Switch Mode

Chapter – 36.2

နိုးထလာတဲ့ မီးခိုးရောင်

အပိုင်း ၃၆•၂

” နိုးထလာတဲ့မီးခိုရောင် ”
°°°
ကျယ်လောင်တဲ့ရယ်သံကြီးအောက်မှာ မီးခိုရောင်အလင်းတန်းကတော့ ဖြည်းဖြည်းချင်းဆိုသလို ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ စက္ကန့်ပိုင်းအတွင်းမှာပဲ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားပါတော့တယ်။ မီးခိုရောင်ပုလဲကတော့ မူလနေရာမှာသာ ပြန်ရှိနေခဲ့တယ်။

” နေမင်းနဲ့ လမင်းကို ဆွဲယူခဲ့တဲ့လက်က ကောင်းကင်မှာကြယ်တာရာတွေကို စိုက်ပျိုးခူးစွတ်တယ်…လောကမှာ ငါ့လို့လူမရှိဘူး ”

ဒီကြောက်စရာကောင်းပြီ ၀မ်နည်းမှုတွေပြည့်နေတဲ့စကားကို ရေရွတ်ရင်း ဟို့ယွိဟောင်လဲ တခဏတာ မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ဒေါသတကြီးနဲ့သာ အော်ဟစ်ကြိမ်းဆဲနေတော့တယ်။

” ဒီအဘိုးကြီးက ငါအစ်ကိုကြီးကို လျစ်လျူရှု၀ံ့တယ်ပေါ့ ဒါ့အပြင် ငါ့ကိုတောင်ဆဲသွားသေးတယ်…ငါဒီကောင်ကို သတ်ချင်လိုက်တာ သတ်ချင်လိုက်တာ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံကိုကြားချိန်မှာသာ ဟို့ယွိဟောင်လဲ သတိပြန်၀င်လာပါတော့တယ်။

” အစ်ကိုကြီး စိတ်ထိန်းပါဦး အဲ့ဒီဆရာကြီးက မကောင်းတဲ့စိတ်ရှိပုံမပေါ်ဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်တယ်။

” မကောင်းတဲ့စိတ်ရှိပုံမပေါ်ဘူး မင်းဘာပြောချင်တာလဲ အဲ့ဒီကောင် ငါ့ကို သေတဲ့အထိ ညစ်သတ်ချင်တယ်လို့ ပြောတာ မင်းမကြားဘူးလား ယွိဟောင် မင်းအနေနဲ့ မြန်မြန်စွမ်းအားတက်လာအောင်လုပ်မှဖြစ်မယ်…ဒီကောင်က စိတ်၀ိညာဥ်ပင်လယ်ထဲမှာလာပြီ ကပ်ပါးလုပ်နေတာ သူ့ကို မင်းရဲ့ကိုယ်ပိုင်စိတ်၀ိညာဥ်စွမ်းအားနဲ့ပဲ ဖယ်ရှားပြစ်မှရမယ်…သူ့ရဲ့နတ်အသိဉာဏ်က အဆင့်မြင့်နေခဲ့ပေမဲ့ ပြင်ပပစ္စည်းဖြစ်နေတာကြောင့် မင်းကို ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး .မင်းရဲ့နတ်အသိဉာဏ်က သူအဆင့်ရောက်သွားပြီဆိုရင် သူ့ကိုအလွယ်လေး ရင်ဆိုင်ဖို့အဆင်ပြေသွားလိမ့်မယ် ”

” အစ်ကိုကြီးကောင်းကင်အိပ်မက် သူ့ရဲ့ နတ်အသိဉာဏ်က အဆင့်မြင့်တယ်လို့ ပြောခဲ့တယ်မလား သူ့အဆင့်ကို ရောက်ဖို့အတွက် ဘယ်လောက်တောင် လေ့ကျင့်ရမလဲထင်လဲ ”

” ဒါက တွက်ချက်ပါရစေဦး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင် တိတ်ဆိတ်လို့သွားပါတော့တယ်။

လက်ရှိအချိန်မှာ ဟို့ယွိဟောင် အရမ်းသိချင်နေခဲ့မိပါပြီ။ အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းက သူ့ခန္ဓာကိုယ်ကို လူအများကြားမှာ ထူးချွန်နေအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ သူစုပ်ယူထားတဲ့ နတ်အသိဉာဏ်တစ်ခုရှိနေတယ်ဆိုတာ ထင်တောင်မထင်ထားခဲ့မိပါဘူး။ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ရှိနေခဲ့တဲ့အရာကြောင့် ထူးခြားချက်က ပိုပြီး သိသာနေခဲ့ပါတော့တယ်။ ဒီနေရာမှာ ဖြစ်နေသမျှအရာအားလုံးကို သူလဲ ရှင်းရှင်းလင်းလင်းကြားနေခဲ့ရတယ်။ အဲ့ဒီအဘိုးကြီးသူ့ကို စကားပြောနေတဲ့အချိန်မှာ အရမ်းကို ပညာဉာဏ်အပြည့်နဲ့ ခမ်းနားမှုတွေက ပါ၀င်နေခဲ့ပါတယ်။ ဒီလူကြီးက သူ့ကို ထိခိုက်အောင်လုပ်ဖို့စိတ်ကူးမရှိမှန်းလဲ သူလဲသိနေခဲ့တယ်။ ဒါ့အပြင် နတ်အသိဉာဏ်က အရမ်းကိုနည်းပါးတာရှိပေမဲ့ ဘယ်လိုကြောင့်များ ဒီလောက်တောင့်အဆင့်မြင့်နေရတာလဲ။

ဒါပေမယ့် သူက မြင်ရသလိုအားနည်းလို့လား ဟို့ယွိဟောင်လဲ တွေးခဲ့သမျှအရာအားလုံးကို မေးခွန်းထုတ်နေခဲ့မိပါတယ်။ အားနည်းပုံပေါ်တဲ့ မီးခိုရောင်နဲ့ အသိဉာဏ်က စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို ထိန်းချုပ်လို့သွားခဲ့ပြီ ၀ူဖုန်းကို တိုက်ခိုက်ခဲ့တယ်။ စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုသာဖြစ်ပေမဲ့ သူဖန်တီးလိုက်တဲ့ မီးခိုရောင်အလင်းတန်းက ဆံချည်မျှင်အရွယ်အစားနဲ့တောင် ၀ူဖုန်းရဲ့ တိုက်ခိုက်မှုတွေအားလုံးကို ဖြတ်ကျော်လို့သွားနိုင်ခဲ့ပါတယ်။ ဒီလိုအဆင့်မြင့်မျိုးက သူယှဥ်လို့ရနိုင်တဲ့အရာမဟုတ်သေးပါဘူး။

စိတ်၀ိညာဥ်စွမ်းအားတွေကို ထိန်းချုပ်နိုင်တဲ့အဆင့်မှာ ဒီအဘိုးကြီးရဲ့အဆင့်ကိုသာ ရောက်ရှိသွားခဲ့မယ်ဆိုရင် ၀မ်သုန့်နဲ့ စွမ်းအားပေါင်းစည်းမှုကရော ဘယ်လောက်အထိ အားကောင်းလာမလဲ ဒါက အပြည့်အ၀ထိန်းချုပ်မှုဖြစ်မှာပါ။ ဒီလိုထိန်းချုပ်နိုင်စွမ်းက စိတ်၀ိညာဥ်စွမ်းအားနဲ့ သက်ဆိုင်နေမလား။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သက်ပြင်းအရှည်ကြီးချရင်း ပြောလာခဲ့ပါတယ်။

” ငါအမြန်တွက်ချက်ပြီးပြီ မင်းရဲ့လက်ရှိအရှိန်နှုန်းနဲ့ဆိုရင် ငါအပြည့်အ၀ မင်းကိုကူညီပေးလို့ကတော့ ဒီကောင်ကိုလိုက်မီဖို့အတွက် နောက်အနှစ်သုံးသောင်းလောက်လိုမှာပေါ့ ”

” ဘာဖြစ်တယ် ”

ဟို့ယွိဟောင်က နာမည်မသိရတဲ့အဘိုးကြီးကို အများကြီးမြင့်မြင့်မားမားမှန်ရင်း တွက်ချက်ထားခဲ့တာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ပြောပုံအရ သူကိုယ်တိုင်တောင် အဘိုးကြီးကို မယှဥ်နိုင်မှန်း သိနေခဲ့ပါတယ်။ ဒါပေမယ့် မကျေမနပ်ဖြစ်နေခဲ့တဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဒီလိုအဖြေမျိုး ပေးလာခဲ့မယ်လို့ မထင်ထားခဲ့မိပါဘူး။ အဘိုးကြီးနဲ့ အတော်ကို မတည့်ပေမဲ့ သေချာပေါက် မလိမ်နိုင်တာတော့ အမှန်ပါ။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ကူကယ်ရာမဲ့တဲ့လေသံနဲ့ ပြောလာခဲ့ပါတယ်။

” ဒီကောင်ကို ငါဘာမှမလုပ်နိုင်တော့ရော ဘာဖြစ်လဲ ဒီအဘိုးကြီးဘယ်ကလာလဲဆိုတာလဲ ငါမသိဘူး…ဒါပေမယ့် သူ့ရဲ့နတ်အသိဉာဏ်က ငါထက်ပိုပြီး အဆင့်အများကြီးမြင့်တယ်…အခုအချိန် သူအရမ်းကို အားနည်းနေလို့ ဒီနတ်အသိဉာဏ်က ငါနားမလည်နိုင်တဲ့အဆင့်အတန်းကို ရောက်နေလို့ ဘာမှမလုပ်နိုင်တာ ဒါပေမယ့် ဒီလောကကြီးမှာ ရှိရှိသမျှ သက်ရှိတွေအားလုံးထက်ကို ပိုသာလွန်နေတဲ့ အဆင့်ကို ရောက်နေပြီ ငါတကယ်ပဲ သူ့ကို ဘာမှမလုပ်နိုင်ဘူးပဲ သူ့ရဲ့တစ်ခေါက်တုန်းက ရှိခဲ့ဖူးတဲ့တိုက်ခိုက်ရည်စွမ်းအားတွေသာ ပြန်ရရှိလာမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲတောင် သိမှာမဟုတ်တော့ဘူး…ငါတို့တွေ စောင့်ကြည့်သေးရတာပေါ့ သူ့ရဲ့နတ်အသိဉာဏ်က အခုအချိန် အားနည်းလွန်နေသေးတာကြောင့် ပြန်ပြင်နိုင်မယ်ဆိုရင်တောင် ဒီဆံချည်မျှင်တစ်မျှင်လေးက ကြီးမားမှာမဟုတ်ပါဘူး ”

” ဒါဆိုရင် အဲ့ဒီဆရာကြီး နတ်အသိဉာဏ်က မအက်ကွဲခင်ဘယ်လောက်အထိသန်မာလဲ ”

” လက်ရှိအချိန် မင်းတွေးလို့မရနိုင်တဲ့အဆင့်လောက်ပေါ့ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်ပါတယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ဒီလူကြီးက မကောင်းတဲ့စိတ်မရှိဘူးဆိုမှတော့ ကျွန်တော်တို့လဲ ဒီအတိုင်းအေးအေးဆေးဆေးလေးနေလို့ မရဘူးလား ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ နှာခေါင်းရှုံ့ရင်း ဘာမှပြန်မဖြေတော့ပါဘူး။

°°°

” မင်းမှားနေပြီ သူ့ခန္ဓာကိုယ်၀ိညာဥ်က ဒုတိယနိုးထတာမျိုး မရှိနိုင်ဘူး ”

အကြီးအကဲရွှမ်က ပြောလာခဲ့ပါတယ်။

၀မ်ယန်က ထပ်ပြီမေးလာခဲ့တယ်။

” အကယ်၍ သူသာဒုတိယနိုးထမှုမရှိနိုင်ဘူးဆိုရင် ဘာကြောင့် သူ့မျက်လုံးက မီးခိုရောင်ပြောင်းသွားတာလဲ ဒါ့အပြင် အရှိန်အ၀ါလုံး၀ ကွဲထွက်သွားတာမျိုး ကျွန်တော်ခံစားမိပါတယ်..ဒါ့အပြင် သူက ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ကို အနိုင်ယူလိုက်တာပါ အကြီးအကဲရွှမ် နောက်တစ်ကြိမ် သူနိုးထလာပြီမှ ထပ်ကြိုးစားကြည့်လို့မဖြစ်ဘူးလား ”

၀ူဖုန်းကို ဆေးပေးခန်းပို့ပေးပြီတာနဲ့ ၀မ်ယန်က သူ့အတန်းကို ဖြတ်လာပါတယ်။ အဲ့ဒီနောက် အကြီးအကဲရွှမ်ရှိတဲ့ အတွင်းနယ်မြေဆီကို အမြန်ဆုံးပြေးလာရင်း ဟို့ယွိဟောင်အကြောင်းကို ရှင်းပြတော့တယ်။

ဒီတစ်ကြိမ်မှာ အကြီးအကဲရွှမ်က အနည်းငယ်အံ့ဩလို့သွားခဲ့ရတယ်။ ခန္ဓာကိုယ်၀ိညာဥ်ရှိတဲ့ အကျိုးကျေးဇူးတွေက အများကြီးဖြစ်မှန်းသူသိခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအသက်၀င်နိုးထမှုလဲ ရှိနေခဲ့တယ်။ ခန္ဓာကိုယ်၀ိညာဥ်တွေက ဒုတိယနိုးထမှုကို အောင်မြင်နိုင်ပြီဆိုရင် ထိပ်တန်းအဆင့်ကိုရောက်ရှိလို့သွားနိုင်ပါတယ်။ ဒါ့အပြင် လုံး၀အဆင့်အတန်းအသစ်တစ်ခုပါပဲ။ ဒါကြောင့်သာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ အခန်းကိုလိုက်လာရင်း အခြေအနေကို စောင့်ကြည့်ပါတယ်။

” နောက်ထပ် ဂရုစိုက်ဖို့မလိုတော့ဘူးရှောင်၀မ် မင်းခန္ဓာကိုယ်၀ိညာဥ်တွေအကြောင်း လေ့လာနေတာငါသိတယ်…ဒါပေမယ့် ဒီလောက်နည်းပါးတဲ့ အသိဉာဏ်နဲ့ ဆက်ပြီးသွားလို့မဖြစ်ဘူး ..ခန္ဓာကိုယ်၀ိညာဥ်တွေ ဒုတိယနိုးထမှုကို ကြုံတွေ့ပြီချိန်မှာ ဘာတွေဖြစ်လာလဲ မင်းသိလား သူက ဒုတိယနိုးထမှုကို ရောက်နိုင်ဖို့အခြေခံအဆင့်တောင် လိုက်မမီသေးဘူး..၀ိညာဥ်စွမ်းအားကလဲ အဆင့်ဆယ့်ခုနှစ်ပဲရှိသေးတယ် ..အဲ့ဒီတော့ မပြောင်းလဲသေးဘူးလို့ဆိုလိုတာပဲ အကယ်၍ သူသာ ဒုတိယနိုးထမှုကို တကယ်ပဲ ကြုံတွေ့ချင်တယ်ဆိုရင် ၀ိညာဥ်စွမ်းအားက အနည်းဆုံးအဆင့်နှစ်ဆယ်နီးပါးမှာရှိရမှာ ဒီကလေးက ပါရမီရှိတာမှန်ပေမဲ့ အခုအသက်ကြီးလွန်နေပြီ အသက်ဆယ့်နှစ်နှစ်မှာ အဆင့်သုံးဆယ့်ကိုရောက်နိုင်မှာမဟုတ်ဘူး ..သူနဲ့ ထူးချွန်တဲ့ကျောင်းသားတွေကြားမှာ ကွာခြားချက်က ရှိနေခဲ့တယ်…အနာဂတ်မှာ သူ့အတွက်နဲ့ ငါအချိန်တွေကို လာမဖြုန်းနဲ့တော့ ”

ပြောပြီးတာနဲ့ ထွက်သွားပါတော့တယ်။

၀မ်ယန်ကတော့ အရမ်းကို စိတ်ဓာတ်ကျနေခဲ့ပြီ ဟို့ယွိဟောင်ကို ဂရုစိုက်ဖို့ ၀မ်သုန့်ကိုမှာရင်း ထွက်လာပါတော့တယ်။

ဟို့ယွိဟောင်က ညဘက်မှသာ နိုးလာခဲ့တယ်။ သူ့ခန္ဓာကိုယ်ရဲ့ နာကျင်မှုကတော့ အတော်ကို ကြီးမားနေခဲ့ပါပြီ။ ဒါ့အပြင် ၀မ်ယန်ကလဲ သူ့အတွက် ကုသရေးဆေးတွေကို ယူလာခဲ့ပါတယ်။ ဒဏ်ရာတွေက မပေါများခဲ့ပေမဲ့ အရိုးနဲ့အတွင်းကလီစာက မထိခိုက်ခဲ့ပါဘူး။ ကျောင်းတော်ရဲ့ ထိပ်တန်းဆေး၀ါးတွေအကူအညီကြောင့် ဒဏ်ရာတွေက အသာအယာလေး ဖြေရှင်းပြီသားဖြစ်သွားခဲ့ပါတယ်။

နွေးထွေးပြီ နူးညံ့တဲ့ခံစားချက်ကြောင့် သူနိုးလာချိန်မှာသိလာရတာက ၀မ်သုန့်က သူ့အိပ်ယာပေါ်မှာ အိပ်နေတာပါပဲ။ တခြားတစ်ဖက်မှာ ၀မ်သုန့်ကတော့ အိပ်ယာပေါ်မှာ ကိုယ်တစ်၀က်မှောက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပါတယ်။

၀မ်သုန့်ရဲ့ အိပ်ယာပေါ်မှာ ဟို့ယွိဟောင်ရှိဖူးတာပထမဆုံးအကြိမ်မဟုတ်ပေမဲ့ တကယ်တမ်းအိပ်ပျော်သွားခဲ့တာကတော့ ပထဆုံးအကြိမ်ပါ။ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ လုပ်ရပ်ကြောင့် အတော်လေးကို စိတ်လှုပ်ရှားသွားရပါတော့တယ်။ ပုံမှန်အချိန်မှာ ၀မ်သုန့်က သူ့ကိုအိပ်ယာပေါ်တောင် ထိုင်ခွင့်မပြုပါဘူး။ လက်ရှိအချိန်မှာတော့ သူ့ကို လိုလိုလားလား အိပ်ယာပေါ်အိပ်ခွင့်ပြုပြီး ဒဏ်ရာတွေကို ကုသခွင့်ပေးထားခဲ့ပါတယ်။

တိတ်တဆိတ်အိပ်ယာပေါ်ကထပြီးတဲ့နောက် ၀မ်သုန့်ကို ဂရုတစိုက်ချီလိုက်ရင်း အိပ်ယာပေါ်ပြန်တင်လိုက်ပါတော့တယ်။ အဲ့ဒီနောက် အခင်းတောင်မရှိတဲ့ သူအိပ်ယာဘက်ကို အကြည့်ပြန်ရောက်သွားခဲ့တယ်။ ၀မ်သုန့်ရဲ့ သားမွေးအိပ်ယာကို အသုံးပြုပြီ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံပေးလိုက်ရင်း ဘေးမှာပြန်လှဲလိုက်ပါတော့တယ်။

နှစ်ယောက်စလုံးက ကလေးတွေ ဖြစ်နေသေးတဲ့အတွက် အိပ်ယာတစ်ခုက ချောင်ချောင်ချိချိ အိပ်လို့ရပါတယ်။ သူတို့တွေက ရှဲ့ဟွမ်ယွဲ့လို ၀ဖိုက်တဲ့သူလဲ မဟုတ်တာကြောင့် ကြပ်ကြပ်သပ်သပ်အိပ်ဖို့လဲ အကြောင်းမရှိနေနိုင်ပါဘူး။

နှစ်ယောက်စလုံးကို စောင်ခြုံပေးပြီတဲ့နောက် နွေးထွေးတဲ့ခံစားချက်က စိတ်ထဲမှာ ပြန်လည်လွှမ်းခြုံလို့သွားခဲ့ပြီ နောက်တစ်ကြိမ် အိပ်မောကျသွားပါတော့တယ်။ ဒီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ အတော်ကို ကြာလှပါပြီ။ ဒါ့အပြင် တစ်နေ့တာလုံး ဖြတ်ကျော်ခဲ့ရတဲ့ ကိစ္စတွေက များပြားလွန်တာကြောင့် ခံစားချက်တွေကလဲ အတော်ကိုရှုပ်ထွေးနေခဲ့ပါတယ်။

မနက်ခင်းကောင်းကင်ကြီး တောက်ပလာချိန်မှာပဲ ၀မ်သုန့်လဲ အိပ်ယာက နိုးလာပါတော့တယ်။ မျက်လုံးပိတ်ထားရင်း ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးနေခဲ့တာကြောင့် သက်သောက်သက်သာ ရှိနေခဲ့ပြီ အိပ်ရေး၀တဲ့အတွက်လဲ စိတ်ကကြည်လင်နေခဲ့ပါတယ်။

ညစဥ်ညတိုင်း ဟို့ယွိဟောင်နဲ့အတူတူ လေ့ကျင့်ဖို့ဆွဲခေါ်ခံနေရတာကြောင့် ဒီလိုမျိုး ကောင်းကောင်းမအိပ်ရတာ အတော်ကို ကြာနေပါပြီ။ နွေးထွေးပြီ နူးညံ့တဲ့ ခေါင်းအုံနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ရတာက အရမ်းကို ကောင်းမွန်တဲ့ကိစ္စပါပဲ။ ဒါ့အပြင် ခေါင်းအုံကို ဖက်ထားရတာကလဲ အရမ်းကိုနွေးထွေးတယ်။ ကောင်းလိုက်တာ အရမ်းကိုကောင်းလိုက်တာ။

ဒီလိုကျေနပ်နေချိန်မှာ ၀မ်သုန့်အနေနဲ့ ပြန်အိပ်ပျော်တော့မလို ဖြစ်သွားခဲ့ရပါတယ်။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို မှတ်မိသွားတဲ့အတွက် သူစိတ်တစ်ခုလုံး လှုပ်ခတ်သွားခဲ့ရတယ်။

မဟုတ်သေးဘူး ဟို့ယွိဟောင် မနေ့က ဒဏ်ရာရလာတယ်။.ငါသူ့ကို ဂရုစိုက်နေရမှာ ငါဘယ်လိုများ ဒီလောက်အိပ်ပျော်သွားရတာလဲ ဟို့ယွိဟောင် ဒဏ်ရာရတာကို သတိရရချင် ၀မ်သုန့်လဲ ချက်ချင်းအတင်းအကြပ်ထဖို့ ကြိုးစားပါတော့တယ်။ ပထမဆုံးအနေနဲ့ သူမြင်လိုက်ရတာကတော့ မျက်နှာတစ်ခုကိုပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ဟို့ယွိဟောင်ရဲ့ ပါးပေါ်မှာ နေရောင်က ထိုးကျလို့နေခဲ့ပါတယ်။ နွေးထွေးတဲ့ကိုယ်ငွေ့ကလဲ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေခဲ့တယ်။ ၀မ်သုန့် မျက်လုံးပြူသွားခဲ့ပါပြီ။ လက်ရှိအချိန် သူ့ရဲ့ခေါင်းက ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်မှာ ဖိအိပ်ထားမှန်း သတိထားမိပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့လက်တွေကတော့ ဟို့ယွိဟောင်ရဲ့ ရင်ဘတ်ပေါ်မှာ ရှိနေခဲ့တယ်။ ဒါ့အပြင် ပေါင်ကလဲ ဟို့ယွိဟောင်ကို ခွထားပါသေးတယ်။

ဒါကလူသားခေါင်းအုံကြီးလား ချက်ချင်းဆိုသလို စိတ်တစ်ခုလုံး ဗလာဟင်လင်ဖြစ်သွားပါတော့တယ်။ သုံး နှစ် တစ်။

” အား ”

နားစည်ကွဲမတတ်အော်ဟစ်သံကြီးက ပထမနှစ်အခန်းတစ်ခုလုံးကို လွှမ်းခြုံလို့သွားခဲ့တယ်။ ဒီအော်သံက ကျယ်လောင်လွန်လှတာကြောင့် အသံလုံတဲ့အခန်းတွေဖြစ်နေတာတောင် ချက်ချင်းဆိုသလို ကျောင်းသားတော်တော်များများက နိုးလာကြပါတော့တယ်။

” မင်းငါ့ကို နားကန်ပြီ သေအောင်လုပ်နေတာပဲ ”

လူသားတွေက အိပ်စက်နေတဲ့အချိန်မှာ အရမ်းကို အကာအကွယ်မဲ့ပါတယ်။ ဟို့ယွိဟောင်လဲ အတူတူပါပဲ သူအရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တာကြောင့် နွေးထွေးပြီ နူးညံ့တဲ့ခေါင်းအုံလိုအရာကို ဖက်ထားရင်း အေးအေးဆေးဆေးအိပ်နေခဲ့တာပါ။ ဒါ့အပြင် ထူးထပ်ပြီ အမွေးပွနေတဲ့ အိပ်ယာခင်းကလဲ သူ့ကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေအောင် ကူညီပေးခဲ့ပါတယ်။ ပုံမှန်အနေအထားမှာသူကအမြဲတမ်း မနက်စောစောထပြီ လေ့ကျင့်တယ်။ ဒီနေ့မှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့နေခဲ့တယ်။

အပိုင်း ၃၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset