Switch Mode

Chapter – 206

အခန်း ( ၂၀၆ )
ကြောက်မက်ဖွယ် လိပ်နက်ဘုရင်

“လိပ်နက်ဘုရင်…မြွေဘုရင်မ…ရေအောက်လိုဏ်ဂူသော့ကို ယူသွားတာ သူတို့နှစ်ယောက်ပဲ…”

ရဲချန်ဖန်တို့ နှစ်ယောက်ကြောင့် အရှက်ရခဲ့သည့် နဗြူလာက ရဲချန်ဖန်နှင့် ဓါးစက်ရုပ်ကို လက်ညှိုးထိုး၍ ဒေါသတကြီးနှင့် ပြောဆိုလိုက်သည်။

“ငါမင်းတို့ကို အသက်ရှင်ခွင့် မပေးခဲ့သင့်ဘူး…”

ဓါးစက်ရုပ်၏ စူးရှသော မျက်လုံးအစုံက နဗြူလာနှင့် တခြားလူများကို လူသတ်စိတ်ဖြင့် ကြည့်ကာပြောလိုက်သည်။

“ငါရှေ့မှာတောင် ထောင်လွှားရဲတယ် ဟုတ်လား… သတ္တိကောင်းနေတယ်ပေါ့…”
(ဒါပေါ့;3)

လိပ်နက်ဘုရင်က သူရှေ့တွင် နဗြူလာနှင့် တခြားလူများကို ဓါးစက်ရုပ်က ခြိမ်းခြောက်နေသည်ကို မြင်လိုက်သောအခါ သူ၏ကြီးမားသောရှေ့ခြေက မြေကြီးကိုပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး ကြီးမားသော မျက်လုံးထဲတွင် ပြင်းထန်သော လူသတ်စိတ်က ထွက်ပေါ်လာသည်။ လိပ်နက်ကြီး မြေကိုပြင်းထန်စွာ ဆောင့်နင်းလိုက်သောအရှိန်သည် ဓါးစက်ရုပ်ထံ တိုးဝင်လာလေသည်။ သို့သော် ဓါးစက်ရုပ်က လိပ်နက် မြေကြီးကို နှင်းလိုက်သည့်အရှိန်ကို မရှောင်ဘဲ သူ့ကိုယ်နှင့်အထိမှန်ခံလိုက်သည်။

လိပ်နက်ဘုရင်သည် မဟာသားရဲဘိုးဘေး စတုတ္ထအဆင့်သာ ရောက်နေသေးသော်လည်း သူ၏နတ်ဘုရား သွေးမျိုးဆက်က နိုးထလာပြီ ဖြစ်သောကြောင့် မဟာသားရဲ ဘုရင်အဆင့်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေသော အလွန်ကြောက်မက်ဖွယ် အစွမ်းထက်လှသည့် သားရဲကြီး ဖြစ်သည်။ ပြောရမည်ဆိုလျှင် လိပ်နက်ဘုရင်သည် ကြယ်တာရာကျွန်းရှိ မည်သည့်တန်ခိုးရှင်မှကို သူမျက်လုံးထဲ မထည့်တော့ချေ။

သို့သော် သူမြေကြီးကို နှင်းလိုက်ချိန်တွင် မမြင်ရနိုင်သော အားတစ်ခုကို ပါထည့်သွင်း၍ ဓါးစက်ရုပ်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သာမာန် မဟာသားရဲ ဘိုးဘေးဆဌမအဆင့် တန်ခိုးရှင်ပင် အသည်းအသန် ကာကွယ်ရမည် ဖြစ်သည်။ သို့သော် ဓါးစက်ရုပ်က သူ့တိုက်ခိုက်မှုကို လုံးဝမမှုသဖြင့် လိပ်နက်ဘုရင် မျက်လုံးထဲတွင် အံ့အားသင့်သည့် အမူအရာ ထွက်ပေါ်လာသည်။

“ရေအောက်လိုဏ်ဂူသော့တွေက ငါ့လက်ထဲမှာပဲ…မင်းလိုချင်ရင် လာယူလေ…”

ဓါးစက်ရုပ်က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

ဓါးစက်ရုပ်က လိပ်နက်ဘုရင်လောက် အစွမ်းမထက်သော်လည်း ဓါးစက်ရုပ်၏ ဖျက်ဆီးလို့မရနိုင်သည့် ခန္ဓာကိုယ်ကြောင့် လိပ်နက်ဘုရင် မည်သို့တိုက်ခိုက် တိုက်ခိုက် ရဲချန်ဖန်က ဓါးစက်ရုပ် ထိခိုက်သွားမည်ကို မစိုးရိမ်ပေ။

“မင်းက သေချင်နေတာပဲ…”

အလွန်မာနကြီးလှသည့် လိပ်နက်ဘုရင်က ဓါးစက်ရုပ်က သူ့ကိုအရေးမလုပ်သဖြင့် အလွန်ဒေါသ ထွက်လာလေသည်။ သူ့ကိုယ်မှအစွမ်းထက်သော အင်အားက ထွက်ပေါ်လာပြီး ဓါးစက်ရုပ်ကို သူရှေ့လက်ဖြင့် ထိုးလိုက်လေသည်။

“ဝုန်း…”

ပြင်းထန်လှသော လေထုပေါက်ကွဲမှုနှင့်အတူ လိပ်နက်ဘုရင် လက်သီးက ဓါးစက်ရုပ်ကိုထိ မှန်သွားသည်။

“ပေါင်တစ်သန်း ခန္ဓာကိုယ်စွမ်းအား…”

လက်သီးချက် ဝင်လာသည်နှင့် ဓါးစက်ရုပ် ဘေးတွင်ရှိနေသော ရွှယ်နီရှန်နှင့် ရဲချန်ဖန် တို့သည် အသက်ရှူရ ကျပ်လာပြီး နုံးချည်သွားသလို ခံစားလိုက်ရသည်။ ရဲချန်ဖန်က လိပ်နက်ဘုရင် လက်သီးတွင် ပေါင်တစ်သန်း နီးပါးခန့် စွမ်းအားများ ပါဝင်နေကြောင်း သိရှိလိုက်သည်။

“ကြောက်စရာပဲ၊အင်း….ငါအသက်ဝိညာဉ်ကျင့်စဉ်ကို ထုတ်သုံးရင်တောင် လိပ်နက်ဘုရင်ရဲ့ ပြိုင်ဖက်မဖြစ်နိုင်ဘူး၊ ဒီလက်သီးချက်ကို ငါ့လက်ရှိအစွမ်းနဲ့ ခုခံဖို့ မဖြစ်နိုင်ဘူး…”

လိပ်နက်ဘုရင်၏ လက်သီးစွမ်းအားကို ခံစားမိရင်း ရဲချန်ဖန် အနည်းငယ်စိုးရိမ် စိတ်ဝင်သွားသည်။

လိပ်နက်ဘုရင်၏ လက်သီးက ဓါးစက်ရုပ်ကိုထိမှန်ခါနီးတွင် ဓါးစက်ရုပ်ဆီမှ ပြင်းထန်အစွမ်းထက်သည့် ဓါးအလင်းက ထွက်ပေါ်လာပြီး လိပ်နက်ဘုရင် လက်သီးကိုခုခံလိုက်သည်။

“ဘုန်း…”

အလွန်အစွမ်းထက်သော တန်ခိုးရှင် နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်ပင် တုန်လှုပ်နေသည်ဟု ထင်ရသည်။ သို့သော် လိပ်နက်ဘုရင်သည် ကြယ်တာရာကျွန်း၏ အစွမ်းအထက်ဆုံး တန်ခိုးရှင်ဖြစ်ပြီး သာမာန် မဟာသားရဲဘုရင်ပင် သူ၏အစွမ်းထက်သော ထိုးချက်ကိုခံနိုင်မည် မဟုတ်ရာ ဓါးစက်ရုပ်၏ ရင်ဘတ်ကိုထိမှန်သွားလေသည်။ ထို့နောက် ဓါးစက်ရုပ်သည် မိုင်ပေါင်း အတော်တော်အများထိ လွင့်စဉ်သွားသည်။

“သေသွားပြီလား…”

လိပ်နက်ဘုရင်၏ လက်သီးထိမှန် ခံလိုက်ရသဖြင့် နဗြူလာနှင့် လူတိုင်းက အလွန်ပျော်ရွင်သွားပြီး ဓါးစက်ရုပ် သေသွားပြီဟု ထင်မှတ်လိုက်ကြသည်။ သို့သော် ချက်ချင်းပင် သူတို့မျက်နှာပေါ်ရှိ အပြုံးများမှာ ပျောက်ကွယ်သွားပြီး အံဩတုန်လှုပ်ဟန် ဖြစ်ပေါ်လာသည်။ ဓါးစက်ရုပ်က လိပ်နက်ဘုရင်၏ လက်သီးကို ရင်ဘတ်တည့်တည့် အထိုးခံလိုက်ရသော်လည်း မည်သည့်ဒဏ်ရာမှ ရပုံမပေါ်ချေ။ လိပ်နက်ဘုရင် မျက်နှာပေါ်တွင် ချက်ချင်းအံ့ဩသင့်သည့် အမူအရာ ထွက်ပေါ်လာသည်။ ဓါးစက်ရုပ်၏ အစွမ်းသည် သူတို့ထင်သည်ထက် များစွာ အစွမ်းထက်နေသည်။

“သူ…သူက လူမဟုတ်ဘူးလား…”

အတွေ့အကြုံများသော နဗြူလာသည် ရုတ်တရက် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် သူ့အကြည့်က ရဲချန်ဖန်ထံရောက်သွားပြီး သံသယနှင့် ရဲချန်ဖန်ကို အသေအချာကြည့် လိုက်သည်။

“ဓါးစက်ရုပ်…ကောင်းကင်အဆင့်ဓါးနဲ့ တိုက်…ရော့…”

လိပ်နက်ဘုရင်မှာ အလွန်အစွမ်းထက်နေရာ ဓါးစက်ရုပ်တွင် ဖျက်ဆီးမရနိုင်သော ခန္ဓာကိုယ်ရှိသော်လည်း လိပ်နက်ဘုရင်၏ လက်သီးတစ်ချက်ဖြင့်ပင် ဝိညာဉ်ကျောက်တုံး တစ်သောင်းနီးပါး လောင်ကျွမ်း ကုန်ဆုံးသွားသည်။ ရဲချန်ဖန်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း နီးပါးရှိသော်လည်း လိပ်နက်ဘုရင်နှင့် ဤအတိုင်းချနေပါက သူ့တွင်ရှိသော ဝိညာဉ် ကျောက်တုံးလည်း လောက်မည်မဟုတ်ပေ။ ထို့ကြောင့် ရဲချန်ဖန်ကဓါးစက်ရုပ်ကို ကောင်းကင် အဆင့်ဓါးဖြင့် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

“ကောင်းကင်အဆင့်လက်နက်…”

ကောင်းကင်အဆင့် ဓါး၏ အော်ရာကြောင့် လိပ်နက်ဘုရင် မျက်လုံးများက တပ်မက်မှုဖြင့် စူးရှတောက်ပလာသည်။ သူ့လို မဟာသားရဲဘုရင်ပထမအဆင့် တန်ခိုးရှင်နီးပါး အစွမ်းထက်သူပင် ကောင်းကင်အဆင့် ရတနာ မရှိပေ။ သူသာ ကောင်းကင်အဆင့် ရတနာကိုအသုံးပြုပါက သူအစွမ်းသည် ထက်အဆပေါင်းများစွာ တိုးလာမည်ဖြစ်သည်။

“ချန်ဖန်…ဘာဖြစ်နေတာလဲ…”

မိုယုရန်၊ အကြီးအကဲမိုင်နှင့် မိုမိသားစုဝင်များသည် လိပ်နက်ဘုရင်အပြင် တခြားပြိုင်ဖက် အဖွဲ့အစည်းနှစ်ခုမှ နာယကများ၊ ခေါင်းဆောင်များပါ ရောက်နေသည်ကိုတွေ့ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“နီရှန်၊ ယုရန် ဒီကကိစ္စတွေကို ငါ့တာဝန်ထားလိုက်…မင်းတို့က ဝင်္ကပါထဲ ဝင်နေကြ အပြင်မထွက်လာကြန့ဲ…”

ရဲချန်ဖန်က ရွှယ်နီရှန်တို့ အန္တရာယ်နှင့် ကြုံတွေ့ရမည်စိုးသဖြင့် မထွက်လာရန် တားမြစ်လိုက်သည်။

“ချန်ဖန်…ရှင်သတိထားနော်…”

ရွှယ်နီရှန်က သူမထွက်၍ ကူညီသည့်တိုင် များစွာအထေက်အကူ ဖြစ်မည်မဟုတ်သဖြင့် ဝင်္ကပါထဲ ပြန်ဝင်ရောက် လိုက်ပြီး ရဲချန်ဖန်ကို စိုးရိမ်စွာကြည့်နေသည်။

“မြွေဘုရင်မ… ရဲချန်ဖန်မှာ လျှို့ဝှက်ချက် အများကြီးရှိတယ်…ကျွန်တော်တို့ကို ကူညီပေးလို့ရမလား…”

နဗြူလာ မျက်နှာက အလွန်လေးနက်နေပြီး မြွေဘုရင်မကိုအကူညီတောင်းလိုက်သည်။

“အင်း…”

မြွေဘုရင်မလည်း ခေါင်းညိတ်ကာ သူမ၏ရှည်လျားသော အမြီးများသည် အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ရုတ်ခြည်းပင် ရဲချန်ဖန်ဆီ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

“ရွှေလင်းယုန်တောင်ပံ…”

မြွေဘုရင်မသည် မဟာသားရဲဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင် အစွမ်းရှိပြီးသူမ ခန္ဓာကိုယ်မှာ အဆင့်တူ မဟာသားရဲဘိုးဘေး ဆဌမအဆင့်ပင် မည်သို့မျှ မလုပ်နိုင်အောင် မာကျောလှရာ ရဲချန်ဖန်က ထိပ်တိုက်ရင်ဆိုင် မတိုက်ခိုက်ဝံ့ပေ။ ရွှေလင်းယုန်တောင်ပံကို အသုံးပြု၍ လေပေါ်ပျံဝဲတက်ကာ ရှောင်တိမ်းလိုက်သည်။

“တောင်ပံတွေ…ဘယ်လိုလုပ် သူ့မှာ တောင်ပံတွေရှိနေတာလဲ…” 

ရွှေရောင်တောင်ပံများနှင့် လေထဲပျံဝဲတက်သွားသော ရဲချန်ဖန်ကြောင့် မြွေဘုရုင်မ အပါအဝင်အားလုံးက ထိတ်လန့်တုန်လှုပ်သွားသည်။

“မိန်းကလေးရွှယ်…ရဲချန်ဖန် ဘယ်သူလဲ… ဘယ်လိုလုပ်သူ့မှာ တောင်ပံတွေရှိနေတာလဲ…”

 ဝင်္ကပါအတွင်းတွင် ရပ်နေသော မိုယုရန်က အလွန်သိချင်သွားပြီး ရွှယ်နီရှန်ကို မေးလိုက်လေသည်။

“ငါမသိဘူး…” 

ရွှယ်နီရှန် ခေါင်းခါလိုက်ပြီး သူမလည်း အတွေးနက်နေသည်။ သူမလည်း ရဲချန်ဖန် အကြောင်းနားမလည်ချေ။

“ဟေ့ကောင်လေး မင်းဘယ်ပြေးမှာလဲ…”

 လိပ်နက်ဘုရင်သည် နတ်ဘုရားသားရဲ သွေးစီးဆင်းနေသည့် အပြင် မိုးကြိုးကပ်ဘေးပါ ကျော်ဖြတ်နိုင်သည့် အစွမ်းထက်လှသော သားရဲဖြစ်သောကြောင့် သူ့တွင် လေထဲသို့ ခေတ္တပျံသန်းနိုင်သော အစွမ်းရှိလေသည်။ လိပ်နက်ဘုရင်က အလွန်မြင့်မားသော အမြင့်ထိ ပျံသန်းနိုင်ခြင်း မရှိသော်လည်း ခဏတာ ပျံဝဲနိုင်ခြင်းပင် အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သည်။

“လိပ်နက်ဘုရင်… ခင်ဗျားသာ ကျွန်တော့်ကို ကူညီပြီး သူတို့ထဲကအချို့ကို သတ်ပေးရင် ငါက ရေအောက်လိုဏ်ဂူ အကြောင်းစုံကို ပြောပြမယ်… ရေအောက် လိုဏ်ဂူကိုလည်း အတူသွားကြမယ်… ဘယ်လိုလဲ…”

 ရဲချန်ဖန် နဗြူလာနှင့် လူတချို့ကို လက်ညှိုးထိုးလိုက်ပြီး စဉ်းလဲစွာပြောလိုက်သည်။

“လိပ်နက်ဘုရင်… သူအဓိပ္ပါယ်မရှိ ပြောနေတာ နားမထောင်ပါနဲ့… သူက ရေအောက်လိုဏ်ဂူ အကြောင်း ကျွန်တော်တို့လောက် မသိဘူး…”

“လိပ်နက်ဘုရင်…ခင်ဗျားသူတို့ကို မသတ်ရင်… ကျွန်တော် သော့နဲ့အတူ ဒီကနေ ချက်ချင်း ထွက်သွားတော့မယ်…မင်းဘယ်လိုလုပ် ရေအောက်လိုဏ်ဂူကို သွားမလဲ ကြည့်ချင်သေးတယ်…”

 ရဲချန်ဖန်က လိပ်နက်ဘုရင်ကို ခြိမ်းခြောက်လိုက်သည်။

“မင်း…” 

နဗြူလာက ရဲချန်ဖန်သည် လိပ်နက်ဘုရင်ကို အကျပ်ကိုင်နေသည်ကို မြင်ပြီး နဗြူလာ နဖူးတွင် ချွေးသီး ချွေးပေါက်များ ကျဆင်းလာသည်။ သူက ရဲချန်ဖန်၏ ကောက်ကျစ်စဉ်းလဲပုံကို ကြောက်ရွံ့လာသည်။ ထို့နောက် ရဲချန်ဖန်ကို ရင်ဆိုင်နိုင်မည့် နည်းလမ်းများကို ရှာဖွေနေသည်။ လိပ်နက်ဘုရင်ကသာ သူတို့ကို သတ်ရန် ကြိုးစားလာပါက သူတို့အသက်ရှင်ရန် လမ်းမရှိပေ။

“ငါတို့အတူတူ ရေအောက်လိုဏ်ဂူကို သွားကြတာပေါ့…”

အခြေအနေက တင်းမာလာစဉ်အဝေး အလွန်ကျယ်သော အသံနှင့်အတူ သိမ်းငှက်ကြီးက ပျံသန်းလာသည်ကို ရဲချန်ဖန်တို့ မြင်လိုက်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset