အပိုင်း ၃၀•၃
” နောက်ဆုံးသောတိုက်ပွဲ ”
°°°
ဟို့ယွိဟောင်တို့အဖွဲ့ လှုပ်ရှားလိုက်ချိန်မှာပဲ ရှောင်းရှောင်းက သူမရဲ့ သုံးချောင်းထောက်အိုးကြီးကို စပြီဆင့်ခေါ်လိုက်ပါတော့တယ်။ အနက်ရောင်အိုးကြီးက ဟို့ယွိဟောင်ဆီကို ပျံသန်းလို့သွားခဲ့ပြီ ကျုးလုသူ့အနားမရောက်ခင်အချိန်မှာပဲ ရုတ်တရက်မြေပြင်ပေါ်ကို ပြုတ်ကျလာပါတော့တယ်။
ကျုးလုက အရမ်းကို မြန်ဆန်လွန်လှတဲ့အတွက် ခပ်မြန်မြန်ပဲ ရှောင်ရှားနိုင်လိုက်တယ်။ ဒါပေမယ့် အိုးကြီးက အိုးသုံးလုံးအဖြစ် ကွဲထွက်လို့သွားပြီ သူမရဲ့အရှေ့မှာ ၀န်းရံလိုက်ပါတယ်။ ရှောင်းရှောင်းက ပထမ၀ိညာဥ်စွမ်းရည်ကို စတင် အသုံးပြုလိုက်ပါပြီ။
မိုးခြိမ်းသံလိုတုန်ခါမှုတွေအောက်မှာရှောင်းရှောင်းရဲ့အိုးတွေက ဟို့ယွိဟောင်ရဲ့ အရှေ့မှာရပ်တည်နေရင်း အကာအကွယ်အဖြစ်ပြောင်းလဲလို့သွားပါတော့တယ်။ ကျုးလုက မြန်ဆန်ပေမဲ့ အိုးတွေရဲ့ အသံလှိုင်းတွေကိုတော့အချိန်တိုအတွင်းမှာပဲ မရှောင်ရှားလိုက်ပါဘူး။ ရှောင်းရှောင်း သူမရဲ့ ၀ိညာဥ်စွမ်းရည်ကို အသုံးပြုချိန်မှာတော့ သူမတော့ ထရပ်ရတော့မယ်ဆိုတာ သိနေခဲ့တယ်။ ဒါကြောင့် ချက်ချင်းဆိုသလို ရပ်တန့်လိုက်ရင်း ၀ိညာဥ်စွမ်းရည်ကို ပြန်လည်ပိတ်သိမ်းလိုက်ပြီ ခုန်ရှောင်လို့သွားခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲ နောက်ထပ် ပြင်းထန်တဲ့အသံကြီးက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ ဘေးကိုပြုတ်ကျလာပါတော့တယ်။
ထိုက်ဟွပင်းရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ကို တားဆီးဖို့ကြိုးစားရင်းကနေ ထိခိုက်သွားခဲ့တာပါ။ ဒါ့အပြင် မတည်ငြိမ်တဲ့ အလင်းတန်းတွေက သူ့ရဲ့ အတောင်ပံပေါ်မှာ လှုပ်ခတ်နေခဲ့ပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ နှာခေါင်းတွေဆီကနေလဲ သွေးတွေစီးကျလို့လာခဲ့တယ်။
၀ိညာဥ်စွမ်းအားကြားမှာရှိနေတဲ့ ကွာခြားချက်ကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ထိုက်ဟွပင်း အသာစီးရသွားတာနဲ့ သူက လုံး၀ကို အလွယ်လေး လက်လျှော့မှာမဟုတ်ပါဘူး။ ချက်ချင်းဆိုသလို ရူးသွပ်တဲ့အလင်းတန်းတွေနဲ့ ၀င်ရောက်လာပါတော့တယ်။
တခြားတစ်ဖက်မှာတော့ ကောက်ကျစ်တဲ့ ချွေ့ရာကျီးက သူနောက်မှာပုန်းအောင်ရင်း ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို ခုန်ရှောင်ဖို့ကြိုးစားနေခဲ့ပါတယ်။
ထိုက်ဟွပင်းက အရမ်းကို ရဲရင့်တဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် တိုက်ပွဲအတွေ့အကြုံကလဲ အတော်ကို များပြားလွန်လှပြီ ဟို့ယွိဟောင်တို့ထက်ကို အတွေ့အကြုံက အများကြီးသာနေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်အရှေ့ကို ပြေး၀င်လာချိန်မှာပဲ ပထမ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာရင်း အဖြူရောင်အလင်းတန်းတွေက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။ အထူးသဖြင့် ခေါင်းကိုအဖြူရောင်အလင်းတန်းတွေနဲ့ အုပ်မိုးထားလိုက်တာပါ။ သူက ဟို့ယွိဟောင်ကို အတော်လေး သတိကြီးကြီးနဲ့ထားရင်း ကာကွယ်ထားခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ကျားဖြူဒိုင်းကာပါပဲ။ အရမ်းကို အားကောင်းတဲ့ ကာကွယ်နိုင်စွမ်းကို ပေးစွမ်းရုံတင်မက တိုက်ခိုက်ရေးစွမ်းရည်ကို မြင့်တက်စေပါတယ်။
နှစ်ဖက်စလုံးက အရမ်းကိုနီးကပ်နေပြီဖြစ်တာကြောင့် အနီးကပ်တိုက်ပွဲက ဖြစ်ပေါ်နေခဲ့ပါတယ်။ ထိုက်ဟွပင်းက ၀မ်သုန့်ကို ခုန်အုပ်ပြီ တိုက်ခိုက်ဖို့ကြံစည်နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ ကျုးလုကတော့ အိုးကြီးကို တိုက်ခိုက်ဖို့လုပ်နေခဲ့တယ်။ သူမက မြန်ဆန်ရုံတင်မကပဲ အရမ်းကို ချိတ်သားတကျလှုပ်ရှားနိုင်တာကြောင့် ရှောင်းရှောင်းအနေနဲ့ မူလအနေအထားထက်ကို ပိုပြီး အာရုံစိုက်နိုင်ဖ်ို့လိုပါတယ်။ လက်ရှိအချိန်မှာသူမရဲ့အာရုံစိုက်နိုင်စွမ်းကို တစ်ရာနှစ်ဆယ့် ရာခိုင်နှုန်းလောက်အထိ မြင့်တင်ပြီတော့ ခုခံနေခဲ့ရပါပြီ။ ဒါ့အပြင် အရှိန်နှေးထားတာတောင်မှ ကျုးလုရဲ့တိုက်ခိုက်မှုကို ခုခံဖို့မလွယ်ကူပါဘူး။ ဒါတောင် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးလဲ ရှိနေပါသေးတယ်။ ကျုးလုသာ ဒီလိုပေါင်းစည်းမှုရဲ့စွမ်းအားတွေကြောင့် ဖိနှိမ့်ခံထားရတာ မရှိခဲ့ဘူးဆိုရင် သေချာပေါက် ဟို့ယွိဟောင်ကို အလဲထိုးနိုင်လိုက်ပါပြီ။
၀မ်သုန့်ကလဲ ထိုက်ဟွပင်းနဲ့ ပထမဆုံးတိုက်ခိုက်မှုမှာ အတော်လေးကို ရှုံးနှိမ့်သွားခဲ့ရတဲ့အတွက် သူ့ကို လက်ရှိအချိန်မှာ အနာဂတ်ဖြစ်စေဖို့ အဖြစ်နိုင်မှန်းသိနေခဲ့တယ်။
နှစ်ယောက်စလုံးက တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေဖြစ်ပေမဲ့ သူတို့ရဲ့အားသာချက်က ကွာခြားပါတယ်။ ၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က စွမ်းအင်တိုက်ခိုက်မှုမျိုးကို ထုတ်လွှတ်လိုက်နိုင်ပြီ ကျားဖြူကတော့ အနီးကပ်တိုက်ပွဲမှာ တော်တဲ့အရာဖြစ်နေခဲ့တယ်။ ရလဒ်အနေနဲ့ ထိုက်ဟွပင်းက ဒီလိုမျိုးအနီးကပ်တိုက်ပွဲမှာ အတော်ကို အသာစီးရနေခဲ့ပါပြီ။
၀မ်သုန့်အနေနဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ကို အခုထိထုတ်မသုံးသေးတဲ့အတွက် ထိုက်ဟွပင်းစိတ်ထဲမှာ စိုးရိမ်နေခဲ့ပါတယ်။ မြေပြင်ပေါ်ကို အခြေတကျဖြစ်ပြီတဲ့နောက် ၀မ်သုန့်က ထိုက်ဟွပင်းရဲ့ လက်သည်းတွေကို သူ့ရဲ့လိပ်ပြာအတောင်ပံတွေနဲ့ ဆက်တိုက်ပြန်တိုက်ခိုက်နေခဲ့ပါတယ်။
ထိုက်ဟွပင်းကတော့ ၀မ်သုန့်ရဲ့အတောင်ပံတွေကို လက်သည်းတွေနဲ့ ပြင်းပြင်းထန်ထန် ကုတ်ခြစ်နေခဲတယ်။ ဘယ်လောက်ပဲ လိပ်ပြာအတောင်ပံတွေရဲ့ အစွန်းကထက်မြက်ပါစေ သူလုံး၀ ဂရုမစိုက်ခဲ့ပါဘူး။ သူ့ရဲ့ ကိုယ်ပိုင်အင်အားကို အသုံးပြုရင်း ၀မ်သုန့်ရဲ့ သိုင်းပညာ၀ိညာဥ်ကို ဖျက်ဆီးပြစ်နေချင်တာပါ။ ဒီလိုအနေအထားနဲ့ ကြည့်ရုံနဲ့တင် ဘယ်လောက်အထိ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေလဲဆိုတာ သိသာနေခဲ့ပါတယ်။
သူ့ရဲ့လက်သည်းတွေက ၀မ်သုန့်အတောင်ပံတွေနဲ့ ထိထိလိုက်ချင်မှာပဲ စိတ်ထဲမှာရုတ်တရက်ဆိုသလို ပူလောင်လာပါတော့တယ်။ ၀မ်သုန့်ရဲ့အတောင်ပံတွေနဲ့ ပတ်သက်ပြီ တစ်စုံတစ်ရာကို သူရှာတွေ့သွားလို့ပါ။ အစောပိုင်းတုန်းက ၀မ်သုန့်ရဲ့ အပြာရောင်အတောင်ပံပေါ်မှာ ရွှေရောင်အစွန်းတွေရှိပါတယ်။ လက်ရှိအချိန်မှာကတော့ ရွှေရောင်အစွန်းတွေရဲ့အပေါ်မှာ လိမ္မော်ရောင်အလွှာတစ်လွှာက ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒါက ဖြစ်သင့်တဲ့အရာမဟုတ်ပါဘူး။
ထိုက်ဟွပင်းရဲ့ များပြားတဲ့ တိုက်ခိုက်ရေးအတွေအကြုံအရဆိုရင် တစ်စုံတစ်ရာမှားယွင်းနေတာကို သတိထားမိတာနဲ့ ချက်ချင်းပြန်တုန့်ပြန်မှာပါ။ ဒါပေမယ့် လက်သည်းတွေကို အရှိန်ထိန်းလိုက်ရင်း ညာခြေကိုအသုံးပြုကာ ရပ်တန့်လိုက်ပါတော့တယ်။ ဒီလိုရုတ်တရက်အပြောင်းအလဲက သူ့ကို တခြားတစ်ဖက်ဆီခုန်ရှောင်ဖို့ ခွင့်ပြုပေးလိုက်တယ်။ တစ်ချိန်ထဲမှာပဲ ကျားဖြူအလင်းလှိုင်းတွေကို သူအသက်သွင်းလိုက်ပြီ ၀မ်သုန့်ကို ပြန်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အခြေအနေကလုံး၀ ပြောင်းလဲသွားခဲ့ပါပြီ။ ထိုက်ဟွပင်း ဦးတည်ရာကို ပြောင်းလိုက်ချိန်မှာ ၀မ်သုန့်က သူ့ကိုလိုက်မဖမ်းခဲ့ပါဘူး။ အဲ့ဒီအစား အတောင်ပံတွေကို ဖြန့်ထုတ်ရင်းလေထဲကို တက်သွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်မှာ သူနေရာယူလိုက်ပြီ ထိုက်ဟွပင်းရဲ့ အလင်းလှိုင်းတိုက်ခိုက်မှုကို ခွင့်ပြုပေးလိုက်ပါတယ်။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုနဲ့ ၀မ်သုန့်ရဲ့ ရှောင်ရှားနိုင်စွမ်းက အတော်ကို တိကျပါတယ်။ အလောတကြီးတိုက်ခိုက်မှုကြောင့် ထိုက်ဟွပင်းက ၀မ်သုန့်ကို အမိမဖမ်းနိုင်ခဲ့ပါဘူး။ လက်ရှိအချိန်မှာ ၀မ်သုန့်က သူ့ရဲ့အလင်းလှိုင်းတွေကို ခုန်ရှောင်သွားနိုင်ခဲ့ပါတယ်။ တခြားတစ်ဖက်မှာ ထိုက်ဟွပင်းရဲ့ လှုပ်ရှားမှုအပြောင်းအလဲက အနောက်မှာရှိနေခဲ့တဲ့ ချွေ့ရာကျီးကို ဖော်ထုတ်ပြီးသားဖြစ်သွားစေခဲ့တယ်။
ရွှေရောင်အလင်းတန်းက ၀မ်သုန့်ရဲ့ အတောင်ပံပေါ်မှာပေါ်လာနေတာကို ကြည့်ရင်း ချွေ့ရာကျီးကတော့ မလှုပ်ရှားနိုင်ဖြစ်နေဆဲပါ။ တိုက်ပွဲဒီအချိန် ရောက်လာပြီမှသာ ၀မ်သုန့်က သူ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ကို ထုတ်သုံးပါတော့တယ်။
ဒါက စစ်ပွဲရဲ့အနုပညာပါပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်အနေနဲ့ အချိန်တိုလေးအတွင်းမှာ ထိုက်ဟွပင်းကို အနိုင်မယူနိုင်မှန်း သိနေခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ပစ်မှတ်က အစကထဲက ချွေ့ရာကျီး ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် ထိုက်ဟွပင်းကို သူတို့ရဲ့ဟောင်သုန့်စွမ်းအားအကူအညီမပါပဲ တိုက်ခိုက်လို့မရနိုင်မှန်း သိနေခဲ့တယ်။ ဒါ့အပြင် အားအနည်းဆုံးအခြေအနေထိရောက်အောင် တမင်တကာ ဖန်တီးထားခဲ့တာပါ။ လုပ်ခဲ့သမျှအရာအားလုံးက ထိုက်ဟွပင်းကို ယာယီအာရုံလွဲစေဖို့ပါပဲ။
ထိုက်ဟွပင်းက တိုက်ခိုက်ရေးအတွေ့အကြုံအများကြီးရှိပေမဲ့ သူက အသက်ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်နေဆဲပါ။ တစ်ချိန်ထဲမှာ ဘယ်လောက်များများ တွက်ချက်နိုင်မှာလဲ တခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်တို့တိုက်ခိုက်ရေးနည်းစနစ်က စိတ်၀ိညာဥ်ထောက်လှမ်းရေးကြောင့် အတော်ကို ခန့်မှန်းပြီတွက်ချက်ရတဲ့အလုပ်တစ်ခုဖြစ်နေခဲ့တယ်။ ၀မ်သုန့်ကို ဘာမှပြောဖို့တောင်လိုမနေပါဘူး။ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကို အသုံးပြုပြီ ခုန်ရှောင်ရမဲ့အချိန်ကို ပြောလိုက်ရုံပါပဲ ဒီလိုနားလည်သဘောပေါက်မှုမျိုးက တိုက်ပွဲအများကြီးကို အတူတူတိုက်ခိုက်လာတာကြောင့်သာ ဖြစ်ပေါ်နိုင်တဲ့ နှစ်ဦးနှစ်ဖက်ကြား နားလည်မှုဖြစ်နေခဲ့ပါတယ်။
၀ိညာဥ်မဟာပညာရှင်တစ်ယောက်သာဖြစ်တဲ့ ချွေ့ရာကျီးကတော့ လက်ရှိအချိန်မှာ လိပ်ပြာနတ်မိမယ်ရဲ့ အလင်းတန်းကို တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာပဲ သူမရဲ့ ကောက်ကျစ်တဲ့အနေအထားက ထွက်ပေါ်လာပါတော့တယ်။
လိပ်ပြာအလင်းတန်းက သူမဆီ ရောက်ရှိလာချိန်မှာ သူမက ခုန်ရှောင်ဖို့မဖြစ်နိုင်မှန်း သိနေခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ထိုက်ဟွပင်းက ဘေးဘက်ကိုရောက်ရှိသွားပြီဖြစ်တာကြောင့် သူ့ကိုကယ်တင်နိုင်မှာလဲမဟုတ်ပါဘူး။ ဒါပေမယ့် သူမနောက်ကို မဆုတ်သွားခဲ့သလို ကြောက်လန့်တဲ့အမူအရာကိုလဲ မပြခဲ့ပါဘူး။ ချက်ချင်းဆိုသလို ဒုတ်ိယ၀ိညာဥ်စက်ကွင်းက တောက်ပလာပါတော့တယ်။ အဲ့ဒီနောက် သူမရဲ့ ပန်းရောင်အမြီးက အပြင်ကိုခါထုတ်ပြစ်လိုက်တယ်။ ၀မ်သုန့်ကို ပစ်မှတ်ထားတာမဟုတ်ပဲ အောက်ဖက်မှာရှိနေခဲ့တဲ့ ဟို့ယွိဟောင်ကို သူ့ရဲ့အမြီးနဲ့ ရိုက်ပြစ်လိုက်တာပါ။
သူမရဲ့ကြီးမားပြီ နူးညံ့တဲ့ အမြီးက အမြီးမှာအမွေးကြီးရှိနေရုံတင်မဟုတ်ပဲ တိုက်ခိုက်နိုင်နေမှန်း လူတွေက တွေးမိမှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်အနေနဲ့လဲ ကြောက်စရာကောင်းလွန်လှတာတဲ့ ၀ိညာဥ်စွမ်းအားတွေ ဒီအမြီးနှစ်ချောင်းမှာ ရှိနေမှန်း စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့် ရှင်းရှင်းလင်းလင်း သိနေပြီသားပါ။ ဒါ့အပြင် သူမရဲ့ ၀ိညာဥ်စွမ်းအားက သိပ့်သည်းမှုမှာ ပြိုင်ဘက်ကင်းနေခဲ့ပါတယ်။ ဒါ့အပြင် အထူးသဖြင့် အမြီးထိပ်ဖျားတွေက အပ်ချောင်းတွေလိုမျိုး စူးရှနေခဲ့တယ်။ အကယ်၍ ဒါနဲ့သာ အရိုက်ခံရမယ်ဆိုရင် သူသေချာပေါက် သေမှာပါ။ ဒါကတော့ ချွေ့ရာကျီးရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့အပြင် ခွေးမြီးအပ်တွေပါပဲ။
ကိုယ့်ကိုယ်တိုင်နဲ့ ရန်သူရဲ့စွမ်းအားကိုသာ ကောင်းကောင်းသိနေခဲ့မယ်ဆိုရင် တိုက်ပွဲမှာ ပြိုင်ဘက်ကင်းပါလိမ့်မယ်။ ဟို့ဟွိဟောင်တို့ရဲ့ သုံးယောက်အဖွဲ့က သူတို့ပြိုင်ဘက်တွေအကြောင်းကို အပြည့်အ၀ နားမလည်နိုင်ခဲ့ပေမဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့် လှုပ်ရှားမှုတွေအားလုံးကို လုံး၀ခန့်မှန်းနိုင်နေခဲ့ပါတယ်။ ဒါပေမယ့် ထိုက်ဟွပင်းတို့ရဲ့ လှုပ်ရှားမှုကို ခန့်မှန်းနိုင်စွမ်းကတော့ အကန့်အသတ်ရှိနေခဲ့တယ်။
အပိုင်း ၃၀•၃ ပြီး၏။