Switch Mode

Chapter – 34.1

မဖြစ်နိုင်တဲ့ စိန်ခေါ်မှုကို လက်ခံခြင်း

အပိုင်း ၃၄•၁

” မဖြစ်နိုင်တဲ့စိန်ခေါ်မှုကို လက်ခံခြင်း ”
°°°
ဟို့ယွိဟောင်ကတော့ ခေါင်းခါနေခဲ့ရင်း ခိုင်မာတဲ့မျက်နှာထားက သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတော့တယ်။

” ဒီလိုကိစ္စတွေကို ကျွန်တော်မကြောက်ပါဘူး ”

ဖန်းယွီရဲ့ ပြုမူဆောင်ရွက်ပုံတွေက ဟို့ယွိဟောင်ရဲ့နှလုံးသားကို အနိုင်ယူသွားခဲ့ပါပြီ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းရဲ့ အတွင်းတပည့်သား ဖြစ်မလာရတာကြောင့် ရှိခဲ့တဲ့နောင်တတွေလဲ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူတစ်ယောက်ထဲမဟုတ်လို့ပါ။ သူ့မှာ အစ်ကိုကြီးကောင်းကင်အိပ်မက်လဲ ရှိနေခဲ့ပါသေးတယ်။ သ်ိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကို ၀င်ရောက်တာက ၀ိညာဥ်စက်ကွင်းတွေကိုရရှိနိုင်ဖို့အတွက် အခွင့်ရေးကောင်းတစ်ခုပါပဲ။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကို သင့်တော်တဲ့ ၀ိညာဥ်စက်ကွင်းပေးမယ်လို့ ကတိပြုပြီသားပါ။ အကယ်၍ ဒီအချက်မရှိရင်တောင် သူ့ကိုအတွင်းတပည့်သားအဖြစ် ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးနယ်မြေက လက်ခံလိုက်ပါပြီ။ ဒါအပြင် သူလိုအပ်တဲ့အရာမှန်းသမျှကိုလဲ ပေးမဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ယာယီအနေနဲ့ အတွင်းတပည့်သားတွေရဲ့ အခွင့်ထူးတွေကို သူခံစားခွင့်လဲ ရှိနေခဲ့ပါသေးတယ်။

ဖန်းယွီက ဆက်ပြောလိုက်တယ်။

” အခက်အခဲတွေကို မင်းမကြောက်ဘူးဆိုရင် ငါလုပ်ပေးနိုင်တဲ့ တစ်ခုတည်သောအရာက မင်းကိုအစွမ်းကုန်သင်ကြားပေးတာပဲ ငါတို့၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးအသက်မွေး၀မ်းကြောင်း ကျောင်းတော်က ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ထက် ပိုပြီး အရင်းအမြစ်တွေအများကြီးရှိတယ် ”

ဟို့ယွိဟောင်အနားကို လျှောက်လာရင်း အနက်ရောင်လည်ဆွဲတစ်ခုကို သူလည်ပင်းမှာ တပ်ပေးလိုက်ပါတော့တယ်။ သူ့လည်ဆွဲက အတော်လေးကို သေးငယ်ပြီ အနက်ရောင်သတ္ထုတစ်ခုနဲ့ ပြုလုပ်လို့ထားပါတယ်။ ဒါ့အပြင် အဲ့ဒီသတ္ထုကလဲ ဘယ်အရာမှန်း မသိနိုင်ပါဘူး။ ရှုပ်ထွေးတဲ့သင်္ကေတတစ်ချို့ကလဲ မျက်နှာပြင်ပေါ်မှာ ရှိနေခဲ့ပါသေးတယ်။

” ဒီတံဆိပ်ပြားရှိရင်း ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးကျောင်းတော်ရဲ့ ဘယ်နေရာကိုမဆို မင်း၀င်လို့ရပြီ အပြင်နယ်မြေထဲက ဘယ်နေရာကိုမဆို သွားလို့ရတယ်…ဒီနေ့တော့ ဒီလောက်ပဲ ဒါပေမယ့် မနက်ဖြန်ကနေစပြီ နေ့တိုင်းလာသင်ယူရမယ်…မင်းက အခုအတန်းသစ်ကိုစမှာဆိုတော့ အတန်းကို ပြန်သင့်ပြီ ”

” ကျေးဇူးပါ ဆရာဖန်းယွီ ”

ကျိုးယိက ဟို့ယွိဟောင်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ဖန်းယွီရဲ့ မျက်နှာပေါ်မှာတော့ ကျေကျေနပ်နပ် အပြုံးတစ်ခုက ရှိနေခဲ့တယ်။ တခြားတစ်ဖက်မှာဟယ့်ချ်ိုက်ထို့ရဲ့ စိတ်လှုပ်ရှားမှုက ဖုံးဖိလို့မရနိုင်ပါဘူး။

” ကောင်းလိုက်တာ ငါမှာနောက်ဆုံးတော့ ဆရာတူညီလေးတစ်ယောက် ရှိလာပြီ ဆရာငါတစ်ယောက်ထဲကို ဖိနှိမ့်ပြီ အကုန်သင်ပေးနေတာမျိုး မခံရတော့ဘူးပေါ့ ”

ဖန်းယွီကတော့ ဟယ့်ချိုက်ထို့ရဲ့ ခေါင်းပြောင်ပြောင်ကို ခေါက်ချလိုက်ရင်း ပြောလာခဲ့ပါတယ်။

” ငါကမင်းကိုနှိမ့်စက်နေလို့လား သွားအလုပ်လုပ်တော့ ”

ဟယ့်ချိုက်ထို့က လိမ်လိမ်မာမာနဲ့ ပြန်လျှောက်သွားခဲ့ပါတယ်။ သူလျှောက်သွားပြီချိန်မှာပဲ အရပ်ရှည်ပြီ ပိန်သွယ်တဲ့လူတစ်ယောက်က ဖန်းယွီအနားကို ရုတ်တရက်ရောက်ချလာခဲ့ပါပြီ။ အဲ့ဒီလူက လက်ထောက်ကျောင်းအုပ် ချင်းသောသောဖြစ်နေခဲ့ပါတယ်။

” မဆိုးဘူးပဲ ကိစ္စတွေက ချောချောမွေ့မွေ့ ပြီးသွားတယ် ..ဒီဟို့ယွိဟောင်က အတော်လေးကို နာခံတတ်တဲ့ပုံစံမျိုးရှိတယ်….ပြုစုပျိုးထောင်ပေးလို့ကောင်းမဲ့ကလေးပဲ သူတို့ရဲ့ ပေါင်းစည်းစွမ်းရည်က နောက်ဆုံးပြိုင်ပွဲမှာ အနိုင်ရသွားလို့ ငါလဲအတော်လေးပျော်မိတယ် ..ဒါပေမယ့် အခုငါပြန်စဥ်းစားကြည့်ပြီတော့မှ နောင်တအတော်ရသွားတာပဲ စိတ်မကောင်းစွာနဲ့ အဲ့ဒီအဘိုးကြီးရန်ကတော့ ဒီလိုတန်ဖိုးကြီးတဲ့ ရတနာမျိုးကို သတိတောင်မထားမိလိုက်ဘူး…ငါကတော့ စျေပေါပေါနဲ့ ရလိုက်ပြီ ဖန်းယွီ ငါတို့ရဲ့ ပြိုင်ဘက်ကင်းစစ်သည်တော် အစီအစဥ်ကို သူ့မှာအသုံးချဖို့ အောင်မြင်နိုင်ချေဘယ်လောက်ရှိမလဲထင်လဲ ”

ဖန်းယွီက အလေးအနက်က ပြန်ဖြေလာခဲ့ပါတယ်။

” အကယ်၍ ဟယ့်ချိုက်ထို့မှာ သုံးမယ်ဆိုရင် လေးဆယ့်ရာခိုင်နှုန်းယုံကြည်ချက်ရှိပါတယ် …ဒါပေမယ့် ယွိဟောင်ကို သုံးမယ်ဆိုရင်တော့ ခုနှစ်ဆယ့်ရာခိုင်နှုန်းအထိ ယုံကြည်ချက်ရှိတယ်…နှစ်ယောက်စလုံးသာ အတူတူပေါင်းစည်းပြီ အလုပ်လုပ်ကြမယ်ဆိုရင်တော့ လာမဲ့ဆယ့်နှစ်ကနေ ဆယ့်ငါးနှစ်အတွင်းမှာပြိုင်ဘက်ကင်းစစ်သည်တော်အသုံးပြုနိုင်မဲ့ လက်နက်ကို တီးထွင်းဖို့တစ်ရာ ရာခိုင်နှုန်း ယုံကြည်ချက်အပြည့် ရှိပါတယ်…သူတို့တွေ ကျွန်တော်အသက်အရွယ်ကို ရောက်တာနဲ့ ကျွန်တော်ရဲ့ တကယ့်ရည်ရွယ်ချက်အစစ်အမှန်ကိုလဲ သူတို့ဖြည့်စည်းပေးနိုင်လိမ့်မယ် ”

” ကောင်းလိုက်တာ ”

ချင်းသောသောက သူ့ရင်ဘတ်သူရိုက်ရင်း ပြောလာခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးသာ ဖြစ်လာမယ်ဆိုရင် ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးကျောင်းတော်က မင်းကို အခုအချိန်ကနေစပြီ ရှိရှိသမျှ အရင်းအမြစ်တွေအားလုံး ထောက်ပံ့ပေးမယ်..ငါတို့သာ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကို အောင်မြင်နိုင်မယ်ဆိုရင် သေချာပေါက် မင်းကို နောက်တက်မဲ့ကျောင်းအုပ်ဖြစ်လာစေရမယ်လို့ ငါအာမခံနိုင်တယ် ”

ဖန်းယွီရဲ့ မျက်လုံးထဲမှာ ချက်ချင်းဆိုသလို တောက်ပတဲ့အကြည့်က ပေါ်လာခဲ့ပေမဲ့ သူပြန်ဖြေလိုက်ပါတယ်။

” ကျောင်းအုပ်ချင်း ကျွန်တော်ဒီအစီအစဥ်ကို အောင်မြင်အောင်လုပ်ဖို့ ကျွန်တော်ကြိုးစားနေတာ ပိုမြင့်တဲ့နေရာကို ရောက်ဖို့မဟုတ်မှန်း ကျောင်းအုပ်သိမှာပါ ”

ချင်းသောသောက ပြုံးပြရင်း ပြန်ဖြေပါတယ်။

” ဒါပေါ့ ငါသိတာပေါ့ ဒီအိပ်မက်က ငါတို့နဂိုထဲက အတူတူ ရှိခဲ့တဲ့အိပ်မက်ပဲလေ ငါတို့ရဲ့အစီအစဥ်သာ အောင်မြင်သွားရင်း သော့်လော့တိုက်ကလဲ သမိုင်းမှာ လုံး၀ကို စာမျက်နှာအသစ်ဖွင့်ပြီသား ဖြစ်သွားလိမ့်မယ် ”

ဖန်းယွီက ပြုံးနေခဲ့ပါတယ်။

” အကယ်၍ ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိညာဥ်ကသာ လက်ရှိအ​နေအထားအတိုင်းဆက်ပြီ တိုးတက်နေမယ်ဆိုရင် ကျွန်တော်တို့ သေချာပေါက် အောင်မြင်မှာပဲ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းအနေနဲ့လဲ ခန္ဓာကိုယ်၀ိညာဥ်ရှိတဲ့ လူကိုလိုချင်မှာမဟုတ်ဘူး…ဒါပေမယ့် ကျွန်တော်တို့ကတော့ လိုတယ်လေ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲရှိနေတော့ရော ကိစ္စရှိလို့လား သူက အစမကောင်းခဲ့လဲ ဘာဖြစ်လဲ ကျွန်တော်ရဲ့ အမြင်မှာ ဟို့ယွိဟောင်ရဲ့ဆယ့်နှစ်၀ိညာဥ်စက်ကွင်းက နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းတွေအားလုံးထက်ကို သာလွန်သေးတယ်.. ဒါ့အပြင် ကျိုးယိလဲ ကျွန်တော်တို့ကို ပြောခဲ့တာရှိတယ်….သူကသုံးလအတွင်းမှာတင် ၀ိညာဥ်စွမ်းအားက အဆင့်ဆယ့်သုံးကနေ ဆယ့်ရှစ်အထိ တက်လာတယ်တဲ့ ဒီကိစ္စကို ဖုံးကွယ်ထားဖို့အတွက် ကျိုးယိကို ကျွန်တော်ပြောထားပြီးပြီ ဒါပေမယ့် အမှိုက်သရိုက်တစ်ခုက အဲ့ဒီလောက် အရှိန်နှုန်းမြန်မြန်ဆန်ဆန်နဲ့ တိုးတက်နိုင်မယ်ဆိုတာ ဖြစ်နိုင်ရဲ့လား ကံကောင်းစွာနဲ့ပဲ အတန်းဆရာတွေသာ ဒီလိုကျောင်းသားရဲ့ အဆင့်တက်မှုကို မြင်တွေ့နိုင်လို့ပေါ့ ဒါကြောင့်သာ ဖုံးကွယ်ထားနိုင်ခဲ့တာ ”

ချင်းသောသောက ပြောလာခဲ့ပါတယ်။

” မင်းရဲ့ကျိုးယိက တကယ်ကို ထူးဆန်းလွန်ပါတယ်…အမြဲတမ်းအဲ့ဒီလို အဘွားကြီးပုံစံမျိုး ဟန်ဆောင်နေဦးမှလား ဒီပုံစံကို မင်းတကယ် ဂရုမစိုက်ဘူးလား ”

ဖန်းယွီကတော့ မတတ်သာတဲ့ပုံစံနဲ့သာ ပြန်ဖြေလာခဲ့ပါတယ်။

” သူ့ရဲ့အကျင့်စရိုက်မျိုးနဲ့ဆိုရင် ကျွန်တော်ထိန်းချုပ်နိုင်မယ်လို့များ ကျောင်းအုပ်ထင်နေတာလား သူ့စိတ်သဘောအရဆိုရင် ကျောင်းသားတွေကို ခြိမ်းခြောက်ပြီ သင်ကြားနိုင်ဖို့အတွက် ဒီလိုပုံစံမျိုးဟန်ဆောင်ထားမှဖြစ်မယ်တဲ့ ဒါပေမယ့် အဆင်ပြေပါတယ်လေ အိမ်မှာညကျအဲ့ဒီလိုရုပ်ဖြစ်မနေလို့ရှိရင် ရပြီးပဲ ”

ဟို့ယွိဟောင်ကို တစ်ဖက်ကျောင်းတော်ဆီ ပြန်ခေါ်သွားရင်း ကျိုးယိက ခပ်မြန်မြန်လျှောက်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပထမနှစ်ကျောင်းသားတွေရဲ့ အဆောက်အဦးဆီတိုက်ရိုက် ခေါ်မသွားခဲ့ပါဘူး။

သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေကို ပြန်ရောက်ချိန်မှာပဲ ကျိုးယိက ရပ်တန့်ပြီမေးလိုက်ပါတယ်။

” ဟို့ယွိဟောင် မင်းအစောပိုင်းတုန်းက ညွှန်ကြားရေမှုးသုဝေ့လွမ်ကို တွေ့ခဲ့တယ်မလား ပေါင်းစည်းစွမ်းရည်မှာ ဘယ်လိုစွမ်းရည်မျိုးရှိလဲ သူမေးခဲ့သေးလား ”

” မမေးခဲ့ပါဘူး ”

ကျိုးယိက မျက်မှောင်ကြုတ်သွားပါတော့တယ်။

” ဒါကြောင့်ပဲကိုး အကယ်၍ မင်းတို့ရဲ့ ပေါင်းစည်းစွမ်းရည်အကြောင်းကို မင်းတို့မသိဘူးဆိုရင် အနာဂတ်မှာ တိုက်ခိုက်တဲ့အချိန် ဘယ်လိုလုပ်အသုံးပြုလို့ရနိုင်မှာလဲ ဒီလိုလုပ်ရအောင် မင်းတို့ ပြန်သွားပြီရင်း ၀မ်သုန့်ကနေတစ်ဆင့် သုဝေ့လွမ်ကို မေးခိုင်းလိုက် ”

၀မ်သုန့်ကို မေးခိုင်းရမှာလား ဟို့ယွိဟောင် မျက်လုံးပြူးသွားခဲ့ပါတယ်။

ကျိုးယိက ပြန်ဖြေလိုက်တယ်။

” မင်းနားမလည်သေးဘူးမဟုတ်လား လက်ရှိအချိန်မှာ မင်းက ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးနယ်မြေရဲ့ အတွင်းတပည့်သားဖြစ်နေခဲ့ပြီ ဒီတော့ ညွှန်ကြားရေးမှုသုနဲ့ မျက်နှာချင်မတာဆိုင်တာ အကောင်းဆုံးပဲ ဆရာ၀မ်ယန်ကတော့ မင်းကိုအများကြီးမြင့်မြင့်မားမား မျှော်လင့်ထားတယ်..ဒါကြောင့် ပုံမှန်အနေအထားမျိုးမှာ သိပ်ပြီး လူအာရုံမစိုက်ခံရအောင် သိုသိုသိပ့်သိပ့်နေတာက အကောင်းဆုံးပဲ လက်ရှိအချိန် မင်းရဲ့စိတ်ထဲမှာ သံသယတွေများနေမယ်ဆိုတာ ငါသိတယ်..ဒါပေမယ့် ငါကတိပေးနိုင်တယ်..ဆရာဖန်းယွီက မင်းကို ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်ဖြစ်လာအောင် အပြည့်အ၀ သေချာပေါက် မွေးမြူးပေးမှာ ငါလဲအတူတူပဲ ငါက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ဆရာဖြစ်ပြီ ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးဘက်ကို အတင်းတွဲကပ်နေရတာ ဘာကြောင့်လဲမင်းသိချင်နေမယ်မလား လျှို့၀ှက်ချက်တစ်ခု ပြောပြလိုက်မယ်..အမျိုးသမီးတစ်ယောက်က သူ့ခင်ပွန်းသည်ပြောပြသမျှ အရာအားလုံးကို ကူညီထောက်ပံ့ရတယ်လေ…ဖန်းယွီက ငါယောကျ်ားပဲ ဒါကြောင့် ငါလဲ သူ့ကို ထောက်ပံ့ရတာပေါ့ ”

သူပြောပြီတဲ့နောက် ကျိုးယိက ညာဘက်လက်ကိုမြောက်ရင်း မျက်နှာပေါ်က တစ်စုံတစ်ရာကို ဘယ်ဘက်ပါးကနေစပြီ ဆွဲခွာလိုက်ပါတယ်။ အဲ့ဒီနောက် လူမျက်နှာနဲ့တစ်ပုံစံထဲတူတဲ့ အရေပြားမျက်နှာဖုံးကို ဖြည်းဖြည်းချင်း ခွာချပြီ အရမ်းကို လှပငယ်ရွယ်တဲ့မျက်နှာကို ထုတ်ပြလိုက်ပါတော့တယ်။ ပန်းချီကားတစ်ချပ်လို လှပတဲ့ဒီမျက်နှာနဲ့ တောက်ပတဲ့ရုပ်သွင်းက ကျက်သရေရှိပြီ အတော်ကို နုနယ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်တောင် ကြောင်အလို့သွားခဲ့ရပါပြီ။ သူ့ရဲ့အိပ်မက်ဆိုးတွေထဲမှာတောင် ဒီလိုအပေါက်ဆိုးဆိုးအဘွားကြီး ကျိုးယိက မိန်းမချောလေးဖြစ်နေမယ်လို့ အိပ်မက်တောင်မမက်ခဲ့မိပါဘူး။ ဒါ့အပြင် ဘယ်လိုလုပ် သူ့ရဲ့မူလရုပ်သွင်ကတောင် တင်းကြပ်တဲ့ဆရာတစ်ယောက်ရဲ့ ပုံစံပေါက်နေရတာလဲ။

ကျိုးယိက ခပ်မြန်မြန်ပဲ မျက်နှာဖုံးကို သူ့မျက်နှာပေါ် ပြန်တပ်လိုက်ပြီ ပြောလာခဲ့ပါတယ်။

” အခုငါရဲ့မျက်နှာကို မြင်ပြီမလား ငါရဲ့မူလရုပ်သွင်က ဘယ်သူကိုမှ မခြိမ်းခြောက်နိုင်ဘူးလေ ဒီတော့ စာသင်ကြားတဲ့အချိန်မှာ အပေါ်ယံမျက်နှာဖုံးကို တပ်ထားရတာပဲ ကောင်းပြီ အတန်းနံပါတ်တစ်ကို ပြန်သွားတော့ ငါတို့ရဲ့မူလအတန်းပဲ မှတ်ထားလိုက် မြင်ခဲ့ကြားခဲ့သမျှအရာအားလုံးကို လျှို့၀ှက်ချက်အဖြစ် ထိန်းသိမ်းထားဖို့လိုတယ်…အထူးသဖြင့် ဖန်းယွီရဲ့ တိုက်ရိုက်တပည့်သားဖြစ်လာတဲ့ကိစ္စပဲ ဒါ့အပြင် ညဘက်မှာငါးကင်ရောင်းနေတဲ့အကြောင်း ငါကြားတယ်..အဲ့ဒါမရောင်းနဲ့တော့ အနာဂတ်မှာလေ့ကျင့်ဖို့အတွက် အချိန်တောင်လောက်တော့မှာမဟုတ်ဘူး..မစိုးရိမ်နဲ့ ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးနယ်မြေက အခုကနေစပြီ မင်းအတွက် ကုန်ကျစရိတ်တွေကိုအားလုံးကို ဖြေရှင်းပေးမယ်…အနာဂတ်မှာ ငါတို့ရဲ့ အတွင်းတပည့်သားတွေ ဘယ်လိုမျိုးအခွင့်အရေးရလဲဆိုတာ မင်းသေချာသိရမှာပေါ့ ”

” ကောင်းပါပြီ ဆရာကျိုး ”

ဟို့ယွိဟောင်က လက်ရှိအချိန်တိုအတွင်းမှာ သတင်းအချက်အလက်တွေအများကြီးကို လက်ခံရရှိထားပါတယ်။ ဒါကြောင့် သူ့ရဲ့ခေါင်းတွေတောင် ထုံထိုင်လို့နေခဲ့ပါပြီ။ဒါပေမယ့် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေနဲ့ ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးနယ်မြေတို့နှစ်ခုရဲ့ သူတို့ထားရှိတဲ့တန်ဖိုးက ကွာခြားချက်ဘယ်လောက်ကြီးမားလဲဆိုတာ နားလည်လို့သွားပါတယ်။ ဒါ့အပြင် ဆရာဖန်းယွီ ပြောတဲ့အားပေးစကားတွေက သူ့စိတ်နှလုံးကိုပြောင်းလဲစေရုံတင်မကပဲ တပည့်သားအဖြစ်မှာ လက်ခံလိုက်တဲ့အတွက် ပိုပြီးတော့ကို စိတ်အခြေအနေကောင်းမွန်လာခဲ့ရပါပြီ။

အတန်းနံပါတ်တစ်ကို ပြန်ရောက်စဥ်အချိန်မှာ ဟို့ယွိဟောင်က အတန်းအပြင်ကနေ အော်လိုက်ပါတယ်။

” ၀င်ခွင့်ပြုပါ ”

” ၀င်လာခဲ့ ”

၀မ်ယန်ရဲ့အသံထွက်ပေါ်လာပါတယ်။ ဟို့ယွိဟောင်အတန်းထဲ၀င်လာပြီတဲ့နောက် ကျောင်းသားတွေအားလုံးက ချက်ချင်းဆိုသလ်ို သူ့ကိုလှမ်းကြည့်လိုက်ပါတယ်။

အတန်းလေးတန်းထဲမှာ အတန်းနံပါတ်တစ်က အသန်မာဆုံးပါပဲ။ ဒါပေမယ့် လူအများဆုံးတော့ မဟုတ်ခဲ့ပါဘူး။ လူအများဆုံးကတော့ အတန်းနံပါတ်လေးပါ ဒါ့အပြင် တိုက်ခိုက်ရေးနဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေရဲ့ လူအရေအတွက်က ခြောက်ဆယ့်တောင်မရှိခဲ့ပါဘူး။

ဟို့ယွိဟောင် ၀င်၀င်လာချင်မှာ လူတိုင်းက သူ့ကိုလှမ်းကြည့်မိပါတော့တယ်။ ၀မ်ယန်ကတော့ ပြုံးနေခဲ့တယ်။

” ယွိဟောင် အချိန်မီရောက်လာတာပဲ ငါတို့အခုပဲအတန်းခေါင်းဆောင်ရွေးတော့မလို့ လာထိုင်လိုက်ဦး ”

အတန်းက ပြန်လည်ခွဲပြီသားဖြစ်ပေမဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ထိုင်ခုံနေရာတွေက မပြောင်းလဲခဲ့ပါဘူး။ တခြားတဖက်မှာတော့ ရှောင်းရှောင်းက ဟို့ယွိဟောင်ရဲ့ဘေးဖက် ရောက်လာခဲ့ပါတယ်။ လက်ရှိအချိန် သူတို့က တစ်တန်းထဲမှာ ထိုင်နေခဲ့ကြတယ်။

ဟို့ယွိဟောင်အနေနဲ့လဲ ထိုက်ဟွပင်း ကျုးလုနဲ့ ချွေ့ရာကျီးတို့တွေက သူ့တို့နဲ့နောက်ဖက်နှစ်တန်းအကွာမှာ ထိုင်နေမှန်းသတိထားမိပါတယ်။ အတန်းထဲကို သူ၀င်၀င်လာချင်မှာပဲ ထိုက်ဟွပင်းက သူ့ကိုဆက်တိုက်စိုက်ကြည့်နေခဲ့တာပါ။

၀မ်ယန်က ပြောလိုက်ပါတယ်။

” ငါတို့တွေ အတန်းခေါင်းဆောင်နဲ့ လက်ထောက်အတန်းခေါင်းဆောင်ကို ရွေးကြမယ်…ငါတို့ရဲ့အတန်းမှာ တိုက်ခိုက်ရေးနဲ့ ထိန်းချုပ်ရေးနှစ်မျိုးရှိတာကြောင့် စနစ်တစ်မျိုးဆီအလိုက် အတန်းခေါင်းဆောင်တစ်ယောက်ဆီကို ရွေးချယ်မယ်…ဒါ့အပြင် လတိုင်းလတိုင်းမှာ အတန်းခေါင်းဆောင်တွေကို နောက်တစ်ကြိမ် ပြန်လည်ရွေးထုတ်မယ်…အခုတစ်ခေါက်မှာတော့ အရင်ဆုံးလူတစ်ချို့ကို ငါရွေးထုတ်ထားတယ်..လူတိုင်းဒီရွေးချယ်မှုအပေါ်မှာ မဲပြန်ခွဲနိုင်ပါတယ် ”

အဲ့ဒီနောက် သူကျောက်သင်ပုန်းဆီ လှည့်သွားပြီ နာမည်တွေကို နှစ်တန်းရေးလိုက်ပါတော့တယ်။ ပထမအတန်းမှာကတော့ တိုက်ခိုက်ရေးစနစ်ကို ရေးထားခဲ့ပြီ အောက်ဖက်မှာတော့ ၀မ်သုန့် ထိုက်ဟွပင်း ကျိုးစီချန် ဟွမ်ချူထျန်းနဲ့ ၀ူဖုန်းတို့နာမည်တွေ ရှိနေခဲ့ပါတယ်။

ဒုတိယတစ်တန်းမှာကတော့ ထိန်းချုပ်ရေးစနစ်ကိုရေးထားခဲ့ပြီ ပထမနာမည်ကတော့ ဟို့ယွိဟောင်ပါ အဲ့ဒီနောက် ချိုက်ကျင်းရွှမ် လန်စုစုနဲ့ လန်လော့လော့တို့ရဲ့ နာမည်တွေကို ရေးထားပါတယ်။

နာမည်ကိုးခု ရေးပြီတဲ့နောက် ၀မ်ယန်ရဲ့ အတွေးအခေါ်ကို သိနိုင်ပါတော့တယ်။ ဘယ်သူကမှ ၀မ်သုန့်ရဲ့ နာမည်ထိပ်ဆုံးမှာရောက်နေရတာကို မငြင်းပယ်ကြပါဘူး။ သူ့အဖွဲ့က ချန်ပီယံဖြစ်လာခဲ့တာကို လူတိုင်းသိနေခဲ့ပါတယ်။ ၀မ်သုန့်ကလဲ သူ့အဖွဲ့ရဲ့အင်အားပါ။ ၀ိညာဥ်စက်ကွင်းသုံးကွင်းမရှိပေမဲ့သူ့ရဲ့အစွမ်းအစကို လူတိုင်းက သိနေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့နာမည် ထိပ်ဆုံးမှာရှိနေတာကတော့ ချက်ချင်းဆိုသလို စကားသံတွေကို ထွက်ပေါ်လာစေခဲ့ပါပြီ။ မူလအတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေက အဆင်ပြေပေမဲ့ တခြားသူတွေကတော့ မသိခဲ့ကြပါဘူး။ ဟို့ယွိဟောင်နဲ့အတူတူ အတန်းကိုတက်ခဲ့ကြတဲ့ ကျောင်းသားတွေအနေနဲ့ သူဘယ်လောက်အထိ ကြိုးစားခဲ့ရလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ပြီသားပါ။ တခြားအတန်းက ကျောင်းသားတွေကတော့ အခုအချိန်မှာ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြပါတော့တယ်။

ဟို့ယွိဟောင်က ချန်ပီယံဖြစ်ခဲ့တဲ့လူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပေမဲ့ အဓိက ၀မ်သုန့်နဲ့ ရှောင်းရှောင်းသာ တိုက်ခိုက်ခဲ့တာပါ။ သူ့ရဲ့နောက်ကွယ်မှာ သူ့ကိုကံအကောင်းဆုံးလူလို့သာ ခေါ်နေခဲ့ပါတယ်။ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းသာရှိတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ ချန်ပီယံအဖွဲ့ထဲကို ၀င်ခွင့်ရနိုင်ခဲ့ပြီ အဓိက တပည့်သားတွေရဲ့ အခွင့်အရေးကို တစ်နှစ်တိတိခံစားခွင့်ရတာကတင် သူ့အတွက် လွန်လွန်းနေပြီလို့ ထင်နေခဲ့ပါတယ်။ ဒါ့အပြင် လူတော်တော်များများက သူ့ကိုမနာလိုပြီ မုန်းတီးနေကြတယ်။

” ဆရာ၀မ် ကျွန်မငြင်းပယ်ချင်ပါတယ် ”

၀ူဖုန်းက ချက်ချင်းဆိုသလို လက်မြောက်ရင်း ပြောလာခဲ့ပါတော့တယ်။

ကျိုးယိနဲ့မတူပဲ ၀မ်ယန်ကတော့ နွေးထွေးနူးညံ့တဲ့သူတစ်ယောက် ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူ​ပြုံးပြရင်းနဲ့သာ ပြန်ဖြေပါတယ်။

” ၀ူဖုန်း ပြဿနာရှိလို့လား ”

စိတ်ပျက်လက်ပျက်အကြည့်နဲ့ ၀ူဖုန်းက ပြန်ဖြေလိုက်တယ်။

” ဟို့ယွိဟောင်အနေနဲ့ အတန်းခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ကျွန်မမထင်ပါဘူး..သူက ၀ိညာဥ်စက်ကွင်း တစ်ကွင်းပဲရှိတဲ့ ၀ိညာဥ်ပညာရှင်လေ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စက်ကွင်းကလဲ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲ ရှိသေးတယ်…လူသစ်တွေရဲ့ စာမေးပွဲမှာ ချန်ပီယံဖြစ်သွားရင်တောင် သူက ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကြောင့်သာ ချန်ပီယံဖြစ်လာတာပဲ ဘယ်လိုကြောင့်များ သူ့ကို အတန်းခေါင်းဆောင်အဖြစ် မဲခွဲပွဲမှာ ထည့်လိုက်ရတာလဲ ”

အပိုင်း ၃၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset