Switch Mode

Chapter – 230

ထူးဆန်းသော သွေးတစ်စက်

အခန်း ( ၂၃၀ )
ထူးဆန်းသော သွေးတစ်စက်

“ဒီတစ်ခါတော့ မင်းကို အလွတ်ပေး လိုက်မယ် … ”

ရဲချန်ဖန် ဒဏ်ရာများသည်လည်း ပေါ့သေးသေး မဟုတ်ချေ။ ထို့ကြောင့် မြွေဘုရင်မ နောက်သို့ မလိုက်တော့ဘဲ အလွတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ရဲချန်ဖန်သည် မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးကို သောက်သုံးလိုက်သည်။

ထိုအချိန်တွင် ဓားစက်ရုပ်နှင့် ဖုတ်ကောင်ဘုရင်တို့ တိုက်ခိုက်မှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ တိုက်ပွဲဖြစ်ရာ အနီးတစ်ဝိုက်ရှိ အုတ်ဂူများသည် ပြိုကျပျက်စီး သွားပြီဖြစ်သည်။ ဖုတ်ကောင်ဘုရင်၏ အစွမ်းသည် မဟာသားရဲဘုရင် အဆင့်နှင့်ပင် နှိုင်းယှဉ်လို့ ရနေပြီ ဖြစ်သော်လည်း ခန္ဓာကိုယ် မာကျောမှုတွင် ဓားစက်ရုပ်က အသာစီး လုံးဝရနေသည်။

ဖုတ်ကောင်ဘုရင်၏ တူထုချက်များသည် အဆတ်မပြတ် ဓားစက်ရုပ်ကို ထိမှန်နေသော်လည်း ဓားစက်ရုပ် ကိုယ်တွင် ပွန်းရာလေး တစ်စက်ပင် မရှိချေ။ သို့သော် ဓားစက်ရုပ်၏ ကောင်းကင် အဆင့်ဓားဖြင့် တန်ပြန် တိုက်ခိုက်မှုကြောင့် ဖုတ်ကောင်ဘုရင် ကိုယ်ပေါ်တွင် ဓားဒဏ်ရာ အများအပြား ရှိနေပြီ ဖြစ်သည်။

“ဟေး … မင်းက ဘယ်သူလဲ … ”

ဖုတ်ကောင် ဘုရင်တွင် မြင့်မားသော အသိဉာဏ် ရှိနေသည်။ ထို့ကြောင့် သူ၏ပြင်းထန်သော တိုက်ခိုက်မှုများကို ဘာမှမဖြစ်ပဲ ခံနိုင်နေသည်ကို တွေ့သောအခါ ဖုတ်ကောင်ဘုရင်က ဆက်မတိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဓားစက်ရုပ်တွင် ပေးထားသည့် အမိန့်ကို နာခံရန် အသိသာရှိသည်။ ထို့ကြောင့် ဖုတ်ကောင်ဘုရင် ပြောသမျှကို လျစ်လျူရှုပြီး မိစ္ဆာအရိုး သလင်းကျောက်များကို လောင်ကျွမ်းစေကာ အစွမ်းကုန် တိုက်ခိုက်နေသည်။

ထို့ကြောင့် ဖုတ်ကောင် ဘုရင်လည်း မသက်သာဘဲ ပြန်လည် တိုက်ခိုက် နေရသည်။ သို့သော် ဓားစက်ရုပ်က ဘာမှမဖြစ်ဘဲ အချိန်ကြာသည်နှင့် အမျှ ဖုတ်ကောင်ဘုရင် ကိုယ်ပေါ်တွင်သာ ဓားဒဏ်ရာများက ပိုမိုများပြား ပြင်းထန်လာသည်။ ဓားစက်ရုပ်သည် အရိုးမိစ္ဆာ သလင်းကျောက်ကို အစွမ်းကုန် လောင်ကျွမ်းစေကာ တိုက်ခိုက် နေသောကြောင့် ဓားချက် တစ်ချက်တိုင်းတွင် ပေါင်တစ်သန်း စွမ်းအားက ပါဝင်နေသည်။

“ဝုန်း … ”

ဖုတ်ကောင် ဘုရင်၏ တူနှင့် ဓားစက်ရုပ် ခန္ဓာကိုယ်တို့ ထိမှန်သွားပြီး ပြင်းထန်သော တုန်ခါမှု ဖြစ်ပေါ်ကာ လောကကြီးပင် တုန်ဟည်းသွားသည်။ သို့သော် ဓားစက်ရုပ်က ဘာမှ မဖြစ်သည့်ဟန် မျက်နှာပင် အမူအရာ မပျက်ဘဲ ဖုတ်ကောင်ဘုရင်ကို ဓားဖြင့် ခုတ်လိုက်လေသည်။ မီတာ ရှစ်ဆယ်ကျော် မြင့်မားသည့် ဖုတ်ကောင် ဘုရင်သည် အနည်းငယ် စိတ်ပူလာပြီး နောက်သို့ အဆက်မပြတ် ဆုတ်နေလေသည်။

သို့သော် ဓားစက်ရုပ်က ဖုတ်ကောင်ဘုရင်ကို အလွတ်မပေးဘဲ တရစပ် လိုက်လံ တိုက်ခိုက်နေသည်။ နောက်ဆုံးတွင် ဖုတ်ကောင် ဘုရင်သည် ဆုတ်ရန် နေရာမရှိတော့ဘဲ နောက်တွင် ခံနေသည့် ဂူဗိမ္မာန်ကြီးနှင့် ဆောင့်မိသွားသည်။ ကြီးမားသော အက်ကွဲရာကြီးက ဂူဗိမ္မာန်ပေါ်တွင် ဖြစ်ပေါ်လာသည်။

“ပြတ်စမ်း … ”

ဓားစက်ရုပ်၏ ကျောက်မျက်ရတနာ ကဲ့သို့ မျက်လုံးသည် အရောင် လင်းလက်သွားပြီး ကောင်းကင် အဆင့်ဓားဖြင့် ဖုတ်ကောင်ဘုရင်ကို အားသုံး၍ ခုတ်ပိုင်းလိုက်သည်။ ဓားအစွမ်းသည် ကြောက်မက်ဖွယ် ကောင်းလှရာ ဖုတ်ကောင် ဘုရင်သည် အစွမ်းကုန် ရှောင်တိမ်းလိုက်သည်။ သို့သော် ဆုတ်ရန်နေရာ မရှိတော့ဘဲ အကျဉ်းအကျပ်ထဲ ဖြစ်နေသောကြောင့် ဖုတ်ကောင်ဘုရင် ရှောင်ရာ မလွတ်တော့ဘဲ ဓားအလင်းက ဖုတ်ကောင် ဘုရင်၏ ညာလက်မောင်းကို ဖြတ်ပိုင်း သွားလေသည်။ ဖုတ်ကောင်ဘုရင်၏ ညာလက်မောင်းက မြေပေါ် ပြုတ်ကျသွားပြီး သွေးများက နေရာအနှံ့ စီးကျလာသည်။

“ခွေးတိရစ္ဆာန်ကောင် … မင်းကို ငါသတ်မယ် … ”

ညာလက် ဆုံးရှုံးသွားသဖြင့် ဖုတ်ကောင် ဘုရင်သည် အရူး တစ်ယောက်လို စတင် တိုက်ခိုက်တော့သည်။ ဖုတ်ကောင်ဘုရင် ကိုယ်ပေါ်တွင် ရစ်ပတ်လျက် ရှိသော သံချိန်းကြိုးများကို ဖြုတ်ကာ ဓားစက်ရုပ်ကို တိုက်ခိုက်လိုက်သည်။ သံချိန်းကြိုးများသည် တဝှီဝှီ မြည်ဟည်းလျက် နဂါး တစ်ကောင်အလား ဓားစက်ရုပ်ကို ရစ်ပတ် သတ်ဖြတ်ရန် ကြိုးစားနေသည်။ တစ်ချီတွင် သံချိန်းကြိုးများက ဓားစက်ရုပ်ကို လှုပ်မရအောင် ချုပ်နှောင်ထား လိုက်သည်။

“သေစမ်း … ”

ဖုတ်ကောင် ဘုရင်သည် အရူး တစ်ယောက်အလား အော်ဟစ်လျက် ကြီးမားလှသည့် တူကြီးဖြင့် ဓားစက်ရုပ်ခေါင်းကို ထုချလိုက်သည်။ ဖုတ်ကောင် ဘုရင်သည် မဟာသားရဲဘိုးဘေး ဆဌမအဆင့်သာ ဖြစ်သော်လည်း သူက အဆင့်တူများထက် များစွာပိုမို အစွမ်းထက်သည်။ ယခုလို မလှုပ်နိုင်အောင် ချုပ်နှောင်ပြီး ဖုတ်ကောင်ဘုရင်၏ အားကုန်တူဖြင့် ထုနှက်ခံရပါက မဟာသားရဲ ဘုရင်ပင် မခံနိုင်ပဲ သေဆုံးသွားမည် ဖြစ်သည်။ သို့သော် ကံမကောင်း ရှာသော ဖုတ်ကောင် ဘုရင်က ဓားစက်ရုပ်နှင့် ရင်ဆိုင်နေရခြင်းပေ။

ဖုတ်ကောင်ဘုရင်က ဓားစက်ရုပ်ခေါင်းကို ထိမိလိုက်သည်နှင့် ဓားစက်ရုပ်က ဘာမျှမဖြစ်ပဲ တူက သံမဏိတုံးကို ထုရိုက်မိသည့် အလားပင် ဖုတ်ကောင် ဘုရင်က ခံစားလိုက်ရသည်။ ထို့အပြင် တန်ပြန် သက်ရောက်အား ဖြစ်ပေါ်လာသည်။ ထိုအားက တူမှတစ်ဆင့် ဖုတ်ကောင် ဘုရင်ကို ထိမှန်သွားရာ ဖုတ်ကောင် ဘုရင်သည် တူပင် လွတ်ကျလုနီးပါး လက်မောင်းက ထုံကျင် အားပျက်သွားသည်။

“ဘာ … ဘာလဲ … မင်းက ဘယ်သူလဲ … ”

ဖုတ်ကောင် ဘုရင်သည် အလွန်မြင့်မားသော အသိဉာဏ်ကို ပိုင်ဆိုင်နေပြီ ဖြစ်သဖြင့် ဓားစက်ရုပ် လုံးဝကို မည်သည့်ဒဏ်ရာ အနာတရမှ မရသည်ကို မြင်လိုက်သည်နှင့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“ဟား … ဟား … ”

ဓားစက်ရုပ်က ဖုတ်ကောင်ဘုရင် ကြောက်ရွံ့နေပုံကို ကြည့်ပြီး အားပါးတရ ရယ်မောလိုက်သည်။ ထို့နောက် ကောင်းကင် အဆင့်ဓားဖြင့် ဖုတ်ကောင် ဘုရင်ကို ခုတ်ချလိုက်သည်။ ဓားသည် ကြောက်မက်ဖွယ် အစွမ်းများ ပါဝင်ပြီး ဖုတ်ကောင်ဘုရင် ကိုယ်ပေါ်ရှိ သံချိန်းကြိုးကြီး များကိုပင် ပြတ်တောက် သွားစေသည်။ ထို့နောက် ဓားက ဖုတ်ကောင်ဘုရင်ထံ ဆက်လက် ဝင်ရောက်သွားသည်။

ဓားက ဖုတ်ကောင်ဘုရင် ကိုယ်ထဲ ဝင်ရောက်သွားပြီး ဖုတ်ကောင်ဘုရင် ခန္ဓာကိုယ်ကို အဆက်မပျက် ဖျက်ဆီးနေသည်။ ဖုတ်ကောင်ဘုရင် ကိုယ်မှ များပြားလှသော သွေးအမည်း၊ အနက်များက စီးထွက်လာပြီး နေရာအနှံ့သို့ စင်သွားလေသည်။

ဖုတ်ကောင် ဘုရင်သည် ခန္ဓာကိုယ်ကလည်း ပြင်းထန်သော ဒဏ်ရာရရှိပြီး ညာလက်ပါ ဆုံးရှုံးသွား သောကြောင့် ကြောက်လန့်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဓားစက်ရုပ်ကို တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ ထွက်ပြေးရန်သာ ကြိုးစားတော့သည်။

ထိုအချိန်တွင် ရွှေလင်းယုန်တောင်ပံ အသုံးပြုကာ ဓားစက်ရုပ်ထံ ပြန်လာသော ရဲချန်ဖန်သည် ထွက်ပြေးရန် ကြိုးစားနေသည့် ဖုတ်ကောင်ဘုရင်၏ ပြေးလမ်းကို ပိတ်ကာ တားဆီးလိုက်သည်။

“ရေမီးဝဲကတော့ … ”

ရေမီးဝဲကတော့တွင် သရဲစိမ်း မီးတောက်နှင့် ဆန်းကြယ်ရေခဲ ဝိညာဉ်စမ်းရေတို့ ပေါင်းစည်းကာ အစွမ်းကုန် လှည့်ပတ်နေသဖြင့် ကြောက်မက်ဖွယ် ကောင်းသော စုတ်ဖြဲ ဆွဲစုပ်အားက ဖြစ်ပေါ်နေသည်။ ထို့နောက် ရေမီးဝဲကတော့က ရှစ်မီတာအကွာတွင် ရှိနေသော ဖုတ်ကောင်ဘုရင်ကို ဝါးမျိုရန် ပြင်းထန်စွာ လှည့်ပတ် စုပ်ယူနေသည်။

ရေမီးဝဲကတော့၏ စုပ်ယူမှု မခံရစေရန် ခန္ဓာကိုယ်အစွမ်းဖြင့် ဖုတ်ကောင်ဘုရင်က ခုခံနေစဉ် ဓားစက်ရုပ်သည် ဖုတ်ကောင် ဘုရင်နား ရောက်ရှိလာပြီး ကောင်းကင်နှင့်မြေကြီး ကွဲအက်သွား စေနိုင်သော ဓားချက်ဖြင့် ဖုတ်ကောင်ဘုရင်ကို တိုက်ခိုက် လိုက်သည်။ ဖုတ်ကောင်ဘုရင်က ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း နှစ်ဖက်ညှပ် တိုက်ခံနေရသဖြင့် လွတ်အောင် မရှောင်နိုင်တော့ချေ။ ဓားအလင်းက ဖုတ်ကောင်ဘုရင်၏ ဘယ်လက်မောင်းကို ပိုင်းဖြတ်သွားသည်။

“အ … အား … ”

လက်နှစ်ဖက် ဆုံးရှုံးသွားသဖြင့် ဖုတ်ကောင် ဘုရင်သည် ရူးသွပ်သလို ဖြစ်သွားလေသည်။ အဆုံးမဲ့ စွမ်းအားများက ဖုတ်ကောင်ဘုရင်မှ ထွက်ပေါ်လာသည်။ ထို့နောက် ဓားစက်ရုပ်ကို ခုန်ကန်လိုက်သည်။ တိုက်ခိုက်မှုက အလွန်ပြင်းထန် သော်လည်း ဓားစက်ရုပ်ကို အန္တရာယ် မပေးနိုင်ချေ။

ဖုတ်ကောင်ဘုရင်က အရူး တစ်ကောင်လို အဆက်မပြတ် ဓားစက်ရုပ်ကို ကန်ကျောက် တိုက်ခိုက်နေသည်။ သို့သော် မည်သည့် ထူးခြားမှုမှ မဖြစ်လာချေ။ ဓားစက်ရုပ်က ဖုတ်ကောင်နား ချဉ်းကပ်ပြီး ဓားဖြင့် အဆက်မပြတ် တိုက်ခိုက် လိုက်သည်။ မကြာမီပင် ဖုတ်ကောင် ဘုရင်သည် မခံနိုင်တော့ဘဲ ခန္ဓာကိုယ်တွင် များပြားသော ဓားဒဏ်ရာများ ရရှိပြီး သေဆုံးသွားသည်။

“ဟူး … ဓားစက်ရုပ်ထဲ ထည့်ထားတဲ့ မိစ္ဆာအရိုး သလင်းကျောက် သုံးဆယ်မှာ တစ်ဝက်က စွမ်းအင် ကုန်သွားတယ် … အလယ်အလတ် အဆင့် ဝိညာဉ်ကျော်တုံးတွေ ထဲကတော့ အစွမ်း သုံးပုံတစ်ပုံလောက် ကုန်သွားတာပဲ … ”

ဖုတ်ကောင်ဘုရင်နှင့် တိုက်ခိုက်ပြီးသော ဓားစက်ရုပ်ကိုယ်ထဲ စစ်ဆေးကြည့် လိုက်ချိန်တွင် ပေးဆပ်ရသည့် တန်ဖိုးမှာ အလွန်ကြီးမားသည့် အတွက် ရဲချန်ဖန်သည် စိတ်ပျက်လက်ပျက် သက်ပြင်း ချလိုက်မိသည်။ ထိုမျှစွမ်းအင် ကုန်ခန်းမှုမျိုးကို ရဲချန်ဖန် ခံနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နောက်တွင် တိုက်ခိုက်မှုများကို အတက်နိုင်ဆုံး ရှောင်ကြဉ်ရန် စဉ်စားလိုက်သည်။

ကံကောင်းသည်မှာ ဖုတ်ကောင် ဘုရင်၏ တူလက်နက်သည် အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက် ဖြစ်နေပြီး ရောင်းချပါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အများအပြား ရရှိနိုင်ခြင်းပေ။ တူလက်နက်ကို ရောင်းချပါက ရဲချန်ဖန် ဆုံးရှုံးမှုကို အနည်းငယ် ကာမိမည် ဖြစ်သည်။

“ဟင် … ဒါကဘာလဲ … ”

ရဲချန်ဖန်က ဖုတ်ကောင်ဘုရင် ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ချိန်တွင် ထူးဆန်းအံ့ဖွယ် ကောင်းလှသည့် မှော်သလင်းကျောက် အရိုးတစ်ခုကို တွေ့လိုက်ရသည်။ ထိုသလင်းကျောက် ထဲတွင် ထူးခြား ဆန်းကျယ်လှသည့် သွေးတစ်စက် ရှိနေသည်။

“အင်း … ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအင်ပဲ … ”

ရဲချန်ဖန် သည်ဖုတ်ကောင်ဘုရင် ကိုယ်ထဲမှ တွေ့သည့် ထူးခြား ဆန်းကြယ်သော မှော်သလင်းကျောက် အရိုးထဲရှိသွေးမှ စွမ်းအင်သည် မိစ္ဆာအရိုး သလင်းကျောက်တွင် ပါဝင်သည့် စွမ်းအင်ထက် အဆလေးဆယ်မက ပိုမိုများပြား နေသည်ကို တွေ့ရှိလိုက်ရသည်။ ကြည့်ရသည်မှာ ဖုတ်ကောင်ဘုရင် ဤမျှ အစွမ်း ထက်နေခြင်းမှာ ဤမှော်သလင်းကျောက် ထဲရှိ သွေးတစ်ကြောင့် ဖြစ်နိုင်သည်။

“အင်း … ဒီမှော်သလင်းကျောက် အရိုးထဲက အစွမ်းကို စုပ်ယူနိုင်ရင် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ် ရိုးတွင်းခြင်ဆီ သန်မာစေခြင်း အဆင့် အဆင့်သေး တစ်ခုကို အောင်မြင်အောင် ကျင့်လို့ရမလား မသိဘူး … ”

ရဲချန်ဖန်သည် မှော်သလင်းကျောက် အရိုးထဲရှိသွေးကို ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်အတွက် စုပ်ယူရန် ဆုံးဖြတ်ထားသည်။ မဟာသားရဲ ဘိုးဘေးအဆင့် တက်ရန်ကိုမူ ရဲချန်ဖန် စိတ်လောခြင်း မရှိပေ။

ရဲချန်ဖန်သာ ရိုးတွင်းခြင်ဆီ သန်မာစေခြင်း အဆင့်မှ အဆင့်သေး တစ်ခုကို အောင်မြင်သွားပါက သူခန္ဓာကိုယ် စွမ်းအားသည် ပေါင်ခြောက်သိန်း အထိ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအချိန်တွင် သာမန် မဟာသားရဲ ဘိုးဘေး ပထမအဆင့် တန်ခိုးရှင်ကို လက်ဖြင့် အသာလေး ဖိသပ်နိုင်စွမ်း ရှိလာပေမည်။

“ဓားစက်ရုပ် … သွားမယ် … ”

ရဲချန်ဖန်သည် ဂူဗိမ္မာန် တစ်ခုလုံး နေရာအနှံ့ လိုက်ရှာကြည့် ပြီးနောက် မည်သည့် အဖိုးတန် ရတနာမှ မတွေ့ချေ။ ထို့ကြောင့် ရဲချန်ဖန် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ရဲချန်ဖန်သည် မကြာခင် ဂူဗိမ္မာန်ကြီး အနောက်မြောက်ဘက်တွင် မြေအောက်ဂူလေး တစ်ခုကို တူးဖော် ဖန်တီးလိုက်ပြီး ဝင်ရောက်လိုက်သည်။ ထို့နောက် တားဆီးဖုံးကွယ် မှော်ဝင်္ကပါ တစ်ခုကို ရေးဆွဲလိုက်သည်။

“ဓားစက်ရုပ် … ငါ့ကို ကာကွယ်ထားစမ်း … ”

ရဲချန်ဖန်က သူအား ကာကွယ်ထားရန် ဓားစက်ရုပ်ကို အမိန့်ပေး ပြီးနောက် ဝင်သက်ထွက်သက် လေ့ကျင့်ခန်းကို စတင်လေ့ကျင့် လိုက်သည်။ ထို့နောက် သူအခြေအနေကို အမြင့်ဆုံးအဆင့် ရောက်စေရန် လေ့ကျင့်နေသည်။ မကြာခင် ရဲချန်ဖန်သည် မှော်သလင်းကျောက် ထဲရှိ သွေးတစ်စက်ကို စုပ်ယူတော့ပေမည်။

ရဲချန်ဖန်က မြေအောက်ဂူထဲ ပုန်းအောင်းပြီး မှော်သလင်းကျောက်ထဲရှိ သွေးတစ်စက်ကို စုပ်ယူရန် ပြင်ဆင်နေချိန်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည့် မြွေဘုရင်မသည် မိုးကြိုးလမ်းမှ ထွက်လာသော အမှောင်သခင်နှင့် သင်္ချိုင်းကြီး၏ တစ်နေရာတွင် သွားတွေ့ဆုံ မိသွားသည်။ အမှောင်သခင်က ရဲချန်ဖန် အကြောင်းစုံကို မြွေဘုရင်မထံမှ ကြားပြီးနောက် ရဲချန်ဖန် ဘာလုပ်နေလဲကို သိရှိသွားသည်။

မြွေဘုရင်မက ဒဏ်ရာများကို သက်သာအောင် ထိန်းချုပ်လိုက်နိုင် ပြီးနောက် အမှောင်သခင်နှင့် ပူးပေါင်းကာ ရဲချန်ဖန်ကို သတ်ရန် ဂူသင်္ချိုင်းဘက် ပြန်လည် ဝင်ရောက် လာကြသည်

Comment

Leave a Reply

Options

not work with dark mode
Reset