Switch Mode

Chapter – 31.2

ရွှေရောင်လမ်းနှင့် ငရဲဘုံ ကျားဖြူ တိုက်ခိုက်ခြင်း

အပိုင်း ၃၁•၂

” ရွှေရောင်လမ်းနဲ့ ငရဲဘုံကျောင်းကျားဖြူတို့တိုက်ခိုက်ခြင်း ”
°°°
သုဝေ့လွမ်ရဲ့မျက်နှာကြွက်သားတွေကတော့ ရယ်ချင်နေတာကို မနည်းထိန်းချုပ်ထားရတဲ့အတွက် အတော်ကို တွန့်နေခဲ့ပါပြီ။ တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ ဖန်းယွီကလဲ သူ့မျက်နှာကို လက်နဲ့ကွယ်ထားရင်းအင်္ကျီလက်ထဲခေါင်းတိုးပြီ ရယ်ချင်စိတ်ကို ထိန်းထားနေခဲ့ရတယ်။ အခုအချိန်မှာ ချင်းသောသောကို သူနဲ့မသိတဲ့လူအတိုင်း ဟန်ဆောင်နေခဲ့ပါတယ်။

ကျောင်းအုပ်ချင်းက အဖက်ဖက်မှာ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာမကောင်းတဲ့အကျင့်ကြီးကြီးက တစ်ခုရှိပါတယ်။ ဒါကတော့ အရမ်းကို ကပ်စီးနည်းလွန်တာပါပဲ။ ဒါကြောင့်သာ ရှည်လျားလွန်လှတဲ့နာမည်ပြောင်းကို ရရှိလို့ထားခဲ့ပါတယ်။ အဲ့ဒါကတော့ သုံးစရာပိုက်ဆံတွေအများကြီးရှိပေမဲ့ ကပ်စီးနည်းလွန်လှတဲ့ ကြွေးထည်ငုံဥလိုကတုံးပြောင်းကြီးဆိုတာတင်မကပဲ ဖန်သားနဲ့ပြုလုပ်ထားတဲ့ ကြွက်ဖြစ်ပြီ ကြောင်တွေငေးကြည့်နေရတဲ့ သတ္တ၀ါပါ။

ဒီရှည်လျားလွန်လှတဲ့ နာမည်ကြီးရဲ့ အဓိပ္ပါယ်ကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ပိုင်ဆံတွေအများကြီးရှိသလို သုံးလို့ရနိုင်တဲ့ရတနာတွေအများကြီး ရှိသလောက် သူ့ဆီကနေ ပစ္စည်းတစ်ခုခုကိုယူဖို့ဆိုတာ အရမ်းကို ခက်ခဲနေတဲ့ကိစ္စပါ။ ဒါ့အပြင် ကပ်စီးနည်းကော်တစ်ရာဆိုတဲ့စကားလုံးနဲ့ အပြည့်အ၀ကို လိုက်ဖက်ညီတဲ့သူပါပဲ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ဒီပြိုင်ပွဲမှာ အဆုံးတစ်ဖက်ကို ရောက်နေပြီဆိုတာ မှန်ကန်ပါတယ်။ အင်အားအရမှာ ထိုက်ဟွပင်းကို မမီနိုင်ပေမဲ့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကတော့ လက်ရှိအခြေအနေအတွက် အရမ်းကို အရေးပါနေခဲ့တယ်။ ဒီလိုအားကောင်းလွန်တဲ့ ခန့်မှန်းနိုင်စွမ်းကို အသုံးချရင်း ထိုက်ဟွပင်းနဲ့ မျက်နှာချင်မတိုက်ခိုက်ပဲ အမြဲတမ်းရှောင်ရှားနေခဲ့တာပါ။ ဒါ့အပြင် သူတို့တွေရဲ့ တိုက်ခိုက်မှုအားလုံးကလဲ နည်းဗျူဟာကျကျအားကောင်းနေခဲ့ပြီ ထိုက်ဟွပင်းကို ခုခံရာမဲ့စေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အတောင်ပံတွေက ဟောင်သုန့်စွမ်းအားကြောင့် အပြည့်အ၀အားကောင်းလို့နေခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ သရဲအရိပ်ခြေရာကို အသုံးချရင်း နှစ်ယောက်စလုံးက တစ်ယောက်ထဲဖြစ်နေတဲ့အတိုင်းသာ တိုက်ခိုက်နေခဲ့တယ်။ ၀မ်သုန့်ရဲ့တောက်ပတဲ့အတောင်ပံတွေ ကောင်းကင်ပေါ်ကို တက်လာချိန်မှာ ထိုက်ဟွပင်းအနေနဲ့ အော်ရုံကလွဲပြီမတတ်နိုင်ခဲ့ပါဘူး။ သူဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါစေ အသုံးမ၀င်ပဲရှိနေခဲ့ပါတယ်။

အကယ်၍ သူသာ နောက်ထပ် စွန့်စားမှုကို မပြုလုပ်ဘူးဆိုရင် ပြိုင်ဘက်တွေက အနိုင်ယူဖို့လွယ်မှာမဟုတ်ပါဘူး။ ပြဿနာကတော့ သူ့ပြိုင်ဘက်တွေအနေနဲ့ သူလုပ်သမျှအရာအားလုံးကို ကြိုသိနေတာပါပဲ။

တခြားတစ်ဖက်မှာတော့ သူအနေနဲ့ ခန္ဓာကိုယ်ပေါ်မှာဒဏ်ရာတွေပိုပြီး တိုးပွားလာတာပဲရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ တိုက်ခိုက်မှုတွေအားလုံးကို ရှောင်ရှားနေနိုင်ဆဲပါ။

ထိုက်ဟွပင်းကလဲ ကျုးလုရဲ့အခြေအနေကို အာရုံစိုက်နေခဲ့ပါတယ်။ တိုက်ပွဲအစကထဲက ကျုးလုအနေနဲ့ အစွမ်းကုန်တိုက်ခိုက်ခဲ့ပြီ သူမရဲ့အရှိန်နှုန်းကို အဆုံးစွန်အထိ အသုံးပြုရင်း ရှောင်းရှောင်းရဲ့ နံရံတွေကိုထိုးဖောက်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒါကြောင့်သာ သူမရဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ အရမ်းကို များပြားနေခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ရှောင်းရှောင်းက နည်းဗျူဟာတစ်ခုကို အသုံးပြုရင်း ကျုးလုကိုထိန်းထားနိုင်ခဲ့တယ်။ ဒါ့အပြင် သူမက သိုင်းပညာ၀ိညာဥ်နှစ်ခုစလုံးကို အသုံးချပေမဲ့ ပုလွေရဲ့ ၀ိညာဥ်စွမ်းရည်ကိုသာ အသုံးချရသေးတာပါ။ ကျုးလုရဲ့အရှိန်နှုန်းက သိသိသာသာ လျော့ကျလို့နေခဲ့ပါပြီ။ ဒါ့အပြင် မောပန်းမှုကလဲ ထင်ရှားလာပါတော့တယ်။

ထိုက်ဟွပင်းအနေနဲ့လဲ ကျားဖြူရဲ့အသွင်ပြောင်းမှုကို ရယူထားတာကြောင့် သူ့ရဲ့အားသာချက်က တိုက်ခိုက်မှုစွမ်းအားဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် စွမ်းအားကုန်ဆုံးမှုက ကြီးမားတာကြောင့် သူကိုယ်တိုင်လဲ အခက်တွေ့နေခဲ့ရတယ်။ သူ့အမြင်အရ ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့ကလဲ ၀ိညာဥ်စွမ်းအားကို အသုံးပြုတိုင်းအများကြီးစွမ်းအင်ကုန်ဆုံးရမှာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ အမြဲတမ်းအင်အားအပြည့်ပါပဲ။ အကယ်၍ တိုက်ပွဲသာ ဒီအတိုင်းဆက်သွားနေခဲ့မယ်ဆိုရင် သူအနေနဲ့ ပြိုင်ပွဲကို ရှုံးရလိမ့်မယ်။

” မင်းတို့အစွမ်းအစရှိရင် ငါ့ကို တိုက်ရိုက်လာပြီ တိုက်ခိုက်လေ ”

ထိုက်ဟွပင်းက ဒေါသတကြီးနဲ့ အော်လိုက်ပါတယ်။ အခုအချိန်မှာ သူဒေါသမထွက်ပဲမနေနိုင်တော့ပါဘူး။ ဟို့ယွိဟောင်ရဲ့နှုတ်ခမ်းပေါ်မှာတော့ စိတ်ပျက်လက်ပျက်အပြုံးတစ်ခုက ပေါ်လာပါတော့တယ်။

” နည်းဗျူဟာဆိုတာကို မင်းမသိဘူးလား မင်းက ကျားဖြူမြို့စားမင်းရဲ့သားပဲလေ ဒါတောင် ဘယ်လိုနည်းဗျူဟာကိုသုံးရမလဲဆိုတာ မသိဘူးပေါ့ တကယ်အမှိုက်သရိုက်ပဲ ”

ထိုက်ဟွပင်းရဲ့မျက်လုံးထဲမှာ ရူးသွပ်တဲ့အလင်းတန်းက ပေါ်လာပါတော့တယ်။ ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ လန့်သွားခဲ့ရတယ်။ သူက ကျားဖြူပုံစံပြောင်းမှုကို ပြန်ထိန်းသိမ်းလို့ပါ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုရှိနေခဲ့ပေမဲ့ သူတို့နှစ်ယောက်က ထိုက်ဟွပင်းရဲ့ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်မှုကို အမြဲတမ်းရှောင်ရှားထားခဲ့ရင်း တစ်နေရာထဲကနေ အဓိကတိုက်ခိုက်ပါတယ်။ ဟို့ယွိဟောင်က ထိုက်ဟွပင်းရဲ့ လုပ်ရပ်ကိုသိပေမဲ့ သူတို့ရဲ့လှုပ်ရှားမှုကတော့ ထိတ်လန့်မှုကြောင့် နှေးကွေးသွားခဲ့ရတယ်။

ထိုက်ဟွပင်းကတော့ နောက်ကိုပြင်းပြင်းထန်ထန် ဆုတ်ခွာနေခဲ့ပါပြီ။ ဒီလိုရုတ်တရက်လှုပ်ရှားမှုအပြောင်းအလဲက ဟို့ယွိဟောင်တို့သုံးယောက်ကို တခဏတာတွေဝေသွားစေခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့လဲ ထိုက်ဟွပင်းရဲ့၀ိညာဥ်စွမ်းအားနဲ့ လှုပ်ရှားမှုတွေက ထောင်ချောက်မဟုတ်ပဲ တကယ်ဆုတ်ခွာနေတယ်ဆိုတာကို သိနေခဲ့လို့ပါ။

ထိုက်ဟွပင်း နောက်လှည့်လိုက်ချိန်မှာပဲ ကျုးလုကလဲ လှုပ်ရှားလိုက်ပါတယ်။ ရှောင်းရှောင်းအပေါ်မှာ ငရဲဘုံတိုက်ခိုက်မှုကို အသုံးချရင်း ထိုက်ဟွပင်းဆီကို ဆုတ်ခွာလို့သွားခဲ့ပါပြီ။ သူတို့တွေ ဘာလုပ်နေတာလဲ သူ့ရဲ့၀ိညာဥ်စွမ်းအားကို ပြန်ဖြည့်တင်းမလို့လား။

၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်ကနေ ခုန်ချလိုက်သလို ရှောင်းရှောင်းကလဲ သူ့ကိုဘက်ကို ပြန်ကပ်လာပါတော့တယ်။ သူတို့သုံးယောက်စလုံး ပဟေဠိဖြစ်နေကြချိန်မှာ ဟို့ယွိဟောင်တို့ရဲ့ နှလုံးသားတွေက ပြင်းပြင်းထန်ထန် တုန်လှုပ်လာပါတော့တယ်။ ဒီခံစားချက်က သူ့နဲ့ မစိမ်းခဲ့ပါဘူး။ မဟာကြယ်တာရာသစ်တောထဲကို စတင်၀င်ရောက်ချိန်တုန်းကလဲ အဲ့ဒီခံစားချက်ကို သူရရှိခဲ့ပါတယ်။ ပထမဆုံး၀ိညာဥ်သားရဲကောင်နဲ့ သူတွေ့ဆုံရချိန်မှာ အဲ့ဒီခံစားချက်ကို ရရှိခဲ့တာပါ။ စိတ်၀ိညာဥ်မျက်လုံးတွေကနေ ဖန်တီးပေးတဲ့ ထူးဆန်းတဲ့ကြိုတင်အာရုံခံနိုင်စွမ်းပါပဲ။

သူတို့က အခုအချိန်မှာ ပြိုင်ပွဲထဲမှာရှိနေခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့ လှုပ်ရှားမှုက ဟို့ယွိဟောင်ရဲ့နှလုံးသားကို အတော်လေး လှုပ်ခတ်စေခဲ့ပါပြီ။ ဒါကြောင့် သူချက်ချင်းဆိုသလို အော်ဟစ်လိုက်မိပါတော့တယ်။

” သူတို့တွေ ပေါင်းစည်းစွမ်းရည်ကို ထုတ်လွှတ်လို့မလား ”

သူအော်လိုက်တဲ့တစ်ချိန်ထဲမှာပဲ ထိုက်ဟွပင်းကလဲ ကျားလိုဟိန်းဟောက်ရင်း သူ့ခန္ဓာကိုယ်က နောက်တစ်ကြိမ်ပြန်လည်ကြီးမားလာပြန်ပါတော့တယ်။ အဖြူရောင်နဲ့အနက်ရောင် ဆူးချွန်တွေနဲ့ အမွေးတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေခဲ့ပါပြီ။ ကျုးလုကလဲ သူ့ရဲ့သွားတွေထဲက သွေးထွက်လာတဲ့အထိ အံကိုတင်းတင်း ကြိတ်ထားခဲ့ပါတယ်။ ခန္ဓာကိုယ်ကလဲ မှိန်ဖျော့ဖျော့အလင်းတန်းတောက်ပသွားရင်း လေထဲမှာလွှင့်မျောသွားတော့တယ်။ လုံး၀ကို ထွင်းဖောက်မြင်ရလောက်တဲ့အထိ ကြည်လင်သွားခဲ့ရင်း ထိုက်ဟွပင်းကို လက်ဆန့်ထုတ်ပြီ ကြည့်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ထိုက်ဟွပင်းနဲ့ ကျုးလုသာ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်ခဲ့ကြတယ်။ ထိုက်ဟွပင်းရဲ့ မျက်လုံးနှစ်ခုက တစ်ခုထဲအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပေမဲ့ ကြောက်စရာအကြည့်က ကြည့်နေဆဲပါ။ ကျုးလုရဲ့အကြည့်ကတော့ ရေလိုမျိုးတည်ငြိမ်အေးချမ်းနေပါတယ်။ အရည်ပျော်ကြနေတဲ့အတိုင်းပါပဲ။

ချက်ချင်းဆိုသလို ကျားဖြူနဲ့ ငရဲဘုံကျားသစ်တို့က လုံး၀ကို ပေါင်းစည်းသွားခဲ့ရင်း ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့ပါတယ်။ ကျားဖြူက အနက်ရောင်ကြောင်ကို ၀ါးမြိုလိုက်ပြီ သူတို့ရဲ့ပေါင်းစည်းမှုကလဲ တစ်သားထဲဖြစ်သွားစေခဲ့ပါတယ်။ အလင်းလုံးကြီးတစ်ခုကတော့ ရွှေရောင်ရောင်စဥ်တွေရဲ့ကြားမှာ တစ်သားထဲအဖြစ် ပြောင်းလဲသွားပါတော့တယ်။

သိုင်းပညာ၀ိညာဥ်တွေရဲ့ ပေါင်းစည်းမှုက တစ်အပေါင်းတစ် ညီမျှခြင်းဆိုတဲ့နှစ်ဆိုပြီ မရိုးရှင်းခဲ့ပါဘူး။ ဒါ့အပြင် ထပ်တူကြတဲ့သိုင်းပညာ၀ိညာဥ်တွေရဲ့ ပေါင်းစည်းမှုက မပိုင်ဆိုင်ရင်တောင် သူတို့ပေါင်းစည်းမှုက အံ့ဩစရာကောင်းလောက်အောင် လိုက်ဖက်ညီနေခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်နှစ်ယောက်ရဲ့ ပေါင်းစည်းမှုလဲ ဖြစ်နေခဲ့တယ်။

ထိုက်ဟွပင်းနဲ့ ကျုးလုတို့ရဲ့ခန္ဓာကိုယ်တွေက ပေါင်းစည်းမှု့ဖြစ်ပေါ်လာချိန်မှာ ပျောက်ကွယ်လို့သွားခဲ့ပြီ ကြီးမားတဲ့ကျားဖြူကြီးတစ်ကောင်သာ နေရာထဲမှာ ကျန်ရစ်ပါတော့တယ်။ ကျားဖြူကြီးရဲ့ခန္ဓာကိုယ်က ကြည်လင်နေခဲ့ပြီ သူ့အမွေးတွေကသာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လို့နေခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်တို့သုံးယောက်ကို ခရမ်းရောင်မျက်လုံးတွေနဲ့လဲ စိုက်ကြည့်နေပါသေးတယ်။ ဒါက ကျားဖြူအိမ်တော်ပိုင်ဆိုင်တဲ့ လျှို့၀ှက်သွေးသားပါပဲ။ ဒါ့အပြင် ကျုးမိသားစုလို ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ထိပ်တန်းမြင့်မြတ်မျိုးနွယ်ဖြစ်တဲ့ မိသားစုနဲ့ ပေါင်းစည်းနိုင်တဲ့လျှို့၀ှက်ချက် ဖြစ်နေခဲ့တယ်။

ကျားဖြူအိမ်တော်ရဲ့ လူတစ်ယောက်က ကျုးမိသားစုရဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမြဲတမ်းလက်ထပ်ထိမ်းမြားရပါတယ်။ ဒါကြောင့်သာ မြို့စားကတော်က ဟို့ယွိဟောင်ရဲ့ အမေကို ထိန်းချုပ်နိုင်တဲ့သူဖြစ်လာခဲ့တာပါ။ သူမက ကျားဖြူအိမ်တော်ထဲမှာ မိုးကောင်ကင်ကို ဖုံးကွယ်ထားနိုင်လောက်တဲ့အထိ အာဏာပြနိုင်နေတာသူ့ရဲ့ ကိုယ်ပိုင်အရှိန်အ၀ါတွေတင်မဟုတ်ပါဘူး။ မိသားစုရဲ့ အစွမ်းအစကြောင့်လဲပါပါတယ်။ ဒါ့အပြင် သူမကိုယ်တိုင်ပိုင်ဆိုင်ထားတဲ့စွမ်းအားကလဲ ကြီးမားနေခဲ့တယ်။

ကျားဖြူအိမ်တော်ပိုင်ဆိုင်တဲ့ သိုင်းပညာ၀ိညာဥ်ကို အတိအကျဆုံးနာမည်တပ်ရမယ်ဆိုရင် နတ်ဆိုးမျက်လုံးကျားဖြူပါပဲ။ နတ်ဆိုးမျက်လုံးကျားဖြူ။

ဒါ့အပြင် ပိုင်ဆိုင်တဲ့အဓိက ၀ိသေနလက္ခာကတော့ မျက်လုံးနှစ်လုံးပါပဲ။ တခြားတစ်ဖက်မှာ နတ်ဆိုးမျက်လုံးကျားဖြူကို ပိုင်ဆိုင်ထားတဲ့သူက ကျုးမိသားစုရဲ့ ငရဲဘုံကျားသစ်နဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ပေါင်းစည်းမှုတစ်ခုကို ဖန်တီးနိုင်ချေရှိပါတယ်။

ကျားဖြူအိမ်တော်ရဲ့ သွေးသားတွေက ကျုးမိသားစုနဲ့ ရှေးရှေးခေတ်ကထဲက အမြဲတမ်းနီးကပ်လို့နေခဲ့ကြတယ်။

အတိတ်အချိန်မှာ ကျားဖြူမြို့စားမင်းက တော်၀င်မိသားစုဖြစ်ခဲ့ပါတယ်။ ကျုးမိသားစုကတော့ ၀န်ကြီးချုပ်တွေပါ။ ဒီမိသားစုနှစ်ခုက အရင်ကလိုအခြေအနေမျိုးကို မရှိတော့ပေမဲ့ သူတို့ရဲ့ အခြေခံခိုင်ခံ့မှုက နိုင်ငံတော်ထဲမှာ ထင်ထင်ရှားရှားရှိနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အကောင်းဆုံးချည်နှောင်ထားတဲ့ တံတားကတော့ ကျားဖြူအိမ်တော်နဲ့ ကျုးမိသားစုတို့ရဲ့ မျိုးရိုးစဥ်ဆက်လက်ထပ်ပွဲတွေပါပဲ။

အပိုင်း ၃၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset