Switch Mode

Chapter – 32.1

ဆုလာဘ်နဲ့ အတွင်း တပည့်သားတွေ

အပိုင်း ၃၂•၁

” ဆုလာဘ်နဲ့ အတွင်းတပည့်သား ”
°°°
ဒါပေမယ့် သုဝေ့လွမ်ကတော့ ကြီးမားတဲ့ စိတ်ပိုင်ဆိုင်ရာ လှုပ်ရှားမှုမျိုးတွေကို အပြင်နယ်မြေ အုပ်ချုပ်စဥ်ကာလမှာ ဆက်တိုက်ဆိုသလို ကြုံတွေ့နေခဲ့ရတာပါ။ တခဏတာကြာအောင် စိတ်ဖိစီးနေပြီတဲ့နောက် ခပ်မြန်မြန်ပဲ စိတ်ကိုပြန်ထိန်းလိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့မျက်နှာပေါ်မှာတော့ အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။

” မင်းတို့တွေအားလုံးက တကယ်ထူးချွန်ကြတယ်လို့ ငါပြောရမှာပဲ မင်းတို့ရဲ့ ပေါင်းစည်းစွမ်းရည်ကို အထင်သေးလျှော့တွက်မိလိုက်တဲ့အတွက် ငါတကယ်ကို မျက်နှာပျက်ခဲ့ရပါတယ်..ဒီလိုငါရဲ့အမှားအယွင်းအတွက် ဘယ်သူမှ မြင့်တင်ပေးလို့မရဘူး ဒါ့အပြင် မင်းတို့အားလုံးက နောက်ကျောဗလာကြီးကို မြင်လိုက်ရတဲ့အတွက်လဲ ငါမင်းတို့ကို ကြည့်ခိုင်းတာလဲမကောင်းပါဘူးလေ ”

သူပြောပြီချိန်မှာပဲ ရယ်သံတွေက ထွက်ပေါ်လာပါတော့တယ်။ သုဝေ့လွမ်က အရမ်းကို ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဆိုတာ ၀န်ခံရမှာ အမှန်ပါ။ ရိုးရှင်းတဲ့ စကားလေးတစ်ချို့နဲ့ သူ့ရဲ့မျက်နှာပျက်စရာကိစ္စကို ဖြေရှင်းနိုင်လိုက်ပါပြီ။ အပေါ်မှာရှိနေခဲ့တဲ့ ဆရာတွေတောင်မှသူ့ကို စိတ်ထဲကနေ ချီးကျူးနေခဲ့မိပါတယ်။ အကယ်၍ သူတို့သာ ဒီလိုအခြေအနေမျိုးကို ရောက်သွားခဲ့မယ်ဆိုရင် သုဝေ့လွမ်လို အေးအေးဆေးဆေး နေနိုင်ပါ့မလား။

သုဝေ့လွမ်က ဆက်ပြောလိုက်တယ်။

” ငါရှင်းရှင်းလင်းလင်း ပြောမပြတာကြောင့် အားလုံးရဲ့စိတ်ထဲမှာ သံသယရှိနေမှာကို ငါသိနေပါတယ်..ပထမဆုံးအနေနဲ့ ငါ့ရဲ့ အရင်စကားကို အတည်ပြုပါရစေ ငါလုံး၀ကို ပြောတာမမှားဘူး နောက်ဆုံးအနိုင်ရတဲ့သူတွေက ၀မ်သုန့် ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင်တို့ပဲ သူတို့ရဲ့ ထူးခြားတဲ့လှုပ်ရှားမှုက ဒီနေ့နောက်ဆုံးပြိုင်ပွဲကို အနိုင်ရသွားစေခဲ့တယ်…ဒါ့အပြင် သေချာပေါက် ဒီနေရာအတွက် ထိုက်တန်လွန်တဲ့သူတွေပဲ ”

အစောပိုင်းကြော်ငြာမှုကို ပြန်ပြောလိုက်တဲ့အတွက် ဟို့ယွိဟောင်တို့အဖွဲ့က မျက်နှာမပျက်ပေမဲ့ ထိုက်ဟွပင်းတို့အဖွဲ့က တော့ အတော်လေးကို မျက်နှာပျက်နေခဲ့ပါပြီ။

သုဝေ့လွမ်က ဆက်ပြောပါတယ်။

” အားလုံးပဲ အစောပိုင်းဖြစ်ခဲ့တဲ့ကိစ္စကို မြင်လိုက်မှာပါ ဆရာတစ်ယောက်အနေနဲ့ လူသစ်ရဲ့ပြိုင်ပွဲမှာ သေဆုံးမှုကို ကာကွယ်ဖို့ကို ငါ အစွမ်းကုန်လုပ်ရပါတယ်…ဒါ့အပြင် နှစ်ဖက်စလုံးကလဲ ပေါင်းစည်းစွမ်းရည်ကို အသုံးပြုထားတာကြောင့် ကျောင်းအုပ်နှစ်ယောက်ရဲ့ရှေ့မှာတောင် အမြင်တစ်ခုထဲနဲ့ ဒီပြိုင်ပွဲရဲ့အနိုင်အရှုံးကို ဆုံးဖြတ်ဖို့က မလွယ်ကူခဲ့ပါဘူး…ဒါကြောင့် ငါလဲရွေးချယ်စရာမရှိပဲ တိုက်ခိုက်မှုနှစ်ခုကို ငါခန္ဓာကိုယ်နဲ့ လက်ခံပြီ အင်အားကို ဆုံးဖြတ်ရပါတယ်…ငါသိပါတယ် ထိုက်ဟွပင်းနဲ့ ကျုးလုတို့ရဲ့ ငရဲဘုံကျားဖြူကြောင့် ငါဒဏ်ရာရသွားခဲ့တာ ဖြစ်တာကြောင့် သူတို့အနိုင်ရသင့်တယ်မလား…ဒါပေမယ့် မင်းတို့အားလုံးကို မေးပါရစေလား ၀ိညာဥ်သော့်လော့တစ်ယောက်အနေနဲ့ ငါ့ရဲ့ ခုခံနိုင်စွမ်းက အဲ့ဒီလောက် အားနည်းတာလား သူတို့တွေက ပေါင်းစည်းစွမ်းရည်ကိုသုံးနေရင်တောင် ၀ိညာဥ်အကြီးအကဲနဲ့ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်ရဲ့ပေါင်းစည်းစွမ်းရည်ပဲလေ…အကယ်၍ ငါတို့သာ တိုက်ရိုက်ထိခိုက်အောင်လုပ်မယ်ဆိုရင် ငါအနေနဲ့ ကျောင်းရဲ့ညွှန်ကြားရေးမှုးနေရာကနေ သေချာပေါက် အလုပ်ထွက်သင့်ပြီပေါ့ ”

ထိုက်ဟွပင်းရဲ့ မျက်လုံးထဲက မကျေနပ်မှုတွေနဲ့ ဒေါသတွေက သုဝေ့လွမ်ရဲ့စကားတွေကို ကြားချိန်မှာ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။အမှန်ပါပဲ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းကိုပိုင်ထားတဲ့ ၀ိညာဥ်သော့်လော့က ဘယ်လိုများ သူတို့ရဲ့ ပေါင်းစည်းစွမ်းရည်လောက်နဲ့ ဒဏ်ရာရအောင်လုပ်တဲ့သူဖြစ်မှာလဲ ဒါက လုံး၀ကို မသင့်တော်တဲ့အရာပါ။

သုဝေ့လွမ်က ဆက်ပြောပါတယ်။

” ဒီလိုနည်းနဲ့ မေးခွန်းရဲ့အဖြေကို အားလုံးကို ခန့်မှန်းမိလောက်ပါပြီ ​မြေအောက်ငရဲဘုံရဲ့ ကျားဖြူက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ နောက်ထပ် ပေါင်းစည်းစွမ်းရည်တစ်ခုကို ငါခံယူလိုက်ရလို့ပါပဲ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ရဲ့ ပေါင်းစည်းစွမ်းရည်ကို ငါနာမည်မသိသေးဘူး မင်းတို့ ပေါင်းစည်းစွမ်းရည်ရဲ့ အင်အားကို ကိုယ်တိုင်လက်ခံယူခဲ့တဲ့လူတစ်ယောက်အနေနဲ့ ဒီနာမည်ကို သိခွင့်ရဖို့အရည်အချင်း ပြည့်မီနိုင်မလား “‘

၀မ်သုန့်က ရယ်မောလိုက်ပါတယ်။

” ဆရာသုက ကျွန်တော်တို့ရဲ့ စွမ်းရည်ကို ပထမဆုံးလက်ခံတဲ့သူပါပဲ ကျွန်တော်တို့လဲ တကယ်တိုက်ပွဲအစစ်မှာ သုံးတာပထမဆုံးအကြိမ်ပါပဲ ”

သုဝေ့လွမ်ကတော့ လန့်သွားခဲ့သလို ပြန်ပြီပြောလာခဲ့ပါတယ်။

” ပထမဆုံး စမ်းသပ်ခံရတဲ့သူဖြစ်ခဲ့တဲ့အတွက် တကယ်ကို ၀မ်းမြောက်ဂုဏ်ယူပါတယ်….ဒါဆိုရင် နာမည်ကို သိခွင့်ရှိနိုင်မလား “‘

၀မ်သုန့်က ခေါင်းညိတ်လိုက်တယ်။

” ဒါပေါ့ ယွိဟောင် ပြောလိုက် “‘

ဟို့ယွိဟောင်ကလဲ ထိုက်ဟွပင်းကို စိုက်ကြည့်နေရင်း ပြောလာခဲ့ပါတယ်။

” ကျွန်တော်တို့ရဲ့ ပေါင်းစည်းစွမ်းရည်က ညိုးနွမ်းနယ်မြေထဲက ရွှေရောင်လမ်းလို့ခေါ်ပါတယ် “‘

သုဝေ့လွမ်က ကြည့်နေရင်း ထိတ်လန့်သွားခဲ့တယ်။ တကယ်တော့ သူနဲ့ ဟို့ယွိဟောင်ကြားမှာ မီတာသုံးဆယ်ရှည်လျားပြီ မီတာ၀က်လောက်နက်တဲ့ အက်ကွဲကြောင်းတစ်ခုက ဖြစ်ပေါ်ခဲ့တာကြောင့်ပါ။ ဒါ့အပြင် အဲ့ဒီလမ်းတစ်လျှောက်မှာ ရွှေရောင်အလင်းတန်းက ဆက်တိုက်ထွက်ပေါ်နေခဲ့ပါသေးတယ်။

အစောပိုင်းတုန်းက အပေါ်မှာရပ်နေခဲ့တဲ့ ဆရာတွေလဲ တိုက်ပွဲအခြေအနေကိုသာ ကြည့်နေခဲ့ကြတဲ့အတွက် ဟို့ယွိဟောင်ပြောမှသာ ဒီရွှေရောင်လမ်းကို တွေ့မြင်ခဲ့တာပါ။ ဒီရွှေရောင်လမ်းကြောင်းက သုဝေ့လွမ်ရပ်နေတဲ့နေရာမှာ အဆုံးသတ်သွားခဲ့တာပါ။

သုဝေ့လွမ်လဲ ခေါင်းညိတ်လိုက်တယ်။

” ငါတကယ်ကို အသိအမှတ်ပြုရမှာပဲ မင်းတို့ရဲ့ ပေါင်းစည်းစွမ်းရည်က ငါမြင်ဖူးသမျှထဲမှာ တကယ်ကို အထူးခြားဆုံးပဲ ဒါ့အပြင် မင်းတို့နှစ်ယောက်ပေါင်းစည်းပြီ ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက ငါလေ့လာထားသမျှ ပေါင်းစည်းစွမ်းရည်အစွမ်းအစထက်ကို ပိုပြီး ကျော်လွန်နေသေးတယ်..မင်းတို့ရဲ့ ပေါင်းစည်းနိုင်တဲ့ လိုက်ဖက်မှုအရည်အသွေးက တကယ်ကို မြင့်မားမယ်ဆိုတာ ငါယုံကြည်ပါတယ် “‘

အဲ့ဒီနောက် ထိုက်ဟွပင်းတို့အဖွဲ့ကို သူလှည့်ကြည့်ပြီ ပြောလိုက်ပါတယ်။

” မင်းတို့ရဲ့ ငရဲဘုံကျားဖြူ ငါ့ကို ဒဏ်ရာရအောင်လုပ်နိုင်တဲ့ အကြောင်းအရင်းက ဒီတစ်ခုပဲရှိတယ်…မင်းတို့ငါ့ကို မတိုက်ခိုက်ခင်အချိန်ကထဲက သူတို့ရဲ့ရွှေရောင်လမ်းက ငါ့ကို တိုက်ခိုက်ပြီးသား ဖြစ်နေခဲ့လို့ပဲ ဒါကြောင့်သာ ဒီတိုက်ခိုက်မှုက ငါ့ကို ထိရောက်သွားခဲ့တာ ဒါ့အပြင် ပေါင်းစည်းစွမ်းရည်ဆိုတာက ၀ိညာဥ်ပညာရှင်တွေရဲ့ လျှို့၀ှက်ချက်ပဲ ဒီတော့ သူတို့ရဲ့ တိုက်ခိုက်မှုအကြောင်းကို ဒီလောက်ပဲ ပြောနိုင်တယ်..ဒါကြောင့် ကျောင်းအုပ်နှစ်ယောက်လဲ အဲ့ဒီမှာရှိတာကြောင့် သူတို့လဲ ဒီစွမ်းအားတွေရဲ့ အခြေအနေအရ ဘယ်သူက ပိုပြီးသန်မာလဲဆိုတာကိုသိကြမှာပါ ငါတိုက်ခိုက်ခံရတဲ့အချိန်မှာ သူတို့ရှိနေခဲ့ကြသေးတယ် ”

” မင်းရဲ့ ငရဲဘုံကျားဖြူက အရမ်းကို သန်မာပါတယ်…အဲ့ဒီလိုအခြေအနေမျိုးမှာ မင်းတို့သာ ရွှေရောင်လမ်းရဲ့ တိုက်ခိုက်မှုကို ခုန်ရှောင်နိုင်လို့ကတော့ သေချာပေါက် အောင်မြင်မှာအမှန်ပါပဲ ဒါပေမယ့် ရှောင်းရှောင်းရဲ့ ၀ိညာဥ်စွမ်းရည် တိုက်ခိုက်ရေးစွမ်းအားကို ခံလိုက်ရတာကြောင့် မင်းတို့တွေ အဲ့ဒီအချိန်မှာ တွေဝေနေခဲ့ကြသေးတယ်..နောက်တစ်နည်းပြောရမယ်ဆိုရင် ရွှေရောင်လမ်းကို ခုန်ရှောင်နိုင်မှာမဟုတ်ဘူး ..အဲ့ဒီလိုအခြေအနေမျိုးမှာ ရွှေရောင်လမ်းနဲ့ ထိပ်တိုက်တွေ့လို့ကတော့ မင်းတို့တွေရှုံးမှာ အသေအချာပဲ ငါပြောတာ ဒါအကုန်ပဲ ပြိုင်ပွဲက ပြီးဆုံးသွားပြီ ဆုလာဘ်ကို ပေးအပ်ဖို့အတွက် မနက်ဖြန်နေ့လည်မှာ တွေ့ကြမယ် ”

” မင်းတို့နိုင်သွားပြီဆိုရင်တောင် မာနမကြီးကြနဲ့ဦး ရှုံးသွားပြီဆိုရင်လဲ အားမလျှော့ကြနဲ့ ဆက်ပြီးတိုးတက်ချင်စိတ်က အရမ်းကို အရေးကြီးတယ်…ဒါ့အပြင် ဒီနှစ်ငါတွေ့ဖူးသမျှ ကျောင်းသားတွေထဲမှာ မင်းတို့က တကယ်အထူးချွန်ဆုံးပဲ အနာဂတ်မှာ မင်းတို့ရဲ့ တိုးတက်မှုကို ဒီပြိုင်ပွဲကြောင့် နှောင့်နှေးသွားတာမျိုး ငါမမြင်ချင်ဘူး ကောင်းပြီ အဆုံးသတ်ရအောင် ”

ပြောပြီတဲ့နောက် သုဝေ့လွမ်က လှည့်ထွက်သွားပါတော့တယ်။

ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်ကတော့ ယိမ်းယိုင်ပြီလှဲကျမလို ဖြစ်နေခဲ့ပါပြီး နောက်ဆုံးမှာ ကျုးလုရဲ့အကူအညီနဲ့သာ ကိုယ့်ကိုကိုယ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တာပါ။ တစ်ချိန်တုန်းက သူမျက်နှာပေါ်မှာ ရှိခဲ့ဖူးတဲ့ မောက်မာမှုကလဲ ပြေပျောက်လို့သွားခဲ့ပါပြီ။ မယုံနိုင်မှုကသာ အထင်သားပေါ်နေခဲ့ပါတယ်။ သူတကယ်ကို ရှုံးနှိမ့်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် သူနဲ့ ယှဥ်လို့မရအောင် ကျင့်ကြံဆင့်ကနှိမ့်ကျနေခဲ့ပါတယ်။ ပြိုင်ဘက်တစ်ယောက်ရဲ့လက်ထဲမှာ ရှုံးနှိမ့်သွားခဲ့တာပါ ဒါဘယ်လိုများဖြစ်နိုင်မှာလဲ။

ဟို့ယွိဟောင်ရဲ့ အမြင်အာရုံက အရမ်းကိုကောင်းမွန်လွန်လှပါတယ်။ ထိုက်ဟွပင်းရဲ့ အမူအရာအပြောင်းအလဲကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရတယ်။ ဒါ့အပြင် စကားနဲ့ပြောဖို့တောင်ခက်တဲ့ ကျေနပ်အားရမှုက နှလုံးသားထဲမှာ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို ထိုက်ဟွပင်းကို အခုအချိန်မှာ အနားယူလိုက်နိုင်တာက သူ့လက်စားချေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားပါတော့တယ်။

” ငါတို့နိုင်သွားပြီ “‘

” ငါတို့ချန်ပီယံဖြစ်ပြီပဲ ”

ရှောင်းရှောင်းနဲ့ ၀မ်သုန့်တို့ကလဲ အခုအချိန်မှာ အော်ဟစ်ပြီ အောင်ပွဲခံကြပါတော့တယ်။ ဟို့ယွိဟောင်လက်ကို ကိုင်ရင်း လေထဲကိုပြစ်မြောက်ဖို့ လုပ်နေခဲ့ကြပါပြီ။ လူသုံးယောက်အဖွဲ့တစ်ဖွဲ့။

နောက်ဆုံးမှာတော့ လူသစ်တွေရဲ့ စာမေးပွဲအတွက် ချန်ပီယံဖြစ်လာခဲ့ပြီ ဒါပေမယ့် ဒီပြိုင်ပွဲမှာ တကယ်ကို အချက်အချာက ဘယ်သူလဲ ရှောင်းရှောင်းနဲ့ ၀မ်သုန့်တို့က ရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။ ဒီလိုမျိုး ပြိုင်ပွဲမှာအစွမ်းကုန် အင်အားထုတ်ပြနိုင်ခဲ့တာက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုတို့ကြောင့်ပါပဲ။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ပေါင်းစည်းစွမ်းရည်ကြောင့်သာ မဟုတ်ရင် လက်ရှိအခြေအနေကို ဘယ်လိုများ ရောက်ရှိနိုင်မှာလဲ။

အပိုင်း ၃၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset