Switch Mode

Chapter – 34.2

မဖြစ်နိုင်တဲ့ စိန်ခေါ်မှုကို လက်ခံခြင်း

အပိုင်း ၃၄•၂

” မဖြစ်နိုင်တဲ့ စိန်ခေါ်မှုကို လက်ခံခြင်း ”
°°°
နင့်ထျန်းကတော့ ဟို့ယွိဟောင်ရဲ့ သူမတူအောင်ထူးခြားတဲ့ စွမ်းရည်တွေကို သံသယရှိတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီသားပါ။ အစောပိုင်းတိုက်ပွဲမှာ သူကိုယ်တိုင်လဲယုံကြည်ချက်ကို ပြန်ပြီအတည်ပြုခဲ့ပါတယ်။ သူတို့ထုတ်လွှတ်လိုက်တဲ့ ပေါင်းစည်းစွမ်းရည်က လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။ ဒါ့အပြင် ၀မ်သုန့်ကသာ နင့်ထျန်းကို သတိလစ်အောင် လုပ်နိုင်သလို လူတိုင်းက ထင်ခဲ့ကြတာပါ။ ဟို့ယွိဟောင်အနေနဲ့ ဒါမျိုးလုပ်နိုင်ဖို့မလွယ်ကူခဲ့ပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ၀မ်သုန့်တို့ရဲ့ ပေါင်းစည်းမှုကြောင့်သာ သူတို့တွေက ချန်ပီယံဖြစ်လာခဲ့တယ်လို့ လူတိုင်းက နားလည်ထားကြပါတယ်။

ဒါ့အပြင် နင့်ထျန်းတို့ရဲ့အဖွဲ့က ဟို့ယွိဟောင်တို့အဖွဲ့ကို ရှုံးနှိမ့်ပြီတဲ့နောက် တစ်ခါထဲထုတ်ပယ်ခံလိုက်ရပါတယ်။ ဒါကြောင့် သူမစိတ်ထဲမှာ ရှိနေခဲ့တဲ့ မကျေနပ်မှုက ဟို့ယွိဟောင်ကို ချက်ချင်းဆိုသလို တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်လာစေခဲ့တယ်။

သူမရဲ့စကားတွေက ချက်ချင်းဆိုသလို သဘောတူသံတွေ ထွက်ပေါ်လာခဲ့ပါပြီ။ အထူးသဖြင့် ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေပါပဲ။ သူမကြောင့် အတန်းတစ်တန်းလုံးရဲ့ စိတ်အခြေအနေတွေက ပူလောင်ပြင်းပြလာပါတော့တယ်။

၀မ်ယန်က မျက်မှောင်ကြုတ်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။

” ဟို့ယွိဟောင်က လူသစ်တန်းရဲ့ ချန်ပီယံအဖွဲ့မှာ ၀မ်သုန့် ရှောင်းရှောင်းတို့နဲ့ အတူတူရှိခဲ့တဲ့သူပဲ…သူတို့အားလုံးက ကိုယ်ပိုင်သန်မာတဲ့အချက်တွေရှိတယ်..ငါကိုယ်တိုင်သူ့ရဲ့၀ိညာဥ်စွမ်းရည်ကို ကြုံတွေ့ပြီးပြီ ဒါကြောင့် အဆင့်တူတွေထဲမှာ သူနဲ့ယှဥ်နိုင်လို့ရမဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေရှိနေမယ်ဆိုရင် အရမ်းကိုနည်းတယ်…ဒါ့အပြင် ငါဒီလိုမျိုး ရွေးချယ်လိုက်တာက လူတိုင်းရဲ့ အရည်အချင်းပေါ် တစ်ယောက်ချင်းဆီသီးသန့်အကဲဖြတ်ပြီ လုပ်ထားတာပဲ ”

၀ူဖုန်းကတော့ လုံး၀လက်မလျှော့ခဲ့ပါဘူး။

” ဆရာ၀မ် အစောပိုင်းတုန်းက ကျွန်မအကဲဖြတ်တာ မှားသွားတယ်လို့ ပြောခဲ့တယ်.. အဆင့်တူတွေထဲမှာ သူ့ရဲ့၀ိညာဥ်စွမ်းရည်ကကောင်းပါတယ်…ဒါပေမယ့် သူအဆင့်က ဘယ်လိုအဆင့်လဲ သူက ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိတဲ့၀ိညာဥ်ပညာရှင်လေ ကျွန်မတို့ရဲ့အတန်းမှာ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ မဟာပညာရှင်တွေအပြည့်ပါပဲ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းသုံးကွင်းပါတဲ့ ၀ိညာဥ်အကြီးအကဲတွေတောင် ရှိပါသေးတယ်….၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိတဲ့ ၀ိညာဥ်ပညာရှင်က အတန်းခေါင်းဆောင်ဖြစ်ဖို့အတွက် တကယ်အရည်အချင်းရှိလို့လား ကျောင်းသားတွေက သူ့စကားကို နားထောင်မယ်များ ထင်နေတာလား ”

ချက်ချင်းဆိုသလို ၀မ်သုန့်က စာပွဲခုံကိုရိုက်ရင်း ထရပ်လိုက်ပါတော့တယ်။ ၀ူဖုန်းကိုကြည့်ပြီ သူဒေါသတကြီးနဲ့ ပြောတော့တယ်။

” မင်းလွန်မလာနဲ့ ငါတို့ကြောင့် မင်းတို့ရှုံးထွက်ပွဲစဥ်မှာ ရှုံးသွားရတာနဲ့တင် ဒီလိုလာပြီ ဒေါသထွက်လို့ရမယ်များ ထင်နေတာလား အကယ်၍ မင်းသာ အစွမ်းအစရှိမယ်ဆိုရင် အဲ့ဒီစာမေးပွဲမှာကထဲက ငါတို့ကို အနိုင်ယူလိုက်ပေါ့ ”

၀ူဖုန်းကလဲ ​ပြန်အော်ပါတော့တယ်။

” ငါတို့ရှုံးသွားတာကြောင့် ငါမကျေနပ်သေးဘူး အဲ့ဒါကြောင့် ဘာဖြစ်လဲ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေဆိုတာက တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေကို အသာစီးရနိုင်တဲ့သူတွေလို့ ထင်နေတာလား အကယ်၍ သူသာငါ့ကို အနိုင်ရဖို့လုံလောက်အောင် သန်မာနေမယ်ဆိုရင် သေချာပေါက် အတန်းခေါင်းဆောင်ဖြစ်လာဖို့အရည်အချင်းပြည့်မီတယ်လို့ ငါထောက်ခံပေးလိုက်မယ် ”

” မင်းက တကယ်စောက်သုံးမကြတဲ့ ကောင်မပါပဲ ငါမင်းနဲ့ တိုက်ခိုက်မယ်….အကယ်၍ မင်းသာသတ္တိရှိမယ်ဆိုရင် ၀ိညာဥ်လက်ရည်ယှဥ်တဲ့နယ်မြေကို ငါနဲ့သွားမယ် “‘

၀မ်သုန့်ရဲ့ မျက်လုံးတွေက ၀ူဖုန်းကို ဓားနဲ့ထိုးစိုက်ချင်နေသလိုပါပဲ။ သူ့ခန္ဓာကိုယ်ထဲမှာ ၀ိညာဥ်စွမ်းအားက စတင်ပေါက်ကွဲမလိုဖြစ်လာခဲ့ပါပြီ။

” အားလုံးတော်ကြတော့ ”

၀မ်ယန်ရဲ့အသံထွက်ပေါ်လာပြီ အားကောင်းတဲ့ ၀ိညာဥ်စွမ်းအားက သူတို့နှစ်ယောက်ကို ပါးစပ်ပိတ်သွားစေခဲ့ပါတယ်။

“ပြန်ထိုင်ကြစမ်း ”

၀မ်ယန် ၀င်ရောက်နှောင့်ယှက်လိုက်ချိန်မှာ ၀ူဖုန်းနဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက ပြန်ထိုင်လိုက်ပါတယ်။

၀မ်ယန်က ပြောလာခဲ့တယ်။

“ဒီလိုမျိုး ငြင်းပယ်ချက်တွေ ရှိနေပြီဆိုမှတော့ ငါတို့မဲခွဲရအောင် အကယ်၍ ဟို့ယွိဟောင် ဒီလိုမျိုးအတန်းခေါင်းဆောင် ဖြစ်လာဖို့အတွက် လက်မခံတဲ့သူက တစ်၀က်ကျော်နေမယ်ဆိုရင် ငါက သူနာမည်ကို ပြန်ဖျက်လိုက်မယ်…သဘောမတူတဲ့ကျောင်းသားတွေ လက်​ထောင်လိုက်ကြပါ ”

ကျိုးယိကတော့ သေချာပေါက် ဒီလိုကိစ္စမျိုးကို အခုလို ကိုင်တွယ်မှာမဟုတ်ပါဘူး။ အဲ့ဒီအစား သူမက သူ့ရဲ့ရပ်တည်ချက်ကို အခိုင်အမာပြောဆိုမှာပါ။ ဒါမှမဟုတ်ရင် ဟို့ယွိဟောင်ကို တိုက်ရိုက်အတန်းခေါင်းဆောင်အဖြစ် ခန့်အပ်ပေးနိုင်ချေရှိပါတယ်။ အကယ်၍ သူမရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့သူရှိမယ်ဆိုရင် တစ်ခါထဲသံမဏိလက်သီးနဲ့ထိုးချရင်း အပြစ်ပေးမှာပါ။

ဒါပေမယ့် ၀မ်ယန်ကတော့မတူပါဘူး။ သူက နူးညံ့ညင်သာတဲ့သူဖြစ်ပြီ နည်းစနစ်ကျကျ တွေးခေါ်တတ်တဲ့သူဖြစ်တာကြောင့် ကျောင်းသားတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ ကျိုးယိထက်အတော်ကို ဆိုးပါတယ်။

ဟို့ယွိဟောင်ကို မနာလိုဖြစ်နေတဲ့လူတွေက အခုအချိန်မှာ ၀ူဖုန်းရဲ့စကားကြောင့် ပိုလို့တောင် အားကောင်းလာကြပါသေးတယ်။ ဒါကြောင့် အတန်းရဲ့ သုံးပုံနှစ်ပုံက လက်ထောင်လိုက်ကြပါတယ်။ မူလအတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေနဲ့ တစ်ချို့ကျောင်းသားတွေကသာ လက်မထောင်ကြတာပါ။

ကျောင်းတော်ထဲမှာရှိတဲ့ လူတွေအားလုံးက ပါရမီရှင်တွေလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းလေးကွင်းမရှိခင်အထိ သူတို့ရဲ့အဆင့်အတန်းက အတူတူပါပဲ။ လက်ရှိအချိန်မှာ ဘယ်သူကများ ဂုဏ်ယူမ၀ံ့ကြွားပဲနေမှာလဲ။ ဒါကြောင့် ၀ိညာဥ်ပညာရှင်တစ်ယောက်ကို သူတို့ထက် အားနည်းလျက်သားနဲ့ ပိုမြင့်မားတဲ့အဆင့်မှာ မြင်ရဖို့ဘယ်သူမှလက်မခံနိုင်ကြပါဘူး။

၀မ်ယန်ကတော့ ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ထားတဲ့အတွက် တခဏတာ တွေဝေသွားရပါတော့တယ်။ ဒေါသထွက်နေခဲ့တဲ့ ၀မ်သုန့်က နောက်တစ်ကြိမ်ပြန်ပြီ ထရပ်မတတ်ဖြစ်သွားခဲ့ပေမဲ့ ဟို့ယွိဟောင်က သူ့ကို တားမြစ်လိုက်တယ်။

ကျေနပ်နေတဲ့ ၀ူဖုန်းကတော့ ပြောလာခဲ့တယ်။

” ဆရာ၀မ် ကျောင်းသားတစ်၀က်ကျော်က သဘောမတူကြပါဘူး..ကျေးဇူးပြုပြီး သူနာမည်ကို ဖျက်ပေးလိုက်ပါ ”

၀မ်ယန်ကတော့ လက်ရှိအချိန် အခြေအနေတွေ ခက်ခဲနေတာကို သူသိပါတယ်။ ကျောင်းသားတွေအများကြီးကို သင်ကြားခဲ့ရပေမဲ့ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရတာ ပထမဆုံးအကြိမ်ပါ။ ဒါ့အပြင် သူ့အနေနဲ့လဲ စကားက ပြောပြီနေပါပြီ။ စကားကို ပြန်ရုတ်သိမ်းဖို့ကလဲ မလွယ်ကူပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်ကို တောင်းပန်တဲ့မျက်လုံးသာ ကြည့်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့နာမည်ကို ဖျက်လိုက်တော့မဲ့အချိန်မှာ ဟို့ယွိဟောင်က ဖြည်းဖြည်းချင်းလက်မြောက်လိုက်ပါတယ်။ အပြင်ပန်မှာဟို့ယွိဟောင်ရဲ့ ပုံစံက လုံး၀ကိုမပြောင်းလဲခဲ့ပါဘူး။ ၀ူဖုန်းစပြီ ငြင်းဆိုတဲ့အချိန်ကထဲကစပြီ ၀မ်သုန့်ကို ပြန်ထိန်းရတဲ့အချိန်အထိ သူ့မျက်နှာက ရေသေလိုတည်ငြိမ်နေခဲ့ပါတယ်။ သူတကယ်ပဲ ငြိမ်သက်နေတာဟုတ်ရဲ့လား။

၀မ်ယန်က ပြောလာခဲ့တယ်။

” ယွိဟောင် ပြောပါ ”

ဟို့ယွိဟောင်က ဖြည်းဖြည်းချင်း ထရပ်ရင်း ၀ူဖုန်းကို တစ်ချက်တောင်မကြည့်ခဲ့ပါဘူး။ အေးအေးတည်ငြိမ်တဲ့အသံနဲ့သာ ပြောလာခဲ့ပါတယ်။ သူ့ရဲ့ဒီအသံက မူလအခြေအနေထက်တောင် ပိုပြီး တိုးနေခဲ့သေးတယ်။

” ဆရာ၀မ် ၀ူဖုန်းရဲ့ ငြင်းဆိုချက်ကို ကျွန်တော်နားလည်ပါတယ်..သူက ကျွန်တော်ရဲ့အရည်အချင်းကို မေးခွန်းထုတ်နေတာပါ ကျွန်တော်နာမည်ကို ဒီကျောက်သင်ပုန်းပေါ်က မဖျက်ခင် ကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်..၀ူဖုန်းရဲ့ စိန်ခေါ်ချက်ကို ကျွန်တော်လက်ခံချင်တယ်…အကယ်၍ ကျွန်တော်သာ သူ့ကို တိုက်ပွဲမှာအနိုင်ယူနိုင်တယ်ဆိုရင် အားလုံးလဲ ပြန်ပြီမဲခွဲကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ”

သူ့အသံက အရမ်းကို နှိမ့်ချလွန်နေခဲ့ပေမဲ့ အစောပိုင်းတုန်းက ဆူညံနေခဲ့တဲ့ ကျောင်းခန်းတစ်ခန်းလုံးကို တိတ်ဆိတ်လို့သွားစေခဲ့တယ်။

ထိုက်ဟွပင်း ကျုးလုနဲ့ ၀ူဖုန်း ကိုယ်တိုင်တောင်မှ တအံ့တဩဖြစ်နေခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့ ၀ူဖုန်းရဲ့စိန်ခေါ်မှုကို ဒီလိုလက်ခံလာမယ်လို့ မထင်ထားခဲ့ပါဘူး။

၀ူဖုန်းရဲ့ အနီရောင်နဂါးသိုင်းပညာ၀ိညာဥ်က အရည်အသွေးအရ ထိုက်ဟွပင်းရဲ့ ကျားဖြူနဲ့ ၀မ်သုန့်ရဲ့လိပ်ပြာနတ်မိမယ်တို့ထက် အနည်းငယ်သာနှိမ့်ကျတာပါ။ ဒါ့အပြင် သူမက နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းလဲ ရှိနေပါသေးတယ်။ ကြောက်စရာတိုက်ခိုက်ရေးစွမ်းအားနဲ့ ကျင့်ကြံဆင့်က နှစ်ဆယ့်ငါးဖြစ်နေခဲ့တဲ့အတွက် ဟို့ယွိဟောင်ထက် အဖက်ဖက်မှာ သာလွန်နေခဲ့ပါတယ်။

ဒါကြောင့်သာ သူမက အတွင်းတပည့်အဖြစ် ရွေးချယ်ခံလိုက်ရတာပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ ဆရာတော်တော်များများတောင်မှ ၀ူဖုန်းရဲ့ပါရမီကို အသိအမှတ်ပြုကြရပါတယ်။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစား ထိန်းချုပ်ရေးပညာရှင်ဖြစ်ပြီ သူက ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိတဲ့ ပညာရှင်ဖြစ်နေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီ၀ိညာဥ်စက်ကွင်းကလဲ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပါ။ ဘယ်နေရာကနေပဲကြည့်ပါစေ သူ့အနေနဲ့ ၀ူဖုန်းကို တန်ပြန်တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိမနေခဲ့ပါဘူး။

ဒါပေမယ့် ဟို့ယွိဟောင်က ကျေကျေနပ်နပ်ကြီးကို လက်ခံနေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့တည်ငြိမ်တဲ့အသံက အရမ်းကို လေးနက်နေခဲ့တယ်။ ဒီလိုမျိုး ဆုံးဖြတ်ချက် ခိုင်မာတဲ့ပုံစံက လူတိုင်းကိုလဲ အံ့အားသင့်သွားစေခဲ့တယ်။

၀မ်ယန်လဲ မျက်ခုံးတွေလှုပ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ တည်ငြိမ်တဲ့အကြည့်ကို မြင်ချိန်မှာ သူတခဏတာ တိတ်ဆိတ်လို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် အသက်ပြင်းပြင်းရှုသွင်းရင်း ခေါင်းညိတ်လိုက်တယ်။

” ကောင်းပြီလေ ဒီလိုဖြစ်မှတော့ မင်းတို့နှစ်ယောက်ကို ၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေမှာ တိုက်ခိုက်ဖို့အတွက် ငါခွင့်ပြုပေးလိုက်မယ်…ဒါပေမယ့် ငါတို့တွေ တရားမျှတသွားအောင် လောင်းကြေးကိုတော့ ပြောင်းလဲရမယ်..အကယ်၍ ၀ူဖုန်းသာ ဟို့ယွိဟောင်ကို အနိုင်ရနိုင်မယ်ဆိုရင် သူအနေနဲ့ ဒီအရည်အချင်းသတ်မှတ်ချက်ကနေ ဖယ်ရှားခံရမယ်..နောက်တစ်နည်းပြောရမယ်ဆိုရင် ၀ူဖုန်းလဲ ဟို့ယွိဟောင်ကို ရှုံးလို့ကတော့ သူ့ရဲ့အရည်အချင်း သတ်မှတ်ချက်ကို ဖယ်ရှားခံရမယ် ”

၀ူဖုန်းက လုံး၀ကို ငြင်းပယ်ချက်မရှိခဲ့ပါဘူး။ သူအနေနဲ့ အတန်းခေါင်းဆောင်အဖြစ်ရွေးချယ်ခံရဖို့ စိတ်ကူးမရှိပေမဲ့ ဟို့ယွိဟောင်လိုလူမျိုးကို မရှုံးနိုင်ဘူးလို့ယုံကြည်ချက်ရှိနေခဲ့ပါတယ်။

တခဏတာကြာပြီတဲ့နောက် ၀ူဖုန်းရဲ့မျက်နှာကတော့ စိတ်ပျက်မှုတွေ အထင်သားဖြစ်လာခဲ့ပါတယ်။ တခြားအတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေကတော့ တစ်ယောက်ပြီတစ်ယောက် ထွက်ခွာသွားခဲ့ပါပြီ။ ၀ူဖုန်းက ဟို့ယွိဟောင်ကို အနားကိုလျှောက်လာရင်း ပြောသွားခဲ့တယ်။

” မင်းမထနိုင်တော့တဲ့အထိ ငါမင်းကို ရိုက်ပြစ်မယ် ”

ဟို့ယွိဟောင်က ၀ူဖုန်းကိုအေးစက်စက်နဲ့သာ ကြည့်နေခဲ့ပါတယ်။

သူက ကိစ္စတွေအများကြီးကို ဒီနေ့ကြုံတွေ့လာရတာပါ။ အကယ်၍ လူတွေရဲ့ မျက်စိရှေ့မှာ ဒီအတိုင်း အလွယ်တကူ အရှုံးပေးလိုက်မယ်ဆိုရင် အတန်းခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းသတ်မှတ်ချက်ကို ဆုံးရှုံးသွားမယ်ဆိုတာ သူသိနေခဲ့တယ်။ ဒါ့အပြင် အတန်းထဲမှာ ခေါင်းဖော်ဖို့တောင် လွယ်မှာမဟုတ်ပါဘူး။ သူ့ရဲ့စိတ်ဓာတ်နာကျင်မှုက ခန္ဓာကိုယ်နာကျင်မှုထက်ကို အများကြီးပိုပြီး ကျော်လွန်နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကလဲ ခန္ဓာကိုယ်ထက်ကိုပိုပြီး ကြံ့ခိုင်နေခဲ့တာကြောင့် တိုက်ခိုက်ဖို့ကို ရွေးချယ်လိုက်ပါတယ်။ အကယ်၍ သူရှုံးသွားမယ်ဆိုရင်တောင် ၀ူဖုန်းရဲ့ စိန်ခေါ်မှုကို လက်ခံမှာပါ။ ရှုံးခဲ့မယ်ဆိုရင်တောင် ဟောကျ်ားပီပီသသ ရှုံးချင်ပါတယ်။ အကယ်၍ ၀ူဖုန်းရဲ့ စိန်ခေါ်မှုကို လက်ခံဖို့သတ္တိမရှိခဲ့ဘူးဆိုရင် အနာဂတ်မှာ လက်စားချေဖို့ဘယ်လိုများ လုပ်နိုင်မှာလဲ။

အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေကတော့ ၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေကို ရောက်ရှိလာခဲ့ပါပြီ။ ၀မ်ယန်က သူတို့အတွက်ကို ၀င်ကြေးပေးပါတယ်။ ၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ အတန်းနံပါတ်တစ်ရဲ့ကျောင်းသားကလွဲပြီ ဘယ်သူမှ ပါ၀င်ခွင့်မရှိပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့လဲ ကျောင်းတော်ထဲရောက်ပြီးချိန်မှာ ပထမဆုံးယှဥ်ပြိုင်တဲ့ ၀ိညာဥ်လက်ရည်ယှဥ်ပွဲပါ။

၀မ်သုန့်ကလဲ ဟို့ယွိဟောင်နဲ့အတူတူ လျှောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမပြောခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ ဒီနေ့ခံစားချက်ကို ကောင်းကောင်သိနေခဲ့ပါတယ်။ သူကိုယ်တိုင်က အတွင်းတပည့်သားအဖြစ် ရွေးချယ်မခံရသလို ဒီလိုမျိုး မေးခွန်းကို အထုတ်ခံလိုက်ရတဲ့အတွက် ဟို့ယွိဟောင်အနေနဲ့ ကိစ္စတွေကို သည်းမခံနိုင်တော့တာ ဖြစ်သင့်တဲ့အရာပါ။ ဒါ့အပြင် သူ့ရဲ့အရည်အချင်းကို သက်သေပြဖို့လဲ နည်းလမ်းလိုအပ်နေပါသေးတယ်။

ရှောင်းရှောင်းလဲ စကားတစ်ခွန်းမှမပြောခဲ့ပါဘူး။ ဟို့ယွိဟောင်ကိုသာ ဆက်တိုက်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ သူ့ရဲ့သူငယ်ချင်းက လူငယ်လေးတစ်ယောက်မဟုတ်တော့ပါဘူး။ တကယ်ကို စိန်ခေါ်မှုကိုလက်ခံ၀ံ့တဲ့သတ္တိရှိသူယောကျ်ားတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ဒီလိုသတ္တိမျိုးက လူတိုင်းမှာတွေ့နိုင်တဲ့အရာမဟုတ်ပါဘူး။ အနာဂတ်မှာ ဘာဖြစ်လာမှန်းမသိပဲ ဘယ်သူက ဒီလိုမျိုး စိန်ခေါ်မှုကို လက်ခံ၀ံ့မှာလဲ။

” လောင်းကြေးထပ်ကြရအောင် လောင်းချင်တဲ့ဘယ်သူမဆို ငါဒိုင်လုပ်ပေးမယ်…ဟို့ယွိဟောင်ရဲ့လောင်းကြေးက တပြားလောင်းရင်း ဆယ့်ပြားရမယ်..၀ူဖုန်းရဲ့ လောင်းကြေးက ဆယ့်ချိုးတစ်ချိုး ”

ကျိုးစီချန်က မတ်တပ်ရပ်ရင်း ထအော်လိုက်ပါတယ်။ ဆရာ၀မ်ယန်ကတော့ ဟို့ယွိဟောင်နဲ့ ၀ူဖုန်းတို့ကို ဦးဆောင်ပြီခေါ်သွားခဲ့တာကြောင့် တခြားသူတွေကို သူဂရုမစိုက်အားပါဘူး။

” ၀ူဖုန်းဘက်ကနေ ၀ိညာဥ်ရွှေပြားအပြားတစ်ရာလောင်းမယ် ”

ထိုက်ဟွပင်းက ပထမဆုံးကျိုးစီချန်ဆီ လောင်း​ကြေးထပ်လိုက်ပါတယ်။ ကျိုးစီချန်ကတော့ မျက်နှာတွေတောင် တွန့်ကုန်ပါပြီ။

” မင်းဒီလောက်ကြီး ရက်စက်ဖို့မလိုပါဘူး ”

ထိုက်ဟွပင်းက ပြန်ဖြေလိုက်ပါတယ်။

” မင်းဒိုင်လုပ်ချင်တယ်ဆိုရင် လျော်ကြေးပေးနိုင်တဲ့သတ္တိရှိရမယ်လေ သတ္တိမရှိဘူးဆိုရင် ပါးစပ်ပိတ်နေလိုက်တော့ ”

ထိုက်ဟွပင်းရဲ့ မောက်မာတဲ့စကားတွေကို ကျိုးစီချန်က ဒေါသတကြီးပြန်ပြောပါတော့တယ်။

” ငါလက်ခံလိုက်မယ် မင်းမပေးမှာကိုပဲ ငါစိုးရိမ်မိတာ..အကယ်၍ မင်းနိုင်တယ်ဆိုရင်တောင် ငါက မင်းကို ၀ိညာဥ်ရွှေပြားဆယ့်ပြားပဲ အကြွေးတင်မှာလေ ဘယ်လိုလောင်းကြေးထပ်မှုမျိုးကိုမဆို ငါ လက်ခံတယ် ”

ဒါပေမယ့် နောက်ထပ် ဖြစ်လာမဲ့ကိစ္စတွေကြောင့် သူပိုပြီး ငိုချင်လာပါတော့တယ်။ ရုတ်တရက်ဆိုသလို ကျောင်းသားတွေအများကြီးက ၀ူဖုန်းပေါ်မှာလောင်းကြေးထပ်နေခဲ့ကြပါပြီ။ ဒါ့အပြင် နှစ်ဖက်စလုံးရဲ့ အင်အားကလဲ အရမ်းကို ကွာခြားလွန်နေတာကြောင့် ဘယ်သူကမှ ဟို့ယွိဟောင်နိုင်မယ်လို့ မထင်ထားကြပါဘူး။ ဟို့ယွိဟောင်ကို လောင်းကြေးထပ်မှုက လျော်ကြေးအရမ်းကို များပေမဲ့ ဘယ်သူမှ မလောင်းချင်ပဲရှိနေခဲ့ပါတယ်။

ကျိုးစိီချန်ရဲ့အမူအရာက ပိုလို့ဆိုးရွားလာခဲ့ပါပြီ။ ဒါပေမယ့် သူပြောတဲ့စကားကို ရုတ်သိမ်းမယ်ဆိုရင် အခုအချိန်မှာ နောက်ကျလွန်နေခဲ့တယ်။ သူ့မျက်နှာက ဒယ်အိုးဖင်လိုမည်းမှောင်လို့နေခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာပဲ ရုတ်တရက်ဆိုသလိုအသံတစ်သံက ထွက်ပေါ်လာပါတော့တယ်။

” ဟို့ယွိဟောင်ကို ၀ိညာဥ်ရွှေပြားတစ်ထောင်လောင်းမယ် ”

အဲ့ဒီနောက်လူတစ်ယောက်က သူ့ဆီကို လျှောက်လာပြီအရမ်းကို လှပလွန်လှတဲ့ရွှေလက်ကောက်တစ်ကွင်းပေးလိုက်ပါတော့တယ်။ အဲ့ဒါက ၀မ်သုန့်ပါ ချက်ချင်းဆိုသလို ရှောင်းရှောင်းကလဲ ရွှေနဲ့လုပ်ထားတဲ့ ချက်လက်မှတ်တစ်စောင်ကို ပေးလာခဲ့ပါတော့တယ်။

” ငါလဲ ရွှေသားတစ်ထောင်လောင်းမယ် ”

အပိုင်း ၃၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset