Switch Mode

Chapter – 211

အခန်း ( ၂၁၁ )
ရေသူထီး
“ချန်ဖန်… အခု ငါတို့နဲ့ လိပ်နက်နဲ့ ရန်သူတွေဖြစ်နေပြီ…ငါတို့သတိ မပြတ်ထားမှရမယ်…သူငါ့တို့ကို မိသွားရင် သတ်ဖို့က အလွယ်လေးပဲ…”

အဝေးသို့ ပျံသန်းသွားသော လိပ်နက်ကြီးကို ကြည့်ပြီး ရွှယ်နီရှန် အလေးအနက် ပြောလိုက်သည်။

“အင်း…ငါသတိထားပါ့မယ်… ဒါပေမဲ့ ရှောင်လို့ မရရင်တော့ တိုက်ကြတာပေါ့…သူ ငါ့ကိုမသတ်နိုင်ပါဘူး…”

ရဲချန်ဖန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

“သွားရအောင်… ငါတို့အတွက် ရတနာတွေ အများကြီး ဒီရေအောက် လိုဏ်ဂူထဲက ရမယ်လို့ ထင်တယ်…”

ထို့နောက် ရဲချန်ဖန်က ဓါးစက်ရုပ်ကို သိမ်းဆည်းလိုက်ပြီး ရွှေလင်းယုန် တောင်ပံ အသုံးပြုကာ ကန္တရအတွင်း ပိုင်းဖက်ကို အလွန်လျင်မြန်စွာ ပျံသန်းသွားသည်။

“ချန်ဖန်…ဘာလို့ ဒီရေအောက်လိုဏ်ဂူက အဲဒီလောက်ကျယ်နေရတာလဲ…”

ရဲချန်ဖန်နှင့် ရွှယ်နီရှန်မှာ ပျံသန်းနေသည်မှာ တစ်ရက်ပင် ရှိနေပြီ ဖြစ်သော်လည်း သူတို့သည် ကန္တရအဆုံးကို မရောက်သေးချေ။ ထို့ကြောင့် ရွှယ်နီရှန်က တုန်လှုပ်နေသည်။

“ရေအောက်လိုဏ်ဂူ သခင် အစွမ်းက ပေါ့သေးသေး မဟုတ်ဘူးထင်တယ်… ငါထင်တာမမှားဘူးဆိုရင် ဒီကန္တရက ဝင်္ကပါတစ်ထောင် မှော်အစီအရင်ဖြစ်မယ်… အစီအရင်က စကြဝဋ္ဌာကို ချုံထားတာပဲ…အပြင်ကကြည့်ရင်တော့ အလွန်သေးတဲ့ ကန္တရဖြစ်ပေမဲ့ အထဲမှာတော့ အလွန်ကျယ်ပြောနေအောင် ဖန်တီးထားတာ…”

နတ်ဦးနှောက် အစွမ်းဖြင့် ရဲချန်ဖန်သည် ဝင်္ကပါအကြောင်းကို သိရှိလိုက်သည်။ ရဲချန်ဖန်က ကန္တရကိုဖန်တီးထားသော ဝင်္ကပါကို မြင်နေရသည်။

“ဒါ… ဒဏ္ဍာရီပုံပြင် တွေအတိုင်းဆိုရင် ဒါဟာ မုန့်ညင်းစေ့လောက်ပဲ ရှိတဲ့နေရာလေးကို ဖန်တီးထားတဲ့ စကြဝဋ္ဌာပေါ့…”

ရွှယ်နီရှန်က အလွန်မင်သက် နေပြီးနောက် အသက်ဝအောင် ရှူလိုက်ကာ ပြောလိုက်သည်။

“ဒီရေအောက် လိုဏ်ဂူသခင်က မဟာသားရဲ ဧကရာဇ်တွေထဲမှာတောင် အစွမ်းအထက်ဆုံး မဟာသားရဲ ဧကရာဇ်တန်ခိုးရှင်အဆင့် ရောက်နေတဲ့သူ ဖြစ်မယ်…”

မဟာသားရဲ ဘုရင်အဆင့်ပင် အံဖွယ်တန်ခိုးရှိနေ ပြီဖြစ်သည်။ မဟာသားရဲ ဧကရာဇ်တန်ခိုးရှင်သည် အမွှာညီနောင် တိုက်ကြီးတွင် အမြင့်ဆုံးအဆင့် ရောက်နေသော တန်ခိုးရှင်မျာ းဖြစ်သည်။ ထိုအဆင့် တန်ခိုးရှင်များ၏ လက်ညှိုးတစ်ချောင်း ညွှန်ရာဖြင့်ပင် တိုင်းပြည်များကို ပြာကျပျက်ဆီးပြီး လူသန်းပေါင်းများစွာကို သတ်ဖြတ်ပြစ်နိုင်သည်။

“အင်း…ဖြစ်နိုင်တယ်…ရေအောက်လိုဏ်ဂူသခင်က မဟာသားရဲ ဧကရဇ်တန်ခိုးရှင်တွေထဲမှာ ထိပ်ဆုံးက ရှိနေတဲ့လူ ဖြစ်မယ်…”

ရဲချန်ဖန်က ရွှယ်နီရှန် အတွေးကို ဖြစ်နိုင်သည်ဟုထင်သည်။

“အင်း…ဒါဆို မဟာသားရဲ ဧကရာဇ်ရဲ့ လိုဏ်ဂူဆိုတော့ ဘာရတနာတွေ ရှိမလဲ မသိဘူး…”

ရွှယ်နီရှန်၏ မျက်လုံးဝိုင်းကြီးများက မျှော်လင့်ချက်များနှင့် တောက်လာသည်။

“အိုအေစစ်ပဲ…ရှေ့မှာ အိုအေစစ် တစ်ခုရှိနေတယ်…သွားပြီးအဲဒီမှာ ခဏ နားကြရအောင်…”

ရဲချန်ဖန်က အဝေးတွင် အိုအေစစ် တစ်ခုကိုတွေ့လိုက်ရပြီး ဝမ်းသာအားရဖြင့် အိုအေစစ်ထံ လျင်မြန်စွာပျံသန်း သွားသည်။ ရဲချန်ဖန် တို့သည် လိပ်နက်ဘုရင်နှင့် တခြားသူများကို မျက်ခြေဖြတ် ကျော်ဖြတ်လာပြီး ဖြစ်သည်။

“လှလိုက်တာ…ဒီလိုသဲကန္တရ ထဲမှာ ဒီလိုလှတဲ့နေရာ ရှိနေမယ်မထင်မိဘူး…”

အိုအေစစ် နားတွင်အေးမြသော လေပြေများက တိုက်ခတ်နေသည်။ အိုအေစစ် ပတ်လည်တွင် သစ်ပင်ငယ်လေးများဖြင့် စိမ်းစိုလန်းဆန်းနေရာ သဲကန္တရလို နေရာမျိုးတွင်မူ တကယ် နိဗ္ဗာန်ဘုံကို ရုတ်တရက် ရောက်သွားသလိုပင်။ အိုအေစစ်လေးထဲ ရှိရေအိုင်သည် ကြည်လင်သန့်ရှင်းနေပြီး မြင်သူတကာကို အေးချမ်းစေနိုင်သည်။

“ချန်ဖန်…ငါရေချိုးချင်တယ်…”

အေးစက်ကြည်လင်သော ပတ်ဝန်းကျင်ကြောင့် ရွှယ်နီရှန်သည် သူမကိုယ်ပေါ်တွင် ပေကျံနေသော သွေးများကို သန့်စင်ချင် လာသည်။

“အင်း… ငါမင်းကိုစောင့်ရှောက်ပေးမယ်…မြန်မြန်တော့ချိုး…ဒီမှာအကြာကြီးနေရင် အန္တရာယ်များတယ်…”

ရဲချန်ဖန်ကသွေးများဖြင့် ညစ်ပတ်နေသော ရွှယ်နီရှန်ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။

“ချန်ဖန်…ရှင် ကျွန်မ ရေချိုးတာ ကြည့်ချင်ရင် ပြော… ခိုးတော့မကြည့်နဲ့…အဲဒါရှင့်ကျန်းမာရေးအတွက် မကောင်းဘူး…”

ရွှယ်နီရှန်က ရဲချန်ဖန်ကို မြူဆွယ်သည့် အပြုံးပြုံးကာ ကြာသံဖြင့် ပြောလိုက်သည်။

“မကြည့်ပါဘူး…”

ရဲချန်ဖန်က ရွှယ်နီရှန်ကို မကြည့်တော့ဘဲ အိုအေစစ်နှင့် ခပ်လှမ်းလှမ်းကို ထွက်လာခဲ့သည်။

“အင်း…ငါရဲ့ နတ်ဦးနှောက် အစွမ်းက ရေအောက်လိုဏ်ဂူအတွင်းက ဝင်္ကပါကို ဖြတ်ကျော်နိုင်ပါ့မလား…”

ရေအောက်လိုဏ်ဂူ သခင်၏ အစွမ်းသည် ရဲချန်ဖန်တို့ သိရှိထားသည်ထက် များစွာ အစွမ်းထက်နေရာ ရဲချန်ဖန်က သူတို့ရေအောက် လိုဏ်ဂူအတွင်းပိုင်းကို ဝင်ရောက်နိုင်ရန် သံသယဖြစ်နေမိသည်။

“အမေ့…”

ဆယ်ငါးမိနှစ်ခန့် ကြာသွားပြီးနောက် ရွှယ်နီရှန်၏ အော်သံက အိုအေစစ်အတွင်းမှ ထွက်ပေါ်လာသည်။

“တစ်ခုခုဖြစ်တာလား…”

ရဲချန်ဖန်သည် အိုအေစစ်အတွင်းမှ ပြင်းထန်လှသော လူသတ်အော်ရာကို ခံစားမိလိုက်ပြီး ချက်ချင်းပင် ရွှေလင်းယုန်တောင်ပံ အသုံးပြုကာ အိုအေစစ်ထဲ ပျံဝင်သွားသည်။ ရဲချန်ဖန် အိုအေစစ်ထဲ ရောက်သွားချိန်တွင် ရွှယ်နီရှန်သည်ရေထဲတွင် ရေသူထီးတစ်ကောင်နှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ရေသူထီး ခန္ဓာကိုယ်တစ်ခုလုံးကို ငွေရောင်အကြေးခွံများက ဖုံးလွှမ်းထားပြီး စတီးရောင် သုံးခွမှိန်းကို ကိုင်ကာ ရွှယ်နီရှန်ကို ပြင်းထန်စွာ တိုက်ခိုက်နေသည်။

“စက်ရုပ်လား…”

ရဲချန်ဖန်၏ အစွမ်းထက်သော စိတ်အာရုံဖြင့် ရေသူထီးကို ကြည့်လိုက်ရာတွင် ရေသူထီးဆီမှ မည့်သည့် အသက်အော်ရာမှ မတွေ့ရပေ။ သေချာသည်မှာ ရဲချန်ဖန်၏ ဓါးစက်ရုပ်ကဲ့သို့ပင် စက်ရုပ်တစ်ခု ဖြစ်သည်။

“နီရှန် …မင်းအပေါ်တက်ပြီး အဝတ်အစားဝတ်လိုက်…သူ့ကို ငါ့တာဝန်ထားလိုက်…”

ရဲချန်ဖန်က ချက်ချင်းပင် ကျောက်စိမ်းဓါး ထုတ်ယူကာ ပေါင်တစ်သိန်းကျော်စ ွမ်းအားဖြင့် ရေသူထီးကို တိုက်ခိုက်လိုက်သည်။

“ဟွန်း…”

ရဲချန်ဖန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသောကြောင့် ရေသူထီးသည် အလွန်ဒေါသ ထွက်သွားပုံပေါ်သည်။ ချက်ချင်းပင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ရဲချန်ဖန်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။ ရေသူထီးက သူ၏စွမ်းအင်များကို အိုအေစစ်မှ တစ်ဆင့်စုပ်ယူပြီး တိုက်ခိုက်လိုက်ရာ ကြီးမားသော ရေလုံးကြီးက ကောင်းကင်ပေါ်ထိ တက်သွားပြီး နဂါးပုံစံ ပြောင်းလဲကာ ရဲချန်ဖန်ဆီတိုးဝင် သွားသည်။

“ဆန်းကြယ်ရေခဲ ဝိညာဉ်စမ်းရေ…အေးခဲစမ်း…”

ရေသူထီးက ရေလှိုင်းလုံးဖြင့် တိုက်ခိုက်နေသဖြင့် ရဲချန်ဖန်သည် ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေ၏အစွမ်းများကို စုစည်းကာရေလှိုင်းလုံးကြီးကို အေးခဲစေလိုက်သည်။ ထို့နောက် ကျောက်စိမ်းဓါးဖြင့် ရေသူထီးကို ဆက်လက် တိုက်ခိုက်နေသည်။

“လျှပ်တစ်ပြက်အေးခဲခြင်း…”

ရဲချန်ဖန်က အိုအေစစ်တွင် အချိန်ကုန် တိုက်ခိုက်နေပါက လိပ်နက်ဘုရင်တို့ ရောက်လာမည်စိုးသဖြင့် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်းကို ထုတ်၍အသုံးပြုလိုက်သည်။ ရဲချန်ဖန် ဓါးချက်မှာ အလွန်ပြင်းထန်လှသဖြင့် ရေသူထီးလက်ထဲရှိ သုံးခွမှိန်းမှာကျိုးပဲ့ပြီး ရေသူထီး ပခုံးကို အနည်းငယ် ချိုင့်သွားစေသည်။

“မာလိုက်တဲ့ ခန္ဓာကိုယ်…”

ရေသူထီးသည် ရဲချန်ဖန်၏ပြင်းထန်သော ဓါးချက်ကို ထိမှန်ခံလိုက်ရသော်လည်း သူ၏ကိုယ် အနည်းငယ် ချိုင့်ဝင်သွားသည်မှအပ မည်သည့် ဒဏ်ရာကြီးကြီး မားမားမရချေ။

“ရွှပ်…”

ပခုံးကို ရဲချန်ဖန်၏ ဓါးထိမှန် သွားသောကြောင့် ရေသူထီးမှာ ပို၍ ဒေါသထွက်လာပုံပင်။ ချက်ချင်းပင် သူ၏အမြှီးကို အသုံးပြုကာ ရဲချန်ဖန်ကို ရိုက်ချလိုက်သည်။ ရေသူထီးအမြှီးက ရဲချန်ဖန် ဓါးနှင့် ထိမှန်သွားရာ ရဲချန်ဖန်သည် လက်များပင် ထုံကျင်သွားသည်။

“ဓါးစက်ရုပ်…”

ရေသူထီး တိုက်ခိုက်မှုများက ပိုမို ပြင်းထန်လာရာ ရဲချန်ဖန်က ဓါးစက်ရုပ်ကို ဆင့်ခေါ်လိုက်သည်။ ဓါးစက်ရုပ်က ထွက်ပေါ်လာသည်နှင့် ရေသူထီးနှင့် စတင်တိုက်ခိုက်ကြတော့သည်။ ဓါးစက်ရုပ်၏ ပြင်းထန်သော ဓါးချက်များကြောင့် ရေသူထီးသည် နောက်သို့တရွှေ့ရွှေ့ ဆုတ်နေရသည်။ ဓါးစက်ရုပ်နှင့် ရေသူထီးမှာ အစွမ်းချင်း ကွာခြားလှသဖြင့် မကြာခင်မှာပင် ရေသူထီးကိုယ်မှာ ကျိုးပဲ့ပျက်ဆီးသွားသည်။

“ဟင်…ဒါကဘာလဲ…မိစ္ဆာအရိုး သလင်းကျောက် မဟုတ်ဘူးလား…”

ကျိုးပဲ့သွားသော ရေသူထီး ခန္ဓာကိုယ်မှ ပုလဲအသေးစားအရွယ် မိစ္ဆာအရိုး သလင်းကျောက်တုံးနှစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ မိစ္ဆာအရိုး သလင်းကျောက်မှ အလွန်ပြင်းထန်လှသော စွမ်းအင်များ ထွက်ပေါ်နေသည်။ ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်နှစ်ခုကို သိမ်းဆည်းကာ ကမ်းပေါ်သို့ပြန်တက်လိုက်သည်။

“နီရှန်…ဒီမိစ္ဆာအရိုး သလင်းကျောက်က မင်းဟာပဲ…”

ရဲချန်ဖန်က ရေသူထီး ခန္ဓာကိုယ်မှ ရရှိလာသည့် မိစ္ဆာအရိုး သလင်းကျောက် နှစ်တုံးအနက်မှ တစ်တုံးကို ရွှယ်နီရှန်ထံ ပေးလိုက်သည်။ လိပ်နက်ဘုရင်၏ အန္တရာယ်သည် အလွန်ကြီးမားလှသဖြင့် သူတို့နှစ်ဦး အစွမ်းများ အလျင်အမြန်တိုးလာစေရန် မိစ္ဆာအရိုး သလင်းကျောက်ကို ရွှယ်နီရှန် စုပ်ယူနိုင်ရန် ပေးလိုက်သည်။

“အင်း…”

အနက်ရောင် ကိုယ်ကျပ်ဝတ်စုံလေးဖြင့် အလွန်လှပနေသည့် ရွှယ်နီရှန် သည် ရဲချန်ဖန်က သူမအား မိစ္ဆာအရိုး သလင်းကျောက်တုံး ပေးလာသောအခါ ငြင်းဆန်ခြင်းမပြုဘဲ အပြုံးနှင့် ယူလိုက်လေသည်။

“အင်း…ငါတို့ အိုအေစစ်အောက်ခြေထဲ သွားပြီး လေ့ကျင့်ရအောင်…”

လိပ်နက်ဘုရင်တို့ မမြင်တွေ့စေရန် အိုအေစစ်ထဲရှိရေအိုင် အောက်ခြေတွင် မိစ္ဆာအရိုး သလင်းကျောက်မှ အစွမ်းများကို စုပ်ယူရန် ရွှယ်နီရှန်ကို ရဲချန်ဖန်က ပြောလိုက်သည်။ ထို့နောက် ရဲချန်ဖန်နှင့် ရွှယ်နီရှန် တို့သည် ရေအိုင်အောက်ခြေသို့ ဆင်းသွားပြီး မိစ္ဆာအရိုး သလင်းကျောက်မှ အစွမ်းများကို စတင်စုပ်ယူကြလေသည်။

တစ်ရက်ကျော် ကြာပြီးနောက် ရဲချန်ဖန်သည် မိစ္ဆာအရိုး သလင်းကျောက်ထဲမှ အစွမ်းများကို စုပ်ယူနေသည်။ မိစ္ဆာအရိုး သလင်းကျောက်မှ အစွမ်းကြောင့် ရဲချန်ဖန်သည် အရိုးသန်မာစေခြင်း အဆင့်ကို ခြောက်ဆယ် ရာခိုင်နှုန်းခန့် အောင်မြင်ပြီး ခန္ဓာကိုယ် စွမ်းအားမှာပင် ပေါင်လေးသိန်း နီးပါး ရောက်ရှိလာသည်။ နေ့ဝက်ခန့် ကုန်ဆုံးသွားပြီးနောက် ရွှယ်နီရှန်နှင့် ရဲချန်ဖန်တို့ မိစ္ဆာကျောက်တုံးမှအ စွမ်းများ စုပ်ယူပြီး သွားလေသည်။

“သွားကြရအောင်…”

ခန္ဓာကိုယ် အစွမ်းကြီးမားစွာ တိုးတက်လာပြီးနောက် ရဲချန်ဖန်သည် အချိန်မဆိုင်းဘဲ ရွှယ်နီရှန်နှင့် အတူ သဲကန္တရအဆုံးဆီ ဆက်လက်ပျံသန်းနေသည်။

နှစ်ရက်ကျော် ကြာမနားမနေ ပျံသန်းပြီးနောက် ရဲချန်ဖန်တို့သည် သဲကန္တာရ အဆုံးနား ရောက်ရှိလာသည်။ ထို့နောက် အလွန်ကြီးမား အစွမ်းထက်သည့် ဝင်္ကပါကြီးကို မြင်တွေ့လိုက်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset