အပိုင်း ၃၆•၁
” နိုးထလာတဲ့ မီးခိုရောင် ”
°°°
အံ့ဩစရာကောင်းလောက်အောင် ဟို့ယွိဟောင်က မတ်တပ်ရပ်နေခဲ့ပါပြီ။ ဒါ့အပြင် အရမ်းကို အက်ကွဲကြမ်းရှတဲ့အသံကြီးကို အသုံးပြုရင်း ဆက်ပြီတိုက်ခိုက်မယ်လို့ ပြောနေခဲ့ပါတယ်။
အစောပိုင်းတုန်းက တိုက်ပွဲပြီးသွားပြီလို့ တွေးနေခဲ့တဲ့ကျောင်းသားတွေလဲ ပြန်လည်တိတ်ဆိတ်လို့သွားခဲ့ရင်း ဟို့ယွိဟောင်ကို တအံ့တဩနဲ့သာ စိုက်ကြည့်နေခဲ့ပါတယ်။ ဘယ်လိုအစွမ်းကြောင့်များ ၀ူဖုန်းရဲ့ အားကောင်းတဲ့ကန်ချက်ကြောင့် လွှင့်ထွက်သွားတာတောင် ပြန်လည်ထလာနိုင်ခဲ့မှန်း မတွေးနိုင်တော့ပါဘူး။ ဟို့ယွိဟောင်အတွက် အတန်းခေါင်းဆောင်နေရာက ဒီလောက်တောင်အရေးကြီးလို့လား။
ဟို့ယွိဟောင်အတွက်တော့ အတန်းခေါင်းဆောင်နေရာက အရေးမကြီးပါဘူး။ ဒါပေမယ့် သူ့ရဲ့ဂုဏ်သိက္ခာကတော့ အရမ်းကို အရေးကြီးပါတယ်။ ဘယ်သူမှသူ့ဂုဏ်သိက္ခာကို မထိပါးစေရပါဘူး။ ၀ူဖုန်းရဲ့ စိန်ခေါ်မှုကို ပထမဆုံးလက်ခံလိုက်ပြီဆိုကထဲက သူရှုံးမယ်ဆိုတာကို သိပြီးသားပါ။ ဒါ့အပြင် သူထရပ်လိုက်တဲ့အကြောင်းအရင်းကလဲ အတူတူပါပဲ။
၀ူဖုန်းရဲ့ အစောပိုင်းတုန်းက ဒေါသတွေလဲ ဟို့ယွိဟောင်မျက်လုံးထဲက အနီရောင်ကိုမြင်ချိန်မှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့မျက်လုံးတွေ မီးခိုရောင်ပြောင်းသွားချိန်မှာတော့ ကြောက်စရာကောင်းတဲ့လက်ကြီးတစ်စုံက သူလည်ပင်းကိုဆွဲရင်းညစ်သတ်နေသလို ခံစားလိုက်ရပါတယ်။
၀ူဖုန်းအနေနဲ့ ဟို့ယွိဟောင်ဆီက ခြိမ်းခြောက်မှုကို ခံစားမိတာ ပထမဆုံးအကြိမ်ပါ။ သူဘယ်လောက်ပဲ သန်မာပါစေ အသက်ဆယ့်နှစ်နှစ်တောင်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့ပါတယ်။
၀မ်ယန်လဲ ဟို့ယွိဟောင်လက်ရှိပုံစံကြောင့် အတော်ကို အံ့ဩနေခဲ့တယ်။ သူကိုယ်တိုင်တောင် နောက်ကိုပြန်ဆုတ်လိုက်မိပါပြီ။ နှလုံးခုန်သံတွေကလဲ ပြင်းပြင်းထန်ထန်ကို တုန်ရီလှုပ်ရှားနေခဲ့ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ဒီလိုရုတ်တရက်အပြောင်းအလဲဖြစ်လာခဲ့တာက ဖြေရှင်းချက်တစ်ခုသာရှိနိုင်ပါတယ်။ ခန္ဓာကိုယ်၀ိညာဥ်နဲ့ ပတ်သက်နေခဲ့တာပါ။ ဒါကြောင့် ဒီပြိုင်ပွဲကို နှောင့်ယှက်မဲ့အစား ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကို အာရုံစိုက်ပြီ အပြောင်းအလဲတွေကို လေ့လာနေပါတော့တယ်။
ဟို့ယွိဟောင်က တကယ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့မျက်လုံးတွေက သွေးနီရောင်တောက်ပနေခဲ့ပြီ နှလုံးသားကလဲ တိုက်ခိုက်လိုစိတ်အပြည့် ပြင်းထန်နေကာရှိရှိသမျှ ဒေါသတွေအားလုံးနဲ့ မကျေနပ်ချက်တွေက စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။ ဒီလိုအံ့ဩစရာကောင်းလောက်တဲ့အစွမ်းက သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံးကို ဖုံးလွှမ်းလို့သွားခဲ့ပြီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုတောင် ထအော်စေမိပါတော့တယ်။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံးက မီးခိုရောင်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့် တည်ရှိနေခဲ့ဖူးတဲ့ မီးခိုရောင်ပုလဲလုံးလေးကတော့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ တိတ်တဆိတ်ပျောက်ကွယ်လို့သွားခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ ဆက်တိုက်လှုပ်ရှားနေရတဲ့ မကျေနပ်ချက်တွေအားလုံးက တည်ငြိမ်အေးချမ်းလို့သွားချိန်မှာ သူလဲ သတိပြန်၀င်လာပါတော့တယ်။ ဒါပေမယ့် မျက်လုံးတွေက မီးခိုရောင်ပြောင်းလဲနေဆဲပါ။
” အမုန်းတရားက မင်းရဲ့မျက်လုံးတွေကို တိမ်တွေလိုမျိုးဖုံးလွှမ်းစေလိမ့်မယ် ”
ကြည်လင်ပြီအားကောင်းတဲ့အသံတစ်သံက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလို အသံထွက်ပေါ်လာချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။
ရွှေရောင်အလင်းလုံးဆယ်လုံးက ချက်ချင်းတောက်ပလို့လာခဲ့ပြီ မီးခိုရောင်အလင်းတန်းကို ဖယ်ရှားပြစ်ဖို့ကြံပါတော့တယ်။ ဒါပေမယ့် ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ တစ်ဖက်အလင်းလုံးက မပူးပေါင်းချင်တဲ့အတိုင်း ရှိနေခဲ့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စွမ်းအားဘယ်လောက်ပဲသန်မာပါစေ မီးခိုရောင်အလင်းတန်းကို မထိခိုက်နိုင်ပါဘူး။
” မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားကို ဒီလိုသုံးသင့်တယ် ”
ဟို့ယွိဟောင်အနေနဲ့ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှုလွှတ်သွားမှန်း သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ပျက်သမျှကိစ္စတွေအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေဆဲပါ။ ချက်ချင်းဆိုသလို စိတ်၀ိညာဥ်စွမ်းအားတွေ အားလုံးဆူပွက်လောက်မြိုက်လာတာကို ခံစားလိုက်မိပါတော့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ၀ိညာဥ်စွမ်းအားက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ တူညီနေပြီ အရည်အသွေးမှာပိုကောင်းပါတယ်။ ဒါ့အပြင် အဲ့ဒီထိန်းချုပ်နိုင်စွမ်းကလဲ သူ့ကို အပြည့်အ၀ လွှမ်းမိုးလို့သွားခဲ့တယ်။
အဲ့ဒီနောက် မီးခိုရောင်စိတ်၀ိညာဥ်မျက်လုံးတွေက တောက်ပလို့လာခဲ့ပြီ စိတ်၀ိညာဥ်ထိတ်လန့်မှုက ဖြစ်ပေါ်လာပြန်ပါတော့တယ်။ သူလန့်စရာကောင်းလောက်အောင်ပဲ ဒီထိတ်လန့်မှုမျက်လုံးက ဘယ်ဘက်မျက်လုံးကနေ ပုံမှန်အချိိန်ထက် ပိုမိုနှေးကွေးတဲ့ပုံစံနဲ့ ထုတ်လွှတ်လို့နေခဲ့ပြီ မြွေတစ်ကောင်ရဲ့လျှာထွက်လာသလိုမျိုး အပြင်ကို ပြေးထွက်ပါတယ်။
တစ်ချိန်ထဲမှာပဲ ဘောလုံးတစ်လုံးပုံစံသွားတတ်တဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုက ဆံချည်မျှင်တစ်မျှင်လိုမျိုးပြောင်းလဲလို့သွားခဲ့ပြီ ၀ူဖုန်းဆီကို ပြေး၀င်သွားပါတော့တယ်။
ကျောင်းသားတွေ ကြည့်နေတဲ့အချိန်မှာပဲ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက စိန်တစ်ပွင့်လိုမျိုးကြည်လင်ရှင်းလင်းလို့သွားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီလိုပြောင်းလဲသွားပြီချိန်မှာပဲ ညစ်ထေးတဲ့မီးခိုရောင်အဖြစ်ကို ပြန်လည်ရောက်ရှိလို့သွားတော့တယ်။ မီးခိုရောင်အလင်းတန်းက ပိုမိုအားကောင်းလာခဲ့ပြီ ၀ူဖုန်းလဲ စူးစူးရှရှနာနာကျင်ကျင်နဲ့ အော်ဟစ်ရပါတော့တယ်။
၀ိညာဥ်စွမ်းအားတွေကို အလုံးစုံအသုံးပြုရင်း ဦးနှောက်ကိုကာကွယ်လို့ထားပေမဲ့ ဆိုးရွားတဲ့ခံစားချက်က နှလုံးသားကို လာတိုက်ခိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ မီးခိုရောင်အပ်တစ်ချောင်းက သူမရဲ့ရှေ့ကို ဖြည်းဖြည်းချင်းရောက်လာမှန်း သတိထားမိလိုက်ပါတော့တယ်။ ၀ိညာဥ်စွမ်းအားတွေရဲ့အလွှာတွေအားလုံးကို ဖောက်ထွက်လို့သွားခဲ့ပြီ သူမရဲ့ဦးနှောက်ကို ထိတွေ့သွားပါတယ်။
၀ူဖုန်းရဲ့ အနီရောင်ဆံပင်တွေက လေထဲကို ထောင်တက်လို့သွားခဲ့ပြီ သူမရဲ့မျက်လုံးတွေလဲ မီးခိုရောင်ပြောင်းလဲသွားပါတယ်။ အဲ့ဒီနောက်စူးစူးရှရှအော်ဟစ်ရင်း နောက်ဖက်ကို လှဲကျလို့သွားခဲ့ပြီ သတိလစ်သွားပါတော့တယ်။
တိုက်ပွဲက အဆုံးသတ်သွားခဲ့ပါပြီ။ အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေအားလုံးလဲ တိတ်ဆိတ်လို့သွားပါတော့တယ်။ အစောပိုင်းတုန်းက ၀ူဖုန်းဖြစ်ခဲ့သလိုပဲ သူတို့တွေလဲ လည်တစ်ဆန့်ဆန့်ဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က တခဏတာ တုန်လှုပ်လို့သွားခဲ့ပြီ မီးခိုရောင်အလင်းတန်းကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် သူအခုအထိ ရပ်နေဆဲပါ ပုံမှန်မျက်လုံးကို ပြန်ရောက်ရှိလာပြီတဲ့နောက် ၀ူဖုန်းကို တစ်ချက်လေးတောင် မကြည့်တော့ပဲ နယ်မြေထဲကနေ ပြန်ထွက်သွားပါတော့တယ်။
၀မ်ယန်ကတော့ လှဲကျသွားတဲ့ ၀ူဖုန်းကို ဒဏ်ရာပြင်းပြင်းထန်ထန် ရမရချက်ချင်းလာစစ်ဆေးတယ်။ နောက်ဆုံးမှာတော့ သူမကို ဆေးပေးခန်းဆီ သူကိုယ်တိုင်သယ်သွားပါတော့တယ်။
ဆေးပေးခန်းဆီ ပြေးနေချိန်မှာ ၀မ်ယန်ရဲ့စိတ်ထဲ စိတ်အားထက်သန်မှုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အမှန်ပါပဲ ဒါက ၀ိညာဥ်ခန္ဓာကိုယ်ရဲ့ ဒုတိယနိုးထလာခဲ့မှုပါ။ သေချာပေါက် အဲ့ဒါပဲဖြစ်ရမယ်။ ဘာကြောင့်များ ဟို့ယွိဟောင်ရဲ့ မျက်လုံးက အရောင်ပြောင်းလဲသွားရတာလဲ။ ဘာကြောင့်များ ၀ူဖုန်းကို အနိုင်ရသွားရတာလဲ။ ဟို့ယွိဟောင် တကယ်ကို နိုင်သွားပါပြီ။ ဒီလိုလုပ်လို့မဖြစ်ဘူး အကြီးအကဲရွှမ်ကိုသွားရှာပြီ ဟို့ယွိဟောင်ကို အဓိကတပည့်သားအဖြစ် ရွေးချယ်စေမှဖြစ်မယ်။
ဟို့ယွိဟောင်အနေနဲ့ အနားယူခန်းထဲရောက်လာတော့မဲ့အချိန် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကလဲ သူ့ဆီကို ခုန်၀င်လာပါတော့တယ်။
” ယွိဟောင် နင်အရမ်းတော်တယ် ”
ရှောင်းရှောင်းက စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောနေခဲ့ပါတယ်။ ဒါပေမယ့် ၀မ်သုန့်ကတော့ ဟို့ယွိဟောင်အနားလျှောက်လာရင်း တစ်စုံတစ်ရာလွဲနေတာကို သတိထားမိလိုက်တယ်။
ဟို့ယွိဟောင်က ၀မ်သုန့်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လို့နေပြီတဲ့နောက် ချက်ချင်းဆိုသလို သတိလစ်သွားပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့အသက်ရှုသံတွေနဲ့ ခန္ဓာကိုယ်ကလဲ ခြစ်ခြစ်တောက်အောင် ပူပြင်းနေခဲ့ပါပြီ။
အမှန်တကယ်မှာတော့ ဟို့ယွိဟောင်ရဲ့ဒဏ်ရာတွေက ၀ူဖုန်းထက် အများကြီးပိုပြီး ပြင်းထန်ပါတယ်။ ၀ူဖုန်းရဲ့ ၀ိညာဥ်စွမ်းရည်နှစ်ခုက သူ့ကို ဒဏ်ရာရသွားစေခဲ့တယ်။ ဒါပေမယ့် ကျောင်းသားတွေအားလုံးရဲ့ အရှေ့မှာ အားတင်းရင်းရပ်နေခဲ့တာပါ။ အသက်ရှုသံကို ထိန်းထားရင်းနဲ့ ဒီနေရာကို သူရောက်အောင်လာခဲ့တယ်။
၀မ်သုန့်ကတော့ သူ့ကို ကျောပေါ်မှာ တင်ရင်း အပြင်ကိုပြေးထွက်လို့သွားခဲ့ပါပြီ။ သူ့စိတ်ထဲမှာတစ်ခုသာရှိပါတယ်။ ဟို့ယွိဟောင်အနေနဲ့ တခြားဘယ်သူကိုမှ ဒီလိုပုံစံမျိုးဖြစ်တာ မမြင်စေချင်ပါဘူး။ ဒါကြောင့် သူ့ရဲ့ဆန္ဒကို ဖြည့်စည်းပေးမှရမယ်။ အမြန်ဆုံးနည်းနဲ့သာ သူတို့ရဲ့ အိမ်ဆောင်ထဲကို ပြေးဖို့လုပ်ပါတယ်။
၀မ်သုန့် ထွက်ခွာသွားမှသာ ရှောင်းရှောင်းက သတိပြန်၀င်လာတယ်။ ဒါကြောင့် သူလဲ ချက်ချင်းဆိုသလို ပြေးလိုက်ပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က သတိလစ်မေ့မြောပြီဖြစ်ပေမဲ့ အသိစိတ်ကတော့ စိတ်၀ိညာဥ်ပင်လယ်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ပုံမှန်မဟုတ်လောက်ကို ကြည်လင်ရှင်းလင်းနေခဲ့တယ်။
” အဘိုးကြီး မင်းဘယ်သူလဲ ငါနဲ့နယ်မြေလာလုချင်နေတာလား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့ပါတယ်။
မီးခိုရောင်အလင်းတန်းက ကောင်ကင်အိပ်မက်ရေခဲပိုးကောင်ကို ဂရုတောင်စိုက်မနေခဲ့ပါဘူး။
” ငါက မင်းနဲ့နယ်မြေလုချင်တယ်ဟုတ်လား မင်းကိုယ်မင်း ဘာကောင်များထင်နေတာလဲ အသားအပြည့်နဲ့ ပိုးကောင်ကြီးကများ ကိုယ့်ကိုကိုယ် ဘာများမှတ်နေလဲ အကယ်၍ ငါ့ရဲ့နတ်ဘုရားအသိဉာဏ်စိတ်က အပိုင်းအစတစ်ခုအဖြစ် ကျန်ရစ်နေတာကြောင့်သာ မဟုတ်ရင် မင်းအနေနဲ့ စက္ကန့်ပိုင်းအတွင်း မြေဩဇာဖြစ်သွားလောက်ပြီ ”
အိုမင်းနေတဲ့အသံက ချက်ချင်းထွက်ပေါ်လာပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ပြောတော့တယ်။
” မဟုတ်တရမ်းတာတွေ အကယ်၍ မင်းသာဒီလောက်သန်မာနေတယ်လိုထင်ရင်း ကိုယ့်ကိုကိုယ်ထင်နေရင်လာလိုက်စမ်းပါ ဘယ်သူက ဘယ်သူကို ဖယ်ရှားနိုင်မလဲကြည့်ကြသေးတာပေါ့ ဒီအစ်ကိုကြီးက မင်းလိုမျိုး ဆံချည်မျှင်တစ်မျှင်စာလောက်တဲ့ ကျန်တဲ့ အသိပညာကို မနိုင်နိုင်ဘူးလို့ထင်နေတာလား မင်းမှာဘာစွမ်းအားမရှိတော့ပဲနဲ့ လာတိုက်ခိုက်ဖို့လုပ်ချင်နေသေးတယ်ပေါ့ ”
တစ်ဖက်လူက စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေတော့တယ်။
” မင်းမှန်တယ်…ဒီအဘိုးကြီးက အသိစိတ်တစ်ခုသာ ကျန်တော့ပေမဲ့ မင်းထက် အဆင့်အများကြီးမြင့်တယ်..မင်းငါ့ကို ဘာလုပ်နိုင်လဲ ဘာမှမလုပ်နိုင်ဘူးမလား ငါရဲ့ နတ်အသိဉာဏ်က အက်ကွဲသွားပေမဲ့ မင်းအနေနဲ့ ဒီဆံချည်မျှင်တစ်မျှင်ကိုတောင်လာပြီ မတိုက်ခိုက်နိုင်သေးဘူး…တွေးကြည့်လိုက်စမ်း အကယ်၍ ငါသာ အင်အားနဲ့ မှတ်ဉာဏ်တွေပြန်ရလာမယ်ဆိုရင် ဘာတွေဖြစ်မလဲ မင်းရဲ့အဲ့ဒီအသားအပြည့်နဲ့ ခန္ဓာကိုယ်ကို ချေမွပြစ်ပြီ အရည်တွေထွက်လာတဲ့အထိ လက်နဲ့ညစ်ပြစ်ဦးမယ် “‘
” မင်းဘာပြောတယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ တစ်ဖက်အဘိုးကြီးကို စကားစစ်ထိုးတဲ့နေရာမှာ ဘယ်လိုမှမနိုင်နိုင်ပါဘူး။ အဲ့ဒီနောက် သူ့ရဲ့ရွှေရောင်ဘောလုံးကြီးဆယ်လုံးက စတင်ပြီ တောက်ပလာပါတော့တယ်။
“ဒါကဘာတွေ ဖြစ်နေတာလဲ ”
ဟို့ယွ်ဟောင်က ၀င်မေးပါတော့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်က အချိန်တိုလေးအတွင်း ဘာကြောင့်များ ဒီလောက်လှုပ်ရှားနေရတာလဲ။
အဘိုးကြီးတစ်ယောက်ရဲ့အသံက သူ့ကို နွေးထွေးနူးညံ့တဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်။
” ကလေး ဒီအဘိုးကြီးက မင်းတို့လောကနဲ့မသက်ဆိုင်တဲ့သူ ငါမှတ်မိတဲ့တစ်ခုတည်သောအရာက ငါသေတော့မဲ့အချိန်ပဲ ဒါ့အပြင် လေဟာနယ်တွေကိုဖြတ်သန်းပြီ မင်းတို့ရဲ့လောကထဲကို အပိုင်းအစတစ်ခုအဖြစ် ၀င်ရောက်လာခဲ့တယ်။ ဘာတွေကြောင့် ဒီလိုဖြစ်သွားလဲငါမသိဘူး..ဒါပေမယ့် ငါရဲ့လွန်ကဲလွန်းတဲ့၀ိညာဥ်စွမ်းအားကြောင့် ဖြစ်မယ်လို့တော့ ထင်နေရတယ်…ဒီပိုးကောင်ကြီး မင်းနဲ့ ပေါင်းစည်းနေတဲ့အချိန် သူနဲ့မင်းရဲ့စွမ်းအားတွေက ငါ့ကို မင်းဆီလမ်းညွှန်လိုက်တယ်..ဒါကြောင့် ငါရဲ့ဒီအသိစိတ်က မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကို ၀င်ရောက်လာခဲ့တာပဲ မစိုးရိမ်နဲ့ ငါဘယ်လိုမှမကောင်းတဲ့စိတ်အကြံအစည်မှ မရှိဘူး .ဒါပေမယ့် အနာဂတ်မှာတောင် မင်းဆီကနေ ငါထွက်မသွားနိုင်မှာ စိုးရိမ်မိတယ် “‘
” ငါက အသိစိတ်တစ်ခုအဖြစ်သာ ကျန်ရစ်တော့တာကြောင့် အရမ်းကို အားနည်းနေတယ်….မှတ်ဉာဏ်တွေပြန်လည်ရရှိလာဖို့အတွက် အချိန်လိုအပ်သေးတယ်..ဒါပေမယ့် မင်းနှလုံးသားထဲမှာရှိနေတဲ့ ၀မ်းနည်းမှုနဲ့ မကျေနပ်ချက်တွေက အရမ်းကို ရင်းနှီးလွန်တာကြောင့် ငါနိုးလာရတာပဲ ငါ့ရဲ့အတိတ်အချိန်မှာ ဘာဖြစ်ခဲ့လဲမသိပေမဲ့ မင်းအနေနဲ့ အမုန်းတရားကြောင့် မင်းရဲ့မျက်လုံးတွေကို အမှောင်မဖုံးစေတာပိုကောင်းလိမ့်မယ်…ပြန်မပြင်လို့ရမဲ့အရာတွေကို လုပ်မိသွားရင်း သေတဲ့နေ့မှာ နောင်တရသွားရလိမ့်မယ် …ဒါ့အပြင် အဲ့ဒီကိစ္စတွေကိုလဲ ဘယ်လိုမှပြန်ပြင်ဆင်လို့ရမှာမဟုတ်ဘူး ..ဒီလိုတူညီတဲ့ကိစ္စတွေကလဲ အတိတ်အချိန်က ငါ့မှာဖြစ်ပျက်ဖူးတယ်..ကံမကောင်းစွာနဲ့ပဲ မင်းက ငယ်ရွယ်သေးတယ်လေ အရမ်းကြီးလဲ မသန်မာသေးဘူး..နှလုံးသားထဲက အမုန်းတရားတွေကို ဖြည်းဖြည်းချင်း ပယ်ဖျောက်နိုင်ဖို့အတွက် အချိန်လိုမှာပါ ”
ဟို့ယွိဟောင်ရဲ့အသံက ပြောင်းလဲသွားပါတော့တယ်။
” ဒါဆို ကျွန်တော်လက်စားမချေသင့်ဘူးလို့ ပြောနေတာလား ”
အဘိုးကြီးက ဖြည်းဖြည်းချင်း ပြန်ဖြေပါတယ်။
” ငါဒီလိုပြောတာ မဟုတ်ဘူး လက်စားမချေသင့်တဲ့လူတွေအပေါ်မှာ ဒေါသမထွက်နဲ့လို့ ပြောချင်တာ မင်းအနေနဲ့ လက်စားချေလို့ရတယ်..ဒါပေမယ့် အပြစ်မဲ့တဲ့သူတွေကို မထိခိုက်စေနဲ့ ဥပမာအနေနဲ့ ရွာတစ်ရွာရဲ့ ရွာသူကြီးက မင်းကို ထိခိုက်စေတယ်ပဲထားပါတော့ အကယ်၍ မင်းသာ လုံလောက်အောင်သန်မာလာပြီဆိုရင် ရွာတစ်ရွာလုံးကို သတ်ပြစ်မှာလား ဘာအပြစ်မှမကျုးလွန်ခဲ့တဲ့အပြစ်မဲ့တဲ့ရွာသားတွေကိုရော သတ်ပြစ်မှာလား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဒေါသတကြီးနဲ့ ၀င်ပြောပါတော့တယ်။
“‘ယွိဟောင် ငါတို့ရဲ့လက်ခံခန္ဓာကိုယ်ရေး ဒီကောင်အနေနဲ့ မင်းကို ဘာမှသင်ပေးစရာမလိုဘူး…ဒီအစ်ကိုကြီးက ဘာမှမဟုတ်တဲ့တည်ရှိမှုလို့ထင်နေတာလား “‘
အဘိုးကြီးက စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်ပါတယ်။
” မင်းက သေချာပေါက် ဘာမှမရှိတဲ့ လေလိုကောင်မဟုတ်ဘူး..မင်းက ပိုးကောင်ကြီးတစ်ကောင်ပဲ ငါအဘိုးကြီး မင်းနဲ့စကားပြောဖို့စိတ်မပါဘူး…ငါ့ရဲ့အသိစိတ်ကိုပဲ ပြန်ပြုပြင်နေလိုက်တော့မယ် ”
သူပြောပြီးတဲ့နောက် ဟို့ယွိဟောင်ကို ပြန်ပြီအတွေးရောက်လာပါတယ်။
” မင်းရဲ့မှတ်ဉာဏ်တွေကို ငါလေ့လာပြီးပြီ အမုန်းတရားတွေအများကြီးနဲ့ တည်ဆောက်ထားတာပဲ ဒီအမုန်းတရားတွေကို ဖြေဖျောက်စေဖို့အတွက် မင်းလုပ်ချင်တာလုပ်လို့ရတယ်ငါသာ မှတ်ဉာဏ်တွေအပြည့်အ၀ ပြန်ရသွားမယ်ဆိုရင် မင်းကို အကောင်းဆုံးကြိုးစားကူညီပေးမယ်..ငါဘာတွေမှတ်မိလဲ တွေးကြည့်ရအောင် ဝေ၀ါးနေတဲ့အပိုင်းအစလေးတစ်ချို့ပဲ စကားတစ်ခွန်းကိုတော့ ငါမှတ်မိတယ်..နေမင်းနဲ့ လမင်းကို ဆွဲယူရင်း ကောင်းကင်က ကြယ်တာရာတွေကို တည်ဆောက်တယ်..ဒီလောကကြီးထဲမှာ ငါ့လိုလူတစ်ယောက်မှမရှိဘူး ”
အပိုင်း ၃၆•၁ ပြီး၏။