Switch Mode

Chapter – 217

အခန်း ( ၂၁၇ )
ပြိုင်ဖက်ကင်း ကြေးမုံလူသား ရဲချန်ဖန်

“ယား…”

အော်ဟစ် မာန်သွင်းသံနှင့်အတူ ကြေးမုံ ရဲချန်ဖန် သည် ကျောက်စိမ်းဓါးကို ကိုင်ကာ လျှပ်တစ်ပြက်သတ်ဖြတ်ခြင်း အကွက်ကို အသုံးပြုလိုက်သည်။ လျပ်စီးတမျှ လျင်မြန်လှသည့် ဓါးအလင်းက ရဲချန်ဖန်ကို တိုက်ခိုက်နေရာ ရဲချန်ဖန်မှာနောက်သို့ တဆုတ်တည်း ဆုတ်နေရသည်။ သွေးများက ပါးစပ်ထောင့်မှ စီးကျနေသည်။

“ဓါးအင်အား အမြင့်ဆုံးအဆင့်…ပေါင်လေးသိန်းကျော်စွမ်းအား…ချိုးဖျက်စမ်း…”

ရဲချန်ဖန်သည် နောက်ချဉ်းသာ ဆုတ်နေရ၍ ဓါးအင်အား အမြင့်ဆုံးကို ဖြည့်သွင်းကာ ပေါင်လေးသိန်းကျော် စွမ်းအားဖြင့် ကြေးမုံ ရဲချန်ဖန်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။ ဓါးအလင်းနှစ်ခု ဆုံတွေ့သွားချိန်တွင် ကြောက်မက်ဖွယ်ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။

“မင်း ငါ့ကို မယှဉ်နိုင်ပါဘူး…မင်းအရှုံးပေးလိုက်တော့…မဟုတ်ရင် မင်းကို ငါကိုယ်တိုင်သေရွာ ပို့ပေးမယ်…”

ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန်ကို ကြိမ်းမောင်း ပြောဆိုလိုက်သည်။

“ငါဘယ်တော့မှအရှုံးမပေးဘူး…ငါသေသွားရင်တောင် အရှုံးမပေးဘူးကွ…”
(အယ့်လယ်)

ရဲချန်ဖန်က အသက်ဝအောင် ရှူလိုက်ပြီး ဒဏ်ရာများကို သွေးထပ်မထွက်စေရန် သွေးကြောများကို ပိတ်လိုက်သည်။ ထို့နောက် ပြတ်သားစွာ ပြန်ပြောလိုက်သည်။ ဒဏ်ရာက အလွန်ပြင်းထန် နေသဖြင့် ရဲချန်ဖန်သည် အရိပ်မဲ့ရွှေအပ်ကို အသုံးပြုရန် တွေးလိုက်သည်။ သို့သော် ထိုအတွေးကို လက်လျှော့လိုက်သည်။

“ငါက ငါ့ကိုယ်ငါတောင် အနိုင်မယူနိုင်ဘူးဆိုရင်…ဘယ်လိုလုပ် တာအိုလမ်းစဉ်ကို ကျင့်ကြံမလဲ…တာအိုလမ်းစဉ်ထိပ်ဆုံးထိ ရောက်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနိုင်မှရမှာပေါ့…”

ရဲချန်ဖန်က ထိုအတွေးဝင်လာသည်နှင့် စိတ်ဓါတ်များ ပြန်တက်ကြွလာသည်။

“စိတ်ဝင်စားစရာပဲ…မင်းဘယ်လောက်ထိ ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့…”

ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန် အပြောင်းလဲဖြစ်သွားသည်ကို သတိထားမိသွားပြီး နှုတ်ခမ်းများကွေးအောင် ပြုံးသွားသည်။ ထို့နောက် ရဲချန်ဖန်ကို ကျောက်စိမ်းဓါးဖြင့် အဆက်မပြတ် တိုက်ခိုက်တော့သည်။ တစ်ယောက်နှင့် တစ်ယောက်သည် ဓါးအင်အား အမြင့်ဆုံးအဆင့် ဖြင့်တိုက်ခိုက်နေကြသည်။ ရဲချန်ဖန်တို့ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လှသဖြင့် ဘေးပတ်ပတ်လည်ရှိ နှင်းတောင်များ၊ သစ်ပင်များနှင့် ကျောက်စိုင်ကျောက်သား များသည် ကျိုးကြေပျက်စီးကုန်သည်။

“တိမ်ခွင်းလက်ဝါး…”

“လေအရိပ်…”

“လျှပ်တစ်ပြက်သတ်ဖြတ်ခြင်း…”

ရဲချန်ဖန်လည်း ကြေးမုံ ရဲချန်ဖန်ကို အနိုင်ရစေရန် အစွမ်းကုန်တိုက်နေသည်။ သို့သော် ကြေးမုံ ရဲချန်ဖန် ကလည်း ရဲချန်ဖန် တက်ကျွမ်းသမျှကို တက်ကျွမ်းနေရာ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လေသည်။ သို့သော် ဝိညာဉ်စွမ်းအင် ကုန်ခန်းခြင်း မရှိသော ကြေးမုံ ရဲချန်ဖန်က အသာစီးရနေပြီး ရဲချန်ဖန်က မူနောက်သို့ တစ်ချိန်လုံး ဆုတ်နေရသည်။

“အခွင့်ကောင်းတော့ ရပြီ…”

ရဲချန်ဖန်က တစ်ချီတွင် ကြေးမုံ ရဲချန်ဖန်၏ တိုက်ခိုက်မှုကို ခုခံလိုက်ရာတွင် ကြေးမုံ ရဲချန်ဖန်တွင် ဟာကွက် ထွက်ပေါ်လာသည်ကို တွေ့လိုက်လေသည်။ ရဲချန်ဖန် ကလည်းထိုမဟာ အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းပင် ဟာကွက်အား ဓါးဖြင့် ထိုးသွင်းလိုက်သည်။

“ဟား…ဟား…”

ရဲချန်ဖန် တိုက်ခိုက်မှုက ကြေးမုံ ရဲချန်ဖန်၏ရင်ဘတ်ကို ထိုးဖောက် သွားသော်လည်း မည်သည့်သွေးမှ ကျမလာချေ။ ထို့ကြောင့် ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန်ကိုသနားစဖွယ်ကောင် အလား ကြည့်ကာ အားပါးတရ ရယ်မောနေသည်။

“ဘာ… ဒီ ကြေးမုံကောင်ခန္ဓာကိုယ်က ထိခိုက်အောင်လုပ်လို့ မရဘူးလား…ဒါတော့ မတရားဘူး…”

ရဲချန်ဖန်က စမ်းသပ်မှုသည် ဤမျှ ခက်ခဲမည်ဟု မထင်ထားချေ။ သူ၏ ဓါးသည် ကြေးမုံ ရဲချန်ဖန် ရင်ဘတ်ကို ထိုးဖောက်လိုက်နိုင်သော်လည်း မည်သည့် ဒဏ်ရာမှ မဖြစ်လာချေ။ ရဲချန်ဖန်ကအနည်းငယ် စိတ်ဓါတ်ကျသွားသည်။

“ငါပြောသားပဲ…မင်းငါ့ကို မယှည်နိုင်ပါဘူးလို့…မင်း လိမ်လိမ်မာမာ အရှုံးပေးလိုက် … မဟုတ်ရင် မင်း သေမင်းနဲ့ တွေ့ရလိမ့်မယ်…”

ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန်ကို လှောင်ပြောင် သရော်ကာ ပြောလိုက်သည်။

“ငါပြောပြီးပြီလေ…ငါကသေရင်တောင် အရှုံးမပေးဘူးလို့…”

ရဲချန်ဖန်က အားပြန်တင်းကာ ကြေးမုံ ရဲချန်ဖန်ကိုတိုက်ခိုက်လိုက်သည်။

“ဆန်းကြယ်ရေခဲ ဝိညာဉ်စမ်းရေ အေးခဲစမ်း…”

ရဲချန်ဖန်ကဆန်းကြယ်ရေခဲ ဝိညာဉ်စမ်းရေ အသုံးပြုကာ ကြေးမုံ ရဲချန်ဖန် အေးခဲသွားအောင် ကြိုးစားလိုက်သည်။ ဆန်းကြယ်ရေခဲ ဝိညာဉ်စမ်းရေက ကြေးမုံ ရဲချန်ဖန်ကို ထိမှန်သွားသည်နှင့် ကြေးမုံ ရဲချန်ဖန် ကိုယ်ပေါ်တွင် ရေခဲလွှာပါးလေး ဖြစ်ပေါ်လာပြီး ကြေးမုံ ရဲချန်ဖန်ကို အေးခဲသွားစေသည်။

“တိမ်ခွင်းလက်ဝါး…” ရဲချန်ဖန်က ချက်ချင်းပင် ပေါင်လေးသိန်းကျော် စွမ်းအားကို အသုံးပြုကာ အေးခဲနေသည့် ကြေးမုံ ရဲချန်ဖန်ကိုရိုက်ချလိုက်သည်။ ပြင်းထန်လှသော လက်ဝါးချက်ကြောင့် ကြေးမုံ ရဲချန်ဖန်ကနောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ်စီးကျလာသည်။ သို့သော် ကြေးမုံ ရဲချန်ဖန်သည် ပြင်းထန်သော ဒဏ်ရာရပုံ မပေါ်ဘဲ အရိပ်မဲ့သိုင်းကို အသုံးပြုကာ ရဲချန်ဖန်နားချဉ်းကပ်လာသည်။

“ဆန်းကြယ်ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း…”

ရဲချန်ဖန် အနားရောက်သည်နှင့် ကြေးမုံ ရဲချန်ဖန်က ဆန်းကြယ်ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ ရဲချန်ဖန်ကိုအေးခဲစေလိုက်သည်။ ရဲချန်ဖန်က ကြေးမုံ ရဲချန်ဖန်တွင် ဆန်းကြယ်ရေခဲဝိညာဉ် စမ်းရေ ရှိနေပြီး အသုံးပြုနိုင်လိမ့်မည်ဟု မထင်ထားချေ။ သို့သော် ကြေးမုံ ရဲချန်ဖန်၏ ဆန်းကြယ်ရေခဲဝိညာဉ် စမ်းရေက ရဲချန်ဖန် ကိုယ်ကို အေးခဲသွားသည်။

ထို့နောက် ကြေးမုံ ရဲချန်ဖန်၏ လက်ဝါးက ရဲချန်ဖန် ရင်ဘတ်ဆီတိုးဝင်လာသည်။ အေးခဲနေသော ရဲချန်ဖန်သည်မရှောင်နိုင်တော့ဘဲ ကြေးမုံ ရဲချန်ဖန် လက်ဝါးက ရဲချန်ဖန် ရင်ဘတ်ကို မိမိရရ ထိမှန်သွားပြီး စွန်ကဲ့သို့ လွင့်စဉ်သွားသည်။ ရဲချန်ဖန် ရင်ဘတ်သည် ချိုင့်ဝင်သွားပြီး သွေးများစွာအန်ထုတ်လိုက်ရသည်။

ရဲချန်ဖန်သာ အရိုးသန်မာ စေခြင်းအဆင့်ကို ခြောက်ဆယ်ရာခိုင်နှုန်းလောက်အထိ အောင်မြင်အောင်မကျင့်ထားနိုင်ပါက ကြေးမုံ ရဲချန်ဖန် လက်ဝါးချက်ကြောင့် ရဲချန်ဖန် အသက်ထွက်သွားနိုင်သည်။

“အင်း… ငါဒီ ကြေးမုံကောင်ကို ဘယ်လို အနိုင်ယူရမလဲ…”

ရဲချန်ဖန်သည် မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်ပြီး ကြေးမုံ ရဲချန်ဖန်ကို စိုက်ကြည့်လိုက်သည်။ ရဲချန်ဖန် ရင်ထဲတွင်မှု ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။ ရဲချန်ဖန်က အစွမ်းကုန် ကြိုးစားပြီး ဖြစ်သော်လည်း ကြေးမုံ ရဲချန်ဖန်ကို အနိုင်ယူနိုင်မည့် နည်းလမ်းမတွေ့သေးချေ။ ထို့အပြင် သူ့ဒဏ်ရာများလည်း ပိုမိုပြင်းထန်လာနေသည်။ ထို့ကြောင့် ရဲချန်ဖန် စိတ်ပူလာသည်။

“ကဲအားလုံးပြီးပြီ…မင်းသေလို့ရပြီ…

” ကြေးမုံ ရဲချန်ဖန်က ပြင်းထန်သော ဒဏ်ရာရနေသည့် ရဲချန်ဖန် ရှေ့ရောက်လာကာ လူသတ်စိတ်ဖြင့်ပြောလိုက်သည်။ ကြေးမုံ ရဲချန်ဖန်က စကားဆုံးသည်နှင့် ရဲချန်ဖန် အသက်ကိုနှုတ်ယူရန် ဓါးဖြင့် ခုတ်ချလိုက်သည်။

သေရေးရှင်ရေး အခိုက်အတန့်တွင် ရဲချန်ဖန်သည် ရွှေလင်းယုန်တောင်ပံ အသုံးပြုကာ နောက်သို့လျင်မြန်စွာဆုတ်ပြီး လေထဲသို့ပျံဝဲတက်လိုက်သည်။ ထို့နောက် တောင်ပံများတဖျတ်ဖျတ် ခတ်ကာ လေမုန်တိုင်းဖြစ်လာအောင် ဖန်တီးပြီး ကြေးမုံ ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။

‘မင်းမှာ တစ်ယောက်တည်း ရွှေလင်းယုန်တောင်ပံ ရှိတယ်လို့ ထင်နေတာလား…”

ကြေးမုံ ရဲချန်ဖန် မျက်လုံးများက တောက်ပနေပြီး လေထဲပျံဝဲနေသော ရဲချန်ဖန်ကိုကြည့်ကာ သူ၏ ရွှေလင်းယုန်တောင်ပံကို ထုတ်လိုက်လေသည်။ ကြေးမုံ ရဲချန်ဖန်၏ ရွှေလင်းယုန်တောင်ပံမှာ ရဲချန်ဖန်၏ တောင်ပံနှင့် တစ်ပုံစံတည်းပင် ကြေးမုံ ရဲချန်ဖန် နောက်ကျောတွင် ရွှေရောင်တောင်ပံ တစ်စုံ ထွက်ပေါ်လာသည်။ ထို့နောက် ကြေးမုံ ရဲချန်ဖန်ကတောင်ပံများခတ်ကာ လေထဲ ပျံဝဲတက်လိုက်သည်။

“ဒီကြေးမုံကောင်က ငါ့အစွမ်းတွေအကုန်လုံးကို ပုံတူကူး အသုံးပြုနိုင်တာပဲ… အဲဒါဆိုအဲဒီကောင်က ပြိုင်ဖက်ကင်းတယ်လို့တောင် ပြောရမယ်…”

ရဲချန်ဖန်က ရွှေလင်းယုန်တောင်ပံ အသုံးပြုကာ သူ့ထံ ပျံသန်းလာနေသည့် ကြေးမုံ ရဲချန်ဖန်ကို ကြည့်ကာ အနိုင်ယူရန် နည်းလမ်းများကို ရှာဖွေနေသည်။ သို့သော် ရဲချန်ဖန်က ကြေးမုံ ရဲချန်ဖန်ကို မည့်သို့အနိုင်ယူရမည်ကို မတွေးတက်ဖြစ်နေသည်။

“ကဲ…အားလုံးပြီးသွားပြီ…”

ကြေးမုံ ရဲချန်ဖန်က ရဲချန်ဖန်နား ရောက်လာပြီး ရွှေရောင်တောင်ပံများ ခတ်ကာ ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။ ထိုရွှေအလင်းတန်းများက ဒဏ်ရာပြင်းထန်စွာ ရနေသော ရဲချန်ဖန်ကို ထိမှန်သွားလေသည်။

“ဝုန်း…”

ရဲချန်ဖန်က အစွမ်းကုန်ရှောင်တိမ်းလိုက်သော်လည်း မရှောင်နိုင်ဘဲ ရွှေအလင်းတန်းများက ထိမှန်သွားသည်။ ထို့နောက် ရဲချန်ဖန်ကိုယ်သည် ကြိုးပြတ်သည့် စွန်အလား လွင့်စဉ်သွားပြီး မြေကြီးနှင့် ပြင်းထန်စွာ စောင့်မိသွားလေသည်။ သွေးများက ရဲချန်ဖန် ကိုယ်မှာထိန်းချုပ်မရအောင် ထွက်လာလေသည်။

“ပြီးသွားပြီလား…ငါဒီမှာ ဒီလိုမျိုးသေရတော့မှာလား…”

ရဲချန်ဖန် မျက်လုံးများသည် နီရဲနေပြီးကောင်းကင်ကိုကြည့်ပြီး စိတ်ဓါတ်ကျနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset