Switch Mode

Chapter – 33.3

ဝိညာဥ် အရိုး နှစ်ခု

အပိုင်း ၃၃•၃

” ၀ိညာဥ်အရိုးနှစ်ခု ”
°°°
ဒီတစ်ကြိမ်မှာ ဟယ့်ချိုက်ထို့ရဲ့ ပါးတွေက ရုတ်တရက်ဆိုသလို ဖောင်ကြွလာပါတော့တယ်။ တစ်စုံတစ်ရာကို အားစိုက်ထုတ်ပြီ ရှုသွင်းဖို့ကြိုးစားနေပုံပါပဲ။ အဲ့ဒီနောက် မီးခိုတွေက သူ့ပါးစပ်ထဲကနေ ပြန်ထွက်လို့လာခဲ့ပါတော့တယ်။ ပါးစပ်ထဲမှာ အီးတုံးကြီးအရာလို ကိုက်ထားရင်းစမ်းသပ်ရေးနယ်မြေထဲကို သူလျှောက်သွားပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ ဟယ့်ချိုက်ထို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကြောင့် တအံ့တဩဖြစ်နေခဲ့ပါတယ်။ သူလဲ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို အသုံးပြုပြီ ဟယ့်ချိုက်ထို့ရဲ့ လှုပ်ရှားမှုတွေကို ပိုဂရုတစိုက်ကြည့်မိတော့တယ်။ သုံးဖက်မြေပုံရိပ်တွေက စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းပေါ်လာခဲ့တဲ့အတွက် ပတ်ပတ်လည်ကို ပိုထင်ထင်ရှားရှားမြင်နေခဲ့ရပါပြီ။ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို သူအသုံးပြုလိုက်ချိန်မှာပဲ တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိသွားပါတော့တယ်။ စမ်းသပ်ရေးနယ်မြေကြီးတစ်ခုလုံးက ဆက်တိုက်ဆိုသလို အသက်၀င်လာသလိုပါပဲ။ ဒါ့အပြင် ကြီးမားတဲ့ သတ္ထုလုံးကြီးတွေက နေရာပတ်ပေါင်းစုံကနေ ပေါ်ထွက်လို့လာခဲ့တယ်။

” အစ်ကိုဟယ့် သတိထား ”

ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို သတိပေးမိပါတော့တယ်။ ဟယ့်ချိုက်ထို့က သူ့ဘက်ကိုပြန်လှည့်လာပြီ ပြုံးပြရင်းနဲ့ လက်မထောင်ပြလိုက်တယ်။ အဲ့ဒီနောက် သူ့ရဲ့အရှိန်အ၀ါက လုံး၀ကို ပြောင်းလဲသွားခဲ့ပါပြီ။

ပုံမှန်အခြေအနေမှာ ရိုးရှင်းပုံရတဲ့ဟယ့်ချ်ိုက်ထို့က ရုတ်တရက်တိုသလို ထက်မြက်စူးရှလို့သွားခဲ့ပြီ ပါးစပ်ထဲက ပစ္စည်းကို ဖယ်ရှားလိုက်ရင်း အသက်ပြင်းပြင်းရှုသွင်းလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့လှုပ်ရှားမှုက ကျားသစ်တစ်ကောင်လိုမျိုး မြန်ဆန်သွားခဲ့တယ်။

သူ့ဘေးနှစ်ဖက်မှာ ဆက်တိုက်ပေါ်လာခဲ့တဲ့ သတ္ထုလုံးကြီးတွေက သူ့ဆီကို ခပ်မြန်မြန်ပဲ ပျံသန်းလို့လာနေခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကတော့ ဘေးနှစ်ဖက်ကိုသာ အသာအယာလေး ရှောင်ရှားရင်းနဲ့ အရှေ့ကိုလိမ့်နေခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံးမှာ ဘယ်အရာကမှ သူ့ကိုမတားဆီးနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက် သံသတ္ထုအလုံးကြီးနှစ်လုံးကို ပုခုံးပေါ်မှာတင်လိုက်ရင်းနဲ့ သေးငယ်တဲ့အပေါက်တွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဟယ့်ချိုက်ထို့ခန္ဓာကိုယ်ပေါ်မှာ ၀ိညာဥ်စွမ်းအားက ကြောက်စရာကောင်းလောက်အောင် တောက်ပနေခဲ့ပြီ ပုခုံးတွေဆီကို စုဝေးလို့သွားမှန် ဟို့ယွိဟောင်လဲ ခံစားလိုက်မိပါတော့တယ်။ အဲ့ဒီနောက် သေးငယ်ပါးလွှားတဲ့ အဖြူရောင်အလင်းနှစ်ခုက သူ့ပုခုံးပေါ်ကနေ ထွက်ပေါ်လာခဲ့ပြီ ရွှေရောင်ဘောလုံးကြီးတွေဆီ ရိုက်ခတ်တော့တယ်။

ဟယ့်ချိုက်ထို့ရဲ့ ပုခုံးကြွက်သားတွေက တစ်ချိန်မှာ လှုပ်ရှားလို့သွားခဲ့ရင်း အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်နေမှန်း ဟို့ယွိဟောင်လဲ သတိထားမိပါတယ်။ ဒါ့အပြင် အဖြူရောင်အလင်းတန်းကို ထိန်းညှိဖို့ကြိုးစားနေသလိုပါပဲ။

လက်ရှိအချိန်မှာ သတ္ထုလုံးနှစ်လုံးကတော့ တခဏတာ ရပ်တန့်လို့နေခဲ့ရင်း အံ့ဩစရာကောင်းလောက်အောင် လေထဲမှာ အရည်ပျော်သွားခဲ့ပါပြီ။

ဒါက ၀ိညာဥ်လက်နက်တစ်ခုရဲ့ ၀ိညာဥ်စွမ်းအားလား ဟို့ယွိဟောင် မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုနဲ့ဆိုရင် ဒီသတ္ထုနှစ်ခုထဲမှာ အခေါင်းပေါက်တွေရှိနေမှန်း သူသိနေပါတယ်။ ဒါပေမယ့် ဒီအရာတွေက အရမ်းကို လေးလံတာပါ။ ဒါတောင်မှ သေးငယ်တဲ့ အလင်းတန်းလေးနှစ်ခုကြောင့် ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဟို့ယွိဟောင်အနေနဲ့ နောက်ထပ်ဖြစ်လာတဲ့ကိစ္စကြောင့် ပိုလို့ လန့်သွားခဲ့ရပါပြီ။ ဟယ့်ချိုက်ထို့ရဲ့ ပုခုံးပေါ်မှာ အနက်ရောင်သတ္ထုက ချက်ချင်းဆိုသလို ကြီးမားကျယ်ပြန့်လာခဲ့ပြီ သူ့ပုခုံးတစ်ခုလုံးကို ဖုံးလွှမ်းသွားပါတော့တယ်။ အဲ့ဒီနောက်ခြောက်ပေကျော်ရှည်လျားတဲ့ သတ္ထုပြွန်ကြီးတစ်ခုက သူ့ပုခုံးနှစ်ဖက်ပေါ်မှာ ဖြစ်ပေါ်လို့လာတယ်။ သတ္ထုနှစ်ခုပုံစံ ပြောင်းတာပြီချိန်မှာပဲ ဟို့ယွိဟောင်အနေနဲ့ ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်စွမ်းအားတွေက ပုခုံးကနေ လက်မောင်းဆီရောက်ရှိသွားတာကို မြင်တွေ့လိုက်ရပြန်ပါတယ်။ ဒါ့အပြင် စုစုပေါင်း သတ္ထုပြွန်ကြီးခြောက်ခုကို မီးညှိပြီသားဖြစ်သွားစေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ဟယ့်ချိုက်ထို့ရဲ့ ကြောက်စရာကောင်းလွန်လှတဲ့ အရိုင်းဆန်ဆန်၀ိညာဥ်စွမ်းအားတွေက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းရေးနယ်မြေကိုတောင် လာထိခိုက်နေပါပြီီ။

ကြီးမားတဲ့ သတ္ထုဘောလုံးကြီးခြောက်ခုက ဟယ့်ချိုက်ထို့ရှိရာနေရာကို အရှိန်ပြင်းပြင်းနဲ့ ပြေး၀င်လာနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့အထဲမှာလဲ များပြားတဲ့ ဖိနှိမ့်မှုတွေက ပါ၀င်နေခဲ့တယ်။ ဟယ့်ချိုက်ထို့က သုံးစက္ကန့်အတွင်းမှာတင် သတ္ထုပြောင်းခြောက်ခုကို အသုံးချရင်း ဘောလုံးကြီးခြောက်လုံးကို ပြစ်ချလိုက်ပါတယ်။

ဘောလုံးကြီးခြောက်လုံးပျောက်ကွယ်သွားချိန်မှာ နောက်ထပ် ဘောလုံးခြောက်လုံးက သူ့ရဲ့ဘယ်ဘက်နဲ့ ​ညာဘက်​နှစ်ခြမ်းစလုံးမှာ ပေါ်လာပြန်ပါတယ်။ ဟယ့်ချိုက်ထို့ အနေနဲ့လဲ သူ့ပါးစပ်ထဲက ကိုက်ထားတဲ့အရာကို ထောင့်ပြောင်းလိုက်ရင်း အကြောက်အလန့်ကင်းတဲ့အပြုံးတစ်ခုကို ဖော်ပြနေခဲ့တယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အနက်ရောင်သတ္ထုပြားတွေက စတင်လှုပ်ရှားနေခဲ့ပြန်ပါပြီ။ ကြွက်သားတွေ လှုပ်ရှားလိုက်ရုံနဲ့တင် ဒီအရာတွေက အသက်၀င်လာသလိုပါပဲ။ လှုပ်ရှားလို့ပြီချိန်မှာပဲ ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်စွမ်းအားတွေက ပေါက်ကွဲမှုတစ်ခုလို ထွက်ပေါ်လာပြန်ပါတော့တယ်။

ဟို့ယွိဟောင်လဲ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို အသုံးချနေခဲ့ပေမဲ့ အဲ့ဒီသတ္ထုတွေရဲ့ အရေအတွက်ကို မထောက်လှမ်းနိုင်သေးပါဘူး။ ပြွန်လိုအရာ၀တ္ထုတွေက ဟယ့်ချိုက်ထို့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ပေါ်ထွက်လာနေခဲ့ပါတယ်။ အဲ့ဒီနောက် တစ်ကိုယ်လုံးအလင်းတန်းတွေ ပြည့်သွားတာကိုသာ မြင်လိုက်ရတော့တယ်။ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက သတ္ထုဘောလုံးဆီကို ပြေး၀င်လို့သွားခဲ့ပါတယ်။ သူ့ရဲ့ကြောက်စရာ၀ိညာဥ်စွမ်းအားပေါင်းစည်းမှုအောာက်မှာ ကြီးမားတဲ့သတ္ထုဘောလုံးကြီးဆယ့်နှစ်လုံးက လေထဲမှာ ရုတ်တရက်ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ တကယ်ကို ကြောက်စရာကောင်းလွန်လှတာပါပဲ။

ဒါတွေကို လုပ်ပြီတဲ့နောက် ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်စွမ်းအားက ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ သတ္ထုပြောင်ကြီးတွေကလဲ ပျောက်ကွယ်လို့သွားခဲ့ပြီ မူလသံချပ်ကာအဖြစ်ကို ပြန်လည်ရောက်ရှိသွားပါတယ်။ ဒီတစ်ကြိမ်မှာ ဟယ့်ချိုက်ထို့ကို ထူးဆန်းတယ်လို့ မတွေး၀ံ့တော့ပါဘူး။ နူးညံ့ညင်သာပြီ တဲ့တိုးပြောတတ်တဲ့ ဟယ့်ချိုက်ထို့က လက်ရှိအချိန်မှာတော့ မိစ္ဆာတစ်ကောင်လိုပါ။

အတိတ်အချိန်တုန်းက ၀ိညာဥ်စက်ကွင်းသုံးကွင်းပါတဲ့ ၀ိညာဥ်ပညာရှင်တွေကို သူတွေ့ခဲ့ပါတယ်။ ထိုက်ဟွပင်း နင့်ထျန်းနဲ့ သူ့အစ်ကိုကြီးအပြင် ဆရာရှောင်ယာ့တို့ပါ။ ဒါ့အပြင် သူတို့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဟယ့်ချိုက်ထို့နဲ့ အဆင့်မတူညီနေခဲ့ပါဘူး။ ဒီသတ္ထုပစ္စည်းတွေရဲ့ ဖျက်ဆီးနိုင်စွမ်းက အရမ်းကို ကြောက်စရာကောင်းလွန်လှပါတယ်။

ဟယ့်ချိုက်ထို့ကတော့ သူ့ခန္ဓာကိုယ်ပေါ်က အနက်ရောင်သတ္ထုတွေကို ခပ်မြန်မြန်ပဲ ဖယ်ရှားလိုက်ရင်း ဘေးကိုလျှောက်လာပါတော့တယ်။ ပါးစပ်ထဲမှာရှိနေခဲ့တဲ့ အရာကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် မီးခိုနံ့ကတော့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့ထားခဲ့ပါတယ်။

ဖန်းယွီလဲ ပြုံးပြရင်းနဲ့ ဟို့ယွိဟောင်ကို မေးလိုက်တယ်။

” မင်းဘယ်လိုထင်လဲ ”

” အရမ်းကို အစွမ်းထက်လွန်တာပဲ ”

” ချိုက်ထို့ရဲ့ ကျင့်ကြံဆင့်က ကန့်သတ်ချက်ရှိနေသေးတယ်…သူ့အနေနဲ့ ၀ိညာဥ်လက်နက်တစ်ခုရဲ့ စွမ်းအားကိုပဲ ထုတ်လွှတ်နိုင်သေးတာ လက်ရှိအချိန်မှာ ပိုသန်မာတဲ့ ၀ိညာဥ်လက်နက်တွေကို သူမသုံးနိုင်သေးဘူး မင်းပထမတစ်ခေါက်တုန်းက မြင်ခဲ့တဲ့ ရွေ့လျား၀ိညာဥ်လက်နက်အပြင် တခြား၀ိညာဥ်လက်နက်တွေအားလုံးက စွမ်းအားကိုအသုံးပြုပြီး အသက်သွင်းရတာ ဒါကြောင့်သာ ၀ိညာဥ်စွမ်းအားဆိုတာက ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေအတွက် အရေးကြီးနေတာပဲ ”

” ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေရဲ့ ပညာရှင်တွေက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေက လူတွေကို ဘယ်လိုတိုက်ခိုက်နိုင်မလဲဆိုတာ မင်းသိချင်နေမယ်လို့ ထင်တယ်…ငါမင်းကို ပြောပြလိုက်မယ်…၀ိညာဥ်သူတော်စင်အဆင့်အောက်မှာရှိတဲ့သူတွေဆိုရင် ငါတို့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေက သေချာပေါက် လုံး၀ အပြတ်အသတ်အသာစီးရပြီ အနိုင်ယူနိုင်တယ်..နောက်တစ်နည်းပြောရမယ်ဆိုရင် ၀ိညာဥ်သူတော်စင်အဆင့်အထက်မှာရှိနေတဲ့ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ လူတွေကတော့ ငါတို့ကို လုံး၀ အနိုင်ရနိုင်တယ်..ငါတို့သော့်လော့တိုက်က သိုင်းပညာ၀ိညာဥ်ကို အဓိကထားတယ်..ဒါပေမယ့် တခြားနိုင်ငံတွေကတော့ ၀ိညာဥ်လက်နက်တွေကိုပဲ အဓိကအာရုံစိုက်ကြရတယ်..နောက်တစ်နည်းကြည့်မယ်ဆိုရင် သာမန်လူတွေအတွက်တော့ ၀ိညာဥ်လက်နက်တွေက ပိုပြီးအသုံး၀င်တယ်…ဒါ့အပြင် အချိန်တိုလေးအတွင်းမှာ တိုက်ခိုက်ရေးစွမ်းအားအမြင့်ကိုလဲ ရနိုင်တယ်လေ ”

ဖန်းယွီရဲ့ ရှင်းပြမှုကို ကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့လဲ အခြေခံနားလည်မှုရသွားပါတော့တယ်။ ဟယ့်ချိုက်ထို့ သုံးပြလိုက်တဲ့ စွမ်းအားတွေကြောင့် သူ့ရဲ့ရန်သူတွေ ဘယ်လောက်အထိ ခက်ခဲသွားမလဲဆိုတာကို နားလည်နေခဲ့တယ်။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးတွေတောင် သူ့ပြိုင်ဘက်မဟုတ်နိုင်ပါဘူး။ ဒါက ဟို့ယွိဟောင်ရဲ့ စိတ်၀င်စားမှုကို အများကြီး မြင့်တက်လို့သွားစေခဲ့တယ်။

ဖန်းယွီကတော့ အဓိကအချိန် ရောက်လာခဲ့မှန်း သူသိနေခဲ့တယ်။ အဲ့ဒီနောက် အသံကိုလျှော့ချလိုက်ရင်း ပြောပါတယ်။

” လက်ရှိအချိန် ငါတို့ရဲ့ ကျောင်းတော်က ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ထက် အနည်းငယ်အားနည်းနေသေးတယ်.. ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းပါတဲ့အဆင့် ပြီးရင်တော့ သေချာပြောလို့မရနိုင်တော့ပါဘူး..ရှာဖွေထားတဲ့ လေ့လာမှုတွေအရဆိုရင် အဓိက အရေးကြီးဆုံးက ငါတို့ကျောင်းတော်အနေနဲ့ အစွမ်းထက်တဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ကို မွေးထုတ်ဖို့လိုတယ်..ငါက ဒီနေ့အသက်လေးဆယ့်ခြောက်နှစ်ရှိနေပြီ ငါရဲ့ကိုယ်ပိုင်တပည့်သားကလဲ ဟယ့်ချိုက်ထို့တစ်ယောက်ပဲရှိတယ်…အကယ်၍ မင်းသာ လိုလားမယ်ဆိုရင် ငါမင်းကို နောက်တစ်ယောက် တပည့်သားအဖြစ် လက်ခံချင်တယ် ”

ဟို့ယွိဟောင်က အတော်ကို ထက်မြက်တဲ့သူပါ ဖန်းယွီ ဒီလောက်အထိ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောပြနေပြီဆိုမှတော့ သူဘယ်လိုလုပ် တွေဝေနိုင်မှာလဲ။ ချက်ချင်းဆိုသလို ဟို့ယွိဟောင်က ဒူးထောက်လိုက်ပါတော့တယ်။

” ဆရာဖန်းယွီ ကျွန်တော်ကို တပည့်သားအဖြစ် လက်ခံပေးမှာ ကျွန်တော်သေချာပေါက် ၀ိညာဥ်လက်နက်တွေကို ကြိုးကြိုးစားစားလေ့လာပါ့မယ် ”

အဲ့ဒီနောက် သူသုံးကြိမ်တိတိ ဒူးထောက်ရင်း ၀ပ်တွားဦးချပါတော့တယ်။

ဖန်းယွီအနေနဲ့လဲ ကျေကျေနပ်နပ် ခေါင်းညိတ်လို့နေခဲ့တယ်။

” ကျိုးယိဆီကနေ မင်းရဲ့ကြိုးစားအားထုတ်မှုကို ငါကြားပြီးပြီ အခုအချိန်ကနေစပြီ မင်းက ငါရဲ့ ဒုတိယမြောက်တပည့်သားလဲ ဟုတ်တယ်…နောက်ဆုံးတပည့်သားလဲဟုတ်တယ်…မင်းနဲ့ ချိုက်ထို့ကို မွေးမြူးပေးဖို့ ငါအကောင်းဆုံးကြိုးစားမယ်..တစ်နေ့နေ့မှာ ငါတို့ကျောင်းတော်အနေနဲ့ သိုင်းပညာ၀ိညာဥ်ကျောင်းတော်ထက် ပိုသာနေတယ်ဆိုတာကို ပြရမယ်…ဒါ့အပြင် ငါတို့ရောက်နိုင်တဲ့အဆင့်အတန်းကိုလဲ သူတို့သိသွားစေရမယ်…ယွိဟောင် မင်းက ငါရဲ့ တပည့်သားတွေတင်မဟုတ်ဘူး…အခုအချိန်ကနေစပြီ ငါတို့၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းရဲ့ အဓိကတပည့်သားပဲ မင်းကိုသိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်က လူတွေဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါကြားပြီးပြီ သူတို့တွေ သေချာပေါက် အဆုံးအရှုံးကြုံရတော့မှာပဲ ”

” ငါက အတွင်းတပည့်သား ဖြစ်သွားပြီလား ဒီလိုရုတ်တရက်ကံကောင်းမှုက အတော်လေး အံ့ဩစရာကောင်းလွန်လှပါတယ်။ ဟို့ယွိဟောင်အနေနဲ့ မျက်တောင်တဖျတ်ဖျတ်ခတ်နေရုံကလွဲပြီ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီကျောင်းတော်နှစ်ခုရဲ့မတူညီတဲ့ သူ့အပေါ်ဆက်ဆံမှုက နှလုံးသားထဲက ခံစားချက်တွေကိုလဲ အပြောင်းအလဲဖြစ်သွားစေခဲ့ပါတယ်။

ဟို့ယွိဟောင်က အသက်ဆယ့်တစ်နှစ်အရွယ်ကလေးတစ်ယောက် ဖြစ်နေဆဲပါ။ သူ့ရဲ့ ငယ်စဥ်ဘ၀မှာ အငြိုးအတေးတွေက အတော်ကို များခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ သူက ကျေးဇူးကို အတော်လေး သိတတ်တဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ ဖန်းယွီအနေနဲ့ ၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးကျောင်းတော်ရဲ့ အဓိကတပည့်သား ဖြစ်လာနိုင်တဲ့အကြောင်း ပြောလိုက်ချိန်မှာ ဟို့ယွိဟောင်ရဲ့နှလုံးသားတစ်ခုလုံး နွေးထွေးသွားပါတော့တယ်။ မကျေနပ်မှုတွေကလဲ ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပြီ နွေးထွေးမှုက အစားထိုး၀င်ရောက်လာခဲ့ပါတယ်။

” ဆရာ ”

သူစိတ်မထိန်းနိုင်ပဲ မျက်ရည်တွေက ဆက်တိုက်ဆိုသလို စီးကျလာခဲ့ပါပြီ။

ဖန်းယွီကတော့ လက်မောင်းတွေကို ဆန့်ထုတ်ရင်း ဟို့ယွိဟောင်ရဲ့ပုခုံးကို ကိုင်ထားပြီ နှစ်သိမ့်နေခဲ့ပါတယ်။

” ကလေးမငိုနဲ့ မင်းဘယ်လောက်အထိ စိတ်ထဲမှာခံစားနေရမလဲဆိုတာ ငါသိတယ်..ဒါပေမယ့် ငါမင်းကို ပြောပြပေးမယ်….ဘယ်သူပဲဖြစ်ပါစေ အကယ်၍ မင်းသာ စိတ်ထဲနာကျင်လာခဲ့မယ်ဆိုရင် တခြားသူတွေကို ပြဿနာသွားရှာနေလို့မရဘူး….မင်းအနေနဲ့ ကိုယ့်ကိုယ်တိုင်းပဲ အားကိုးရမယ်..ကိုယ်ရဲ့ကိုယ်ပိုင်စွမ်းအားကိုပဲ အသုံးပြုပြီ ဒီနာကျင်မှုတွေကို ဖယ်ရှားပြစ်ရမယ် ”

ဟို့ယွိဟောင်လဲ ဆက်တိုက်ဆိုသလို ခေါင်းညိတ်နေရင်း မျက်ရည်တွေကို သုတ်လိုက်ပါတယ်။

ဟယ့်ချိုက်ထို့ကလဲ လျှောက်လာပြီ ရယ်မောရင်း ဟို့ယွိဟောင်ကိုဖက်လိုက်တယ်။ အဲ့ဒီနောက် သူ့ရဲ့ကြီးမားတဲ့ အင်အားကိုအသုံးပြုပြီး ဟို့ယွိဟောင်ကို မြေပြင်ကနေမရင်း လေထဲမှာတစ်ပတ်လည်အောင် မြောက်ပြစ်လိုက်ပါတော့တယ်။

” ငါ့မှာနောက်ဆုံးတော့ ညီလေးတစ်ယောက်ရှိလာပြီ ကောင်းလိုက်တာ နောက်ထပ်အထီးကျန်နေစရာမလိုတော့ဘူး..ယွိဟောင် အခုအချိန်ကနေစပြီ ငါတို့ညီအစ်ကိုတွေပဲ ”

” အစ်ကိုကြီး ”

ဟယ့်ချိုက်ထို့ရဲ့ နှလုံးသားနဲ့ နွေးထွေးမှုက ဟို့ယွိဟောင်ကို ဆရာတူအစ်ကိုကြီးပေ့ပေ့နဲ့ တူညီတဲ့နွေးထွေးမှုကို ခံစားရစေပါတယ်။ နောက်တစ်ကြိမ် အတွင်းခံစားချက်တွေကတော့ ထပ်ပြီ မပေါက်ကွဲပဲ မနေနိုင်တော့ပါဘူး။

ဖန်းယွီက ပြောလိုက်တယ်။

” ယွိဟောင် မင်းက လက်ရှိအချိန် ငါတို့ကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားအဖြစ် ဖြစ်လာပြီဖြစ်ပေမဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်အတွက် ခိုင်မာတဲ့အခြေခံတစ်ခုကို တည်ဆောက်ထားဖို့လို့သေးတယ်..ဒါကြောင့် မင်းသိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေမှာ အသိပညာတွေနဲ့ အင်အားကို တိုးတက်လာအောင်လုပ်ရမယ်….အနည်းဆုံးတော့ တတိယနှစ်ကို ဘွဲ့ရအောင်လုပ်ရမယ်…ဒါ့အပြင် လက်ရှိအချိန်မှာ သိုင်းပညာ၀ိညာဥ်ကို တည်ဆောက်ဖို့အတွက်အဓိကအာရုံစိုက်ရမယ်….သိုင်းပညာ၀ိညာဥ်ဆိုတာက အရာအားလုံးက အဓိက အခြေခံပဲ ငါတို့ကျောင်းတော်အတွက်လဲ အတူတူပဲ တစ်ချိန်ထဲမှာပဲ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကထူးခြားနေတာကြောင့် ၀ိညာဥ်စွမ်းရည်တွေကိုလဲ အဓိက အာရုံစိုက်သင့်တယ်..အနာဂတ်မှာ မင်းက ငါတို့ကျောင်းတော်အတွက် ထူးခြားတဲ့၀ိညာဥ်ပညာရှင်တွေဖြစ်လာရုံတင်မကပဲ ထူးချွန်တဲ့ ထိန်းချုပ်ရေးစနစ် တိုက်ပွဲပညာရှင်လဲ ဖြစ်လာလိမ့်မယ် ”

” ငါမင်းကို ဒီအကြောင်း ဖုံးကွယ်မထားတော့ပါဘူး…ငါတို့ရဲ့၀ိညာဥ်ပစ္စည်းတည်ဆောက်ရေးနယ်ပယ်က သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်နဲ့ ဆက်တိုက်ဆိုသလို ပြိုင်ဆိုင်နေတယ်…ဒါကြောင့် မင်းကိုငါတို့ရဲ့ အဓိကတပည့်သားအဖြစ် ဖိတ်ခေါ်လိုက်တဲ့ကိစ္စကို လျှို့၀ှက်ထားစေချင်တယ်..ငါတို့လဲ သူတို့ကျောင်းတော်ကိုသွားပြီ အပြစ်မပြုစေချင်ဘူး..ဒါ့အပြင် မင်းအနေနဲ့လဲ တစ်ဖက်ကျောင်းတော်ရဲ့ အဓိကတပည့်သားဖြစ်လာလို့မရပါဘူး ..အတွင်းနယ်မြေကို ၀င်သွားပြီရင် ငါတို့ကျောင်းတော်ရဲ့အတွင်းနယ်မြေထဲကို ပဲ၀င်ရမယ်…ကျိုးယိအနေနဲ့လဲ အနာဂတ်မှာ ငါတို့ကျောင်းတော်ကို လာရောက်ပြီ သင်ကြားပေးဖို့အတွက် ကူညီပေးမယ်..ဒါ့အပြင် မင်းတို့ရဲ့သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေက အတန်းတွေလဲ ပုံမှန်အတိုင်း ဆက်တိုက်ဆိုသလို သင်ကြားသွားရမှာပဲ ညနေလေးနာရီအတန်းပြီတဲ့အချိန်မှာ ငါတို့ကျောင်းတော်ကိုလာပြီ နှစ်နာရီသင်ကြား သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေက တစ်ပတ်မှာတစ်ရက် အမြဲတမ်းနားခွင့်ပြုတယ်…အဲ့ဒီလိုအချိန်မှာလဲ ငါတို့ကျောင်းတော်ကိုလာပြီ တစ်နေ့လုံးသင်ကြားရမယ်..ကြိုးစားရမှာကို မကြောက်ဘူးမလား ”

အပိုင်း ၃၃•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset