Switch Mode

Chapter – 35.1

ငါ မရှုံးသေးဘူး

အပိုင်း ၃၅•၁

” ငါမရှုံးသေးဘူး ”
°°°
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်အနေနဲ့ ၀ူဖုန်းကို လွယ်လွယ်ကူကူ ယှဥ်ပြိုင်ဖို့လုံး၀ စိတ်ကူးမရှိခဲ့ပါဘူး။ ကျောက်စိမ်းရောင်တောက်ပနေတဲ့ သူ့ရဲ့လက်တွေက ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးနည်းပညာကို အပြည့်အ၀အသုံးချရင်း တိုက်ခိုက်နေခဲ့ပါတယ်။

ကျယ်လောင်တဲ့အသံနဲ့အတူ ၀ူဖုန်းကတော့ ဟို့ယွိဟောင်နဲ့ ငါးမီတာအကွာအထိ လွှင့်ထွက်လို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူမဟန်ချက်ကို ထိန်းမထားနိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ ၀ူဖုန်းက မြေပြင်ပေါ်ကို လိမ့်သွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်က ၀ူဖုန်းလောက် မမြင့်မားပေမဲ့ သူက အဆင့်ဆယ့်ခုနှစ်၀ိညာဥ်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်နေဆဲပါ။ အစွမ်းကုန်အသုံးပြုထားတဲ့ သူ့ရဲ့လက်၀ါးက အတော်ကို ရိုက်ချက်ပြင်းထန်ပါသေးတယ်။

၀ူဖုန်းအနေနဲ့လဲ တစ်ကိုယ်လုံးတုန်ရီရင်း ထလာခဲ့ပါတယ်။ ပါးစပ်ထဲကနေ သွေးတွေအပြည့် အန်ထုတ်လိုက်မိတယ်။ သူမတကယ်ကို ဒဏ်ရာရသွားခဲ့ပါပြီ။ အပေါ်မှာကြည့်နေတဲ့ သူတွေလဲ အံ့ဩထိတ်လန့်ကုန်ပါတော့တယ်။ ပြိုင်ပွဲမစခင်တုန်းက ဒီလိုရလဒ်မျိုး ဖြစ်လာမယ်လို့ ဘယ်သူများ ခန့်မှန်းထားမိမှာလဲ။ ဘယ်လိုလုပ်ဒီလိုဖြစ်လာနိုင်ရတာလဲ ဟို့ယွိဟောင်က သေချာပေါက် အသာစီးနေခဲ့တာပါ။ ၀ူဖုန်းအနေနဲ့ သူ့ကိုတန်ပြန်တိုက်ခိုက်ဖို့တောင် အခွင့်အရေးမရှိပါဘူး။

ထိုက်ဟွပင်းရော ကျုးလုပါ တအံ့တဩဖြစ်နေခဲ့ကြရင်းရှောင်းရှောင်းရဲ့မျက်လုံးတွေကလဲ အပြူးသားဖြစ်နေခဲ့ကြပါတယ်။ ကျိုးစီချန်တောင်မှ စ်ိုးရိမ်ပူပန်းမှုအပြည့်နဲ့ သူ့လက်တွေကို ကိုက်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ချိုက်ကျင်းရွှမ်က ဟို့ယွိဟောင်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။

အပြင်ရုပ်သွင်တွေအရ နှစ်ဖက်စလုံး ၀ိညာဥ်စွမ်းရည်တွေကို အသုံးမပြုခဲ့ကြပါဘူး။ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်က ခန္ဓာကိုယ် အနီးကပ်တိုက်ခိုက်ရေးမှာ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ကို ရှုံးနှိမ့်သွားရတယ်လား။ ဒါ့အပြင် သူတို့ကြားမှာကွာခြားချက်ကလဲ အကြီးကြီးရှိနေခဲ့ပါတယ်။

နဂါးနီသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့၀ူဖုန်းက ဟို့ယွိဟောင်ထက် ခန္ဓာကိုယ်အပိုင်းမှာအများကြီး ပိုသန်မာပါတယ်။ အရှိန်အဟုန်စွမ်းအားနဲ့ တခြားအင်အားတွေအားလုံးက ဟို့ယွိဟောင်ထက်ပိုပြီး ကြီးမားသာလွန်နေမှာပါ။

သူမ ကန်ခံလိုက်ရတာက ကိစ္စမရှိသေးပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ လက်၀ါးက သူ့ကိုလွှင့်ထွက်သွားအောင် ရိုက်ထုတ်နိုင်လိုက်ပြီ သွေးပါအန်စေနိုင်လိုက်တဲ့ ကိစ္စကတော့ ကြီးမားသွားပါပြီ။ သူမရဲ့ခုခံစစ်က အမြဲတမ်းအနီရောင်နဂါးသိုင်းပညာ၀ိညာဥ်ကြောင့် အားကောင်းနေခဲ့တာပါ။ ဒါတောင်မှ သွေးအန်သွားရတယ်ဆိုရင် ဟို့ယွိဟောင်မှာ ဘယ်လိုများအစွမ်းအစရှိနေလို့လဲ။

ဟို့ယွိဟောင်က ပြိုင်ပွဲတစ်လျှောက်လုံးမှာ ဒီလိုတိုက်ရိုက်တိုက်ခိုက်မှုမျိုးကို မလုပ်ဆောင်ခဲ့ပါဘူး။ ထိုက်ဟွပင်းနဲ့ပြိုင်ပွဲမှာ သရဲအရိပ်ခြေရာကို သုံးခဲ့တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေအားလုံးမှာ လုံး၀ကို မတိုက်ခိုက်ပဲရှိနေခဲ့ပါတယ်။ ဒါကြောင့်သာ သူ့ရဲ့ ဒီတိုက်ခိုက်နိုင်စွမ်းကို လူတိုင်းက မမြင်ပဲရှိနေခဲ့တာပါ။ အခုအချိန်မှာတော့ သူနဲ့ပတ်သက်တဲ့ သိထားမှုတွေ ဘယ်လောက်အထိ မှားယွင်းနေလဲ အားလုံးကနားလည်သွားခဲ့ပါပြီ။ အထူးသဖြင့် ၀ိညာဥ်စက်ကွင်းတစ်ကွင်းတောင်မရှိသေးတဲ့ သူတစ်ယောက်က ဘယ်လိုများဒီလိုအစွမ်းအစရှိနိုင်မှာလဲ သူတို့တွေ ကိုယ့်ကိုကိုယ် မေးမိကြပါတယ်။ အကယ်၍ ဟို့ယွိဟောင်နဲ့ အနီးကပ်တိုက်ပွဲမှာ တိုက်ခိုက်ခဲ့ကြပြီဆိုရင် သူတို့နိုင်နိုင်မှာလား။ ၀ူဖုန်းတောင်မှ သတိမမူပဲနဲ့ ရှုံးခါနီးဖြစ်နေပါပြီ။

၀မ်သုန့်လဲ စိုက်ကြည့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ၀ူဖုန်းကို တိုက်ခိုက်နိုင်ဖို့နည်းလမ်းတွေအများကြီးကို သူတွေးထားခဲ့ပေမဲ့ ဒီလိုမျိုး လက်ရည်ချင်ယှဥ်တဲ့ တိုက်ပွဲမှာတင် ဖြစ်လာနိုင်ချေကို မတွေးထားခဲ့ပါဘူး။ ဟို့ယွိဟောင်က သူ့ရဲ့ကိုယ်ပိုင်အားနည်းချက်ကို အသုံးပြုပြီး ပြိုင်ဘက်ကိုတိုက်ခိုက်နေတာတောင် အနိုင်ရနေတယ်လား။

ပိုပြီးလန့်နေတဲ့သူကတော့ ၀ူဖုန်းကိုယ်တိုင်ပါပဲ။ ဟို့ယွိဟောင်အနေနဲ့ ဒီလိုတိုက်ခိုက်နိုင်မယ်လို့ အိပ်မက်ထဲတောင် မမက်ခဲ့ဘူးတာအမှန်ပါ။ သူမ သတိထားနေခဲ့တဲ့အတွက် စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုက သူ့ကို မတိုက်ခိုက်သေးပါဘူး။ ဒါတောင်မှ အနီးကပ်တိုက်ပွဲမှာ သူ့ကိုရှုံးနှိမ့်နေခဲ့ရပါတယ်။

ကျောရဲ့နာကျင်မှုအရ ဟို့ယွိဟောင်ရဲ့ လက်၀ါးတွေက သတ္ထုတုံးကြီးတစ်တုံးလို သူ့ကျောကိုလာထုရိုက်လိုက်မှန်း နားလည်ခဲ့ပါတယ်။ ဒါ့အပြင် အင်အားနှစ်ခုကလဲ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်၀င်ရောက်လာခဲ့တယ်။ ဒီနူးညံ့တဲ့အင်အားနှစ်ခုက အတွင်းကလီစာတွေထဲအထိကို စိမ့်၀င်လို့ သွားခဲ့ပါပြီ။ မမျှော်လင့်ထားလောက်အောင်ပဲ အချိန်အတိုင်းအတာတစ်ခုအထိ သူ့ရဲ့စွမ်းအားတွေကို မလှုပ်ရှားနိုင်ပဲဖြစ်သွားခဲ့ ရပါတယ်။ ဒါ့အပြင် ရွေးချယ်စရာမရှိတော့ပဲ ဒဏ်ရာတွေဆက်ပြီ ဆိုးမလာစေဖို့အတွက် သွေးတွေကို အန်ထုတ်ပြစ်လိုက်ရတယ်။ လက်ရှိအချိန်မှာ အတွင်းကလီစာတွေက အတော်ကို ပြင်းပြင်းထန်ထန် လှုပ်ခတ်နေခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ခြေကန်ချက်က သိပ်ပြီမဆိုးပေမဲ့ သူမအတွက်တော့ ရှက်စရာတစ်ခုဖြစ်နေခဲ့တယ်။ ဒါ့အပြင် အတန်းတစ်ခုလုံးရဲ့အရှေ့မှာ ဒီလိုအကန်ခံလိုက်ရတာပါ။ ဘယ်အမျိုးသားမှလဲ ဒီလိုမျိုးသူ့ကို မကန်ခဲ့ပါဘူး။ ဒါ့အပြင် လှဲကျသွားခဲ့ပြီတဲ့နောက် ထူးဆန်းတဲ့ အင်အားတစ်ချို့က သူ့ခန္ဓာကိုယ်ထဲကို ဆက်တိုက်၀င်ရောက်လို့ နှောင့်ယှက်နေခဲ့ပါသေးတယ်။

” ခွေးမသား ငါနင့်ကို သတ်မယ် ”

၀ူဖုန်းက ဒေါသတကြီးနဲ့ အော်ဟစ်ရင်း ဟို့ယွိဟောင်ကို ကျားသစ်မတစ်ကောင်လို ခုန်အုပ်ဖို့လုပ်ပါတော့တယ်။ ဒီတစ်ကြိမ်မှာ သူမ ဘာကိုမှ ချွင်းချန်မထားတော့ပါဘူး။ ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နဂါးမီးလျှံကို စတင်အသုံးပြုပါတော့တယ်။

အသန်မာဆုံးတိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ပညာရှင်တစ်ယောက်အနေနဲ့ သူ့ကို ယှဥ်နိုင်တဲ့သူက ထိုက်ဟွပင်းနဲ့ ၀မ်သုန့်သာ ရှိတာပါ။

ဒါပေမယ့် ထိုက်ဟွပင်းနဲ့ ယှဥ်လိုက်မယ်ဆိုရင် ၀ူဖုန်းက ဒုတိယအသန်မာဆုံးသူ ဖြစ်နေခဲ့တယ်။ သူမရဲ့ နဂါးမီးလျှံနဲ့ နဂါးဒေါသနှစ်ခုစလုံးက တိုက်ခိုက်ရေးစွမ်းအားကို အမြင့်ဆုံးမြင့်တင်ပေးနိုင်တဲ့အရာကြီးတွေပါပဲ။ ဒါကြောင့် ၀ူဖုန်းက အနီးကပ်တိုက်ပွဲတွေမှာ ပညာရှင်ဖြစ်နေခဲ့တာပါ။ ထိုက်ဟွပင်းသာ တတိယ၀ိညာဥ်စွမ်းရည်ကို အသုံးမပြုခဲ့ဘူးဆိုရင် သူတို့နှစ်ယောက်သာ တိုက်ခိုက်လို့ကတော့ လက်ရည်တူအနေအထားမှာ ရှိနေလိမ့်မှာဖြစ်ပါတယ်။ ဒါတောင်မှ ဟို့ယွိဟောင်ကို ရှုံးနှိမ့်သွားခဲ့ရတဲ့အတွက် ဒါက သေးငယ်တဲ့ရှုံးနှိမ့်မှုမဟုတ်ခဲ့ပါဘူး။

ဟို့ယွိဟောင်က မျက်လုံးတွေကို ပိတ်ထားဆဲဖြစ်ပေမဲ့ အမူအရာကတော့ လုံး၀ကို အလေးအနက်ဖြစ်နေခဲ့ပါတယ်။ ၀ူဖုန်းကို အစောပိုင်းတုန်းက ဒဏ်ရာရအောင်လုပ်နိုင်တာ ထန်မျိုးနွယ်ရဲ့နည်းလမ်းတွေကို ကောင်းကောင်းအသုံးချလိုက်လို့ပါ။ ဒါ့အပြင် သူ့ရဲ့တခြားအာရုံခြောက်ပါးကို အသုံးချထားလို့လဲဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ ၀ူဖုန်းက သူ့ရဲ့ ၀ိညာဥ်စွမ်းရည်တွေကို အသုံးမပြုသေးပါဘူး။

၀ူဖုန်းရဲ့ နဂါးမီးလျှံတွေက သူ့ရဲ့ပတ်ပတ်လည်တစ်ပေအတွင်းမှာရှိရှိသမျှ အရာအားလုံးကို ပူပြင်းစေပါတယ်။ လေပူတွေ ဟို့ယွိဟောင်ရဲ့မျက်နှာဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစားပညာရှင်ဖြစ်နေခဲ့တဲ့အတွက် သူ့ရဲ့၀ိညာဥ်မျက်လုံးတွေက ခန္ဓာကိုယ်ကို အားဖြည့်မပေးနိုင်ပါဘူး။ လှုပ်ရှားမှုတွေအားလုံးကို ခန့်မှန်းနိုင်ပေမဲ့ တိုက်ခိုက်ရေးကိုမဖြတ်ကျော်နိုင်ပဲ ရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်အနေနဲ့ နောက်ဆုတ်ဖို့မရွေးချယ်ခဲ့ပါဘူး။ ပထမဆုံးသူ့မှာ အခွင့်အရေးမရှိနိုင်မှန်းသိနေခဲ့တာ​ကြောင့် သူ့အတွက် ရလဒ်ကောင်းမရနိုင်တာကိုလဲ နားလည်နေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ ရှုံးတာကို ၀န်မခံချင်ပဲ မျှော်လင့်ချက်လေးတစ်ခုရှိနေမယ်ဆိုရင်တောင် ဆက်သွားဖို့ရွေးချယ်လိုက်တယ်။ ဟို့ယွိဟောင် နောက်မဆုတ်ပဲ အရှိန်တွေကို တောင့်ခံရင်း သရဲအရိပ်ခြေရာကို အသုံးပြုပြီ ၀ူဖုန်းဆီကို ပြေး၀င်သွားခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ ၀ူဖုန်းက လေထဲကို ခုန်မနေတော့ပဲ ဟို့ယွိဟောင်ဆီကို တိုက်ရိုက်ပြေး၀င်လာခဲ့တယ်။ အနီးကပ်တိုက်ခိုက်ဖို့အတွက် ရွေးချယ်လို့ထားခဲ့ပြီ သူမရဲ့ဘယ်ဘက်လက်က ဟို့ယွိဟောင်အစာအိမ်ဆီကို တန်းတန်းမတ်မတ် ရောက်ရှိလို့သွားပါတယ်။

၀ူဖုန်းက ဒေါသကြီးသူဖြစ်ပေမဲ့ စိတ်လောတတ်တဲ့သူမဟုတ်ပါဘူး။ ဟို့ယွိဟောင်ကို တစ်ခေါက်ရှုံးနှိမ့်ပြီတဲ့နောက် သူ့ရဲ့တိုက်ခိုက်မှုတွေကို အထူးသတိထားပါတော့တယ်။ ၀ူဖုန်းရဲ့လက်၀ါးနဲ့ ရင်ဆိုင်ရချိန်မှာ ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလို ဘယ်ဘက်ကိုခုန်ရှောင်လိုက်ရင်း ၀ူဖုန်းရဲ့ခြေထောက်နဲ့ တစ်ပေအကွာကို မ၀င်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီနောက်ညာဘက်မှာရပ်တန့်လိုက်တယ်။ ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ကို ညာဘက်ခြေထောက်နဲ့ ၀ူဖုန်းက ထပ်ကန်လိုက်ပါပြီ။ သူ့ရဲ့ကန်ချက်က အရမ်းကို မြန်ဆန်းလွန်လှပြီ ဟို့ယွိဟောင်ရဲ့ရင်ဘတ်ဆီကို မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလို့သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က ချောထွက်လို့သွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ဟန်ချက်ပျက်သွားခဲ့သလိုပါပဲ။ ၀ူဖုန်းရဲ့ ကန်ချက် သူရင်ဘတ်ကို ဖြတ်ထွက်လို့သွားခဲ့ပြီ ဟို့ယွိဟောင်ရဲ့ အ၀တ်စအရှေ့ဘက်ကို ချက်ချင်းဆိုသလို မီးလောင်ပြာကျသွားစေခဲ့တယ်။ ပူပြင်းတဲ့ အပူရှိန်က ၀ူဖုန်းရဲ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက အားကောင်းပေမဲ့ ခန္ဓာကိုယ်အရှိန်ကတော့ သူ့အတွေးကို လိုက်မမီနိုင်ပါဘူး။ စွမ်းအားအကုန်လုံးကိုသုံးပြီ ၀ူဖုန်းရဲ့ တိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို သူရှောင်ရှားဖို့ကြိုးစားနေခဲ့ရပါတယ်။

အပိုင်း ၃၅•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset