အပိုင်း ၃၇•၁
” အကာအကွယ်တောင်ကြာပန်း ”
°°°
ထိုက်ဟွပင်းလဲ မျက်လုံးပြူးသွားပါတော့တယ်။ ကျိုးယိ ဒီလောက်အထိ တင်းမာနေမယ်လို့ သူမထင်ထားခဲ့ပါဘူး။ သူလဲ ဒီအတိုင်းစိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါတယ်။ သူဘာမှပြန်မပြောခင်အချိန်မှာ ကျိုးယိက သူရှေ့ရောက်လာခဲ့ပြီ ထိုက်ဟွပင်းက လူသစ်တွေထဲမှာ အသန်မာဆုံးဖြစ်နေခဲ့ပေမဲ့ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိနေတဲ့ ကျိုးယိနဲ့ ဘယ်လိုများ ယှဥ်နိုင်မှာလဲ။ ကျိုးယိရဲ့ရှေ့မှာတော့ ကူကယ်ရာမဲ့သွားခဲ့ပါတော့တယ်။ ဟွမ်ချုထျန်းအတိုင်းပဲ ချက်ချင်းဆိုသလို ပြတင်းပေါက်အပြင် လွှင့်ပြစ်ခံလိုက်ရပါပြီ။
ကျုးလုရဲ့ဒေါသတကြီးနဲ့ အသံကထွက်ပေါ်လာပါတော့တယ်။
” ဆရာကျိုး ကျွန်မဒါကို လက်မခံနိုင်ဘူး ”
ကျိုးယိက သူမကိုဆွဲယူလိုက်ပြီ ပြတင်းပေါက်အပြင်ကို ပြစ်လွှတ်လိုက်ပါတော့တယ်။
” မင်းတို့လက်မခံချင်ဘူးဆိုရင် မင်းတို့လဲထွက်သွားလိုက် ”
ဟွမ်ချုထျန်း လွှတ်ပြစ်ခံရကထဲက တစ်ခန်းလုံး တုန်လှုပ်နေပြီသားပါ။ အခုအချိန်မှာတော့ တစ်ခန်းလုံးက အပ်ကျသံမကြားရလောက်တဲ့အထိ တိတ်ဆိတ်နေခဲ့ပါပြီ။ အစောပိုင်းတုန်းက ကျောင်းခန်းအပြင်မှာ ရပ်နေခဲ့တဲ့ ကျောင်းသားတွေတောင် အထဲမှာဖြစ်နေတဲ့ ကိစ္စတွေကိုကြားနေခဲ့ရပါတယ်။ သူတို့တွေ ထိတ်လန့်ရုံကလွဲပြီ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီအခြေအနေက အားလုံးကို ပြောင်းလဲသွားစေပါတော့တယ်။
နောက်ဆုံးမှာတော့ ကျိုးယိအနေနဲ့ အဆင့်မြင့်ဆရာတစ်ယောက်အဖြစ် ဘာကြောင့် ရာထူးမတိုးနိုင်လဲဆိုတာ ၀မ်ယန်လည်နားလည်လို့သွားခဲ့ပါပြီ။ သူ့ရဲ့ဒေါသက တကယ်ကြောက်စရာကောင်းလွန်လှပါတယ်။
” ဆရာကျိုး ”
၀မ်ယန်က ခပ်မြန်မြန်ပဲ အော်လိုက်ပါတော့တယ်။
ကျိုးယိက လန့်နေတဲ့ကျောင်းသားတွေရဲ့အရှေ့မှာပဲ လျှပ်စီးလက်သလိုမျိုး ၀မ်ယန်ရဲ့ အရှေ့ကိုရောက်လာခဲ့ပါပြီ။ အားလုံးကလဲ ကျိုးယိအနေနဲ့ ၀မ်ယန်ကိုပါဆွဲပြီ ပြတင်းပေါက်အပြင်ကို လွှင့်ပြစ်တော့မယ်လို့ တွေးမိသွားစေခဲ့ပါတယ်။ ဒါပေမယ့် ကျိုးယိကတော့ အေးစက်စက်အသံနဲ့သာ ပြောလာခဲ့တယ်။
” ဆရာ၀မ် ရှင်က အတန်းနံပါတ်တစ်ရဲ့ အဓိကဆရာပါ ငါကတော့ လက်ထောက်ဆရာပဲ ဒါပေမယ့် ငါ့ရဲ့သင်ကြားချိန်မှာ ကျောင်းသားတွေကို ထိန်းချုပ်ဖို့ငါ့မှာ အခွင့်အရေးအပြည့်အ၀ရှိတယ်…ဒါကြောင့် ဟွမ်ချုထျန်း ထိုက်ဟွပင်းနဲ့ ကျုးလုတို့လို ကျောင်းသားတွေက ကျောင်းရဲ့စည်းမျဥ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တဲ့ ကိစ္စကြောင့် ကျောင်းတော်ကို တိုင်ကြားစာပို့ဖို့ ဆရာကို အကူအညီတောင်းရတော့မှာပဲ ဒါ့အပြင် အပြင်နယ်မြေရဲ့ အဓိကအတွင်းတပည့်သားတွေလဲ ယာယီအတွင်းတပည့်သားတွေ အားလုံးကို ငါထုတ်ပယ်ပြစ်လို့မရနိုင်ဘူး…ဒါပေမယ့် ကျောင်းတော်အနေနဲ့ ဒီကျောင်းသားတွေကို တခြားအတန်းဆီ ရွေ့ပြောင်းတာကိုတော့ လက်ခံမှာပါ ဒီလိုကျောင်းသားတွေကို အတန်းထဲမှာ မသင်ပေးနိုင်ဘူး..တစ်ချိန်ထဲမှာပဲ ၀ူဖုန်းက ပထမဆုံးနေ့မှာတင် အတန်းလဲမတက်ဘူး သူ့ရဲ့မတက်ရောက်ရတဲ့အကြောင်းအရင်းကိုလဲ မပေးဘူးဆိုမှတော့ ကျောင်းတော်အနေနဲ့ သူကိုလဲ တခြားအတန်းတွေဆီ ရွေ့ပြောင်းပေးဖို့ တောင်းဆိုချင်ပါတယ် “‘
၀မ်ယန်က ခပ်မြန်မြန် ပြောလာပါတော့တယ်။
” ဆရာကျိုး စိတ်လျှော့ပါဦး သူတို့အားလုံးက အဓိကတပည့်သားတွေနော် “‘
ကျိုးယိက သူ့ကိုရေခဲလိုမျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။
” ငါ့အမြင်အရ လောကမှာ နာခံတတ်တဲ့ကျောင်းသားနဲ့ မနာခံတတ်တဲ့ ကျောင်းသား ထူးချွန်တဲ့ကျောင်းသားနဲ့ အမှိုက်လိုကျောင်းသားပဲရှိတယ်….အတွင်းတပည့်သားတွေ အပြင်တပည့်သားတွေဆိုတာ ရှိမနေဘူး..သူတို့အားလုံးက ဒီအတန်းထဲမှာ မသင်ကြားသင့်ပဲ ထွက်သွားသင့်တယ်လို့ ဆုံးဖြတ်ပြီးပြီ အခုတော့ ကျောင်းသားတွေကို ဆက်ပြီသင်လိုက်ပါဦး ငါက အပြင်မှာရှိတဲ့ကျောင်းသားတွေကို သင်ကြားမယ် ”
အဲ့ဒီနောက် သူလှည့်ထွက်သွားပါတော့တယ်။
ရှောင်းရှောင်းကတော့ ခပ်တိုးတိုးပြောလာခဲ့တယ်။
” ယွိဟောင် နင်မြင်လား ဆရာကျိုးက နင့်အစား ကူညီပြီဖြေရှင်းပေးနေတာ သူဒီလိုကာကွယ်ပေးတာ ငါတော့ အရမ်းသဘောကျတာပဲ ”
၀မ်သုန့်ရဲ့ တွက်ချက်မှုက လက်ရှိအချိန်မှာ ပိုလို့တောင် ပြင်းထန်နေပါသေးတယ်။
“‘သူဒီလောက်ခြိမ်းခြောက်နေတာ ဒီလိုမျိုး ဖြစ်လာမယ်လို့ ငါထင်ပြီသားပဲ ”
ကျိုးယိက တကယ်ကြောက်စရာကောင်းပါတယ်။ သုံးမိနစ်အတွင်းမှာပဲ အတန်းထဲကနေ အဓိကအတွင်းတပည့်သားသုံးယောက်ကို သူဖယ်ထုတ်ပြစ်လိုက်ပါပြီ။ ဒါ့အပြင် ယာယီအတွင်းတပည့်တစ်ယောက်လဲ ပါနေခဲ့ပါတယ်။ အကယ်၍ တခြားကျောင်းတော်သားတွေရဲ့ ဆရာတွေသာ ဖြစ်မယ်ဆိုရင် ဒါမျိုးကိုဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ၀မ်ယန်တောင်မှ သူမကို အရူးတစ်ယောက်လို ခံစားမိပါတော့တယ်။ ဒါပေမယ့် ကျိုးယိရဲ့ အပြုအမူတွေက အတန်းနံပါတ်တစ်တစ်ခုလုံးကို အံ့အားသင့်သွားစေတာအမှန်ပါပဲ။ ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းက ကပ်ဆိုက်တော့မလို ခံစားနေခဲ့မိပါတယ်။
အတွင်းတပည့်သားတွေဆိုတာက ဆရာတွေထုတ်ပယ်လို့ မရနိုင်တာအမှန်ဖြစ်ပေမဲ့ တခြားကျောင်းသားတွေကတော့ ထုတ်ပယ်လို့ရနိုင်ပါတယ်။ ဒါ့အပြင် အတွင်းတပည့်သားတွေကို ဥပမာအနေနဲ့ထားရင်း ဆရာကျိုးရဲ့ဩဇာအရှိန်အ၀ါကို အားလုံးက သိလိုက်ကြရပါပြီ။
ဒီတစ်ကြိမ်မှာ အတွင်းနဲ့အပြင် ရှိရှိသမျှကျောင်းသားတွေအားလုံးက အရမ်းကိုလိမ်မာသွားကြပါတော့တယ်။ အတန်းနံပါတ်တစ်ရဲ့ မူလကျောင်းသားတွေကတော့ အပြင်နယ်မြေမှာရှိပြီ ဆရာကျိုးနဲ့ စာသင်ရမဲ့ကျောင်းသားတွေကိုသာကြည့်ရင်း တခဏတာ တိတ်ဆိတ်လို့နေခဲ့တယ်။ ဆရာကျိုးရဲ့ သင်ကြားမှုနည်းလမ်းတွေကို သူတို့က ကောင်းကောင်းနားလည်ကြပါတယ်။ ဒီကိစ္စကြောင့် စိတ်ထဲမှာပျော်နေရုံကြတင်မက ပိုလို့ရင်းနှီးသွားတယ်လို့လဲ ခံစားခဲ့ရတယ်။ ဟို့ယွိဟောင်အတွက် ဒေါသဖြေပေးတာကို သိနေခဲ့ကြသလို ဒါ့အပြင် အတန်းတစ်ခုလုံးရဲ့ ဒေါသကိုဖြေပေးတာနဲ့လဲ အတူတူပါပဲ။
၀မ်ယန်ကတော့ စိတ်ဖိစီးမှုအပြည့်နဲ့ သင်ခန်းစာကို စသင်ရပါတော့တယ်။ ကျိုးယိကို သူကျိန်ဆဲချင်ပေမဲ့ အနည်းဆုံးအတန်းပြီမှ ဒီလိုလုပ်ဖို့ စောင့်ဆိုင်းရမှာပါ။ ဒါပေမယ့် ၀မ်ယန်အနေနဲ့လဲ အတန်းတစ်ခုလုံး အခြေအနေပြောင်းလဲသွားတာကို ခပ်မြန်မြန်ပဲ နားလည်လိုက်ပါတော့တယ်။ မနေ့ကလို ဆူညံရှုပ်ထွေးနေတဲ့ အခြေအနေနဲ့ယှဥ်လိုက်မယ်ဆိုရင် ကျန်ရစ်တဲ့ ကျောင်းသားသုံးဆယ့်က အရမ်းကို အလေးအနက်ထားပြီ သင်ကြားဖို့အတွက် စိတ်ပါလက်ပါရှိတဲ့သူတွေပါ။ အတန်းထဲမှာ စည်းကမ်းကလဲ အရမ်းကို ကောင်းလွန်တာကြောင့် သူအနေနဲ့ ဒေါသထွက်စရာဘာကိုမှရှာမတွေ့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဒီအချက်ကြောင့် အတွေးအခေါ်တွေလဲ အနည်းငယ်ပြောင်းလဲလို့လာခဲ့ရပါပြီ။ တစ်ခါတစ်လေမှာ တင်းကြပ်တယ်ဆိုတဲ့ကိစ္စက လုံး၀ကို မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။
ဟွမ်ချုထျန်း ကျုးလုနဲ့ ထိုက်ဟွပင်းတို့ကတော့ လက်ရှိအချိန် သူတို့ပြစ်ချခံရတဲ့နေရာကနေ အပေါ်ကိုပြန်ပြီ တွယ်တက်လာရပါတော့တယ်။ သူတို့ကတော့ ကျိုးယိရဲ့ တင်းကြပ်မှုကို ၀မ်ယန်ရဲ့ခံစားချက်နဲ့မတူညီပါဘူး။ သူတို့သုံးယောက်က အိပ်မက်ထဲမှာတောင် ဒီလိုကိစ္စမျိုး ကြုံရမယ်လို့ မထင်မှတ်ခဲ့ဘူးတာ အမှန်ပါ။
ထိုက်ဟွပင်းက သူ့အနေနဲ့ အတန်းခေါင်းဆောင်ဖြစ်သင့်တယ်လို့ထင်ခဲ့ပါတယ်။ ၀မ်သုန့်တောင် သူနဲ့ အစွမ်းအစမှာတောင် ယှဥ်လိုမရပါဘူး။ ဒါပေမယ့် ကျိုးယိက သူဘယ်သူလဲ ကျင့်ကြံဆင့်ဘယ်လောက်လဲဆိုတာကို ဂရုမစိုက်ပဲဒီအတိုင်းပြတင်းပေါက်အပြင်ကို ပြစ်လွှတ်လိုက်ပါတော့တယ်။
ပထမနှစ်ရဲ့ အတန်းလေးတန်းထဲမှာ အတန်းနံပါတ်တစ်က အသန်မာဆုံးပါ။ ဒါ့အပြင် တိုက်ခိုက်ရေးနဲ့ ထိန်းချုပ်ရေးတွေကို အဓိကသင်တဲ့ အတန်းဖြစ်နေခဲ့ပါတယ်။ အတန်းနံပါတ်တစ်က သူ့ကို မလိုချင်ဘူးဆိုရင် ဘယ်သွားရမှာလဲ သေချာပေါက် အတန်းနံပါတ်နှစ်ကို သွားရမှာပေါ့။ ဒါပေမယ့် အတန်းနံပါတ်နှစ်က အလျင်အမျိုးအစားနဲ့ ခုခံရေးတွေကို သင်ကြားတဲ့အတန်းပါ။ သူဘာကို အဲ့ဒီမှာသင်ရမှာလဲ အရေးကြီးဆုံးကတော့ ရှက်စရာကောင်းလွန်တဲ့ ကိစ္စပါ။
ကျားဖြူမြို့စားမင်းရဲ့သားက အတန်းအပြင်ကို ကန်ထုတ်ခံလိုက်ရပါတယ်။ သူ့ရဲ့ အတွင်းတပည့်သား အဆင့်အတန်းကြောင့်သာ မဟုတ်ရင် သေချာပေါက် အထုတ်ပြင်ပြီ အိမ်ပြန်နေရပါပြီ။ တခဏတာအတွင်းမှာ ထိုက်ဟွပင်းရဲ့ နှလုံးသားတစ်ခုလုံး အမုန်းတရားအပြည့်ဖြစ်ပေါ်လာပါတော့တယ်။
ဒါပေမယ့် သူကဘယ်နေရာမှာ ရောက်နေတာလဲ ဒါက အမျက်ဒေါသကျောင်းတော်ပါ။ တိုက်ကြီးရဲ့နံပါတ်တစ်ကျောင်းတော်ဖြစ်ပါတယ်။ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ၀ိညာဥ်အကြီးအကဲအနေနဲ့ သူကသက်တူရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းတော်ထဲမှာကတော့ ပညာရှင်တွေက ကောင်းကင်မှာရှိတဲ့ ကြယ်တွေထက်တောင် များပြားလွန်နေတာကြောင့် သူက ဘာမှမဟုတ်သေးပါဘူး။ သူအဖေဖြစ်တဲ့ ကျားဖြူမြို့စားမင်းကိုယ်တိုင်လာရင်တောင် ကျောင်း၀င်ပေါက်မှာရှိတဲ့ ရုပ်ထုတွေကို ဦးခိုက်ရုံကလွဲပြီ ဘာများလုပ်စရာရှိဦးမှာလဲ။
” ဟွပင်း ငါတို့ဘာလုပ်ကြမလဲ ”
ကျုးလုက မေးလာခဲ့ပါတယ်။ သူမက အမြန်နှုန်းကို အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် အတန်းနံပါတ်နှစ်ကို သေချာပေါက် သွားရမှာပါ။ ဒါပေမယ့် ထိုက်ဟွပင်းနဲ့ ပေါင်းစည်းစွမ်းရည်ရှိနေတာကြောင့်သာ အတန်းနံပါတ်တစ်ကို ပို့ခံလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နှစ်ယောက်စလုံးအတူတူ ထုတ်ပယ်ခံလိုက်ရပြီဖြစ်တာကြောင့် သူမရဲ့ဒေါသက ထိုက်ဟွပင်းထက် မလျော့ပါးနိုင်ပါဘူး။
“ကျောင်းတော်ရဲ့အစီအစဥ်အတိုင်း ဆက်သွားကြတာပေါ့ ဒီစော်ကားမှုကို ငါမှတ်ထားမယ်…တစ်ရက်တော့ရှိလာမှာပဲ ”
အဆုံးသတ်မှာ ၀မ်ယန်ကတော့ ကျိုးယိကို သူ့ရဲ့ လုပ်ဆောင်ချက်အတွက် အပြစ်မတင်ခဲ့ပါဘူး။ ဒါ့အပြင် ကျိုးယိရဲ့ဆုံးဖြတ်ချက်မှန်သမျှတွေကို ထောက်ခံပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့သင်ကြားမှုအပြီးမှာ ကျန်ရစ်တဲ့ကျောင်းသားတွေအားလုံးက အရမ်းကို လိမ်လိမ်မာမာ ဖြစ်သွားကြရင်း အဆုံးသတ်လို့သွားခဲ့ပါတယ်။ ဒီလိုကြောင့် သူတို့ရဲ့ သင်ကြားမှုမှာ ထိရောက်မှုကလဲ အရင်တုန်းက ၀မ်ယန် သင်ဖူးသမျှ အတန်းတွေထက် ပိုပြီး မြင့်မားနေခဲ့တယ်။ ၀မ်ယန်လဲ ရွေးချယ်စရာမရှိတော့ပဲ ဒီအချက်ကို လက်ခံလိုက်ရပါပြီ။ ကျိုးယိရဲ့ သင်ကြားရေးနည်းလမ်းတွေက တင်းမာပေမဲ့ သူမက အရမ်းကို ထိထိရောက်ရောက် သင်ကြားနိုင်ပါတယ်။ ဒီလိုမျိုး မိတ်ဆွေသာရှိနေခဲ့မယ်ဆိုရင် သေချာပေါက် ကျောင်းသားကောင်းတွေကို မွေးထုတ်ပေးနိုင်မှာပါ။ ဒါကြောင့် ကျိုးယိနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီနေ့ကိစ္စကို ကျောင်းတော်ဆီမတင်ပြခင် သူဆွေးနွေးမှဖြစ်မှာပါ။ သူ့မှာတောင်းဆိုချက်က တစ်ခုပဲရှိပါတယ်။ ကျိုးယိနဲ့ အပြင်နယ်မြေကနေကျောင်းသားတွေအားလုံး မပြီးဆုံးခင်အထိအတူတူ သင်ကြားချင်တယ်ဆိုတာပါပဲ။ ကျိုးယိလဲ ဒါကို သဘောတူလိုက်ပါတယ်။
” မင်းကတော့ ပြဿနာရှာနေပြီ ကျိုးယိနဲ့ ပတ်သက်ပြီးဘာများကောင်းနေလို့လဲ အတန်းတွေဆိုတာက အခုမှစခွဲတုန်းရှိတာလေ ဒါတောင်မှ မင်းက ဒီလိုကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချလိုက်ပြီလား မင်းကိုယ်မင်းဘယ်သူမှန်းမသိကြဘူးလို့ စိုးရိမ်နေမှာ ကြောက်လို့လား မင်းသင်ကြားပေးတဲ့ ကျောင်းသားတွေအားလုံးက အမြဲတမ်းအကောင်းဆုံးရလဒ်တွေကိုရတယ်….ဒါကြောင့် ကျောင်းတော်ကမင်းကိုအဆင့်မြင့်ဆရာအဖြစ် ရာထူးတိုးပေးဖို့ လုပ်နေတာ ဒါတောင်မှမင်းက ဒါမျိုးကိုလုပ်လိုက်တယ်…မင်းကိုယ်မင်း ”
ဒေါသထွက်နေတဲ့ သုဝေ့လွမ်က ၀မ်ယန်နဲ့ ကျိုးယိကို ပြောနေခဲ့ပါတယ်။ ကျိုးယိက ထူးမခြားနားလေသံနဲ့သာ ပြန်ဖြေလိုက်တယ်။
” ဒါက ငါ့ကျောင်းသားတွေကို ငါသင်ကြားတဲ့နည်းလမ်းပဲ အဆင့်မြင့်ဆရာဖြစ်မလာတော့ရောဘာဖြစ်လဲ ထားလိုက်လေ ငါကိုအလုပ်ထုတ်ရင်းထုတ်လိုက် မထုတ်ရင်တော့ ဒီအတိုင်းဆက်သင်နေမှာပဲ ”
” မင်းကတော့ ”
ဒေါသတကြီးနဲ့ သုဝေ့လွမ်က သူမကို ထုတ်ပယ်ဖို့ဆုံးဖြတ်လုနီးပါးဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူက ကျိုးယိမဟုတ်သလို သူမလောက်လဲ စိတ်မမြန်ပါဘူး။ ကျိုးယိရဲ့ သင်ကြားမှုနည်းလမ်းမှာ ပြဿနာရှိနေပေမဲ့ သူ့ရဲ့ကျောင်းသားတွေက အရမ်းကို ထူးချွန်ရုံတင်မကပဲ သင်ကြားမှုကလဲ အတော်ကို ထိရောက်ပါတယ်။ အတွင်းနယ်မြေရဲ့ ကျောင်းသားတွေထဲမှာ ကျိုးယိ သင်ကြားမွေးမြူးပေးတဲ့ ကျောင်းသားအရေအတွက်က အဆင့်မြင့်ဆရာတွေ သင်ကြားပေးတဲ့အရေအတွက်ထက်ကို အများကြီးပိုပြီး ကျော်လွန်နေခဲ့တယ်။ ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင် သူမထုတ်ပယ်လိုက်တဲ့ ကျောင်းသားအရေအတွက်ကလဲ အများဆုံးပါပဲ။
၀မ်ယန်က ချက်ချင်းဆိုသလို ကိစ္စတွေကို ၀င်ရှင်းပါတော့တယ်။
” ညွှန်ကြားရေးမှုသု အဲ့ဒီလောက်ကြီးလဲ စိတ်မဆိုးပါနဲ့ တကယ်တော့ ဆရာကျိုးလုပ်တဲ့ကိစ္စက အကုန်လုံးမှားနေတော့တာလဲမဟုတ်ဘူးလေ ဒီကျောင်းသားအသစ်တွေအားလုံးက သူတို့ရဲ့ ပါရမီအပေါ်မှာ အရမ်းကို ယုံကြည်ချက်ကြီးမားလွန်နေတာကြောင့် ပုန်းကန်လိုစိတ်လဲကြီးကြပါတယ်။ ဒါကြောင့် ဒီနေ့သင်ခန်းစာအပြီးမှာ သူတို့တွေ အတော်လေး လိမ်လိမ်မာမာ ဖြစ်သွားကြတာပါ..အနာဂတ်သူတို့ရဲ့ အတန်းတွေအတွက်လဲ ဒါလုံး၀ကို ကောင်းမွန်တဲ့ကိစ္စပါပဲ…ဒါ့အပြင် ဆရာကျိုးဖယ်ရှားလိုက်တဲ့ ဘယ်ကျောင်းသားတွေကမှ တကယ်တမ်းမှာ မထုတ်ပယ်ခံရပါဘူး..သူတို့မှာ အတွင်းတပည့်သားဆိုတဲ့ ဇစ်မြစ်ကရှိနေတာကြောင့် သေချာပေါက် အတွင်းနယ်မြေရဲ့ ဆရာတွေညွှန်ကြားသင်ပြမှုကိုလဲ ရရှိနိုင်မဲ့ အလားအလာမှာရှိနေပါတယ်…ဒါ့အပြင် သူတို့အနေနဲ့ ကျောင်းတော်မှာဆက်ပြီး သင်ကြားရဦးမှာပါပဲ အများကြီးလဲ သက်ရောက်မှာမဟုတ်ပါဘူး…ဒါကြောင့် ကျွန်တော်အနေနဲ့ ဆရာကျိုးရဲ့ ဒီလိုတင်းကြပ်တဲ့ သင်ကြားမှုနည်းစနစ်တွေက ထူးချွန်တဲ့ကျောင်းသားတွေကို မွေးထုတ်ပေးတယ်ဆိုတဲ့ကိစ္စကို ကျွန်တော်ထောက်ခံပါတယ် ”
၀မ်ယန်ရဲ့ စကားကိုကြားပြီချိန်မှာ သုဝေ့လွမ်ရဲ့မျက်နှာထားက အနည်းငယ်ပျော့ပျောင်းသွားပါတော့တယ်။ ကျိုးယိကို လက်ညိုးထိုးပြရင်း အတော်လေးကို စိတ်ညစ်နေတဲ့အမူအရာက သူ့မျက်နှာမှာပေါ်လာတော့တယ်။
” မင်းအကြောင်း ပြောလို့ကောင်းမဲ့ကိစ္စဘာရှိသေးလဲ မင်းလိုမျိုး တောင်ကြာပန်းက ဘယ်တော့မှနူးညံ့လာမှာလဲ ”
” ဖန်းယွီက ငါလုံလောက်အောင် မနူးညံ့တော့ဘူးလို့ ထင်တဲ့အချိန်မှပေါ့ ”
ကျိုးယိက အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်ပါတယ်။ သုဝေ့လွမ်အနေနဲ့ ဒါကိုကြားချိန်မှာ အကယ်၍ သူသာ ကျိုးယိနဲ့ဆက်ပြီ စကားပြောနေရဦးမယ်ဆိုရင် ရူးသွားတော့မယ်လို့သာ ခံစားလာမိပါတော့တယ်။
” ကောင်းပြီလေ မင်းတို့သွားကြတော့ ကျိုးယိ အခုကနေစပြီမင်းဘာလုပ်လုပ်ငါဂရုမစိုက်နိုင်ဘူး…ဒါပေမယ့် ဒီတစ်ခေါက်တော့ ပထမနှစ်ရဲ့ကျောင်းသားတွေ သူတို့တွေ ဒီစာသင်နှစ်မပြီးခင်အချိန်အထိ ဒီအတန်းကို မင်းပဲသင်ရမယ်…အကယ်၍ အချိန်သာကြလာပြီဆိုရင် မင်းအနေနဲ့ အတွင်းတပည့်သားငါးယောက်ကို မွေးထုတ်မပေးနိုင်လို့ကတော့ ငါမင်းကို အလုပ်ဖြုတ်ပြစ်မယ် ”
အကယ်၍ ထိုင်ဟွင်းပင်း ကျုးလုနဲ့ ဟွမ်ချူထျန်းတို့သာ အတန်းနံပါတ်တစ်မှာ ရှိနေသေးဦးမယ်ဆိုရင် ၀မ်ယန်အနေနဲ့ ဒီတောင်းဆိုချက်ကို သိပ်ပြီတွေးတောမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီအတွင်းတပည့်သားတွေ ရှိမနေတော့တဲ့အတွက် သူကိုယ်တိုင်လဲ မသေမချာဖြစ်လာခဲ့မိပါတယ်။
ဒါပေမယ့် ကျိုးယိကတော့ တစ်ချက်လေးတောင် မျက်နှာမပျက်ပဲ ပြန်ဖြေလိုက်တယ်။
” ငါးယောက်ထက်ပိုတာပဲ ရှိရမယ် ဘယ်တော့မှမနည်းစေရဘူး ”
ပြောပြီးတဲ့နောက် သူလှည့်ထွက်သွားပါတော့တယ်။ အရာအားလုံးက ချောချောမွေ့မွေ့ဖြစ်သွားခဲ့ပါပြီ။ ကျိုးယိနဲ့ ၀မ်ယန်ကလဲ သုဝေ့လွမ်ကို သတင်းပို့ခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ပထမဆုံးအနေနဲ့ ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးနယ်မြေကို သွားရောက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ သူငါးကင်မရောင်းတော့ပါဘူး။ ဒါကြောင့် ထမင်းစားပြီချိန်တိုင်းမှာ နှစ်နာရီအထိ အနားရဖို့ရှိနေခဲ့ပါတယ်။ ၀မ်သုန့်ကို ခွဲခွာပြီတဲ့နောက် ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးကျောင်းတော်ကို သူပြေးတော့တယ်။
အဲ့ဒီနေ့ကစပြီ ဆရာဖန်းယွီနဲ့ ဆက်တိုက်သင်ကြားရမှာပါ။
ဖန်းယွီပေးထားခဲ့တဲ့ တံဆိပ်ပြားကြောင့် ဟို့ယွိဟောင်အနေနဲ့လဲ အချိန်မရွေး၀င်ထွက်သွားလာနိုင်ပါတယ်။ ဒါကြောင့် စမ်းသပ်ရေးနယ်မြေ ဆယ့်တစ်ဆီကို ၀င်သွားခဲ့တယ်။ တံခါးကိုဖွင့်ပြီချိန်မှာပဲ ဟယ့်ချိုက်ထို့ပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေတာကို မြင်လိုက်ရပါတယ်။ ဆရာဖန်းယွီကတော့ သူ့ရှေ့မှာရပ်ရင်း ညွှန်ကြားနေခဲ့တယ်။
” ဆရာဖန်းယွီ ဆရာတူအစ်ကိုကြီးဟယ့် ”
ဟို့ယွိဟောင် ခပ်မြန်မြန်လျှောက်လာရင်း ခေါ်လိုက်ပါတယ်။
” လာပြီလား မနေ့တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ငါကြားလိုက်တယ်…မင်းလုပ်တာကောင်းတယ်..တကယ်ယောကျ်ားတွေက လွယ်လွယ်ကူကူလက်မလျှော့ဘူး..ချိုက်ထို့ ပိုဂရုစိုက်ဦး မင်းကိုယ်မင်း ထိန်းထားဖို့လိုတယ် ”
ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ကို နှုတ်ဆက်ပြီတဲ့နောက် ဖန်းယွီကလဲ နောက်ထပ် သတ္ထုစာပွဲတစ်ခုဆီ သူ့ကိုခေါ်သွားပါတော့တယ်။
အပိုင်း ၃၇•၁ ပြီး၏။