Switch Mode

Chapter – 208

အခန်း ( ၂၀၈ )
ရေအောက်ကျုံး

မနက်ခင်းအာရုံဦး နေမင်းကြီးက ထွက်လာနေပြီး ကြယ်တာရာကျွန်း ကမ်းခြေ တလျှောက်သည် ရွှေရည်များ ဆမ်းထားသလို သာယာကြည်လင်လှပနေသည်။

“မိစ္ဆာသားရဲတွေ…များလိုက်တဲ့မိစ္ဆာသားရဲတွေ…ပြေး…”

အလွန်ကြောက်မက် ဖွယ်ကောင်းလှသော သားရဲအုပ်ကြီးသည် ကြယ်တာရာ ကျွန်းနား ချဉ်းကပ်လာနေရာ ဆိပ်ကမ်းနားတွင် နေထိုင်ကြသူများသည် ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။ သားရဲအုပ်ကြီးနှင့် အတူ လိပ်နက်ဘုရင်နှင့် မြွေဘုရင်မတို့ ဦးဆောင်သော အလွန်အစွမ်းထက်သော သားရဲကြီး စုစုပေါင်းဆယ့်တစ်ကောင် ထွက်ပေါ်လာသည်။ မကြာမီ အမှောင်သခင် ဦးဆောင်သော တန်ခိုးရှင်များက ကြယ်တာရာကျွန်းကို ရောက်ရှိလာကြသည်။

ဆွေးနွေးမှုများ အပြီးတွင် လိပ်နက်ဘုရင်က ရေအောက်လိုဏ်ဂူဝင် ခွင့်အတွက် ဆယ်တစ်ယောက်စာ၊ အမှောင်သခင်က ရှစ်နေရာ၊ ကောင်းကင်ကြယ်အဖွဲ့နှင့် အထီးကျန်တိမ် အဖွဲ့တို့က လေးနေရာစီနှင့် ရဲချန်ဖန် တို့ကမူ သုံးနေရာစာ ရရှိလေသည်။ အမှောင်သခင်သည် ရေအောက်လိုဏ်ဂူတွင် အောင်မြင်မှုများရရန် သူ၏ အစွမ်းထက်ဆုံး တန်ခိုးရှင်များကို ခေါ်ဆောင်လာသည်။ ထို့အထဲတွင် ဓါးမိစ္ဆာ၊ မဟာသားရဲဘိုးဘေး တတိယအဆင့်ရှိ မိစ္ဆာမဲ တို့ပါ ပါဝင်လေသည်။ ကောင်းကင်ကြယ်အဖွဲ့နှင့် အထီးကျန်တိမ် အဖွဲ့တို့သည်လည်း သူတို့၏ အစွမ်းအထက်ဆုံး တန်ခိုးရှင်များကို ခေါ်ဆောင်လာကြသည်။

“သားရဲတွေရဲ့ အင်အားစုက ကြောက်စရာပဲ…”

ရဲချန်ဖန်နှင့် ရွှယ်နီရှန်တို့က သတ်မှတ်ထားသည့် ဆုံရပ်နေရာ ရောက်လာသောအခါ လူစုံတက်စုံ ရောက်နေပြီကို တွေ့လိုက်ရသည်။ ထို့အထဲတွင် လိပ်နက်ဘုရင် ဦးဆောင်သော သားရဲအင်အားစုက အင်အားအကြီးဆုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လိပ်နက်ဘုရင်မှာ မဟာသားရဲဘုရင် ဒုတိယအဆင့်နှင့် ညီမျှသော တန်ခိုးရှင်ဖြစ်ပြီး မြွေဘုရင်မမှာ မဟာသားရဲဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင် အစွမ်းရှိသူ ဖြစ်သည်။ ကျန်သားရဲများမှာမူ မဟာသာသားရဲဘိုးဘေး ဒုတိယအဆင့် အထွတ်အထိပ်ရောက် နေသူများဖြစ်ကြသည်။

“လူစုံပြီဆိုရင် သွားကြမယ်…”

လိပ်နက်ဘုရင်က အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် ဓါးစက်ရုပ်လိုက်လံ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားခဲ့ရသော ဓါးမိစ္ဆာသည် ရဲချန်ဖန်ကို စိုက်ကြည့်ပြီးနောက် ဓါးစက်ရုပ်ကို အကဲခတ်နေလေသည်။ ဓါးမိစ္ဆာက ဓါးစက်ရုပ်ကြောင့် ခွေးပြေးဝက်ပြေး ပြေးခဲ့ရသဖြင့် ရဲချန်ဖန်ကို လုံးဝအစာမကြေ ဖြစ်နေသည်။

မကြာမီပင် ရဲချန်ဖန် တို့သည် ရေအောက်လိုဏ်ဂူရှိသော နေရာကမ်းခြေအနီး တစ်နေရာသို့ ရောက်ရှိလာသည်။ လိပ်နက်ကြီးကပင် စတင်ပြီးပင်လယ်ထဲ ခုန်ဆင်းသွားကြရာ မကြာမီ ရေအောက်လိုဏ်ဂူသို့ ဝင်ခွင့်ရသူတိုင်း ရေထဲခုန်ဆင်းလိုက်ကြသည်။

“နီရှန်…ငါတို့လည်းဆင်းရအောင်…”

ရဲချန်ဖန်က ရွှယ်နီရှန်ကို ညင်သာစွာ ပြောလိုက်သည်။ ထို့နောက် ရဲချန်ဖန်က အလွန်နူးညံသော ရွှယ်နီရှန်၏ ကိုယ်လုံးလေးကို ဖက်လိုက်ပြီး ရွှေလင်းယုန်တောင်ပံကို ဆင့်ခေါ်ကာ သူတို့နှစ်ဦးခန္ဓာကိုယ်ကို ကာကွယ်ကာ ရေထဲသို့ ခုန်ဆင်းလိုက်သည်။

“ရှေ့ပင်လယ်ကြမ်းပင်နေရာက ရေအောက်လိုဏ်ဂူဝင်ပေါက်ပဲ…”

နှစ်ရက်ကြာမျှရေထဲတွင် ခရီးသွားပြီးနောက် ကြမ်းတမ်းသော ရေစီးကြောင်းများ စီးနေသောနေရာ ရောက်ရှိလာသည်။ ထိုအချိန်တွင် ကောင်းကင်ကြယ်အဖွဲ့မှ နာယကြီးက အဝေးတစ်နေရာကို ညွှန်ပြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ရေအောက်လိုဏ်ဂူနှင့် နီးလာသည်နှင့်အမျှ မိစ္ဆာဓါတ်များက ပိုမိုပြင်းထန်သိပ်သည်း လာသည်ကို တွေ့လိုက်ရသည်။

“နီရှန်… မင်းဂရုစိုက်၊ အကယ်၍များ အန္တရာယ်ကြုံလာရင် ငါပေးထားတဲ့ အရိပ်မဲ့အပ်တွေ အဆောင်တွေ ကိုသုံး…”

ရဲချန်ဖန်က ရေအောက်လိုဏ်ဂူနှင့် နီးကပ်လာ၍ ရွှေလင်းယုန်တောင်ပံကို သိပ်ဆည်းလိုက်ပြီး ရွှယ်နီရှန်ကို အလေးအနက်မှာလိုက်သည်။ ထို့နောက်သူတို့ သုံးယောက်သည် အမှောင်သခင်နောက်မှ လိုက်သွားလိုက်သည်။

ရေအောက်လိုဏ်ဂူနှင့် နီးကပ်လာသည်နှင့်အမျှ ဖိအားကပိုမို ပြင်းထန်လာပြီး ရဲချန်ဖန်လို အစွမ်းထက်သော ခန္ဓာကိုယ်စွမ်းအား ပိုင်ရှင်သာ ဖိအားကို အနည်းဆုံးခံစားရသည်။ ရေအောက် လိုဏ်ဂူနား နီးကပ်လာစဉ် ပင်လယ်ကြမ်းပင်တွင် အလွန်ရှည်လျား ကျဉ်းမြောင်းသော ကျုံး (တူးမြောင်း)ကိုတွေ့လိုက်ရသည်။ ရေများက ကျုံးထဲဝင်ရောက် လျက်ရှိပြီး ပင်လယ်ကြမ်းပြင်တွင် ကြီးမားသော လှိုင်းကြီးများက ဖြစ်ပေါ်နေသည်။

“ရေအောက်လိုဏ်ဂူက အဲဒီဒီ ကျုံးထဲမှာပဲ…”

မကြာမီ ရဲချန်ဖန်တို့ ကျုံးအနီး ရောက်လာပြီး ကျုံးထဲသို့ ညွှနမ်ပြပြီး နဗြူလာက လိပ်နက်ဘုရင်ကို ရှင်းပြနေသည်။ လိပ်နက်ဘုရင်နှင့် သူနောက်လိုက် သားရဲများက ကျုံးထဲ ဝင်လိုက်သည်နှင့် ကျုံးထဲနေ ရေနေသတ္တဝါများသည် လိပ်နက်ဘုရင်၏ နောက်လိုက်များကို စတင်တိုက်ခိုက်ကြတော့သည်။ မကြာမီ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် သွေးများထွက်လာကာ ကျုံးအနီး တစ်ဝိုက်သည် သွေးများဖြင့် ချင်းချင်းနီနေပြီး သွေးပင်လယ် အဖြစ်ပြောင်းလဲသွားသည်။

“မဟုတ်ဘူး…အဲဒီလို မတိုက်ခိုက်ကြနဲ့… လိပ်နက်ဘုရင် ခင်ဗျားကို သတိပေးဖို့ မေ့နေတာ…ကျုံးထဲမှာ တိုက်ခိုက်လို့မရဘူး…ကျုံးထဲမှာ တိုက်ခိုက်မှု လုံးဝလုပ်လို့ မရဘူး…”

သွေးကွက်များက ပိုမိုကြီးမား ကျယ်ပြန့်လာသည်ကို ကြည့်ပြီး နဗြူလာက တုန်လှုပ်စွာ ပြောလိုက်သည်။ နဗြူလာ တို့သည် ရဲချန်ဖန်ကို အလစ်တွင် အကောက်ကြံရန် ချောင်းမြောင်း နေသောကြောင့် လိပ်နက်ဘုရင်ကို ကျုံးထဲတွင် တိုက်ခိုက်မှု မလုပ်ရန် သတိမပေးမိချေ။ ကျုံးသည် မြောက်မြားလှစွာသော ရေနေသတ္တဝါတို့၏ နေထိုင်ရာ နေရာဖြစ်ပြီး အနီးအနားတွင်လည်း အစွမ်းထက်သော ပင်လယ်သတ္တဝါ ပေါင်းများစွာ နေထိုင်သည်။

သွေးနံ့ဖြစ် ပေါ်လာပါက နေရာအနှံမှ ရေသတ္တဝါတို့သည် ကျုံးဆီရောက်ရှိလာမည်ဖြစ်ပြီး ကျုံးထဲရှိ ရေအောက်လိုဏ်ဂူကို ဝင်ရန်မှာ မဖြစ်နိုင်သလောက် အောင်ပင် ရေနေသတ္တဝါများက ဝိုင်းဝန်းတိုက်ခိုက် စားသောက်ကြမည်ဖြစ်သည်။

သို့သော် နဗြူလာ၏ သတိပေးမှုမှာ နောက်ကျသွားပြီ ဖြစ်သည်။ လိပ်နက်ဘုရင် နောက်လိုက်များ တိုက်ခိုက်မှုကြောင့် ကျုံးထဲတွင် ကြီးမားသော သွေးကွက်ကြီး ဖြစ်ပေါ်သွားပြီး ကျုံးထဲရှိများ ပြားလှသော ရေနေသတ္တဝါများအပြင် အနီးနားမှ ရေနေသတ္တဝါတို့ပါ ရောက်လာပြီး မြင်တွေ့သမျှကို စတင်ကိုက်ဖြတ် စားသောက်နေကြပြီ ဖြစ်သည်။ ရေသတ္တဝါတို့ တိုက်ခိုက်မှုမှာ ချက်ချင်းပင် အလွန်ကြမ်းတမ်းလာပြီး ရေအောက်လိုဏ်ဂူထဲ ဝင်ရန်ပင် မဖြစ်နိုင်လောက်အောင် ခက်ခဲလာသည်။

“ငါတို့ မြန်မြန်ဝင်ကြမယ်… ခဏနေရင် ဒီထက်ပိုဆိုးလာလိမ့်မယ်…”

အန္တရာယ်သည် တဖြည်းဖြည်း ပိုကြီးလာနေသဖြင့် နဗြူလာ တို့သည် အခြေအနေ တည်ငြိမ်သည် အထိ မစောင့်တော့ဘဲ ဝိညာဉ်စွမ်းအင်များ ထုတ်လွတ်တိုက်ခိုက်ကာ ကျုံးအောက်ခြေကို လျင်မြန်စွာ ကူးခတ်သွားကြသည်။ ရဲချန်ဖန်က နဗြူလာတို့သည် ရုတ်တရက် လျင်မြန်စွာအရှိန်မြင့် ကူးခတ်နေသည်ကို သတိထားမိ လိုက်ပြီးနောက် ရွှယ်နီရှန်၏ လက်ကလေးကို အမြန်စွဲကိုင်ကာ နဗြူလာတို့နောက်သို့ အရှိန်မြင့် လိုက်သွားလေသည်။

“များလိုက်တဲ့ငမန်းတွေ…”

ရဲချန်ဖန်တို့ ကျုံးနှင့်နီးကပ်လာစဉ် ရာပေါင်းများစွာသော ငမန်းများသည် သွေးများ ဒဏ်ရာရနေသည့် မြင်မြင်သမျှ အရာတိုင်းကို လိုက်လံကိုက်ဖြတ် စားသောက်နေသည်ကို အသည်းယားဖွယ် မြင်တွေ့နေရသည်။ ငါးမန်းများသည် ပေခြောက်ဆယ်ကျော် ရှည်လျားပြီး ကြည့်မိသူတိုင်းကို ခြောက်ခြားသွားစေနိုင်သည်။

“နီရှန် …ငေးမနေနဲ့… ငါတို့အားကုန် သုံးဖောက်ထွက်ပြီး ကျုံးအောက်ခြေ ရောက်အောင် ကူးမှရမယ်…”

ရဲချန်ဖန်က ရွှယ်နီရှန်ကို သတိပေးလိုက်ပြီး ဓါးစက်ရုပ်ကို ထုတ်ယူကာ ကောင်းကင်အဆင့်ဓါးကို ပေးလိုက်ပြီး လမ်းဖောက်ထွက်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် များပြားလှသော ရေနေသတ္တဝါများသည် လိပ်နက်ဘုရင် နောက်လိုက်များအပြင် ရေသတ္တဝါ အချင်းချင်းတိုက်ခိုက်မှုကြောင့် သွေးများပိုမိုများပြားလာပြီး သွေးများကြောင့်ပင် ကြောက်လန့်ဖွယ် ကောင်းလောက်အောင် ရေနေ သတ္တဝါများက ကျုံးနားသို့ ကူးခတ်လာနေကြသည်။

သွေးများကြောင့် ရေနေ သတ္တဝါများသည် အရူးအမူးသတ်ဖြတ် တိုက်ခိုက်နေ ကြပြီဖြစ်သည်။ မရေတွက်နိုင်အောင် များပြားသော ရေနေသတ္တဝါတို့သည် မြင်မြင်သမျှကို ကိုက်ဖြတ်တိုက်ခိုက် လာနေသည်။ ထို့ကြောင့် အားလုံးက ကြောက်မက်ဖွယ် ဖိအားကို စတင်ခံစား လာရသည်။

“ကယ်ကြပါဦး…”

သနားဖွယ် ကြောက်လန့်ပြီး အကူအညီတောင်း သောအသံက ထွက်ပေါ်လာသည်။ အသံရှင်မှာ အလွန်အစွမ်းထက်သော ကောင်းကင်ကြယ်အဖွဲ့မှ မဟာသားရဲ ဘိုးဘေးပထမအဆင့် နာယက တစ်ဦး ဖြစ်နေလေသည်။ ရေနေသတ္တဝါတို့၏ တိုက်ခိုက်မှုမှာ ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းသလဲဆိုလျှင် အလွန်အစွမ်းထက် မာကျောသော မဟာသားရဲဘိုးဘေး၏ ခန္ဓာကိုယ်ပင် မခံနိုင်ပေ။ ထိုကောင်းကင်ကြယ် အဖွဲ့မှ နာယကကြီးသည် ရေနေသတ္တဝါတို့၏ အရူးအမူး တိုက်ခိုက်စားသောက်မှုကြောင့် လျှပ်တစ်ပြက် အတွင်းမှာပင် အစအန ရှာမရအောက်ပင် ပျောက်ကွယ်သွားသည်။ ထိုမြင်ကွင်းကြောင့် အားလုံးက ထိတ်လန့် တုန်လှုပ်သွားသည်။

ကြောက်မက်ဖွယ် အန္တရာယ်က သူတို့အပေါ်ပိုပို၍ ဖိအား ပေးလာသလို ခံစားလိုက်ကြရသည်။ အကုန်လုံးသည် တိုက်ခိုက်မှုများကို ရှောင်ကွင်းကာ လိပ်နက်ဘုရင်နား တိုးကပ်သွားကြသည်။ လိပ်နက်ဘုရင်သည် အလွန်အစွမ်း ထက်လှသော်လည်း ရေနေသတ္တဝါများသည် မကုန်နိုင်အောင် များပြားသည့် အပြင် အစွမ်းထက်သော ရေသတ္တဝါများပါ တိုက်ခိုက်လာသောကြောင့် သူ့ထံတွင် ဖိအားမှာ မယုံနိုင်ဖွယ် တိုးလာလေသည်။

အချိန်အတန်ကြာ လိပ်နက်ဘုရင်နှင့် သူ့နောက်လိုက်များက ရေသတ္တဝါများကို တိုက်ခိုက် နေနိုင်သော်လည်း တဖြည်းဖြည်းဖြင့် အရေးနိမ့်လာပြီး ထိခိုက်ဒဏ်ရာများ ရရှိလာနေသည်။ ဤအတိုင်းသာဆိုပါက လိပ်နက်ဘုရင်သည် ဆက်လက် တောင့်ခံရန် မဖြစ်ပေ။

“ချန်ဖန်…ငါတို့ဘာလုပ်ကြမလဲ… ရေသတ္တဝါတွေက ကျုံးထဲမှာ အရမ်းများနေပြီ… အန္တရာယ်အရမ်းများတယ်…”

နေရာအနှံအရူးအမူး တိုက်ခိုက်နေသော ရေသတ္တဝါများကိုကြည့်ပြီး ရွှယ်နီရှန် ကျောထဲ စိမ့်သွားလေသည်။

“စိတ်မပူနဲ့…မကြာခင် ငါတို့အတွက် အခွင့်အရေးရှိလာမှာပါ…”

ရဲချန်ဖန်က ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို အေးဆေးကြည့်နေပြီး ဝိညာဉ်စွမ်းအင်များ ထုတ်လွတ်ကာ အခြေအနေကို စောင့်ကြည့်နေသည်။ ရေသတ္တဝါတို့ တိုက်ခိုက်မှုမှ ထိုးဖောက်ထွက်ရန် အခွင့်အရေးစောင့်နေသည်။ သို့သော် ရေသတ္တဝါများသည် များသထက်များလာပြီး မကြာမီပင် လိပ်နက်ဘုရင်နားတွင် အခွင့်အရေးကို စောင့်နေကြသည့် ရဲချန်ဖန် တို့ကို တွေ့ရှိသွားပြီး ရဲချန်ဖန်တို့ထံ ကူးခတ်လာသည်။

“အား…”

ငယ်သံပါအောင် အော်လိုက်သော အသံထွက်ပေါ်လာပြီး လိပ်နက်ဘုရင်၏ နောက်လိုက် နှစ်ဦးကို ရေနေသတ္တဝါတို့က ကိုက်ဖြတ်စားသောက် လိုက်ကြလေသည်။ မကြာမီ ရဲချန်ဖန် အပါအဝင်လူတိုင်းက ဘေးတွင် ရပ်ကြည့်နေလို့ မရတော့ဘဲ လိပ်နက်ဘုရင် ဘက်မှ ရေနေသတ္တဝါများကို စတင်တိုက်ခိုက် ကြတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset