အပိုင်း ၃၂•၃
” ဆုလာဘ်တွေနဲ့ အတွင်းတပည့်သား ”
°°°
” ကောင်းပါပြီ အစ်ကိုကြီး ”
ဟို့ယွိဟောင်က ချက်ချင်းပြန်ဖြေလိုက်ပါတယ်။ သူ့မှာ ကိုယ်ပိုင်အစီအစဥ်ရှိနေပြီသားပါ။ ရွေ့လျား၀ိညာဥ်လက်နက်တွေရဲ့ အစွမ်းအစကို ပထမဆုံးမြင်တွေ့ချိန်ကထဲက စတင်ပြီ ၀ိညာဥ်လက်နက်တွေအပေါ် သူ့ရဲ့စိတ်၀င်စားမှုက တိုးမြင့်လာခဲ့ပါတယ်။ ဒါ့အပြင် လက်စားချေရမဲ့ ပစ်မှတ်က အရမ်းကို သန်မာတာကြောင့် တတ်နိုင်သလောက်အင်အားကို စုစည်းထားဖို့ လိုအပ်တယ်။ ၀ိညာဥ်လက်နက်တွေကို မသင်ကြားပဲနဲ့ သူတို့တွေရဲ့ အစွမ်းအစကို ဘယ်လိုများ ရှင်းရှင်းလင်းလင်း သိနိုင်မှာလဲ။
အခုအချိန်မှာ သူမသိနိုင်သေးပေမဲ့ သိပ်မဝေးတော့မဲ့ အနာဂတ်မှာ သက်သေပြနိုင်မယ်ဆိုတာကို သိနေခဲ့တယ်။ ၀ိညာဥ်လက်နက်တွေကို သင်ကြားမှုက သူ့အတွက် တံခါးကြီးတစ်ချက်ကို ဖွင့်ပေးတာနဲ့အတူတူပါပဲ။
ထန်ယာ့က ပြောလာခဲ့ပါတယ်။
” အခုငါတွေးထားတာရှိတယ်…အကယ်၍ ယွိဟောင်အနေနဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေမှာ လေ့ကျင့်ချင်တယ်ဆိုရင်တောင် လုပ်လို့ရသေးမှာမဟုတ်ဘူး…ဒါ့အပြင် လူသစ်တွေရဲ့ စာမေးပွဲအတွက် ရလာမဲ့ဆုလာဘ်တွေက ထပ်ရှိနေသေးတယ်.. ပြဿနာကတော့ သိပ်မရှိပါဘူး ..ယွိဟောင်အနေနဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းထဲ မ၀င်နိုင်ဘူးဆိုရင် လက်ရှိအချိန်မှာ သေချာပေါက် လေ့ကျင့်ထားသင့်တယ် ”
ဟို့ယွိဟောင်က မျက်လုံးပြူးသွားခဲ့ပါတယ်။
” ဆရာရှောင်ယာ့ ဘာဖြစ်လို့ကျွန်တော်က ၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကို ၀င်လို့မရတာလဲ ”
ထန်ယာ့က ပြန်ဖြေလိုက်ပါတယ်။
” လူသစ်တွေရဲ့ စာမေးပွဲမှာ ပေးမဲ့ဆုလာဘ်က ဘာလဲဆိုတာ မသိကြဘူးလား ”
ဆုလာဘ်ဆိုတဲ့စကားကို ကြားချိန်မှာ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့ မျက်လုံးတွေက တောက်ပလာပါတယ်။ သူတို့တွေက အရမ်းကို ငယ်ရွယ်နေတာကြောင့် လိုချင်တဲ့ စိတ်ဆန္ဒနဲ့ တက်ကြွမှုတွေကို မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်က လောကနံပါတ်တစ်ကျောင်းတော်ပါ။ ဒါ့အပြင် သူတို့က လူသစ်တွေရဲ့ စာမေးပွဲမှာ ချန်ပီယံဖြစ်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဆုလာဘ်တွေက သေချာပေါက် ကောင်းမွန်နေခဲ့မှာပါ။
၀မ်သုန့်က စိတ်မရှည်လက်မရှည်နဲ့ မေးလိုက်ပါတယ်။
“ဆရာရှောင်ယာ့ ကျွန်တော့တို့ရမဲ့ဆုလာဘ်တွေက ဘာတွေလဲ ”
ဟို့ယွိဟောင်လိုပဲ ရှောင်ယာ့ကို သူက ဆရာလို့ခေါ်ပါတယ်။
ထန်ယာ့က ပြန်ဖြေလိုက်တယ်။
” တစ်နှစ်နဲ့တစ်နှစ် ဆုလာဘ်တွေက မတူညီဘူး..ဒါပေမယ့် ယေဘုယျအားဖြင့်တော့တူပါတယ်…ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင် အဲ့ဒီဆုလာဘ်တွေကို လူသစ်တွေရဲ့ အရည်အချင်းအရ ပေးကြတယ် ..အရင်နှစ်တွေကိုတော့ ငါမသိပေမဲ့ ငါကြုံခဲ့ရတဲ့နှစ်တွေမှာ ၀ိညာဥ်အကြီးအကဲတစ်ယောက်စာမေးပွဲခန်းတွေ ရှိနေတာ တစ်ခါမှမမြင်ဖူးဘူး ဒါ့အပြင် ၀ိညာဥ်အကြီးအကဲတွေ အများကြီးရှိတဲ့ နှစ်ကလဲ ဒီနှစ်ကပထမဆုံးပဲ ဒါကြောင့် သေချာပေါက်ရမဲ့ ဆုလာဘ်က အတော်ကို ကောင်းလိမ့်မယ်….တစ်ခုသေချာကတော့ ဒီတစ်ခေါက်ရမဲ့ဆုလာဘ်တွေထဲမှာ အဓိက တပည့်သား အတွင်းတပည့်သားဖြစ်လာဖို့ အခွင့်အရေးလဲ ပါနေလိမ့်မယ် ”
သူတို့တွေ ဒီအရာကို ပထမဆုံးကြားဖူးတာမဟုတ်ပါဘူး။ ဆရာကျိုးယိက အရင်ကထဲကပြောထားပြီးသားပါ။
ထန်ယာ့က ခေါင်းညိတ်လိုက်ပါတယ်။
” လူသစ်တွေရဲ့စာမေးပွဲမှာ ချန်ပီယံဖြစ်လာပြီဆိုတော့ သိုင်းပညာ၀ိညာဥ််အသက်မွေး၀မ်းကြောင်းရဲ့ အဓိကတပည့်သားဖြစ်ဖို့ ပြဿနာမရှိတော့မှာ မဟုတ်ပါဘူး…ဒါပေမယ့် သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းရဲ့ အတွင်းတပည့်သား ဖြစ်လာခဲ့ပြီဆိုရင် ကျောင်းတော်က မင်းတို့အားလုံးကို အရင်းအမြစ်တွေလဲပိုပြီးပေးလိမ့်မဲ့အပြင် ၀ိညာဥ်ပညာရှင်တွေရဲ့ ခရီးလမ်းမှာ ပိုမိုသန်မာလာစေဖို့အတွက် ဆက်တိုက်ဆိုသလို ဖြည့်စည်းပေးဦးမယ်…ဒါကြောင့်သာ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းက မင်းတို့ကို ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်း ကျောင်းထဲ၀င်ခွင့်ပြုမှာမဟုတ်ဘူး… နောက်ဆုံးတော့လဲ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းက အမြဲတမ်းငါတို့ကို ကျောင်းမှာဦးဆောင်နေတာမလား ”
ဒီတစ်ကြိမ်မှသာ ပေ့ပေ့ပြောချင်တာကို သူတို့နားလည်သွားပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ အတွင်းတပည့်သားတွေ နေတိုင်းစားသောက်ရတဲ့ အရသာရှိလွန်လှတဲ့ အစားအသောက်တွေအကြောင်း ပြန်တွေးတောမိရင်းနဲ့ကို စိတ်ထဲမှာ ပျော်ရွှင်လာခဲ့ရပါပြီ။
ပေ့ပေ့က ဟို့ယွိဟောင်ကိုကြည့်နေရင်း သူ့မျက်လုံးထဲမှာတော့ စိုးရိမ်တွေကပေါ်နေခဲ့ပါတယ်။ အခုအချိန်ထိ သူထုတ်မပြော၀ံ့သေးပါဘူး။ အဲ့ဒီအစား စိတ်ထဲမှာသာ တွေးတောရင်း ဒီကိစ္စက ဖြစ်မလာနိုင်ဘူးလို့သာ ပြောနေခဲ့ပါတယ်။
လှပပြီ တောက်ပနေတဲ့ မနက်ခင်းတစ်ခုမှာ ကျောင်းတော်ကြီးတစ်ခုလုံးကတော့ အရမ်းကို အားကောင်းသန့်စင်တဲ့ စွမ်းအင်တွေနဲ့ ဖုံးလွှမ်းလို့နေပါတော့တယ်။ ပင်လယ်နတ်ဘုရားရေကန်ရဲ့ တည်ရှိမှုကြောင့်ကျောင်းတော်ရဲ့ လေထုအခြေအနေက သန့်ရှင်းစင်ကြယ်ပြီ အတော်ကို စိုစွတ်လွန်လှတယ်။ ဒါ့အပြင် စာမေးပွဲအောင်တဲ့ ကျောင်းသားတွေအားလုံးကလဲ ရင်ပြင်ကျယ်ကြီးမှာ စုဝေးနေခဲ့ကြပါပြီ။ သူတို့တွေက အတန်းကို ရွေးချယ်ဖို့စောင့်ဆိုင်နေခဲ့ပါတယ်။
သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းရဲ့ ညွှန်ကြားရေးမှုးဖြစ်တဲ့ သုဝေ့လွမ်ကတော့ အခုအချိန် ရင်ပြင်ကျယ်ကြီးရဲ့ အရှေ့ကို လျှောက်လာခဲ့ပါတယ်။ သူ့ဘေးနားမှာတော့ ဆရာဆယ့်ယောက်ကျော်ရှိနေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ ဆရာနှစ်ယောက်ကိုသာသိတာပါ။ အဲ့ဒါကတော့ ဆရာကျိုးယိနဲ့ ဆရာ၀မ်ယန်ပါပဲ။
သုဝေ့လွမ်က လက်ထဲမှာစာလွှာတစ်ခုကို ကိုင်ထားရင်း ကျောင်းသားတစ်ချို့ကိုကြည့်ပြီ ပြုံးနေခဲ့ပါတယ်။
“ဒီအကြောင်းကို ကျောင်းသားတွေအားလုံး သိပြီးမှာပါ ဒါပေမယ့် လူသစ်တွေရဲ့ ပြိုင်ပွဲမှာ ရှုံးထွက်ပြိုင်ပွဲက အခုပြီးဆုံးသွားပါပြီ ထိပ်တန်းသုံးနေရာကိုလဲ ဆုံးဖြတ်ပြီးပြီ ဒါကြောင့် ထိပ်တန်းအဖွဲ့သုံးဖွဲ့ကို ဆုတွေလက်ခံရယူစေဖို့အတွက် ကြော်ငြာပေးမှာပါ လူသစ်တန်းတွေရဲ့ တတိယနေရာကို ဟွမ်ချူထျန်းအဖွဲ့က ရရှိသွားပါတယ်…အဖွဲ့သားတွေကတော့ ဟွမ်ချူထျန်း လန်စုစုနဲ့ လန်လော့လော့တို့ပါ ကျေးဇူးပြုပြီ အရှေ့ကိုထွက်လာခဲ့ပါ ”
အမှန်ပါပဲ ဟို့ယွိဟောင်တို့အဖွဲ့ အစောပိုင်းတုန်းက ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ ဟွမ်ချူထျန်းတို့အဖွဲ့က ရှုံးထွက်ပွဲစဥ်တွေမှာ တတိယနေရာကို ရရှိခဲ့ပါတယ်။ သူတို့က ထိုက်ဟွပင်းတို့အဖွဲ့ကို အကြိုဗိုလ်လုပွဲမှာ ရှုံးခဲ့တာကြောင့် တတိယနေရာကို ရရှိပြီ ကျိုးစီချန်တို့အဖွဲ့ကိုလဲ အနိုင်ရခဲ့ပါတယ်။ တကယ်တော့ သူတို့တွေ အရမ်းကံကောင်းသွားတာပါ။ ပြိုင်ပွဲမှာ ကျိုးစီချန်နဲ့ လန်ညီအစ်မတို့က သူတို့ပေါင်းစည်းစွမ်းရည်ကို အသုံးပြုပြီး ပြိုင်ဘက်ကို အနိုင်ရနိုင်ခဲ့ပါတယ်။ မဟုတ်ရင် တစ်ယောက်ထဲစွမ်းအားနဲ့ကတော့ အနိုင်ရဖို့မလွယ်ပါဘူး။
သူတို့သုံးယောက်က သုဝေ့လွမ်အရှေ့ကို လျှောက်လာခဲ့ပါတယ်။ ငယ်ရွယ်တဲ့မျက်နှာတွေကတော့ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့တယ်။ တတိယနေရာကို ရပြီတဲ့နောက် သူတို့ရဲ့ပျော်ရွှင်မှုက အရမ်းကို တက်ကြွစိတ်လှုပ်ရှားနေခဲ့ပါပြီ။
ပထမနှစ်ကျောင်းတော်သားတွေကလဲ သူတို့ကို ကျယ်ကျယ်လောင်လောင် ချီးကျူးပါတော့တယ်။
ရှုံးထွက်ပွဲစဥ်တွေ ပြီးတဲ့နောက် ပထမနှစ်ကျောင်းသားတွေ တက်ရောက်ရမဲ့နေရာမှာ ကျောင်းသားသုံးရာသာ ကျန်ရှိတော့တာပါ။ နှစ်စစချင်တုန်းက ရှိခဲ့တဲ့အရေအတွက်နဲ့ ယှဥ်မယ်ဆိုရင် သုံးပုံ တစ်ပုံသာကျန်ပါတော့တယ်။
” ဒုတိယနေရာကတော့ ထိုက်ဟွပင်းတို့အဖွဲ့ပါ အဖွဲ့၀င်တွေကတော့ ထိုက်ဟွပင်း ကျုးလုနဲ့ ချွေ့ရာကျီး အရှေ့ကို ထွက်လာခဲ့ပါ ”
နောက်တစ်ကြိမ် ချီးမွမ်းသံတွေ ထွက်ပေါ်လာခဲ့ပြန်တယ်။ ဒါပေမယ့် ထိုက်ဟွပင်းတို့အဖွဲ့ကတော့ အရှေ့ကိုလျှောက်လာချိန်မှာ မပျော်နိုင်ကြပါဘူး။ အထူးသဖြင့် ထိုက်ဟွပင်းရဲ့ မျက်နှာက တိမ်ဖုံနေသလိုမျိုးကို မကြည်မသာဖြစ်နေခဲ့ပါတယ်။ ခေါင်းလဲငုံ့နေခဲ့ပြီ စိတ်ထဲမှာ တစ်စုံတစ်ရာကို တွေးတောနေခဲ့တယ်။ မျက်လုံးတွေကလဲ နီရဲနေဆဲပါ။
တခဏတာကြာပြီတဲ့နောက် သုဝေ့လွမ်က ပိုကျယ်လောင်တဲ့အသံနဲ့ စတင်စကားပြောပါတော့တယ်။
” အခုကြော်ငြာမှာကတော့ လူသစ်တွေရဲ့ စာမေးပွဲပထမနေရာကို ရရှိသွားတဲ့ ချန်ပီယံတွေပါ အဲ့ဒါကတော့ ၀မ်သုန့်တို့အဖွဲ့ပါပဲ ..အဖွဲ့၀င်တွေက ၀မ်သုန့် ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင် ”
နောက်တစ်ကြိမ် အော်ဟစ်သံတွေက ထပ်မံထွက်ပေါ်လာပြန်တယ်။ ဒါပေမယ့် ဟို့ယွ်ိဟောင်တို့သုံးယောက်အဖွဲ့ကတော့ သုဝေ့လွမ်ရဲ့ ကြော်ငြာစကားကိုကြားချိန်မှာ မျက်လုံးပြူးသွားခဲ့တယ်။ အဖွဲ့နံပါတ်တစ်ရဲ့ ပုံမှန်အနေအထားအရဆိုရင် သူတို့အဖွဲ့က ဟို့ယွိဟောင်အဖွဲ့လို့ ခေါ်ရမှာပါ။ ဒါ့အပြင် ဟို့ယွိဟောင်ကလဲ အဖွဲ့ခေါင်းဆောင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူတို့သုံးယောက်ကတော့ ကျောင်းသားတွေကြည့်နေခဲ့တာကြောင့် အရှေ့ကိုထွက်လာခဲ့ရပြန်ပါပြီ။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ နောက်ကိုဆုတ်နေခဲ့ရင်း ဟို့ယွိဟောင်ကို ဦးဆောင်ခွင့်ပြုထားခဲ့တယ်။
သူတို့သုံးယောက် ဟို့ယွိဟောင်ကိုအလယ်မှာထားပြီ ဦးဆောင်စေတဲ့ပုံစံကိုကြည့်ရင်း သုဝေ့လွမ်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့ပါတယ်။ ဟို့ယွိဟောင်က ထိုက်ဟွပင်းကို ကြည့်နေခဲ့ပေမဲ့ ထိုက်ဟွပင်းကတော့ ၀မ်သုန့်ကိုသာ စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ရှုံးနှိမ့်မှုက ဟို့ယွိဟောင်နဲ့ဆိုင်မယ်လို့ထင်ပုံမပေါ်ပါဘူး။
သုဝေ့လွမ်က ပြောလိုက်ပါတယ်။
” ကောင်းပြီ ထိပ်တန်းအဖွဲ့သုံးယောက်ရဲ့ ဆုလာဘ်တွေကို ငါကြော်ငြာပေးမယ်…ပထမဆုံးအနေနဲ့ အဖွဲ့သုံးဖွဲ့စလုံးရဲ့ အဖွဲ့၀င်တွေက ကျောင်းတော်ဆီကနေ ဆုလာဘ်ကို ရရှိလိမ့်မယ်…ဒါ့အပြင် အားလုံးကလဲ ၀ိညာဥ်စက်ကွင်းတစ်ကွင်းကို ရယူနိုင်ဖို့အတွက် ကျောင်းတော်ရဲ့အကူအညီကို တောင်းဆိုခွင့်ရှိတယ်…ဒါ့အပြင် သင့်တော်တဲ့၀ိညာဥ်စက်ကွင်းကိုလဲ ရယူနိုင်ခွင့်ရှိပါ့မယ် ”
သူပြောပြီတာနဲ့ ပထမနှစ်ကျောင်းသားတွေအားလုံးက အထိတ်တလန့်ဖြစ်ကုန်ကြပါတော့တယ်။ ကျောင်းတော်အနေနဲ့ သူတို့နောက်ရမဲ့၀ိညာဥ်စက်ကွင်းကို ယူဆောင်ပေးမယ်လို့ ကတိပေးတာက တကယ်ကို ထူးချွန်တဲ့ကိစ္စပါ။ အကယ်၍ ဟို့ယွိဟောင်သာ ဒုတိယ၀ိညာဥ်စက်ကွင်းကို နှစ်ခုနှစ်ရာ၀ိညာဥ်စက်ကွင်းအထိ တောင့်ခံနိုင်နေမယ်ဆိုရင် ကျောင်းတော်က သူနဲ့သင့်တော်တဲ့ နှစ်ခုနှစ်ရာ၀ိညာဥ်စက်ကွင်းကို ရှာပေးမှာပါ။ ဒါက ထိပ်တန်းကျောင်းတော်သားတွေအားလုံးအတွက် အတူတူပါပဲ။ ဒီဆုလာဘ်က အရမ်းကို တန်ဖိုးကြီးပါတယ်။
အပိုင်း ၃၂•၃ ပြီး၏။