Switch Mode

Chapter – 33.2

ဝိညာဥ် အရိုး နှစ်ခု

အပိုင်း ၃၃•၂

” ၀ိညာဥ်အရိုးနှစ်ခု ”
°°°
ကျိုးယိကိုယ်တိုင်တောင် လန့်သွားခဲ့ပါတယ်။

” ဒါက ကျောင်းတော်အနေနဲ့ မင်းတို့ကိုပေးတဲ့ ဆုလာဘ်လား ”

ဟို့ယွိဟောင်တို့ သုံးယောက်လဲ ချက်ချင်းဆိုသလို ခေါင်းညိတ်ကြပါတော့တယ်။ ကျိုးယိရဲ့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုက ပေါ်ထွက်လာခဲ့ပါပြီ။

” ညွှန်ကြားရေးမှုးသု ဒီလောက်တောင် လျှို့၀ှက်နေတာ ငါမအံ့ဩတော့ဘူးပဲ သူကိုယ်တိုင်းကိုက မင်းတို့ကို ဒီလိုတန်ဖိုးကြီးတဲ့အရာတစ်ခုပေးဖို့ စီစဥ်ထားလို့ကို ဒီအရိုးက ဘာအရိုးလဲ ”

ဟို့ယွိဟောင်တို့က တခဏတာ သူ့ကို ရှင်းပြလိုက်ပါတယ်။ အဲ့ဒီနောက် ရှောင်းရှောင်းကို ပေးဖို့စီစဥ်ထားတဲ့အကြောင်းပါ ပြောပြလိုက်တယ်။

ကျိုးယိက ခေါင်းညိတ်လိုက်တယ်။

” မင်းတို့အားလုံး တကယ်တော်တဲ့ကလေးတွေပဲ မင်းတို့သိထားသင့်တာ တစ်ခုရှိတယ်…၀ိညာဥ်ဧကရာဇ်တွေနဲ့ ၀ိညာဥ်သော့်လော့အဆင့်ပညာရှင်တွေတောင်မှ ၀ိညာဥ်အရိုးကိုမြင်တဲ့အချိန်မှာ ဘယ်လိုမှတည်တည်ငြိမ်ငြိမ် နေနိုင်မှာမဟုတ်ဘူး…ငါမင်းတို့ကို နောက်ထပ် ၀ိညာဥ်အရိုးတစ်ခုပေးတာ မင်းတို့အနေနဲ့ ထိုက်တန်နေလို့ပဲ နင့်ထျန်း ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်တို့ကို မင်းတို့တိုက်ခိုက်ခဲ့တဲ့ ပြိုင်ပွဲကို မင်းတို့မှတ်မိသေးလား အဲ့ဒီပြိုင်ပွဲမှာ သူတို့ဆရာနဲ့ ငါလောင်းကြေးထပ်ခဲ့တယ်.. ဒါကြောင့် အဲ့ဒီ၀ိညာဥ်အရိုးကို ငါရလာခဲ့တာ အတော်လေး အရည်အသွေးနည်းတဲ့ ၀ိညာဥ်အရိုးဖြစ်ပေမဲ့ တခြား၀ိညာဥ်အရိုးတွေနဲ့ ပေါင်းစည်းနိုင်တဲ့စွမ်းရည်ရှိတယ်…အကယ်၍ မင်းတို့သာ တူညီတဲ့စွမ်းရည်နဲ့ ၀ိညာဥ်အရိုးနှစ်ခုကို ထပ်ရှာနိုင်မယ်ဆိုရင် ဒီတစ်ခုနဲ့ပေါင်းစည်းလို့ရတယ်…လိုအပ်တဲ့သူအတွက်တော့ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပဲ ဒါပေမယ့် တူညီတဲ့၀ိညာဥ်အစွမ်းသတ္တိနဲ့ ၀ိညာဥ်အရိုးနှစ်ခုကို ထပ်ပြီးရှာနိုင်ဖို့ကိစ္စကတော့ အရမ်းကိုရှားပါးလွန်တယ်…ဒါကြောင့် မင်းတို့အနေနဲ့ အခုချက်ချင်းပေါင်းစည်းလိုက်ဖို့ ငါအကြံပြုချင်တယ်…ဒါက ဘယ်ဘက်လက်မောင်းအရိုး ဒါကိုလျှို့၀ှက်ဥပဒေသ၀ိညာဥ်ဘယ်ဘက်လက်မောင်းအရိုးလို့ခေါ်တယ်…တကယ်တော့ စစ်မှန်တဲ့ ၀ိညာဥ်အရိုးတော့မဟုတ်ပါဘူးလေ သူက ၀ိညာဥ်သားရဲကောင်တစ်ကောင်ထဲကနေ ထုတ်ယူထားတာမဟုတ်ဘူး ”

” ဒီလျှို့၀ှက်ဥပဒေသ ၀ိညာဥ်အရိုးကို ရယူနိုင်တဲ့နည်းလမ်းက ထူးခြားပြီ ရက်စက်တယ်….ဒီအရိုးတစ်ခုထဲကို ရယူဖို့အတွက်ဆိုရင် တူညီတဲ့အမျိုးအစားနဲ့ ၀ိညာဥ်သားရဲကောင်အကောင်တစ်ရာကို တစ်နာရီအတွင်းမှာသတ်ရမယ်…ပြီရင်း လျှိူ့၀ှက်တဲ့နည်းလမ်းကို အသုံးပြုပြီ သူတို့ရဲ့ ၀ိညာဥ်စက်ကွင်းတွေအားလုံးကို တစ်ပြိုင်နက်ထဲမှာ အသက်သွင်းရင် လှုပ်ရှားလာအောင် လုပ်ရမယ်…ဒါတောင်မှ ၀ိညာဥ်အရိုးကို ထုတ်လွှတ်နိုင်ဖို့ ဆယ့်ရာခိုင်နှုန်းပဲ အခွင့်အရေးရှိတယ်…၀ိညာဥ်အရိုးတစ်ခုကိုရဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းတစ်ခု ဖြစ်ပေမဲ့ အောင်မြင်တဲ့နှုန်းက နည်းပါးလွန်ပြီ ရက်စက်တာကြောင့် ၀ိညာဥ်ပညာရှင် အနည်းငယ်ပဲ လုပ်နိုင်တာ အကယ်၍ ဒါကိုတိုက်ရိုက်ပေါင်းစည်းလိုက်မယ်ဆိုရင် မင်းတို့ရဲ့၀ိညာဥ်စွမ်းအားကို ငါးရာခိုင်နှုန်းအထိ တိုးတက်သွားစေလိမ့်မယ်…သိပ့်ပြီမများဘူးလို့ ထင်ရပေမဲ့ တိုးတက်တယ်ဆိုတာက ကောင်းတာပဲလေ မင်းတို့ကျင့်ကြံဆင့်က ဘယ်လိုပဲဖြစ်ပါစေ ကျင့်ကြံတဲ့အဆင့်မြင့်တက်လာတာနဲ့ သူ့ရလဒ်ကလဲ ပိုပိုပြီး ထင်ရှားသိသာလာလိမ့်မယ် ”

ကျိုးယိပေးတဲ့အိတ်ကိုယူရင်း ၀မ်သုန့်ဆီကို ဟို့ယွိဟောင်က ပေးလိုက်ပါတယ်။ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို မျက်နှာလွဲထားခဲ့တယ်။

” ငါလာမကြည့်နဲ့ ငါမလိုချင်ဘူး ဒီအရိုးက ငါ့အတွက် ပုံမှန်ဖြစ်လွန်နေတယ် ”

၀မ်သုန့်အနေနဲ့ ဒီလိုမောက်မာချင်ယောင်ဆောင်ပြပြီ အတင်းငြင်းနေတာကိုကြည့်ရင်း ဟို့ယွိဟောင် စိတ်လှုပ်ရှားလာခဲ့ပါတော့တယ်။ ၀မ်သုန့်အနေနဲ့ ၀ိညာဥ်အရိုးတစ်ခုကို သူ့ဆီပေးချင်နေတာပါ။ ရှောင်းရှောင်းကို သူပြောလိုက်သလိုပဲ သူတို့အနေနဲ့ အနာဂတ်မှာ နောက်ထပ်၀ိညာဥ်အရိုးတစ်ခုရမှာ ထပ်ပြီး ခွဲခြားထားပေးဖို့ဆိုတာ သိပ်ပြီး ခက်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၀ိညာဥ်အရိုးတစ်ခုကို ပေးတဲ့ကိစ္စက အပြောလွယ်သလောက် လုပ်ဖို့ခက်ပါတယ်။ တစ်ချိန်ထဲမှာပဲ ဘယ်တော့မှရနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

၀မ်သုန့်ရဲ့ မျက်နှာကတော့ နေရောင်အောက်မှာ ပိုပြီးတောက်ပရင်းနီရဲလာခဲ့ပါပြီ။ ဒါ့အပြင် မျက်နှာပေါ်မှာ မှိန်ဖျော့ဖျော့အလင်းတန်းတွေတောင် ရှိလာခဲ့ပါသေးတယ်။ သူလှည့်ထွက်မသွားပေမဲ့ ဟို့ယွိဟောင်ကတော့ သူ့ရဲ့မျက်၀န်းထဲက ဆုံးဖြတ်ချက်ကို မြင်နေခဲ့ရတယ်။ ၀မ်သုန့်က သူခံစားခဲ့ရတဲ့ မတရားမမျှတမှုကို ဖြေရှင်းပေးဖို့အတွက် တတ်နိုင်သလောက် ကြိုးစားနေခဲ့တာပါ။ ဒါကြောင့် သူလဲ ၀ိညာဥ်အရိုးကို နောက်ထပ် မငြင်းပယ်တော့ပါဘူး။ ဒီလိုအရိုးကိုယူသွားရင် စိတ်ထဲမှာ ညီနောင်အပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ်က ပိုလို့တိုးတက်လာပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ဒီလိုအရာမျိုးက စကားနဲ့ပြောတာမဟုတ်ပဲ အလုပ်နဲ့သက်သေပြတာမှန်း သဘောပေါက်နေခဲ့တယ်။

” ဒီ၀ိညာဥ်အရိုးက အတော်အသုံး၀င်တာပဲ တခဏတာလောက် ထားထားရအောင် မင်းအတွက် အသုံး၀င်မှာပါ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာပြန်တယ်။ ဒီလိုမျိုးသတိမပေးဘာမပေးနဲ့ ထွက်ပေါ်လာတဲ့အသံကြောင့် သူလဲ ထခုန်မတတ်လန့်သွားခဲ့ရပြန်တယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ”

အသံကိုကြားချိန်မှာ ဟို့ယွိဟောင်က သူ့ရဲ့ဆွေမျိုးတစ်ယောက်ကို မြင်လိုက်ရတဲ့အတိုင်း ချက်ချင်းဆိုသလို ပျော်ရွှင်သွားပါတော့တယ်။ နှလုံးသားထဲမှာ အချိန်အကြာကြီး ဖိနှိမ့်ခံထားရတဲ့ မကျေနပ်မှုနဲ့ ၀မ်းနည်းပူဆွေးမှုတွေကလဲ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့ပြီ မျက်လုံးကလဲ နီရဲလို့သွားပါတော့တယ်။ ဒါပေမယ့် ကျိုးယိ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ ၀မ်သုန့်ရဲ့ လုပ်ရပ်ကြောင့် သူစိတ်လှုပ်ရှားပြီ အဲ့ဒီလိုဖြစ်တယ်လို့သာ ထင်နေခဲ့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မပျော်မရွှင်ပြောလာပါတယ်။

” ကောင်လေးယွိဟောင် မင်းအဲ့ဒီလောက်ကြီး စိတ်ဓာတ်ကျမနေနဲ့ မင်းမှာ ဒီအစ်ကိုကြီးရှိနေသေးတယ်လေ အဲ့ဒီလူသားတွေက အမြင်ကျဥ်းလွန်ပြီ ငါအစ်ကိုကြီးရဲ့ ၀ိညာဥ်စက်ကွင်းကို ဆယ့်နှစ်၀ိညာဥ်စက်ကွင်းလို့ တွေးနေကြတာ မင်းဘာမှစိုးရိမ်နေဖို့ မလိုဘူး…နောက်နှစ်အနည်းငယ်အတွင်းမှာ ဒီဆယ်နှစ်၀ိညာဥ်စက်ကွင်းနဲ့တင် သူတို့အားလုံးကို တုန်ရီသွားအောင် ငါအစွမ်းပြမယ်..နောက်တစ်ကြိမ် ထပ်ပြီ ပြောမယ်..မင်းရဲ့၀ိညာဥ်စွမ်းအားကို အဆင့်နှစ်ဆယ့်ရောက်အောင် မြန်မြန်လုပ် အချိန်ရောင်လာရင် ဘယ်သူမှမင်းကို အထင်သေး၀ံ့တော့မှာမဟုတ်ဘူး ”

” ကျွန်တော်၀ိညာဥ်အဆင့် နှစ်ဆယ့်ရောက်ဖို့အမြန်ဆုံးလုပ်ရမှာလား ကျွန်တော်အနေနဲ့ ပထမနှစ်သင်ကြားပြီရင်း သေချာပေါက် ရောက်သွားမှာပါ ”

နှလုံးသားထဲမှာရှိတဲ့ တင်းကြပ်မှုကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ စိတ်ထဲမှာအတွင်းတပည့်သား ဖြစ်ချင်တဲ့စိတ်ကလဲ အတော်ကို မကြီးမားတော့ပါဘူး။ လက်ရှိအခြေအနေနဲ့ဆိုရင် ကျောင်းတော်ထဲမှာ သူဆက်ပြီလေ့ကျင့်နိုင်ခွင့် ရှိမရှိဆိုတာ ပြောပြဖို့တောင် ခက်နေပါဦးမယ်။

ကျိုးယိက ပြောလာနေခဲ့တယ်။

” ၀မ်သုန့် ရှောင်းရှောင်းနဲ့ အရင်ပြန်လိုက် ငါယွိဟောင်ကို ပြောစရာတစ်ခုရှိသေးတယ် ”

၀မ်သုန့်က ဟို့ယွိဟောင်ကို လှပပြီတောက်ပတဲ့မျက်လုံးကြီးတွေနဲ့ ကြည့်ရင်း အားပေးလို့နေခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို လက်ဝှေ့ပြရင်း ရှောင်းရှောင်းနဲ့အတူ ထွက်သွားခဲ့ပါပြီ။

ကျိုးယိက ဟို့ယွိဟောင်အနားကိုလျှောက်လာရင်း သူ့လက်ကိုညာဘက်လက်နဲ့ ဆွဲလိုက်ပါတော့တယ်။ အဲ့ဒီနောက် တိမ်တွေထဲမှာ နောက်တစ်ကြိမ် ပျံသန်းရတဲ့ခံစားချက်ကို ဟို့ယွိဟောင် ခံစားလိုက်ရပြန်ပါပြီ။ သိပ်မကြာခင်မှာပဲ ကျိုးယိက ရပ်တန့်လိုက်ပါတော့တယ်။ ဟို့ယွိဟောင် လန့်စရာကောင်းလောက်အောင် ရှာဖွေတွေ့ရှိသွားတာကတော့ နောက်တစ်ကြိမ် ၀ိညာဥ်လက်နက် စမ်းသပ်ရေးနယ်မြေဆီ ရောက်လာပြန်တာပါပဲ။

အရင်တစ်ခေါက်တုန်းက ဒီနေရာကိုလာချိန်မှာ အတော်ကို နက်ရှိုင်းတဲ့ စိတ်အာရုံက ကျန်ရှိနေခဲ့ပါသေးတယ်။ ဒါကြောင့် ၀ိညာဥ်လက်နက်တွေကို ဖန်တီးပြီ အသုံးချချင်နေတဲ့ စိတ်ဆန္ဒက ကြီးမားလို့လာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ နောက်တစ်ခေါက် ပြန်ရောက်လာခဲ့ပါပြီ။

” ဆရာကျိုး ဆရာဖန်းယွီက ကျွန်တော်ကို တပည့်သားအဖြစ် လက်ခံမှာလား ”

ဟို့ယွိဟောင်က တအံ့တဩမေးလိုက်မိပါတယ်။ ကျိုးယိက ခေါင်းညိတ်လိုက်တယ်။

” မင်းက ထက်မြက်တဲ့ကလေးပဲ ဒါပေမယ့် ငါမင်းကို သတိပေးစရာရှိတယ်…မင်းက ပထမနှစ်ပဲ ရှိသေးတာကြောင့် လက်ရှိကျင့်ကြံမဲ့အနေအထားအရ အတော်ကို အန္တရာယ်များတဲ့အခြေအနေမှာ ရှိနေတယ်…ဒါ့အပြင် ဒီနေရာမှာ လေ့ကျင့်ဖို့အတွက် အနည်းဆုံးလိုအပ်ချက်က ဒုတိယနှစ်ကျောင်းသားဖြစ်ရမယ်..၀ိညာဥ်စက်ကွင်းနှစ်ကွင်းလဲရှိရမယ်…ဒါကြောင့် မင်းအနေနဲ့ ပထမနှစ်အဆုံးသတ်တဲ့အချိန် ဒုတိယ၀ိညာဥ်စက်ကွင်းကို ရောက်အောင်ရှာလာရမယ်..သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းမှာ ဆက်ပြီသင်ကြားနေဖို့အတွက် ဒီ၀ိညာဥ်ကိရိယာတွေကို လေ့လာတဲ့အနုပညာကို အာရုံစိုက်ရမဲ့ကိစ္စမှာ ငါဘာမှထပ်ပြီ မပြောချင်ဘူး…လက်ရှိအချိန်မှာ သိုင်းပညာ၀ိညာဥ်တွေကို နားလည်လာဖို့အတွက် အခြေခံကောင်းကောင်းရှိမှရနိုင်မယ်..အနာဂတ်မှာ ၀ိညာဥ်လက်နက်တွေကိုပဲ အဓိကအာရုံစိုက်မယ်ဆိုရင်တောင် ဒီကိစ္စက မရှိမဖြစ်လိုအပ်တဲ့ကိစ္စပဲ ဒါကြောင့် အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲ ”

ကျိုးယိက ဟို့ယွိဟောင်ကို ၀ိညာဥ်စမ်းသပ်ရေးနယ်မြေဆီခေါ်လာရင်း စကားပြောနေခဲ့တာပါ။

သန်စွမ်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ ဖန်းယွီက သူတို့ရောက်လာတာကို မြင်ချိန်မှာသူတို့အနားကို လျှောက်လာပါတော့တယ်။ အေးစက်ပြီ တင်းမာနေတဲ့ မျက်နှာထားကတော့ အခုအချိန်မှာ အတော်လေးကို ပျော့ပျောင်းနူးညံ့နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ပုခုံးကို ပုတ်လိုက်ရင်း သူပြောလာခဲ့ပါတယ်။

” မင်းတို့ရဲ့ နောက်ဆုံးပွဲစဥ်ကို ငါကြည့်လိုက်ရတယ်..တကယ်ကို တော်တာပဲ မင်းလုပ်ခဲ့တာကောင်းတယ်”

ကျိုးယိကတော့ ဖန်းယွီကို တအံ့တဩမျက်နှာနဲ့ ကြည့်နေခဲ့ပါတယ်။ သူမကိုယ်တိုင်ကလဲ အပြင်ပန်မှာ တင်းကြပ်ပြီမာကျောတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ အတော်ကို စိတ်နှလုံးသားနူးညံ့တဲ့သူပါ။ တခြားတစ်ဖက်မှာတော့ ဖန်းယွီရဲ့ အကျင့်စရိုက်ကို သူကောင်းကောင်းနားလည်ပါတယ်။ ဖန်းယွီက တခြားသူတွေကို ချီးမွမ်းတာအရမ်းကို ရှားပါးတဲ့ သူတစ်ယောက်ပါပဲ။ ဒါ့အပြင် စိတ်ထဲမှာ ဘယ်သူမှမယှဥ်သာလောက်တဲ့အထိ မောက်မာဖို့ကိုပိုင်ဆိုင်ထားခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ ပထမနှစ်ကျောင်းတော်သားဖြစ်နေပေမဲ့ ဖန်းယွီချီးမွမ်းနေတာကို ခံနေရပြီဆိုတာက သေးငယ်တဲ့ကိစ္စမဟုတ်နိုင်ပါဘူး။

” ဆရာဖန်းယွီကို ဂါရ၀ပြုပါတယ် ”

ဟို့ယွိဟောင်က ဖန်းယွီကို တလေးတစားနဲ့ ဂါရ၀ပြုလိုက်တယ်။

ဖန်းယွီလဲ ခေါင်းညိတ်လိုက်ပါတယ်။

” မင်းရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက အတော်ကို တိုးတက်လာတဲ့အကြောင်း ငါကြားရတယ်…လာပြီစမ်းကြည့်ရအောင် ”

ဖန်းယွီလိုလူမျိုးက တစ်ဘ၀တာလုံးစူးစမ်းလေ့လာရေးကိုသာ ချစ်မြတ်နိုးပြီ နှစ်ခြိုက်နေတဲ့သူပါ။ ဒါကြောင့် ကိစ္စတွေကို လုပ်ဆောင်နေတဲ့နေရာမှာလဲ အရမ်းကို တဲ့တိုးဆန်ပါတယ်။

” ကောင်းပါပြီ ”

ဖြူဖွေးစွတ်နေခဲ့တဲ့ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းက ခြေထောက်အောက်မှာ ထွက်ပေါ်လာခဲ့ရင်း ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက ရွှေရောင်ဖျော့ဖျော့ကို ပြောင်းလဲသွားပါတော့တယ်။ အရမ်းကို သေးငယ်လွန်လှတဲ့ ရွှေရောင်အလင်းတန်းက ၀ိညာဥ်စက်ကွင်းပေါ်မှာ တောက်ပလာပေမဲ့ ဘယ်သူကမှ သတိမထားမိပါဘူး။ ဟို့ယွိဟောင်လဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်နေရင်း မီတာပတ်ပတ်လည်ငါးဆယ်က အရာအားလုံးကို ထောက်လှမ်းပြစ်ပါတော့တယ်။

အဲ့ဒီနောက် ဖန်းယွီရဲ့စိတ်ထဲမှာ သုံးဖက်မြေပုံရိပ်တွေက နောက်တစ်ကြိမ် ပေါ်လာခဲ့ပါပြီ။

” အတော်တိုးတက်လာတာပဲ မင်းတို့တွေ လူသစ်တွေရဲ့ပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာတာ အံ့ဩစရာဘယ်ရှိမလဲ ဒီလိုစိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ဆိုရင် ပြိုင်ဘက်တွေရဲ့ လှုပ်ရှားမှုတွေအားလုံးကို ခန့်မှန်းနိုင်နေတယ်မဟုတ်လား ”

သူပြောပြီချိန်မှာပဲ ရုတ်တရက်စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့ ပုံရိပ်တွေက ပြောင်းလဲသွားတာကို သတိထားမိလိုက်ပါတော့တယ်။ ပုံမှန်စက်၀ိုင်းပုံစံအနေအထားနဲ့ လှည့်ပတ်နေခဲ့တဲ့ပုံရိပ်တွေက တဖြည်းဖြည်းကျုံ့သွားရင် တစ်နေရာထဲကိုသာ ဦးတည်နေခဲ့ပါပြီ။ ဒါ့အပြင် အကွာအဝေးကလဲ တိုးလာနေခဲ့ပါတယ်။ ဒီထူးဆန်းတဲ့ ခံစားချက်ကြီးက လူတစ်ယောက်ရဲ့ အာရုံခံနိုင်စွမ်းတွေကို အများကြီးတိုးတက်စေသလို အံ့ဩစရာကောင်းလွန်နေခဲ့တယ်။

ကျိုးယိလဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုအစွမ်းကို သိမြင်နေရတဲ့အတွက် သူလဲခံစားခဲ့ရပါတယ်။ သူလဲ မျက်လုံးအပြူးသား ဖြစ်နေခဲ့ပါပြီ။

” ဘယ်လိုလုပ်လုပ်နိုင်နေတာလဲ ”

ဆရာနှစ်ယောက် တအံ့တဩဖြစ်နေတာကိုသိပေမဲ့ ဟို့ယွိဟောင်လဲ ပြန်မဖြေခဲ့ပါဘူး။ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို တစ်နေရာထဲမှာသာ အာရုံစိုက်ရင်း အရှေ့ကိုတိုးသွားနေခဲ့ပါတယ်။ သူစိတ်အာရုံတွေအားလုံးကို တစ်နေရာထဲဆီ ပြင်းပြင်းထန်ထန် အာရုံစိုက်လို့ထားခဲ့တယ်။နောက်ဆုံးမှာတော့ အဆုံးစွန်အထိ ရောက်ရှိသွားချိန်မှာ ရပ်တန့်ရင်း ပြန်သိမ်းလိုက်ပါတော့တယ်။ ဖန်းယွီအနေနဲ့လဲ ပူပြင်းတောက်လောင်နေတဲ့အကြည့်အဖြစ်ကို ပြောင်းလဲလို့သွားတော့တယ်။

” တစ်ရာနှစ်ဆယ့်တစ်မီတာ ကောင်းလိုက်တာ ငါလုပ်ခိုင်းတဲ့အရာကို မင်းအောင်မြင်ခဲ့တာပဲ ယွိဟောင် မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက မင်းရဲ့ကျင့်ကြံဆင့်နဲ့အတူ တိုးတက်နိုင်တာလား ”

တခဏတာ တွေးဝေနေပြီတဲ့နောက် ဟို့ယွိဟောင် ခေါင်းညိတ်လိုက်ပါတော့တယ်။

” အရမ်းကောင်းတာပဲ ”

ဖန်းယွီကတော့ အရမ်းကို ပျော်ပျော်ကြီးနဲ့ အော်ဟစ်ရင်း ဟို့ယွိဟောင်ရော ကျိုးယိကိုပါ ချီပြီခုန်နေပါတော့တယ်။

အဲ့ဒီနောက် သူတို့ကို ပြန်ချပေးရင်းဟို့ယွိဟောင်ရဲ့ပုခုံးကို ပုတ်ပြီ နောက်တစ်ကြိမ် ပြောလာခဲ့တယ်။

” ငါနောက်ကိုလိုက်ခဲ့ ”

အဲ့ဒီနောက် ကြီးမားတဲ့စမ်းသပ်ရေးနယ်မြေဆီကို သူလျှောက်သွားပါတော့တယ်။

” ချိုက်ထို့ ဒီကိုလာခဲ့ဦး ”

ဖန်းယွီက လက်ဝှေ့ရမ်းရင်း ဟယ့်ချိုက်ထို့ကို ခေါ်လိုက်ပါတယ်။ ဟယ့်ချိုက်ထို့ကလဲ ခပ်မြန်မြန်ပဲ ပြေးလာခဲ့တယ်။ ဟို့ယွိဟောင်ကို မြင်ချိန်မှာတော့ သူချက်ချင်းဆိုသလို တအံ့တဩနဲ့ အော်လိုက်ပါပြီ။

” ယွိဟောင် မတွေ့တာကြာပြီ ”

ဟို့ယွိဟောင်လဲ ဟယ့်ချိုက်ထို့ရဲ့မျက်နှာကို မြင်ချိန်မှာပြုံးသာပြုံးနေခဲ့တယ်။

” အစ်ကိုကြီးဟယ့် နေကောင်းရဲ့လား အရင်ကထက်တောင်ပိုပြီး ကျန်းမာနေတဲ့ပုံပေါ်တယ် ”

အမှန်ပါပဲ မည်းမှောင်တဲ့အသားအရေနဲ့ ဟယ့်ချိုက်ထို့က လက်ရှိအချိန်မှာ အရွယ်ရောက်ပြီသားလူတစ်ယောက်ရဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်လို့ထားခဲ့ရင်း ကြွက်သားတွေကလဲ ပိုမို ခိုင်မာလို့လာပါတော့တယ်။ သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကဖန်းယွီနဲ့တောင် သိပ်မကွာတော့ပါဘူး။

ဖန်းယွီက ဆက်ပြောလိုက်တယ်။

” ချိုက်ထို့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ ၀ိညာဥ်ပညာရှင်တွေ စွမ်းအားကို ဟို့ယွိဟောင်သိရအောင် ပြလိုက်စမ်း မင်းလုံး၀ အစွမ်းကိုချွင်းချန်ထားဖို့မလိုဘူး ”

” ကောင်းပါပြီ ”

ဟယ့်ချိုက်ထို့က စိတ်လှုပ်ရှားနေပုံပါပဲ။ ချက်ချင်းဆိုသလို အပေါ်အင်္ကျီကိုချွတ်လိုက်ရင်း သူ့ရဲ့ခိုင်မာတဲ့ခန္ဓာကိုယ်ကို ထွက်ပေါ်လာစေပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင် ရှက်ရွံ့စေမဲ့တစ်စုံတစ်ယောက်ကို ပြုလုပ်လိုက်တယ်။ ဟယ့်ချိုက်ထို့ရဲ့လက်တွေက သူခန္ဓာကိုယ်ပေါ် ရောက်ရှိသွားရင်း ခါးပတ်ကို ဆွဲလိုက်ပါတယ်။ ချက်ချင်းဆိုသလို မရေမတွက်နိုင်တဲ့ ထူးဆန်းတဲ့သတ္ထုတွေက သူ့ရဲ့ပစ္စည်းသိမ်းဆီးရေးခါးပတ်ဆီကနေ ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဆယ့်စက္ကန့်အတွင်းမှာပဲ သူ့ကိုယ်သူ ပစ္စည်းကိရိယာတပ်ဆင်ပြီတဲ့နောက် ထူးဆန်းတဲ့သတ္ထုတွေနဲ့ သူက ဖုံးလွှမ်းလို့သွားပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ကတော့ ဒီအနက်ရောင်သတ္ထုတွေက ဘာတွေလဲဆိုတာ အခုအထိမသိသေးပါဘူး။

ဟယ့်ချိုက်ထို့ရဲ့ခန္ဓာကိုယ်က တောက်ပလာခဲ့ပြီ ၀ိညာဥ်စက်ကွင်းသုံးကွင်းကလဲ လင်းလက်လို့လာပါတော့တယ်။ သူ့မှာ အ၀ါရောင်စက်ကွင်းနှစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းစက်ကွင်းရှိနေခဲ့တယ်။ အတော်ကို ကောင်းမွန်တဲ့ပေါင်းစည်းမှုပါပဲ။ ချက်ချင်းဆိုသလို ပထမ၀ိညာဥ်စက်ကွင်းတောက်ပလို့လာချိန်မှာ နှစ်စင်တီမီတာကျော်ရှည်လျားတဲ့ အ၀ါရောင်ပစ္စည်းတစ်ခုက သူ့ပါးစပ်ထဲမှာ ပေါ်လာခဲ့ပါတယ်။

အဲ့ဒီနောက် ဘယ်ဘက်လက်ကို မြောက်လိုက်ရင်း မီးပွားတစ်ခုကို ဖြစ်ပေါ်စေလိုက်တယ်။ သူပါးစပ်ထဲမှာရှိတဲ့ အရာ၀တ္ထုကလဲ မီးညှိခံလိုက်ရပြီ အဖြူရောင်မီးခိုတွေ ဆက်တိုက်ဆိုသလို လေထဲမှာ ထွက်ပေါ်လာခဲ့ပါပြီ။

ဟို့ယွိဟောင်အနေနဲ့ သူ့ကိုယ်သူ မရယ်မိစေဖို့မနည်းတောင့်ခံထားရင်း မျက်နှာကြောတွေတောင် ရှုံ့လာခဲ့ရတယ်။ ဟယ့်ချိုင်ထို့ရဲ့ ပါးစပ်ထဲမှာ ကိုက်ထားတဲ့အရာကတော့ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ရှည်မျောမျောမုန့်ကြီးတစ်ချောင်းနဲ့ တူနေခဲ့တာပါပဲ။ ဒါပေမယ့် အဲ့ဒီအရာက ကိုက်ဖို့အတွက် အတော်လေးကို မာမဲ့ပုံရှိပါတယ်။

အပိုင်း ၃၃•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset