Switch Mode

Chapter – 34.3

မဖြစ်နိုင်တဲ့ စိန်ခေါ်မှုကို လက်ခံခြင်း

အပိုင်း ၃၄•၃

” မဖြစ်နိုင်တဲ့ စိန်ခေါ်မှုကို လက်ခံခြင်း ”
°°°
အသံနှစ်သံကို ကြားချိန်မှာ ကျိုးစီချန်က သူတို့ရဲ့လောင်းကြေးတွေကို ချက်ချင်းယူလိုက်ပါတော့တယ်။ တခြားကျောင်းသားတွေလောင်းနေတာက ၀ိညာဥ်ရွှေပြားနှစ်ထောင်နီးပါးရှိနေခဲ့ပါပြီ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့လောင်းကြေးထပ်တာနဲ့ အတူတူပါပဲ။ နောက်တစ်နည်းပြောရမယ်ဆိုဟို့ယွိဟောင် ရှုံးသွားလို့ကတော့ သူအနေနဲ့ အိတ်စိုက်ထုတ်ပြီပေးစရာမလိုပါတော့ပါဘူး။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သူကြုံတွေ့နေရတဲ့ ငွေကြေးအကြပ်အတည်ကြီးက ပြေလည်သွားပါပြီ။

” ဟို့ယွိဟောင်ကို ၀ိညာဥ်ရွှေပြားငါးဆယ်လောင်းမယ် ”

အသံနှစ်သံက ချက်ချင်းဆိုသလို ပေါ်လာပါတော့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ဘက်ကို လောင်းကြေးထပ်တဲ့သူတွေ ထွက်ပေါ်လာခဲ့ပါပြီ။ သူသေချာကြည့်လိုက်ချိန်မှာတော့ အဲ့ဒီနှစ်ယောက်က လန်ညီအစ်မနှစ်ယောက်ဖြစ်နေတာကို မြင်လိုက်ရတာပါပဲ။ အဲ့ဒီညီအစ်မတွေက ၀မ်သုန့်ကိုပြုံးပြနေရင်း ၀ိညာဥ်ရွှေပြားငါးဆယ်ကို ထုတ်ယူလာခဲ့ပါတယ်။

” ငါလဲ ငါးဆယ်လောင်းမယ် ”

နောက်တစ်သံကိုကြားချိန်မှာ ကျိုးစီချန်အနေနဲ့ တုန်လှုပ်နေပါတော့တယ်။ ဒီတစ်ခေါက်လောင်းလာတဲ့သူကတော့ သူ့ရဲ့ညီနောင်ကောင်းဖြစ်တဲ့ ချိုက်ကျင်းရွှမ်ပါပဲ။ ဟို့ယွိဟောင်တို့အဖွဲ့နဲ့ တိုက်ခိုက်တဲ့ပြိုင်ပွဲမှာ ချိုက်ကျင်းရွှမ်အနေနဲ့ ၀ိညာဥ်စွမ်းရည်ကိုတောင် လွှင့်မထုတ်ရပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ပေါင်းစည်းတိုက်ခိုက်မှုကြောင့် သတိလစ်လို့သွားခဲ့ရပါတယ်။

” ကျင်းရွှမ် မင်းဘာတွေလုပ်နေတာလဲ ”

ကျိုးစီချန်က မေးလိုက်မိပါတော့တယ်။

ချိုက်ကျင်းရွှမ်ကတော့ ကောက်ကျစ်မှုအပြည့်နဲ့သာ ပြုံးနေခဲ့တယ်။

” မင်းလိုကောင်မှာ ပိုက်ဆံတွေအများကြီးရှိတယ်ဆိုတာ ငါသိသားပဲ ငါလဲ ဒီလိုမျိုးလာလောင်းလို့မရဘူးလား ”

သံယသ၀င်နေတဲ့ ကျိုးစီချန်က ပြန်ဖြေလိုက်ပါတယ်။

” ဒါမဟုတ်သေးပါဘူး မင်းက အကျိုးအမြတ်မရှိတဲ့ ကိစ္စကိုဘယ်တော့မှမလုပ်ဘူး…မင်းမသေချာတဲ့ကိစ္စကို ဘာမှမလုပ်ဘူး…မပိုင်ရင်ခြင်တောင်မရိုက်တဲ့ကောင်က ဘာတွေလုပ်နေတာလဲ ”

ချိုက်ကျင်းရွှမ်ကတော့ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်ပါတယ်။

” မင်းကိစ္စမဟုတ်ဘူးပြောရမယ်ဆိုရင် ငါက ရွှေပြားငါးဆယ်ပဲ လောင်းတာလေ အရမ်းမရက်စက်ပါဘူး…သတိပေးလိုက်ဦးမယ်..အကယ်၍ ဟို့ယွိဟောင်သာနိုင်သွားရင် မင်းတော့တကယ်မွဲပြီးပဲ..တစ်ဆလောင်းရင်း ဆယ့်ဆရမယ်ဆိုမှတော့ မင်းအနေနဲ့ စုစုပေါင်း ၀ိညာဥ်ရွှေပြားနှစ်သောင်းနဲ့ တစ်ရာကိုပေးရမှာ အဲ့ဒီလောက်ပိုက်ဆံမင်းမှာရှိလား ”

ကျိုးစီချန်ရဲ့ မျက်နှာမှာ ချွေးတွေက ဆက်တိုက်ဆိုသလို စိီးကျလာပါတော့တယ်။ အမှန်ပါပဲ ဟို့ယွိဟောင်အနေနဲ့ တကယ်နိုင်သွားရင် သူဘယ်လိုလုပ်ရမလဲ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ၀ိညာဥ်ရွှေပြားတစ်ထောင်ဆီလောင်းထားကြတာပါ။ ၀ိညာဥ်ရွှေပြားဆယ့်ဆ ဒါကိုဆယ့်ဆလျော်ရမယ်ဆိုရင် သူ့အတွက်တော့ ကပ်ဆိုက်ပါပြီ။

” ၀မ်သုန့်နဲ့ ရှောင်းရှောင်း မင်းတို့တွေလောင်းတာ နည်းနည်းလောက်လျှော့ပါဦးလား ”

ကျိုးစီချန်အနေနဲ့ အစပိုင်းမှာ ဟို့ယွိဟောင်ကို လောင်းကြေးထပ်တဲ့သူတွေက သူ့ကိုကူညီပေးနိုင်မယ်ထင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ သူ့အမူအရာက လုံး၀ပြောင်းလဲနေခဲ့ပါပြီ။ ၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။

” မင်းပြောတော့ ဘယ်သူဘယ်လောက်လောင်းလောင်း လက်ခံမယ်ဆို ဘယ်လောက်ပဲလောင်းကြေးမြင့်နေပါစေ လက်ခံမယ်ဆိုပဲ ငါက ဟို့ယွိဟောင်ကို ယုံကြည်ချက်အပြည့်ရှိတယ်…သူလုံး၀ရှုံးမှာ မဟုတ်ဘူး…ဒါ့အပြင် ငါကိုယ်တိုင်လဲ အရှုံးပေါ်မှာကို မကြောက်ဘူး…မင်းဘာတွေကြောက်နေတာလဲ ”

သူနဲ့ရှောင်းရှောင်းနှစ်ယောက်စလုံးက ပြောပြီတာနဲ့ လှည့်ထွက်သွားပါတော့တယ်။

ကျိုးစီချန်ကတော့ မကျေမနပ်နဲ့သာ ပြောနေခဲ့တယ်။

” သူရှုံးသွားရင် ဘယ်သူငိုမလဲ ကြည့်ကြသေးတာပေါ့ ဟို့ယွိဟောင်သာ ၀ူဖုန်းကို အနိုင်ရနိုင်မယ်ဆိုရင် တကယ်ကိုထူးဆန်းနေမှာပဲ ငါကတော့ အဲ့ဒီအကြွေးတွေကိုရှင်းဖို့ တွင်းတစ်တွင်းသာတူးပြီ နေလိုက်ချင်တယ်… အကယ်၍ လူတွေသာ ဒီလောက်အများကြီး လောင်းကြေးထပ်မယ်မှန်းသိရင်း ငါလျော်ကြေးကို နည်းနည်းလောက် လျှော့လိုက်သင့်တာပေါ့ ”

ချိုက်ကျင်းရွှမ်ကတော့ သူ့ပုခုံးကိုပုတ်ရင်းနဲ့သာ ပြောလာခဲ့ပါတယ်။

” တစ်ခါတလေမှာ စိတ်အလောကြီးတာက မကောင်းတဲ့ကိစ္စတွေကို ယူဆောင်လာတာပဲ ”

စောင့်ကြည့်တဲ့ပွဲကြည့်စင်မှာတော့ အတော်လေးကို လှုပ်ရှားနေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀ူဖုန်းတို့ကတော့ ၀ိညာဥ်လက်ရည်ယှဥ်တဲ့နေရာကို ရောက်လာခဲ့ပါပြီ။ နှစ်ယောက်လုံး လုံခြုံစိတ်ချစေဖို့အတွက် ၀မ်ယန်က သူ့တို့ကို ကြီးကြပ်ရေးမှုးအဖြစ် ကိုယ်တိုင်စောင့်ကြည့်မှာပါ။

၀မ်ယန်က ပြောလိုက်ပါတယ်။

” မင်းတို့ကို တစ်ခေါက်သတိပေးမယ်..ဒီပြိုင်ပွဲက အတန်းဖာ်တွေကြားကပြိုင်ပွဲပဲ ဒီတော့မင်းတို့အားလုံးအစွမ်းကုန်တိုက်ခိုက်နိုင်ပေမဲ့ မင်းတို့အနေနဲ့ ပြိုင်ဘက်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင်မလုပ်သင့်ဘူး…နားလည်တယ်မလား အကယ်၍ တစ်ဖက်ဖက်ကသာ အသာစီးရသွားမယ်ဆိုရင် ငါပြိုင်ပွဲကို ချက်ချင်းရပ်တန့်ပြစ်မယ် ”

ဟို့ယွိဟောင်နဲ့ ၀ူဖုန်းက ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမယ့် ၀ူဖုန်းအနေနဲ့ ပြောလာခဲ့တယ်။

” ဆရာ၀မ် ဒါဆိုရင် စက္ကန့်ပိုင်းအတွင်း ဒီတိုက်ပွဲကို ရပ်လိုက်မယ်လို့ ပြောနေတာပဲမဟုတ်လား ”

သူပြောပြီးတဲ့နောက် လှည့်ထွက်သွားပါတော့တယ်။ ၀ူဖုန်းက အသက်ဆယ့်တစ်နှစ်တောင် မပြည့်သေးပါဘူး။ ဒါ့အပြင် တခြားအသက်တူရွယ်တူကောင်မလေးတွေထက် အများကြီးဖွံ့ဖြိုးလို့နေခဲ့သလို အတော်လဲအရပ်ရှည်ပါတယ်။ ဒါ့အပြင် သူမရဲ့ အမျိုးသမီးကိုယ်ဟန်က တော်တော်ကိုသိသာထင်ရှားနေခဲ့တယ်။ အထူးသဖြင့် နီရဲတဲ့ဆံပင်ရှည်တွေက အတော်ကို ရှားပါးတဲ့အလှအပတရားပါပဲ။ အနည်းငယ် ယောကျ်ားလေးဆန်ပြီ ကောင်လေးတွေထက်တောင် ပိုမာကျောတဲ့ပုံပေါ်ပေမဲ့ သူ့အလှတရားနဲ့တော့ လိုက်ဖက်နေခဲ့သေးတယ်။

ဟို့ယွိဟောင်က သူနောက်ကနေ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပါတယ်။ ၀မ်ယန်က သူ့ကို သတိပေးလိုက်တယ်။

” အကောင်းဆုံးကြိုးစားပေမဲ့ ကိုယ့်ကိုကိုယ် အဆုံးစွန်အထိ ဖိအားမပေးနဲ့ တစ်ခါတစ်ရံမှာ စိတ်ရှည်သည်းခံတာက အင်အားတစ်ခုပဲ ”

၀မ်ယန် သူ့အတွက် ဘယ်လောက်အထိ ဂရုစိုက်ပေးလဲဆိုတာ ဟို့ယွိဟောင်က ကောင်းကောင်းမြင်နေခဲ့ရပါပြီ။ ခေါင်းညိတ်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားပါတော့တယ်။ ၀မ်ယန်ရဲ့ စိတ်ကောင်းစေတနာကို သူနားလည်ပေမဲ့ လက်ရှိအချိန်မှာ ၀ူဖုန်းကို ဘယ်လောက်ပဲပေးဆပ်ပြီ တိုက်ခိုက်ရပါစေ အလွှတ်မပေးဖို့ဆုံးဖြတ်လို့ထားခဲ့ပါတယ်။ သူလဲ နောက်ဆုတ်ဖို့ စိတ်ကူးမရှိပါဘူး။

နှစ်ဖက်စလုံးက မီတာတစ်ရာအထိကို ကွာဝေးသွားချိန်မှာ ၀မ်ယန်က တိုက်ပွဲစဖို့ကြော်ငြာပါတော့တယ်။

၀ူဖုန်းလဲ ချက်ချင်းဆိုသလို လှုပ်ရှားလိုက်တယ်။ သူမရဲ့ အနီရောင်ဆံပင်တွေက လေနဲ့အတူ လွှင့်မျောလို့သွားခဲ့ပြီ အနီရောင်တိမ်တိုက်လိုမျိုး လှုပ်ရှားနေရင်း ဟို့ယွိဟောင်ဆီကို အရှိန်အပြည့်နဲ့ ပြေး၀င်လာပါတော့တယ်။ ရှည်လျားဖြောင့်စင်းနေပေမဲ့ အားကောင်းတဲ့ခြေထောက်တွေက မြေပြင်ကိုအားပြုပြီ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဆယ့်မီတာကျော်ကို ခုန်ပျံလာခဲ့ပါပြီ။ ခန္ဓာကိုယ်ကလဲ အရှေ့ကို ပြေးလာချိန်မှာ နဂါးအကြေးခွံတွေက ခန္ဓာကိုယ်တစ်၀က်ကိုဖုံးလွှမ်းသွားပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက်အကွာအဝေးတစ်ခု ရှိနေခဲ့ပေမဲ့ ဟို့ယွိဟောင်အနေနဲ့ သူမရဲ့အစွမ်းအစနဲ့ ပူပြင်းလောက်မြိုက်တဲ့ လေငွေ့တွေကို ခံစားနေခဲ့မိတယ်။ အံ့ဩစရာကောင်းလောက်အောင် ဟို့ယွိဟောင်က မလှုပ်ရှားခဲ့ပါဘူး။ အဲ့ဒီအစား မျက်လုံးတွေကို မှိတ်ထားရင်း အဲ့ဒီနေရာမှာရပ်နေခဲ့ပါတယ်။ ထိုင်ရင်းနဲ့ တရားမှတ်နေတဲ့ပုံပါပဲ။ ​ကြည့်နေတဲ့သူတွေကတော့ လုံး၀ တိတ်ဆိတ်နေခဲ့တယ်။ အားလုံးက တိုက်ခိုက်မှုကိုပဲ အာရုံစိုက်နေခဲ့တာပါ။ အထူးသဖြင့် ၀မ်သုန့် ရှောင်းရှောင်းနဲ့ ကျိုးစီချန်တို့ပါပဲ။

ချိုက်ကျင်းရွှမ်ကလဲ အာရုံစိုက်နေခဲ့ပေမဲ့ သူက လူတွေအများကြီးလိုမျိုး ၀ူဖုန်းကို အာရုံစိုက်မနေပဲ ဟို့ယွိဟောင်ကိုသာ လေ့လာနေခဲ့ပါသေးတယ်။

ကျိုးစီချန် ခန့်မှန်းထားသလိုပဲ ချိုက်ကျင်းရွှမ်က ဟို့ယွိဟောင်ကို စိတ်အလောကြီးပြီ လောင်းကြေးထပ်တာ မဟုတ်သလို အကျိုးအမြတ်အများကြီးကိုရဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ တကယ်တော့ သူဒီလိုလုပ်တာ ကိုယ်ပိုင်အကြောင်းပြချက်ရှိပါတယ်။

ကျိုးစီချန်တို့ရဲ့အဖွဲ့မှာ တကယ်စစ်မှန်တဲ့အဓိက အင်အားရှိတာချိုက်ကျင်းရွှမ်ပါ။ သူ့ရဲ့အချိန်ကုန်လွန်စေတဲ့ နာရီက ရှားပါးတဲ့ထိန်းချုပ်ရေးပစ္စည်းဖြစ်နေခဲ့တဲ့အပြင် အချိန်ကို ထိန်းချုပ်နိုင်စွမ်းလဲ ရှိပါတယ်။ ဒါ့အပြင် ချိုက်ကျင်းရွှမ်အနေနဲ့ ဒီစွမ်းရည်ကိုအသုံးပြုပြီး ထိပ်တန်းလေးယောက်အဖွဲ့ကို ၀င်ရောက်လာခဲ့တယ်။ ဒါ့အပြင် သူကိုယ်တိုင်လဲ ထူးချွန်တဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက် ဖြစ်ရုံတင်မက ဟို့ယွိဟောင်တို့လို လူတွေကို ပိုပြီး နားလည်သဘောပေါက်ပါတယ်။

အဲ့ဒီအချိန် သူတို့ရဲ့ ပြိုင်ပွဲမှာ ၀ိညာဥ်စွမ်းရည်တစ်ခုကိုတောင် အသုံးမပြုလိုက်ရပဲ သတိလစ်တဲ့အထိ အလဲထိုးခံလိုက်ရပါတယ်။ အဲ့ဒါက ၀မ်သုန့်ကြောင့်လို့ လူတော်တော်များများက တွေးထားခဲ့ပေမဲ့ စိတ်၀ိညာဥ်အမျိုးအစားတိုက်ခိုက်မှုကိုသိတဲ့သူကတော့ ချိုက်ကျင်းရွှမ်ပါ။ ၀မ်သုန့်ရဲ့ အထောက်အပံ့ရှိနေခဲ့ပေမဲ့ တကယ်တမ်းမှာ ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်မှု ဖြစ်နေခဲ့တာကိုသူခန့်မှန်းမိခဲ့တာပါ။ ပိုအရေးကြီးဆုံးကတော့ သူ့အနေနဲ့ ဒီလိုအဝေးပြစ်တိုက်ခိုက်မှုမျိုးကို အဓိက ကာကွယ်ထားခဲ့တာပါပဲ။ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ အချိန်တွေက တခြားနေရာတွေနဲ့ မတူညီပဲ ပြောင်းလဲနေတာကြောင့် မြင်ရဖို့ခက်ခဲပါတယ်။ ဒါကြောင့်သာ သူ့အနေနဲ့ အဝေးပြစ်တိုက်ခိုက်မှုရော ဦးတည်ချက်တစ်ခုထဲထားတဲ့ တိုက်ခိုက်မှုရော ကြောက်စရာမလိုပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် အချိန်တွေကို ပြောင်းလဲဖျက်ဆီးနိုင်တဲ့ သူ့ရဲ့နာရီက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကိုတော့ မဖျက်ဆီးနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်မှုကျရောက်လာချိန်မှာ ချိုက်ကျင်းရွှမ်အနေနဲ့ ဘာမှမလုပ်နိုင်ပဲဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့်သာ ချိုက်ကျင်းရွှမ်က ဟို့ယွိဟောင်ကို အရမ်းစိတ်၀င်စားနေခဲ့ရတော့တာပါ။

အသိပညာကို လိုလားတက်မက်တဲ့ ချ်ိုက်ကျင်းရွှမ်အနေနဲ့ ဟို့ယွိဟောင် ဘယ်လိုများသူ့ကို အနိုင်ယူသွားလဲဆိုတာ သိချင်နေခဲ့တယ်။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်မှာ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းသာရှိတာပါ။ သူ့ရဲ့ ၀ိညာဥ်စွမ်းရည်တွေကို နှစ်မျိုးနှစ်စားအသုံးပြုလို့ရတာလား ဒါမှမဟုတ်မတူညီတဲ့အစွမ်းအစတွေရှိနေခဲ့တာလား။ ထောက်လှမ်းမှုနဲ့ တိုက်ခိုက်ရေးစွမ်းရည်နှစ်ခုစလုံးက ဆယ့်နှစ်၀ိညာဥ်စက်ကွင်းမှာရှိနိုင်တဲ့အရာရော ဟုတ်ကောဟုတ်ရဲ့လား နှစ်တစ်ရာမက နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေမှသာ စွမ်းရည်ကနှစ်ခုရှိနိုင်တာပါ။

ဒါကြောင့်သာ ဟို့ယွိဟောင် ရှုံးမယ်လို့ယုံကြည်နေခဲ့ကြပေမဲ့ ချိုက်ကျင်းရွှမ်ကတော့ သူ့ကို အတော်လေး ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ ဒီယုံကြည်ချက်က ၀မ်သုန့်နဲ့ ရှောင်းရှောင်းတောင် ပိုကြီးမားနေခဲ့တယ်။ တစ်ခါတစ်ရံမှာ လူတစ်ယောက်ရဲ့ပြိုင်ဘက်က အဖွဲ့သားတွေထက်တောင် အဲ့ဒီလူကို ပိုပြီး နားလည်နိုင်တယ်ဆိုတာ မမှားပါဘူး။

နှစ်ဖက်ရဲ့အကွာအဝေးက အတော်ကို လျော့ပါးသွားခဲ့ပါပြီ။ ဟို့ယွိဟောင် လုံး၀ မလှုပ်ရှားတာကို မြင်ချိန်မှာ ၀ူဖုန်းက ပိုမိုကြမ်းတမ်းလာပါတော့တယ်။ နင့်ထျန်းက အစောပိုင်းပြိုင်ပွဲမှာ သတိလစ်တဲ့အထိ တိုက်ခိုက်ခံလိုက်ရတယ်။ ဒါ့အပြင် သူတို့ရဲ့ လေ့လာရှာဖွေမှုအရ ၀ိညာဥ်စွမ်းအားကို ဦးခေါင်းမှာအသုံးပြုပြီး ကာကွယ်ထားဖို့လိုအပ်ပါတယ်။ အကယ်၍ စိတ်၀ိညာဥ်ပင်လယ်ကိုသာ ကာကွယ်ထားခဲ့မယ်ဆိုရင် ရန်သူရဲ့တိုက်ခိုက်မှုက သူတို့ကို အသုံးမ၀င်နိုင်ပါဘူး။ ဒါကြောင့်သာ ၀ူဖုန်းအနေနဲ့ ဘယ်၀ိညာဥ်စွမ်းရည်ကိုမှအသုံးမပြုပဲ ရှိနေခဲ့တာပါ။ သူမရဲ့ အမြင်အရ ဟို့ယွိဟောင်အနေနဲ့ သူ့ကို တိုက်ခိုက်တဲ့စွမ်းရည်တစ်ခုထဲနဲ့ ယှဥ်မယ်ဆိုရင် နိုင်နိုင်မဲ့ပုံမပေါ်ပါဘူး။ သူမသာ သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို သတိထားနိုင်မယ်ဆိုရင် အရာအားလုံးက အဆင်ပြေသွားပါလိမ့်မယ်။ အမှန်တကယ်ကတော့ ဒီနေရာမှာရှိနေခဲ့တဲ့ ကျောင်းသားတွေထဲမှာ ၀မ်သုန့်နဲ့ ရှောင်းရှောင်းကလွဲပြီ ဟို့ယွ်ိဟောင်ရဲ့အဓိကစွမ်းရည်က စိတ်၀ိညာဥ်ထောက်လှမ်းမှုဆိုတာကို မသိပဲဖြစ်နေခဲ့ပါတယ်။

လက်ရှိအချိန် သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးက ငါးမီတာသာ ကျန်ပါတော့တယ်။ ဘယ်ဘက်ခြေထောက်ကို အားပြုရင်း မြေပြင်ကနေ ခုန်ထွက်လာခဲ့ပြီ ၀ူဖုန်းက ဟို့ယွိဟောင်ဆီကို မြားတစ်စင်းလိုပြေး၀င်လာပါတော့တယ်။ ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က လှုပ်ရှားလိုက်ပါပြီ။ ၀ူဖုန်းခုန်ပျံလာချိန်မှာပဲ သူ့ရဲ့ခြေထောက်ကလဲ ရွေ့သွားပါတော့တယ်။ ရလဒ်အနေနဲ့ ဘယ်ဘက်ကိုရှောင်ရှားနိုင်လိုက်ပြီ ၀ူဖုန်းရဲ့ဗိုက်ဆီကို ခြေထောက်နဲ့ပြန်ပြီ ကန်ချလိုက်တယ်။

၀ူဖုန်း ခုန်လိုက်ချိန်မှာ သူမရဲ့ လက်မောင်းကလဲ အပေါ်ကိုမြင့်တက်နေခဲ့ပါတယ်။ လက်၀ါးကတော့ ဟို့ယွိဟောင်ရဲ့ ပုခုံးကို ရိုက်ချလိုက်ပါတယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့ အကူအညီကြောင့် ဟို့ယွိဟောင်အနေနဲ့ သူမရဲ့လှုပ်ရှားမှုတွေအားလုံးကို အပြည့်အ၀ ခန့်မှန်းနိုင်နေခဲ့တယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်ရဲ့ တန်ပြန်ကန်ချက်က သူမနဲ့အတူတူ ဖြစ်ပေါ်လာခဲ့တာပါ။ တစ်ချိန်ထဲမှာပဲ ၀ူဖုန်းအတွက် ခုခံရာခက်ခဲမဲ့နေရာကို သူကန်ချလိုက်ပါတယ်။

၀ူဖုန်းကိုယ်တိုင်ကိုယ်က သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိနေခဲ့ပေမဲ့ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ချိန်မှာတော့ အတော်လေးကို မသက်မသာဖြစ်လာခဲ့ရတယ်။ ဒါပေမယ့် ဒီလိုမျိုုး ကန်တာကို ခွင့်ပြုပေးဖို့လဲ စိတ်ကူးမရှိပါဘူး။ ခန္ဓာကိုယ်ကို လေထဲမှာတစ်ပတ်လှည့်လိုက်ရင်း ဟို့ယွိဟောင်ရဲ့ ခြေကန်ချက်ကို ခုန်ရှောင်ဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် ဒီလိုခုန်ရင်းကနေ နေရာမပြောင်းနိုင်ပါဘူး။ မမျှော်လင့်ထားလောက်အောင်ပဲ ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလို လေထဲမှာ ကန်နေရတာကနေ ရပ်တန့်လို့သွားခဲ့ပြီ ဘယ်ဘက်ခြေထောက်ကို အသုံးပြုရင်း အရှေ့ကိုခုန်လာပါတော့တယ်။ မြေပြင်နဲ့ မီတာ၀က်သာကွာပြီခုန်ပေမဲ့ ညာဘက်ခြေထောက်ကို အသုံးပြုပြီ ပုံမှန်အတိုင်းသာ ပြန်ကန်ချလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ၀ူဖုန်းရဲ့ တင်ပါးပေါ်ကို သူခြေထောက်ကန်ချက်က ရောက်ရှိသွားပါပြီ။

လူတစ်ယောက်ရဲ့ တင်ပါးဆိုတာက မြေကမ္ဘာစွမ်းအားကို အဓိက တည်ငြိမ်စေတဲ့ဗဟိုချက်ပါပဲ။ တင်ပါးကိုသာ အကန်ခံလိုက်ပြီဆိုရင် သေချာပေါက် ဟန်ချက်ပျက်သွားပြီ ပြုတ်ကျလာမှာပါ။ ၀ူဖုန်း ခန္ဓာကိုယ်ကို လှည့်လာချိန်မှာပဲ များပြားတဲ့အင်အားတွေက တင်ပါးအလယ်ကိုရောက်သွားခဲ့တဲ့အတွက် ဒီလိုအကန်ခံရချိန်မှာ ချက်ချင်းဆိုသလို သတိပေးသံတွေ မြန်လာပါတော့တယ်။ ဘယ်ဘက်လက်ကို အသုံးပြုရင် မြေပြင်ပေါ်ကို အရှိန်ပြုလိုက်ပြီ ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့ လုပ်လိုက်တယ်။

၀ူဖုန်းကို ကန်ပြီတဲ့နောက် ဟို့ယွိဟောင်က နောက်ထပ် ဆက်တိုက်လှုပ်ရှားပါတော့တယ်။ ညာဘက်ခြေထောက်မြေပြင်ပေါ်ကို ပြန်ကျလာပြီတဲ့နောက် ၀ူဖုန်းဆီကို ပြေးသွားရင်းတိုက်ခိုက်ဖို့လုပ်တယ်။ ဒီတစ်ကြိမ်မှာ မျက်လုံးတွေက ပိတ်ထားဆဲပါ။ ဒါပေမယ့် အပြင်လောကကို အာရုံခံနိုင်စွမ်းကတော့ မျက်လုံးတွေကိုသုံးတာထက် ပိုလို့ ကြည်လင်ပြတ်သားနေခဲ့ပါပြီ။

၀ူဖုန်းက ဘယ်ဘယ်လက်ကို မြေပြင်ပေါ်မှာထောက်ထားရင်း အရှိန်နှုန်းက အနည်းငယ်လျော့ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က အဲ့ဒီအချိန်မှာ ရောက်လာခဲ့တယ်။ ညာဘက်ခြေထောက်ကို အသုံးပြုရင်း ၀ူဖုန်းရဲ့ခါးကို ဘယ်ဘက်ခြေထောက်နဲ့ ကန်ချဖို့လုပ်လိုက်ပါပြီ။

ပုံမှန်အနေအထားအရ ၀ူဖုန်းအနေနဲ့ ဒီလိုမျိုး ကန်ချက်ကိုခွင့်ပြုမှာမဟုတ်ပါဘူး။ သူမ ဘယ်ဘက်ဒူးကို မြောက်ရင်း ဟို့ယွိဟောင်ရဲ့ခြေထောက်ကို ပြန်ကန်ဖို့လုပ်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ဘယ်ဘက်လက်မောင်းကနေ အားထုတ်လိုက်ပြီ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အင်အားကို အသုံးပြုရင်း ဟို့ယွိဟောင်ကို နောက်တစ်ခေါက် ပြန်ကန်ချဖို့လုပ်တယ်။

ရလဒ်အနေနဲ့ ၀ူဖုန်းက ရှိရှိသမျှ အင်အားတွေအားလုံးကို ဒီခြေထောက်ကန်ချက်ထဲမှာ ထည့်ထားခဲ့တာပါ။ ၀ိညာဥ်စွမ်းရည်ကို သုံးထားပေမဲ့ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်ရဲ့အစွမ်းအစအပြည့်ပါတဲ့ ကန်ချက်က လုံး၀ကို လျှော့တွက်လို့မရနိုင်ခဲ့ပါဘူး။

နောက်တစ်ကြိမ်လဲ ၀ူဖုန်းတွက်ချက်တာ လွဲသွားခဲ့ရပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့ခြေထောက်ကို ပြန်ရုတ်လိုက်ပြီ ရုတ်တရက်ဆိုသလို ထိုင်ချပြစ်လိုက်တာကြောင့် ၀ူဖုန်းရဲ့ ကန်ချက်ကလဲ လွဲချော်လို့သွားခဲ့ရတယ်။ အဲ့ဒီနောက် သူ့ရဲ့နောက်တစ်ကြိမ် လှုပ်ရှားမှုက ၀ူဖုန်းရဲ့ ကျောပြင်ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။

အပိုင်း ၃၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset