Switch Mode

Chapter – 213

အခန်း ( ၂၁၃ )
မိုးကြိုးနဂါးဝင်္ကပါ

“ငါတို့ ဒီကောင် လှည့်စားတာ ခံလိုက်ရပြီ…”

ချက်ချင်းပင် လိပ်နက်ဘုရင်တို့သည် ရဲချန်ဖန်တို့ ပိတ်ဆို့တားဆီး ဝင်္ကပါထဲဝင်ရောက် ပျောက်ကွယ်သွားသော နေရာနား ရောက်လာလေသည်။

“အဲဒီကောင်တွေ ဝင်သွားတဲ့နေရာက ဝင်္ကပါက အားနည်းတဲ့ နေရာဖြစ်မယ်… အဲဒီနေရာကို ဝိုင်းတိုက်ကြ…”

အမှောင်သခင် တို့သည် ရဲချန်ဖန် ဝင်ရောက်သွားသည့် နေရာကို စတင်တိုက်ခိုက် ကြတော့သည်။

“ဟူး…အထဲတော့ရောက်လာပြီ…”

ရေအောက်လိုဏ်ဂူ အတွင်းပိုင်း ရောက်လာပြီးနောက် ရဲချန်ဖန်တို့ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

“ဘယ်လောက်တောင် သာယာလှပတဲ့ နေရာလဲ…”

ရွှယ်နီရှန်သည် ရေအောက်လိုဏ်ဂူ အတွင်းထဲ ရောက်သည်နှင့် အလွန်သာယာ လှပသော ရှူခင်းကို မြင်လိုက်ရပြီး ကလေးတစ်ယောက်လို မြူးထူးနေသည်။ ရွှယ်နီရှန် တို့သည် သာယာသော ပန်းမြိုင်လယ်သို့ ရောက်နေပြီး အလွန်ကြည်လင်သော ချောင်းလေးတစ်ခုက လည်း တသွင်သွင်စီးဆင်းနေသည်။ ကျေးငှက်သာရကာ တို့ကလည်း သံပြိုင်တေးသီးချင်းများ သီဆိုနေ သလိုပင်။ အရာရာမှာ လှပအသက်ဝင် လှုပ်ရှားနေသည်။ သူတို့ပင်ပန်း နွယ်နယ် နေသမျှသည် ပျောက်ကွယ်သွားပြီး ပျော်ရွှင်လာသည်။

“ရေအောက်လိုဏ်ဂူအတွင်းမှာ ဒီလိုသာယာလှပတဲ့နေရာ ရှိနေမယ် မထင်မိဘူး…အရမ်းလှတာပဲ…”

ရွှယ်နီရှန် သည် အလွန်ပျော်ရွှင် နေပုံပေါ်သည်။

“နီရှန်…ဘာမှ လျောက်မကိုင်နဲ့…”

ရွှယ်နီရှန်က ဆယ်ပေကျော်မြင့်ပြီး စိမ်းစိုလှပနေသော သစ်ပင်ကြီးတစ်ခု ပေါ်တွင် သီးနေသော အနီရောင် သစ်သီးတစ်လုံးကို မြင်လိုက်ပြီး သစ်သီးနား ပြေးသွားလေသည်။ ရဲချန်ဖန်က ချက်ချင်းပင် ရွှယ်နီရှန်နား လိုက်သွားပြီး သူမအား ဆွဲဖမ်းထားလိုက်သည်။

“ဘာလို့လဲ…ချန်ဖန်…အန္တရာယ်ရှိလို့လား…”

သစ်သီးပုံမှာ အရည်ရွှန်းပြီး အလွန်စားချင်စဖွယ် ဖြစ်နေရာ ရွှယ်နီရှန်က ခူးစားကြည့်ချင်နေသည်။ သို့သော် ရဲချန်ဖန်က သူမအား ဖက်ထားသဖြင့် ညင်သာစွာမေးလိုက်သည်။

“ငါတို့ မြင်နေရတာတွေက တကယ်အမှန်တွေမဟုတ်ဘူး…ငါထင်တာမမှားဘူးဆိုရင်…ငါတို့ ပုံရိပ်ယောင် ဝင်္ကပါထဲ ရောက်နေပြီ…ဒီမှာအန္တရာယ်အရမ်းများနေပြီ…”

ရဲချန်ဖန်က နတ်ဦးနှောက်ကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို လေ့လာကာ ပြောလိုက်သည်။

“ဓါးစက်ရုပ်…အနောက်မြောက်ဘက်က မီတာတစ်ရာ အကွာမှာ ရှိတဲ့ သစ်ပင်ကြီးကိုတိုက်ခိုက်…”

ရဲချန်ဖန် မျက်လုံးများက ရုတ်တရက် အနောက်မြောက် မီတာတစ်ရာ အကွာတွင် ရှိသော သစ်ပင်ကြီး တစ်ခုပေါ် ရောက်သွားသည်။ သစ်ပင်ကြီး၏ ကိုယ်ထည်မှာ အလွန်ကြီးမား လှတကား လူဆယ်ယောက် ဖက်စာမျှကြီးမားပြီး အလွန်မြင့်မားလှသည်။ ထို့ကြောင့် သစ်ပင်ကြီးက ကောင်းကင်ကြီး၏ ထောက်တိုင်ဟုပင် ထင်ရသည်။

“ယား…”

ဓါးစက်ရုပ်က သစ်ပင်ကြီးနားလျင်မြန်စွာ ဘချဉ်းကပ်သွားပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သစ်ပင်ကြီးကို ဓါးစက်ရုပ ်တိုက်ခိုက်လိုက်သည်နှင့် အလွန်ကြီးမားသော မိုးကြိုးကြီး ဖြစ်ပေါ်လာကာ ဓါးစက်ရုပ်ကို ပစ်ချလိုက်သည်။ မိုးကြိုး၏ဖျက်ဆီးခြင်း စွမ်းအားက သာမာန် မဟာသားရဲဘိုးဘေး စတုတ္ထအဆင့်ကို မီးသွေးခဲ ဖြစ်သွားစေနိုင်သည်။ သို့သော် ဓါးစက်ရုပ်မှ ခြစ်ရာလေးပင်မထင်ချေ။

“ဟုတ်တယ်…ဒီနေရာက အန္တရာယ်အရမ်းများတယ်…”

မိုးကြိုး ပစ်ချလိုက်သောကြောင့် ရွှယ်နီရှန် မျက်နှာပေါ်တွင် ကြောက်ရွံမှု ဖြစ်ပေါ်လာသည်။ ရဲချန်ဖန်သာ မတားပါက သူမ မိုးကြိုးပစ်ချခံရပါက မသေလျင်ပင် ပြင်းထန်သော ဒဏ်ရာရရှိသွားမည် ဖြစ်သည်။ မိုးကြိုးများက အဆက်မပျက် ဖြစ်ပေါ်နေကာ ဓါးစက်ရုပ်ကို ထိမှန်နေသည်။ ဓါးစက်ရုပ်ကလည်း ရဲချန်ဖန် အမိန့်အတိုင်း သစ်ပင်ကြီးကို တိုက်ခိုက်နေသည်။

မကြာမီပင် သစ်ပင်ကြီးက လဲကျပြိုလဲ သွားသည်။ သစ်ပင်ကြီးပြိုလဲသွားသည်နှင့် ပျက်ဆီးနေသော ထူးခြားသော ဝင်္ကပါကြီး တစ်ခုကို မြင်လိုက်ရသည်။ ချက်ချင်းပင် သာယာလှပသော ပန်းပင်များ၊ သစ်ပင်များသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားကာ မဲမှောင်သော ရေအောက်လိုဏ်ဂူထဲ ရောက်နေသည်ကို ရဲချန်ဖန်တို့ မြင်တွေ့လိုက်ရသည်။

“ဟူး…ငါတို့အမြင်အာရုံကို ပုံရိပ်ယောင် ဝင်္ကပါက လှည့်စားထားတာပဲ…”

ပတ်ဝန်းကျင်ကို လေ့လာနေရင်း ရဲချန်ဖန် မျက်နှာကပိုမို လေးနက်လာသည်။ ရဲချန်ဖန်က ဝင်္ကပါကို ဖျက်ဆီးလိုက်နိုင်သော်လည်း ဘယ်လောက် ကြောက်မက်ဖွယ် ကောင်းသလဲ သူသာနားလည်သည်။ ထို့ကြောင့် သူက ပို၍ သတိထားနေသည်။

“ဓါးစက်ရုပ် ရှေ့က သွား…နီရှန် မင်းက အလယ်မှာနေ…ငါက နောက်ကနေ ကာကွယ်မယ်…” ပတ်ဝန်းကျင်တစ်ခုလုံးမှ လူသတ်အော်ရာများက ပိုမိုပြင်းထန်လာသည်။ ပုံရိပ်ယောင် ဝင်္ကပါကို ဖြတ်ကျော်ပြီးသည်နှင့် အလွန်ကြီးမားသော ဖိအားက ကောင်းကင်ပေါ်မှ ဖြစ်ပေါ်လာသည်။ ထိုဖိအားက ကြီးမားလှသော တောင်ကြီးတစ်လုံးက သူတို့သုံးယောက်ပေါ် ဖိထားသလိုပင်။

ပြင်းထန်လှသော ဖိအားကြောင့် ဓါးစက်ရုပ်တွင်းမှ ဝိညာဉ်ကျောက်တုံးများက လျင်မြန်စွာလောင်ကျွမ်း ပျောက်ကွယ်နေသည်။ ရဲချန်ဖန်နှင့် ရွှယ်နီရှန်တို့ နှစ်ဦးသည် ကောင်းကင်ခန္ဓာကိုယ်ကျင့်စဉ် လှည့်ပတ်ကာ ဖိအားကို ခုခံလိုက်သည်။ ထို့နောက် ရှေ့သို့ တစ်လှမ်းချင်း ဂရုစိုက် လျှောက်လှမ်း နေကြသည်။

“ယား…”

ရဲချန်ဖန်တို့ ရှေ့သို့ တစ်လှမ်းချင်းလျောက်နေစဉ် ကြီးမားပြင်းထန်သော မိုးကြိုးများက နေရာအနှံမှ သူတို့အား ပစ်ခတ်တိုက်ခတ်လာသည်။ မိုးကြိုးများ ပစ်ခတ်လာသည်နှင့်တစ်ပြိုင်နှက် ပေတစ်ရာကျော် ရှည်လျားပြီး နဖူးတွင်ချိုကြီး တစ်ခုရှိသော နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။ နဂါးကြီး၏ ကိုယ်ပေါ်တွင် မည်းနက်သော အကြေးခွံများ ဖုံးလွမ်းနေကာ ကြီးမား ကြောက်မက်ဖွယ် ကောင်းသော လက်သည်းကြီး သုံးခုကိုပါ မြင်နေရသည်။

နဂါးကြီးက ရဲချန်ဖန်တို့အား သူ့ပိုင်နက်အား ကျူးကျော်လာသည့် ရန်သူအလားပြင်းထန်စွာ စတင်တိုက်ခိုက် လေတော့သည်။ ထိုနဂါးသည် ပြင်ပကမ္ဘာတွင် အလွန်နာမည်ဆိုးနှင့် ကျော်ကြားလှပြီး ကြောက်မက်ဖွယ်ကောင်းသော ချိုတစ်ချောင်းနှင့် မိုးကြိုးနဂါး ဖြစ်လေသည်။

လူသုံးယောက်နှင့် နဂါးတစ်ကောင်၏ ပြင်းထန်သော တိုက်ပွဲက စတင်ဖြစ်ပေါ်လာသည်။ နဂါးကြီးစတင်ပြီး အသံလှိုင်း ထုတ်လွတ်ကာ ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။ အသံလှိုင်းအတွင်းတွင် ကြီးမားသော နဂါးပုံရိပ်က ဖြစ်ပေါ်လာပြီး ရဲချန်ဖန် ဘေးနား ရောက်လာလေသည်။

“တိမ်ခွင်းလက်ဝါး…”

ရဲချန်ဖန်က ပေါင်လေးသိန်းကျော် စွမ်းအားကို သွေးနဂါးဖြင့် ပေါင်းစပ်ကာ ညာဖက်လက်ဖြင့် တိမ်ခွင်းလက်ဝါးကို အသုံးပြုတိုက်ခိုက်လိုက်သည်။ ပေါင်လေးသိန်းကျော် စွမ်းအားကို တိမ်ခွင်းလက်ဝါး ဖြင့်ပေါင်းစပ် တိုက်ခိုက်မှုက အလွန်ပြင်းထန်လှရာ ပုံရိပ်ယောင် နဂါးကြီးက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် ရွှယ်နီရှန်နှင့် ဓါးစက်ရုပ်တို့သည် နဂါးကြီးကို ပြင်းထန်စွာ တိုက်ခိုက်နေပြီဖြစ်သည်။

“နဂါးကို ဆက်တိုက်မနေနဲ့…ငါတို့ ရှေ့ဆက်သွားကြမယ်…”

ရဲချန်ဖန်တို့ သုံးယောက်ပူးပေါင်းတိုက်ခိုက်လျင် မိုးကြိုးနဂါးတိုက်ခိုက်မှုကို ခုခံနိုင်မည် ဖြစ်သော်လည်း နဂါးကြီးကို ဖန်တီးထားသော ဝင်္ကပါကို မဖျက်ဆီးနိုင်ပါက နောက်ထပ် နဂါးပေါင်း များစွာနှင့်ထပ်မံ ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် နဂါးကြီး တိုက်ခိုက်မှုကို ခုခံရင်း ရှေ့သို့ဆက်ချီ တက်နေကြသည်။

“နီရှန်…မင်းအဆင်ပြေရဲ့လား…”

ရဲချန်ဖန်က အသက်ခက်ခက်ခဲခဲ ရှူနေရပုံ ပေါ်သည့် ရွှယ်နီရှန်ကို စိုးရိမ်စွာမေးလိုက်သည်။ ရွှယ်နီရှန်သည် ရဲချန်ဖန်ထက် တန်ခိုးအဆင့် မြင့်မားသော်လည်း ရဲချန်ဖန်တွင် ကမ္ဘာဦး စွမ်းအင်နတ်သစ်ပင် ရှိနေသောကြောင့် မိုးကြိုးဒဏ်နှင့် ဖိအားကိုခံနိုင်ရည် မြင့်မားသည်။ ထို့ကြောင့် ရွှယ်နီရှန် စွမ်းအင်များ လျော့ပါးပြီး ပင်ပန်းနေချိန်တွင် ရဲချန်ဖန်က ခံနိုင်ရည် ရှိနေခြင်းဖြစ်သည်။

“စိတ်မပူပါနဲ့…ငါခံနိုင်သေးတယ်…”

ရွှယ်နီရှန်က အသက်ဝအောင် ရှူကာ ပြောလိုက်သည်။ သူမသည်မောပန်း နေသော်လည်း ရဲချန်ဖန်က သူ့အတွက်စိတ်ပူနေသဖြင့် ကြည်နူးနေသည်။ သို့သော် သူတို့ ရှေ့တက်လှမ်းလာသည်နှင့်အမျှ ဝင်္ကပါကြီးဆီမှ နဂါးကြီးများသည် တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကာ ရဲချန်ဖန်တို့ကို တိုက်ခိုက်နေသည်။ ထို့ကြောင့် မိုးကြိုးလျှပ်စီးများက ရဲချန်ဖန်တို့ သုံးယောက်အား ဖုံးလွှမ်းနေသည်။

“အသက်ဝိညာဉ်ကျင့်စဉ်…”

နဂါးကြီးများက များပြားလာ နေရာ ရဲချန်ဖန်လည်း လျှို့ဝှက်နေလို့ မရတော့ဘဲ အသက်ဝိညာဉ် ကျင့်စဉ်အား ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် နှစ်ငါးဆယ် အသက်စွမ်းအင်များ လောင်ကျွမ်းကာ ရဲချန်ဖန်သည် မဟာသားရဲဘိုးဘေး တတိယအဆင့်သို့ရောက်ရှိသွားသည်။

“ဓါးစက်ရုပ်…အားကုန်တိုက်…”

“တရားစီရင်ရေးသိုင်း…မဟာအေးခဲခြင်း…”

အသက်ဝိညာဉ်ကျင့်စဉ် အသုံးပြုလိုက် သည်နှင့် ရဲချန်ဖန်သည် အဆင့်ငါးခုကို ကျော်ဖြတ်သွားပြီး တန်ခိုးအစွမ်းများ လျင်မြန်စွာတိုးလာသည်။ ထို့နောက် သူတို့ရှေ့တွင် ပိတ်ဆို့နေသော နဂါးကြီးများစွာကို ဓါးစက်ရုပ်ဖြင့် ပူးပေါင်းကာ တိုက်ခိုက်လိုက်သည်။ မဟာတာအို အစွမ်းများ ပါဝင်နေသော တာအိုသိုင်းကို အသုံးပြုလိုက်သောကြောင့် ရဲချန်ဖန် ဓါးအလင်းက ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲသွားစေပြီး နဂါးကြီးများစွာကို သတ်ဖြတ်သွားသည်။

တစ်ပြိုင်တည်းမှာပင် ဓါးစက်ရုပ်က ဝိညာဉ်ကျောက်တုံး ငါးသောင်းကျော် လောင်ကျွမ်းသွားပြီး ကောင်းကင်ဓါးနှင့် ပေါင်းစပ်ကာ တိုက်ခိုက်လိုက်သည်။ ဓါးစက်ရုပ် တိုက်ခိုက်မှုမှာ လွန်စွာပြင်းထန် လှသဖြင့် ရဲချန်ဖန်တို့ရှေ့တွင် ပိတ်ဆို့နေသော အရာအားလုံးသည် လောင်ကျွမ်း ပျောက်ကွယ်သွားသည်။

“နီရှန်…သွားကြရအောင်…”

ရဲချန်ဖန်က ရွှေလင်းယုန်တောင်ပံကို အသုံးပြုကာ မောပန်းနေသော ရွှယ်နီရှန်ကို ဖတ်ကာ ရှေ့သို့လျင်မြန်စွာ ထွက်သွားလေသည်။ ရဲချန်ဖန်က မိုးကြိုနဂါးရှိနေသော ဝင်္ကပါကို ဖြတ်ကျော်သွားချိန်တွင် တားဆီးပိတ်ဆို့ ဝင်္ကပါကို တိုက်ခိုက်နေသော လိပ်နက်ဘုရင်တို့သည် ဝင်္ကပါကို ချိုးဖောက်နိုင်သွားပြီး ရေအောက် လိုဏ်ဂူအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်လာနိုင်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset