Switch Mode

Chapter – 31.3

ရွှေရောင်လမ်းနှင့် ငရဲဘုံ ကျားဖြူ တိုက်ခိုက်ခြင်း

အပိုင်း ၃၁•၃

” ရွှေရောင်လမ်းနဲ့ ငရဲဘုံကျားဖြူတိုက်ခိုက်ခြင်း ”
°°°
နတ်ဆိုးမျက်လုံးကျားဖြူဒိုင်းကာက ငရဲဘုံကျားသစ်နဲ့ ပေါင်းစပ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရှေးရှေးခတ်ကထဲက သူတို့တွေက အမြဲတမ်းစုံတွဲအဖြစ် တည်ရှိနေခဲ့တာပါ။ တစ်ခါတလေမှာ နှစ်စုံတောင်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဓိကအကျဆုံးအချက်ကတော့ ကျားဖြူမြို့စားမင်းသာ နေရာက ကျုးမိသားစုရဲ့ အမျိုးသမီးတစ်ယောက်ကို အောင်အောင်မြင်မြင်ထိမ်းမြားနိုင်မှသာ ရယူနိုင်မှာပါ။

ထိုက်ဟွပင်းကလဲ ကျားဖြူမြို့စားမင်းရဲ့ ပထမဇနီးသည်ကနေမွေးတဲ့ သားထဲမှာ ကျုးမိသားစုရဲ့သမီးနဲ့ ပေါင်းစည်းပြီ သိုင်းပညာ၀ိညာဥ်ကို ဖန်တီးနိုင်တဲ့တစ်ဦးတည်သောသားဖြစ်နေခဲ့ပါတယ်။

ဒီလိုပေါင်းစည်းမှုက အရမ်းကို ကြီးမားတဲ့ ရှစ်မီတာကျားကြီးတစ်ကောင်ကို ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ဒီလိုထိုက်ဟွပင်းနဲ့ ကျုးလုတို့ရဲ့ ပေါင်းစည်းမှုက စာမေးပွဲကာလမှာ ထွက်ပေါ်လာခဲ့ပါပြီ။

ကြီးမားတဲ့ကျားဖြူကြီးက ထွင်းဖောက်မြင်ရတဲ့ပုံစံရှိနေခဲ့ပြီ ဝေ၀ါးတဲ့ဖြစ်တည်မှုတစ်ခုလိုပါပဲ။ ဒါပေမယ့် ထိုက်ဟွပင်းနဲ့ ကျုးလုတို့ရဲ့ခန္ဓာကိုယ်တွေက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ကျားဖြူကြီးရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်က အနည်းငယ်စောင့်ကြောင့်ထိုင်နေခဲ့ပြီ ကြောက်စရာအရှိန်ကိုအသုံးပြုရင်း ဟို့ယွိဟောင်တို့ဆီကို ခုန်အုပ်ပြေး၀င်ဖို့လုပ်ပါတော့တယ်။ လေထဲမှာသူခုန်လွှားလိုက်တဲ့အချိန် လောကကြီးတစ်ခုလုံးကို အပေါ်စီးကနေ မောက်မာတဲ့ပုံစံနဲ့ ကြည့်နေသလိုပါပဲ။ ဘုရင်တစ်ပါးလိုမျိုး အရှိန်အ၀ါနဲ့ ရှိနေခဲ့ပါတယ်။

” ရှောင်းရှောင်း စကြမယ် ”

ဟို့ယွိဟောင်ကအော်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းပြီ ၀မ်သုန့်ကို ကြည့်လိုက်ပါတယ်။

ဒီလောက်အခြေအနေအထိ သွားဖို့အစီအစဥ်မလုပ်ထားပါဘူး။ ဟို့ယွိဟောင်က အနာဂတ်အတွက် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းဖို့ စီစဥ်ထားခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ သူတို့ပြိုင်ဘက်ကပေါင်းစည်းစွမ်းရည်ကို အသုံးပြုလိုက်ပါပြီ။ ဒါကြောင့် သူတို့လဲ ရွေးချယ်စရာမရှိတော့ပါဘူး။ ဟို့ယွိဟောင်က ဒီ​ပြိုင်ပွဲကို လုံး၀မရှုံးချင်သလို သူ့အမေရဲ့ ကောင်းကင်ဘုံက စိတ်၀ိညာဥ်ကိုလဲ သူ့ရဲ့အင်အားနဲ့ နှစ်သိမ့်ပေးချင်နေခဲ့ပါတယ်။ ဒါ့အပြင် သူမအတွက် လက်စားချေနိုင်မယ်ဆိုတဲ့အကြောင်း သိစေချင်နေခဲ့တယ်။

ထိုက်ဟွပင်းနဲ့ ကျုးလုတို့က နောက်ဆုံးအနေအထားအထိကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဟို့ယွိဟောင်တို့သုံးယောက်အနေနဲ့ကော ဒါမျိုးလုပ်လို့မရဘူးလား။ ၀မ်သုန့်ကလဲ လက်နှစ်ဖက်ကို ဆန့်တန်းခဲ့ပါတယ်။ ထူးဆန်းတဲ့ အလင်းတန်းက ဟို့ယွိဟောင်ကိုကြည့်နေတဲ့ သူ့မျက်လုံးတွေထဲမှာ ပေါ်လာခဲ့ပါပြီ။ ဒီလိုနူးညံ့ညင်သာတဲ့ အလင်းတန်းက နှစ်သိမ့်ပြီအားပေးနေသလိုပါပဲ။ အဲ့ဒီအလင်းတန်းကြောင့် ဟို့ယွိဟောင်ရဲ့ နှလုံးသားက ပိုမို ပြင်းပြင်းထန်ထန် အခုန်မြန်လာခဲ့ပါတော့တယ်။ သူ့အကြည့်တွေကတော့ ပိုလို့တောင်တည်မြဲခိုင်ခံ့လာခဲ့ပါပြီ။ ဒါ့အပြင် အပြုံးတစ်ခုကလဲ ဖြစ်ပေါ်လာပါတော့တယ်။ ဒီအပြုံးကိုတော့ ၀မ်သုန့်တစ်ယောက်ထဲသာ မြင်ခဲ့ရတာပါ။ အမှန်ပါပဲ ဒီပြိုင်ပွဲမစခင်အချိန်မှာ သူတို့တွေပေါင်းစည်းစွမ်းရည်ကို အသုံးချဖို့အတွက် ကြိုးစားကြည့်ခဲ့ပါတယ်။ လုပ်တာကလဲ အောင်မြင်ခဲ့တယ်။ ဒါ့အပြင် ထူးဆန်းတဲ့ ပေါင်းစည်းစွမ်းရည်ကို အသုံးပြုတဲ့အကြာမှာ ထုတ်သုံးနိုင်ဖို့အတွက် စွမ်းရည်ကိုပြန်လည်ရရှိခဲ့ပါပြီ။

အပေါ်မှာရှိနေခဲ့တဲ့ ဆရာတွေအနေနဲ့ကတော့ အသက်ကိုတောင် အောင့်ထားခဲ့မိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေထဲမှာ စ်ိုးရိမ်ပူပန်မှုအမြင့်ဆုံးဖြစ်နေတဲ့သူကတော့ ကြီးကြပ်ရေးမှုးပါပဲ။ အချိန်မရွေးတားဆီးနိုင်ဖို့အတွက် သူကအသင့်ဖြစ်နေခဲ့တယ်။ ဒါ့အပြင် ဒီလိုမျိုးလူသစ်တွေရဲ့ ပြိုင်ပွဲမှာထူးခြားတဲ့ မြင်ကွင်းကို မြင်တွေ့နိုင်ဖို့အတွက် မမျှော်လင့်ထားခဲ့မိသူတွေက များနေပါတယ်။ ဒါ့အပြင် အဲ့ဒါက သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုပါ။

ငရဲဘုံကျားဖြူရဲ့ တိုက်ခိုက်မှုကို ကြီးကြပ်ရေးမှုးကလဲ တားဆီးဖို့ပြင်ဆင်နေခဲ့ပါတယ်။ ဒီပေါင်းစည်းစွမ်းရည်က အရမ်းကို သန်မာလွန်လှတာကြောင့် အဆင့်တူကျောင်းသားတွေကြောက်ရပေမဲ့ သူ့အနေနဲ့ကတော့ တားဆီးဖို့မခက်ခဲပါဘူး။ ဟို့ယွိဟောင်တို့အဖွဲ့ကို ကယ်တင်နိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ချက်ရှိနေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အပြင် ရှောင်းရှောင်းလဲ လှုပ်ရှားနေခဲ့တာကြောင့် သူလဲ၀င်ရောက်မစွက်ဖက်သေးပါဘူး။

ရှောင်းရှောင်းရဲ့အိုးကြီးထဲကနေ မှောက်မိုက်တဲ့အနက်ရောင်အလင်းတန်းက ထွက်ပေါ်လာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ သူမရဲ့၀ိညာဥ်စက်ကွင်းနှစ်ကွင်းစလုံးကလဲ လင်းလက်လို့လာပါတော့တယ်။ အနက်ရောင်အလင်းတန်းတွေ ရှောင်းရှောင်းခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီ။ အရင်တစ်ခေါက်ကလိုမရပ်တန့်သွားခဲ့ပဲ အိုးကြီးထဲကို အပြည့်အ၀ ရောက်ရှိသွားပါတော့တယ်။

အိုးကြီးသုံးခုက ပြန်လည်ပေါင်းစည်းလို့သွားခဲ့ပြီ ကြီးမားတဲ့ပေါက်ကွဲသံကြီးလဲ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် မူလအနေအထားထက် နှစ်ဆပိုမိုကြီးမားတဲ့ အိုးကြီးက ကောင်းကင်ပေါ် ရောက်ရှိသွားခဲ့ပါပြီ။ ထူးဆန်းတဲ့ သင်္ကေတတွေက အိုးကြီးအပေါ်မှာ တောက်ပလာခဲ့ရင်း ဖိအားကလဲ ဖြစ်ပေါ်လာပါတော့တယ်။ ရှောင်းရှောင်းရဲ့မျက်နှာက ဖြူဖျော့သွားပေမဲ့ သူမက မျက်လုံးတွေကို မှိတ်ထားရင်း ညာဘက်လက်ကို အသုံးပြုပြီ အိုးကြီးကို ထိန်းချုပ်ထားခဲ့ပါတယ်။ ကြီးမားတဲ့အိုးကြီးက ငရဲဘုံကျားဖြူရဲ့အရှေ့ကို ရောက်ချိန်မှာ နားစည်းကွဲမတတ် အသံကြီးကို ထုတ်လွှတ်ပါတော့တယ်။

” နိုင်ငံရတနာအိုးကြီးရဲ့ ကြောက်စရာလှုပ်ရှားမှု ”

ဒါကရှောင်းရှောင်းရဲ့ အင်အားအကြီးဆုံးနည်းလမ်းပါပဲ။ ဒီတစ်ကြိမ်မှာတော့ စုပ်ယူမှုကို အသုံးမချဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။ သူမရဲ့ စွမ်းအင်နှစ်ခုပေါင်းစည်းလိုက်ရင်း အသန်မာဆုံးစွမ်းရည်ကတောင် ဒီကျားကိုတားနိုင်မှာမဟုတ်မှန်း သူသိနေခဲ့တယ်။ ဒါကြောင့် တစ်ခုထဲကိုသာအသုံးပြုရင် စွမ်းအားတွေအားလုံးကို ပေါက်ကွဲထွက်စေလိုက်ပါတယ်။ ပေးဆပ်ရမဲ့တန်ဖိုးက ကြီးမားပြီ သူမရဲ့စွမ်းအားက တစ်ချိန်ထဲမှာ အပြည့်အ၀ ကုန်ဆုံးသွားနိုင်တယ်။ ဒါပေမယ့် အစောပိုင်းအချိန်ကလိုမျိုး ကြီးမားပြင်းထန်တဲ့ သတိလစ်မေ့မြောမှုကိုခံစားရတော့မှာမဟုတ်ပါဘူး။

ရှောင်းရှောင်းရဲ့အိုးကြီးက လေထဲမှာ ပြင်းပြင်းထန်ထန် တုန်ခါနေရင်း မျက်စိနဲ့မြင်နိုင်လောက်တဲ့အထိ လှိုင်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ထိန်းချုပ်ညွှန်ကြားမှုကြောင့် ဒီတိုက်ခိုက်မှုက ကျားဆီကို တိုက်ရိုက်ရောက်ရှိခဲ့တယ်။

ရှောင်းရှောင်းရဲ့ လှိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကို ခံယူပြီတာတောင် ကြီးမားတဲ့ကျားကြီးက အဖြူရောင်အလင်းတန်းတွေ တောက်ပနေဆဲပါပဲ။ တခဏတာ ရုန်းကန်ပြီတဲ့နောက် သူ့ခန္ဓာကိုယ်ကြီးက အနည်းငယ် တုန်လှုပ်ရုံကလွဲပြီ ဘာမှမဖြစ်ခဲ့ပါဘူး။ ရှောင်းရှောင်းလဲ ထိတ်လန့်သွားပါတော့တယ်။ ဒီကျားကြီးက တခဏတာ ရပ်တန့်သွားခဲ့တဲ့အတွက် သူမ တကယ်ကို ထိတ်လန့်သွားခဲ့ရတယ်။

ပိုပြီးလန့်စရာကောင်းတဲ့မြင်ကွင်းက ဖြစ်ပေါ်လာခဲ့ပါပြီ။ ထူးဆန်းတဲ့ရွှေရောင်အလင်းတန်းက သူမရဲ့ဘေးမှာ ထွက်ပေါ်လာပါတော့တယ်။ သူမမျက်လုံးထဲမှာ ထင်ထင်ရှားရှား ရှိနေတဲ့အရာတော့ တောက်ပတဲ့ရွှေရောင်အလင်းတန်းကြီးပါပဲ။ အဲ့ဒီရွှေရောင်အလင်းတန်းကြီးကလဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆီကနေ ထွက်ပေါ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာတော့ ဖြူဖျော့ဖျော့ရွှေရောင်အလင်းတန်းက တောက်ပနေခဲ့ပြီ ၀မ်သုန့်ကတော့ အတောင်ပံတွေကို လွှင့်ထုတ်ထားခဲ့ပါတယ်။

သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေက ပွေ့ဖက်ထားတဲ့ ပတ်ပတ်လည်ဆယ်မီတာအတွင်းမှာ တောက်ပလို့နေခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့အလင်းတန်းက ခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းလို့နေခဲ့ရင်း ထူးခြားတဲ့အလင်းတန်းတစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ ဒီထူးခြားတဲ့အလင်းတန်းက အပြာရောင် ခရမ်းရောင်နဲ့ ရွှေရောင်သုံးခုတို့ ဆက်တိုက်ဆိုသလို လှည့်ပတ်နေခဲ့ပါတယ်။ သိပ့်သည်းပြီ အားကောင်းလွန်လှတဲ့အရှိန်အ၀ါက ကြောက်စရာကောင်းလောက်အောင် မြင့်မားတဲ့ ပေါင်းစည်းမှုမျိုးနဲ့ အသက်၀င်လို့နေခဲ့ပါတယ်။

၀မ်သုန့်ရဲ့အနောက်ဖက်မှာ ကြီးမားတဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကြီး ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ အနောက်ဖက်မှာကတော့ မျက်လုံးကြီးတစ်လုံးရှိနေခဲ့တယ်။ ဒီမျက်လုံးကြီးက ဖြူဖျော့တဲ့ရွှေရောင်နဲ့ တောက်ပနေခဲ့ပြီ မျက်ဆံထဲမှာတော့ ခရမ်းရောင်အလင်းတန်းတွေကတော့ ပြေးလွှားနေခဲ့ပါတယ်။ ဒီကြီးမားတဲ့ ပုံရိပ်ကြီးနှစ်ခုက လေထဲမှာ ဖြည်းဖြည်းချင်း နီးကပ်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်စိတ်၀ိညာဥ်မျက်လုံးကတော့ ပိုမို အားကောင်းလို့လာခဲ့ပါပြီ။ သူ့ရဲ့ကိုယ်ထည်တစ်ခုလုံးကတော့ ခရမ်းပြာရောင်အဖြစ် ပြောင်းလဲလို့သွားခဲ့ရင် ရွှေရောင်အလင်းတန်းက ပျောက်ကွယ်လုနီးပါးဖြစ်သွားခဲ့ရပါတယ်။

၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကတော့ ဝေ၀ါးသွားခဲ့ရင်း မီးလျှံတွေကို ထုတ်လွှတ်တော့တယ်။

သူတို့အနားကို ငရဲဘုံကျားရောက်ရှိလာချိန်မှာ ကြီးမားတဲ့ပုံရိပ်ကြီးနှစ်ခုကတော့ တစ်သားထဲဖြစ်အောင် ပေါင်းစည်းသွားခဲ့ပါပြီ။ ရှောင်းရှောင်းရဲ့အိုးကြီးက ကျားကိုတခဏတာသာ တားဆီးနိုင်လိုက်ပါတယ်။ အဲ့ဒီနောက် တောက်ပတဲ့လိပ်ပြာနတ်မိမယ်ရဲ့ အလင်းတန်းက စိတ်၀ိညာဥ်မျက်လုံးကြီးကို ပွေ့ဖက်လိုက်တော့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ တောင်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က ပျောက်ဆုံးလို့သွားခဲ့ပြီ မျက်လုံးကြီးသာ ကျန်ရစ်ပါတော့တယ်။ ရွှေရောင်မီးလျှံတွေက စိတ်၀ိညာဥ်မျက်လုံးရဲ့ အပြင်ကို ထွက်ပေါ်လာပြီ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့ကို ကာကွယ်ပေးလိုက်ပါတော့တယ်။ ကြီးမားတဲ့ စိတ်၀ိညာဥ်မျက်လုံးကြီးက အဆုံးမဲ့တဲ့ လောကတစ်ခုလုံး ပါ၀င်နေသလိုမျိုး အရောင်သုံးရောင်တောက်ပရင်းနဲ့ အရှေ့ကို ဖြာထွက်လာပါတော့တယ်။

အပိုင်း ၃၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset