အပိုင်း ၃၀•၂
” နောက်ဆုံးသောတိုက်ပွဲ ”
°°°
ပြင်းထန်တဲ့ အဖြူရောင်အလင်းတန်းက ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပါတော့တယ်။ လက်နှစ်ဖက်စလုံးကို အရှေ့ဆန့်ပြီ ပြေး၀င်လာခဲ့ပါပြီ။ သူ့ရဲ့ရင်ဘတ်မှာတော့ အရိုးကွဲမတတ်အသံတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့ပါတော့တယ်။ ရုတ်တရက်ဆိုသလို ကြွက်သားတွေက ဖောင်းကြွလာခဲ့ပြီ အ၀တ်တွေတောင်မှ အရင်ကထက်ပိုမို ကြီးမားလာခဲ့ပါတော့တယ်။ ကြွက်သားတွေအားလုံးက လက်ရှိအချိန်မှာ အရမ်းကိုခိုင်မာနေခဲ့ပြီ ပတ်ပတ်လည်မှာရှိရှိသမျှ လေထုတောင်မှ သူ့ကြောင့်တစ်၀ှီး၀ှီးမြည်လာခဲ့ရပါတယ်။
ရွှေရောင်ဆံပင်တွေက ချက်ချင်းဆိုသလို အဖြူနဲ့အနက်ရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဖြူရောင်ဆံပင်တွေက အများဆုံးနေရာယူထားခဲ့ပါတယ်။ ဒါပေမယ့် အနက်ရောင်ဆံပင်တစ်ချို့တစ်လေကလဲ အရမ်းကို ထင်ရှားလို့နေခဲ့တယ်။ နဖူးပေါ်မှာကတော့ မှိန်ဖျော့ဖျော့ မျဥ်းကြောင်းတွေပေါ်လာခဲ့ပြီ ဘုရင်ဆိုတဲ့ စကားလုံးကလဲ ပေါ်ထွက်လာပါတော့တယ်။
အဲ့ဒီလိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီချိန်မှာတော့ သူ့ရဲ့လက်တွေက အများကြီး ပြောင်းလဲသွားပါတော့တယ်။ လက်နှစ်ဖက်စလုံးက အရင်ထက်နှစ်ဆ ပိုကြီးမားလာခဲ့ပြီ လက်ရဲ့အနောက်ဘက်မှာတော့ အဖြူရောင်သားမွေးတွေက ဖြစ်ပေါ်လာခဲ့ပါတယ်။ ဓားမြောင်တွေလိုမျိုး ချွန်ထက်တဲ့လက်သည်းတွေက လက်ဆယ့်ချောင်းစလုံးကနေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် လက်သည်းတစ်ခုချင်းဆီတိုင်းကလဲ ရှစ်လက်မအရှည်ရှိနေခဲ့ပါတယ်။ ဓားသွားတွေလိုမျိုး အေးစက်တဲ့အလင်းတန်းက သူ့လက်တွေမှာ တောက်ပလို့နေခဲ့တယ်။
ထိုက်ဟွပင်းရဲ့ မျက်ဆံတွေက လက်ရှိအချိန်မှာ သရဲတစ်ကောင်လိုမျိုး အပြာရောင်အလင်းတန်းတွေနဲ့ တောက်ပလို့နေခဲ့ပါပြီ။ အချိန်မရွေးသတ်ဖြတ်တော့မဲ့ လူသတ်စက်ကြီးအတိုင်းရှိနေခဲ့ပါတယ်။
ခြေထောက်အောက်ဘက်မှာလဲ အလင်းတန်းသုံးခုက ဖြည်းဖြည်းချင်းဆိုသလို မြင့်တက်လာပါတော့တယ်။ အ၀ါရောင်နှစ်ခုနဲ့ ခရမ်းရောင်တစ်ခုပါ။ ၀ိညာဥ်စက်ကွင်းတွေ လှည့်ပတ်လာချိန်မှာပဲ အပြင်ကို ထိုးထွက်လာခဲ့တဲ့ ၀ိညာဥ်စွမ်းအားက အရှိန်အပြင်းပြင်းနဲ့ ပေါက်ကွဲပါတော့တယ်။
ဟို့ယွိဟောင်လဲ ကျားဖြူသိုင်းပညာ၀ိညာဥ်ကို မြင်လိုက်ချိန်မှာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိတယ်။ အကယ်၍ သူ့ရဲ့သိုင်းပညာ၀ိညာဥ်သာ ပြောင်းလဲမှုတွေကို အကြီးအကျယ်မကြုံခဲ့လို့ကတော့ ထိုက်ဟွပင်းနဲ့ တူညီတဲ့သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားမှဖြစ်ပါတယ်။ အကယ်၍ သူသာ သန်မာတဲ့ကျားဖြူသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားခဲ့မယ််ဆိုရင် ကျားဖြူမြို့စားမင်းကတော်လဲ သူမ ဘယ်လောက်ပဲဖိနှိမ့်ချင်ပါစေ ဖိနှိမ့်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကျားဖြူတွေရဲ့အဓိက သွေးသားကိုပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆိုမျိုးနွယ်စုကနေ ကောင်းကောင်းမွန်မွန် မြေတောင်မြောက်ပေးပြီ အလေးထားတာကို ခံရပါတယ်။ ဒါ့အပြင် သူက ကျားဖြူမြို့စားမင်းရဲ့သားဖြစ်ပြီ အဲ့ဒီခွေးမသားရဲ့ သားဖြစ်နေခဲ့တယ်။
ကြီးမားတဲ့အပြောင်းအလဲကလဲ ထိုက်ဟွပင်းဘေးမှာရှိတဲ့ မိန်းကလေးနှစ်ယောက်ဆီမှာ ဖြ၀်ပေါ်လာခဲ့ပါတယ်။ ကြောင်မျက်လုံးလိုမျိုး မျက်လုံးပိုင်ဆိုင်ထားသူ ကျုးလုလို့ခေါ်တဲ့ မိန်ကလေးက မျက်လုံးတွေအရောင်ပိုတောက်လာသလို သူမရဲ့နားရွက်ကလဲ ပုံစံပြောင်းသွားခဲ့ပါပြီ။ ဒါ့အပြင် သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံစံကလဲ ပိုမိုပိန်ပါးပြီ အားကောင်းလာပါတော့တယ်။ လက်ချောင်းဆယ့်ချောင်းစလုံးမှာ လက်သည်းချွန်ချွန်တွေ ပေါ်ထွက်လို့လာခဲ့ပါတယ်။ ထိုက်ဟွပင်းလောက် မသန်မာပေမဲ့ ဒီဝေ၀ါးတဲ့လက်သည်းတွေက မြန်ဆန်တဲ့အရှိန်နှုန်းကို ဖော်ပြနေခဲ့တယ်။ သူမရဲ့ လက်ရှိအရှိန်က ထိုက်ဟွပင်းထက်မသာလွန်နိုင်ပေမဲ့ ခန္ဓာကိုယ်ကတော့ ပုံရိပ်ယောင်တွေ ဖြစ်ပေါ်လာတဲ့အထိကို မြန်ဆန်လို့နေခဲ့ပါတယ်။
တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ ပန်းရောင်ဆံပင်နဲ့မိန်းကလေးကတော့ ပိုလို့တောင် သန်မာလာပါတယ်။ သူမရဲ့ သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ပြီချိန်မှာ အခုမူလအသက်အရွယ်ထက် နှစ်နှစ် သုံးလေးနှစ်မကပိုကြီးသွားသလိုပါပဲ။ သူမရဲ့ မူလအသက်ဆယ့်နှစ်နှစ်အရွယ်ရုပ်သွင်ကနေ ငယ်ရွယ်တောက်ပတဲ့မိန်းမပျိုလေးတစ်ယောက်အဖြစ်ကို ပြောင်းလဲလို့သွားပါတယ်။ ပန်းရောင်ဆံပင်တွေကလဲ ပိုမိုရှည်လျားလို့လာခဲ့ပြီ အောက်ခြေမှာတော့ ကြီးမားတဲ့လှိုင်းတွန့်တွေက ဖြစ်ပေါ်လို့လာခဲ့တယ်။ ပန်းရောင်ရေတံခွန်လိုမျိုး လှပတဲ့ဆံပင်တွေက လေထဲမှာ လွှင့်မျောနေခဲ့ပါပြီ။ ကြည်လင်တောက်ပပြီ ကျောက်မျက်ရတနာနဲ့ တူညီတဲ့ မျက်၀န်းတွေက သူမကို လှပတဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ ရုပ်သွင်အတွက် ပိုမို အားဖြည့်လို့နေပါတော့တယ်။ ဒါ့အပြင် နားရွက်တွေကလဲ ကျုးလုထက်တောင် ပိုမိုချွန်ထက်လို့သွားခဲ့ပါတယ်။ တခြားတစ်ဖက်မှာ သူမရဲ့ပြီးပြည့်စုံတဲ့ ရုပ်သွင်ကို ငေးမကြည့်ပဲ လျစ်လျူရှုထားနိုင်တဲ့သူ့မှာမရှိသလောက်ပါပဲ။ အရေးကြီးဆုံးကတော့ သူမရဲ့အနောက်ဖက်မှာ ရှည်လျားတဲ့အမြီးနှစ်ချောင်းထွက်ပေါ်လာခဲ့တာပါ။ အမြီးတစ်ချောင်းချင်းဆီတိုင်းကလဲ တစ်မီတာနီးပါးအထိရှိပြီ ထူးထပ်တဲ့ပန်းရောင်အမွေးတွေက နေ့လည်ခင်းနေရောင်ခြည်ရဲ့အောက်မှာ ပိုမိုတောက်ပပြီ ကတ္တီပါသားလိုနူးညံ့မဲ့အသွင်ပေါ်နေခဲ့တာကြောင့် သွားပြီပွတ်သတ်ချင်စိတ်ကို ထိန်းထားနိုင်မှာမဟုတ်ပါဘူး။
ချွေ့ရာကျီးရဲ့ ပန်းရောင်မျက်လုံးတွေက ဟို့ယွိဟောင်ကိုချက်ချင်းဆိုသလို အာရုံစိုက်နေခဲ့ရင်း သူ့ကို ပြုံးပြနေခဲ့ပါတယ်။ သူမရဲ့ပထမ၀ိညာဥ်စက်ကွင်းက တိတ်တဆိတ်လင်းလက်တောက်ပလို့လာခဲ့ပါပြီ။ ဒါပေမယ့် အလင်းတန်းထွက်ပေါ်လာပုံက သိပ်ပြီ မစူးရှခဲ့ပါဘူး။ အာရုံစိုက်ပြီမကြည့်ခဲ့ဘူးဆိုရင် သေချာပေါက် သတိမမူပဲဖြစ်နေမှာပါ။ ဟို့ယွိဟောင်ရဲ့ ဖြူဖျော့တဲ့ရွှေရောင်မျက်၀န်းတွေက တောက်ပသွားပေမဲ့ မလှုပ်ရှားပဲရှိနေခဲ့ပါတယ်။ ချွေ့ရာကျီးရဲ့ ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီ သူမရဲ့ ပြိုင်ဘက်ကင်းတဲ့ မျက်နှာက တခဏတာ ဖြူဖျော့လိုသွားပါတယ်။ သူပိုင်ဆိုင်ထားတဲ့ သိုင်းပညာ၀ိညာဥ်ကတော့ အမြီးကိုးချောင်းမြေခွေးဖြစ်ပြီ သားရဲကောင်၀ိညာဥ်တွေထဲမှာ အတော်ကိုအဆင့်မြင့်တဲ့ တည်ရှိမှုတစ်ခုပါ။ ဒါ့အပြင် ပြိုင်ဘက်ကင်းတဲ့ ၀ိသေနလက္ခာတွေလဲ ရှိနေခဲ့ပါတယ်။ သူ့ရဲ့အမြီးတစ်ချောင်းချင်းဆီတိုင်းက ၀ိညာဥ်စက်ကွင်းတစ်ကွင်းရလာချိန်တိုင်းမှာ ဖြစ်ပေါ်လာမှာပါ။ ဒါ့အပြင် အင်အားကလဲ တိုးမြင့်လာမှာပါလိမ့်မယ်။ ပထမ၀ိညာဥ်စက်ကွင်းကတော့ ဆွဲဆောင်မှုပါ။ ဟို့ယွိဟောင်ကို အသုံးချလိုက်ပေမဲ့ လုံး၀ကို အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။ အမြီးကိုးချောင်းမြေခွေးတွေက စိတ်၀ိညာဥ်အမျိုးအစားနဲ့ တိုက်ခိုက်ရေးအမျိုးအစား နှစ်မျိုးကို ရောနှောထားတာဖြစ်တာကြောင့် သူမလဲ ကျင့်ကြံဖို့အတွက် တူညီတဲ့လမ်းကို ရွေးချယ်ရပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးကလဲ အပြည့်အ၀ကို စိတ်၀ိညာဥ်အမျိုးအစားနဲ့ သိုင်းပညာအမျိုးအစား ပေါင်းစည်းတာတာ ဖြစ်နေခဲ့တဲ့အတွက် ချွေ့ရာကျီးအနေနဲ့ သူ့ကို ဒီလိုအစွမ်းသက်ရောက်စေဖို့အတွက် ခက်ခဲမှာပါ။
တခဏတာကြာအောင် အချိန်တွေကုန်ဆုံးသွားပြီတဲ့နောက် အဖွဲ့နှစ်ဖွဲ့စလုံးက တစ်ဖက်နဲ့တစ်ဖက် မီတာငါးဆယ်သာ ကွာဝေးကြပါတော့တယ်။ ဒါ့အပြင် ရှောင်းရှောင်းရဲ့ အရှိန်လျော့စေတဲ့ပုလွေအစွမ်းကလဲ စတင်ပြီ အလုပ်ဖြစ်နေခဲ့ပါပြီ။ ထိုက်ဟွပင်းတို့သုံးယောက်ရဲ့ အရှိန်နှုန်းက သိသိသာသာကို လျော့ကျသွားခဲ့ပါတယ်။ ကျုးလုကတော့ အဓိက သက်ရောက်မှုခံရဆုံးပါပဲ။ သူမ ဖန်တီးနေခဲ့တဲ့ ပုံရိပ်ယောင်တွေက နှစ်ဆတိတိလျော့ကျလို့သွားခဲ့ပြီ နောက်ထပ် ထပ်ပြီ ပုံရိပ်ယောင်တွေ မထုတ်လွှတ်နိုင်တော့ပါဘူး။
သူတို့ကြားမှာရှိတဲ့ အကွာအဝေးက ကျုံ့သွားခဲ့တဲ့အတွက် ထိုက်ဟွပင်းတို့အဖွဲ့က ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုနယ်ပယ်ထဲကို ၀င်ရောက်လို့လာခဲ့ပါပြီ။ ဒါ့အပြင် သူတို့လှုပ်ရှားသမျှ အရာအားလုံးကလဲ သုံးဖက်မြေပုံရိပ်အဖြစ် ဟို့ယွိဟောင်တို့ရဲ့စိတ်ထဲကို ၀င်ရောက်လာပါတော့တယ်။
ထိုက်ဟွပင်းတို့အဖွဲ့က ပထမဆုံးလှုပ်ရှားပါတယ်။ ကျုးလုရဲ့ခန္ဓာကိုယ်က တောက်ပလာခဲ့ပြီ သူမရဲ့ အရှိန်နှုန်းကလဲ ရုတ်တရက်ဆိုသလို တိုးမြင့်သွားပါတော့တယ်။ ဆက်တိုက်ဆိုသလို ပုံရိပ်ယောင်တွေက သူမအနောက်ဖက်မှာ ဖြစ်ပေါ်လာခဲ့ပြီ ဟို့ယွိဟောင်ကို ခုန်အုပ်ပါတော့တယ်။ အရှိန်လျှော့ထားတဲ့ ပုလွေရဲ့သက်ရောက်မှုကို ခံနေရဆဲဖြစ်ပေမဲ့ အရှိန်နှုန်းကတော့ လန့်စရာကောင်းနေဆဲပါ။
ဟို့ယွိဟောင်တို့သုံးယောက်အဖွဲ့ကလဲ စိတ်ထဲမှာလန့်သွားခဲ့ပါတယ်။ တိုက်ပွဲမစခင်အချိန်တုန်းက ကျုးလုရဲ့ မြေအောက်လောကကျားသစ်အကြောင်းကို ကြားဖူးပေမဲ့ သူမက အမြန်နှုန်းကို အသုံးပြုတဲ့တိုက်ပွဲပညာရှင်တွေထဲမှာ ရှားပါးပြီ ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားခဲ့တာပါ။ သူတို့တွေ့ဖူးသမျှထဲမှာ အမြန်ဆန်ဆုံး အရှိန်နှုန်းသုံးတဲ့ ပညာရှင်ပါပဲ။ ရှောင်းရှောင်းရဲ့ ပုလွေကြောင့် အရှိန်လျော့နေတာသာ မဟုတ်ဘူးဆိုရင် သူမကို အရိပ်တောင်ဖမ်းမိဖို့ခက်ပါလိမ့်မယ်။
ကျုးလုလှုပ်ရှားတော့မဲ့အချိန်မှာပဲ ထိုက်ဟွပင်းကလဲ တိုက်ခိုက်ပါတယ်။ သူအော်ဟစ်ဟိန်းဟောက်လိုက်ရင်း အဖြူရောင်အလင်းတန်းတွေက သူခေါင်းပေါ်မှာစုဝေးလာခဲ့ပြီ ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလာပါတော့တယ်။ အဲ့ဒီနောက် အဖြူရောင်အလင်းတန်းတွေက ၀မ်သုန့်ဆီကို အလုံးတစ်လုံးအဖြစ် ပြစ်လွှတ်လိုက်ပါတယ်။ သူက ၀မ်သုန့်ကို တစ်ချက်လေးမှအခွင့်အရေးမပေးချင်တာအမှန်ပါ။
ချွေ့ရာကျီးကတော့ သူမရဲ့ ဆွဲဆောင်မှုကို ဟို့ယွိဟောင်အပေါ်မှာ အလုပ်မဖြစ်စေတဲ့အတွက် ရှောင်းရှောင်းကို ပစ်မှတ်ထားဖို့လုပ်ပါတော့တယ်။
သူတို့သုံးယောက်က အရမ်းကို ကောင်းကောင်းမွန်မွန် ပေါင်းစည်းပြီ တိုက်ခိုက်နိုင်တဲ့အပြင် ဟို့ယွိဟောင်တို့အဖွဲ့ရဲ့ တစ်ယောက်ချင်းဆီတိုင်းကို ဦးတည်ပြီတိုက်ခိုက်နေခဲ့တာပါ။ ချွေ့ရာကျီးက ရှောင်းရှောင်းရဲ့ပုလွေကို နှောင့်ယှက်ရင်း ကျုးလုကို ဟို့ယွိဟောင်ဆီ တိုက်ခိုက်ဖို့အခွင့်အရေးရစေချင်ပါတယ်။ ကျုးလုကလဲ သူ့ရဲ့အရှိန်ကိုအသုံးချပြီ ရန်သူတွေရဲ့ ခေါင်းဆောင်ကို အလဲထိုးဖို့အတွက် စီစဥ်နေခဲ့တယ်။ တခြားတစ်ဖက်မှာ ထိုက်ဟွပင်းကတော့ ၀မ်သုန့်ရဲ့ အင်အားကို သူ့ရဲ့ကိုယ်ပိုင်အင်အားနဲ့ အချေဖြတ်ပြစ်မှာပါ။
ဟိုယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့်သာ မဟုတ်ရင် သူတို့ရဲ့အဖွဲ့က သေချာပေါက် ရှုံးနေခဲ့ပါပြီ။ နောက်ဆုံးတော့လဲ အဖွဲ့နှစ်ဖွဲ့ကြားမှာ ကွာခြားချက်က အရမ်းကိုကြီးမားနေခဲ့ပါတယ်။ ဒါပေမယ့် အခြေခံကွာခြားချက်နဲ့ ယှဥ်မယ်ဆိုရင် ခန့်မှန်းနိုင်တဲ့ အစွမ်းအစက အခြေအနေတစ်ခုလုံးကို ပြောင်းလဲပေးနိုင်ခဲ့တယ်။
ချွေ့ရာကျီးအနေနဲ့ သူမရဲ့ ပစ်မှတ်ကို ပြောင်းလဲလိုက်ချိန်မှာပဲ ဟို့ယွိဟောင်က လှုပ်ရှားပါတော့တယ်။ ဒါပေမယ့် ၀မ်သုန့်နဲ့အတူတူ အလုပ်လုပ်ဖို့မရွေးချယ်ခဲ့ပါဘူး။ လက်ရှိအချိန် သူတို့က သုံးယောက်သုံးယောက် တိုက်ခိုက်နေခဲ့တာကြောင့် သူနဲ့၀မ်သုန့်သာ အင်အားပေါင်းစည်းပြီ လူတစ်ယောက်ထဲကို ဦးတည်တိုက်ခိုက်လိုက်မယ်ဆိုရင် ရှောင်းရှောင်းတစ်ယောက်ထဲနဲ့ ကျန်တဲ့နှစ်ယောက်ကို ရင်ဆိုင်ရတော့မှာပါ။
ဟို့ယွိဟောင်က သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုကို ချွေ့ရာကျီးဆီ ဦးတည်ပြီ တိုက်ခိုက်ပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်မှုအတွက် အချိန်တွက်ချက်နိုင်စွမ်းက တကယ်ကို ကောင်းမွန်လွန်လှတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ဒီတိုက်ခိုက်မှုကနေ ဖြစ်ပေါ်လာနိုင်တဲ့ တန်ပြန်သက်ရောက်မှုအကြောင်း သတိပေးထားပြီးသားပါ။ ဒါပေမယ့် ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းရေးအကူအညီရှိနေခဲ့ပါတယ်။ သူ့ပြိုင်ဘက်က သူ့ကိုသတိထားနေချိန်မှာ ဘာကြောင့်များတိုက်ခိုက်မှာလဲ စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုကို ဟို့ယွိဟောင်စသုံးဖို့ ဆုံးဖြတ်လိုက်တဲ့တစ်ပြိုင်နက်ထဲမှာပဲ ချွေ့ရာကျီးကလဲ ရှောင်းရှောင်းကို တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။
ချွေ့ရာကျီးတိုက်ခိုက်မှုနဲ့ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုနှစ်ခုစလုံးက စိတ်၀ိညာဥ်အမျ်ိုးအစားတွေ ဖြစ်နေခဲ့ပေမဲ့ ကွာခြားချက်ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ချွေ့ရာကျီးက သူမရဲ့ ဒီအစွမ်းကို အသုံးချချိန်မှာ အသုံးပြုရမဲ့ပစ်မှတ်နဲ့ မျက်လုံးချင်ဆုံဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ကတော့ ဒါမျိုးဘာမှမလိုအပ်ပါဘူး။ ဒါ့အပြင် အချိန်မရွေးအသုံးပြုနိုင်တယ်။
ချွေ့ရာကျီးကတော့ နာနာကျင်ကျင်နဲ့ အော်ဟစ်လိုက်ပါပြီ။ ပြင်းထန်တဲ့နာကျင်မှုက ဦးခေါင်းတစ်ခုလုံးကို ပြန့်နှံ့လို့သွားခဲ့ရင်း လှဲကျမတတ်ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားက သန်မာ၀ိညာဥ်မဟာပညာရှင်တွေထက်ကို အများကြီးပိုပြီး သာလွန်လှရုံတင်မကပဲ ဟို့ယွိဟောင်ထက်လဲ ကျင့်ကြံဆင့်က မြင့်နေခဲ့တာကြောင့်သာ လှဲကျမသွားခဲ့တာပါ။ ဟောင်သုန့်စွမ်းအားရဲ့ အကူအညီမရှိပဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုက သူ့ကိုခြိမ်းခြောက်တာမလုပ်နိုင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ရှောင်းရှောင်းကို မနှောင့်ယှက်ဖို့တော့ တားနိုင်ပါသေးတယ်။
အပိုင်း ၃၀•၂ ပြီး၏။