ဒါ့အပြင် ကိုယ့်ကိုကိုယ်တိုင်း အဓိကအသုံးချပြီး ရွေ့လျား၀ိညာဥ်လက်နက်တွေကို အသုံးပြုရမယ်…ဒါကြောင့်သာ မင်းရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ငါအတော် သဘောကျနေတာပဲ ”

” ငါတို့ရွေ့လျားလက်နက်တွေကို စစ်မြေပြင်ထဲမှာသုံးဖို့စီစဥ်တဲ့အချိန်ကစပြီ နေလနိုင်ငံတော်နဲ့ ငါတို့နိုင်ငံတော်ကြီး သုံးခုကြားမှာကွာခြားချက်က တဖြည်းဖြည်းလျော့ပါးလာနေတယ်…ပြောရမယ်ဆိုရင် လက်ရှိအချိန်မှာ မတည်ရှိတော့သလောက်ကို ဖြစ်နေခဲ့ပြီ အကယ်၍ သူတို့သာ ငါတို့က ပညာရှင်ပိုများတာကို ကြောက်နေတာကြောင့်သာ မဟုတ်ရင် ဒီလောက်အထိတောင် စောင့်နေကြမှာမဟုတ်ဘူး…ငါတို့အနေနဲ့ ရွေ့လျားလက်နက်တွေကို အဓိကလေ့လာပြီ အားစိုက်ထုတ်နေရတာ အနာဂတ်မှာ ဖြစ်ပေါ်လာမဲ့ကိစ္စတွေအတွက် အရေးပါနိုင်တဲ့လက်နက်တွေ ဖြစ်လာမှာမလို့ပဲ ”

” အနီးကပ်တိုက်ပွဲလက်နက် အဝေးပြစ်လက်နက်နဲ့ ရွေ့လျားလက်နက်တွေထဲမှာ နောက်ထပ် ခွဲခြားထားတဲ့အဆင့်တွေရှိသေးတယ်…တစ်နည်းအားဖြင့် တိုက်ခိုက်ရေး ခုခံရေး ပုံရိပ်ယောင်နဲ့ တခြားထိန်းချုပ်တဲ့ပစ္စည်းတွေပေါ့ ငါမင်းကို ဘယ်လိုဖန်တီးရမလဲဆိုတာ အသုံးပြုရမလဲဆိုတာကို သင်ပေးမှာပါ အခုတစ်ခုကိုတော့ နောက်ဆုံးတိုက်ခိုက်ရေးအကြောင်းကို ပြောကြရအောင် ဒါ့အပြင် ၀ိညာဥ်လက်နက်တွေရဲ့ ပြိုင်ဘက်ကို ပြောပြကြမယ် “‘

ပြောပြီးတဲ့နောက် ဖန်းယွီက မတ်တပ်ထရပ်ရင်း ထောင့်မှန်းစတုရန်တြိဂံသတ္ထုသေတ္တာလေးကို ယူလာပါတော့တယ်။ ဒီသစ်သားလေးက တစ်ပေကျော်ရှည်လျားပြီ လက်သီးတစ်လုံးစာအရွယ် ကျယ့်ပြန့်ပါတယ်။ ဒါ့အပြင် ထိပ်ပိုင်းမှာကတော့ စတုရန်ပုံစံရှိနေခဲ့ပြီ အောက်ဖက်မှာကတော့ စက်၀်ိုင်းခြမ်းလေးလိုမျိုး ဖြစ်သွားခဲ့တယ်။

ဖန်းယွီက သူ့ရဲ့ဘယ်ဘက်လက်ဖျံကို အသုံးပြုရင်း တစ်ချက်ရိုက်ချလိုက်ပါတယ်။ အဲ့ဒီနောက် အမျိုးအမည်မသိရတဲ့ပုံစံနဲ့ ဆက်တိုက်ဆိုသလို သေတ္တာကိုခေါက်နေရင်း လှုပ်ရှားလို့နေခဲ့တယ်။

အနက်ရောင်သေတ္တာထဲကနေ တစ်ချွင်ချွင်မြည်သံတွေ ထွက်ပေါ်လို့လာခဲ့ပြီ သူ့ရဲ့ဘယ်ဘက်လက်ဖျံတစ်ခုလုံးကို ဒီသေတ္တာလေးက ဖုံးလွှမ်းလို့သွားပါတော့တယ်။ ဒါ့အပြင် လက်မအရွယ်ရှိတဲ့ အချွန်အတက်သုံးခုကလဲ ပေါ်ထွက်လာခဲ့ပါပြီ။

” ဒီ၀ိညာဥ်လက်နက်ကို လက်အိတ်အမြောက်လို့ခေါ်တယ်…ဒါ့အပြင် လူအသုံးများတဲ့ အဝေးပြစ်လက်နက်တစ်ခုပဲ သူ့ကို ၀ိညာဥ်စွမ်းအားနဲ့တင် အသုံးချလို့ရတယ်..ကြည့်လိုက် ”

ပြောပြီတဲ့နောက် ဖန်းယွီက လက်ကိုမြောက်လိုက်ပါတယ်။ အဖြူရောင်အလင်းတန်းက ချက်ချင်းဆိုသလို အဝေးကိုပြေးထွက်လို့သွားခဲ့ပါပြီ။ သန်မာတဲ့၀ိညာဥ်စွမ်းအားပေါင်းစည်းမှုက အဝေးမှာရှိတဲ့နံရံကို ထိမိရင်း အလင်းတန်းတွေ ဖြစ်ပေါ်လာစေခဲ့တယ်။

” ၀ိညာဥ်လက်နက်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ စည်းမျဥ်းတွေက အရမ်းကိုရိုးရှင်းတယ်..ထူးခြားတဲ့နည်းလမ်းနဲ့ နည်းစနစ်တွေကို အသုံးပြုပြီး ဖျက်ဆီးရေးစွမ်းအားအဖြစ် ပြောင်းလဲလို့ရတယ်…ဒါ့အပြင် အဓိက အကျဆုံးနည်းလမ်းကတော့ ဖိနှိမ့်မှုပဲ ဒီလိုနည်းနဲ့သာ ငါတို့က ဖျက်ဆီးမှုကို ဖန်တီးနိုင်တာ ”

အပိုင်း ၃၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset