Switch Mode

Chapter – 231

ကောင်းကင်ဝိညာဉ်သွေး

အခန်း ( ၂၃၁ )
ကောင်းကင်ဝိညာဉ်သွေး

“အင်း … မှော်သလင်းကျောက် အရိုးက အစွမ်းတွေ စုပ်ယူလို့ရပြီ … ”

နေ့ဝက်ခန့် ကြာပြီးနောက် ရဲချန်ဖန် အခြေအနေသည် အမြင့်ဆုံး အနေထားသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထို့ကြောင့် မှော်သလင်းကျောက် အရိုးထဲမှ အစွမ်းများကို စတင်စုပ်ယူရန် လုပ်လိုက်သည်။

“အင်း … မဆိုးဘူး … ဒီ မှော်သလင်းကျောက် အရိုးထဲမှာ မိစ္ဆာဓာတ် နည်းနည်းလေး မှတောင် မရှိဘူး … ”

ရဲချန်ဖန်က မတော်တဆ တစ်ခုခု ဖြစ်လာမည် စိုးသဖြင့် မှော်သလင်းကျောက် အရိုးထဲမှ အစွမ်း အနည်းငယ်ကိုသာ စတင်စုပ်ယူ လိုက်သည်။ ချက်ချင်းပင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် စွမ်းအင်များက သန့်စင်ပြီး မည်သည့် မိစ္ဆာဓာတ်မှ ထွက်ပေါ်လာခြင်း မရှိကြောင်း တွေ့လိုက်လေသည်။

ထို့နောက် ရဲချန်ဖန်သည် မှော်သလင်းကျောက် အရိုးထဲမှ စွမ်းအင်ကို စုပ်ယူရ မြန်ဆန်စေရန် နည်းလမ်းပြောင်း အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ရဲချန်ဖန်သည် လက်ညှိုးထိပ်တွင် ဓားအင်အား အမြင့်ဆုံးအဆင့်ကို ဖြည့်သွင်းပြီး ရင်ဘတ်မှ နှလုံးသွေးကြောကြီး တစ်ခုဆီ ထိုးဖောက် လိုက်သည်။ ရဲချန်ဖန် ရင်ဘတ်တွင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ရဲချန်ဖန်က မှော်သလင်းကျောက် အရိုးကို သွေးရဲရဲနီ စထွက်လာနေသည့် နှလုံးသွေးကြော မကြီးထဲ ထည့်သွင်းလိုက်သည်။

ရဲချန်ဖန် ကိုယ်ထဲ မှော်သလင်းကျောက်အရိုး ဝင်သွားသည်နှင့် လျှပ်တစ်ပြက် အတွင်းမှာပင် ပြင်းထန်များပြား သန့်စင်လှသည့် စွမ်းအင်များက ထွက်ပေါ်လာပြီး သွေးကြောများထဲ စီးဝင်သွားသည်။ ပြင်းထန် သိပ်သည်းလွန်းသော စွမ်းအင်များကြောင့် ရဲချန်ဖန် သွေးကြောများသည် ချက်ချင်းပင် ပျက်စီးလာသည်။

“ဝိညာဉ်စုပ်သိုင်း … စုပ်ယူစမ်း … ”

အသဲခိုက်မတက် နာကျင်မှုက ဖြစ်ပေါ်လာသည်။ မဟာသားရဲ ဧကရာဇ်အဆင့် တန်ခိုးရှင်လောက်သာ ခံနိုင်ရည်ရှိမည့် စွမ်းအင်ကို ရဲချန်ဖန်က နှလုံးရှိ သွေးကြောထဲ တိုက်ရိုက် ထည့်သွင်း၍ စုပ်ယူခြင်း ဖြစ်ရာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို မြင်နိုင်သည်။ မဟာသားရဲ ဘိုးဘေးအဆင့် မဆိုထားနှင့် မဟာသားရဲ ဘုရင်အဆင့် တန်ခိုးရှင်ပင် ထိုမျှနာကျင်မှု ဝေဒနာကို သည်းခံလေ့ကျင့် နိုင်စွမ်းရှိမည် မဟုတ်ပေ။ နာကျင်မှုကြောင့် မလေ့ကျင့်နိုင်ပဲ သေဆုံးသွားမည် ဖြစ်သည်။ ရဲချန်ဖန်ကမူ ဝိညာဉ်စုပ် သိုင်းဖြင့်ပင် စုပ်ယူလိုက် သေးသည်။

ရဲချန်ဖန်က ဝိညာဉ်စုပ်သိုင်း အသုံးပြု လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ပါ လှည့်ပတ်လိုက်သည်။ များပြားလွန်းသော စွမ်းအင်များသည် သွေးကြောများအနှံ့ စီးဝင်ပြီး ရိုးတွင်းခြင်ဆီ သန်မာလာစေရန် လုပ်ဆောင်နေသည်။ အရိုး သန်မာစေခြင်း အဆင့်၏ နာကျင်မှုကို ရဲချန်ဖန် ခံစားဖူးပြီး ဖြစ်သော်လည်း ရိုးတွင်းခြင်ဆီ သန်မာစေခြင်း အဆင့် နာကျင်မှုနှင့် ဘာမှမဆိုင်ကြောင်း တွေ့လိုက်ရသည်။

ပြောရလျှင် အရိုး သန်မာစေခြင်း အဆင့် နာကျင်မှုသည် ကလေးပင် ခံနိုင်သောနာ ကျင်မှုဟု ဆိုလို့ရပြီး ရိုးတွင်းခြင်ဆီ သန်မာစေခြင်း အဆင့် နာကျင်မှုသည် အလွန်သန်မာ ခံနိုင်ရည်ရှိသော လူကြီး တစ်ယောက်ပင် မခံနိုင်သော နာကျင်မှုမျိုး ဖြစ်သည်။ ရဲချန်ဖန် ကိုယ်ပေါ်တွင် ချွေးများသည် ရေချိုးထားသည့်အလား ကျဆင်းနေပြီး အံများ ကြိတ်ထား သောကြောင့် နဖူးပေါ်တွင် ပေါက်ကွဲလုမတက် ဖောင်းကားနေသော သွေးကြောကြီး များကိုပါ မြင်တွေ့နေရသည်။ စက္ကန့်၊ မိနစ်တိုင်းသည် မဟာငရဲတွင် ကျခံနေရသည်ဟု ရဲချန်ဖန် ထင်လိုက်မိသည်။

“တောင့်ခံထား … ငါတောင့်ခံ နိုင်ရမယ် … ”

ရဲချန်ဖန် လက်သီးများ ကျစ်ကျစ်ပါအောင် စုပ်ထားသဖြင့် လက်သီး များသည်ပင် အသားကို ဖောက်ဝင်ကာ သွေးများ ထွက်နေသည်။ သို့သော် ရဲချန်ဖန်တွင် နာကျင်မှုကို အရှုံးပေးပြီး စွမ်းအင် စုပ်ယူခြင်းကို ရပ်တန့်ရန် အတွေးတစ်စက်မှ မရှိချေ။

သို့သော် စွမ်းအင် စီးထွက်ခြင်း များပြားလာသည် နှင့်အမျှ ရဲချန်ဖန် ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ခါနေပြီး အသားပေါ်တွင်ပင် အက်ကွဲရာများ စတင် ဖြစ်ပေါ်နေသည်။ မည်းနက်သော သွေးများမှာ အဆက်မပြတ် ယိုစီး ထွက်လာနေသည်။

မကြာမီ ရဲချန်ဖန်သည် သွေးအိုင်ထဲတွင် ထိုင်ကာ လေ့ကျင့်နေသည် အလားပင်။ အသွေး အသားများသည် များပြားလွန်းသော စွမ်းအင်ကြောင့် ခံနိုင်ရည် မရှိတော့ပဲ သွေးကြောများလည်း အက်ကွဲလာနေသည်။

“ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် ထိန်းချုပ် ဖိနှိပ်စမ်း … ”

ရဲချန်ဖန်က မှော်သလင်းကျောက် အရိုးကို နှလုံးသွေးကြောထဲ တိုက်ရိုက်ထည့်၍ စုပ်ယူဝံ့သည်မှာ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကြောင့် ဖြစ်သည်။ ရဲချန်ဖန်က စွမ်းအင်များပြား ပြင်းထန်မှုကို မခံနိုင်တော့သည်နှင့် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကို ထိန်းချုပ်ပြီး မှော်သလင်းကျောက် အရိုးမှ စွမ်းအင် စီးဆင်းထွက်မှု ပုံစံကို ဖိနှိပ် ထိန်းချုပ်လိုက်သည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က စွမ်းအင်များကို ဖိနှပ်လိုက်သည်နှင့် ရဲချန်ဖန် ခံစားနေရသော ဖိအားများသည် အတန်အသင့် လျော့ကျသွားသည်။

တဖြည်းဖြည်းနှင့် ရဲချန်ဖန် သည် စွမ်းအင်များကို စုပ်ယူလာခဲ့ရာ မှော်သလင်းကျောက် အရိုးမှ စွမ်းအင် ငါးပုံတစ်ပုံခန့်ပင် စုပ်ယူပြီး သွားလေသည်။ ထိုအချိန်တွင် ရဲချန်ဖန်၏ ဝိညာဉ်သားရဲ သွေးနဂါးသည် ဝိညာဉ်စွမ်းအင် များကို မစုပ်ယူနိုင်တော့ဘဲ ကြီးထွားမှုလည်း ရပ်တန့်သွားသည်။ သွေးနဂါး၏ အဆင့်သည် ကောင်းကင်သားရဲ ဘုရင် ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ဝိညာဉ် စွမ်းအင်များက ပြီးပြည့်စုံအောင် ပြည့်ဝနေသည့် အဆင့် ရောက်သွားသဖြင့် ရဲချန်ဖန်သည် အချိန်မဆိုင်းခြင်း ဝိညာဉ် စွမ်းအင်များကို ဖိနှိပ်မှုမှ ဖယ်ရှားလိုက်သည်။ ဝိညာဉ် စွမ်းအင်များက ဖိနှိပ်မှုက လွတ်မြောက် သွားသည်နှင့် ရဲချန်ဖန်သည် ကောင်းကင်သားရဲ ဘုရင် ဆဌမအဆင့် တန်ခိုးရှင်အဖြစ် ရောက်ရှိသွားသည်။

ရဲချန်ဖန် ကောင်းကင်သားရဲ ဘုရင် ဆဌမအဆင့် ရောက်သွားနှင့် ခံနိုင်ရည် စွမ်းအားက မြင့်တက်လာသည်။ ရဲချန်ဖန်၏ ပျက်စီး၊ ပေါက်ပြဲနေသော သွေးကြောများသည် တစ်ခဏ အတွင်းမှာပင် ပြန်လည် ကောင်းမွန် လာနေသည်။

“မှော်သလင်းကျောက် အရိုးအစွမ်း … အစွမ်းကုန် စုပ်ယူစမ်း … ”

ရဲချန်ဖန်က ကောင်းကင် သားရဲဘုရင် ဆဌမအဆင့်ကို ယခုမှ ဖြတ်ကျော် ဝင်ရောက် ထားသောကြောင့် အချိန်တိုအတွင်း မဟာသားရဲ ဘိုးဘေး ပထမအဆင့် ရောက်ရန် မလွယ်ကူကြောင်း နားလည်ထားသည်။ ထို့ကြောင့် ကျန်ရှိနေသော စွမ်းအင်များ အားလုံးကို ရိုးတွင်ချဉ်ဆီ သန်မာလာစေရန်သာ အာရုံစိုက်လိုက်သည်။

များပြားလှသည့် စွမ်းအင်များက ရိုးတွင်ချဉ်ဆီ သန်မာလာစေရန် ဖိနှိပ်ပြောင်းလဲ ပေးနေသည်။ ထို့ကြောင့် များပြားလှသော သွေးနက်များက ရဲချန်ဖန် ကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်နေသည်။ သာမန်လူများသည် ရဲချန်ဖန် နေရာတွင်ဆိုလျှင် နာကျင်မှုကြောင့် သေဆုံးသွားနိုင်သည်။

“ရိုးတွင်းခြင်ဆီ ပြောင်းလဲပြီး … သွေးတွေလည်း စတင် ပြောင်းလဲနေပြီ … ”

ရဲချန်ဖန်က ရိုးတွင်းခြင်ဆီ သန်မာစေရန် ပထမဆုံး သွေးများက ပြောင်းကို ပြောင်းလဲရမည်ဟု သိရှိထားသည်။ မသန့်စင်သည့် သွေးများကို ခန္ဓာကိုယ်မှ ဖယ်ရှား လိုက်မှသာလျှင် ရိုးတွင်းခြင်ဆီ သန်မာစေခြင်း အဆင့်၏ အသေးစား အဆင့်ကို အောင်မြင်နိုင်မည် ဖြစ်သည်။

သို့သော် သွေးများ ပြောင်းလဲမှု ဖြစ်စဉ်အတွင်း လေ့ကျင့်သူသည် အလွန်နာကျင်သော ဝေဒနာကို ခံစားရပေမည်။ သတိအနည်းငယ် လွတ်သွားပါက အသက် အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။ ထိုအချိန်တွင် အမှောင်သခင်နှင့် မြွေဘုရင်မတို့သည် ရဲချန်ဖန်ကို ဂူဗိမ္မာန် တစ်ဝိုက်တွင် ရှာဖွေနေသည်။ သို့သော် ရဲချန်ဖန်ကို ရှာမတွေ့ချေ။

“ဒီကောင် … ထွက်ပြေးသွားပြီနဲ့ တူတယ်….”

ရဲချန်ဖန်ကို ရှာမတွေ့သဖြင့် မြွေဘုရင်မက ဒေါသတကြီး ပြောလိုက်သည်။ မြွေဘုရင်မသည် ဒဏ်ရာက သက်သာလာပြီ ဖြစ်သော်လည်း သားရဲအမြုတေ စွမ်းအင် ပြန်ပြည့်လာစေရန် နှစ်ပေါင်းများစွာ ပြန်လည် လေ့ကျင့်ရတော့မည် ဖြစ်သည်။

“ဒီဂူဗိမ္မာန်က အရမ်းကြီးတယ် … သေချာတယ် ရတနာကြီးကြီး မားမားတွေ ရှိမှာပဲ … အဲဒါတွေ ရဲချန်ဖန် ရသွားရင် သူ ပေါင်းစပ်ဖို့ အရင် ကြိုးစားလိမ့်မယ် … ငါတို့ ဒီအနီးနား တစ်ဝိုက်ကို သေချာရှာရင် ဒီကောင်ကို တွေ့နိုင်တယ် … ”

အမှောင်သခင် မျက်လုံးများက ကောက်ကျစ်မှုနှင့် ပြည့်နှက်နေသည်။ သူသည် ရဲချန်ဖန် ရတနာများ ရသွားသည်ကို မနာလိုချေ။ ထို့ကြောင့် ရဲချန်ဖန်ကို မြေလှန်ရှာဖွေရန် ဆုံးဖြတ်ထားသည်။

“ကောင်းတယ် … ”

မြွေဘုရင်မသည် အမှောင်သခင် အကြံကို လက်ခံလိုက်သည်။ သူမလည်း ရတနာများ ရရှိပါက ရတနာများနှင့် အရင်ပေါင်းစပ်ရန် ကြိုးစားမည် ဖြစ်သည်။ သူမ ရဲချန်ဖန်ကို မုန်းသော အမုန်းသည် ကမ္ဘာကျေ သော်လည်း မပျောက်နိုင်ပေ။

အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေသည်။ ရဲချန်ဖန် သည်ခိုင်မာသော သံဓိဌာန်ဖြင့် နာကျင်မှုကို သည်းခံရင်း လေ့ကျင့်နေရာ ရဲချန်ဖန်၏ သွေးများသည် အဆက်မပြတ် ပြောင်းလဲနေသည်။ ငါးရက်ကြာ ပြီးနောက် ရဲချန်ဖန်၏ သွေးဟောင်းများသည် အကုန်ထွက်သွား သလောက်ရှိပြီး သွေးအသစ်များက သွေးကြောထဲ လှည့်ပတ် စီးဆင်းနေသည်။

မှော်သလင်းကျောက် အရိုးပေါ်တွင်ပင် အက်ကွဲရာ ဖြစ်ပေါ်လာသည်။ တဖြည်းဖြည်း မှော်သလင်းကျောက် အရိုးထဲရှိ စွမ်းအင် ကုန်ခန်းသွားပြီး မှော်သလင်းကျောက် အရိုး အမှုန်များအဖြစ် အက်ကွဲ ပျောက်ဆုံးသွားရာ မှော်သလင်းကျောက် အရိုး အတွင်းဆုံးထဲရှိ သွေးတစ်စက်က ရဲချန်ဖန်၏ သွေးကြောထဲ ဝင်ရောက်သွားသည်။

ရုတ်တရက် ထိုသွေးတစ်စက်ထဲမှ ထောင်သောင်းမက များပြားသော သရဲ၊ တစ္ဆေများ၏ အော်ဟစ် ငိုကြွေးသံ ထွက်ပေါ်လာသည်။ ရဲချန်ဖန်၏ သက်သာစ ပြုနေသော သွေးကြောများနှင့် အတွင်းဒဏ်ရာ များသည် ချက်ချင်းပင် ထိခိုက်ဒဏ်ရာ ရသွားပြီး ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကိုပင် ဖိနှိပ်ရန် ကြိုးစားလာသည်။ ထိုအခိုက်အတန့်တွင် သွေးတစ်စက်သည် ရဲချန်ဖန်၏ စိတ်ဝိညာဉ် နယ်မြေထဲ လျင်မြန်စွာ တိုးဝင်သွားပြီး ရဲချန်ဖန်၏ စိတ်ဝိညာဉ်ကို ဝါးမျိုကာ ရဲချန်ဖန် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

“ဒါက ဘာသွေးလဲ … ”

ရွှေအိုရောင် သွေးတစ်စက်ကို ကြည့်ပြီး ရဲချန်ဖန် တုန်လှုပ်သွားသည်။ နတ်ဦးနှောက်ကို ထိန်းချုပ်ပြီး သွေးတစ်စက်၏ အသိစိတ်ကို ပယ်ဖျက်ရန် ကြိုးစားလိုက်သည်။

“ဝူး … ”

နတ်ဦးနှောက်ထံမှ အန္တရာယ် အငွေ့အသက် ရလိုက်သည်နှင့် ရွှေရောင် သွေးတစ်စက်သည် ရွှေရောင် အလင်းတန်းများ ထုတ်လွတ်ပြီး ရဲချန်ဖန်၏ ဝိညာဉ်နယ်မြေမှ လွတ်မြောက်ရန် ထွက်ပြေး တော့သည်။ နတ်ဦးနှောက်က ချက်ချင်းပင် ထိန်းချုပ် လိုက်နိုင်ပြီး ရွှေရောင် သွေးတစ်စက်ကို လွတ်မြောက်ခွင့် မပေးချေ။

နတ်ဦးနှောက်က ရွှေရောင် သွေးတစ်စက်၏ အသိစိတ်ကို ဖျက်ဆီး စုပ်ယူလိုက်သည်။ တစ်ခဏ အတွင်းမှာပင် ရွှေရောင် သွေးတစ်စက်၏ အသိစိတ်က အားပျော့လာသည်။ ထို့နောက် ရွှေရောင် သွေးတစ်စက်သည် အလွန် သန့်စင်သော ဝိညာဉ် စွမ်းအင်သာ ပါဝင်သည့် အသိစိတ် ကင်းမဲ့သော သွေးအဖြစ် ပြောင်းလဲကာ ရဲချန်ဖန် စိတ်ဝိညာဉ် နယ်ပယ်ထဲတွင် မျောလွင့်နေသည်။ တစ်ဆက်တည်းမှာပင် ရွှေရောင် သွေးတစ်စက် အကြောင်း နတ်ဦးနှောက်မှ တစ်ဆင့် ရဲချန်ဖန် သိလိုက်ရသည်။

“ကောင်းကင် ဝိညာဉ်သွေး … ကောင်းကင်နဲ့ မြေကြီးအောက်မှာ ကောင်းကင်ဝိညာဉ် သွေးနဲ့ မြေဝိညာဉ်သွေး ဆိုပြီး နှစ်မျိုးရှိတယ် … အဲဒီသွေးတွေက ဝိညာဉ်သားရဲတွေကို စွမ်းအား တိုးမြင့်ပေး နိုင်တယ် … ”

နတ်ဦးနှောက်သာ မရှိလျှင် ရဲချန်ဖန်သည် ဘယ်တော့မှ ကောင်းကင် ဝိညာဉ်သွေး ရှိကြောင်း သိနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် အမြွာညီနောင် တိုက်ကြီး၏ မှတ်တမ်းများတွင် မြေဝိညာဉ်သွေး အကြောင်းသာ မှတ်တမ်း ရှိသောကြောင့် ဖြစ်သည်။ မြေဝိညာဉ်သွေးပင် ရှာမှရှား လှသည့်ရတနာ ဖြစ်သည်။ ကောင်းကင်အဆင့် ရတနာများနှင့် ထက်ပင် အဆပေါင်းများစွာ တန်ဖိုးကြီး ရှားပါးသည်။

အဆင့်မြင့် ဝိညာဉ် ကျောက်တုံးများ ရှိပါက ကောင်းကင်အဆင့် ရတနာများ ဝယ်ယူရန် ဖြစ်နိုင်သော်လည်း မြေဝိညာဉ်သွေးကို ဝယ်ယူရန်မှာ မဖြစ်နိုင်ပေ။ ဤသည်ကို ကြည့်ခြင်းဖြင့် မြေဝိညာဉ်သွေးပင် မည်မျှတန်ဖိုးကြီး ရှားပါးသည်ကို မြင်နိုင်သည်။ ကောင်းကင် ဝိညာဉ်သွေး ဆိုလျှင် ဆိုဖွယ်မရှိတော့ပေ။

ရဲချန်ဖန်သာ ကောင်းကင် ဝိညာဉ်သွေးကို ရရှိပိုင်ဆိုင် ထားသည့်ဟု သတင်း ရသွားပါက အမြွာညီနောင် တိုက်ကြီးမှ ဇာတ်မြှုပ် ပုန်းကွယ် နေထိုင်နေကြသော မဟာတန်ခိုးရှင်များနှင့် ထိပ်သီး ပုဂ္ဂိုလ်များက ရဲချန်ဖန် မသေမချင်း နေရာအနှံ့ မြေလှန် ရှာဖွေကြမည် ဖြစ်သည်။

ရဲချန်ဖန်သည် အလွန်ဝမ်းသာ သွားလေသည်။ ထို့နောက် သူ၏စိတ်ဝိညာဉ် နယ်မြေထဲ ရှိနေသော သွေးကို ချက်ချင်း စုပ်ယူလိုက်သည်။ ကောင်းကင်ဝိညာဉ် သွေးသည် မဟာဧကရာဇ် အဆင့်တန်ခိုးရှင်၏ ဝိညာဉ်သားရဲကိုပင် အစွမ်းထက်အောင် ပြုလုပ်ပေး နိုင်သည့် အစွမ်းရှိသည်။

ထို့ကြောင့် ရဲချန်ဖန်၏ သွေးနဂါးသည် မကြာမီပင် ဆင့်ကဲစတင် ပြောင်းလဲတော့သည်။ သွေးနဂါးကိုယ်ပေါ်မှ အကြေးခွံများသည် ပိုမိုကြီးမားလာပြီး နဂါးကြီး၏ ခေါင်းပေါ်ရှိ ချိုကြီးမှာ ပို၍ ထက်မြလာသည်။ အလွန်ထူးခြားသော ပြောင်းလဲမှုက ဖြစ်ပေါ်လာသည်။ ဤသည်မှာ နဂါးကြီး၏ နဖူးလို နေရာတွင် ဘုရင်ဟူသော စာလုံး ဖြစ်ပေါ်လာခြင်းပေ။

သွေးနဂါးသည် ကောင်းကင်ဝိညာဉ် သွေးကို စုပ်ယူပြီးနောက် ဆင့်ကဲ ပြောင်းလဲမှုများ ဆက်လက် ဖြစ်ပေါ်နေသည်။ နဂါးကြီး၏ နားကွဲမတတ် တွန်သံက ရဲချန်ဖန် စိတ်ထဲတွင် ကြားနေရသည်။ ချက်ချင်းပင် နဂါးတွန်သံက ရဲချန်ဖန် စိတ်ဝိညာဉ် နယ်မြေကို ကျော်လွန်ပြီး အပြင်ဘက် ကမ္ဘာပေါ်တွင်ပါ ထွက်ပေါ်လာသည်။

နဂါးတွန်သံက ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက် ကျယ်လောင်လှရာ ရဲချန်ဖန် ရေးဆွဲထားသော တားဆီးဖုံးကွယ် ဝင်္ကပါပင် အစိတ်စိတ် အမြွာမြွာ ပျက်စီးသွားသည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီးပါ တုန်လှုပ်နေသည်။

“ဒါ … ဒါ … ဘာအသံလဲ … ”

ရဲချန်ဖန်ကို နေရာအနှံ့ မြေလှန် ရှာဖွေနေသော မြွေဘုရင်မသည် နဂါးတွန်သံကို ကြားလိုက်သည်နှင့် သူမအကြည့်က အနောက်မြောက် အရပ် ရဲချန်ဖန် ရှိနေသည့် နေရာကို ရောက်ရှိသွားသည်။

“ဒါ နဂါးတွန်သံပဲ … ဒါ ရဲချန်ဖန်ရဲ့ ဝိညာဉ်သားရဲ နဂါးတွန်သံပဲ ဖြစ်ရမယ် … သူက အနောက်မြောက် အရပ်မှာ ရှိနေတယ် … ”

ကောင်းကင်နှင့် မြေကြီး တုန်ခါအောင် အစွမ်းထက်လှသည့် နဂါးတွန်သံ ထွက်ပေါ်နေရာသို့ မြွေဘုရင်မနှင့် အမှောင်သခင်တို့ အစွမ်းကုန် ပြေးလွှားသွား ကြသည်။ သူတို့သည် ပူးပေါင်းကာ ရဲချန်ဖန်ကို သတ်ဖြတ်ရန် ကြိုးစားတော့ပေမည်။

Comment

Leave a Reply

Options

not work with dark mode
Reset