Switch Mode

Chapter – 32.4

ဆုလာဘ်နဲ့ အတွင်း တပည့်သားတွေ

အပိုင်း ၃၂•၄

” ဆုလာဘ်တွေနဲ့ အတွင်းတပည့်သားတွေ ”
°°°
သုဝေ့လွမ်က ဆက်ပြောလိုက်ပါတယ်။

” ၀မ်သုန့်တို့အဖွဲ့ရဲ့ အံ့ဩစရာကောင်းလွန်လှတဲ့လုပ်ဆောင်နိုင်စွမ်းက ပြိုင်ပွဲတစ်ခုလုံးမှာ အတော်ကို ထူးခြားတဲ့ရလဒ်တစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်… ဒါကြောင့် ကျောင်းတော်ကလဲ သူတို့ကို အထူးဆုချီးမြှင့်ဖို့ရှိတယ်…ဒါပေမယ့် ဒီဆုလာဘ်ကတော့ ကျောင်းတော်ကိုယ်တိုင်က လျှို့၀ှက်ထားမှာပါ အတန်းခွဲတဲ့ ကိစ္စပြီးသွားပြီဆိုရင် မင်းတို့သုံးယောက် ငါနောက်ကိုလိုက်ပြီ ဆုယူလို့ရတယ် ”

သူတို့ရရှိပြီတဲ့ ဆုလာဘ်အပြင် နောက်ထပ် ထူးခြားတဲ့ဆုလာဘ်တစ်ခုကို ထပ်ပြီရရှိဦးမှာလား။ ချန်ပီယံအဖွဲ့နဲ့ ဒုတိယနဲ့ တတိယအဖွဲ့တွေကြားမှာ ကွာခြားချက်ရှိနေတဲ့ပုံပါပဲ။ ဟို့ယွိဟောင်တို့သုံးယောက်လဲ ချက်ချင်းဆိုသလို ပျော်ရွှင်သွားပါတော့တယ်။ ဒါပေမယ့် ၀မ်သုန့်အဖွဲ့လို့ခေါ်လိုက်ချိန်တိုင်းမှာ စိတ်ထဲမသက်မသာဖြစ်မှုက ပိုလို့ကြီးမားလာခဲ့ပါတယ်။

ဘယ်သူကမှ ဟို့ယွိဟောင်အဖွဲ့ရဲ့ နောက်ထပ် ဆုလာဘ်အသစ်ရတာကို ငြင်းပယ်မှုမရှိကြပါဘူး။ သူတို့တွေက ၀ိညာဥ်အကြီးအကဲဖြစ်တဲ့ နင့်ထျန်း ရှဲ့ဟွမ်ယွဲ့နဲ့ ထိုက်ဟွပင်းတို့ကို ဆက်တိုက်ဆိုသလို အနိုင်ရခဲ့တဲ့သူတွေပါ။ ဒါ့အပြင် ၀ိညာဥ်အကြီးအကဲသုံးယောက်လုံးလဲ သူတို့အဖွဲ့ကို ရှုံးနှိမ့်ခဲ့ပါတယ်။ ဒါက ကံကောင်းလို့ချန်ပီယံဖြစ်လာတာမဟုတ်ပါဘူး။ ဒီလိုမျိုး ဆုလာဘ်ပိုပြီး ရရှိတာက လက်ခံနိုင်တဲ့အကြောင်းအရင်းထဲမှာ ရှိနေခဲ့ပါတယ်။

သုဝေ့လွမ်က ပြောလိုက်တယ်။

” ကောင်းပါပြီ မင်းတို့အားလုံး ပြန်လို့ရပြီ ”

ဟို့ယွိဟောင်နဲ့ တခြားကျောင်းသားရှစ်ယောက်စလုံးလဲ မူလနေရာကို ပြန်ပြီ လှည့်သွားကြပါတော့တယ်။

သုဝေ့လွမ်က ဆက်ပြီ ပြောလာခဲ့တယ်။

” ဒီနှစ်ကျောင်းတော်သားတွေရဲ့ အရည်အသွေးက အရင်နှစ်တွေထက် ပိုပြီး ကျော်လွန်နေတယ်…ဒါကြောင့် အားလုံးဆက်ပြီး ကြိုးစားကြဖို့မျှော်လင့်ပါတယ်…မိုးကောင်းကင်က ထူးချွန်ထက်မြက်တဲ့သူတွေကို ဆုချီးမြှင့်တယ်…ဒါကြောင့် မင်းတို့အားလုံးအနေနဲ့ ထူးချွန်တဲ့ရလဒ်တွေ ပိုင်ဆိုင်ပြီ ချောချောမွေ့မွေ့ ကျောင်းတော်ကို ပြီး​ဆုံးအောင်တတ်မြောက်နိုင်ပါစေလို့ မျှော်လင့်တယ်…အခုအချိန်မှာ ထူးချွန်တဲ့ကျောင်းသားတစ်ချို့ ဒီပြိုင်ပွဲမှာပေါ်လာခဲ့တာကြောင့် ကျောင်းတော်အနေနဲ့ ကျောင်းသားတစ်ချို့ကို အဓိကအတွင်းတပည့်သားအဖြစ် တိုးမြင့်ပေးဖို့အတွက် ဆုံးဖြတ်ထားပါတယ်…ဒီလိုရွေးချယ်ခံရထားတဲ့ ကျောင်းသားတွေရဲ့ နာမည်ကို ငါ​ကြော်ငြာမယ် ”

ကျောင်းတော်ရဲ့ရှိရှိသမျှလူတွေအားလုံးက တိတ်ဆိတ်သွားပါတော့တယ်။ နောက်ဆုံးတော့လဲ အဓိကအတွင်းတပည့်သားက ထိပ်တန်းသုံးယောက်အဖွဲ့ကတင် လာမှာမဟုတ်နိုင်ပါဘူး။ သုဝေ့လွမ်က တိုက်ရိုက်မပြောပေမဲ့ အဓိကအတွင်းတပည့်သားဖြစ်လာတဲ့ ဘယ်သူမဆို ကျောင်းတော်ရဲ့ များပြားတဲ့ အရင်းအမြစ်တွေကို ရမယ်ဆိုတာ ဘယ်သူမသိပဲနေလို့လဲ ဒီကိစ္စက ကျောင်းသားတိုင်းရဲ့ မျှော်လင့်ချက်ကြီးပါ။ ဒါကြောင့် သူတို့တွေ အရမ်းကို အာရုံစူးစိုက်မှုအပြည့်နဲ့ နားထောင်နေခဲ့ကြပါတယ်။ ကိုယ်နာမည်ကိုယ်ခေါ်လိုက်တာ မကြားရမှာကို အရမ်းစိုးရိမ်နေခဲ့ကြတယ်။

သုဝေ့လွမ်ကတော့ စာလွှာကြီးတစ်ခုကို ဖွင့်လိုက်ရင်း နာမည်တွေကို စတင်ကြော်ငြာပါတော့တယ်။

” စာမေးပွဲအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေအရ ကျောင်းတော်အနေနဲ့ ဒီကျောင်းတော်သားတွေကို အဓိက အတွင်းတပည့်သားအဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်….၀မ်သုန့် ရှောင်းရှောင်း ထိုက်ဟွပင်း ကျုးလု ကျိုးစီချန် ချိုက်ကျင်းရွှမ် လန်စုစု လန်လော့လော့ နင့်ထျန်းနဲ့ ၀ူဖုန်း ”

ချက်ချင်းဆိုသလို ဒီနာမည်တွေကို ကြားပြီးပြီချင် ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က တွေးလိုက်မိပါတယ်။ ဆရာရှောင်ယာ့ရဲ့ သတင်းအချက်အလက်တွေက မှန်ကန်နေတာပဲ။

သုဝေ့လွမ်အနေနဲ့ ၀မ်သုန့်နဲ့ ရှောင်းရှောင်းရဲ့ နာမည်ကို ပထမဆုံးခေါ်လိုက်တာကြောင့် သူတို့တွေက အတော်ကို စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့နာမည်ကို မခေါ်တဲ့အတွက် သူတို့တွေပိုပြီး ထိတ်လန့်သွားခဲ့ရတယ်။ အဲ့ဒီအစား ထိုက်ဟွပင်းဆီကိုသာ ရောက်ရှိသွားခဲ့တာပါ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟို့ယွိဟောင်က သူတို့ရဲ့ ခေါင်းဆောင်ပါ။

သုဝေ့လွမ် နာမည်ခေါ်တာရပ်သွားတဲ့အထိ သူတို့စိတ်ထဲမှာ ဟို့ယွိဟောင်ရဲ့နာမည်ကိုကြားဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ လန့်နေခဲ့တယ်။ ချက်ချင်းဆိုသလို သူ့နှလုံးသားတစ်ခုလုံး ဆွဲစုပ်ခံလိုက်ရသလို နာကျင်သွားခဲ့ပြီ မျက်နှာကလဲ ဖြူဖျော့လို့သွားပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ကို ၀င်ရောက်ပြီချိန်ကထဲကစပြီ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့တာပါ။ ဒါ့အပြင် မနားမနေအလုပ်လုပ်ရင်း ကိုယ့်ကိုကိုယ် တိုးတက်အောင်ကြိုးပမ်းခဲ့ပါတယ်။ တခြားသူတွေအနားယူနေချိန်မှာတောင် သူက ဆက်တိုက်ဆိုသလို လေ့ကျင့်နေခဲ့တယ်။ လူသစ်တွေရဲ့ ပြိုင်ပွဲစတင်ချိန်ကထဲကစပြီ သူ့အဖွဲ့သားတွေနဲ့အတူတူ တတ်နိုင်သလောက် ကြိုးစားအားထုတ်ရင်း အမြင့်ဆုံးအောင်ပွဲကိုလဲ ရရှိနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်များ သူ့ကို အဓိကအတွင်းတပည့်သားအဖြစ် မရွေးချယ်ရတာလဲ ဘာကြောင့်လဲ။

အပေါ်ယံမှာ ဟို့ယွိဟောင်ရဲ့ အမူအရာက အများကြီးမပြောင်းလဲသွားခဲ့ပေမဲ့ နှလုံးသားရဲ့အမှောင်ဘက်ခြမ်းကတော့ စတင်ထွက်ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီအရာတွေက သာမန်ကလေးငယ်တွေမရှိတဲ့အရာပါ။ ဒီအမှောင်ထုက ဆယ့်တစ်နှစ်လုံးလုံး စုစည်းထားခဲ့တဲ့အရာဖြစ်တာကြောင့် ထိုက်ဟွပင်းကို မြင်မြင်ချင်အချိန်မှာ စတင် ပေါက်ကွဲထွက်လာခဲ့ပါတယ်။ ဒါကို သူစိတ်အားတင်းပြီ ဖိနှိမ့်ထားနိုင်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ သူ့ကိုယ်သူ ထိန်းချုပ်မှုလွှတ်သွားသလို ခံစားနေခဲ့ရပါပြီ။ ဘာကြောင့်များ ဒီလိုသူ့ကိုလုပ်ရဲ့ကြတာလဲ နောက်ဆုံးမှာတော့ သုဝေ့လွမ်အနေနဲ့ ဟို့ယွိဟောင်အဖွဲ့လို့ပြောမဲ့အစား ၀မ်သုန့်အဖွဲ့လို့ ဆက်တိုက်ဆိုသလို ရည်ညွှန်ပြောဆိုနေခဲ့ရတဲ့အကြောင်းအရင်းကို နားလည်သွားခဲ့ပါပြီ။ သူတို့တွေ အစကထဲက အစီအစဥ်ချထားခဲ့ရတာပါ။

၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ဟို့ယွိဟောင်အနေနဲ့ ဘယ်လောက်ထူးထူးဆန်းဆန်းပြောင်းလဲနေတယ်ဆိုတာကို အသိဆုံးသူဖြစ်နေခဲ့တယ်။ ၀မ်သုန့်က ချက်ချင်းဟို့ယွိဟောင်ရဲ့ လက်မောင်းကိုကိုင်ရင်း နောက်တစ်ကြိမ် သူထပ်ပြီ စိတ်လွှတ်သွားမှာကို စိုးရိမ်နေခဲ့မိတယ်။ ဒါပေမယ့် ဘာပြောရမလဲတောင် သူကိုယ်တိုင်မသိခဲ့ပါဘူး။

သူနဲ့ ရှောင်းရှောင်း နှစ်ယောက်က အတွင်းတပည့်သားတွေ ဖြစ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က မဖြစ်ခဲ့ပါဘူး။ အခုအချိန်မှာ သူဘယ်လိုခံစားနေရမလဲ။

ဒီတစ်ကြိမ်မှာ သုဝေ့လွမ်က ဆက်ပြီပြောပါတယ်။

” တစ်ချို့ကျောင်းတော်သားတွေအနေနဲ့ လက်ရှိအချိန်မှာ အရည်အချင်းရော အရည်အသွေးရောအနည်းငယ်ချို့ယွင်းနေတာရှိပေမဲ့ သူတွေက ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်..ဒါကြောင့် ကျောင်းတော်အနေနဲ့ လက်ရှိအချိန်မှာ ဒီကျောင်းရဲ့စာသင်နှစ်မပြီးခင်အချိန်အထိ အဓိက အတွင်းတပည့်သားတွေရဲ့ အကျိုးရလဒ်ကိုယာယီခံစားစေဖို့အတွက် ဆုံးဖြတ်ပေးထားပါတယ်…အကယ်၍ သူတို့သာ နောက်နှစ်အတန်းတက်မဲ့ အခြေအနေမှာ အဆင့်ကျော်တိုးတက်နိုင်ပြီဆိုရင် ကျောင်းတော်သားအနေနဲ့ သူတို့ကို ထုံတမ်းစဥ်လာအရ အဓိကတပည့်သားအဖြစ် လုပ်ဖို့ဆုံးဖြတ်ပေးပါ့မယ်…အဲ့ဒီကျောင်းတော်သားတွေကတော့ အခုငါပြောပြမဲ့နာမည်တွေပါပဲ ဟို့ယွိဟောင် ချွေ့ရာကျီး ဟွမ်ချူထျန်း လုံရှန်းယွဲ့ နန်မန်ယွမ်အယ် အခုကြော်ငြာချက်က ပြီးဆုံးသွားပါပြီ ”

ဟို့ယွိဟောင်အကြည့်က စူးရှနေဆဲဖြစ်ပေမဲ့ ဒေါသကတော့ အတော်ကို လျော့ပါးသွားခဲ့ပါတယ်။ အမှန်ပါပဲ သူ့ရဲ့အရည်အချင်းက မပြည့်၀သေးပါဘူး။ အတွင်းတပည့်သားအဖြစ် ရွေးချယ်ခံထားရတဲ့လူတွေအားလုံးက အဆင့်နှစ်ဆယ့်အထက်ကို ကျော်လွန်ပြီ အဆင့်သုံးဆယ်နားကပ်နေတဲ့သူတွေပါ။ သူကတော့ အဆင့်နှစ်ဆယ့်တောင် မရောက်သေးပါဘူး။ နာကျင်တဲ့အကြည့်တစ်ချက်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာပါတော့တယ်။ ခေါင်းငုံ့ရင်းနဲ့ သူ့ရဲ့၀မ်းနည်းမှုကို စိတ်ထဲမှာသာ ဖုံးကွယ်လိုက်ပါပြီ။

၀မ်သုန့်နဲ့အတူတူ ပူးပေါင်းရင်း ပေါင်းစည်းစွမ်းရည်ကို ထုတ်လွှတ်နိုင်တာကြောင့်သာ မဟုတ်ရင် သူ့အနေနဲ့ အတွင်းတပည့်သားတွေရဲ့ ယာယီအခွင့်အရေးကို ရရှိဖို့လွယ်ကူမှာတောင် မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူကိုများ အပြစ်တင်လို့ရမှာလဲ။ လုံလောက်အောင်မသန်သေးတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရမှာပါ။ ဒါ့အပြင် သူ့ရဲ့ပထမ၀ိညာဥ်စက်ကွင်းကလဲ အားလုံးရဲ့မျက်လုံးထဲမှာ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းသာ ဖြစ်နေခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် နှစ်သိမ့်တဲ့အပြုံးတစ်ခုက ဟို့ယွိဟောင်ရဲ့နှုတ်ခမ်းပေါ်မှာ ပေါ်ထွက်လာခဲ့တယ်။ ဒါပေမယ့် ခေါင်းပြန်မော့လိုက်ချိန်မှာတော့ အဲ့ဒီအပြုံးက ပျောက်ကွယ်သွားခဲ့ပါပြီ။ အဲ့ဒီအစား အေးစက်မှုကသာ ပေါ်လာခဲ့တယ်။

” ယွိဟောင် အဆင်ပြေရဲ့လား ”

ဟို့ယွိဟောင်ကို ၀မ်သုန့်က မေးလာခဲ့တယ်။

ဟို့ယွိဟောင်ကတော့ ခေါင်းသာခါနေပြီး သူ့ကိုယ်သူ အားတင်းရင်း ​ပြုံးပြလိုက်ပါတယ်။

” ငါအဆင်ပြေတယ်..ငါက အတွက်းတပည့်သား ဖြစ်လာဖို့အရည်အချင်း မပြည့်မီသေးဘူးလေ….နောက်ဆုံးတော့လဲ အဆင့်ဆယ့်ခုနှစ်ပဲရှိသေးတဲ့ ၀ိညာဥ်ပညာရှင်ပဲ ဖြစ်နေသေးတယ်မလား “‘

၀မ်သုန့်က ခပ်မြန်မြန်ပဲ ပြန်ဖြေပါတော့တယ်။

” မဟုတ်ဘူး အဲ့ဒီလိုမဟုတ်ဘူး မင်းရဲ့အစွမ်းအစကို သူတို့မသိကြလို့ ”

ရှောင်းရှောင်းလဲ ဆက်တိုက်ခေါင်းညိတ်ရင်း ထောက်ခံနေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့အပြုံးက ပုံမှန်အနေအထားကို ဖြည်းဖြည်းချင်း ပြန်လည်ပြောင်းလဲသွားခဲ့ပါပြီ။

” ငါတကယ် အဆင်ပြေတယ်…ညွှန်ကြားရေးမှုးသု ပြောခဲ့တယ်မလား အနည်းဆုံးအဓိကအတွင်းတပည့်သားတွေအတိုင်း ငါလဲအကျိုးအမြတ်ရသေးတယ်လေ ဒါက မဆိုးပါဘူး..ငါဆက်ပြီကြိုးစားနေမယ်ဆိုရင် အနာဂတ်မှာ အတွင်းတပည့်သား ဖြစ်လာနိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲလေ ”

၀မ်သုန့်အနေနဲ့ ဟို့ယွိဟောင်ရဲ့ လက်ကိုကိုင်ထားရာကနေလွှတ်လိုက်ရင်းသက်ပြင်းသာချနေခဲ့မိပါတယ်။ ဟို့ယွိဟောင်နဲ့အတူတူ အချိန်အကြာကြီး အလုပ်လုပ်ခဲ့တဲ့အပြင် ပေါင်းစည်းစွမ်းရည်ကိုလဲ အဓိက ထုတ်သုံးခဲ့တဲ့ အပေါင်းအဖော်တွေ ဖြစ်နေခဲ့တယ်။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ အကျင့်စရိုက်တွေကို အတိုင်းအတာတစ်ခုအထိ သူနားလည်နေခဲ့ပါပြီ။ ဟို့ယွိဟောင်က အပေါ်ယံမှာ အေးဆေးတည်ငြိမ်ပြီ နူးညံ့တဲ့အသွင်သဏ္ဍာန်ရှိနေခဲ့ပေမဲ့ အရမ်းကိုခေါင်းမာတဲ့လူတစ်ယောက်ပါပဲ။ ဟို့ယွိဟောင်ရဲ့ နောက်ခံအကြောင်းကို ကြားပြီချိန်မှာ ၀မ်သုန့်အနေနဲ့ ဟို့ယွိဟောင် ဘာကြောင့်များ ဒီလောက်အထိ နှလုံးသားထဲမှာ နက်ရှိုင်းတဲ့ဒဏ်ရာတွေကို ဖုံးကွယ်ထားရင်း မယိုင်မလဲရှိနေလဲဆိုတာကို နားလည်လို့သွားပါတော့တယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့ကိုယ်ကူညီနိုင်ဖို့ မလွယ်ကူပါဘူး။ အကယ်၍ သူသာ နှလုံးသားထဲကအတိုင်း အတားအဆီးကို ဖြတ်ကျော်စေချင်တယ်ဆိုရင် ကိုယ့်ကိုတိုင်းသာ ပြောရမှာပါ။

အဲ့ဒီလောက် အတန်းခွဲတဲ့အခြေအနေက စတင် ဖြစ်ပေါ်လာပါတော့တယ်။ ပထမနှစ်ကျောင်းသားတွေကို အတန်းလေးတန်း ခွဲထားခဲ့တယ်။ အတန်းနံပါတ်တစ်ကတော့ တိုက်ခိုက်ရေးအမျိုးအစားတွေပါ။ ဒါ့အပြင် ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေကိုလဲ အတန်းနံပါတ်တစ်မှာ ထည့်ထားခဲ့ပါတယ်။ အတန်းနံပါတ်နှစ်ကတော့ ခုခံရေးနဲ့ အလျင်နှုန်းကို အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေ ဖြစ်နေပြီ အတန်းနံပါတ်သုံးကတော့ အထောက်အပံ့ပြုရင်း ၀ိညာဥ်ပညာရှင်တွေဖြစ်ပါတယ်။ နံပါတ်လေးကတော့ အစာအမျိုးအစားကုသရေးနဲ့ တခြားရှားပါးပြီ ပြိုင်ဘက်ကင်းတဲ့ ၀ိညာဥ်လက်နက်နဲ့ ၀ိညာဥ်ပစ္စည်းတွေကို အသုံးပြုတဲ့ ပညာရှင်တွေပါပဲ။

အသန်မာဆုံးကတော့ အတန်းနံပါတ်တစ်ဆိုတာ သိသာနေခဲ့ပါတယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့အားလုံးက အတန်းနံပါတ်တစ်မှာရောက်ရရှိသွားခဲ့ပါပြီ။ အတန်းနံပါတ်နှစ်မှာတော့ အသန်မာဆုံးကျောင်းသားက သေချာပေါက် ခုခံစစ်မှာ ပြိုင်ဘက်ကင်းတဲ့ ရှဲ့ဟွမ်ယွဲ့ပါပဲ။ သူ့ရဲ့အားကောင်းလွန်လှတဲ့ ရော်ဘာတုံးကြီးလိုခန္ဓာကိုယ်က ပြိုင်ဘက်ကင်းတဲ့ ခုခံရေးပစ္စည်းအဖြစ် ရှိနေခဲ့ပါတယ်။ အထောက်အပံ့စနစ် အတန်းမှာကတောာ့ အထောက်အပံ့၀ိညာဥ်ပညာရှင်တွေ ပါနေရုံတင်မကပဲ တိုက်ပွဲနဲ့ တိုက်ပွဲလက်နက်တွေကို အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေပါ ရှိနေခဲ့ပါတယ်။

ဥပမာကတော့ ရတနာခုနှစ်သွယ်ဘုံကျောင်းကို ပိုင်ဆိုင်ထာားတဲ့ နင့်ထျန်းပါ။ အတန်းနံပါတ်လေးအနေနဲ့ကတော့ များပြားလွန်လှတဲ့ ၀ိညာဥ်ပညာရှင်တွေအမျိုးမျိုး ရှိနေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် သူတို့က တိုက်ခိုက်ရေးစွမ်းအား သိပ်မရှိကြပါဘူး။ အဲ့ဒီအစား ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားပြီ ထူးခြားတဲ့အခြေအနေတစ်ခုကို ဖန်တီးနိုင်ပါတယ်။ အများစုကတော့ အစာ၀ိညာဥ်ပညာရှင်နဲ့ ကုသရေး၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။

ဒီလိုအတန်းခွဲပြီတဲ့နောက် အပေါ်အတန်းကြီးလာလေလေ လူနည်းလေးဖြစ်သွားမှာပါ။ ကျောင်းတော်ရဲ့ ထုတ်ပယ်တဲ့နှုန်းက အမြဲတမ်းအရမ်းကို မြင့်မားလေ့ရှိပါတယ်။ အပြင်နယ်မြေရဲ့ သင်ကြားမှုနဲ့ စစ်ဆေးမှုတွေကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီ အတွင်းနယ်မြေအထိကို ရောက်ရှိနိုင်တဲ့သူက တစ်နှစ်ကို အယောက်ငါးဆယ်မကျော်ပါဘူး။ နောက်တစ်နည်းပြောရမယ်ဆိုရင် လက်ရှိကျောင်းတော်သာ အယောက်သုံးရာမှာ နှစ်ဆယ့်ရာခိုင်နှုန်းကသာ အပြင်နယ်မြေကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မှာပါ။ ဒါ့အပြင် အရမ်းကို ရလဒ်ကောင်းဖို့လဲ လိုပါသေးတယ်။

အတန်းတွေခွဲပြီတဲ့နောက် ဆရာတွေက သူတို့ကိုယ်သူတို့မိတ်ဆက်ကြပါတော့တယ်။ ဟို့ယွိဟောင်တို့အတွက် သတင်းကောင်းကတော့ ကျိုးယိက အတန်းနံပါတ်တစ်မှာ သင်ကြားရမဲ့ဆရာဖြစ်နေခဲ့တာပါပဲ။ အတန်းတိုင်းမှာ ဆရာနှစ်ယောက်ရှိပြီ ဟို့ယွိဟောင်တို့အတန်းရဲ့အဓိကတာ၀န်ယူရမဲ့ဆရာကတော့ ၀မ်ယန်ပါ။ ဟို့ယွိဟောင်ကိုအများကြီး မျှော်လင့်ထားတဲ့ဆရာလဲဖြစ်နေခဲ့တယ်။

အတန်းကြီးတွေကိုသာ စာသင်ဖို့စိတ်ကူးရှိတဲ့ ၀မ်ယန်အနေနဲ့ ဒီနှစ်မှာတော့ ဟို့ယွိဟောင်အတွက် ကျိုးယိနဲ့အတူတူ အတန်းနံပါတ်တစ်ကို တွဲဖက်သင်ကြားဖို့ ရွေးချယ်ထားခဲ့ကြပါတယ်။ ဒါကိုကျိုးယိတောင် မသိခဲ့ပါဘူး။

” ကောင်းပြီ မင်းတို့ရဲ့ ဆရာအသစ်တွေနောက်ကို လိုက်ပြီ ကျောင်းသင်ကြားဆောင်တွေကို ပြန်ပြီသွားလိုက် ၀မ်သုန့်နဲ့ မင်းတို့သုံးယောက်ကတော့ ငါနောက်ကိုလိုက်ပြီ ဆုလာဘ်ကိုရယူ ”

သုဝေ့လွမ်က ကြော်ငြာလိုက်ပါတယ်။

ဟို့ယွိဟောင်ကတော့ အခုအချိန်မှာ အတော်လေးပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။ အနည်းဆုံးတော့ သူ့ရဲ့ စိတ်ခံစားချက်တွေပါ အပြင်ရုပ်သွင်က ပေါ်မလာတော့ပါဘူး။ သူတို့သုံးယောက်လဲ သုဝေ့လွမ်နောက်ကိုလိုက်ရင်း ဆရာတွေရဲ့ ရုံးခန်းဆီကို ရောက်သွားပါတောာ့တယ်။ အဲ့ဒီရုံးခန်းကတော့ အတန်းကြီးတွေရဲ့ သင်ကြားမှုအနောက်ဖက်မှာ တည်ရှိတာပါ။

သုဝေ့လွမ်ရဲ့ရုံးခန်းက အပေါ်ဆုံးထပ်မှာရှိနေခဲ့ပါတယ်။ ဒါ့အပြင် ကျိုးယိရဲ့အခန်းထက်တောင် အများကြီးပိုပြီး ကျယ်ပြန့်လို့နေခဲ့တယ်။ လှပတဲ့တန်ဆာဆင်ထားတာတွေ မရှိပေမဲ့ စာအုပ်စင်လေးခုတော့ အထဲမှာရှိနေခဲ့ပြီ များပြားတဲ့စာအုပ်တွေက အပြည့်ပါပဲ။

သုဝေ့လွမ်က ခုံကိုညွှန်ပြလိုက်ရင်း ပြောလိုက်ပါတယ်။

” အဲ့ဒီမှာထိုင်ကြ ဟို့ယွိဟောင် ဒီကိစ္စကြောင့် ငါမင်းကို ၀န်ထုတ်၀န်ပိုးမဖြစ်စေချင်ဘူး…မင်းလဲမြင်မှာပါ မင်းတစ်ယောက်ထဲတင်မဟုတ်ပဲ တခြားထိပ်တန်းအဖွဲ့ရဲ့ ကျောင်းသားတွေလဲ အဓိက အတွင်းတပည့်သား မဖြစ်နိုင်ခဲ့ကြဘူး ..မင်းရဲ့လုပ်ဆောင်ချက်က အရမ်းကိုကောင်းတယ်….အထူးသဖြင့် ၀မ်သုန့်ကို ကူညီပြီး ပေါင်းစည်းစွမ်းရည်ကို ထုတ်လွှတ်နိုင်တာက တကယ်ကို ရှားပါးတဲ့ကိစ္စပဲ ဒါပေမယ့် မင်းတစ်ယောက်ထဲရဲ့စွမ်းအားကတော့ တိုးတက်အောင်လုပ်ဖို့လိုဦးမယ်…ဒုတိယ၀ိညာဥ်စက်ကွင်းကို လိုလာခဲ့ရင်း ကျောင်းတော်ကို အကူအညီတောင်းပြီ ရှာဖွေလို့ရတယ်…အကယ်၍ ဒုတိယနှစ်ကို တက်မဲ့အတန်းမှာ ကောင်းကောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် ကျောင်းတော်အနေနဲ့ မင်းကို အဓိကအတွင်းတပည့်သားအဖြစ် လက်ခံဖို့စဥ်းစားမှာပါ ”

၀မ်သုန့်က ပြောလာခဲ့ပါတယ်။

” ညွှန်ကြားရေးမှုးသု အဲ့ဒါက ဒီလိုမဟုတ်ဘူး ဟို့ယွိဟောင်က ကျွန်တော်ကို ကူညီပေးနေတာမဟုတ်လူး အဲ့ဒါက ”

ဒီတစ်ကြိမ်မှာ သုဝေ့လွမ်က သူ့ကိုတားဆီးလိုက်ပါတယ်။ သုဝေ့လွမ်ရဲ့ အမြင်မှာတော့ ဒီကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကာကွယ်ဖို့အတွက် ဟန်ပြရှင်းပြနေတာပါပဲ။

ဟို့ယွိဟောင်ကလဲ ၀မ်သုန့်ရဲ့ အင်္ကျီလက်ကိုသွားပြီ ဆွဲလိုက်ပါတယ်။ အဲ့ဒီနောက် သုဝေ့လွမ်ကို တလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။

” ညွှန်ကြားရေးမှုးသု ကျွန်တော်သေချာပေါက် ကြိုးစားပါ့မယ်…ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါပဲ ”

အပိုင်း ၃၂•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset