အခန်း ( ၂၁၈)
အရှုံးဆိုတာ ရဲချန်ဖန် အဘိဓါန်တွင် မရှိ
“ငါပြောခဲ့တယ်လေ… ငါကပြိုင်ဖက်ကင်းနေပြီ…မင်း လိမ်လိမ်မာမာ အရှုံးပေးလိုက်…”
ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန် သရော်တော်တော် ပြောလိုက်သည်။
“မပေးဘူး…ငါခုထိ မရှုံးသေးဘူး… ငါဘယ်တော့မှ အရှုံးမပေးဘူး…”
ရဲချန်ဖန် အသည်းထဲတွင် ငုပ်ရှိုးလျက်ရှိသော အနိုင်မခံအရှုံးပေးသည့် စိတ်ဓါတ်များ ထွက်ပေါ်လာသည်။ ရဲချန်ဖန် ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး ကြေးမုံ ရဲချန်ဖန်ကိုကြောက်ရွံမှု ကင်းစွာ စိုက်ကြည့်လိုက်သည်။
“ဘာလို့လဲ…အခုထိတောင် မင်းက ဘာလို့အရှုံးမပေးတာလဲ…”
ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန် ထဖို့ပင်အနိုင်အနိုင် အခြေအနေရောက်နေပြီး သူအား မယှဉ်နိုင်မှန်းသိနေသော်လည်း အရှုံးမပေးသည့် ရဲချန်ဖန်ကို စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။
“အေး ငါ့အဘိဓါန်ထဲမှာ အရှုံးပေးတယ်ဆိုတာ မရှိဘူး…ရှုံးတယ်ဆိုတာ ပြန်ထကြိုးစားဖို့ပဲကွ…လာခဲ့စမ်း…ငါတို့ ဘယ်သူသေမလဲ ကြည့်ကြတာပေါ့…”
ရဲချန်ဖန် မျက်လုံးများက နီရဲနေပြီး ကျောက်စိမ်းဓါးဖြင့် ကြေးမုံ ရဲချန်ဖန်ကို ထိုးကာ ပြောလိုက်သည်။ ရဲချန်ဖန် အသံသည် အားပျော့နေသော်လည်း အနိုင်မခံ အရှုံးမပေးသည်ကို သူ့ပုံစံ၊ အမူအရာဖြင့်ပြောနိုင်သည်။
“စိတ်ဝင်စားစရာပဲ…”
ကြေးမုံ ရဲချန်ဖန် မျက်နှာတွင် အေးစက်စက် အပြုံးတစ်ပွင့်က ဖြစ်ပေါ်လာပြီး ရဲချန်ဖန်ဆီ လျင်မြန်စွာ တိုးဝင်သွားသည်။
“သွေးအစွမ်း လောင်ကျွမ်းစမ်း…”
ကြေးမုံ ရဲချန်ဖန် စတင် တိုက်ခိုက်လာသည်နှင့် ရဲချန်ဖန်က သူ့သွေးအစွမ်းများကို လောင်ကျွမ်းစေလိုက်သည်။ ချက်ချင်းပင် ရဲချန်ဖန် အစွမ်းများက အလွန်တိုးတက်လာလေသည်။ ဤတစ်ကြိမ်သည် ရဲချန်ဖန်၏ နောက်ဆုံးကြိုးစားမှု ဖြစ်သည်။
သွေးလောင်ကျွမ်း စေခြင်းသည် ကျင့်ကြံခြင်း အခြေခံကို ထိခိုက်သည်မှန်သော်လည်း သူအစွမ်းကို လက်တလောတိုးလာစေရန် နည်းလမ်းမှာ ဤတစ်လမ်းသာ ရှိတော့သည်။ သွေးလောင်ကျွမ်းစေခြင်းသည် အသက်ဝိညာဉ်ကျင့်စဉ်နှင့် သဘာဝခြင်းဆင်တူသည်ဟု ဆိုနိုင်သည်။ သို့သော် သွေးသည် သူ၏ မျိုးရိုးအစွမ်း ကျင့်ကြံခြင်း အခြေခံကို လောင်ကျွမ်းစေခြင်းဖြစ်သည်။
အသက်ဝိညာဉ် ကျင့်စဉ်ကိုထုတ်သုံးရန် ရဲချန်ဖန် တွေးမိ လိုက်သော်လည်း ကျင့်စဉ်များ အားလုံးကို ကြေးမုံ ရဲချန်ဖန်က တက်ကျွမ်းနေသောကြောင့် ကြေးမုံ ရဲချန်ဖန် ကလည်း ရဲချန်ဖန် အသက်ဝိညာဉ်ကျင့်စဉ် အသုံးပြုပါက သူပါ အသုံးပြုမည် ဖြစ်သည်။
ထို့ကြောင့် ရဲချန်ဖန်က အလဟဿ အသက်စွမ်းအင် မကုန်မဆုံးချင်သောကြောင့် အသက်ဝိညာဉ် ကျင့်စဉ်ကို အသုံးမပြုခြင်းဖြစ်သည်။ ထို့အပြင် ကြေးမုံ ရဲချန်ဖန်က တကယ်သက်ရှိနှင့် တူနေသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ ဘယ်လောက်တူနေသည်ဖြစ်စေ သွေးအစွမ်း၊မျိုးရိုးကို ကူးယူနိုင်မည်ဟု ရဲချန်ဖန် မထင်ချ။
“သွေးအစွမ်း လောင်ကျွမ်းတာလား…”
ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန်ကိုကြည့်ပြီး မျက်မှောင်ကြုံ သွားလေသည်။ သို့သော် ရဲချန်ဖန်လို သွေးအစွမ်းလောင်ကျွမ်းခြင်း ပြုလုပ်ခြင်း မရှိချေ။
“ဟုတ်တယ်… ဒီကောင်က သွေးအစွမ်းလောင်ကျွမ်းတာ ကူးပြီး အသုံးပြုလို့မရဘူး… ”
ရဲချန်ဖန်က သွေးအစွမ်းလောင်ကျွမ်း စေခြင်းဖြင့် အစွမ်းများတိုးလာသည်ကို ခံစားနေရင်း ကြေးမုံ ရဲချန်ဖန်က သူအတိုင်းလိုက်မလုပ်နိုင်ဟု ခန့်မှန်းမိလိုက်ပြီး ပျော်ရွင်သွားသည်။ ကြေးမုံ ရဲချန်ဖန်သည် သွေးအစွမ်းလောင်ကျွမ်းစေခြင်းအစွမ်းကို ပုံတူကူးယူ အသုံးမပြုနိုင်ချေ။ အရင်က ရဲချန်ဖန် ရွှေလင်းယုန်တောင်ပံ၊ ဓါးအင်အား ၊လျှပ်တစ်ပြက်သတ်ဖြတ်ခြင်း စသည်တို့ကို အသုံးပြုစဉ်အခါက ချက်ချင်းပင် ကြေးမုံ ရဲချန်ဖန်ကတုပ အသုံးပြုခဲ့သည် မဟုတ်ပါလော။ အစွမ်းများ တဟုန်ထိုး တိုးလာသော ရဲချန်ဖန်သည် ကြေးမုံ ရဲချန်ဖန်ကို ပြင်းထန်စွာ စတင်တိုက်ခိုက်နေသည်။
“ယား…”
အပြန်အလှန် ပြင်းထန်စွာ တိုက်ခိုက်နေသောကြောင့် ပေါက်ကွဲမှုများက ဖြစ်ပေါ်နေသည်။ ရဲချန်ဖန် တိုက်ခိုက်မှု များသည် ပို၍လျင်မြန်၊ ပြင်းထန်လာပြီး ကြေးမုံ ရဲချန်ဖန်ကို အသာစီး ရလာလေသည်။
“ဟားဟား… မင်းက ငါ့ပြိုင်ဖက်သာ မဟုတ်ခဲ့ရင် မင်းအသတ်ခံရမှာ မဟုတ်ဘူး…”
ရဲချန်ဖန်က ပိုမို၍ အသာစီးရလာပြီး ကြေးမုံ ရဲချန်ဖန်ကို ဖိတိုက်နေသည်။ ကြေးမုံ ရဲချန်ဖန်၏ ခံနိုင်ရည်မှာ အလွန်မြင့်မားလွန်းလှသည်။ သို့သော် ကြေးမုံ ရဲချန်ဖန် ကိုယ်တွင် ဒဏ်ရာများက များပြားလာနေသည်။
“ဘာလို့ မင်းအစွမ်းတွေ လျော့လာတယ်လို့ ငါခံစာနေရတာလဲ…မင်းအားကုန်လာပြီ မဟုတ်လား…”
ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန်ကို စိတ်ဓါတ်ပျက်ပြားစေရန် စကားနာထိုးလိုက်သည်။ ရဲချန်ဖန်ကအသာစီး ရနေသော်လည်း သူ၏ဒဏ်ရာမှာ သွေးများအဆက်မပြတ် ထွက်နေလေသည်။ ရဲချန်ဖန် ကမူ ကြေးမုံ ရဲချန်ဖန်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်နေသည်။
ရဲချန်ဖန်က သွေးစွမ်းအင်များကို အဆက်မပြတ် လောင်ကျွမ်းနေသောကြောင့် အစွမ်းများက အဆက်မပြတ် တိုးလာနေသည်။ သို့သော် ကြေးမုံ ရဲချန်ဖန်ကခုခံကာ အခွင့်ကောင်းကို ချောင်းကာ တန်ပြန်တိုက်ခိုက်နေသည်။
“တိမ်ခွင်းလက်ဝါး…”
ကြေးမုံ ရဲချန်ဖန်က စွမ်းအားများ ဖောက်ခွဲကာ ရဲချန်ဖန်ကို တန်ပြန်တိုက်ခိုက်လိုက်သည်။ ကြေးမုံ ရဲချန်ဖန်က အားကုန်ထုတ် တိုက်ခိုက် လိုက်သောကြောင့် လက်ဝါးက ရဲချန်ဖန်ကို ထိမှန်မလို ဖြစ်သွားသည်။
“ပျံစမ်း…”
ရဲချန်ဖန်ကလည်း လက်ဝါးထိမှန်ခါနီးတွင် ရွှေလင်းယုန်တောင်ပံ အသုံးပြုကာ လေပေါ် ပျံဝဲတက်ကာ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ကျောက်စိမ်းဓါးဖြင့် ကြေးမုံ ရဲချန်ဖန် ခေါင်းကို ခုတ်ချလိုက်သည်။ ကြေးမုံ ရဲချန်ဖန်က အသဲအသန် ရှောင်တိမ်း လိုက်ရသည်။ အချိန်ကြာလာသည်နှင့် အမျှ စွမ်းအင်ကုန်ဆုံးမှုက အလွန်များပြားနေရာ ကြေးမုံ ရဲချန်ဖန်သည် စတိုက်ကပုံစံလို မတိုက်ခိုက်နိုင်တော့ချေ။
“မင်းကိုယ် မင်း ပြိုင်ဖက်ကင်းဆို… ဘယ်လိုလုပ် အားပျောတဲ့ကောင်လို ရှောင်တိမ်းနေတာလဲ…ဒါက မင်းရော ဟုတ်ရဲ့လား…”
ရဲချန်ဖန် က အသဲအသန် ရှောင်တိမ်းလိုက်သော ကြေးမုံ ရဲချန်ဖန်ကို သရော်လိုက်သည်။
“သေစမ်း…”
ရဲချန်ဖန်၏ စကားကြောင့် ကြေးမုံ ရဲချန်ဖန်သည် အလွန် ဒေါသထွက်ကာ ရဲချန်ဖန်ကို အဆက်မပြတ် အရူးတစ်ယောက်လို တိုက်ခိုက်လိုက်သည်။ ကြေးမုံ ရဲချန်ဖန်နှင့် ရဲချန်ဖန် တို့သည် တစ်ယောက်နှင့် တစ်ယောက် အနိုင်မခံ အရှုံးမပေး တိုက်ခိုက်နေကြသည်။ အချိန်နောက်ထပ် တစ်နာရီ ကုန်ဆုံး သွားသော်လည်း အနိုင်အရှုံးရလာဒ် မထွက်ပေါ်လာပေ။
“ကျောက်စိမ်းဓါး…သေစမ်း…”
ရဲချန်ဖန်က သွေးအစွမ်းများစတင် ကျဆင်းလာသောကြောင့် အံကြိတ်ကာ ထပ်မံသွေး အစွမ်းများ လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် အားမာန်ဖြင့် ကြေးမုံ ရဲချန်ဖန်ကို ဖိတိုက်လိုက်သည်။ တိုက်ပွဲက အလွန်အရှိန် ပြင်းထန်နေလေပြီ။
ရဲချန်ဖန်က သွေးနဂါးကို ဆင့်ခေါ်ကာ အားနည်းစပြုနေပြီ ဖြစ်သော ကြေးမုံ ရဲချန်ဖန်ကို ကျောက်စိမ်းဓါးဖြင့် ခုတ်လိုက်သည်။ ကြေးမုံ ရဲချန်ဖန်ကလည်း အားကုန်သုံး ခုခံလိုက်သည်။ ပေါက်ကွဲမှုများက အဆက်မပြတ် ဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုကြောင့် ရဲချန်ဖန်တို့ နှစ်ဦးလုံးတုန်ခါသွားကာ နောက်သို့ထိန်းမရနိုင်အောင် ဆုတ်လိုက်ကြရသည်။
“ယား…”
ရဲချန်ဖန်က နာကျင်ပင်ပန်းမှုကို ဂရုမစိုက်ဘဲ ဓါးကို လက်နှစ်ဖက်ဖြင့် စုပ်ကိုင်ကာ ကြေးမုံ မျက်နှာကို ထိုးသွင်းလိုက်သည်။ အမှန်ဆိုလျှင် ကြေးမုံ ရဲချန်ဖန်ရော ရဲချန်ဖန်ပါ ပြင်းထန်သော ဒဏ်ရာ ရရှိနေကြပြီ ဖြစ်သည်။ သို့သော် ရဲချန်ဖန်၏ မာကျောအရှုံးမပေးသည့် စိတ်ဓါတ်ကို ကြေးမုံ ရဲချန်ဖန်က ထိတ်လန့်လာသည်။ ထို့ကြောင့် ကြေးမုံရဲချန်ဖန်က သူ့မျက်နှာဆီဝင်လာသော ဓါးကို ရှောင်တိမ်းလိုက်နိုင်သော်လည်း ပခုံးကို ထိမှန်သွားသည်ကိုမူ မရှောင်တိမ်းနိုင်တော့ပေ။
ရဲချန်ဖန်တို့နှစ်ဦးလုံး ဒဏ်ရာသည် စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိနေ ဖြစ်ပြီဖြစ်သည်။ သို့သော် ရဲချန်ဖန်က သွေးဆာနေသည့် ဝံပုလွေအလား အရူးအမူးပင် ဆက်လက်တိုက်ခိုက်နေသည်။ ထို့ကြောင့် ရဲချန်ဖန် တိုက်ခိုက်မှုကို ကြေးမုံ ရဲချန်ဖန် မခုခံနိုင်တော့ဘဲ မျက်နှာပျက်လာနေသည်။
“တရားစီရင်ရေးသိုင်း…မဟာအေးခဲခြင်း…”
ရဲချန်ဖန်က မဟာအေးခဲခြင်း အကွက်ကို အသုံးပြုလိုက်သည်။ ဓါးအလင်းက ကြောက်ရွံနေသော ကြေးမုံ ရဲချန်ဖန်ဆီ တိုးဝင်သွားသည်။ သို့သော် ကြေးမုံ ရဲချန်ဖန်ကကြောင်မနေဘဲ မဟာအေးခဲခြင်း အကွက်ကို အသုံးပြုကာ ရဲချန်ဖန်ကို ပြန်လည်တိုက်ခိုက်လိုက်သည်။ ဓါးအလင်း နှစ်ခုဆုံသွားချိန်တွင် တာအိုအစွမ်းနှစ်ခုထိ မှန်ပေါက်ကွဲပြီး ပြင်းထန်လှသော ပေါက်ကွဲမှုလှိုင်းလုံးများ ဖြစ်ပေါ်လာသည်။
ပြင်းထန်လှသော ပေါက်ကွဲမှုကြောင့် ကောင်းကင် သည် ပင်အရောင်များ မှေးမှိန်သွားသည်။ ဓါးအလင်းက အရာရာဝါးမျို နေလေသည်။ ထိုဓါးအလင်းက ရဲချန်ဖန်နှင့် ကြေးမုံ ရဲချန်ဖန်တို့ပါ မချန်ဘဲ သူတို့ကို ဖျက်ဆီးဖြိုခွဲနေသည်။ ရဲချန်ဖန်က ဒဏ်ရာများကို အမူမထားပဲ သွေးအစွမ်းများ လောင်ကျွမ်းကာ မဟာအေးခဲခြင်း အကွက်ကိုထပ်မံ အသုံးပြုလိုက်သည်။ ဓါးအလင်းက တောက်ပစူးရှလှရာ ကောင်းကင်ပင်တွင်အက်ကွဲရာ ဖြစ်ပေါ်လာသည်။
ထို့နောက် ဓါးအလင်းက အရာအားလုံးကို ဖျက်ဆီးထိုးခွင်းကာ အားနည်း ဒဏ်ရာရနေသော ကြေးမုံ ရဲချန်ဖန်ဆီ တိုးဝင်သွားသည်။ ဓါးအလင်းက ပြင်းထန်သော ဖျက်ဆီးခြင်း စွမ်းအားများပါဝင်နေရော ကြေးမုံ ရဲချန်ဖန် ကိုယ်ကို နှစ်ပိုင်းဖြတ်ပိုင်းလိုက်သည်။
ကြေးမုံ ရဲချန်ဖန် ကိုယ်မှာ နှစ်ပိုင်းပြတ်ကာသေဆုံးသွားပြီး အပြာရောင်စွမ်းအင်လုံးကြီးအဖြစ် ပြောင်းလဲကာ လေပေါ်တွင် ပျံဝဲနေသည်။ ထို့နောက် ထူးဆန်းသော ရေခဲ၊နှင်း လမ်းအဆုံးတွင် အနက်ရောင် အပေါက်ကြီး ဖြစ်ပေါ်လာသည်။
ရဲချန်ဖန်လည်း ကြေးမုံ ရဲချန်ဖန်ကို အနိုင်ယူပြီးသည်နှင့် အားအင်ကုန်ဆုံးကာ မြေပေါ်သို့ ညင်သာစွာ ပစ်လဲကျ သွားလေသည်။ သို့သော် ရဲချန်ဖန် ကိုယ်တွင် သွေးမရှိတော့ဘဲ အသက်ကို ပင်ခက်ခက်ခဲခဲ ရှူနေရလေသည်။ ရဲချန်ဖန်တွင် လက်ညှိုးတစ်ချောင်း မဖို့ပင် အင်အားမရှိတော့ပေ။ နောက်ဆုံးတွင် ရဲချန်ဖန်၏အစွမ်းအားလုံးရရှိထားပြီး အဆင့်တူခြင်းဆိုပါက ပြိုင်ဖက်ကင်းသည်ဟု ဆိုနိုင်သော ကြေးမုံလူသားသည် ရဲချန်ဖန်၏ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်အောက်တွင် သေဆုံးသွားပြီ ဖြစ်သည်။
***