အခန်း ( ၂၁၅ )
လမ်းသုံးသွယ်
“ဘယ်လောက်တောင် နှစ်တွေကြာသွားပြီလဲ…ဒီနေရာကို နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာပြီ…”
ရဲချန်ဖန်တို့ အတွင်းနန်းတော် ထဲဝင်ရောက် လိုက်သည်နှင့် ရာပေါင်း များစွာသော ရုပ်ထုများက မျက်လုံးများ တစ်ပြိုင်နက်တည်း ပွင့်လာလေသည်။ ထို့နောက် အစွမ်းထက်လှသည့် ဝိညာဉ်စွမ်းအင် ထွက်ပေါ်လာကာ အလွန်ရှေးကျပြီး အိုမင်းနေသော မျက်နှာကြီးတစ်ခုက လေထဲတွင် ဖြစ်ပေါ်လာသည်။
“ဆရာကြီး…မင်္ဂလာပါ…ဆရာကြီးက ရေအောက်လိုဏ်ဂူရဲ့ အစောင့်အရှောက်ဝိညာဉ်ပါလား ခင်များ…”
အိုမင်းလှသည့် မျက်နှာကြီးကို ကြည့်ပြီး ရဲချန်ဖန်က မျက်နှာကြီးက ဘယ်သူမှန်း ခန့်မှန်းမိ သွားသည်။ ထို့နောက်သူက စတင်ပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။
“ဟုတ်တယ်…ငါက ဒီရေအောက်လိုဏ်ဂူရဲ့အစောင့်… လိုဏ်ဂူစောင့်ပဲ,… မင်းက သခင်ရဲ့ စမ်းသပ်မှုတွေ အောင်မြင်ရင် ဒီရေအောက် လိုဏ်ဂူရဲ့ အမွေအနှစ်တွေကို ဆက်ခံပိုင်ခွင့်ရှိမယ်… မင်းအရှုံးပေးမယ်ဆိုရင်လည်း မင်းဒီအထိ ရောက်အောင်လာနိုင်တဲ့အတွက် ဆုတွေပေးမယ်… ပြောရမယ်ဆိုရင် မင်းက ဒီလိုဏ်ဂူထဲ ပထမဆုံး ရောက်လာခဲ့တဲ့ လူသားပဲ…”
“ဆရာကြီး…ကျွန်မ စမ်းသပ်မှုတွေကို အရှုံးပေးမယ်ဆိုရင် ဘာဆုတွေရမလဲ မသိဘူး…”
ရွှယ်နီရှန်သည် သူမက ရဲချန်ဖန်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်ပေ။ ထို့ကြောင့် လိုဏ်ဂူစောင့်ကိုမေးမြန်းလိုက်သည်။
“တန်ခိုးအဆင့်ကိုမြင့်လို့ရတဲ့ ပင်လယ်နှလုံးသား အမြုတေ တစ်ခုနဲ့ မိစ္ဆာအရိုး သလင်းကျောက် တစ်ခုပဲ…”
လိုဏ်ဂူစောင့်က ပြန်ဖြေလိုက်သည်။
“ဆရာကြီး…ကျွန်မ စမ်းသပ်မှု မပြိုင်ဘဲ အရှုံးပေးပါတယ်…”
ရွှယ်နီရှန်ကတွေဝေမနေဘဲ ပြောလိုက်သည်။
“နီရှန်…ရေအောက်လိုဏ်ဂူထဲ အတူတူ ဝင်မယ်လို့မပြောခဲ့ဘူးလား…ဘာလို့ ချက်ချင်း လက်လျှော့ အရှုံးပေးနေတာလဲ…မင်းက ငါနဲ့အတူတူ မရှိချင်တော့ဘူးလား…”
ရဲချန်ဖန်သည် ရွှယ်နီရှန်ကအတွင်းနန်းတော်ရောက်သည်နှင့် ချက်ချင်း လက်လျှော့လိုက်သဖြင့် တစ်မျိုးဖြစ်သွားလေသည်။
“ချန်ဖန်… ခု ငါဒီနေရာရောက်ပြီး…ပင်လယ်နှလုံးသား အမြုတေနဲ့ မိစ္ဆာအရိုး သလင်းကျောက် ရတာနဲ့ ကျေနပ်နေပါပြီ… ကျွန်မ ဒီကနေ ရှင် ပြန်လာတာကို စောင့်နေမယ်…”
ရွှယ်နီရှန် အသံသည် ရုတ်တရက် အလွန်တိုးသွား ပြီးနောက် ရဲချန်ဖန်ရှေ့ ခြေဖျား ထောက်ကာ ရဲချန်ဖန် နှုတ်ခမ်းကို နမ်းကာ အကြင်နာပေး လိုက်လေသည်။
“ဝူး…အု အု…”
ရဲချန်ဖန်က ရွှယ်နီရှန် ရုတ်တရက် သူ့အားအကြင်နာ ပေးလာသောကြောင့် အလွန်အံအား သင့်သွားလေသည်။ ရွှယ်နီရှန်၏ အကြင်နာ နှုတ်ခမ်းလေးများသည် အလွန်နူးညံပြီး ချိုမြိန်လှသည်။ ရဲချန်ဖန်သည် နှလုံးသား တဒိန်းဒိန်းခုန်ကာ ချိုမြိန်သော ခံစားချက်ကို ရလိုက်လေသည်။ နှစ်မိနှစ်နီးပါးကြာ သွားပြီနောက် ရွှယ်နီရှန်က ရဲချန်ဖန် နှုတ်ခမ်းများနှင့်ခွာကာ နောက်ဆုတ်လိုက်သည်။
ရွှယ်နီရှန်သည် ရုတ်တရက် ရဲချန်ဖန် အထင်မှားမည်ဆို၍ ရဲတင်းစွာ အကြင်နာ ပေးလိုက်သော်လည်း မျက်နှာတစ်ခုလုံး နှင်းဆီရောင်ပြေးကာ ရှက်သွေးများ ဖြန်းနေလေသည်။ ထို့နောက် ရဲချန်ဖန်ကိုပင် မကြည့်ရဲတော့ဘဲ မျက်လွှာချကာ မြေကြီးကိုသာ စိုက်ကြည့်နေလေသည်။ ဤသည်မှာ သူမ၏ပထမအဆုံး အနမ်းမဟုတ်ပါလော။
“ဒါ…ဒါက…”
“ရပြီ…ချန်ဖန်…ကျွန်မ ဆုံးဖြတ်ပြီးပြီ…ရှင် ကျွန်မကို ထပ်မတိုက်တွန်းပါနဲ့တော့…”
ရဲချန်ဖန်ကို တစ်ချက်မော့ကြည့်ကာ ခေါင်းခါယမ်းကာ ရဲချန်ဖန်ကို ဆုံးဖြတ်ပြီး ဟန်ပြောလိုက်သည်။
“ဆရာကြီး လိုဏ်ဂူစောင့် ခင်ဗျာ… ကျွန်တော့် သူငယ်ချင်းက စမ်းသပ်မှု မခံယူဘဲ အရှုံးပေးဖို့ ရွေးချယ်မယ်ဆိုရင် ဆရာကြီးက သူမကို စောင့်ရှောက် ထားပေးနိုင်မလား… ကျွန်တော့်ရဲ့ ရန်သူတွေက သူမကို ဒီမှာတွေ့ရင် အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး…”
ရဲချန်ဖန်က ရွှယ်နီရှန် စမ်းသပ်မှုကို လက်လျှော့ပြီး အရှုံးပေးစောင့်နေစဉ် သူမ အန္တရာယ်မကင်းမှာကို စိုးရိမ်နေသည်။ ထို့ကြောင့် လိုဏ်ဂူစောင့်ကိုမေးလိုက်သည်။
“သူမက ဒီနေရာကနေ ထွက်မသွားသ၍ ငါသူ့ကိုစောင့်ရှောက်ပေးထားမယ်…ဒါပေမဲ့ သူမက ငါ့ခွင့်ပြုချက်မရှိဘဲ ထွက်သွားရင် ငါလည်းဘာမှ မလုပ်ပေးနိုင်ဘူး…”
လိုဏ်ဂူစောင့်က ရိုးရှင်းစွာ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး ခင်ဗျာ…”
လိုဏ်ဂူစောင့်က အတွင်းနန်းတော်ထဲမှ မထွက်သွားသ၍ စောင့်ရှောက်ပေးထားမည်ဟု ပြောလိုက်သဖြင့် ရဲချန်ဖန် စိတ်အေးသွားသည်။
“နီရှန်…မင်းဆုံးဖြတ် ပြီးပြီဆိုတော့…ငါ့ကို ဒီမှာပဲစောင့်နေ…ငါရေအောက်လိုဏ်ဂူထဲက ရမယ့်ဟာတွေက မင်းဟာတွေပဲလေ…”
ရဲချန်ဖန်က အရှက်သည်းကာ ခေါင်းငုံ့နေသော ရွှယ်နီရှန်ကို ကြင်နာစွာကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ချန်ဖန်…ဂရုစိုက်နော်…ကျွန်မ ရှင့်ကို စောင့်နေမယ်,…”
ရဲချန်ဖန် စကားကို ခေါင်းညိတ်ပြကာ ခြေဖျားထောက်ကာ ရဲချန်ဖန် ပါးနှစ်ဖက်ကို နမ်းလိုက်ပြီး နူးညံစွာပြောလိုက်သည်။
“အင်း…”
ရဲချန်ဖန်က ရွှယ်နီရှန် ပြောနေသည်ကို ခေါင်းခပ်သွက်သွက် ညိတ်ကာ အဖြေပေးလိုက်သည်။
“လူငယ်လေး…မင်းဆုံးဖြတ်ပြီး ပြီလား…မင်းစမ်းသပ်မှု ကျရှုံးရင် သေရလိမ့်မယ်… ဆရာချန်ခဲ့တဲ့ ရတနာ ပညာအမွေအနှစ်တွေက ရဖို့မလွယ်ဘူး… ဒါပေမဲ့ မင်းမှာအားသာချက်ရှိနေတယ်… မင်းအရိုး အသက်က ငယ်နေတော့ မင်းစမ်းသပ်မှု ခက်ခဲမှုအဆင့်က လျော့နေလိမ့်မယ်…အရိုးအသက်ငယ်လေ ခက်ခဲမှုနည်းလေပဲ…”
လိုဏ်ဂူစောင့်က ရဲချန်ဖန် အသက်မှာ အလွန်ငယ်သေးသည်ကို သတိထားမိသဖြင့် ရဲချန်ဖန်ကို ပြောလိုက်သည်။
“ကျွန်တော် စမ်းသပ်မှုခံယူဖို့ ဆုံးဖြတ်ပြီးပါပြီ ခင်ဗျာ…”
ရဲချန်ဖန် မျက်ဝန်းတွင် ပြတ်သားမှုများကို မြင်နေရသည်။
“အင်း…ကောင်းပြီ…ဟိုမှာတွေ့လား…အဲဒီလမ်းခွဲသုံးခုထဲက တစ်ခုက ဆူးခင်းလမ်း… နောက်တစ်ခုက ရေခဲ၊နှင်းလမ်းနဲ့ နောက်တစ်ခုက မိုးကြိုးလျှပ်စီးလမ်းပဲ…မင်းအဲဒီလမ်းသုံးခုထဲက တစ်ခုကိုရွေ့းပြီး ဝင်သွား…”
အတွင်းနန်းတော်ထဲက လမ်းခွဲသုံးခုကို ညွှန်ပြကာ လိုဏ်ဂူစောင့်က ပြောလိုက်သည်။
“ကျွန်တော် ရေခဲ၊နှင်း လမ်းကိုသွားပါမယ်…”
ရဲချန်ဖန်က မဆိုင်းဘဲ ရေခဲ၊ နှင်း လမ်းကိုရွေးလိုက်သည်။
သူ့တွင် ဆန်းကြယ်ရေခဲ ဝိညာဉ်စမ်းရေ ရှိနေသဖြင့် ရေခဲ၊ နှင်း လမ်းသည် သူ့အတွက် အားသာချက်ရှိနေသည် မဟုတ်ပါလော။ ထို့အပြင် လိပ်နက်ဘုရင် ရောက်လာပါက လိပ်နက်ဘုရင်သည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူ ဖြစ်သောကြောင့် သေချာပေါက် မိုးကြိုးလျှပ်စီး လမ်းကို ရွေးမည်ဟု ရဲချန်ဖန် ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူက ချက်ချင်းပင် ရေခဲ၊နှင်းလမ်း ရွေးလိုက်ခြင်းဖြစ်သည်။
“အေး…ဒါဆို မင်းသွားလို့ ရပြီ…ရေခဲ၊နှင်း လမ်းမှာ ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး…မင်းကိုယ့်အား ကိုယ်ကိုးပြီး ဖြတ်ကျော်ရမယ်…မင်း စက်ရုပ်တွေဘာတွေရဲ့ အကူအညီယူလို့ မရနိုင်ဘူး…”
လိုဏ်ဂူစောင့်က သတိပေးလိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ ခင်ဗျာ…”
“နီရှန်…ငါသွားတော့မယ်…မင်းဒီမှာ ငါပြန်လာတာစောင့်နေပါ…”
ထို့နောက် ရဲချန်ဖန်က ရွှယ်နီရှန်ကိုတစ်ချက် စိုက်ကြည့်ကာ ဓါးစက်ရုပ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ရေခဲ၊ နှင်း လမ်းထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။
“ဆရာကြီးရှင့်…ခုနက ဆရာကြီ ပြောတာ ချန်ဖန်ကအသက်ငယ်တဲ့အတွက် ရေအောက်လိုဏ်ဂူရဲ့ စမ်းသပ်မှုတွေအောင်မြင်နိုင်တယ်ပေါ့…ဟုတ်လား…”
ရဲချန်ဖန် ထွက်သွားသည်ကို ကြည့်ပြီး ရွှယ်နီရှန်ကစိုးရိမ်စွာ လိုဏ်ဂူစောင့်ကို မေးမြန်းလိုက်သည်။
“သူက ပါရမီအရမ်းကောင်းပေမဲ့ ရေအောက်လိုဏ်ဂူရဲ့ အကောင်းဆုံးအမွေအနှစ်ရဖို့ တစ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်…”
“တစ်ရာခိုင်နှုန်းလား…အရမ်းနည်းတာပဲ…စမ်းသပ်မှု ကျရှုံးတာနဲ့ ဘာဖြစ်မှာလဲ…”
ရွှယ်နီရှန်ကပိုမို စိုးရိမ်လာသည်။
“သူလက်ရှိ အစွမ်းနဲ့ဆိုရင် စမ်းသပ်မှုကျရှုံးရင် အသက်ရှင်ဖို့ မလွယ်ဘူး… ဒါပေမဲ့ သူအောင်မြင်မယ်လို့ ငါမျှော်လင့်ပါတယ်…”
လိုဏ်ဂူစောင့်က စမ်းသပ်မှုခံယူသူများ၏ သေရေးရှင်ရေးသည် သူနှင့်မသက်ဆိုင်သည့် အလား မျက်နှာသေ၊ အသံသေကြီးနှင့်ပြောလိုက်သည်။
“ရော…ဒါက မင်းဒီနေရာထိ ရောက်လာတဲ့ဆု… ပင်လယ်နှလုံးသား အမြုတေနဲ့ အရိုးမိစ္တာသလင်းကျောက်ပဲ… မင်းဒီမှာ စုပ်ယူချင်လည်း စုပ်ယူ…ယူချင်လဲယူသွား…”
ထို့နောက် လိုဏ်ဂူစောင့် ပါးစပ်ဟကာ မှုတ်ထုတ်လိုက်ရာ အပြာရောင် အလင်းတန်းများ စူးရှစွာ ထွက်နေသည့် လက်သီးစုပ်အရွယ် ပင်လယ်နှလုံးသား အမြုတေနှင့် မည်းနက်နေသည့် လက်သီးစုပ်အရွယ် မိစ္ဆာအရိုး သလင်းကျောက်တုံး တစ်တုံးက ရွှယ်နီရှန် ရှေ့တွင် ရောက်ရှိလာသည်။
“ကြီးလိုက်တဲ့ မိစ္ဆာအရိုးသလင်းကျောက်…”
ရွှယ်နီရှန်က သူမရှေ့တွင် ရှိနေသော မိစ္ဆာအရိုးသလင်းကျောက်ကို ကြည့်ပြီး တုန်လှုပ်သွားသည်။ လိုဏ်ဂူစောင့်ဆီမှရသော မိစ္ဆာအရိုးသလင်းကျောက်သည် ရဲချန်ဖန် ပေးခဲ့သော မိစ္ဆာအရိုးသလင်းကျောက်များထက် အဆပေါင်း များစွာကြီးမားနေသည် မဟုတ်ပါလော။
ထိုအပြင် မိစ္ဆာအရိုးသလင်း ကျောက်ထဲတွင် မည်သည့် မိစ္ဆာဓါတ်များ ထွက်နေသည်ကို မတွေ့ရပေ။ အမှန်မှာ ရွှယ်နီရှန်ကိုပေးသော မိစ္ဆာအရိုးသလင်းကျောက်မှ မိစ္ဆာဓါတ်များကို လိုဏ်ဂူစောင့်က ဖယ်ရှားထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာဓါတ်များကို စိုးရိမ်စရာမလိုဘဲ စိတ်ချစွာ စွမ်းအင်များကို စုပ်ယူနိုင်မည်ဖြစ်သည်။
“ဒါဆို ကျွန်မ ဒီမှာပဲ စွမ်းအင်ကိုစုပ်ယူပါတော့မယ်…”
ရွှယ်နီရှန်က အသက်ဝအောင် ရှူလိုက်ကာ ပင်လယ်နှလုံးသား အမြုတေနှင့် မိစ္ဆာအရိုး သလင်းကျောက်မှ စွမ်းအင်များကို စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။ သူမ အဆင့်တန်ခိုးများ တိုးလာမှသာ ရဲချန်ဖန်ကို ကူညီနိုင်မည် ဖြစ်သည်။
“အင်း…မင်း ဒီနေရာမှာ စိတ်အေးအေးနဲ့ လေ့ကျင့်လို့ရတယ်…ဘယ်သူမှ မင်းကို နှောင့်ယှက်လို့မရဘူး…အချိန်တန်ရင် မင်းကိုငါသတိပေးမယ်…”
လိုဏ်ဂူစောင့်ပြောပြီးနောက် လိုဏ်ဂူစောင့်ဆီမှ ထူးခြားသောအလင်းတန်းများ ထွက်ပေါ်ကာ ရွှယ်နီရှန်ကို ဖုံးလွမ်းသွားသည်။
“ဝုန်း…”
ရွှယ်နီရှန်က ဝိညာဉ်သိုင်းအသုံးပြုကာ ပင်လယ်နှလုံးသား အမြုတေမှ ဝိညာဉ်စွမ်းအင်များ စတင်စုပ်ယူစဉ် နားကွဲမတက် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ထို့နောက် လိပ်နက်ဘုရင်က အတွင်းနန်းတော်ထဲသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ လိပ်နက်ကြီးက ချက်ချင်းပင် အလင်းတန်းမြူခိုးများ ဖုံးကွယ်နေသည့် ရွှယ်နီရှန်ကို သတိထားမိသွားသည်။
“ဟေးကောင်မလေး…ဟိုခွေးကောင်လေး…ဘယ်သွားလဲဆိုတာ ငါကိုပြောစမ်း…”
လိပ်နက်ဘုရင်က အတွင်းနန်းတော်ထဲ ဝင်ရောက်လာကာ ရွှယ်နီရှန် ရှေ့တွင်ရပ်ပြီး ရက်စက်တော့မည်ဟန်နှင့် ကျယ်လောင်စွာ မေးလိုက်သည်။ ရွှယ်နီရှန်က လိပ်နက်ဘုရင ်အသံကြားသော်လည်း လိပ်နက်ဘုရင်ကို လျစ်လျူရှူကာ စွမ်းအင်များကို စုပ်ယူလိုက်သည်။
“ဟင်…မင်းကို မေးနေတယ်လေ…ငါ့ကိုမခန့်လေးစား လုပ်နေတာလား…”
လိပ်နက် ဘုရင်သည် ရွှယ်နီရှန်က သူ့အား လျစ်လျှူရှူနေသည်ကို တွေ့လိုက်သောအခါ ဒေါသတကြီးနှင့် ရွှယ်နီရှန်ကို ဖုံးကွယ်ထားသည့် အလင်းတန်းကို တိုက်ခိုက်လိုက်သည်။
“လိပ်ကလေး…ရပ်လိုက်စမ်း…”
လိပ်နက်ဘုရင်က ရွှယ်နီရှန်ကို တိုက်ခိုက်လိုက်သည်နှင့် လိုဏ်ဂူစောင့်က ထွက်ပေါ်လာသည်။ ထို့နောက် လိုဏ်ဂူစောင့်ဆီမှ အစွမ်းထက်လှသည့် အလင်းတန်းက ထွက်ပေါ်လာကာ လိပ်နက်ဘုရင် ကိုဖုံးလွမ်းသွားသည်။ လိပ်နက်ဘုရင်က အလင်းတန်းနှင့် ထိမိသည်နှင့် လှုပ်ရှား၍မရတော့ချေ။
“ခင်ဗျား…ကဘယ်သူလဲ…”
လိပ်နက်ဘုရင်က အစွမ်းကုန်ရုန်းကန်နေသည်။ သို့သော် တစ်စက်ကလေးမှ လှုပ်၍ မရသောအခါ တုန်လှုပ်သွားကာ လေသံကိုလျှော့ကာ မေးမြန်းလိုက်သည်။
“ငါက ရေအောက်လိုဏ်ဂူရဲ့အစောင့်အရှောက်ပဲ…လိပ်ကလေး မင်းမှာရွေးချယ်စရာနှစ်ခု ရှိတယ်…တစ်ခုက ရှေ့ဆက်သွားလမ်းတစ်ခု ရွေးပြီး စမ်းသပ်မှုခံယူ…မဟုတ်ရင် အဲဒီကောင်မလေးလို လက်လျှော့အရှုံးပေးလိုက်…အရှုံးပေးရင်တော့ မင်းဆုလာဒ်အနည်းငယ်ရမယ်…”
လိုဏ်ဂူစောင့်က တုန်လှုပ်နေသော လိပ်နက်ဘုရင် ကိုပြောလိုက်သည်။
“ကျွန်တော် ရှေ့ဆက်သွားပြီး စမ်းသပ်မှုခံယူမယ်…”
လိပ်နက်ဘုရင်က သူ့အား လိုဏ်ဂူစောင့်က လိပ်ကလေးဟုခေါ်သဖြင့် မကျေမနပ် ဖြစ်နေသည်။ သို့သော် လိုဏ်ဂူစောင့်အစွမ်းက မှန်းဆမရအောင် ထက်မြက်သဖြင့် ဒေါသကိုမြိုသိပ်ကာ ပြောလိုက်သည်။
လိပ်နက်ဘုရင်က မိုးကြိုးလျှပ်စီး လမ်းကို ရွေးချယ်ပြီး ဝင်ရောက်သွားသည်နှင့် အမှောင်သခင်၊ ဓါးမိစ္ဆာ၊မြွေဘုရင်မနှင့် နဗြူလာနှင့် အသက်ရှင်ကျန်ရစ်သူများ အတွင်းနန်းတော်ထဲ ရောက်ရှိလာသည်။ အဆုံးတွင် နဗြူလာ၊ မိစ္ဆာမဲ၊ မိစ္ဆာတုတ်၊ အထီးကျန်တိမ်အဖွဲ့မှ နာယကတို့သည် စမ်းသပ်မှုကို လက်လျှော့ကာ လိုဏ်ဂူစောင့်ထံမှ ဆုသာယူရန် ရွေးချယ်လိုက်ကြသည်။
ထို့နောက် အမှောင်သခင်၊ ဓါးမိစ္ဆာ တို့သည် ဆူးခမ်းလမ်းဆီ ဝင်ရောက်သွားကာ မြွေဘုရင်မနှင့် မျက်လုံးရှစ်လုံးပင့်ကူတို့သည် ရေခဲ၊ နှင်း လမ်းဆီအသီးသီး ဝင်ရောက်ပျောက်ကွယ်သွားသည်။ ရဲချန်ဖန်ကမူ ရေခဲ၊နှင်းလမ်းတွင် ရှေ့သို့ သတိကြီးကြီးထားကာ သွားနေသည်။
***