အပိုင်း ၃၆•၃
” နိုးထလာတဲ့ မီးခိုရောင် ”
°°°
ဒါပေမယ့် ရုတ်တရက်ဆိုသလို သူ့ရဲ့ ကောင်းကင်ကြီးတစ်ခုလုံး ပြောင်းပြန်လှန်းသွားတာကို ခံစားလိုက်မိပါတယ်။ ပုံမှန်နွေးထွေးနေတဲ့ ခံစားချက်က ရုတ်တရက်အေးစက်လို့သွားခဲ့ပါပြီ။
အဲ့ဒီနောက် ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို နွေးထွေးနေတဲ့ အိပ်ယာပေါ်ကနေ မာကျောအေးစက်တဲ့ကြမ်းပြင်ပေါ်ကို ရောက်သွားပါတော့တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တဲ့ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ကောင်းကင်ကြီးတစ်ခုလုံး ပြောင်းပြန်လည်သွားခဲ့ပြီ မြေပြင်က မျက်စိရှေ့ရောက်လာတာကြောင့် အော်လိုက်မိပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့အော်သံက ၀မ်သုန့်ရဲ့အော်သံကိုတော့ မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ သူနိုးထလာခဲ့ပြီတဲ့နောက် အရမ်းကို အေးစက်လွန်းလို့ ကျောတစ်ခုလုံးထုံလာပါတော့တယ်။ ၀မ်သုန့်က အိပ်ယာခင်းကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း သူ့ကို စူးစိုက်ပြီကြည့်နေကို မျက်လုံးဖွင့်ဖွင့်ချင် မြင်လိုက်ရပါတယ်။ ၀မ်သုန့်ရဲ့ ကြီးမားတဲ့မျက်လုံးကြီးတွေက မီးလျှံတွေတောက်လောင်နေသလိုပါပဲ။ မနေ့က ၀ူဖုန်းနဲ့ တိုက်ခိုက်ချိန်ကအတိုင်း ဖြစ်ပေါ်နေခဲ့ပါတယ်။
” မင်းဘာလုပ်တာလဲ ”
ဟို့ယွိဟောင်က နာသွားတဲ့ခါးကို နှိပ့်ရင်း မေးလိုက်တယ်။
၀မ်သုန့်ရဲ့အသံက တစ်လုံးချင်ထွက်ပေါ်လာခဲ့ပါပြီ။
” မင်းဘာလို့ငါအိပ်ယာပေါ် လာအိပ်နေတာလဲ ”
ဟို့ယွိဟောင်လဲ ဒီအတိုင်းသာ စိုက်ကြည့်နေခဲ့တယ်။ အဲ့ဒီနောက် ဖြစ်နေတဲ့ကိစ္စကို သူသတိထားမိသွားပါပြီ။ ၀မ်သုန့်က အတူတူမအိပ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့လဲ အရင်ညတုန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တာကို မှတ်မိနေပါသေးတယ်။
” ငါဘယ်လိုလုပ်သိမှာလဲ မနေ့တုန်းက ငါ၀ူဖုန်းနဲ့ တိုက်ခိုက်နေတာမဟုတ်ဘူးလားငါမှတ်မိတာက အခုမင်းကန်ချလို့ နိုးလာတာပဲ ”
၀မ်သုန့်ကလဲ အခုအချိန်မှာ လန့်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ ဟို့ယွိဟောင်က ၀ူဖုန်းနဲ့ တိုက်ခိုက်ပြီချိန်မှာ သတိလစ်သွားခဲ့တာပါ။ ဒါ့အပြင် အခုအချိန်ထိ ဆက်တိုက်အိပ်ပျော်နေခဲ့တာလဲ ဖြစ်ပါတယ်။
” ငါဘာဖြစ်လို့ မင်းအိပ်ယာပေါ်ရောက်နေရတာလဲ ”
ဟို့ယွိဟောင်က ၀မ်သုန့်ကို တအံ့တဩပြန်မေးနေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ မျက်နှာတစ်ခုလုံးကလဲ နီရဲလို့သွားခဲ့ပါပြီ။
” သေချာပေါက် ငါ့ရဲ့ စိတ်ကောင်းစေတနာကြောင့်ပဲပေါ့ မနေ့တုန်းက မင်းဒဏ်ရာရနေတုန်း အအေးမိမှာစိုးတာနဲ့ အိပ်ယာပေါ်တင်ပေးထားတာ ”
” ဒါဆိုဘာဖြစ်လို့ ငါ့ကို ကန်ထုတ်ရတာလဲ ”
ဟို့ယွိဟောင်က ထပ်ပြီးမေးလာခဲ့ပါတယ်။
၀မ်သုန့်အနေနဲ့ ဟို့ယွဟောင်သူ့ကို ဒီလိုအပြစ်တင်လာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ သူ့အနေနဲ့လဲ ဘာတွေဖြစ်သွားလဲဆိုတာကို ရှင်းရှင်းလင်းလင်းမမှတ်မိပဲ ဖြစ်နေခဲ့ပါတယ်။ သူမှတ်မိတဲ့တစ်ခုတည်သောအရာကတော့ သူဟို့ယွိဟောင်ကို စောင့်ကြည့်နေခဲ့တာပါပဲ။ အဲ့ဒီနောက် သူကိုယ်တိုင်လဲ အရမ်းကို ပင်ပန်းလာတာကြောင့် အိပ်ပျော်လို့သွားခဲ့ပါတယ်။ သူ့အိပ်ယာပေါ်ကို ဘယ်လိုတွယ်တက်သွားလဲဆိုတာ မမှတ်မိခဲ့ပါဘူး။ ဒါ့အပြင် အိပ်ယာပေါ်မှာ စောင်ခြုံထားရင်းဟို့ယွိဟောင်ကိုလဲ ဖက်ထားမိပါသေးတယ်။ တကယ်ကို ရှက်စရာကောင်းလွန်တဲ့ကိစ္စပါ။
ဟို့ယွိဟောင်ကလဲ အပြင်က ကောင်းကင်ကိုကြည့်ပြီ ၀မ်သုန့်ကို လျစ်လျူရှုထားရင်း ပြတင်းပေါက်ကို ဖွင့်လိုက်ပါတော့တယ်။ သူခရမ်းရောင်နတ်ဆိုးမျက်လုံးကို ကျင့်ကြံဖို့အတွက် အချိန်ရောက်ပါတော့မယ်။
၀မ်သုန့်ကတော့ အိပ်ယာပေါ်မှာထိုင်ရင်း ပိုပြီး မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ ငါသတိလက်လွှတ်အိပ်ယာပေါ် တက်လိုက်မိတာလား။
ဒါက ၀မ်သုန့်အတွက်တော့ ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်သော ကိစ္စပါပဲ။ ငါဒီကောင်ကို ကန်ချလိုက်မိတာ အတော်အားပါသွားတယ်။ ဒီကောင်အဆင်ပြေရဲ့လား။
တွေးပြီချိန်မှာပဲ သူချက်ချင်းခုန်ထလာပါတော့တယ်။
” ယွိဟောင် ငါတောင်းပန်ပါတယ် မနေ့တုန်းက မင်းငါအိပ်ယာပေါ်မှာ အိပ်နေတာကို ငါမေ့သွားတယ် ..ငါ့ရဲ့စိတ်ကိုလဲ မင်းသိမှာပါ တစ်စုံတစ်ယောက်ကို နိုးလာချိန်မှာ မြင်မြင်ချင် အလိုအလောက် ကန်ချလိုက်မိတယ်…ကျေးဇူးပြုပြီ စိတ်မဆိုးပါနဲ့ မင်းဒဏ်ရာတွေ အဆင်ပြေရဲ့လား ”
ဟို့ယွိဟောင်ကတော့ ပြန်မဖြေနေသေးပဲ အဝေးကကောင်းကင်ကြီးကိုကြည့်ရင်း အသက်ပြင်းပြင်းရှုသွင်းနေခဲ့ပါတယ်။
ဒါကြောင့်သာ ၀မ်သုန့်က ဟို့ယွိဟောင်တကယ်စိတ်ဆိုးနေတယ်လို့ ထင်သွားပါတော့တယ်။ ဟို့ယွိဟောင် လေ့ကျင့်ပြီတဲ့အချိန်အထိ သူစောင့်နေခဲ့တယ်။ သူက ထန်မျိုးနွယ်ထဲ၀င်ပြီပေမဲ့ ထန်မျိုးနွယ်က လျှို့၀ှက်နည်းလမ်းတွေကို ဟို့ယွိဟောင်နဲ့အတူတူ မလေ့ကျင့်ရသေးပါဘူး။
ခရမ်းရောင်နတ်ဆိုးမျက်လုံးကို လေ့ကျင့်ပြီတဲ့နောက် တောက်ပတဲ့ခရမ်းရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေထဲမှာ လှည့်ပတ်လို့လာခဲ့ရင်း ပျောက်ဆုံးသွားပါတော့တယ်။ လက်ရှိအချိန် သူလေ့ကျင့်နေတဲ့ နည်းလမ်းတွေက များပြားပေမဲ့အတိုးတက်ဆုံးကတော့ ခရမ်းရောင်နတ်ဆိုးမျက်လုံးပါပဲ။ တစ်ရက်ထဲမှာ မိုင်ထောင်ချီကို သူထိုးဖောက်ပြီကြည့်နိုင်ပါပြီီ။ စိတ်၀ိညာဥ်မျက်လုံးနဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးနှစ်ခုက အရမ်းကို လိုက်ဖက်ညီလွန်နေတာကြောင့် သူ့ကို နေ့စဥ်နေ့တိုင်းအများကြီး တိုးတက်စေပါတယ်။ ခရမ်းရောင်နတ်ဆိုးမျက်လုံးရဲ့ အခြေခိုင်တဲ့အဆင့်ကို ၀င်ရောက်ပြီချိန်ကထဲက တိုးတက်မှုမရပ်ခဲ့တာပါ။ ဒါကြောင့်သာ စွမ်းရည်လေးခုကလဲ ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့အတူတူ တိုးတက်လာခဲ့ပါတယ်။ အနေအထား အကွာအဝေး အကဲဖြတ်မှုနဲ့ တိကျမှုတို့မှာ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးက ပိုမို တိုးတက်လာခဲ့တာ ဒီအရာကြောင့်ပါ။
” ဘာလုပ်နေတာလဲ မင်းရေသွားမချိုးသေးဘူးလား ”
ဟို့ယွိဟောင်က လျှောက်လာရင်း ပြောလိုက်တယ်။
” ယွိဟောင် မင်းစိတ်မဆိုးဘူးလား ငါတကယ်တမင်တကာ လုပ်ရတာ မဟုတ်ပါဘူး ”
၀မ်သုန့်က သနားစရာမျက်နှာထားနဲ့ ပြောနေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ စိတ်ထဲမှာပျော်နေခဲ့တာပါ။ ဒါကြောင့် အရမ်းကို ရက်ရောပြီ ဖော်ရွေတဲ့လူကြီးလူကောင်းအသွင်နဲ့ သူပြောလာခဲ့တယ်။
” ဘယ်လိုပဲဖြစ်ဖြစ်လေ မင်းရဲ့ဒီလိုအကျင့်ဆိုးတွေကို ငါကြုံနေရတာ ပထမဆုံးအကြိမ်မှမဟုတ်တာ မင်းကိုယ်မင်း အရင်ဆုံး သန့်ရှင်းရေးသွားလုပ်သင့်တယ်..အခုမင်းရဲ့ခန္ဓာကိုယ်ကနေ အနံ့တွေတောင် ထွက်နေပြီ ကြည့်လိုက်ဦး မင်းငါ့ကိုကန်ချလဲ မနာတော့ဘူး မြန်မြန်ရေသွားချိုး ငါတို့တွေ မနက်စာစားပြီတဲ့အချိန်မှာ အတန်းမတက်ခင်အထိ လေ့ကျင့်ရအောင် မနေ့ညတုန်းက တစ်ညလုံးမလေ့ကျင့်ရသေးဘူး ”
ဒီကိစ္စက ချောချောမွေ့မွေ့နဲ့ ပြီးသွားခဲ့ပါတယ်။ နှစ်ယောက်စလုံး ရေမိုးချိုးပြီတဲ့နောက် ကျောင်း၀တ်ရုံအသစ်တွေကို လှဲရင်းမနက်စာ သွားစားတော့တယ်။
အတွင်းတပည့်သား ဖြစ်ပြီတဲ့နောက် အတွင်းတပည့်သားတွေရရှိတဲ့ အကျိုးရလဒ်တွေအားလုံးကို သူတို့ခံစားရပါတယ်။ ဒါ့အပြင် သူတို့အတွက် သီးသန့်အစိမ်းရင့်ရောင်လက်ပတ်တွေနဲ့ ရွှေရောင်တံဆိပ်တွေကို ရရှိကြတယ်။ ဟို့ယွိဟောင်က ဒီလိုတပည့်သားအဖြစ် တစ်နှစ်တာသာ ခံစားရမှာဖြစ်ပေမဲ့ ဒီအရာတွေကို ရရှိဆဲပါပဲ။ ကျောင်းစာသင်နှစ်ပြီချိန်မှာတော့ ဒါတွေကို ပြန်အပ်ရမှာပါ။
အတွင်းတပည့်သားတွေရဲ့ အသိအမှတ်ပြုမှု အဆောင်အယောင်တွေရှိပြီဆိုရင် ကျောင်းတော်ထဲမှာ လုံး၀ကို ကွာခြားသွားနိုင်ပါတယ်။ ဥပမာအနေနဲ့ အကောင်းဆုံးအစားအသောက်တွေကို စားသောက်ဖို့ အခွင့်အရေးရှိပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ ခန္ဓာကိုယ်ကို အဓိက အထူးပြုလုပ်ထားတဲ့အရာတွေပါ။ သူတို့နှစ်ယောက်စလုံးလဲ အ၀စားပြီတဲ့နောက် အခန်းကိုပြန်ရင်း လေ့ကျင့်ကြပါတော့တယ်။ အဲ့ဒီနောက် အတန်းနံပါတ်တစ်ကို ဦးတည်သွားပါတယ်။
သူတို့ရောက်လာချိန်မှာ အတန်းနဲ့လူတစ်ချို့လဲ ရောက်နေခဲ့ပါပြီ။ ဒါပေမယ့် သူတို့နှစ်ယောက် ၀င်လာချိန်မှာ တစ်တန်းလုံးက တိတ်ဆိတ်နေခဲ့ပါတယ်။ အားလုံးကတော့ ဟို့ယွိဟောင်ကို စိုက်ကြည့်နေခဲ့ကြတယ်။ ဟို့ယွိဟောင်ကတော့ ၀ူဖုန်းရဲ့နေရာကိုသာ ကြည့်မိပါတယ်။ ၀ူဖုန်းကမရောက်လာသေးပါဘူး။ သူလဲ ၀မ်သုန့်နဲ့အတူတူ လျှောက်လာရင်း ထိုင်ချလိုက်ပါတယ်။ အဲ့ဒီနောက် ကျောင်းသားတွေရဲ့အကြည့်ထဲမှာ ထိတ်လန့်နေမှုကို မြင်လိုက်ရပါတော့တယ်။
မနေ့ကပြိုင်ပွဲကြောင့် သူတို့တွေအားလုံး တုန်လှုပ်ခဲ့ပါတယ်။ ထိုက်ဟွပင်းတောင်မှ ချွင်းချက်မရှိခဲ့ပါဘူး။ ပထမနှစ်ရဲ့ အတန်းလေးတန်းထဲမှာ အတန်းနံပါတ်တစ်က အင်အားအမြင့်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် အသန်မာဆုံးကျောင်းသားတွေဖြစ်ပြီ အဓိက တပည့်သားတွေလဲ ပါ၀င်နေခဲ့တယ်။
ဟို့ယွိဟောင်က အတွင်းတပည့်သားတစ်ယောက်ကို အနိုင်ယူလိုက်တာပါ။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူ့ရဲ့ စွမ်းအားက အတွင်းတပည့်တွေနဲ့ ယှဥ်နိုင်နေခဲ့တယ်။ ဒါ့အပြင် သူက ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိသေးတဲ့ ၀ိညာဥ်ပညာရှင်ပါ။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ ၀ိညာဥ်မဟာပညာရှင် ဖြစ်လာခဲ့ရင်း ဘယ်လိုဖြစ်လာမလဲ။ ၀ိညာဥ်စက်ကွင်းတစ်ကွင်းတိုးလာတဲ့ ကိစ္စက အတော်လေးကို လွယ်ကူတဲ့ကိစ္စပါ။ အကယ်၍ သူသာ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိလာမယ်ဆိုရင် ပိုပြီး သန်မာလာမှာလား။
အစောပိုင်းတုန်းက သူ့ကို အထင်သေးနေခဲ့ကြတဲ့ ကျောင်းသားတွေကလဲ ဒီနေ့မှာတော့ ကောင်းကောင်းမွန်မွန် ပြုမှုနေခဲ့ကြပါတယ်။ အနည်းဆုံးတော့ ဘယ်သူကမှ သူ့ကို စိတ်ပျက်လက်ပျက်သွားပြီ မကြည့်၀ံ့ပါဘူး။ ဟို့ယွိဟောင်လဲ ဒီလိုရလဒ်မျိုးကို လိုချင်ခဲ့တာပါ။ အကယ်၍ မနေ့က ရှုံးနှိမ့်သွားခဲ့မယ်ဆိုရင်တောင် ၀ူဖုန်းကို ဒဏ်ရာရနိုင်တဲ့အတွက် တော်တော်များများက သူ့ကို လန့်သွားကြမှာဖြစ်ပါတယ်။ ကျောင်းတော်ထဲမှာ အနည်းဆုံးခြောက်နှစ်တိတိ သင်ကြားချင်တာကြောင့် သူ့ကို အနှောင့်အယှက်ပေးသူ နည်းနိုင်သလောက် နည်းတဲ့အထိ ပြင်ဆင်ထားချင်ခဲ့ပါတယ်။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့ကို မကျေမနပ်ဖြစ်စေရင်း စိတ်အခြေအနေကလဲ သက်ရောက်ခံရပါလိမ့်မယ်။ ဒီလိုသာ ဖြစ်လာမယ်ဆိုရင် အေးအေးချမ်းချမ်း လေ့ကျင့်နိုင်မှာမဟုတ်ပါဘူး။
အတန်းခေါင်းလောင်းတီးပြီးချိန်မှာပဲ ၀မ်ယန်နဲ့ ကျိုးယိတို့နှစ်ယောက်က ရောက်ရှိလာပါတော့တယ်။
ကျိုးယိရဲ့မျက်နှာက အရင်လိုပဲစူးရှနေခဲ့ပြီ အကြည့်တွေကတော့ ဓားသွားတမျှ အေးစက်နေခဲ့ပါတယ်။ အစောပိုင်းတုန်းက တခြားအတန်းထဲမှာ သင်ကြားဖူးခဲ့တဲ့ ကျောင်းသားတွေကတော့ ဒီကြောင်းကို သိပ်မတွေးမိပါဘူး။ အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေအားလုံးကတော့ တစ်ချက်တုန်ရီသွားခဲ့တယ်။ ဒီအဘွားကြီးက သူ့ရဲ့ဩဇာကို ထုတ်ပြတော့မှာပါ။
သူတို့ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။ ၀မ်ယန်က ကျိုးယိကို မနေ့ကကိစ္စအကြောင်း ပြောပြခဲ့ပါတယ်။ ၀မ်ယန်ကျောင်းတော်ထဲမှာ အဆင့်အတန်းက ကျိုးယိထက် ပိုပြီး မြင့်မားခဲ့တယ်။ ဒါပေမယ့် သူမက အဲ့ဒါတွေကို ဂရုစိုက်တတ်တဲ့ ပုံမပေါ်ပါဘူး။ ၀မ်ယန်ကို ကျိန်ဆဲပြီတဲ့နောက် ဟို့ယွိဟောင်ကို ကိုယ်တိုင်းသွားပြီ စစ်ဆေးခဲ့ပါတယ်။ ဟို့ယွိဟောင် အဆင်ပြေပြီဆိုမှသာ သူထွက်ခွာလာခဲ့တာပါ။ ဟို့ယွိဟောင်က ဒီအချက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့လို့ မသိခဲ့ပါဘူး။
၀မ်ယန်က ကျောင်းခန်းရဲ့၀င်ပေါက်မှာ ရပ်နေရင်း စောင့်နေခဲ့ပါတယ်။ ကျိုးယိကတော့ စာသင်ခန်းရဲ့စင်ပေါ်ကိုတက်သွားခဲ့တယ်။ အဲ့ဒီနောက် အခန်းတစ်ခန်းလုံးကို အကြည့်တစ်ချက်ထဲနဲ့တင် တိတ်ဆိတ်လို့သွားစေခဲ့ပါတယ်။
၀မ်ယန်အနေနဲ့ ကျိုးယိရဲ့ ဘယ်တုန်းကမှ အတူတူ အတန်းတစ်တန်းထဲကို မကိုင်တွယ်ဖူးပါဘူး။ သူမရဲ့ ကြောက်စရာကောင်းတဲ့ သင်ကြားမှုပုံစံတွေကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့သာ ကြားဖူးတာပါ။ မနေ့တုန်းက သူမဆဲတာခံလိုက်ရပြီ အတော်လေးကို စိတ်ထဲမကျေမနပ်ဖြစ်နေခဲ့ပါတယ်။ ဒီလိုရွေးချယ်ခံထားတဲ့ကျောင်းသားတွေကို မင်းဘယ်လိုကိုင်တွယ်မလဲဆိုတာ သိချင်တယ်လို့ စိတ်ထဲမှာဆက်တိုက်အော်ဟစ်ပြောဆိုနေခဲ့တယ်။
” အားလုံးမတ်တပ်ထလိုက်စမ်း ”
ကျိုးယိက အေးစက်စက် အော်လိုက်ပါတယ်။
ချက်ချင်းဆိုသလို အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေအားလုံးက သတ္ထုပူတုံးပေါ်မှာ ထိုင်လိုက်ရတဲ့အတိုင်း မတ်တပ်ထရပ်လိုက်ကြပါတော့တယ်။ တခြားကျောင်းသားတွေလဲ ထရပ်လိုက်ကြပြီ တစ်ချို့က မြန်ပေမဲ့ တစ်ချို့ကနှေးနေပါတယ်။ သူတို့အမြင်အရ ဒီအဘွားကြီးက ဆရာ၀မ်ယန်လောက်တောင် အာဏာရှိပုံမပေါ်ပါဘူး။ ဆရာ၀မ်ယန်က ၀ူဖုန်းရဲ့ အကြံပြုချက်ကို သဘောတူဖို့အတွက် ဖိအားပေးခံရတာပါ။ ဒီအဘွားကြီးက သူတို့ကို ဘာများလုပ်နိုင်မှာလဲ။
ကျိုးယိက အေးစက်တဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။
” ကောင်းတယ် ဒီနေ့အတန်းထဲမှာ စုစုပေါင်း ကျောင်းသား ခြောက်ဆယ့်ခုနှစ်ယောက်ရှိတယ်…တစ်ယောက်က မရောက်သေးဘူး …မင်းတို့ထဲမှာ သုံးဆယ့်ခြောက်ယောက်က ငါအမိန့်ပေးလိုက်တာနဲ့ ထရပ်တယ်…တခြားသုံးဆယ့်နဲ့အထက် ကျောင်းသားတွေကတော့ အချိန်ဆွဲနေကြတယ်…အကယ်၍ ငါမင်းတို့နာမည်ကို ခေါ်ရင်းအပြစ်ဒဏ်အနေနဲ့ ကျောင်းအခန်းရဲ့ အပြင်ဘက်မှာ သွားရပ်နေကြစမ်း ”
ဟွမ်ချူထျန်း သူမ ပထမဆုံးခေါ်လိုက်တဲ့သူက ဟွမ်ချူထျန်းဖြစ်ပါတယ်။ သူက ဟို့ယွိဟောင်နဲ့အတူတူ အတွင်းတပည့်သားအဖြစ် အခွင့်ထူးခံကို ရရှိထားတဲ့ကျောင်းသားပါပဲ။
ဟွမ်ချူထျန်းလဲ လန့်သွားပြီ ရယ်မောလိုက်ပါတယ်။
” ဆရာကျိုး အဲ့ဒီလောက်အထိ အလေးအနက်ထားဖို့ မလိုပါဘူး…ကျွန်တော်ထတာ နည်းနည်းနောက်ကျသွားလို့ပါ ”
ကျိုးယိကတော့ သူ့စကားတွေကို ဂရုစိုက်မနေပါဘူး။ ချက်ချင်းဆိုသလို ဟွမ်ချူထျန်းရှေ့မှာ ပေါ်လာပြီတဲ့နောက် အင်္ကျီကိုဆွဲရင် ပြတင်းပေါက်ကနေ တိုက်ရိုက်လွှင့်ပြစ်လိုက်ပါတော့တယ်။
ပြတင်းပေါက်ရဲ့အပြင်ဖက်မှာတော့ တစ်စုံတစ်ယောက်ရဲ့ ပြုတ်ကျသံကို ကြားလိုက်ပါပြီ။ ဟွမ်ချူထျန်းရဲ့ အသံကိုလဲ နောက်ထပ် မကြားရတော့ပါဘူး။ ကျောင်းသားတွေလဲ ဒီတစ်ကြိမ်မှသာ လန့်ကုန်ကြပါတော့တယ်။ ၀မ်ယန် ကိုယ်တိုင်တောင်မှ ကျိုးယိရဲ့အပြုအမူကြောင့် လန့်သွားခဲ့ရတယ်။
ကျိုးယိက ဆက်ပြီးပြောနေဆဲပါ။
” ရဲယုလင်း ယွီလင်း အန်ရှောင်းရှောင်း အိုးရန်ဟိုင်ယ ”
နောက်ထပ် အချိန်မီမရပ်တဲ့ ကျောင်းသားသုံးဆယ့်လဲ နာမည်ခေါ်ခံလိုက်ရပါတယ်။
ဟွမ်ချူထျန်းရဲ့အမှားကို မြင်လိုက်ပြီတဲ့နောက် ဘယ်သူမှကျိုးယိရဲ့ အပြုအမူကို မေးခွန်းမထုတ်၀ံ့ပဲ ချက်ချင်းဆိုသလိုအတန်းအပြင်မှာ သွားပြီရပ်ကြပါတော့တယ်။ ကျိုးယိရဲ့ခြေထောက်အောက်မှာ တောက်ပနေခဲ့တဲ့ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းကို ကြည့်ရုံနဲ့တင် သူတို့ဘာမှမလုပ်နိုင်မှန်း သိပြီသားပါ။
ကျိုးယိက ပြောလာခဲ့တယ်။
” ဒီနေ့သတင်းနှစ်ခုကို ငါကြော်ငြာချင်တယ်…ပထမဆုံးတစ်ချက် ဒီအတန်းရဲ့အတန်းခေါင်းဆောင်ကို ငါရွေးချယ်မယ်…တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေရဲ့ အတန်းခေါင်းဆောင်က ၀မ်သုန့် ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေရဲ့အတန်းခေါင်းဆောင် ဟို့ယွိဟောင် နံပါတ်နှစ် ဒီနေ့ကနေစပြီ ဆရာရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်၀ံ့တဲ့ဘယ်ကျောင်းသားမဆို တိုက်ရိုက်ထုတ်ပယ်ခံရမယ် ”
” ဆရာကျိုး အတန်းခေါင်းဆောင်က မဲပေးပြီဆုံးဖြတ်ရမှာမဟုတ်ဘူးလား ”
ထိုက်ဟွပင်းက ရုတ်တရက်မေးလာပါတော့တယ်။
ကျိုးယိက သူ့ကို စိုက်ကြည့်နေခဲ့တယ်။
” ဆရာတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်၀ံ့တဲ့ဘယ်သူမဆို ထုတ်ပယ်ခံရမယ်လို့ ငါပြောခဲ့တယ်မလား မင်းက အတွင်းတပည့်သားဖြစ်နေလို့ ငါမင်းကို မထုတ်ပယ်နိုင်ဘူး..ဒါပေမယ့် ကျောင်းတော်ကိုတောင်းဆိုပြီ မင်းကိုအတန်းနံပါတ်တစ်ကနေ ဖယ်ရှားပြစ်မယ် ..ထိုက်ဟွပင်းထပြီ အတန်းထဲကနေထွက်သွားလိုက်တော့ ”
အပိုင်း ၃၆•၃ ပြီး၏။