Switch Mode

Chapter – 31.4

ရွှေရောင်လမ်းနှင့် ငရဲဘုံ ကျားဖြူ တိုက်ခိုက်ခြင်း

အပိုင်း ၃၁•၄

” ရွှေရောင်လမ်းနဲ့ ငရဲဘုံကျားတိုက်ခိုက်မှု”
°°°
ဝေ၀ါးနေတဲ့အလင်းတန်းက ထာ၀ရကြာမြင့်မဲ့တောက်ပမှုနဲ့အတူ ထွက်ပေါ်လာပါတော့တယ်။ သူ့နောက်မှာကျန်ရစ်ခဲ့တဲ့ အရာကတော့ ဝေ၀ါးတဲ့အလင်းတန်းတွေပါပဲ။

အစောပိုင်းတုန်းက ယုံကြည်ချက်အပြည့်အ၀ရှိနေခဲ့တဲ့ ကျောင်းအုပ်ရန်ရှောင်ကျဲ့လဲ အခုအချိန်မှာ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ တစ်ယောက်ကိုတစ်ယောက် ဖက်လိုက်ချိန်ကထဲက မတ်တပ်ထရပ်နေခဲ့ပါပြီ။ သူ့ရဲ့မျက်၀န်းထဲမှာ မယုံနိုင်မှုက အထင်သားပေါ်နေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တဲ့ ကျောင်းအုပ်ချင်းကလဲ သူ့နဲ့အတူတူ ထရပ်လိုက်ပါတယ်။

ချင်းသောသောရဲ့ ထိတ်လန့်မှုက ရန်ရှောင်ကျဲ့ထက်ကို မလျော့ပါးခဲ့ပါဘူး။ သူနဲ့ရန်ရှောင်ကျဲ့က အဲ့ဒီနှစ်ယောက်မှာ ဒီလို၀ှက်ဖဲမျိုးရှိမှန်းမသိပဲဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် လူသစ်တွေရဲ့ နောက်ဆုံးပြိုင်ပွဲမှာ ဒီလိုကြောက်စရာကောင်းတဲ့မြင်ကွင်း ရှိလာမယ်လို့ ထင်တောင်မထင်ထားခဲ့မိပါဘူး။ ပေါင်းစည်းစွမ်းရည်တစ်ခု ထွက်ပေါ်လာပြီတဲ့နောက် နောက်ထပ်ပေါင်းစည်းစွမ်းရည်တစ်ခု ထွက်ပေါ်လာပြန်တယ်။ ဒါက အရမ်းကိုရှားပါးတဲ့ မြင်ကွင်းပါ။ အပြင်နယ်မြေရဲ့ အတန်းကြီးကျောင်းသားတွေထဲမှာတင်မက အတွင်းနယ်မြေရဲ့ကျောင်းသားတွေထဲမှာတောင် မြင်ရဖို့ခက်ခဲပါတယ်။ သုံးရောင်ခြယ်တောက်ပနေတဲ့ အလင်းတန်းကြီးနဲ့ ကြီးမားတဲ့ကျားကြီးကို သူတို့ကြည့်နေခဲ့မိတယ်။

အရမ်းကို အတွေ့အကြုံကြွယ်၀တဲ့ ကြီးကြပ်ရေးမှုးတောင်မှ အခုအချိန်မှာ တခဏတာ တွေဝေတုန့်ဆိုင်သွားခဲ့ပါပြီ။ ဒီတိုက်ခိုက်မှုကို တားဆီးရမလား မတားဆီးရဘူးလားဆိုတာ သူကိုယ်တိုင်တောင် မသိနိုင်တော့ပါဘူး။ အကယ်၍ သူတို့တွေကို အစွမ်းကုန်တိုက်ခိုက်ဖို့ ခွင့်မပြုပေးဘူးဆိုရင် အနိုင်ရသူကို ဘယ်လိုများ ဆုံးဖြတ်ပေးရမှာလဲ။

ကြီးကြပ်ရေးမှုး ဘာလုပ်ရမယ်မှန်းမသိပေမဲ့ လူတိုင်းက ဒီလိုသတိလက်လွှတ်ဖြစ်နေခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့နှစ်ဖက်ရဲ့တိုက်ခိုက်မှုတွေ ထိတွေ့တော့မဲ့အချိန်မှာပဲ အဖြူရောင်လူတစ်ယောက်က ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပါတော့တယ်။ ပေါင်းစည်းမှုရဲ့အလယ်တည့်တည့်ကို သူက ရောက်ရှိလာခဲ့ပြီ တိုက်ခိုက်မှုနှစ်ခုထိပ်တိုက်မတွေ့အောင်လို့ တားဆီးလိုက်တယ်။

သိပ့်သည်းတဲ့အဖြူရောင်အလင်းတန်းက မိုးအောက်မြေပြင်ကို ပြန့်နှံ့လို့သွားခဲ့ပြီ ခိုင်မာတဲ့အတားအဆီးကြီးတစ်ခုအဖြစ်နဲ့ ပေါင်းစည်းစွမ်းရည်နှစ်ခုစလုံးကို တားဆီးလိုက်ပါတော့တယ်။

အရမ်းကို သန်မာပုံပေါ်နေတဲ့ ကျားကြီးကလဲ ချက်ချင်းဆိုသလို ပြိုလဲလို့သွားခဲ့ပါပြီ။ ထိုက်ဟွပင်းနဲ့ ကျုးလုတို့ရဲ့ ခန္ဓာကိုယ်တွေကလဲ မြေပြင်ပေါ်မှာ ပေါ်လာပါတော့တယ်။ သူတို့တွေမတ်တပ်ထရပ်ဖို့တောင် စွမ်းအားမရှိတော့ပါဘူး။ တခြားတစ်ဖက်မှာတော့ သုံးရောင်ခြယ်အလင်းတန်းကြီးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ တစ်ယောက်ကိုတစ်ယောက် ဖက်ထားဆဲပါပဲ။ သူတို့တွေ လှဲကျမသွားပဲနဲ့ ပိတ်ဆို့ထားတဲ့သူကိုသာ မျက်နှာသေတွေနဲ့သာကြည့်နေခဲ့ကြတယ်။

လေထဲမှာပေါ်လာတဲ့သူက သူ့ခန္ဓာကိုယ်ကို အသုံးပြုရင်း တိုက်ခိုက်မှုနှစ်ခုစလုံးကို ခုခံနိုင်တဲ့သူပါ။ အဲ့ဒါကတော့ တခြားသူမဟုတ်ပါဘူး။ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းရဲ့ ညွှန်ကြားရေးမှုးဖြစ်သူ သုဝေ့လွမ်ပါပဲ။

အဖြူရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ပေါ်မှာ အရမ်းကို သိပ့်သိပ့်သည်းသည်းနဲ့ ဖြစ်ပေါ်နေခဲ့ပါတယ်။ တစ်ချိန်ထဲမှာသူခြေထောက်အောက်မှာတော့ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းက ထွက်ပေါ်နေခဲ့တယ်။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်လေးကွင်းပါ။ အရမ်းကိုတောက်ပတဲ့ ပေါင်းစည်းမှုပါပဲ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ ပညာရှင်ရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားကို သူတို့မြင်တွေ့လိုက်ရတယ်။

ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဘယ်သူကများ ဖျက်ဆီးနိုင်မှာလဲ။ သုဝေ့လွမ်ကတော့ သူ့ခန္ဓာကိုယ်ကိုအသုံးပြုပြီး ဖြေရှင်းလိုက်ရင်း အဖြေပေးခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ကို အသုံးပြုရင်း ဘယ်တိုက်ခိုက်မှုက ပိုသန်မာလဲဆိုတာကို အကဲဖြတ်ပြီ အနိုင်ရတဲ့သူကို သူက ဆုံးဖြတ်တာပါ။ တိုက်ခိုက်မှုနှစ်ခုစလုံးက ပေါင်းစည်းစွမ်းရည်ဖြစ်နေခဲ့တာကြောင့် အဖွဲ့တစ်ဖွဲ့ကသာ ကျန်ရစ်မှာဖြစ်ပါတယ်။ နှစ်ခုစလုံးကို သူခန္ဓာကိုယ်နဲ့ ဒီအတိုင်းခံယူထားခဲ့တဲ့အတွက် အစွမ်းအစကိုလဲ သူကိုယ်တိုင်က အရှင်းလင်းဆုံးသိနေခဲ့တယ်။

စင်မြင့်ပေါ်မှာရှိနေတဲ့ တခြားဆရာတွေက ပုံမှန်အနေအထားသာ ရှိပေမဲ့ ရန်ရှောင်ကျဲ့နဲ့ ချင်းသောသောတို့ကတော့ အထိတ်တလန့်ဖြစ်နေကြဆဲပါ။ သုဝေ့လွမ်ရဲ့ခန္ဓာကိုယ်က ရွှေရောင်တောက်ပနေခဲ့ပြီ လက်ရှိအချိန်မှာတော့ ရွှေစင်ရွှေသားရုပ်ထုကြီးလို တောက်ပနေခဲ့ပါတယ်။ ဒါပေမယ့် ကျောပေါ်မှာအ၀တ်အစားတွေက စုတ်ပြဲနေခဲ့ပြီ ကျားရဲ့လက်၀ါးက ပေါ်နေခဲ့တယ်။ ခိုင်ခံ့ပြီ သန်မာတဲ့နောက်ကျောကတော့ အထင်သား ထွက်ပေါ်နေခဲ့ပါပြီ။ ဒါ့အပြင် သွေးစီးကြောင်း ငါးကြောင်းလဲ ရှိနေခဲ့ပါသေးတယ်။ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ ၀ိညာဥ်သော့်လော့က တကယ်ပဲ ဒဏ်ရာရသွားတယ်လား။ ဒါ့အပြင် ဒဏ်ရာရအောင်လုပ်နိုင်တဲ့ ကျောင်းသားရဲ့အမြင့်ဆုံးအဆင့်က ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိတာပါ။ ဒါက မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ တခြားဆရာတွေလဲ ဒီအခြေအနေကို နားလည်သွားပြီချိန်မှာတော့ အားလုံးက ထိတ်လန့်လာကြပါတော့တယ်။ အထူးသဖြင့် ကြည့်ရှု့နေသူထဲမှာရှိတဲ့ ကျိုးယိကတော့ မျက်လုံးတစ်ခုလုံး မှောင်မိုက်နေခဲ့ပါပြီ။ ဒီလိုမျိုးတစ်စုံတစ်ရာဖြစ်လာနိုင်မယ်ဆိုတာ မမျှော်လင့်ခဲ့မိပေမဲ့ ငရဲဘုံကျားဖြူက သုဝေ့လွမ်ကို တကယ်ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာပါပဲ။ သုဝေ့လွမ်အကြောင်းကို ကောင်းကောင်းသိတဲ့သူမက သုဝေ့လွမ်အနေနဲ့ ဒီလိုအခြေအနေမျိုး ရင်ဆိုင်ရဖို့ ဘယ်လိုအကြောင်းမှရှိမှန်း ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်။ ဒါကြောင့် ကျောပေါ်မှာဖြစ်နေတဲ့ ဒဏ်ရာက အမှန်တကယ်ပါ။

ရန်ရှောင်ကျဲ့ရဲ့ လက်ရှိအနေအထားက အတော်လေးကို အကျည်တန်းနေခဲ့ပါပြီ။ ချင်းသောသောဘက်ကို သူလှည့်ကြည့်နေခဲ့တယ်။ သနားစဖွယ်အပြစ်ကင်းစင်တဲ့ရုပ်
ကလေးနဲ့ ပြန်ကြည့်နေတဲ့သူကတော့ ချင်းသောသောပါပဲ။

” မင်းဒီအကြောင်း သိထားလား ”

ရန်ရှောင်ကျဲ့က ခပ်တိုးတိုးမေးလိုက်ပါတယ်။

” ငါသိနေတဲ့ရုပ်များပေါ်နေလား အဲ့ဒီကျောင်းသားတွေက မင်းတို့ဌာနကလေ ငါဘယ်လိုလုပ် သူတို့အကြောင်း သိနေမှာလဲ အဘိုးကြီးရန် မင်းအခုကတိဖျက်တော့မလို့လား ”

ရန်ရှောင်ကျဲ့က နှာခေါင်းရှုံ့လိုက်ရင်း ချက်ချင်းဆိုသလို စင်ပေါ်ကနေ ဆင်းပြေးပါတော့တယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က အားလုံးကြည့်နေချိန်မှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ရန်ရှောင်ကျဲ့ ထွက်သွားတာကိုကြည့်ရင်း ချင်းသောသောကတော့ ကျေကျေနပ်နပ်ကြီး ပြုံးနေခဲ့မိပါတယ်။ ဒါပေမယ့် သူထတော့အော်မရယ်ပါဘူး။ ပြုံးပျော်နေတဲ့ မျက်နှာထားကြီးက သူလက်ရှိအချိန်မှာ ဘယ်လိုခံစားနေရလဲဆိုတာ ရှင်းရှင်းလင်းလင်းကို သိသာစေနေခဲ့ပါတယ်။

” ကျောင်းအုပ်ချင်း ကျောင်းအုပ်ရန်က အခုဘာလုပ်တာလဲ ”

ဖန်းယွီကတော့ ချင်းသောသောအနားကို လျှောက်လာရင်း နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ ဒီနေရာမှာ ဘာဖြစ်သွားတာလဲ ကျောင်းအုပ်ချင်းက ရှုံးသွားသင့်တာမဟုတ်လား ဒါပေမယ့် ကြည့်ရတာ အခုအနေအထားအရ မဟုတ်ပုံပါပဲ။

ချင်းသောသောကတော့ ကောက်ကျစ်မှုအပြည့်နဲ့ ပြုံးနေခဲ့ပါတယ်။

” သွားကြရအောင် ငါက စိတ်ဓာတ်မြင့်မားတဲ့လူတစ်ယောက်လေ ဒီတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူ၀င့်ကြွားနေတဲ့အချိန်မှာ ပစ်မှတ်ရုပ်သွင်ကို ဂရုမစိုက်ပဲမနေနိုင်ပါဘူး ဒါပေမယ့် ပြောစရာတစ်ခုတော့ရှိတယ်ဖန်းယွီ မင်းက ဒီတစ်ခေါက်တကယ် အပင်သန်လာမဲ့မျိုးမှန်တဲ့ အစေ့ကောင်းကို ရှာဖွေနိုင်ခဲ့တာပဲ ဒီကလေးကိုငါတို့ရဲ့ အစီအစဥ်အတွက် မှီခိုရလိမ့်မယ် ..မင်းဘယ်လိုပဲလုပ်လုပ် ငါဂရုမစိုက်ဘူး ဒီကလေးကို သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းရဲ့ အတွင်းတပည့်သား ဖြစ်မလာစေနဲ့ မင်းငါနဲ့ အဘိုးကြီးရန် ပြောခဲ့တဲ့လောင်းကြေးကို ကြားတယ်မဟုတ်လား ”

ဖန်းယွီက ခပ်တိုးတိုးမေးလာခဲ့မိပါတယ်။

” ကျောင်းအုပ်ချင်းပြောတာ ကျွန်တော်တို့နိုင်သွားပြီတဲ့လား “‘

ချင်းသောသောကတော့ အခုအချိန်မှာ သွားတွေပေါ်လာတဲ့အထိ ပြုံးလိုက်ပါတယ်။

” ဒါပေါ့ သေချာတာပေါ့သွားကြစို့ ”

သူပြောပြီတာနဲ့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါတော့တယ်။

စာမေးပွဲနယ်မြေထဲမှာ သုဝေ့လွမ်ရဲ့ ရွှေရောင်ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူခန္ဓာကိုယ်က မယုံနိုင်ဖြစ်နေတဲ့ပုံပါပဲ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို သူစိုက်ကြည့်နေခဲ့ပါတယ်။ အမှန်တကယ် ဒီလိုကိစ္စဖြစ်လာမယ်ဆိုတာ သူကိုယ်တိုင်းတောင် မယုံ၀ံ့ပါဘူး။ ဒါပေမယ့် ကျောမှာခံစားနေခဲ့ရတဲ့ ပူပြင်းနာကျင်မှုက အရာအားလုံးကို အမှန်ဖြစ်ခဲ့တယ်ဆိုရင် သတိ​ပေးနေခဲ့မိတယ်။

ရုန်းကန်နေရတဲ့ ထိုက်ဟွပင်းကတော့ ကျုးလုကို မတ်တပ်ရပ်စေဖို့ကူညီပေးနေခဲ့ပါတယ်။ ဘေးမှာရှိနေခဲ့တဲ့ ချွေ့ရာကျီးကလဲ သူတို့အနားကို ပြေးလာရင်း ဆက်တိုက်ဆိုသလို ချီးမွမ်းနေခဲ့တယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ အမူအရာအတော်မကောင်းပါဘူး။ သုဝေ့လွမ်ရဲ့ ဒဏ်ရာကို မမြင်ရနိုင်ပေမဲ့ ပြိုင်ဘက်တွေနဲ့ ပျော်နေတဲ့မျက်နှာကိုကြည့်ရုံနဲ့တင် သူတို့ရှုံးသွားပြီဆိုတာ သိနေခဲ့ပါတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုက ဘာကိုဖန်တီးလိုက်လဲဆိုတာ မသိပေမဲ့ အရှုံးဆိုတာကတော့ သူတို့အတွက် နာကျင်စရာကိစ္စပါပဲ။ ဟို့ယွိဟောင်လဲ အတော်စိတ်ပျက်နေခဲ့ပါတယ်။ အကယ်၍ သူသာ ထိုက်ဟွပင်းရဲ့အဆုံးစွန်းအထိ တိုက်ခိုက်မှုကို တန်ပြန်မခုခံဘူးဆိုရင် ဘယ်လိုဖြစ်သွားမလဲ သူနဲ့ ၀မ်သုန့်တို့ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုက ပြိုင်ဘက်ကို အနိုင်ယူနိုင်မလားဆိုတာ သိချင်နေခဲ့တယ်။

သုဝေ့လွမ်က ကျောင်းတော်ရဲ့ ညွှန်ကြားရေးမှုးဖြစ်နေဆဲပါ။ သူက ကြောင်အနေပြီတဲ့နောက် သူလဲ အသိပြန်၀င်လာပါတော့တယ်။ အဲ့ဒီနောက် ခါးသီးတဲ့အပြုံးက မျက်နှာပေါ်မှာ အထင်သားပေါ်လာခဲ့တယ်။ ​ဒါက ရှက်စရာကောင်းတဲ့ကိစ္စပါပဲ။

“အရမ်းကိုကောင်းတယ် မင်းတို့တကယ်တော်ကြတာပဲ ”

သုဝေ့လွမ်ရဲ့ အသံထွက်ပေါ်လာချိန်မှာတော့ နှစ်ဖက်စလုံးလဲ ပြန်လည်တည်ငြိမ်သွားခဲ့ပါပြီ။

သုဝေ့လွမ်က ဗလုံးဗထွေးနဲ့ စစချင်ပြောလာခဲ့ပါတယ်။

” မင်းတို့ရဲ့ ကျင့်ကြံဆင့်တွေက လူသစ်တွေဖြစ်ပေမဲ့ ဒီလောက်အနေအထားအထိရောက်နေတာ ငါတကယ်အံ့ဩမိတယ်…ဒါ့အပြင် နှစ်ဖွဲ့စလုံးကလဲ ပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးနိုင်တယ်…ငါ့ကိုယ်တိုင်လဲ မင်းတို့ရဲ့ စွမ်းရည်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ပြီးပြီ ”

သူပြောပြီတဲ့နောက် မနီးမဝေးမှာရှိနေခဲ့တဲ့ ကြီးကြပ်ရေးမှုးကို သူစိုက်ကြည့်လိုက်ပါတယ်။ ဒီကောင်စုတ်ကြောင့်သာ မဟုတ်ရင် ဘယ်လိုလုပ်လူတွေအများကြီးရှိတဲ့ နေရာမှာ သူကျောကဒဏ်ရာဘယ်လိုရသွားမှာလဲ ကြီးကြပ်ရေးမှုးကတော့ ခေါင်းကိုသာ ငုံထားခဲ့ပါတယ်။ သုဝေ့လွမ်နဲ့ အကြည့်မဆုံရဲပါဘူး။

သုဝေ့လွမ်က နက်ရှ်ိုင်းအားကောင်းတဲ့ အသံနဲ့ ပြောလာခဲ့တယ်။

” အခုကနေစပြီ လူသစ်တွေစာမေးပွဲ ရှုံးထွက်ပြိုင်ပွဲတွေရဲ့ နောက်ဆုံးအနိုင်ရသူကို ကြော်ငြာပါ့မယ်…သူတို့တွေကတော့ ”
အဲ့ဒီနောက် သူရပ်တန့်လိုက်ရင်း ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်တို့ရှိရာဘက်ကို လက်မြောက်လိုက်ပြီ ကျယ်ကျယ်လောင်လောင် ကြော်ငြာလိုက်ပါတယ်။

” ၀မ်သုန့် ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင်ပါ ”

လူတွေအားလုံး ဆူဆူညံညံ ဖြစ်ကုန်ကြပါတော့တယ်။ ထိုက် ဟွပင်းတို့အဖွဲ့တောင် သူတို့ကြားလိုက်ရတာကို မယုံနိုင်ပါဘူး။ အပေါ်ကဆရာတွေတောင်မှ ထိတ်လန့်ကုန်ကြပါတော့တယ်။ ဘာကိုမြင်နေရတာလဲ သေချာပေါက် နိုင်တဲ့အဖွဲ့က ထိုက်ဟွပင်းတို့အဖွဲ့ ဖြစ်နေရမှာမဟုတ်လား သူတို့က သုဝေ့လွမ်ကိုတောင် ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တာလေ။ ဒီအတွေးကို ချက်ချင်းတွေးမိပါတော့တယ်။ ညွှန်ကြားရေးမှုးသုက သူခံစားရတဲ့ အရှက်ကွဲမှုအတွက် လက်စားချေချင်နေတာလား လုံး၀မဖြစ်နိုင်ဘူး။ တခြားကျောင်းအုပ်နှစ်ယောက်ကလဲ ဒီပြိုင်ပွဲကိုကြည့်နေခဲ့တာပါ။ ညွှန်ကြားရေးမှုးသုအနေနဲ့ ကိုယ်ပိုင်အကျိုးအမြတ်ရဖို့ကိစ္စကို လုပ်စရာအကြောင်းမရှိပါဘူး။ ဒါ့အပြင် သုဝေ့လွမ်က အမြဲတမ်းသူ့ရဲ့ ဖြောင့်မတ်မှန်ကန်မှုအတွက် ကျော်ကြားနေခဲ့တာပါ။ နှစ်ပေါင်းများစွာကြာအောင် အပြင်နယ်မြေမှာ ညွှန်ကြားရေးမှုး လုပ်ခဲ့တာကြောင့် ဘယ်တော့မှ အမှားမလုပ်တဲ့သူအဖြစ်လဲ ကျော်ကြားပါတယ်။

ဟို့ယွိဟောင်တို့အဖွဲ့ မသေမချာဖြစ်နေခဲ့သလို ရှောင်းရှောင်းကလဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အနားကိုကပ်လာရင်း မေးကြည့်လိုက်ပါတယ်။

” ငါတို့တကယ်နိုင်သွားတာလား ”

၀မ်သုန့်ကလဲ ပြန်ဖြေလိုက်တယ်။

” ညွှန်ကြားရေးမှုးသုက နိုင်တဲ့သူကိုကြော်ငြာနေတာလား မနိုင်တဲ့သူကို ကြော်ငြာနေတာလား ”

ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က ပြုံးပြရင်း မေးလာခဲ့ပါတယ်။

” ကြည့်ရတာ ငါတို့တကယ်နိုင်သွားပုံပဲ ”

နောက်ဆုံးမှာတော့ သူတို့နိုင်သွားတယ်ဆိုတဲ့ ကိစ္စကို ဟို့ယွိဟောင်တို့သုံးယောက်လဲ လက်ခံလိုက်ပါပြီ။ ထိုက်ဟွပင်းတို့သုံးယောက်ကတော့ လက်မခံနိုင်သေးပါဘူး။ သူ့ခန္ဓာကိုယ် ဘယ်လောက်ပဲအားနည်းနေပါစေ ကျုးလုက လုံး၀ လက်မလျှော့ပဲမေးလာခဲ့ပါတယ်။

” ညွှန်ကြားရေးမှုးသု ဘာဖြစ်လို့ သူတို့နိုင်သွားတာလဲ နိုင်သင့်တာကျွန်မတို့မဟုတ်ဘူးလား ”

သုဝေ့လွမ်က ပုံမှန်အတိုင်းသာ ပြောပါတယ်။

” ငါရဲ့အကဲဖြတ်မှုကို မင်းကလာပြီ မေးခွန်းထုတ်နေတာလား ”

ကျုးလုက ချက်ချင်းရပ်တန့်သွားပါတော့တယ်။ ဒါပေမယ့် ကြည့်နေသူတွေရဲ့ အကြည့်ကို သူသတိထားမိလိုက်တယ်။ ထိုက်ဟွပင်းက စကားတစ်ခွန်းမှပြောမလာခဲ့ပေမဲ့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း သုဝေ့လွမ်ကို လက်မလျှော့တဲ့အကြည့်နဲ့ ကြည့်နေဆဲပါ။

သုဝေ့လွမ်လဲ စိတ်ထဲက မကျေနပ်မှုကို ဖိနှိမ့်ရင်း ရှင်းပြဖို့အတွက် လုပ်ရပါတော့မယ်။ ငါတော့ တကယ်အရှက်ကွဲပြီပဲ ငါဘယ်လောက်အထိ အရှက်ကွဲသွားရလဲဆိုတာကို အသေးစိတ်ကအစ ရှင်းပြနေရဦးမှာလားဒီကလေးတွေကတော့လေ။

အပိုင်း ၃၁•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset