အပိုင်း ၃၀•၄
” နောက်ဆုံးသောတိုက်ပွဲ ”
°°°
သူတို့တွေ သိထားသလောက်အရဆိုရင် ဟို့ယွိဟောင်က ဘေးမှာသာရပ်ရင်း သူ့ရဲ့အဖွဲ့သားတွေကို စိတ်၀ိညာဥ်အမျိုးအစားတိုက်ခိုက်မှုနဲ့ ကူညီပေးတာပါ။ ဒါကလွဲပြီ သူဘယ်တော့မှမလှုပ်ရှားခဲ့ပါဘူး။ ရလဒ်အနေနဲ့ ချွေ့ရာကျီးက သူ့ရဲ့တိုက်ခိုက်မှုလွဲချော်သွားမယ်လို့ ဘယ်တော့မှမတွက်ချက်ခဲ့တာပါ။ ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုကို ခုန်မရှောင်ခဲ့ပဲ ဟို့ယွိဟောင်ကိုလဲ အပါခေါ်သွားဖို့အတွက် တွေးထားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ပစ်မှတ်တွေအားလုံးက အချိန်မရွေးဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုအောက်မှာ ပစ်မှတ်ထားခံနိုင်ရပါတယ်။
ဒီလိုအနီးကပ်တိုက်ပွဲကို စတင်ချိန်ကထဲက ကြီးကြပ်ရေးမှုးအနေနဲ့လဲ သူတို့တွေနဲ့အနီးကပ်မှာ စောင့်ဆိုင်းလို့နေခဲ့ပါတယ်။ ၀မ်သုန့် အတောင်ပံတွေကိုဖွင့်ထုတ်လိုက်ချိန်မှာပဲ သူက လှုပ်ရှားခဲ့ပါပြီ။
ဒီလူသစ်ခြောက်ယောက်စလုံး စွမ်းအားကို အစွမ်းကုန်အထိ အသုံးချနိုင်ဖို့အတွက် သုံးရမဲ့အစွမ်းအစတွေကို ကန့်သတ်ထားချင်အလျင်မရှိခဲ့ပါဘူး။ ကြည့်နေတဲ့ဆရာတွေအနေနဲ့လဲ သူတို့တွေ အစွမ်းကုန်တိုက်ခိုက်မှသာ သူတို့ရဲ့အနာဂတ်အလားအလာကို ရှင်းရှင်းလင်းလင်းသိနိုင်မှာပါ။ ဒါကြောင့် ကြီးကြပ်ရေးမှုးကလဲ အတွေအကြုံကြွယ်၀တဲ့ ပညာရှင်တစ်ယောက်ဖြစ်ရုံတင်မကပဲ အမြန်နှုန်းကို အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်လဲ ဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်ကလဲ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်ဖြစ်နေခဲ့ပါပြီ။ သူလှုပ်ရှားလိုက်ချိန်မှာ သူအရှိန်နှုန်းက ရှိရှိသမျှ လူတွေအားလုံးကို တွေးနိုင်တဲ့အနေအထားထက်ကို အများကြီးကျော်လွန်နေခဲ့ပါတယ်။
ချွေ့ရာကျီးက ဟို့ယွိဟောင်ကို တိုက်ခိုက်ဖို့လုပ်ပေမဲ့ ကြီးကြပ်ရေးမှုးကတော့ သူနောက်ဖက်မှာရောက်နေခဲ့ပါပြီ။ ကြီးကြပ်ရေးမှုးကိုယ်တိုင်တောင်မှ ဒီနှစ်ယောက်တစ်ခါထဲ ပျက်စီးသွားမယ်လို့ ထင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကြီးကြပ်ရေးမှုးလှုပ်ရှားတော့မဲ့အချိန်မှာပဲ ဟို့ယွိဟောင်က အရင်ဆုံးလှုပ်ရှားလိုက်ပါတယ်။ သူ့ခန္ဓာကိုယ်က ဝေ၀ါးလို့သွားခဲ့ပြီ အနောက်ဖက်ကို ဆုတ်သွားခဲ့ရင်း မထင်မှတ်ထားရလောက်အောင် ပုံရိပ်ယောင်တွေ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် အရှိန်နှုန်းက ကျုးလုလိုလူကို မယှဥ်နိုင်ပေမဲ့ သူလုပ်လိုက်တဲ့လှုပ်ရှားမှုက အမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေ လုပ်ဆောင်နိုင်တဲ့အရာမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ သူ့ရဲ့ခြေလှမ်းတွေက အရမ်းကို ထူးဆန်းနေခဲ့ပြီ ချွေ့ရာကျီးရဲ့ မြေခွေးမြီးတွေ ပစ်မှတ်ကိုမထောက်လှမ်းနိုင်အောင် တားဆီးလိုက်တာပါပဲ။ ဒါကြောင့် စုစည်းထားတဲ့စွမ်းအားတွေက တစ်နေရာထဲမှာ လွှင့်ထုတ်လို့မရပဲဖြစ်သွားခဲ့ပါတယ်။ တစ်ချိန်မှာပဲ ၀မ်သုန့်ရဲ့ အလင်းတန်းတွေက ချွေ့ရာကျီးဆီကို ပြေး၀င်သွားရုံတင်မက ထိုက်ဟွပင်းဆီကိုသာ ပြန်လည်ရောက်ရှိလို့သွားပါတယ်။
ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်မှာ ရပ်နေခဲ့တဲ့ ၀မ်သုန့်က သူ့နဲ့အတူတူ နောက်ကိုဆုတ်သွားခဲ့ရတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့် သူတို့ရဲ့တိုက်ခိုက်မှုက မလွဲချော်နိုင်ပါဘူး။ ဒါ့အပြင် လိပ်ပြာနတ်မိမယ်ရဲ့ အလင်းတန်းက အရမ်းကို သန်မာတဲ့တိုက်ခိုက်မှုဖြစ်ပြီ တစ်နေရာထဲကို ချိန်ရွယ်တိုက်ခိုက်မယ်ဆိုရင် အစွမ်းကုန်အထိ အင်အားအပြည့်အ၀ ဖျက်ဆီးမှုပြင်းထန်မှာပါ။
ကြီးကြပ်ရေးမှုးက ချွေ့ရာကျီးကို ဆွဲယူရင်း နယ်မြေအပြင်ဘက်ကို ညာဘက်လက်နဲ့ပြစ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့ အကဲဖြတ်မှုက အရမ်းကို ကောင်းခဲ့တယ်။ ချွေ့ရာကျီးကလဲ ဟို့ယွိဟောင်ကို မတိုက်ခိုက်နိုင်တော့ပါဘူး။ အကယ်၍ သူမသာ လိပ်ပြာအလင်းတန်းတွေနဲ့ ထိသွားခဲ့မယ်ဆိုရင် အသတ်မခံရရင်တောင်မှ သေချာပေါက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမှာပါ။ ထိုက်ဟွပင်းအနေနဲ့ကတော့ သူ့ကိုကူညီဖို့အာရုံစိုက်နေစရာမလိုပါဘူး။
ထိုက်ဟွပင်းရဲ့ ကျားဖြူဒိုင်းကာပေါ်ကို အလင်းတန်းကျရောက်လာချိန်မှာ ပေါက်ကွဲသံတွေက ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။ ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုကို ထိခိုက်အနည်းဆုံးဖြစ်အောင်လို့ သူက ဒူးတစ်ဖက်ထောက်လျက်သားပုံစံနဲ့ လက်၀ါးတွေကို ခေါင်းပေါ်မှာတင်ထားရင်း ခုခံလို့နေခဲ့တယ်။
ဒါပေမယ့် ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုစွမ်းအားက သူ့ထင်ထားတာထက်ကို အများကြီးပိုကျော်လွန်နေခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရဲ့ ၀ိညာဥ်စွမ်းရည်တွေသာ ဖြစ်ပေမဲ့ ထိုက်ဟွပင်းအနေနဲ့ သူ့ရဲ့အစွမ်းအစကို မခံယူနိုင်လောက်တော့အထိ ကြီးမားနေခဲ့ပါတယ်။ ကျားဖြူဒိုင်းကာကလဲ ခုခံနေရင်း ပျက်စီးနေမတတ် ဖြစ်နေခဲ့တယ်။
ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်က လေထဲမှာရုတ်တရက်ဆိုသလို တွန့်သွားခဲ့ပြီ မိစ္ဆာဆန်ဆန်မျက်၀န်းတွေက သွေးနီရောင်တောက်ပသွားပါတော့တယ်။ တတ်ိယ၀ိညာဥ်စက်ကွင်းက ခမ်းနားတဲ့ ခရမ်းရောင်အလင်းတန်းတွေနဲ့ တောက်ပလာခဲ့ရင်း လေထဲကို မြင့်တက်လို့လာခဲ့ပါပြီ။ ဒါ့အပြင် ကျားဖြူပူးကပ်မှုကြောင့် ခိုင်မာလာခဲ့တဲ့ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ထပ်မံပြီ ကြွက်သားတွေကို ပိုမိုတောင့်တင်းလာပါတော့တယ်။ အ၀တ်အစားတွေတောာင် လုံး၀ ပေါက်ကွဲထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ကြွက်သားတွေ အနောက်ဖက်မှာ အရိပ်တစ်ခုကလဲ ပေါ်လာပါတော့တယ်။ ထူးထူးခြားခြား သင်္ကေတတွေကလဲ အရေပြားပေါ်မှာ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါတွေက ကျားမွေးတွေလို အမွေးတွေပါ။
လက်၀ါးကြီးတွေက ပိုမိုကြီးမားလာခဲ့ပြီငွေရောင်အလင်းတန်းတွေလဲ တောက်ပလာခဲ့ပါတယ်။ ဒါပေမယ့်
ခန္ဓာကိုယ်ကတော့ ရွှေရောင်အလင်းတန်းတွေနဲ့ ဖုံးလွှမ်းခံထားရပြီ အရေခွံတစ်ခုလုံးက ရွှေရေတွေလောင်းချခံထားရသလို တောက်ပလို့နေခဲ့တယ်။ ဒါ့အပြင် သွေးဆာတဲ့အလင်းတန်းကလဲ မျက်လုံးထဲမှာ ပိုမိုအားကောင်းလို့လာခဲ့ပါပြီ။ သားရဲကောင်ဘုရင်တစ်ယောက်ရဲ့ အရှိန်အ၀ါက သူ့ခန္ဓာကိုယ်အပြင်ဘက်ကို လျှံထွက်နေခဲ့ပါတော့တယ်။ တတိယ၀ိညာဥ်စွမ်းရည်ကို အသုံးချလိုက်ချိန်မှာပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးလဲ ထိတ်လန့်မှုကို ခံစားလိုက်ရပါတော့တယ်။ သန်မာအားကောင်းတဲ့ ရွှေရောင်အလင်းတန်းက ထိုက်ဟွပင်းရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီ အရှိန်နှုန်းနဲ့ အင်အားကလဲ ပိုမိုအားကောင်းလို့လာပါတော့တယ်။ အဲ့ဒီနောက် သူလက်၀ါးကြီးတွေကို အသုံးပြုပြီ ရိုက်ချနေရင်း ၀မ်သုန့်ရဲ့အလင်းတန်းတွေကို ဖျက်ဆီးပြစ်ဖို့လုပ်နေပါတယ်။ ၀မ်သုန့် ပစ်မှတ်ရဲ့ တိုက်ခိုက်မှုက သူတစ်ယောက်ထဲမဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ဟောင်သုန့်စွမ်းအားကြောင့်သာ ဒီလောက်အထိ အားကောင်းနေခဲ့တာပါ။ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကို ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်ရဲ့စွမ်းအားအပြည့်အထိ သူတို့နှစ်ယောက်ပေါင်းစည်းမှုက သန်မာပြီ ထိုက်ဟွပင်းက ဟောင်သုန့်စွမ်းအားရဲ့ပေါင်းစည်းမှုကို ခုခံနိုင်တဲ့ ပထမဆုံးသူပါပဲ။
ဒါ့အပြင် ထိပ်တန်းသားရဲကောင်အမျိုးအစား၀ိညာဥ်လဲ ဖြစ်နေခဲ့ပါသေးတယ်။ အဆုံးသတ်မှာ ၀မ်သုန့်ရဲ့ကျင့်ကြံဆင့်က ထိုက်ဟွပင်းကို မီဖို့လိုအပ်နေခဲ့သေးတယ်။ နောက်ဆုံးတော့လဲ သူက ၀ိညာဥ်အကြီးအကဲတစ်ယောက်ပါပဲ။ ဟို့ယွိဟောင်နဲ့ စွမ်းအားပေါင်းစည်းထားတာတောင် ဒီအချက်ကို မကျော်လွန်နိုင်သေးပါဘူး။ အကယ်၍ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်ကသာ အဆင့်နှစ်ဆယ်ကို ရောက်နေခဲ့မယ်ဆိုရင် ထိုက်ဟွပင်းအနေနဲ့ ဒီလိုမျိုးတောင် တုန့်ပြန်နိုင်နေမှာမဟုတ်မှန်း သေချာနေခဲ့တယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ကွာခြားချက်က ရှိနေဆဲပါ။
ချက်ချင်းဆိုသလို ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုက အပြည့်အ၀ပျောက်ကွယ်သွားခဲ့ပါပြီ။ ချွေ့ရာကျီးကို စတေးပြီတဲ့နောက် အထွဠ်အထိပ်စွမ်းအားပြည့်သွားခဲ့တဲ့ ထိုက်ဟွပင်းက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အရှေ့ကို ရောက်ရှိလာပါတော့တယ်။ နှစ်ယောက်တစ်ယောက်တိုက်ပွဲဖြစ်ပေမဲ့ သူက အသာစီးရနေခဲ့တယ်။
၀မ်သုန့်ရဲ့အလင်းတွေပျောက်ကွယ်သွားပြီချိန်မှာ ထိုက်ဟွပင်းက မြေပြင်ကို ဘယ်ဘယ်ခြေထောက်နဲ့အားပြုပြီ ခုန်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ကို မဟုတ်ပဲ ဟို့ယွိဟောင်ကို သူတိုက်ခိုက်ဖို့လုပ်တယ်။
ဟို့ယွိဟောင်အနေနဲ့ ထိုက်ဟွပင်းနဲ့ ပထမဆုံးအကြိမ် ဒီလိုနီးနီးကပ်ကပ်နေရတာပါ။ သူအမုန်းဆုံးရဲ့ရန်သူတော်ကြီးက သူတို့နဲ့အနီးဆုံးနေရာမှာ ရောက်နေခဲ့ပါပြီ။ ဟို့ယွိဟောင်ဘယ်လိုပဲကြိုးစားပါစေ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်မထိန်းချုပ်နိုင်တော့ပါဘူး။ သရဲအရိပ်ခြေရာကို အသုံးပြုရင် နောက်ကိုခပ်မြန်မြန်ဆုတ်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အရှိန်နှုန်းက ၀ိညာဥ်အကြီးအကဲဖြစ်နေတဲ့ ထိုက်ဟွပင်းထက် ဘယ်လိုများသာလွန်နိုင်မှာလဲ အကွာအဝေးက ခပ်မြန်မြန်ပဲ နီးကပ်လို့သွားပါတယ်။ ထိုက်ဟွပင်းက ဟို့ယွိဟောင်ရဲ့ရင်ဘတ်ကို လက်၀ါးနဲ့ရိုက်ချပြစ်ဖို့လုပ်တယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို လှုပ်ရှားတာရပ်ရင်း ထိုက်ဟွပင်းကို တောက်ပတဲ့အလင်းတန်းနဲ့ စူးစိုက်ပြီကြည့်လိုက်ပါတယ်။ ငါးမီတာသာဝေးတဲ့ အကွာအဝေးက အတော်လေးကို နီးကပ်လာခဲ့ပါပြီ။ ကြည့်နေသူတွေကတောင် ဒီအပြောင်းအလဲကို သတိမထားမိပဲရှိနေခဲ့ပါတယ်။
ဒါကသူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုမဟုတ်ပဲ စိတ်၀ိညာဥ်နှောင့်ယှက်မှုပါ။ ဟို့ယွိဟောင်အနေနဲ့ ထိုက်ဟွပင်းလူမျိုးကိုသာ စိတ်၀ိညာဥ်ထိတ်လန့်မှုသုံးမယ်ဆိုရင် သူဘာပြဿနာတက်ရမှန်း သိနေခဲ့တယ်။ ဒါ့အပြင် သေချာပေါက် တန်ပြန်ရိုက်ခတ်မှုခံစားရမှာပါ။ အဲ့ဒီနောက် စိတ်၀ိညာဥ်နှောင့်ယှက်မှုကို အသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီအရာက ဘယ်တော့မှ တန်ပြန်ဆိုးကျိုးမရှိနိုင်ပါဘူး။ ဒါ့အပြင် အဆုံးစွန်အထိ ထိန်းချုပ်ပြီ သုံးနိုင်တဲ့အကွာအဝေးက ငါးမီတာအကွာအဝေးပါပဲ။
စိတ်၀ိညာဥ်လှုပ်ရှားမှုကို သူသုံးလိုက်ချိန်မှာပဲ ၀မ်သုန့်အနေနဲ့ ထူးထူးခြားခြား ချော်ကျလို့သွားပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ရွှေရောင်အတောင်ပံတွေပေါ်မှာ လိမ္မောရောင်အလင်းတန်းက မှိန်ဖျော့တောက်ပလာခဲ့ပြီ ထိုက်ဟွပင်းကို ပြန်ရိုက်ချဖို့လုပ်တော့တယ်။ ဒါ့အပြင် ထိုက်ဟွပင်းရဲ့လည်ပင်းနှစ်ဖက်စလုံးကို ချိန်ရွယ်ထားခဲ့တာပါ။
ကျားဖြူရဲ့အသွင်ပြောင်းမှုက ဘယ်လောက်ပဲသန်မာနေပါစေ ထိုက်ဟွပင်းအနေနဲ့ ၀မ်သုန့်ရဲ့အတောင်ပံတွေ သူ့လည်ပင်းကို ချိန်ရွယ်လာချိန်မှာတော့ လုံး၀လျစ်လျူရှုပြီမနေ၀ံ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုက သူ့ကို တခဏတာ အာရုံလွှင့်သွားစေခဲ့ပါတယ်။ စက္ကန့်ပိုင်းသာဖြစ်ပေမဲ့ လုံး၀ကို နှေးကွေးသွားစေခဲ့တာပါ။
ဒါကြောင့်သာ ထိုက်ဟွပင်းရဲ့ လှုပ်ရှားမှုတွေက သတိပြန်၀င်လာချိန်မှာ ၀မ်သုန့်ရဲ့အတောင်ပံတွေစူးရှနေမှုကို ခံစားလိုက်ရပါတော့တယ်။ လက်၀ါးကိုသာအသုံးပြုရင် ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကို သူခုခံလိုက်တယ်။
ဘယ်လိုလုပ်တွေဝေသွားတဲ့အတိုင်း တိုက်ခိုက်မှုက အစွမ်းကုန်သုံးထားတဲ့ တိုက်ခိုက်မှုကို ဘယ်လိုခုခံနိုင်မှာလဲ ထိုက်ဟွပင်းက ကျားဖြူပုံစံပြောင်းမှုကို အသုံးချထားပေမဲ့ ၀မ်သုန့်ကို လွှင့်ထွက်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။
တခြားတစ်ဖက်မှာတော့ ရွှေရောင်အလင်းတန်းက ၀မ်သုန့်ရဲ့ အတောင်ပံတွေထဲမှာ ပေါ်လာရင်း နောက်တစ်ကြိမ် လိပ်ပြာနတ်မိမယ်အလင်းတန်းကို သူထုတ်သုံးပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ဟောင်သုန့်စွမ်းအားရဲ့ အကူအညီကိုအသုံးပြုရင် သူ့ရဲ့အင်အားက ပုံမှန်အနေအထားထက်ကို ကျော်လွန်နေခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိအခြေအနေမှာ သူကလဲ ၀ိညာဥ်အကြီးအကဲမဖြစ်သေးတာကြောင့် တတိယ၀ိညာဥ်စွမ်းရည်တစ်ခုလိုအပ်နေပါသေးတယ်။
ထိုက်ဟွပင်းလဲ စိတ်ထဲမှာ ထိတ်လန့်လို့နေခဲ့တယ်။ ၀မ်သုန့်ရဲ့စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းက အတော်ကိုအံ့ဩစရာကောင်းနေခဲ့ပြီ သူကိုယ်တိုင်တောင် တုန့်ပြန်ဖို့ခက်ခဲနိုင်တဲ့အနေအထားမှာ ရောက်နေခဲ့ပါပြီ။ ကူကယ်ရာမဲ့မှုကြောင့် ချက်ချင်းဆိုသလို အစွမ်းကုန်ခုခံရပါတော့တယ်။ ကျားဖြူအလင်းလှိုင်းတွေကို သူပြန်လည်အသုံးပြုရင်း ၀မ်သုန့်ရဲ့ လိပ်ပြာနတ်မိမယ်ကို ခုခံထားခဲ့ရတယ်။
ဒီလိုအားစိုက်ထားတဲ့ အစွမ်းကုန်တိုက်ခိုက်မှုမှာ တစ်ဖက်က ခုခံနေခဲ့ပြီ တစ်ဖက်ကတော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ပါတယ်။ နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်ရှိတဲ့သူချင်အတူတူဖြစ်ပေမဲ့ လက်ရှိအချိန်မှာ နှစ်ဖက်စလုံးက တူညီတဲ့အဆင့်အတန်းမှာရှိနေခဲ့မယ်ဆိုရင်တော့ အနိုင်အရှုံးက သဲကွဲသွားမှာပါ။
ကျယ်လောင်တဲ့ပေါက်ကွဲမှုက ၀မ်သုန့်နဲ့ ထိုက်ဟွပင်းတို့နယ်မြေကြားမှာ ဖြစ်ပေါ်လာပါတော့တယ်။ ၀မ်သုန့်က အပေါ်စီးကနေတိုက်ခိုက်နေခဲ့ပြီ ထိုက်ဟွပင်းကတော့ အောက်ဖက်ကနေ ပြန်တိုက်ခိုက်နေခဲ့တယ်။
ကြောက်စရာပေါက်ကွဲသံနဲ့အတူ ၀မ်သုန့်က အတောင်ပံတွေကိုခတ်ရင်း လေထဲကို ပျံသန်းသွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့တိုက်ခိုက်မှုရဲ့ အင်အားကို တစ်နေရာထဲမှာ မစုစည်းပဲ ပြန့်နှံ့သွားအောင်လုပ်နေခဲ့တယ်။ ဒါပေမယ့် ထိုက်ဟွပင်းကတော့ မြေပြင်မှာဒူးထောက်လျက်သား နစ်၀င်နေခဲ့ပါပြီ။ အပေါ်ခန္ဓာကိုယ်က ဗလာဟင်လင်ဖြစ်နေခဲ့ပြီ ကောင်းကင်ကြီးကို မျက်နှာမူလို့ထားခဲ့ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာတောက်ပနေတဲ့ ရွှေရောင်အလင်းတန်းနဲ့ သူ့ရဲ့ကျားဖြူခန္ဓာကိုယ်ကို အသုံးပြုရင် တိုက်ခိုက်မှုတွေကို အပြည့်အ၀ ခုခံလို့ထားခဲ့တယ်။
အပိုင်း ၃၀•၄ ပြီး၏။