Switch Mode

Chapter – 31.1

ရွှေရောင်လမ်းနှင့် ငရဲဘုံ ကျားဖြူ တိုက်ခိုက်ခြင်း

အပိုင်း ၃၁•၁

” ရွှေရောင်လမ်းနဲ့ ငရဲဘုံကျားဖြူတိုက်ခိုက်ခြင်း ”
°°°
ဒါပေမယ့် ထိုက်ဟွပင်းရဲ့ တတိယ၀ိညာဥ်စွမ်းရည်က အရမ်းကိုအင်အားကြီးနေဆဲပါ။ ဒီလိုအခြေအနေမျိုးအထိ တိုက်ခိုက်ခံနေရတာတောင် ဒဏ်ရာပြင်းပြင်းထန်ထန် မရသေးပါဘူး။ ၀မ်သုန့်က လေထဲကို မြင့်တက်သွားခဲ့ပေမဲ့ ဟို့ယွိဟောင်ကတော့ မြေပြင်မှာ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဟို့ယွိဟောင်က ၀မ်သုန့်လိုမျိုး နောက်ဆုတ်မသွားခဲ့ပါဘူး။ အဲ့ဒီအစား အရှေ့ကို ပြေး၀င်လို့သွားခဲ့ရင်း သရဲအရိပ်ခြေရာကို အသုံးပြုထားခဲ့ပါတယ်။ သူ့ရဲ့ လက်တွေက ကျောက်စိမ်းဖြူရောင်အဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒါကတော့ ထန်မျိုးနွယ်ရဲ့ ထူးဆန်းကျောက်စိမ်းလက်တွေပါပဲ။ ထိုက်ဟွပင်း ဒူးထောက်နေတဲ့ပုံစံကိုကြည့်ရင်း သူ့လက်၀ါးတွေနဲ့ ရိုက်ချဖို့လုပ်ပါတယ်။ ထိုက်ဟွပင်း မတ်တပ်ရပ်ဖို့ကြိုးစားချိန်မှာ ဟို့ယွိဟောင်ရဲ့ လက်၀ါးတွေက ထိုက်ဟွပင်းရဲ့ ရင်ဘတ်ဆီကို ကျရောက်လို့လာခဲ့တယ်။

ဟို့ယွိဟောင်က ဒီတိုက်ခိုက်မှုထဲမှာ သူ့ရဲ့ ရှိသမျှစွမ်းအင်အားလုံးကို ထည့်သွင်းထားခဲ့ပါတယ်။ ဒီလောက်နဲ့ ထိုက်ဟွပင်းကို သေအောင်မသတ်နိုင်မှန်းတော့ သူသိပြီးသားပါ။ ဒါပေမယ့် ကျားဖြူမြို့စားမင်းအိမ်တော်မှာ ဖြတ်သန်းခဲ့ရတဲ့ ဆယ့်တစ်နှစ်တာလုံးလုံး သိမ်းဆည်းထားခဲ့ရတဲ့ ၀မ်းနည်းကြေကွဲမှုတွေက ဒီတိုက်ခိုက်မှုထဲမှာ အပြည့်အ၀ပါနေခဲ့ပါတယ်။ ထိုက်ဟွပင်းရဲ့ရင်ဘတ်ကို သူရိုက်ပြစ်လိုက်ချိန်မှာ မျက်လုံးတစ်ခုလုံး နီရဲလို့သွားခဲ့တယ်။

သုံးလတိတိ လေ့ကျင့်မှုက အလဟာသမဖြစ်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားရော တခြားစွမ်းရည်တွေကပါ အတော်ကို အင်အားတက်လာခဲ့ပါတယ်။ ခန္ဓာကိုယ်အရည်အသွေးကလဲ အတော်ကို တိုးတက်ကောင်းမွန်လာခဲ့တယ်။ ဒီတိုက်ခိုက်မှုက ထူးဆန်းကောင်းကင်နည်းလမ်းနဲ့ ကြိုးကြာထိန်းချုပ် နဂါးဖမ်းဆီးနည်းလမ်းကို ပေါင်းစည်းထားတာကြောင့် သူ့လက်ရှိအစွမ်းအစနဲ့ ထုတ်သုံးနိုင်မှုအမြင့်ဆုံး ခန္ဓာကိုယ်တိုက်ခိုက်မှုဖြစ်နေခဲ့ပါတယ်။ ထိုက်ဟွပင်းရဲ့ပုံစံပြောင်းထားမှုက ၀မ်သုန့်ရဲ့အလင်းတန်းတွေကြောင့် အနည်းငယ်အားနည်းသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုက ၀ိညာဥ်စွမ်းအားကွာခြားချက်ကဘယ်လောက်ပဲရှိနေခဲ့ပါစေ ထိုက်ဟွပင်းရဲ့ အစာအိမ်ကိုတော့ ထိခိုက်သွားစေခဲ့ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က မြေကြီးထဲကို နောက်ထပ်ပိုပြီး နစ်၀င်လို့သွားခဲ့ရင်း ပါးစပ်အပြည့်သွေးတွေကို အန်ထုတ်စေလုနီးပါး ဖြစ်သွားခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ စိတ်ခံစားချက်တွေက ယိမ်းယိုင်နေပေမဲ့ သူကစိတ်၀ိညာဥ်အမျိုးအစား တိုက်ခိုက်ရေးပညာရှင် ဖြစ်နေဆဲပါ။ ဒါ့အပြင် သာမန်၀ိညာဥ်ပညာရှင်တွေထက်ကို သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက အများကြီးပိုပြီး သာလွန်ပါတယ်။ ဒါ့အပြင် ခေါင်းကြည်ကြည်လင်လင်ထားမှသာ ဒီစွမ်းအားကို အပြည့်အ၀ အသုံးပြုနိုင်မှာပါ။ ခပ်မြန်မြန်ပဲ တိုက်ခိုက်ပြီတဲ့နောက် နောက်ပြန်ဆုတ်လာခဲ့ပါတယ်။ ထိုက်ဟွပင်းကလဲ လက်သည်းတွေကိုအသုံးပြုရင်း ဟို့ယွိဟောင်ရှိနေခဲ့တဲ့နေရာကို ဒီအချိန်မှာပဲ တိုက်ခိုက်လိုက်တယ်။ သူ့ရဲ့တိုက်ခိုက်မှုနဲ့ဆိုရင် ဟို့ယွိဟောင်သာ အချိန်မီနောက်ပြန်မဆုတ်လို့ကတော့ ကြွက်သားတွေအရိုးတွေအားလုံးပျက်စီးသွားန်ိုင်ပါတယ်။ ၀မ်သုန့်လဲ ဖြည်းဖြည်းချင်း ဆင်းလာခဲ့ပြီ ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဟို့ယွိဟောင်က ထိုက်ဟွပင်းကို တကယ်တမ်း ဒဏ်ရာရအောင်မလုပ်နိုင်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ အတော်လေးကို ကျေနပ်နေခဲ့မိပါတယ်။

” အမေ မြင်ပြီလား အမေ့သားလေးနောက်ဆုံးမှာတော့ အမေ့အတွက် လက်စားချေနိုင်ဖို့ မျှော်လင့်ချက်ရှိနေပြီ ဒီလက်၀ါးက အစပဲရှိသေးတာ ကျွန်တော်အမေတို့အားလုံးအတွက် လက်စားချေပေးနိုင်ဖို့ အင်အားအပြည့်အ၀ရှိတဲ့နေ့တစ်နေ့ရောက်လာလိမ့်မယ်..နာကျင်မှုတွေအားလုံးကို ကျွန်တော်ဖယ်ရှားပြစ်မယ် ”

ထိုက်ဟွပင်းက ဟို့ယွိဟောင်ကို လွဲချော်သွားတဲ့အတွက် ဒေါသထွက်လာခဲ့ပါတယ်။ ဒီလိုအနီးကပ်တိုက်ပွဲမျိုးမှာတောင် အသာစီးမရပဲ အရေးနှိမ့်သွားမယ်လို့ သူမထင်ခဲ့မိပါဘူး။ အင်အားကွာခြားချက် ရှိနေခဲ့တာကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က အချိန်ကိုက်စွမ်းအင်ပေါင်းစည်းမှုကို ကြောက်စရာကောင်းလောက်အောင် အသုံးချသွားရင် သူ့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ကျားဖြူပုံစံပြောင်းမှုက အင်အားကြီးပေမဲ့ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက အတော်ကို မြင့်မားပါတယ်။ အကယ်၍ ဒါကိုအချိန်ကြာရှည်သုံးမယ်ဆိုရင် သူအားကုန်ပြီ လှဲကျသွားမှာပါ။ ဒါကြောင့် ဆက်တိုက်မရပ်မနားပဲ တိုက်ခိုက်ဖို့လုပ်ရပါတော့တယ်။ ထိုက်ဟွပင်းက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆီကို နောက်တစ်ကြိမ် ပြေး၀င်လာခဲ့ပါပြီ။ ဒီတိုက်ပွဲက လုံး၀ကို စိတ်လှုပ်ရှားစရာအကောင်းဆုံးအခြေအနေပါပဲ။

တခြားတစ်ဖက်မှာ ရှောင်းရှောင်းကလဲ အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့ပါတယ်။ သူမရဲ့ ကျင့်ကြံဆင့်က ကျုးလုနဲ့ သိပ်မကွာပါဘူး။ ကျုးလုရဲ့ မြေအောက်လောကကျားသစ်က အထွဠ်အထိပ်စွမ်းအားကို ရောက်ရှိနေခဲ့ပေမဲ့ ရှောင်းရှောင်းက အမွှာ၀ိညာဥ်ရှိသူပါ။ စွမ်းရည်မှာကျုးလုထက်တောင် သူက ပိုသာပါသေးတယ်။ အရှိန်နှုန်းလျှော့နိုင်တဲ့ အစွမ်းအစကြောင့် သူ့ပြိုင်ဘက်ရဲ့အရှိန်နှုန်းကိုလဲ လျှော့ချထားနိုင်တယ်။ ဒီလိုအခြေအနေမှာ ရှောင်းရှောင်းက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားအထောက်အပံ့အကူအညီနဲ့ ကျုးလုကို မတားဆီးနိုင်စရာအကြောင်းမရှိပါဘူး။

ရှောင်းရှောင်းရဲ့ သုံးချောင်းထောက်အိုးကြီးက လေထဲမှာ လှည့်ပတ်နေရင်း ကျုးလုရဲ့ လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းကို ဖျက်ဆီးလို့နေခဲ့ပါတယ်။ ကျုးလုကအရမ်းကို မြန်ဆန်ပေမဲ့ ရှောင်းရှောင်းရဲ့ သုံးချောင်းထောက်အိုးကြီးထဲကို ကျရောက်သွားလို့ကတော့ ဘယ်လောက်ပဲကြိုးစားပါစေ လွှတ်မြောက်ဖို့လွယ်မှာမဟုတ်ပါဘူး။ အားကုန်သုံးရင်းနဲ့ ဒီနေရာကနေ ထိုးဖောက်ထွက်ဖို့လုပ်နေခဲ့တယ်။ သူမက အားနည်းတဲ့သူမဟုတ်သလို သူရင်ဆိုင်နေရတဲ့အရာကလဲ ထိပ်တန်းအဆင့်လက်နက်တစ်ခု ဖြစ်နေခဲ့တာကြောင့် ဖျက်ဆီးပြစ်ဖို့မလွယ်ကူခဲ့ပါဘူး။

တစ်ဖက်မှာတိုက်ခိုက်မှုမတော်တဲ့ ရှောင်းရှောင်းကတော့ ကျုးလုကို အနိုင်ယူဖို့အတွက် ခက်ခဲနေပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ တိုက်ပွဲကအနီးကပ်ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာပါ။

ကြည့်နေသူတွေရဲ့ တွက်ချက်မှုအောက်မှာ ရှောင်းရှောင်းကတော့ အနိုင်ရပြီသားဖြစ်နေခဲ့ပါပြီ။ ၀ိညာဥ်ပညာရှင်တွေရဲ့လောကမှာ အမြန်နှုန်းကို အသုံးပြုတဲ့၀ိညာဥ်ပညာရှင်တွေအနေနဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေကို အနိုင်ယူနိုင်စွမ်းရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရှောင်းရှောင်းကတော့ သူ့ရဲ့အမွှာ၀ိညာဥ်ကို အသုံးချရင်း ကျုးလုကို ထိန်းချုပ်လို့ထားနိုင်ခဲ့တယ်။ အနည်းဆုံးကျုးလုအနေနဲ့ ထိုက်ဟွပင်းကို သွားပြီကူညီနိုင်မှာ မဟုတ်ပါဘူး။ တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ ချွေ့ရာကျီးအနေနဲ့လဲ အစောကြီးကထဲက ထွက်သွားခဲ့ရပါပြီ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ထက်မြက်ပြီ အချိန်ကိုက်တွက်ချက်မှုတွေကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်စွမ်းက တခြားသူတွေထက် ပိုကောင်းမွန်တာကို သိရမှာပါ။

” ဘယ်လိုလဲ အဘိုးကြီးရန် ငါအမြင်က မင်းထက်ပိုပြီးကောင်းတယ်မလား ”

ချင်းသောသောက ကျေကျေနပ်နပ်ကြီး ပြောလာခဲ့ပါတယ်။

” မင်းအပြောမစောသင့်ဘူး ဒီကလေးသုံးယောက် မနိုင်သေးဘူးလေ ”

ချင်းသောသောက ရယ်မောလိုက်ပါတယ်။

” ငါမြင်နေသလောက်အရဆိုရင် သူတို့တွေက အင်အားကွာခြားချက်ရှိတာ​တော့ အမှန်ဖြစ်ပေမဲ့ ပူးပေါင်းမှုရဲ့အစွမ်းမှာတော့ ငါလောင်းထားတဲ့ဘက်က ပိုသာနေတယ်..ဒီပြိုင်ပွဲက ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် ဘယ်ဘက်ကနိုင်မယ်လို့ မင်းထင်လဲ ”

ရန်ရှောင်ကျဲ့က ထူးမခြားနားလေသံနဲ့သာ ပြောလာခဲ့ပါတယ်။

” မင်းပြောတော့မှာကို ငါသိတယ်…အဲ့ဒီပုလွေမှုတ်နေတဲ့ ကောင်မလေးက အိုးတွေကိုအသုံးပြုရင် သူ့ရဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကို ပြိုင်ပွဲအစကထဲကနေ အနည်းဆုံးဖြစ်အောင် လုပ်ထားတာ ဒါ့အပြင် ပုလွေတွေကို အသုံးပြုရင် ၀ိညာဥ်စွမ်းရည်ကို အပြည့်အ၀မသုံးရသေးဘူး..အကယ်၍ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် အဲ့ဒီကြောင်အမည်းလေးက စွမ်းအားကုန်သွားမှာပဲ ”

ချင်းသောသောက ကောက်ကျစ်မှုအပြည့်နဲ့ ပြုံးနေခဲ့ပါတယ်။

“မင်းမြင်မယ်ဆိုတာ ငါသိသားပဲ ဒီလိုဖြစ်မှတော့ ဘာဖြစ်လို့ မြန်မြန်အရှုံးမပေးလိုက်လဲ ”

ရန်ရှောင်ကျဲ့က သူ့ကို ပြန်ကြည့်လာခဲ့ပါတယ်။

” အဘိုးကြီးချင်း မင်းက သတ္ထုတွေနဲ့ကစားနေတာ အရမ်းကိုကြာနေပြီဆိုတော့ ငါတို့လောကရဲ့ စည်းမျဥ်းတွေကို မင်းမေ့သွားပုံပဲ ကျားဖြူအိမ်တော်က ကြယ်တာရာလော့နိုင်ငံတော်ကျုးမိသားစုနဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိလဲ ”

ဒီစကားကိုကြားပြီးချိန်မှာ ချင်းသောသောက မျက်နှာချက်ချင်းတင်းမာသွားပါတော့တယ်။

” မဖြစ်နိုင်ဘူး ကျုးမိသားစုနဲ့ ထိုက်မိသားစုက မျိုးဆက်တစ်ဆက်ချင်းဆီတိုင်းမှာ စုံတွဲထွက်ပေါ်တယ်…ဒါ့အပြင် စုံတွဲနှစ်တွဲကအများဆုံးပဲ အဲ့ဒီကလေးတွေက ဘယ်လောက်ရှိသေးလို့လဲ ကျားဖြူအိမ်တော်က သူ့ကို မဟာမြို့စားမင်းအရိုက်အရာပေးဖို့စီစဥ်ထားပြီးပြီလား “‘

ရန်ရှောင်ကျဲ့က ပြုံးလိုက်ပါတယ်။

” မဖြစ်နိုင်ဘူး ထင်နေတာလား သူ့က အသက်ဆယ့်နှစ်နှစ်အရွယ်မှာတင် ၀ိညာဥ်စက်ကွင်းသုံးကွင်းကို စုစည်းပြီးပြီနေပြီ ဒီလိုအခြေအနေနဲ့ ပြောရမယ်ဆိုရင် ထိုက်မိသားစုရဲ့ဘိုးဘေးတွေထက်တောင် ကျော်လွန်နေတဲ့သူပဲ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ခေါင်းဆောင်တွေရဲ့ရုပ်ထုက ကျောင်းတော်ရဲ့၀င်ပေါက်မှာ အခုအချိန်အထိရှိနေသေးတယ်..ထိုက်မိသားစုက မဟာမြို့စားမင်းနေရာကို အမွေဆက်ခံဖို့အတွက် သန်မာတဲ့သူကိုသာ အခွင့်အရေးပေးမှာပဲ ကျားဖြူမြို့စားမင်းအနေနဲ့ သူ့ကလေးကို ဒီကျောင်းတော်ပို့လိုက်တာ စာသင်မှုပဲထင်နေတာလား သူ့မှာအလားအလာဘယ်လောက်ရှိနိုင်လဲဆိုတာ သိချင်လို့ပေါ့ ဒါ့အပြင် ကျုးမိသားစုမှာ အတွင်းပိုင်ပဠိပက္ခတွေအများကြီး ရှိနေတယ်..ဒီကလေးက ကျုးမိသားစုအနေနဲ့ ထိုက်ဟွပင်းနဲ့ ပတ်သက်ပြီ ရင်းနှီးမြုပ်နှံမှုပဲဖြစ်ရမယ်..အကယ်၍ သူတို့သာ ဒီပြိုင်ပွဲကိုနိုင်သွားမယ်ဆိုရင် ငါ့ရဲ့တွက်ချက်မှုက ရိုးရှင်းတဲ့တွက်ချက်မှုတစ်ခုအဖြစ် ကျန်ရစ်ရှိနေရဦးမှာပဲ ဒါပေမယ့် သူတို့သာ ရှုံးသွားမယ်ဆိုရင် ငါပြောတာ မှန်မမှန်ဆိုတာ ကြည့်ကြသေးတာပေါ့ ”

သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးဖြစ်တဲ့ ကျောင်းအုပ်ရန်ရှောင်ကျဲ့က မြင့်မားတဲ့ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားရုံတင်မကပဲ ကျောင်းတော်ထဲက လျှို့၀ှက်ချက်တွေအများကြီးကို သူသိနေခဲ့ပါတယ်။ ဒီလျှိူ့၀ှက်တွေကလဲ နှစ်ပေါင်းထောင်သောင်းနဲ့ချီပြီ စုစည်းထားခဲ့တာပါ။ ဒါ့အပြင် သော့်လော့တိုက်တစ်ခုလုံးမှာ သူလောက် မွှေနှောက်ရှာဖွေနိုင်တဲ့သူရှိမှာမဟုတ်ပါဘူး။

ရန်ရှောင်ကျဲ့စကားကိုကြားပြီတဲ့နောက် ချင်းသောသောရဲ့မျက်နှာပေါ်မှာ အပြုံးက ပျောက်ကွယ်သွားပါတော့တယ်။ နာကျင်တဲ့မျက်နှာက ပေါ်လာခဲ့ပါပြီ။

” မင်းလိုကောက်ကျစ်တဲ့အဘိုးကြီးကို လုံး၀ အခွင့်ကောင်းယူခွင့်မပေးလိုက်သင့်ဘူး…မင်းက ဒီလိုဖြစ်လာမှာကို စောင့်နေတာမဟုတ်ဘူး..ငါတို့တွေ လောင်းကြေးထပ်တာကို နည်းနည်းလျှော့ကျရင်းဘယ်လိုလဲ ဒီပြိုင်ပွဲက အဆုံးမသတ်သေးတာ ငါသိတယ်..ဒါပေမယ့် ငါအခုလက်လျှော့လိုက်မယ်ဆိုရင် မင်းကို အမြောက်အခွံသုံးဆယ်ပေးနိုင်တယ်…ဒါဆိုရင်ရော ရမလား ငါတို့တွေက ညီနောင်တွေဖြစ်လာတာ နှစ်ပေါင်းများစွာကြာလှနေပြီလေ ငါ့ရဲ့အကျင့်ဆိုးကို မင်းသိတာပဲ မင်းဒီလိုလုပ်နေတာ ငါ့ကိုနှိမ့်စက်နေတာနဲ့အတူတူပဲ ”

အပိုင်း ၃၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset